News @ M-Media

Blog

  • ပျောက်ဆုံးနေသော မလေးရှားလေယာဉ် အဆက်အသွယ် မပြတ်ခင် ပြန်လှည့်ခဲ့သည့် အထောက်အထားများတွေ့ရ

    ပျောက်ဆုံးနေသော မလေးရှားလေယာဉ် အဆက်အသွယ် မပြတ်ခင် ပြန်လှည့်ခဲ့သည့် အထောက်အထားများတွေ့ရ

    မတ် ၉၊ ၂၀၁၄
    M-Media

    – ယမန်နေ့ နံနက်ပိုင်းက ပျောက်ဆုံးသွားသည့် မလေးရှားခရီးသည်တင်လေယာဉ်မှာ မပျောက်ဆုံးမီအလျင် ပြန်လှည့်ရန် ကြိုးစားခဲ့သည့် အခြေအနေ များကို တွေ့ရှိခဲ့ရခြင်းကြောင့် တာဝန်ရှိသူများက ရှာဖွေသည့် ဧရိယာကို ပိုမိုတိုးမြှင့်ခဲ့သည်ဟု မလေးရှား လေတပ် အကြီးအကဲက ယနေ့တွင် ပြောကြားလိုက်သည်။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်လာသည့် ဘိုးအင်း ၇၇၇ အမျိုးအစား အဆိုပါလေယာဉ်အား ရှာဖွေနေခြင်းမှာ ၂ ရက်ကြာမြင့်နေပြီဖြစ်ပြီး ကြောက်ရွံ့မှုများလည်း အမြင့်ဆုံးအဆင့်သို့ ရောက်နေသည်။၊ ရေဒါမှ အချက်အလက်များအရ အဆိုပါလေယာဉ်မှာ ပြန်လှည့်ခဲ့သည့် အနေအထားရှိသည်ဟု တွေ့ရှိခဲ့ရပြီး မည်သည့် အကြောင်းကြောင့် ထိုကဲ့သို့ ပြန်လှည်ခဲ့ခြင်းကို စုံးစမ်းမှုများလည်း ပြုလုပ်နေသည်။

    “သွားနေတဲ့လမ်းကြောင်းနဲ့ သွေဖည်ပြီး ဒီလေယာဉ်ဟာ ပြန်လှည်ခဲ့တယ်ဆိုတဲ့ သတိပြုစရာ ဖြစ်နိုင်ချေတွေရှိနေပါတယ်။ ဖြစ်နိုင်ချေတွေထဲက တစ်ခုကတော့ ဒီလေယာဉ်ဟာ ကွာလာလမ်ပူကို ပြန်လှည့်ခဲ့တယ် ဆိုတာပါပဲ” ဟု ဗိုလ်ချုပ် ရိုဒ်ဇာလီ ဒါဝူဒ်က ပြောကြားခဲ့သည်။

    ကွာလာလမ်ပူမှ ဘေကျင်းသို့ ထွက်ခွာသွားခဲ့ပြီး ယမန်နေ့အစောပိုင်း အဆက်အသွယ်ပြတ်တောက်သွားသည့် အချိန်တွင် အဆိုပါလေယာဉ်မှာ မလေးရှားနှင့် ဗီယက်နမ်တောင်ပိုင်း အကြားတွင် ရှိနေမည်ဟု ယူဆရပြီ၊ ဗီယက်နမ်နိုင်ငံက ထိုနေရာတွင် ရှာဖွေမှုများပြုလုပ်နေသော်လည်း မည်သည့် သဲလွန်စကိုမှ မတွေ့ရှိသေးပေ။

    မလေးရှားအာဏာပိုင်များကလည်း ပထမပိုင်းတွင် နိုင်ငံအရှေ့ တောင်တရုတ် ပင်လယ်အတွင်း ရှာဖွေမှုများပြုလုပ်နေပြီး ပြန်လှည့်ခဲ့သည့်ဆိုသည့် အချက်အလက်များကို တွေ့ရှိရသောကြောင့် နောက်ပိုင်းတွင် နိုင်ငံအနောက်ပိုင်း ကမ်းရိုးတမ်းတွင်ပါ ရှာဖွေမှုများကို တိုးမြှင့် ပြုလုပ်နေကာ၊ အဆိုပါ ကမ်းရိုးတမ်းနှင့် မျက်နှာချင်းဆိုင်ရှိ အင်ဒိုနီးရှားပိုင် ဆူးမာတြားကျွန်းတွင် ကူညီရှာဖွေမှုများကို ပြုလုပ်ရန် အင်ဒိုနီးရှား အစိုးရအား တောင်းဆိုထားသည်။

    အဆိုပါလေယာဉ်ပေါ်တွင် နိုင်ငံကူလက်မှတ်အတု ကိုင်ဆောင်သည့် လူနှစ်ဦးအပါဝင် မသင်္ကာစရာ လူလေးဦးလည်းလိုက်ပါသွားပြီး စုံစမ်းစစ်ဆေးမှု များကို ပြုလုပ်နေသည်ဟု မလေးရှား နိုင်ငံခြားရေးနှင့်၊ ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်က ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသော အဆိုပါ လေယာဉ်ရှာဖွေမှုကို လက်ရှိတွင် လေယာဉ် ၂၂ စင်း၊ သင်္ဘောအစင်း ၄၀ တို့ဖြင့် ပြုလုပ်နေသည်ဟု သိရသည်။

    Ref : Aljazeera

  • ပျားကောင်ရေ ၁၀၀၀ ကျော်အတုပ်ခံခဲ့ရသည့် ကယ်လီဖိုးနီးယားရှိ အဖွားအို ဆေးကုသမှု ခံယူနေရ

    ပျားကောင်ရေ ၁၀၀၀ ကျော်အတုပ်ခံခဲ့ရသည့် ကယ်လီဖိုးနီးယားရှိ အဖွားအို ဆေးကုသမှု ခံယူနေရ

    မတ် ၉၊ ၂၀၁၄
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဖွားအိုတစ်ဦးမှာ ပျားအုပ်တစ်အုပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ပျားကောင်ရေ ၁၀၀၀ ခန့် အတုပ်ခံခဲ့ရကြောင်း သိရသည်။

    Palm Dessert မြို့တွင် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Verizon ဆက်သွယ်ရေးကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက မြေအောက်ရှိ ၀ါယာပုံးကို ဖွင့်လိုက်စဉ်၊ ထိုပုံးထဲတွင် အိမ်ဖွဲ့၍ နေထိုင်သည့် အာဖရိက ပျား ၈ သောင်းခန့်ထွက်လာက အနီးအနားရှိ ကားအတွင်းမှ ထွက်လာသည့် အဆိုပါ ၇၁ နှစ်အရွယ် အဖွားအိုအား သွားရောက်တုပ်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် မီးသတ်သမားများရောက်လာက ထိုပျားများအား ရှင်းလင်း၍ အဖွားအိုကို ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့သည်။ ပျားအကောင်ပေါင်း ၁၀၀၀ ကျော် အတုပ်ခံခဲ့ရသည့် အဆိုပါ အဖွားအိုမှာ ယခုအချိန်တွင် ဆေးကုသမှုကိုခံနေရပြီး မီးသတ်သမား ၃ ဦးမှာလည်း ပျားတုပ်သော ဒဏ်ရာများကြောင့် ဆေးကုသမှုခံနေရသည်။

    ပျားများကို ဖယ်ရှားပေးခဲ့သည့် ၀ါရင့်ပျားစုဆောင်းသူ လန်းစ်ဒါးဗီက ၀ါယာပုံးအောက်တွင်ရှိသည့် အဆိုပါ ပျားအုံအား ဖယ်ရှားကာ လယ်သမားများသို့ လှူဒါန်းသွားမည်ဟု ပြောကြားခဲ့သည်။
    Ref : NY Daily News

  • မြောက်ကိုရီးယား၏ ရန်လိုမှုများ အတွက် တရုတ်သတိပေး

    မြောက်ကိုရီးယား၏ ရန်လိုမှုများ အတွက် တရုတ်သတိပေး

    မတ် ၉၊ ၂၀၁၄
    M-Media

    မြောက်ကိုရီးယား၏ ရန်လိုမှုများအတွက် တရုတ်သတိပေး၊ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ နျူဖျက်သိမ်းရေးဖြစ်သည်ဟုဆို

    – ကိုရီးယားကျွန်းဆွယ်အတွင်း စစ်ပွဲ သို့မဟုတ် ပဋိပက္ခများကို တရုတ်နိုင်ငံအနေဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် နျူလက်နက် စွန့်လွှတ်ရေးက သာလျှင် ငြိမ်းချမ်းရေးရရှိရန် အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံမှ မြောက်ကိုရီယားသို့ သတိပေး ပြောဆိုလိုက်သည်။

    နျူးကလီးယားဗုံး စွန့်လွှတ်ရေးကို ငြင်းဆန်ထားသည့် အတွက် ကုလ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး ဖယ်ကျဉ်ခြင်း ခံထားရသည့် မြောက်ကိုရီးယား နိုင်ငံ အတွက် တရုတ်နိုင်ငံမှာ သံတမန်မန်ရေးနှင့် စီးပွားရေးကို့ အဓိက ထောက်ပံ့ပေးနေသောနိုင်ငံဖြစ်သော်လည်း၊ မြောက်ကိုရီးယားနိုင်ငံဘက်မှ နျူးကလီးယားစမ်းသပ်မှု သုံးခုနှင် ဒုံကျည်များ ပစ်လွှတ် စမ်းသပ်ခြင်းတို့ အပါအ၀င် စစ်ရေးအရ ခြိမ်းခြောက်မှုများ ရှိလာသောကြောင့် မြောက်ကိုရီးယား အပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ သည်းခံမှုမှာ လျော့နည်းလာခဲ့သည်။

    ယခုလ ၇ ရက်နေ့ကလည်း မြောက်ကိုရီးယားမှ ပစ်လွှတ်သော ဒုံးကျည်တစ်စင်းမှာ တရုတ် ခရီးသည်တင်လေယာဉ် တစ်စင်းအနားမှ ဖြတ်သွားပြီး နောက်ပိုင်း တရုတ်နိုင်ငံက မြောက်ကိုရီးယား လုပ်ရပ်အတွက် အလွန်စိုးရိမ်မိသည်ဟု ပြောဆိုခဲ့ကြောင်း Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။

    “ကိုရီးယားကျွန်းဆွယ်ဆိုတာ တရုတ်နိုင်ငံရဲ့ တံခါးတစ်ချပ်ပါ။ ကျွန်တော်တို့မှာ ကန့်သတ်ချက် စည်းမျဉ်းတစ်ခုရှိပြီး အဲဒီစည်းမျဉ်းကတော့ စစ်ပွဲနဲ့ ကိုရီးယားကျွန်းဆွယ် မတည်ငြိမ်မှုကို ခွင့်မပြုဖို့ပါပဲ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀န်ယီက သတင်းထောက်များအား ယမန်နေ့တွင်ပြောကြားခဲ့သည်။

    ထို့ပြင် အဖွဲ့အားလုံးအနေဖြင့် မိမိတို့၏ အပြုအမူများကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပြီး၊ ကျွန်းဆွယ်အတွင်း စစ်မှန်၏ ရေရှည်ခံသော ငြိမ်းချမ်းရေးရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ နျူကလီးယား ဖျက်သိမ်းရေးသာဖြစ်သည်ဟု ၀မ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Aljazeera

  • အလုပ်သမားတွေရဲ့အသံကို နား မထောင်ခဲ့ရင် နေပြည်တော် လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြမယ်လို့ပြော

    အလုပ်သမားတွေရဲ့အသံကို နား မထောင်ခဲ့ရင် နေပြည်တော် လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြမယ်လို့ပြော

    မတ် ၉၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန် ။       ။ အလုပ်သမားများ၏တောင်းဆိုချက်များကို လွှတ်တော်အနေနှင့် လိုက်လျောပေးရန်နှင့် အလုပ်သမားများ၏တောင်းဆိုချက် အသံများကို နားမထောင်ခဲ့ပါက နေပြည်တော် လွှတ်တော်ရုံးရှေ့ထိသွားရောက် ဆန္ဒပြသမည်ဟု မန္တလေး အောင်စိန်ချည်မျှင်နှင့် အထည်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဌ ဦးသက်နှင်းအောင်က မတ်လ ၉-ရက်နေ့တွင်ပြုလုပ်သော အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်ပွဲတွင်ပြောကြားခဲ့သည်။

    “၂၀၁၂ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကိုပြင်ရပါမယ်။ အလုပ်ရှင်တွေကို တရားစွဲလို့ရမယ့် ဥပဒေမျိုး မရှိပါဘူး အလုပ်သမားတွေအတွက် အများကြီး နစ်နာနေပါတယ်။ အလုပ်သမားတွေကို ကာကွယ်တဲ့ ဥပဒေမျိုးကို ပြဌာန်းပေးရပါ့မယ်။ အလုပ်ရှင်တွေကို ပြစ်ဒဏ် ချမှတ်တယ်ဆိုတာ အခု အချိန်ထိတစ်ယောက်မှ မတွေ့ဘူးသေးပါဘူး”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

    အလုပ်သမားတွေအနေနဲ့ အပ်ကြောင်းထပ်နေတဲ့အကြောင်းအရာတွေကိုပဲတောင်းဆိုနေရတာဖြစ်ပြီး အလုပ်သမားများ အနေနှင့် အမှန်တကယ် နစ်နာနေရကြောင်း၊ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေ ကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရရှိကြောင်း၊ တရားရုံးများအနေနှင့်လည်း အလုပ်သမား ထုရဲ့အခွင့်အရေးများကို ကာကွယ်သော ဥပဒေမရှိကြောင်း၊ လိုအပ်ချက်များကို နိုင်ငံတော်အနေနှင့် ဆောင်ရွက်ပေးသင့်ရန် လိုအပ်ကြောင်း တရား လွှတ်တော်ချုပ်ရှေ့နေ ဦးအောင်သူရိန်ထွန်း ကပြောခဲ့သည်။

    အကြောင်းအမျိုးမျိုးကြောင့် မတရား အလုပ်ဖြုတ်ခံထားရသော အလုပ်သမား ၂၀၀ ကျော်သည် အလုပ်သမား အဖွဲ့ချုပ် (ယာယီ)၏ ဦးဆောင်မှုဖြင့် ဆူးလေဘုရားအနီးမြို့တော် ခန်းမဘေး မဟာဗန္ဒုလ ပန်းခြံရှေ့တွင် ဥပဒေမဲ့ အလုပ်ဖြုတ်မှု ရပ်တန့်ရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး၊ အလုပ်သမား အဖွဲ့အစည်း ဖြိုခွဲမှု ရပ်တန့်ရေး၊ အလုပ်သမား တရားရုံးအမြန်ဆုံးပေါ်ပေါက်လာရေး၊ ဥပဒေမဲ့အလုပ်ဖြုတ်သည့် အလုပ်ရှင်များ အလိုမရှိ ဟူသည့် ကြွေးကြော်သံများဖြင့်ကြွေးကြော်ခဲ့ကြသည်။

    “အဓိကတောင်းဆိုချင်တာက အချက် ၄ ချက်ပါပဲ။ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းဖြိုခွဲမှု ရပ်တန့်ရေး၊ ဥပဒေမဲ့ အလုပ်ဖြုတ်မှု ရပ်တန့်ရေး၊ အလုပ်သမား များ၏ အခြေခံ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် သော ဥပဒေကိုပြန်လည်ပြဌာန်းပေးရေး၊ အလုပ်သမား တရားရုံး အမြန်ဆုံးပေါ်ပေါက် လာရေး အဲဒီလေးချက်က ကျွန်တော်တို့အဓိက လိုချင်တာပါ” ဟုအလုပ်သမားအဖွဲ့ချုပ်(ယာယီ)ဥက္ကဌ ဦးအောင်လင်းကပြောခဲ့သည်။

    အလုပ်ရှင်တွေကိုအရေးယူတဲ့ ဥပဒေဟာ အားပျော့နေပြီး အလုပ်ရှင်များမှ အလုပ်သမား သမဂ္ဂဖွဲ့စည်းရန် ကြိုးပမ်းသည့် အလုပ်သမားများကို အကြောင်းမဲ့ အလုပ် ထုတ်ခဲ့ကြကြောင်း၊ အလုပ်သမားများကို ကာကွယ်သည့် ဥပဒေ၊ တရားရုံးများ အမြန်ဆုံးပေါ်ပေါက်လာဖို့လိုအပ်ကြောင်း ၎င်းက သုံးသပ်ပြောခဲ့သည်။

    ၎င်းဆန္ဒထုတ်ဖော်မှုအား တရားဝင် ခွင့်ပြုမိန့် ရရှိထားပြီး မဟာဗန္ဒုလပန်းခြံရှေ့၌ နံနက် ၉-နာရီခန့်တွင် စတင်ခဲ့ကြပြီး အလုပ်သမားအင်အား ၂၀၀ကျော် နှင့် အဖွဲ့အစည်းပေါင်း ၁၂-ဖွဲ့တို့မှ အင်အားဖြည့် ပါဝင်ခဲ့ကြသည်။

  • အိုဇေးဂိုးပြန်သွင်းပြီး FA ဖလားနဲ့ လက်တစ်ကမ်း အကွာကို ရောက်လာတဲ့ အာဆင်နယ်

    မတ် ၉ ၊ ၂၀၁၄
    M-Media

    article-2576253-1C20675800000578-232_634x388
    – FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ ယမန်နေ့က ကစားခဲ့ကြပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းကျနေတဲ့ အာဆင်နယ်တို့ အိမ်ကွင်း အီမရိတ်မှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

    ခြေစွမ်းမပြနိုင်မှု၊ ဂိုးပေါက်ပျောက်နေမှုကြောင့် ဝေဖန်ခံနေရတဲ့ အိုဇေးလ် ဒီပွဲမှာ ပါဝင်လာခဲ့ပြီး ပွဲအစ ၇ မိနစ်မှာပဲ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဒီနှစ်အတွက် သူရဲ့ပထမဆုံးဂိုးလည်းဖြစ်ပြီး ၃ လကြာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပွဲကိုတော့ အာဆင်နယ်ကပဲ စိုးမိုးထားပြီး အဲဗာတန်ရဲ့ အဓိက အတွဲဖြစ်တဲ့ လူကာကူ မီရဲလက်စ်တို့ အလုပ်မဖြစ်ခဲ့ပါဘူး။

    ဒါပေမယ့် ၃၂ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုးရခဲ့ပြီး တိုက်စစ်မှူး လူကာကူက အနီးကပ် ကန်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်း ကသာ ဖိကစားနိုင်ခဲ့ပြီး နောက်ဆုံး ၂၂ မိနစ် အတွင်းမှာ နောက်ထပ် သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ၆၈ မိနစ်မှာ ပင်နယ်တီက တစ်ဆင့် အာတီတာ၊ ၈၃ နဲ့ ၈၅ မိနစ်တွေမှာ ဂျီရော့တို့က အသီးသီး သွင်းယူပေးခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ်မှာ စတုတ်စီးတီးကိုရှုံးပြီး တတိယနေရာရောက်သွားတဲ့ အာဆင်နယ်အတွက် FA ဖလား ရယူရေး မျှော်လင့်ချက်ဟာ တောက်ပ လာခဲ့ပြီ ဖြစ်ပါတယ်။
    Photo-Getty Images