News @ M-Media

Blog

  • မြန်မာ/ဗမာ မွတ်စလင် မထည့်သွင်းရန် ကြေညာချက် ကိစ္စ BBCနှင့် အစ္စလာမ် အဖွဲ့ကြီး မေးမြန်းခန်း

    မြန်မာ/ဗမာ မွတ်စလင် မထည့်သွင်းရန် ကြေညာချက် ကိစ္စ BBCနှင့် အစ္စလာမ် အဖွဲ့ကြီး မေးမြန်းခန်း

    မတ် ၁၉၊ ၂၀၁၄
    M-Media

    မကြာမီရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံတဝန်း သန်းခေါင်စာရင်း ကောက်ခံတဲ့ အခါ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့ မြန်မာမွတ်ဆလင်၊ ဗမာမွတ်ဆလင်လို့ မထည့်သွင်းဘဲ ကိုယ့်ရဲ့ လူမျိုးစု အမည်ကို လွတ်လွတ်လပ်လပ် ထည့်သွင်းဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ မတ်လ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဘာကြောင့် ဒီလို ပြောရတာပါလဲ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဟာဂျီ ဦးကျော်ခင်က မေးကြည့်တော့ အခုလို ပြောပါတယ်။

    via-BBC
    အသံဖိုင်နားဆင်ရန်
    https://soundcloud.com/bbcburmese/d3jj9fauvu95

  • သန်းခေါင်းစာရင်း လူမျိုးနံပါတ် Code စာရင်း

    မတ် ၁၉၊ ၂၀၁၄
    M-Media

    1 2 3 4

    ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက်

    အသုံးပြုမည့် လူမျိုး /နိုင်ငံခြားသား လူမျိုး ဂဏန်းသင်္ကေတစာရင်း ဖြစ်ပါသည်။

    M-Media တွင် ဖော်ပြပြီးသော သန်းခေါင်စာရင်းဆိုင်ရာ သတင်းနှင့် ဆောင်းပါးများကို အောက်ပါလင့်ခ်တွင် ဖတ်ရှုပါ။

    Link =>http://www.m-mediagroup.com/news/tag/2014census

    အစ္စလာမ်ဘာသာေ၇းအဖွဲ့ကြီးရဲ့ သန်းခေါင်းစာရင်း ကိစ္စ အသိပေးချက်နှင့်
    သန်းခေါင်းစာရင်း မေးခွန်း ၄၁ ခုပါ ပုံစံနမူနာကို အောက်ပါလင့်ခ်တွင် ကြည့်ရှု့နိုင်ပါသည်။

    Link => http://goo.gl/frr3QD

    image via- MP Shwe Maung FB

  • မွန်လူမျိုးဟု ရဲရဲဝံ့ဝံ့ဖြေဆိုရန် မွန်ဒီမိုကရေစီ ပါတီကြေညာချက် ထုတ်ပြန်

    မွန်လူမျိုးဟု ရဲရဲဝံ့ဝံ့ဖြေဆိုရန် မွန်ဒီမိုကရေစီ ပါတီကြေညာချက် ထုတ်ပြန်

    မတ် ၁၉၊ ၂၀၁၄
    M-Media
    K K

    DSC01387

    ၂၀၁၄ သန်ခေါင်းစာရင်းကောက်ယူမှုတွင် မွန်လူမျိုးများအနေဖြင့် မိမိတို့၏ လူမျိုးအမည်ကို မွန်လူမျိုးဟုသာ ရဲရဲဖြေဆိုကြရန် အတွက် မွန်ဒီမိုကရေစီ ပါတီမှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
    မွန်လူမျိုးများအနေနှင့် မိမိလူမျိုးအမည်ကိုမေးမြန်းရာတွင် မွန်လူမျိုးဟု ရဲရဲဝံ့ဝံ့ဖြေကြားရန်နှင့် နိုင်ငံခြားသို့ ရောက်ရှိနေသူများ ကိုလည်း မွန်လူမျိုးဟုသာ ဖြေကြားရန်အတွက် မွန်ဒီမိုကရေစီပါတီမှ ကြော်ငြာချက်တစ်စောင်ကို မတ်လ(၁၈)ရက် နေ့က ထုတ်ပြန်လိုက်သည်။

    လာမည် မတ်လ ၃၀-ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှုသည် နိုင်ငံဖွံ့ဖြိုးရေးစီမံကိန်းများ၌ အသုံးပြု ရန်သာစာရင်းကောက်ယူရခြင်းဖြစ်သည်ဟု အစိုးရက ပြောကြားထားသည်။

    သန်းခေါင်စာရင်းကောက်ယူချိန်တွင် မွန်လူမျိုးတို့၏ ကုတ် နံပါတ် ၆၀၁ ဟုတ်မဟုတ် ကိုလည်း သေချာစွာစစ်ဆေးကြရန်နှင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသောကြောင့် မိသားစုဝင်များစာရင်းကိုလည်း မှန်ကန်စွာဖြေဆိုရန် တိုက်တွန်းထားသည်။

    မွန်လူမျိုးဖြစ်နေပါရက်နဲ့ မှတ်ပုံတင်ထဲတွင် အခြားလူမျိုးနာမည် ဖြစ်နေတာတွေရှိတယ်။ သူတို့က ရဲရဲ ၀ံ့ဝံ့ ဖြေဖို့လိုတယ်။ မည်သည်ကိုမျှ စိုးရိမ်ရန် မလိုကြောင်းကို အသိပေးနှိုးဆော်လိုတဲ့ အနေနဲ့ ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု မွန်ဒီမိုကရေစီပါတီ ဗဟိုအတွင်းရေးမှူး နိုင်စံတင်က ပြောကြားခဲ့သည်။

  • သမိုင်း တစ်လျောက်တွင် မြန်မာနိုင်ငံ၌ အကြီးကျယ်ဆုံးသော အာဆီယံ လူငယ် ဖိုရမ် ဖြစ်ခဲ့သည်ဟုပြော

    သမိုင်း တစ်လျောက်တွင် မြန်မာနိုင်ငံ၌ အကြီးကျယ်ဆုံးသော အာဆီယံ လူငယ် ဖိုရမ် ဖြစ်ခဲ့သည်ဟုပြော

    မတ် ၁၉၊ ၂၀၁၄
    M-Media
    လမင်း

    DSC00514

    ရန်ကုန်    ။       ။ အာဆီယံလူငယ် ဖိုရမ်ကျင်းပခဲ့သည့် သက်တမ်း တစ်လျောက်တွင် ယခုနှစ် ၂၀၁၄ မြန်မာနိုင်ငံတွင် ကျင်းပသော အာဆီယံလူငယ် ဖိုရမ်သည် သမိုင်းတစ်လျောက်တွင် အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ တက်ရောက်သူ အများဆုံးဖြစ်သည်ဟု အာဆီယံလူငယ်ဖိုရမ်သို့ တက်ရောက် ဆွေးနွေးခဲ့သူ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးမှ ယနေ့ ကျင်းပပြုလုပ်သော အာဆီယံ လူငယ်ဖိုရမ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဒီဖိုရမ်ကြီးဟာ လူငယ်တွေရဲ့အသံကို ထင်ဟပ်စေနိုင်တဲ့ အတွက် လူငယ်တွေအနေနဲ့ များစွာဂုဏ်ယူသင့်ပါတယ်။ အခုဒီမှာ လူငယ်တွေကို ခေါင်းဆောင်တွေကလည်း လာရောက် ဖိအားပေးတာမျိုး မတွေ့ရဘူး။ ဒါဟာအရမ်းကောင်းတဲ့ အရာတစ်ခုပါ။ လူငယ်တွေအနေနဲ့ လူကြီးဖြစ်မှ ဦးဆောင်နိုင်တာထက် အခုလိုလူငယ် အရွယ်ကတည်းက ဦးဆောင်နိုင်သူ တစ်ဦးဖြစ်အောင်ကြိုးစားသင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

    အာဆီယံလူငယ်ဖိုရမ်တွင် တက်ရောက် လာကြသော အာဆီယံနိုင်ငံများမှ လူငယ်များက ယနေ့ခေတ်တွင် အဓိက လိုအပ်သော လူငယ်ထု အခန်း ကဏ္ဍနှင့်ငြိမ်းချမ်းရေး ပြန်လည် သင့်မြတ်ရေးတို့၏ အကျိုး သက်ရောက်မှုများ၊ ကောင်းမွန်သောအစိုးရ၊ ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် လူငယ်များ အတွက် မရှိမဖြစ် လိုအပ်လှသော အရှေ့တောင်အာရှမှ လူငယ်များ အတွက် အသက်မွေးဝမ်းကြောင်းနှင့် သင့်တော်ခိုင်မာသော အလုပ်အကိုင်များ၊ ကောင်းမွန်သော ပညာရေးစနစ်များ၊ ရွေ့ပြောင်း အခြေချမှုများ၊ လိင်မှုရေးရာ ကျန်းမာရေး ပညာပေးနှင့် အခွင့်အရေး တို့ကိုဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဒေသလုံးဆိုင်ရာ တိကျခိုင်မာသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။

    အာဆီယံဖိုရမ် တက်ရောက်လာကြသော လူငယ်များသည် ဆွေးနွေးပွဲအပြီးတွင် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုကြေငြာချက် အတိုင်း ရှေ့ဆက် လုပ်ဆောင်သွားနိုင်ရန် မည်သို့ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းကိုလည်း လူငယ်များမှ ဆွေးနွေးခဲ့ကြကြောင်း အာဆီယံလူငယ် ကော်မတီမှ မဖွေးယုမွန်ကပြောကြားခဲ့သည်။

    အာဆီယံလူငယ်တွေ ချိတ်ဆက်ပြီး ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပြီး လာမည့် အာဆီယံ ပြည်သူ့ဖိုရမ်တွင်လည်း ယင်းလူငယ်များမှ သွားရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရပါသည်။

  • အိမ်ကွင်းမှာ အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်တက်သွားခဲ့တဲ့ ချယ်ဆီးနဲ့ ရီးယဲလ်

    မတ် ၁၉၊ ၂၀၁၄
    M-Media

    _73666946_73666945

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယကျော့ပွဲစဉ် ၂ ခုကို  ဒီနေ့မနက်မှာကစားခဲ့ပြီး မော်ရင်ဟိုရဲ့ ချယ်ဆီးနဲ့ အန်ဆယ်လော့တီရဲ့ရီးယဲလ်တို့ နောက်တစ်ဆင့်ကို အခက်အခဲမရှိ တက်ရောက်နိုင်ခဲ့ပါတယ်။

    ပထမအကျော့ တူရကီမြေမှာ ၁ ဂိုးစီ သရေနဲ့ ပွဲပြီးခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ အိမ်ရှင်ချယ်ဆီးတို့ သက်တောင့်သက်သာရှိခဲ့ပါတယ်။ အီတူး၊ ကာဟေးလ်၊ ၀ီလီယံ၊ ဟာဇာ့ဒ်တို့နဲ့ လူစုံခဲ့တဲ့ချယ်ဆီး ကစားကွက်အသာနဲ့ ဖိကစားနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကိုလည်း ပထမပိုင်းမှာ ရရှိခဲ့တာပါ။ ဂါလာတာစာရေးအသင်းကတော့ ချယ်ဆီးကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ဘဲ ချယ်ဆီး ဂန္တ၀င်တိုက်စစ်မှူးဟောင်း ဒရော့ဘာလည်း ဂိုးသွင်းခွင့် ၂ ကြိမ်လောက်သာရရှိခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဂိုးတွေကိုတော့ ၄ မိနစ်မှာ အီတူးနဲ့ ၄၂ မိနစ်မှာ ကာဟေးလ်တို့က သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။

    ရီးယဲလ်တို့ကလည်း အိမ်ကွင်း ဘာနေဗျူးမှာ ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပထမအကျော့မှာ စံချိန်တင် ၆ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့အတွက် ဒီနေ့ပွဲမှာတော့ ဘေးလ်၊ ဒီမာရီယာတို့ကို အရန်စာရင်းမှာ ထည့်ထားခဲ့ပါတယ်။ ဒါပေမယ့် ၈ မိနစ်မှာပဲ ဂျီစီ ဒဏ်ရာရသွားတဲ့အတွက် ဘေးလ်နဲ့ လူစားထိုးခဲ့ရပါတယ်။ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် မရှိသလောက်နည်းနေပေမယ့် ရှော်လ်ကာတို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ချေပဂိုး ၁ ဂိုးတောင်ပြန်သွင်းနိုင်ခဲ့ပါသေးတယ်။ ရီးယဲလ်အတွက် ဂိုးတွေကိုတော့ ရော်နယ်ဒိုက ၂၁ မိနစ်နဲ့ ၇၃ မိနစ်မှာ တစ်ဂိုးစီနဲ့၊ ၇၅ မိနစ်မှာ မော်ရာတာက ၁ ဂိုး သွင်းယူပေးခဲ့တာပါ။ ဒီဂိုးတွေကြောင့် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သွင်းဂိုး ၁၃ ဂိုးအထိ ရှိလာခဲ့ပါတယ်။

    ဒီနေ့မနက် ချန်ပီယံလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ချယ်ဆီး ၂-၀ ဂါလာတာစာရေး (နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးဖြင့် ချယ်ဆီး နောက်တစ်ဆင့်တက်)
    ရီးယဲလ် ၃-၁ ရှော်လ်ကာ (နှစ်ကျော့ပေါင်း ၉ ဂိုး ၂ ဂိုးဖြင့် ရီးယဲလ် နောက်တစ်ဆင့်တက်)