News @ M-Media

Blog

  • အမျိုးသမီးတွေ မပါရင် ငြိမ်းချမ်းရေး လုပ်တာ မပြည့်စုံဘူးလို့  လွှတ်တော်အမတ်

    အမျိုးသမီးတွေ မပါရင် ငြိမ်းချမ်းရေး လုပ်တာ မပြည့်စုံဘူးလို့ လွှတ်တော်အမတ်

    မတ် ၈၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။       ။      မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရန်ကုန်မြို့ အမေရိကန်စင်တာ၌  ဟောပြော ဆွေးနွေး ခဲ့ကြရာ အမျိုးသမီးတွေမပါပဲ ငြိမ်းချမ်းရေးအလုပ်တွေကို လုပ်နေတယ်ဆိုတာ ပြည့်စုံမှုမရှိပါဘူးလို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်ဇာတလဲမ်း ကပြောကြားခဲ့သည်။

    “အမျိုးသမီးတွေကို လွပ်လတ်ခွင့်ပေးရမယ်။ အမှန်တရားကိုပြောဆိုရဲတဲ့သတ္တိရှိရမယ်။ အမျိုးသမီးတွေဟာ မြန်မာမှာ ၅၁ % ရှိပါတယ်။ လွှတ်တော်ထဲမှာ ဆိုရင် အမျိုးသမီးဦးရေဟာ ၇.၄ ပဲရှိတယ်။ အရမ်းကိုအားနည်းနေပါတယ်။ တိုင်းပြည်ရဲ့အရေးတွေမှာ  အမျိုးသမီးတွေပါဝင်သင့်တယ်လို့ ကျွန်မထင်မိ ပါတယ်။ နိုင်ငံရေးဆိုတာကို ယောင်္ကျားလေးတွေကပဲလုပ်တာမျိုးမဟုတ်ပဲ မိန်းကလေးတွေကပါ နိုင်ငံရေးကိုလုပ်ရဲတဲ့သတ္တိမျိုးရှိဖို့လိုအပ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    အမျိုးသမီးအများစုသည် ယခုခေတ်အချိန်အခါတွင် ခွဲခြားဆက်ဆံခံနေရပြီး ယောင်္ကျားအများစု၏အထင်အမြင်သေးခြင်းကိုခံနေ ရကြောင်း  အမျိုးသမီး အခွင့်အရေးမှာ အမျိုးသားများထက်စာရင် နိမ့်ကျနေကြောင်း၊ အရည်ချင်းရှိတဲ့အမျိုးသမီးအများစုမှာ အကြောင်းအမျိုးမျိုးကြောင့်  ကွယ်ပျောက်နေရ ကြောင်း၊ အမျိုးသမီးတွေဟာ မိမိကိုယ်ကိုမြှင့်တင်ပြီး မိမိကိုယ်ပိုင်အချိန်များကို မိမိကိုယ်တိုင်ကောင်းစွာခွဲခြားဝေဖန်နိုင်စွမ်းရှိအောင်  ပြုလုပ်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါ်ညိုညိုသင်း ကဟောပြော ဆွေးနွေးခဲ့သည်။

    တိုင်းပြည်ကိုအကျိုးပြုစေသော အမျိုးသမီးအများစုကိုထွက်ပေါ်လာခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ လူငယ်အမျိုးသမီးများအနေနှင့် ကိုယ့်ကိုယ်ကို  ယုံကြည်မှုအပြည့်အ၀ထားပြီး ကြိုးစားလုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ အရည်ချင်းရှိတဲ့အမျိုးသမီးကောင်းတွေများစွာထွက်ပေါ်လာနိုင်ကြောင်း  တို့ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ် နှင့် စာရေးဆရာမ ဒေါ်ခင်မမမျိုးတို့က ဆွေးနွေးခဲ့ကြသည်။

    အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၇၅ ခုနှစ်ကတည်းကစတင်ကျင်းပခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအနှံ့အပြား၌  အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားများကို အမျိုးသမီးထုအတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသည်။

    Photo : INTERNATIONAL WOMEN DAY

  • မာတင်လူသာကင်း ဂျူနီယာကို တရုတ်ပြည် ပို့ဆောင်ခဲ့သူ (သို့) ဦးဝီရသူကို ကမ္ဘာနဲ့ ထပ်မံ ထိတွေ့ပေးသူ

    မတ် ၈၊ ၂၀၁၄
    M-Media
    ရေးသူ- ခင်မောင်
    1888579_297019053784110_1049986207_n
    Who is Kevin McKiernan ?

    ကယ်ဗင် မက်ကင်နာ ဘယ်သူလဲ? အနှစ် ၃၀ အတွေ့အကြုံရှိ သက်တော်ရှည် သတင်းထောက်၊ စာရေးဆရာ၊ မှတ်တမ်းရုပ်ရှင် ထုတ်လုပ်သူ အဖြစ် တိုင်းမဂ္ဂဇင်း၊ နယူးယောခ့် တိုင်း၊ လော့စ်အင်ဂျလိစ် တိုင်း၊ နယူးဝီခ် စသည့် သတင်းစာ/ မဂ္ဂဇင်းကြီးများတွင် အရှေ့အလယ်ပိုင်း၊ အမေရိက၊ အာရှ နှင့် အာဖရိက ဆိုင်ရာသတင်းများရေးသားခဲ့သည်။ တက္ကသိုလ်ကြီးများတွင်လည်း အခါအားလျော်စွာ ပောာပြောပို့ချလေ့ရှိပြီး အီရတ်စစ်ပွဲကာလ အေဘီစီ သတင်းဌာနအတွက် သတင်းထောက် တာဝန်ယူခဲ့သည်။

    ထို့နောက် ၂၀၀၆တွင် THE KURDS: A People in Search of Their Homeland ကာဒ့် – မွေးရပ်မြေကို ရှာဖွေနေသူများ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ Good Kurds, Bad Kurds, လူဆိုး လူကောင်း ကာဒ့်များ မှတ်တမ်း ရုပ်ရှင်မှာလည်း ထင်ရှားပါသည်။

    မာတင်လူသာကင်းရဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ လူ့အခွင့်အရေး တိုက်ပွဲဝင်မှု့ အယူအဆကို တရုတ်ပြည်သို့ပေါင်းကူးပေးရန်ကြိုးပမ်းသူ အမေရိကန် အမျိုးသမီး တစ်ယောက် အကြောင်းရိုက်ကူးထားတဲ့ Bringing King to China (2011) မှတ်တမ်းရုပ်ရှင်မှာ အထူးထင်ရှားပါသည်။

    ၁၉၇၆ခုနစ်တွင် Minneapolis Tribune ကအားကစား သတင်းအတွက် ပူလစ်ဇာစု အတွက် ပဏာမ စာရင်းဝင်ခဲ့သေး၏။

    ၁၉၆၈တွင် အင်္ဂလိပ်စာ ဝိဇ္ဇာဘွဲ့၊ ၁၉၆၉တွင် အိုကလာဟိုမား တက္ကသိုလ်မှ မဟာဘွဲ့၊ ၁၉၇၉ တွင် မက်စာချူးဆက် NUSL မှ Joint Degree စသည်ဖြင့် ပညာရပ်ပိုင်းဆိုင်ရာ ဘွဲ့မျိုးစုံရရှိခဲ့သူဖြစ်သည်။

    မည်သို့ဆိုစေကာမူ ဟန်နာဘိထက် ပိုပြီး သမ္ဘာရင့် ဝါရင့် ကမ္ဘာကျော်သတင်းသမားတစ်ယောက်ကို ထပ်ထပ်ကာ ငြင်းပြီး အမှားတွေ မပြင်ကြရင်ဖြင့် မှတ်တမ်း ရုပ်ရှင်တွေပါ ထွက်လာနိုင်ကြောင်းပါ။

    ကယ်ဗင် မက်ကင်နာရေးသား ထုတ်ဝေရိုက်ကူး ပြသခဲ့သော ရုပ်ရှင်၊ဝတ္ထု၊မှတ်တမ်းဓာတ်ပုံများ စာရင်းကို ၎င်း၏ ကိုယ်ပိုင်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

    http://www.kevinmckiernan.com/pro_bio.html

  • မိတ္ထီလာအကြမ်းဖက်မှု တွင် မွတ်စလင် ၈၀၀ ကျော်ကို ကယ်ဆယ်ခဲ့သည့် ဆရာတော် ဦးဝိသုဒ္ဓက 7Day News Hero ဆုချီးမြင့်ခံရ

    မတ်- ၈ ၊ ၂၀၁၄
    7 Days News မှ ကူးယူဖော်ပြသည်။

    1794528_673585176036453_642945335_n
    လူ့အဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ ရသော ဖြစ်ရပ်ကြီး ၂၀၁၃ မတ်လ ၂၀ ရက်တွင် မိတ္ထီလာမြို့၌ စတင်ဖြစ်ပွားခဲ့သည်။ မိတ္ထီလာအကြမ်းဖက်မှု ကြီးဖြစ်ပွားနေစဉ် ဒုက္ခရောက်နေသူများကို စာနာစွာ သတ္တိရှိစွာဖြင့် စွန့်စွန့်စားစား ကယ်တင်ခဲ့သူများ လည်းရှိခဲ့သည်။

    မိတ္ထီလာမြို့ ရတနာဦးကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိသုဒ္ဓက ဒုက္ခသည်ရှစ်ရာကျော်ကို ဘေးမသီရန်မခအောင် ရဲဝံ့စွာ ကယ်တင်ခဲ့ပါသည်။

    သက်တော် (၅၅) နှစ်၊ ၀ါတော် (၃၅) ဝါရှိ ဆရာတော် ဦးဝိသုဒ္ဓက ဒုက္ခရောက်နေသည့် အစ္စလာမ်ဘာသာဝင် ရှစ်ရာကျော်အား ကျောင်း အတွင်း မေတ္တာရိပ်၌ ခိုလှုံခွင့်ပေးခဲ့ပြီး အန္တရာယ်ပြုရန် လာရောက် သူများက ထုတ်ပေးရန်ပြောရာ ၎င်းကိုသတ်ပြီးမှ ဒုက္ခသည်များကိုသတ် ပါဟု ရဲရင့်သောပြောစကား လုပ်ဆောင်မှုများကြောင့် အကြမ်းဖက်ရန် လာသူအချို့ လှည့်ပြန်သွားပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ သည်။

    ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအတွင်းမှာပင် ဘုရားသားတော် တစ်ပါး၏ မေတ္တာ၊ ကရုဏာ၊ သတ္တိတို့ကြောင့် လူ့အသက်ပေါင်းများစွာ ချမ်းသာရာရခဲ့ပြီး ဗုဒ္ဓဘာသာ၏ မေတ္တာ၊ ကရုဏာ ပြည့်စုံမှုအတွက်လည်း သာဓကကောင်း တစ်ခုဖြစ်ခဲ့ပါသည်။

    ဒုက္ခရောက်နေသူများကို ကယ်တင်ခဲ့မှုမှာ ဗုဒ္ဓ၏လမ်းညွှန်ချက်အ တိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဤသို့ကယ်တင်နိုင်ခဲ့၍် ပျော်ရွှင်ကျေနပ် ခဲ့ရကြောင်း ဆရာတော်က 7Day News သို့ မိန့်ကြားခဲ့သည်။

    ရတနာဦးကျောင်းတိုက်တွင် သံဃာ ၃၅ ပါးရှိပြီး ပဋိပက္ခဖြစ်ပွားနေ သည့် လေးရက်အတွင်း ဒုက္ခသည်ရှစ်ရာကျော် ကယ်တင်ပေးခဲ့ခြင်းဖြစ် သည်။

    ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများရှောင်ကြဉ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ဘာသာလူမျိုးမခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့်နေထိုင်ကြ လျှင် မြန်မာ နိုင်ငံသာမက ကမ္ဘာမှာပင် ထာဝရငြိမ်းချမ်းမည်ဟု
    ဆရာတော်က အကြံ ပြုသည်။

    မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဆရာတော် ၏ စွမ်းဆာင်ချက်နှင့်အယူဝါဒမှာ နမူနာကောင်းဖြစ်ပြီး လူ့အသက် ပေါင်းများစွာ ကို စွန့်စွန့်စားစားကယ်တင်ပေးခဲ့သည့်အတွက် 7Day News က ၂၀၁၃ ခုနှစ်အတွက် 7Day News Hero ဆု ဆက်ကပ်ဂုဏ်ပြု ခဲ့ခြင်းဖြစ်ပါသည်။

    ဆုကို 7Day News ဂျာနယ်အယ်ဒီတာချုပ်ဦးသောင်းစုငြိမ်းမှ ဆပ်ကပ်ခဲ့ပါ သည်။

    ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

  • မွေးရာပါ သိစိတ်စွမ်းရည် နဲ့ အဆိပ်ဖြေဆေးသိတဲ့ ကြက်တောငှက်

    မတ် ၈ ၊ ၂၀၁၄
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    Life of Birdsလူတစ်ယောက်အနေနဲ့ အဆိပ်စားမိရင် သူ့အနေနဲ့ ဒီအဆိပ်ကို ပြေစေဖို့ဆေးဝါးတွေရဲ့အကူအညီ၊ နားလည် တတ်ကျွမ်းသူဆေးပညာရှင်တွေရဲ့ အကူအညီကိုယူ ရပါလိမ့်မယ်။ ဒါပေမဲ့လည်း တစ်ချို့သော တိရိစ္ဆာန်တွေကတော့ ဘာပညာ ဗဟုသုတမှ မဆည်းပူးခဲ့ဘဲ မွေးရာပါ ဗီဇစိတ်နဲ့တင် အဆိပ်ကိုဖြေနိုင်စွမ်း ရှိကြပါတယ်။

    ဥပမာအားဖြင့် ကြက်တူရွေး တစ်မျိုးဖြစ်တဲ့ ကြက်တောတွေဟာ အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ရှင်သန် ကျက်စားကြပါတယ်။ ထူးဆန်းတာက သူတို့ဟာ အဆိပ်ရှိတဲ့ အစေ့တွေကိုလဲ စားသောက်နေကြရတာပါ။ ဒါပေမဲ့ သူတို့ အဆိပ် မမိကြပါဘူး။ အဆိပ်စေ့ကို စားလိုက်ပြီဆိုတာနဲ့ သူတို့ဟာ ချက်ချင်းကျောက်တုံးတွေ ထူထပ်တဲ့ နေရာတစ်ခုဆီကို တိုက်ရိုက် ပျံသန်းပါတော့တယ်။ ပြီးရင် အဲဒီနေရာမှာရှိတဲ့ ရွှံ့စေးပါတဲ့ ကျောက်တွေကို ဝါးပြီးမြိုချကြပါတယ်။ ဒီရွှံ့ကျောက်တွေဟာ အစေ့ထဲမှာပါဝင်တဲ့ အဆိပ်တွေကို စုပ်ယူပစ်ပြီး အဆိပ် ဓာတ်ပြယ်စေပါတယ်။ ဒီလိုနည်းလမ်းနဲ့ ဒီငှက်တွေဟာအဆိပ်ပါတဲ့ အစေ့တွေကိုလဲ ဘေးမသီ ရန်မခဘဲ  စားသောက်နိုင်တာဖြစ်ပါတယ်။

    ရှင်းပါတယ်။ ဒီအသိတရားဟာ အဟိတ် တိရိစ္ဆာန်ငှက် တစ်ကောင်အနေနဲ့ အတန်းပညာကနေရတာလဲ မဟုတ်၊ စာပေဗဟုသုတ ဆည်းပူးရာကနေလဲ ရတာမဟုတ်၊ အတွေ့အကြုံအားဖြင့်လဲ ရနိုင်တာမဟုတ်ပါဘူး။ အဆိပ်စေ့ကို စားသောက်မိတုံးမှာ ဒီငှက်အနေနဲ့ ဘယ်လိုများ အဆိပ်ပြန်ဖြေ ရမလဲဆိုတာဟိုဟာ လေးစားကြည့်၊ ဒီဟာလေး စားကြည့်နဲ့  အဆင့်ဆင့် စူးစမ်းစစ်ဆေးပြီးနောက်မှ ဘယ်နည်းလမ်းဟာ မှန်ကန်တယ်ဆိုတဲ့ အတွေ့အကြုံအားဖြင့်သိသော ဖြစ်စဉ် မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါဟာ မွေးရာပါသိစိတ် စွမ်းရည်ပဲဖြစ်ပါတယ်။

    (DavidAttenborough, The Life of Birds, Princeton University Press, New Jersey, 1998,p.78.)

  • INDEPENDENT မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ ဖော်ပြခံရ

    မတ် ၈ ၊ ၂၀၁၄
    M-Media

    ၂၀၁၄ ခုနှစ် မတ်လထုတ် INDEPENDENT မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ ဖော်ပြခံရ

    Burma's Brutal Buddhists

    မျက်နှာဖုံး ဆောင်းပါး ဖတ်ရန် =>http://www.independent.com/news/2014/mar/06/buddhist-rampage-burma/?on