News @ M-Media

Blog

  • မိုယက်စ်အား ဝေဖန်မှုများ မျှတမှုမရှိဟု အက်စတွန်ဗီလာနည်းပြဆို

    မိုယက်စ်အား ဝေဖန်မှုများ မျှတမှုမရှိဟု အက်စတွန်ဗီလာနည်းပြဆို

    မတ် ၂၈၊ ၂၀၁၄
    M-Media

    380609_heroa

    – ဖာဂူဆန်က ခန့်အပ်ခဲ့သည့် စကော့တလန်သား မိုယက်စ်အား ဝေဖန်မှုများမှာ မျှတမှုမရှိဟု အက်စတွန်ဗီလာ အသင်း၏ နည်းပြဖြစ်သူ ပေါလ်လမ်ဘာ့တ်က ပြောကြားခဲ့သည်။

    မိုယက်စ်မှာ နည်းပြဟောင်း ဖာဂူဆန်တည်ဆောက်ပေးခဲ့သည့် ပုံစံကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ရလဒ်များ ဆိုးရွားမှုကြောင့် ဝေဖန်မှုများခံနေသည်။ ထို့ပြင် ၎င်း၏အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ဗီလာနည်းပြ လမ်ဘာ့တ်ကမူ မိုယက်စ်မှာ အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်နေပြီး၊ မိုယက်စ်အား ဝေဖန်သည့် နဖူးစည်းအား မန်ယူပရိတ်သတ်များက ပွဲကစားချိန်တွင် လေယာဉ်ဖြင့် ဖော်ပြမည်ဟု သတင်းထွက်ပေါ်မှုများကိုလည်း ဝေဖန်ခဲ့သည်။

    “အက်စတွန်ဗီလာမှာ ကျွန်တော်ကြိုးစားနေသလို မန်ယူမှာလည်း မိုယက်စ်ဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပါ။ အရင်တုန်းကတော့ (အောင်မြင်မှုရအောင်လုပ်ဖို့) အချိန်တွေအများကြီးရပါတယ်။ ဒါပေမယ့် အခုခေတ်မှာတာ့ လူတွေဟာ အောင်မြင်မှုကို ချက်ချင်းရချင်ကြပါတယ်” ဟု လမ်ဘာ့တ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိုယက်စ်အား အလိုမရှိဟု လေယာဉ်ဖြင့် ကြေညာခြင်းမှာ အနည်းငယ်အစွန်းရောက်နေကြောင်း၊ အချို့ဝေဖန်မှုများမှာ လိုသည်ထက် ပိုနေ ကြောင်း ၎င်းးက ထည့်သွင်းပြောကြားခဲ့သည်။

    မန်ယူအသင်းမှာ ပြည်တွင်းရှုံးထွက်ဖလားအားလုံးတွင် ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၇ နရာတွင်ရှိနေသည်။ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သော်လည်း လက်ရှိချန်ပီယံ ဘိုင်ယမန်မြူးနစ်နှင့် တွေ့ဆုံနေပြီး နောက်တစ်ဆင့်တက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

    Ref : Goal

  • “မေခဆောင်” ဖောင်ဒေးရှင်းမှ “နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တဆောင်းလေ့လာသုံးသပ်ခြင်း” ဖိုရမ်ပြုလုပ်မည်

    “မေခဆောင်” ဖောင်ဒေးရှင်းမှ “နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တဆောင်းလေ့လာသုံးသပ်ခြင်း” ဖိုရမ်ပြုလုပ်မည်

    မတ် ၂၈၊ ၂၀၁၄
    M-Media
    လမင်း

    DSC00101

    ရန်ကုန်   ။       ။       ရန်ကုန်စီးပွားရေးတက္ကသိုလ်မေခဆောင်တွင်နေထိုင်ခဲ့သော ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားဟောင်းများမှ တည်ထောင်ထားသော မေခဆောင်ဖောင်ဒေးရှင်းမှ “နိုင်ငံတော်ဘတ်ဂျက်ကိုတစ်စေ့တစ်စောင်း လေ့လာသုံးသပ်ခြင်း” ခေါင်းစဉ်ဖြင့် ဖိုရမ်တစ်ခုကို ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့မတ်လ ၂၈ ရက်နေ့ ဗိုလ်အောင်ကျော်လမ်းရှိ HOME တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

    “နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တစောင်း လေ့လာသုံးသပ်ခြင်း” ဖိုရမ်ကို ဧပြီလ ၆ ရက် တနင်္ဂနွေနေ့တွင် မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ဦးစိုးသိန်း(ဒု ညွန်ချုပ် ငြိမ်း၊ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)၊ ဦးမျိုးမြင့် (ဒုညွန်မှူး ငြိမ်း စီမံကိန်းရေးဆွဲရေးဦးစီဌာန) ၊ ဦးဟန်ထွန်း (အခွန် ဒု-ညွန်မှူး ငြိမ်း ပြည်တွင်းအခွန်များဦးစီးဌာန ) တို့မှဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

    ဖိုရမ်ကျင်းပသည့်ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး “မေခဆောင်” ဖောင်ဒေးရှင်းမှ ဥက္ကဌ ဒေါက်တာ မောင်မောင်စိုး ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) အသုံးချ ဘာဂဗေဒဌာန ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ”ကျွန်တော်တို့အခုလို ဘတ်ဂျက် ဖိုရမ်ကျင်းပရတာဟာ တိုင်းပြည်အတွက် အကျိုးပြုနိုင်စေချင်လို့ပါ။ကျွန်တော်တို့ဒီဟာကိုလုပ်ဖို့စဉ်းစားနေတာလည်းကြာနေပါပြီ။ အခုလိုကျွန်တော်တို့ဖိုရမ်ကျင်းပပြီးရင် ဘတ်ဂျက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတွက် အကျိုးရှိလာနိုင်လိမ့်မယ်လို့ထင်မိပါတယ် ” ဟုသုံးသပ်ပြောကြားခဲ့သည်။

    “မေခဆောင်” ဖောင်ဒေးရှင်းကို ၂၄-၃-၂၀၁၃ တွင်စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်သောဘဏ္ဍများတွင် စီးပွားရေးပညာဖြင့် အထောက် အကူပြုဆောင်ရွက်ပေးရန်နှင့် မေခလာဆောင်တွင်နေထိုင်ခဲ့သော ဆရာများနှင့်ကျောင်းသားဟောင်းများအတွက် လူမှုရေးအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    “မေခဆောင်” ဖောင်ဒေးရှင်း တည်ထောင်ခြင်းအထိမ်းအမှတ်အဖြစ် ပထမအကြိမ် ဖိုရမ်ကို ၂၀၁၃-ခု နိုဝင်ဘာလ က The Current Economic Issues of Myanmar ခေါင်းစဉ်ဖြင့် UMFCCI တွင်ပြုလုပ်ခဲ့ပြီး ယခု ဧပြီလ ၆ ရက်နေ့တွင်ပြုလုပ်မည့်ဖိုရမ်သည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

  • မျက်မှောက်ခေတ် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ပညာရှင်များနှင့် လူငယ်များ၏ အလုပ်ရုံဆွေးနွေးပွဲ

    မျက်မှောက်ခေတ် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ပညာရှင်များနှင့် လူငယ်များ၏ အလုပ်ရုံဆွေးနွေးပွဲ

    မတ် ၂၈၊ ၂၀၁၄
    M-Media
    K K

    WS

    ရန်ကုန် ။     ။     မြန်မာနိုင်ငံရှိ အစ္စလာမ့် လူ့အဖွဲ့အစည်းအတွက် ယနေ့မျက်မှောင်ကာလ သတိပြုရန် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ပညာရှင်များနှင့် လူငယ်များ၏ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို “အနာဂတ်မှာ အေးချမ်းဖို့ လူကြီးလူငယ် တွေ့ဆုံစို့”ခေါင်းစဉ်ဖြင့် မတ်လ ၂၉-ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရှိ M-3 Food Center တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ စိတ်ဝင်စားသူများအနေဖြင့် 09-5032498, 09-49338651, 09-73143129, 09-73083874 တို့သို့ ဆက်သွယ် နိုင်ကြောင်းလည်း သိရသည်။

  • ခွင့်ပြုမိန့်ရခဲ့ပြီးသော သင်္ကြန်မဏ္ဍပ်များ အခြားသူသို့ လွှဲပြောင်းပါက ဒဏ်ငွေ ကျပ်သိန်း ၅၀ ထိပေးဆောင်ရမည်

    ခွင့်ပြုမိန့်ရခဲ့ပြီးသော သင်္ကြန်မဏ္ဍပ်များ အခြားသူသို့ လွှဲပြောင်းပါက ဒဏ်ငွေ ကျပ်သိန်း ၅၀ ထိပေးဆောင်ရမည်

    မတ် ၂၈၊ ၂၀၁၄
    M-Media
    လမင်း

    DSC01066

    ရန်ကုန် ။      ။      ၂၀၁၄ သင်္ကြန်မဏ္ဍပ်များအတွက် ဆောက်လုပ်ရန်ခွင့်ပြုချက်ရရှိထားသောသူများသည် အခြားသူများသို့ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများကိုပြုလုပ်ပါက မူလခွင့်ပြုချက်ရရှိထားသော ပိုင်ရှင်မှ ၎င်းပေးသွင်းထားသည့် စပေါ်ငွေအနက် မဏ္ဍပ်အကြီးအတွက် ကျပ်သိန်း ၅၀ ကို လည်းကောင်း၊ မဏ္ဍပ်အသေးအတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးဌာနမှ သိရသည်။

    “ကျွန်တော်တို့အရင်နှစ်တွေကတော့ ဒဏ်ငွေထည့်သွင်းခြင်းမရှိပဲ ဒီလိုပဲအရေးယူမယ်လို့ပြောလိုက်တယ်။ အခုနှစ်တော့ ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်။ ကျွန်တော်တို့အနေနဲ့ မဏ္ဍပ်တွေကို သေချာစစ်ဆေးပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မတီ အင်ဂျင်နီယာ (လမ်းတံတားဌာန) အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ပေ ၁၀၀ နှင့်အထက်ကို မဏ္ဍပ်အကြီး သတ်မှတ်ထားပြီး မဏ္ဍပ်အကြီး ၅၇ ခု၊ မဏ္ဍပ်အသေး ၃၆ ခု ကို စည်ပင် သာယာရေး ကော်မတီမှ ခွင့်ပြုထားသည်။ မဏ္ဍပ်အကြီးအတွက်အာမခံစပေါ်ငွေ ကျပ်သိန်း ၇၅ သိန်းနှင့် မဏ္ဍပ်အလတ်အတွက် အာမခံစပေါ်ငွေ ကျပ်သိန်း ၄၅ သိန်းသတ်မှတ်ထားသည်။

    မဏ္ဍပ်များဆောက်လုပ်ရာတွင်လည်း မဏ္ဍပ်နေရာချထားရေးဆပ်ကော်မတီမှ သတ်မှတ်ခွင့်ပြုပေးထားသည့်နေရာ အတွင်းသာ ဆောက်လုပ်ရမည် ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက မဏ္ဍပ်ဆောက်လုပ်ခွင့်အား ပြန်လည် ရုပ်သိမ်းသွားမည် ဖြစ်ကြောင်းလည်း စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန် ထားသည်။

    မဏ္ဍပ်များ၏ အကျယ်အ၀န်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ခွင်ပြုပေးသည့်အတိုင်းတာအတိုင်း ဆောက်လုပ်ရမည် ဖြစ်ပြီး သတ်မှတ်အရွယ်အစားထက်ပိုပါက ၁၀ ပေလျှင် ၅ သိန်းကျပ် ဒဏ်ရိုက်မည်ဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့်နှစ် ၂၀၁၃ သင်္ကြန်ကာလတွင် ရန်ကုန်မြို၌ ပေ ၁၀၀ နှင့်အထက် ရေကစားမဏ္ဍပ်ကြီး ၄၅-ခုဆောက်လုပ်ခွင့်ပေးခဲ့ပြီး ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၅-ခု၊ ကမ္ဘာအေးစေတီဘုရားလမ်းတွင် ၉-ခု၊ ပြည်လမ်းတွင်သုံးခုဆောက်လုပ်ခဲ့သည်။

    ပြီးခဲ့သည့်နှစ်က ရန်ကုန်မြိုတွင် ပေ ၁၀၀ နှင့်အထက် ရေကစားမဏ္ဍပ်ကြီး ၄၅ ခုဆောက်လုပ်ခွင့်ပေးခဲ့ပြီး ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၅ခု၊ ကမ္ဘာအေးစေတီဘုရားလမ်းတွင် ၉ ခု၊ ပြည်လမ်းတွင်သုံးခုရှိခဲ့သည်။

  • ဧ၀ရတ်တောင်သို့ မြန်မာတောင်တက် အဖွဲ့ ပထမဆုံး အကြိမ် တက်ရောက်မည်

    မတ် ၂၈၊၂၀၁၄
    M-Media

    o-MOUNT-EVEREST-MELTING-facebook

    – မြန်မာနိုင်ငံမှ တောင်တက်အဖွဲ့တစ်ခုမှာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧ၀ရတ်တောင်ကို တက်ရောက်ကာ မြန်မာနိုင်ငံ သမိုင်းတွင် စံချိန်သစ်ရေးထိုးတော့မည်ဟု ပြည်တွင်းမီဒီယာများက ယမန်နေ့တွင်ရေးသားဖော်ပြခဲ့သည်။

    နိုင်ငံခြားသား နှစ်ဦးပါဝင်သည့် အဆိုပါတောင်တက်အဖွဲ့ကို နီပေါနိုင်ငံတွင် လေ့ကျင့်ခဲ့ပြီး ခရီးစဉ်အား မတ်လ ၂၉ ရက် စနနေ့တွင် စတင်မည်ဖြစ်ကာ ၂ လ ကြာမြင့်မည်ဟု  Myanma Freedom Daily နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။

    ထိုအဖွဲ့မှာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ပေးအပ်သည့် မြန်မာနိုင်ငံတော် အလံအား ယူဆောင်သွားမည်ဖြစ်သည်။ အဆိုပါအဖွဲ့အား မြန်မာနိုင်ငံတွင် အချမ်းသားဆုံးဟု ပြောဆိုကြသည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်သော ထူးဖောင်ဒေးရှင်းမှ ငွေကြေးထောက်ပံ့ခြင်းဖြစ်သည်။

    အိန္ဒိယတိုက်ငယ်မှ တိဘက်ကုန်းပြင်မြင့်အထိ ကျယ်ပြန့်သည့် ဟိမ၀န္တာတောင်တန်းတွင် ပါဝင်သော ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်မှာ နီပေါနိုင်ငံ အရှေ့မြောက်ပိုင်း မဟာလန်ဂါ ဟိမ၀န္တာဒေသတွင်တည်ရှိပြီး အမြင့်ပ ၂၉၀၂၉ ပေရှိသည်။ ဧ၀ရတ်တောင်သို့ ဗြိတိန်တောင်တက်အဖွဲ့မှ နယူးဇီလန်နိုင်ငံသား အက်ဒ်မဒ် ဟီလာရီနှင့် နီပေါနိုင်ငံသား တန်ဇင်း နော်ဂေးတို့က ၁၉၅၃ ခု မေလ ၂၉ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ပထမဆုံး အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည်။

    ဆင်ဟွာ

    Photo-Internet