News @ M-Media

Blog

  • မိုးမျှော်အဆောက်အဦးများကို ဧရာမဘတ္ထရီအဖြစ် အသုံးပြုနိုင်မည့် ဗိသုကာ နည်းပညာသစ်

    မိုးမျှော်အဆောက်အဦးများကို ဧရာမဘတ္ထရီအဖြစ် အသုံးပြုနိုင်မည့် ဗိသုကာ နည်းပညာသစ်

    ဇွန် ၈၊ ၂၀၂၄

    M-Media


    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က မိုးမျှော်တိုက် Burj Khalifa ကို ဆောက်ခဲ့တဲ့ အမေရိကန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ Skidmore, Owings & Merrill LLP (SOM) ဟာ မိုးမျှော်တိုက်တွေကို ဧရာမဘတ္ထရီအဖြစ် အသုံးပြုနိုင်ဖို့ စီစဥ်နေပါတယ်။ 

    အလေးချိန်ကြီးမားတဲ့ ကွန်ကရစ်ဘလောက်တုံးတွေကို အတင်အချလုပ်ပြီး ကမ္ဘာမြေဆွဲအားကနေ ရရှိမယ့် စွမ်းအင်ကို သိုလှောင်အသုံးချမယ့် (GESS) နည်းပညာ ဖြစ်ပါတယ်။  

    SOM ဟာ ဒီစီမံကိန်းအတွက် နည်းပညာကုမ္ပဏီ Energy Vault နဲ့ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    GESS နည်းပညာဟာ ရေအားလျှပ်စစ် စက်ရုံတွေမှာ သုံးနဲ့ နည်းပညာမျိုးဖြစ်ပြီး၊ စွမ်းအင်ရယူမှု အခြေခံရင်းမြစ်မှာ ရေနဲ့၊ ကမ္ဘာ့ဆွဲအား ကွာသွားတာမျိုးသာ ဖြစ်ပါတယ်။ 

    Energy Vault ကုမ္ပဏီဟာ GESS နည်းပညာနဲ့ပတ်သက်ရင် ထိပ်တန်းက ဦးဆောင်နေတဲ့ လုပ်ငန်းဖြစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး စီမံကိန်းကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ အခုလအတွင်း စတင်ခဲ့ပြီး ၄ နာရီအတွင်း လျှပ်စစ်ဓာတ်အား ၂၅ မီဂါ၀ပ်ကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ 

    GESS ဟာ ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုစနစ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဆွဲအားကို အသုံးပြုတာကြောင့် မြို့ပေါ်၊ ကျေးလက်ဒေသ၊ တောင်ကုန်းတောင်တန်း စသဖြင့် နေရာမရွေး ဆောင်ရွက်နိုင်ပါတယ်။ 

    ကုန်ကျစားရိတ်ကလည်း တစ်ခြားစွမ်းအင်ထုတ်လုပ်မှုစနစ်တွေထက် အလွန်သက်သာပါတယ်။ GESS စနစ်မှာ အသုံးပြုမယ့် ကွန်ကရစ်ဘလောက်တုန်းတွေကို အမှိုက်လို စွန့်ပစ်ပစ္စည်းတွေကနေ လွယ်လွယ်ကူကူ ပေါပေါများများ ထုတ်လုပ်နိုင်ပါတယ်။ 

    SOM ကုမ္ပဏီဟာ အနာဂတ် မိုးမျှောက်အဆောက်အဦးတွေမှာ GESS ဓာတ်အားပေးစနစ် ထည့်သွင်းပြီး ဧရာမဘတ္ထရီတွေအဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering 

  • မလေးရှားတွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖို့ Tiktok က ရင်းနှီးမြှုပ်နှံမည်

    မလေးရှားတွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖို့ Tiktok က ရင်းနှီးမြှုပ်နှံမည်

    ဇွန် ၈၊ ၂၀၂၄

    M-Media


    -မလေးရှားကို ဒေသတွင်း ဉာဏ်ရည်တုနည်းပညာ (AI) အချက်အခြာနေရာ ဖြစ်လာရေး Tiktok ရဲ့ မိခင်ကုမ္ပဏီ ByteDance က ရင်းဂစ် ၁၀ ဘီလီယံဖိုး (ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။ 

    ကမ္ဘာ့နည်းပညာကုမ္ပဏီတွေဟာ အရှေ့တောင်အာရှဒေသအတွင်း အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။ 

    ByteDance ဟာ သီးခြားရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာ ရင်းဂစ် ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိမယ့် ဒေတာစင်တာတွေ တည်ဆောက်ဖို့ အစီအစဥ်တစ်ခုလည်း ရှိနေတယ်လို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု၀န်ကြီး တွန်ကူ ဇာဖရူလ် အဇစ်က ပြောပါတယ်။ 

    “၂၀၂၅ ခုနှစ်ရောက်ရင် မလေးရှား ဂျီဒီပီရဲ့ ၂၂ ဒဿမ ၆ ရာခိုင်နှုန်းဟာ ဒစ်ဂျစ်တယ်စီးပွားရေး ဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ByteDance ရဲ့ ထပ်တိုးရင်းနှီးမြှုပ်နှံမှုက အကူအညီဖြစ်စေမှာ အသေအချာပါပဲ”

    ဂူးဂဲလ်နဲ့ မိုက်ခရိုဆော့ဖ်တို့ကလည်း ဉာဏ်ရည်တုနဲ့ ဒေတာစင်တာတွေအတွက် မလေးရှားမှာ ဒေါ်လာ ၂ ဘီလီယံကျော်စီ ရင်းနှီးမြှုပ်နှံမယ်လို့ ပြီးခဲ့တဲ့ မေလမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

    Ref: Reuters  

  • အကြမ်းဖက်မှု စံချိန်သစ်တစ်ခု ထပ်ရတဲ့ အစ္စရေး

    အကြမ်းဖက်မှု စံချိန်သစ်တစ်ခု ထပ်ရတဲ့ အစ္စရေး

    ဇွန် ၈၊၂၀၂၆

    M-Media 


    (ဓာတ်ပုံ – ဂါဇာက အစ္စရေး၏ အကြမ်းဖက်သတ်ဖြတ်မှုတစ်ခု)

    -ကလေးငယ်တွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုပြုလုပ်တဲ့ အမည်ပျက်နိုင်ငံများ၊ အဖွဲ့အစည်းများစာရင်းမှာ အစ္စရေးကို ကုလသမဂ္ဂက ထည့်သွင်းလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၃၇၀၀၀ နီးပါး အသတ်ခံထားရပြီး အဲဒီအထဲက ၁၅၀၀၀ လောက်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    လက်ရှိ အစ္စရေးဟာ ဂါဇာက စစ်ရှောင်စခန်းတွေ၊ လူနေအိမ်တွေနဲ့ ဆေးရုံတွေကို အဓိကပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ 

    ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာရန်ကြောင့် ဥရောပက ၀င်ရောက်လာတဲ့ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်ပြီး ၁၉၄၈ ခုနှစ်မှာ ဖြစ်ပေါ်လာတဲ့ အစ္စရေးနိုင်ငံဟာ အဲဒီအချိန်ကတည်းက ပါလက်စတိုင်းပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

    ကလေးငယ်တွေအပေါ် အကြမ်းဖက်တဲ့ အမည်ပျက်စာရင်းမှာ ISIL၊ ဘိုကိုဟရမ်၊ ရုရှား၊ အာဖဂန်နစ္စတန် စတဲ့ အဖွဲ့တွေ၊ နိုင်ငံတွေ ပါ၀င်ပါတယ်။ 

    ဒီအမည်ပျက်စာရင်းကို အခုလအတွင်း ပြုလုပ်မယ့် ကုလရဲ့ အထွေထွေညီလာခံမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ 

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ကလေးငယ်တွေကို အကြမ်းဖက်သတ်ဖြတ်တဲ့ ‘ရှက်စရာ အမည်ပျက်စာရင်း’ မှာ အစ္စရေးပါ၀င်လာတာဟာ ကြောင်းကျိုး ဆီလျော်မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    လူ့အခွင့်အရေးအဖွဲ့ Amnesty International ရဲ့ အတွင်းရေးမှူး အဂ်နက်စ် ကော်လာမာ့ဒ်က “ဒီရှက်စရာစာရင်းထဲ အစ္စရေးပါလာဖို့ ကလေးငယ် ၁၅၀၀၀ လောက် အသတ်ခံရတဲ့အထိစောင့်နေတာ မဖြစ်သင့်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ 

    အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုကတော့ အမည်ပျက်စာရင်းထဲ ထည့်သွင်းခံရမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ 

    Ref: Aljazeera

  • စစ်ရှောင်များခိုလှုံနေသည့် ကုလစာသင်ကျောင်းကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    စစ်ရှောင်များခိုလှုံနေသည့် ကုလစာသင်ကျောင်းကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    ဇွန် ၆၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်အလယ်ပိုင်း နူစီရတ် ဒုက္ခသည်စခန်းက စစ်ရှောင်တွေ ခိုလှုံနေတဲ့ ကုလ စာသင်ကျောင်းကို အစ္စရေးက ဇွန်လ ၅ ရက်နေ့မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး လူ ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

    “စာသင်ကျောင်းထဲမှာ ကျွန်တော်တို့ ရှိနေတဲ့အချိန် ရုတ်တရက် ဗုံးလာကြဲသွားပြီး လူတွေက တစ်စစီ ဖြစ်သွားတယ်။ ဒီကျောင်းထဲမှာ မိသားစုတွေ၊ လူငယ်တွေ နေထိုင်နေကြတာ။ သတိပေးတာမျိုးလည်း မလုပ်ဘဲ ဗုံးကြဲခဲ့တာပါ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ စစ်ရှောင်ပြည်သူ အနက်စ် အလ်-ဒါဟွတ်က ပြောပါတယ်။ 

    ဒီတိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ဆန့်ကျင် ရှုတ်ချခဲ့ပါတယ်။ 

    “အစ္စရေးရဲ့ အကြမ်းဖက်၀ါဒကို ဒီမှာတွေ့ရမှာပါ။ အစ္စရေးလောက် အကြမ်းဖက်တာ ကမ္ဘာမှာ တစ်ခြားဘယ်သူမှ မရှိပါဘူး။ ဂါဇာမှာ အစ္စရေးဟာ စည်းတွေ၊ ဘောင်တွေအားလုံးကို ကျော်ပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်”လို့ တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ နအင်း အလ်-ဒါဒါဟ်က ပြောပါတယ်။ 

    နအင်းဟာ ဂါဇာမြောက်ပိုင်း ဂါဇာစီးတီးကဖြစ်ပြီး အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်၊ တောင်ပိုင်း ခန်ယူနစ်မြို့၊ တောင်ဘက်အစွန်း ရာဖာမြို့တွေကို ထွက်ပြေးခဲ့ရကာ အခု ဂါဇာအလယ်ပိုင်းက နူစီရတ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတာဖြစ်ပါတယ်။ 

    အစ္စရေးဟာ နေရာတိုင်းကို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။ 

    “ကြိုတင်သတိပေး အကြောင်းကြာတာမျိုး မရှိဘဲ အစ္စရေးလေယာဥ်တွေဟာ ကုလစာသင်ကျောင်းကို ဒုံးကျည် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”

    တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ အများပြား ရှိနေပြီး သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဂါဇာ ကျန်းမာရေး၀န်ကြီးဌာနက ပြောပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကတည်းက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၆၆၅၄ ဦး ရှိလာပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – တိုက်ခိုက်ခံမှုပြီးနောက် တွေ့ရသည့် နူစီရတ်ဒုက္ခသည်စခန်းမှ ကုလစာသင်ကျောင်း)

  • ကိန်းဂဏန်းများကပြောသည့် ဂါဇာက အစ္စရေး၏ အကြမ်းဖက်မှုများ

    ကိန်းဂဏန်းများကပြောသည့် ဂါဇာက အစ္စရေး၏ အကြမ်းဖက်မှုများ

    ဇွန် ၃၊ ၂၀၂၄

    M-Media


    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၃၆၀၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    ဂါဇာကမ်းမြှောင်တစ်ခုလုံးလည်း အစ္စရေးရဲ့ အကြမ်းဖက်မှုကြောင့် အလုံးစုံ ပျက်ဆီးနေပါပြီ။ 

    လူနေအိမ်ယာတွေရဲ့ ၆၀ ရာခိုင်နှုန်းကို အစ္စရေးက ဖျက်ဆီးထားပြီး၊ စီးပွားရေးလုပ်ငန်း၊ အဆောက်အဦးတွေရဲ့ ၈၀ ရာခိုင်နှုန်းလည်း ဖျက်ဆီးခံထားရပါတယ်။ 

    ၀တ်ပြုရာနေရာ ၂၆၇ ခုကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခဲ့သလို၊ ကမ်းမြှောင်တစ်ခုလုံးမှာရှိတဲ့ ဆေးရုံ ၃၅ ခုမှာ ၁၄ လုံးသာ တစ်စိတ်တစ်ပိုင်း လည်ပတ်နိုင်ပါတော့တယ်။ 

    အလ်-ရှီဖာနဲ့ အလ်-နဆာရ် ဆေးရုံးတွေကို ပစ်မှတ်ထားတဲ့ အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကမ္ဘာတစ်၀ှမ်းက အကြီးအကျယ်ရှုတ်ချခဲ့ပါတယ်။ 

    ဂါဇာကမ်းမြှောင်တစ်၀ှမ်းက ရေတွင်းရေကန်တွေရဲ့ ၈၃ ရာခိုင်နှုန်းကို အစ္စရေးက ဖျက်ဆီးထားပြီး၊ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေလို ပညာရေးအဆောက်အဦး ၈၆ ရာခိုင်နှုန်းလည်း တိုက်ခိုက်ဖျက်ဆီးခံထားရပါတယ်။ 

    အသတ်ခံရသူများ 

    ဇွန်လ ၂ ရက်နေ့အထိ ဂါဇာကမ်းမြှောင်မှာ သတ်ဖြတ်ခံရသူ အရေအတွက်ဟာ ၃၆၄၃၉ ဦး ရှိလာပါတယ်။ အဲဒီအထဲက ၁၅၀၀၀ ကျော်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    ဒဏ်ရာရသူအရေအတွက်က ၈၂၆၂၇ ဦးရှိပြီး၊ ပျက်ဆီးနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်က တစ်သောင်းကျော် ရှိနေပါတယ်။ 

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်ဖွဲ့တွေနဲ့ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ၅၂၃ ဦး ရှိလာပါတယ်။ 

    အဲဒီအထဲက ၁၃၂ ဦးဟာ ကလေးငယ်တွေဖြစ်ပါတယ်။ အနောက်ဖက်ကမ်းမှာ ဒဏ်ရာရသူ အရေအတွက်က ၅ သောင်းကျော် ရှိပါတယ်။ 

    Ref: Aljazeera