News @ M-Media

Blog

  • သန်းခေါင်းစာရင်း ကောက်ယူသူများ မမှန်မကန်ပြုလုပ်လျင် ချက်ခြင်း ဆက်သွယ် အသိပေးရန် ကြေညာချက်ထုတ်

    မတ် ၂၄၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    သန်းခေါင်စာရင်းကောက်ယူမှု ကာလအတွင်းမိမိတို့အိမ်အား ကောက်ယူခြင်းမရှိဘဲ ချန်လှပ်ခဲ့ခြင်း၊ မိမိဖြေကြားသည့်အတိုင်း ဖြည့်စွက်ခြင်းမရှိဘဲ မမှန်မကန်ပြုလုပ်ပါက ချက်ချင်း ဆက်သွယ်အသိပေးရန် သန်းခေါင်စာရင်းအထောက်အကူပြု ကော်မတီ မှ ကြေညာချက်ထုတ်ပြန် အသိပေး

    Microsoft Word - PCN

    သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ အစ္စလာမ်သာသနာလူထုကြားတွင် မည်ကဲ့သို့ပြုလုပ်ရမည်ကို ထွေပြားမှုများရှိနေသဖြင့် အစ္စလာမ်ဘာသာဝင်များအား သန်းခေါင်စာရင်းအထောက်အကူပြု ကော်မတီမှ သန်းခေါင်စာရင်း အသိပေးကြေညာချက်တစ်ရပ်ကို ယနေ့ မတ်လ ၂၄-ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်အသိပေးလိုက်ပါသည်။

    ရန်ကုန်တိုင်း ဒလမြို့နယ်တွင် လွန်ခဲ့သော သီတင်းပတ်က စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုပြုလုပ်ခဲ့ရာ ဘာသာနှင့်လူမျိုးမေးခွန်းအား အစ္စလာမ်ဘာသာဝင်ဟု ဖြေဆိုပါက ဘင်္ဂါလီလူမျိုးဟု ဇွတ်တင်းအဓမ္မဖြည့်စွက်ခံရသည့်အတွက် အစ္စလာမ်ဘာသာဝင်လူထုအကြား သန်းခေါင်စာရင်းကောက်ယူမှုတွင် စိတ်ပူပင်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန် အသိပေးခြင်းဖြစ်ကြောင်းကို တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ပြောကြားခဲ့သည်။

    “သန်းခေါင်စာရင်းကောက်ယူမှု ကာလတွင် မိမိဖြေကြားသည့်အတိုင်း ဖြည့်စွက်မှုမရှိခဲ့ပါက အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အိုလမာဌာနချုပ်မှာ ရုံးဖွင့်ထားတယ်။ ဖုန်းနံပါတ်တွေလည်း ကြေညာထားတယ်။ အဲဒီကို အချိန်မီအသိပေး အကူအညီတောင်းပါ။ အဲ့လိုပဲ အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC)ပါတီဌာနချုပ်ကလည်း သူ့ရုံးခန်းဖွင့်ထားတဲ့ဆီမှာ အကူညီတောင်းလို့ရပါတယ်။ အန်ကယ်လ်တို့  သန်းခေါင်စာရင်းအထောက်အကူပြုကော်မတီ ရုံးခန်းဖွင့်ထားတယ်။ အားလုံးဆက်သွယ်ပြီး အကူအညီတောင်းပါ။ အန်ကယ်လ်တို့ဘက်ကနေ ဥပဒေဘောင်အတွင်းက လိုအပ်တဲ့အကူအညီတွေ အားလုံးကို ပေးပါမယ်။ သို့သော် အချိန်မီတင်ပြကြဖို့တော့ လိုအပ်ပါတယ်။”လို့ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ဒလမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုကိစ္စနှင့်ပတ်သက်၍ ဦးမြင့်သိန်း၏ သုံးသပ်ချက်ကို ဆက်လက်မေးမြန်းရာ “သန်းခေါင်စာရင်း စမ်းသပ်ကာလက ၂၀၁၃-ခု မတ်လ ၃၀-ရက်နေ့ကပါ။ ၂၀၁၄-ခု သန်းခေါင်စာရင်းအတွက်ကတော့ ကြိုတင်ကောက်မယ် ဆိုတဲ့နေရာတွေက နိုင်ငံတော်အစိုးရက တရားဝင် ကြေညာပြီးသားပါ။ တရားဝင်ကြေညာပြီးသား နေရာတွေမှာပဲ ကောက်ခွင့်ရှိတယ်။ အစိုးရက ကျန်တဲ့နေရာတွေမှာ သန်းခေါင်စာရင်း အကြိုဆိုပြီးကောက်တာ မရှိဘူး။ သန်းခေါင်စာရင်းကောက်ယူတဲ့ အခါ အဖွဲ့တွေ လွှတ်မှာဖြစ်ပါတယ်။ တစ်ဖွဲ့ဆိုရင် ၁၅-အိမ် အိမ်-၂၀ လောက်ပဲ ကောက်လို့ရမယ်။ ဒါဆိုရင် အဖွဲ့ ဘယ်နှစ်ဖွဲ့လိုလဲ စသဖြင့် အဲဒါကိုကြိုတင် လေ့လာတဲ့ အနေနဲ့ဆိုရင်တော့ ကောက်လို့ရတယ်။ သန်းခေါင်စာရင်းကောက်မယ့် ပုံစံစာရွက်နဲ့ဖြစ်စေ အဲဒါနဲ့မဟုတ်ရင်လည်း မေးခွန်း ၄၁-ချက်ကို ကောက်ပိုင်ခွင့် မရှိဘူး။ လူတွေမှာလည်း ဖြေဖို့တာဝန်မရှိဘူး။”ဟု ဖြေကြားခဲ့သည်။

    ဒလမြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်းဟုပြောပြီး ကောက်ယူရာတွင် မေးခွန်း ၄၁-ချက်လုံးအား မေးမြန်းသည်မဟုတ်ပဲ မေးခွန်း ၅-ခု ခန့်သာ မေးမြန်းခဲ့ပြီး ဘာသာနေရာတွင် အစ္စလာမ်ဟုပြောလိုက်ပါက ဘင်္ဂါလီလူမျိုးဟု ထည့်သွင်းမှုများ ရှိလာသည့်အပေါ် သက်ရောက်လာနိုင်သည့် အကျိုးဆက်အား ဆရာဦးမြင့်သိန်း၏ အမြင်အား မေးမြန်းရာ “သန်းခေါင်စာရင်းဥပဒေအရကတော့ ကာယကံရှင်ပြောတဲ့နာမည်ကိုပဲ ထည့်ရမယ်။ ပြောတဲ့သူကလည်း ကိုယ်ပြောတဲ့ နာမည်အမှန်ဖြစ်ရမယ်။ လိမ်လည်မှု မရှိရဘူး။ သမိုင်းကြောင်း အမှန်ရှိရမယ်။ အခုမှ ထွင်ပြီး လူမျိုးအသစ်လည်းပေးလို့ မရဘူး။ မြန်မာ့သမိုင်းမှာ ပြန်တမ်းဝင်ရှိတဲ့လူမျိုးကို ပြောရမယ်။ ပြောတာကိုလည်း စာရင်းကောက်က ပယ်ပိုင်ခွင့် ငြင်းဆန်ပိုင်ခွင့်မရှိဘူး။ အကယ်၍ လုပ်လာပြီဆိုရင် သူက သန်းခေါင်စာရင်း ဥပဒေကို ဆန့်ကျင်နေတယ်။ ကိုယ့်ဘက်ကလည်း ဖြေဆိုမှုကို ရပ်လိုက်ပါ။ ရပ်ပြီးတော့ တစ်နေကုန် ရုံးခန်းဖွင့်ထားမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ပြီးရှင်းခိုင်းပါ။ သူတို့နဲ့ ရှင်းလို့ မရရင်တော့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရုံးထိုင်မှာရှိတယ်။ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီက ရုံးထိုင်မှာရှိတယ်။ PCN က ရုံးထိုင်မှာရှိတယ်။ ရန်ကုန်က ယာယီသန်းခေါင်စာရင်းကော်မတီက ရုံးထိုင်နေမှာတွေရှိတယ်။ အဲ့ဒီတွေကို ဆက်သွယ်ပါ။”ဟု ဆိုသည်။

    ဒလမြို့နယ်အပါအ၀င် အဆိုပါ စမ်းသပ် သန်းခေါင်စာရင်းကောက်ယူမှု၏ နောက်ဆက်တွဲဖြစ်လာနိုင်သည်မှာ သန်းခေါင်စာရင်းတကယ်ကောက်ယူချိန်၌ သန်းခေါင်စာရင်းကိစ္စကို တတ်သိနားလည်သူများထံတွင်သာ ကောက်ယူပြီး နားမလည်သူ အခြေခံလူတန်းစားများအား ထပ်မံကောက်ယူခြင်းမပြုတော့ပဲ အရင်တစ်ခါကောက်ယူပြီးပြီဆိုသည့်ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်သည်ဟု အစ္စလာမ်လူထုမှ စိုးရိမ်မှုများ ရှိနေသည့်အပေါ် သဘောထားအမြင်အကြံပြုချက်အား ဆက်လက်မေးမြန်းရာ “ဒါကတော့ မှန်းလို့မရဘူး။ အကယ်၍ အစိုးရက ကြိုတင်ကောက်ယူမယ်လို့ ကြေညာထားတဲ့ဒေသတွေ ကလွဲလို့ အခုဆို ကျန်တဲ့ ဒေသတွေရဲ့ အိမ်တွေမှာ ကောက်ကွက်တွေ လာကပ်ပြီးသားပါ။ အဲ့ဒီ မတ်လ ၃၀-ရက်နေ့ကနေ ဧပြီလ ၁၀-ရက်နေ့အတွင်း ကိုယ့်အိမ်မှာ လာမကောက်တော့ဘူးဆိုရင် အဲ့ဒါကို ရပ်ကွက်ရုံးအပါအ၀င် သက်ဆိုင်ရာကို တရားဝင် အကြောင်းကြားရမယ်။ ကိုယ့်ဆီလာမကောက်ဘူးဆိုရင်တော့ ဒါက မူမမှန်တဲ့ကိစ္စဖြစ်သွားပြီ။ ကိုယ့်ဆီလာမကောက်ရင်တော့ လာမကောက် သွားပါဘူးဆိုတာ ကြေငြာရတော့မယ်။ ဖြည့်စွက်ပြောချင်တာက အထွေအထူးတော့ မရှိပါဘူး။ အခုက အပြင်မှာ ကောလဟာလတွေ တအားများနေတယ်။ ခြိမ်းခြောက်မှုတွေရှိနေတယ်။ နိုင်ငံတော်အစိုးရမူဝါဒအရ ၀န်ကြီးကလည်း ပြောထားပြီးသား။ သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကလည်း ပြောပြီးသား။ ဒီ လူမျိုးတစ်မျိုးဟာ လောလောဆယ် ၉၁၄ မှာ ထည့်လိုက်။ အကယ်၍ မထည့်ရင် ဒီဟာအလိုလို ပျောက်သွားမယ်။ အကယ်၍ ထည့်မယ်ဆိုရင် အဲ့ဒီလူမျိုးစာရင်းဇယားပေါ်လာမယ်။ ပေါ်လာရင် နောက်ဆက်တွဲ ဒီလူ့အစုအဝေးက ဘာလဲဆိုတာ ဆက်ပြီးတော့ ဆောင်ရွက်လို့ရမယ်။ အဲ့ဒီတော့ တရားဝင် သမိုင်းဝင် ရှိနေတဲ့   မြန်မာနိုင်ငံသား မွတ်စလင်လူ့အဖွဲ့အစည်းအနေနဲ့ ကိုယ့်လူမျိုးကိုယ် မှန်မှန်ကန်ကန် ဖြည့်စွက်ဖို့ အရေးကြီးတာပါ။”လို့ ဆရာဦးမြင့်သိန်းမှ ဖြေကြားခဲ့သည်။

    သန်းခေါင်စာရင်းကောက်ယူမှု ကာလများတွင် မိမိတို့အိမ်များအား သန်းခေါင်စာရင်း ကောက်ယူမှု မပြုပဲ ချန်လှပ်ထားခဲ့မှုများ၊ မိမိဖြေဆိုသည့် အတိုင်း ဖြည့်စွက်ခြင်း မပြုဘဲ ကောက်ယူသူမှ မိမိဖြေဆိုမှုအား ကွက်လပ် ချန်ထားခဲ့ခြင်းမျိုးများ ရှိခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးများသို့ အသိပေး အကြောင်းကြားရန်နှင့် အောက်ပါ ဖုန်းနံပါတ် များသို့ဆက်သွယ်အကြောင်းကြားရန် တိုက်တွန်းအသိပေး ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး >  ၀၁-၂၅၃၆၈၃ ၊ ၀၁- ၃၇၀၅၃၅ ၊ ၀၉- ၄၂၁၀၀၆၀၆၂ ၊ ၀၉- ၅၁၇၈၆၀၆ ၊ ၀၉- ၅၁၆၂၆၀၃၊ ၀၉- ၅၁၃၇၇၀၄ ၊ ၀၉- ၇၃၀၀၉၄၆၁ ၊ ၀၉- ၅၅၀၂၈၈၂ ၊ ၀၉- ၅၁၁၈၆၄

    UNC ပါတီဌာနချုပ် > အမှတ်- ၃၆၅ ၊ ကျိုက္ကဆံလမ်း ၊ တာမွေကြီး (၁) ရပ်ကွက်၊ တာမွေမြို့နယ်။ ဖုန်း – ၀၉- ၅၁၉၂၇၆၁ ၊ ၀၉- ၂၅၀၀၈၅၀၁၆ ၊ ၀၉- ၄၃၀၅၇၅၇၆ ၊  ၀၁- ၅၅၅၉၄၄ ၊ ၀၉- ၅၁၃၀၂၄၉။

    သန်းခေါင်စာရင်းအထောက်အကူပြုကော်မတီ /ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN) ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN) > အမှတ် (၂) ပထမထပ် ၁၁၉ – လမ်း၊ ရေတွင်းကုန်းရပ်ကွက်၊   မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖုန်း – ၀၁- ၈၆၁၉၃၇၂ ၊  ၀၉- ၅၀၀၉၀၆၀ ၊ ၀၁- ၂၀၅၁၇၀ ၊ ၀၉- ၅၁၃၄၄၈၇ ၊ ၀၉- ၄၅၀၀၁၆၉၇၃၊ ၀၉- ၅၁၅၅၇၈၇ ၊ ၀၉- ၄၂၀၀၅၂၂၃၁၃ ၊ ၀၉- ၅၁၈၇၈၃၄ ၊ ၀၉- ၅၀၉၅၉၇၆။

  • တရုတ်နှင့် ကုန်သွယ်ရေး သဘောတူညီချက်အား ဆန့်ကျင်သူများကို ထိုင်ဝမ် ရဲတပ်ဖွဲ့ အင်အားသုံးနှိမ်နင်း

    မတ် ၂၄၊ ၂၀၁၄
    M-Media

    – တရုတ်နိုင်ငံနှင့် ပြုလုပ်ခဲ့သည့် အငြင်းပွားဖွယ်ရာ ကုန်သွယ်ရေး သဘောတူညီချက်အား ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူရာပေါင်းများစွာကို ထိုင်ဝမ်ရဲတပ်ဖွဲ့က အင်အားသုံးကာ နှိမ်နင်းခဲ့သည်ဟု သိရသည်။

    201432423829968734_20

    ပြီးခဲ့သည်နှစ် ဇွန်လက ပြုလုပ်ခဲ့သည့် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး သဘောတူညီချက်ကို ဆန့်ကျင်သောအားဖြင့် ရာပေါင်းမျာစွာသော ပြည်သူများမှာ မြို့တော်ထိုင်ပေရှိ ကတ်ဘိနက်ရုံးရှေ့တွင် ပြီးခဲ့သည့် ရက်များမှ စတင်ကာ ဆန္ဒပြခဲ့ကြပြီး၊ ရဲတပ်ဖွဲ့မှ မီးသတ်ပိုက်များ အသုံးပြုကာ လူစုခွဲခဲ့သည်။

    ထို့ပြင် ဆန္ဒပြသူများအား နှိမ်နင်းရန် ရဲတပ်ဖွဲ့အင်အား ၁၀၀၀ ခန့်ကို ပါလီမန်ရှေ့တွင် ယနေ့နံနက်ပိုင်းက တပ်ဖြန့်ချထားခဲ့ပြီး ဆန္ဒပြသူ ၃၂ ဦးအား ဖမ်းဆီးထားခဲ့သည့်ဟု ထိုင်ပေ ရဲဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    ထိုင်ဝမ်ပါလီမန်က အတည်ပြုရန် လိုအပ်နေသည့် တရုတ်နိုင်ငံနှင့် အဆိုပါ သဘောတူညီချက် အကောင်အထည်ပေါ်လာခဲ့ပါက ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့မှာ နှစ်နိုင်ငံ အပြန်အလှန် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

    နိုင်ငံ၏ စီးပွားရေး တရုတ်နိုင်ငံနှင့် ပိုမို၍ နီးကပ်စွာဆောင်ရွက်နိုင်ရန် အတွက် ထိုင်ဝမ်သမ္မတ Ma Ying-jeou ၏ ၆ နှစ်တာ ကြိုးပမ်းမှုအတွင်း ယခုအကြိမ်မှာ ပြည်သူများဘက်မှ အဆိုးရွားဆုံး ဆန့်ကျင် ဆန္ဒပြမှုလည်းဖြစ်သည်။

    Ref:Al Jazeera and agencies

  • “ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ငြိမ်းချမ်းရေး” ဟောပြောပွဲ ပဲခူးမှာ ပြုလုပ် (ဓါတ်ပုံသတင်း)

    မတ် ၂၄၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ- မိုးသူ(CJ)

    1544284_639157209490989_287280374_n

    ပဲခူးမြို့ ဘာသာပေါင်းစုံ လူငယ်များမှ ဦးဆောင် ကျင်းပသည့် “ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ငြိမ်းချမ်းရေး” ဟောပြောပွဲ တစ်ရပ် ကို ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ခန်းမ တွင် ယနေ့ ၂၄.၃.၂၀၁၄ (တနင်္လာနေ့) နေ့လည် ၁၂:၃၀ နာရီ မှ ညနေ ၄:၃၀ နာရီ အတွင်း ကျင်းပသွားကြောင်းသိရှိရပါသည်။

    pago

  • ရထားပို့ဆောင်ရေးနှင့် ဆေးရုံများ အဆင်မြှင့်ရန် ဂျပန်မှမြန်မာသို့ ဒေါ်လာ ၇၈ သန်းကျော် ထောက်ပံ့

    မတ် ၂၄၊ ၂၀၁၄
    M-Media

    460x
    ဂျပန် ဝန်ကြီးချူပ် နှင့် သမ္မတဦးသိန်းစိန် ၂၀၁၃ ခုနှစ် မေ ၂၆ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ် Photo-AP

    – ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ရထား ပို့ဆောင်ရေး လုပ်ငန်းနှင့် ဆေးရုံများ အဆင့်မြှင့်တင်ရန်အတွက် ဒေါ်လာ ၇၈ သန်း (ယန်း သန်း ၈၀၀၀) ထောက်ပံ့ပေးအပ်သွားမည်ဟု သိရသည်။

    ဂျပန်ဝန်နိုင်ငံခြားရေး ၀န်ကြီး ဖူမီယိုကီရှီဒါမှာ ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ ယနေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့နှင့် တွေ့ဆုံရန် ရှိနေပြီး၊ မီးရထားလမ်းကြောင်း စောင့်ကြည့်ရေးစနစ် တည်ဆောက်ရန်နှင့် ဆေးရုံများတွင် ခေတ်မီစက် ကိရိယာများ စမ်းသပ်တပ်ဆင်ရန်တို့ အတွက် ဂျပန်ယန်း သန်း ၈၀၀၀ ခန့် ထောက်ပံ့ငွေ ပေးအပ်သွားရန် ရှိနေသည်ဟု နှစ်နိုင်ငံ အစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ်များအရ သိရသည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

    နှစ်နိုင်ငံဆက်ဆံရေး အားကောင်းစေရန်နှင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လုပ်ကိုင်နေသည့် ဂျပန်စီးပွားရေး လုပ်ငန်းများအား ထောက်ပံ့ရန် အတွက် စုစုပေါင်း ဂျပန် ယန်း ဘီလီယံ ၁၆၀ (ဒေါ်လာသန်း ၁၅၀၀ ကျော်) ပေးအပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက ကတိပြုထားသည်။

    မြန်မာအစိုးရတို့နှင့် တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားနိုင်ငံမှ ဂျပန်နိုင်ငံသားများအား ဖမ်ဆီးမှုများကို ဖြေရှင်းရန် အတွက် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးရှိနေသည့် မြန်မာနိုင်ငံ၏ ထောက်ခံမှုရရှိရန် ဂျန်နိုင်ငံက မျှော်လင့်နေသည်။ ထို့ပြင် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအတွင်း သေဆုံးသွားခဲ့သည့် ဂျပန်စစ်သားများ၏ ရုပ်ကြွင်း တူးဖော်ရေးလုပ်ငန်းများအား မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ကီရှီဒါက ဆွေးနွေးသွားမည်ဟု ကျိုဒိုသတင်းဌာနက ထည့်သွင်းဖော်ပြထားသည်။

    ကိုးကား ကျိုဒိုသတင်းဌာန

  • ခရိုင်းမီးယားတွင် ရုရှလုပ်ဆောင်ချက် ဆိုဗီယက်နိုင်ငံဟောင်းများကို ခြိမ်းခြောက်ခြင်းဟု နေတိုးအကြီးအကဲပြော

    မတ် ၂၄၊ ၂၀၁၄
    M-Media

    ခရိုင်းမီးယားအရေး ရုရှား၏လုပ်ပုံမှာ ယခင် ဆိုဗီယက်နိုင်ငံများအား ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု နေတိုး အကြီးအကဲဆို၊ G7 အရေးပေါ်အစည်းဝေးအား ယနေ့တွင် ကျင်းပမည်။

    Russia tightens military grip on Crimea

    – ခရိုင်းမီးယားဒေသအား ကျူးကျော်ပြီးနောက် ရုရှားဘက်မှ စစ်အင်အား အလုံးအရင်းနှင့် ၀င်ရောက်ချထားခြင်းက ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် နိုင်ငံများအား ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု နေတိုး စစ်ဘက်ဆိုင်ရာ အကြီးအကဲက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ခရိုင်းမီးယားပြည်သူ့ဆန္ဒ ခံယူပွဲတွင် ဒေသအား ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီး ရုရှားဖက်ကလည်း ထိုဆုံးဖြတ်ချက်အား လက်ခံခဲ့သည်။

    ထို့နောက် ခရိုင်းမီးယားရှိ ယူကရိန်း စစ်စခန်း ၁၈၉ ခုအား ရုရှားစစ်တပ်မှ သိမ်းယူခဲ့ပြီး၊ ထိုလုပ်ဆောင်ချက်က ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် နိုင်ငံများအား ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု နေတိုးစစ်တပ် ထိပ်တန်း အကြီးအကဲ ဖီးလစ် ဘရိဒ်လက်ဗ်က  ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “အခုလက်ရှိ ယူကရိန်းနယ်စပ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ (ရုရှား)စစ်တပ်အင်အားဟာ တော်တော်ကြီးမားပြီး၊ တိုက်ဖို့လည်း အဆင်သင့်ဖြစ်နေပါတယ်” ဟု ဘရိဒ်လက်ဗ်က ဆိုသည်။

    ထိုမှတ်ချက် ထွက်ပေါ်လာခဲ့ပြီးနောက် နယ်သာလန်နိုင်ငံတွင်ပြုလုပ်နေသည့် နျူကလီးယား လုံခြုံရေးဆိုင်ရာ အစည်းဝေး တက်ရောက်နေကြသည့် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့ က အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ယနေ့တွင်ပြုလုပ်ရန် စီစဉ်ခဲ့သည်။

    ယူကရိန်း အမျိုးသားလုံခြုံရေး အကြီးအကဲ အန်ဒရီ ပါရူဘီကလည်း ရုရှားသမ္မတ ပူတင်၏ ရည်ရွယ်ချက်မှာ ခရိုင်းမီးယားဒေသတစ်ခုတည်းအား သိမ်းယူရန်မဟုတ်ဘဲ၊ ယူကရိန်း တစ်နိုင်ငံလုံးအား သိမ်းယူရန်ဖြစ်ကြာင်း၊ နယ်စပ်အတွင်းရှိ ရုရှား စစ်တပ်များမှာ မည်သည့် အချိန်တွင် မဆို တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြောင်း ယမန်နေ့ကပင် သတိပေးခဲ့သည်။

    ခရိုင်းမီးယားဒေသအား ရုရှားမှ ၀င်ရောက်ကျူးကျော်မှုကြောင့် အမေရိကန်နှင့် ဥရောပနိုင်ငံများက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နီးစပ်သည့် ရုရှား ထိပ်ပိုင်းခေါင်းဆောင်များအား ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများအား ကန့်သတ်ခြင်းစသည့် ပိတ်ဆို့မှုများကို ပြုလုပ်ထားပြီး ပိတ်ဆို့အရေးယူမှုများ ထပ်မံ၍ ပြုလုပ်ရန်လည်း စီစဉ်နေသည်။

    Al Jazeera and agencies