News @ M-Media

Blog

  • သန်းခေါင်စာရင်းကိစ္စ တိုင်းရင်းသား/နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ အကူအညီတောင်းနိုင်သည့် ဖုန်းနံပါတ်များ

    မတ် ၂၈ ၊၂၀၁၄
    M-Media

    hot line
    တိုင်းရင်းသား/နိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှု ကာလများ (၂၉-၃-၂၀၁၄ မှ ၁၂-၄-၂၀၁၄) အတွင်း မိမိတို့အိမ်များအား သန်းခေါင်စာရင်း ကောက်ယူမှု မပြုပဲ ချန်လှပ်ထားခဲ့မှုများ၊ မိမိဖြေဆိုသည့်အတိုင်း ဖြည့်စွက်ခြင်းမပြုဘဲ ကောက်ယူသူမှ မိမိဖြေဆိုမှုအား ကွက်လပ်ချန်ထားခဲ့ခြင်းမျိုးများ ရှိခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးများသို့ အသိပေး အကြောင်းကြားရန်နှင့် အောက်ပါ ဖုန်းနံပါတ် များသို့ဆက်သွယ် အကြောင်းကြားရန် အစ္စလာမ်ဘာသာဝင်များနှင့် သက်ဆိုင်သော သန်းခေါင်စာရင်းအထောက်အကူပြု ကော်မတီမှ နှိုးဆော် တိုက်တွန်းထားပါသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး > ၀၁-၂၅၃၆၈၃ ၊ ၀၁- ၃၇၀၅၃၅ ၊ ၀၉- ၄၂၁၀၀၆၀၆၂ ၊ ၀၉- ၅၁၇၈၆၀၆ ၊ ၀၉- ၅၁၆၂၆၀၃၊ ၀၉- ၅၁၃၇၇၀၄ ၊ ၀၉- ၇၃၀၀၉၄၆၁ ၊ ၀၉- ၅၅၀၂၈၈၂ ၊ ၀၉- ၅၁၁၈၆၄

    UNC ပါတီဌာနချုပ် > အမှတ်- ၃၆၅ ၊ ကျိုက္ကဆံလမ်း ၊ တာမွေကြီး (၁) ရပ်ကွက်၊ တာမွေမြို့နယ်။ ဖုန်း – ၀၉- ၅၁၉၂၇၆၁ ၊ ၀၉- ၂၅၀၀၈၅၀၁၆ ၊ ၀၉- ၄၃၀၅၇၅၇၆ ၊ ၀၁- ၅၅၅၉၄၄ ၊ ၀၉- ၅၁၃၀၂၄၉။

    သန်းခေါင်စာရင်းအထောက်အကူပြုကော်မတီ /ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN) ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN) > အမှတ် (၂) ပထမထပ် ၁၁၉ – လမ်း၊ ရေတွင်းကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖုန်း – ၀၁- ၈၆၁၉၃၇၂ ၊ ၀၉- ၅၀၀၉၀၆၀ ၊ ၀၁- ၂၀၅၁၇၀ ၊ ၀၉- ၅၁၃၄၄၈၇ ၊ ၀၉- ၄၅၀၀၁၆၉၇၃၊ ၀၉- ၅၁၅၅၇၈၇ ၊ ၀၉- ၄၂၀၀၅၂၂၃၁၃ ၊ ၀၉- ၅၁၈၇၈၃၄ ၊ ၀၉- ၅၀၉၅၉၇၆။

    ===========================
    သန်းခေါင်စာရင်းနှင့် ပတ်သက်၍ သိရှိလိုသည်များ လေ့လာနိုင်ရန် သတင်း၊ ဆောင်းပါး၊ ကြေညာချက် လင့်ခ်များ

    >> သန်းခေါင်စာရင်း ကောက်ယူသူများ မမှန်မကန်ပြုလုပ်လျင် ချက်ခြင်း ဆက်သွယ် အသိပေးရန် ကြေညာချက်
    Link =>http://www.m-mediagroup.com/news/25691

    >> သန်းခေါင်စာရင်း မေးခွန်းများဖြေဆိုရာ ဆောင်ရန် /ရှောင်ရန်/ သတိပြုရန် အချက်များ
    Link => http://www.m-mediagroup.com/news/25584

    >>အစ္စလာမ်ဘာသာဝင်များ လူမျိုး အမည် ဖြေဆိုရန် သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ အသိပေးချက်
    Link => http://www.m-mediagroup.com/news/25530

    >>မြန်မာ/ဗမာ မွတ်စလင် မထည့်သွင်းရန် ကြေညာချက် ကိစ္စ BBCနှင့် အစ္စလာမ် အဖွဲ့ကြီး မေးမြန်းခန်း
    Link => http://www.m-mediagroup.com/news/25514

    >>သန်းခေါင်စာရင်း ပညာပေး အစီအစဉ်မှ မေးခွန်း(၈) လူမျိုးမေးခွန်း ဆိုင်ရာ ကောက်နှုတ်ချက်
    Link => http://www.m-mediagroup.com/news/25485

    >>ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုတွင် “ပန်းသေး” လူမျိုးများအတွက် အကြံပြုချက် ထုတ်ပြန်
    Link => http://www.m-mediagroup.com/news/24601

    >> M-Media တွင် ဖော်ပြပြီးသော သန်းခေါင်စာရင်းဆိုင်ရာ သတင်းနှင့် ဆောင်းပါးများကို အောက်ပါလင့်ခ်တွင် ဖတ်ရှုပါ။
    Link =>http://www.m-mediagroup.com/news/tag/2014census

    >> သန်းခေါင်စာရင်း လူမျိုးနံပါတ် Code စာရင်း အောက်က လင်ခ့်မှာကြည့်ပါ။
    Link => http://goo.gl/fRf4XQ

    >> အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ သန်းခေါင်စာရင်း ကိစ္စ အသိပေးချက်နှင့် သန်းခေါင်စာရင်း မေးခွန်း ၄၁ ခုပါ ပုံစံနမူနာကို အောက်ပါလင့်ခ်တွင် ကြည့်ရှု့နိုင်ပါသည်။
    Link => http://goo.gl/frr3QD

  • သင်္ကြန်ရက်အတွင်း ယာဉ်စီးခများ ပိုမိုကောက်ခံပါက မ.ထ.သ. မှ အရေးယူသွားမည်ဟုဆို

    သင်္ကြန်ရက်အတွင်း ယာဉ်စီးခများ ပိုမိုကောက်ခံပါက မ.ထ.သ. မှ အရေးယူသွားမည်ဟုဆို

    မတ် ၂၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC02613

    ရန်ကုန် ။        ။     မဟာသင်္ကြန် လေးရက်အတွင်း မ.ထ.သ ၏ လက်အောက်တွင်းရှိ ကားများပြေးဆွဲချိန်တွင် ယခင်ကထက် ယာဉ်စီးခများ ပိုမို ကောက်ခံပါက မ.ထ.သ(ဗဟို)မှ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောကြားခဲ့သည်။

    “သင်္ကြန်ရက်တွေမှာ ဥပုသ်စာင့်မဲ့လူတွေလည်းရှိတယ်။ သူများတွေ သင်္ကြန်မှာ ကုသိုလ်တောင် ယူကြသေးတာပဲ။ ကားခကို ပိုမိုကောက်ခံတယ် ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့လည်း ထိရောက်စွာအရေးယူသွားဖို့ ရှိပါတယ်။ ကားခတွေပိုကောက်လာမယ်ဆိုရင် ကျွန်တော်တို့ မ.ထ.သ ကို တိုင်ကြားပါ။ ကျွန်တော်တို့အရေးယူပေးမှာပါ” ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။

    မ.ထ.သ (ဗဟို)လက်အောက်ရှိ ယာဉ်လိုင်းပေါင်း ၃၅၁ လိုင်းရှိရာ သင်္ကြန်ကာလအတွင်း ၁၁၃-လိုင်း ယာဉ်စီးရေ ၁၆၂၈ စီးပြေးဆွဲသွားမည်ဖြစ်ပြီး CNG ဓာတ်ငွေ့ဆိုင်များကိုလည်း အခက်အခဲမရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    သင်္ကြန်ရက်မှာ ယာဉ်အန္တရာယ် ကင်းရှင်းရေးကိုလည်း အထူးသတိထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ လွန်ခဲ့သော သင်္ကြန် ရက်များအတွင်း မ.ထ.သ လက်အောက်ခံကားများမဟုတ်ပဲ ကြားကားများပြေးဆွဲကာ ကားခများကိုပိုမိုကောက်ခံကြောင်းသိရသည်။

    ကြားပြေးဆွဲသော ကားများသာမက မ.ထ.သ (ဗဟို) လက်အောက်မှကားများလည်း ယခင်နှစ်သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမိုကောက်ခံမှုများ ရှိခဲ့ရာ ယခုနှစ် ၂၀၁၄ ခုနှစ်တွင် စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  • သာသနာ့အလံတော် အသုံးပြုရမည့်နေ့ရက်များ

    556968_365908493486680_927227280_n

    (က)အခါကြီး ရက်ကြီးများ
    1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
    2. နယုန်လပြည့် (မဟာသမယနေ့)
    3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
    4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
    5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
    6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
    7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
    8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

    (ခ)ပွဲတော်နှင့် အခမ်းအနားများ
    1. ၀ါဆိုပွဲတော် အခမ်းအနား
    2. အဘိဓမ္မာအခါတော်နေ့
    3. ကထိန်ပွဲတော်
    4. ရဟန်းခံရှင်ပြုပွဲ
    5. ဆွမ်းကြီးလောင်းလှူပွဲ
    6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
    7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
    8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
    9. ဘုရားထီးတင်ပွဲ
    10. ဗုဒ္ဓပူဇနိယပွဲတော်
    11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
    12. သံဃာ့အစည်းအဝေး
    13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
    14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

    (ဂ)လွှင့်ထူ အသုံးပြုနည်း၊
    အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။
    လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။
    မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။
    သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်။

    (ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊
    1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
    2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

    [ မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့၊ သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၊ အပိုဒ်(၃၅၈)၊ အပိုဒ်(၃၉၅) ]

    via-ကပ္ပိယ သာ ဂိ FB

    ** မည့်သည် လူမျိုးနှင့် ဘာသာကိုမျှ ပုတ်ခတ်စော်ကားသည့် မှတ်ချက်များ မပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

  • စစ်တွေမှ INGO ရုံးများ အကြမ်းဖက်ခံရမှု ကုလသမဂ္ဂက ကြေညာချက် ထုတ်

    မတ် ၂၈၊ ၂၀၁၄
    M-Media

    UN
    ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် INGO ရုံးများကို အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး Mr. Toily Kurbanov  မတ်လ ၂၇ ရက်နေ့စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

    ကုလသမဂ္ဂနှင့် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို အကြမ်းဖက် ဖျက်ဆီးမှု များအပေါ် အလွန်စိုးရိမ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အစိုးရမှ ကာကွယ်ပေးဖို့တောင်းဆိုကြောင်း ၊  ကုလ သမဂ္ဂ၏ လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများက အကူအညီများ ဆက်လက်ပေးသွားမည်ဟု ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဆက်လက်ပြီး အကူညီပေးရေးလုပ်ငန်းများ လျော့ကျလာပါက ထိခိုက်လွယ်သူများအား အကာအကွယ်ပေးနိုင်မှုများစွာ ထိခိုက်လာနိုင်ခြင်းအပေါ် အလွန်စိုးရိမ်တဲ့ကြောင်း ထပ်လောင်းပြောကြားထားပါတယ်။

    ပြစ်မှုကျူးလွန်သူများကို အရေးယူဖို့ သက်ဆိုင်ရာအာဏာပိုင်များ သင့်လျော်တဲ့တုံပြန်မှုများ ဆောင်ရွက်ရန် ကြေညာချက်မှာ တိုက်တွန်းရေးသားထားပါတယ်။

  • စစ်တွေ အကြမ်းဖက်မှု အတွက် အလွန်အမင်း စိုးရိမ်ကြောင်း အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်

    M-Media
    မတ်လ ၂၈ ရက်၊ ၂၀၁၄

    USDeeplyConcernedbyViolenceinSittwe

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ စစ်တွေအကြမ်းဖက်မှုအတွက် အလွန်အမင်းစိုးရိမ်ကြောင်း ကြေညာချက်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် အမေရိကန်အနေဖြင့် စစ်တွေ၌ လွန်ခဲ့သည့် နေ့များက ဖြစ်ပွားခဲ့သော အိုင်အင်ဂျီအိုများကို ဦးတည်သည့် လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း၊ တိုက်ခိုက်မှုများကြောင့် အဆောက်အဦများ ပျက်စီးခဲ့ရသလို အင်ဂျီအို ၀န်ထမ်းများကိုလည်း အရေးပေါ်နေရာရွှေ့ပြောင်းပေး ခဲ့ရကြောင်း၊ ထိုဝန်ထမ်းများ အထဲတွင် အမေရိကန်လူမျိုး ၃ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် ကြေညာချက်က မြန်မာအာဏာပိုင်များ အနေဖြင့် လုံခြုံရေးဆောင်ရွက်နေသော်လည်း မလုံလောက်မှုများ ဆက်လက်ရှိ၍လည်းကောင်း၊ စစ်တွေ၌ တရားဥပဒေစိုးမိုးမှု  ပပျောက်နေ၍လည်းကောင်း၊ အင်ဂျီအိုဝန်ထမ်းများကို အကာအကွယ်ပေးမှုများ၊ အကြမ်းဖက်မှုပျံ့နှံ့ နေသည့်ကိစ္စများ အတွက်လည်းကောင်း အလွန်အမင်းစိုးရိမ်ကြောင်း တင်ပြထားသည်။

    မြန်မာအစိုးရကိုလည်း လိုက်လျောညီထွေဖြစ်သည့် အဖြေတစ်ခုကို ထုတ်ပေးပြီး ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား ကိုင်တွယ်ဖြေရှင်းရေးသာမက တာရှည်ခံသည့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုပါ လုပ်ဆောင်သွားရန် အဆိုပါကြေညာချက်က တိုက်တွန်းထားသည်။

    ကြေညာချက်အပြည့်အစုံဖတ်ရှုရန် (အင်္ဂလိပ်ဘာသာဖြင့်)
    goo.gl/Cbsvyd