News @ M-Media

Blog

  • ယူကရိန်း ဆန္ဒပြပွဲ စနိုက်ပါဖြင့် ပစ်ခတ်မှု အတိုက်အခံများ လက်ချက်ဖြစ်ဟု သတင်းများ ထွက်ပေါ်

    မတ် ၆ ၊ ၂၀၁၄
    M-Media

    ယူကရိန်းအရေး ဥရောပ နိုင်ငံခြားရေးဝန်ကြီး၂ ဦး ပြောဆိုခဲ့ကြသည့် ဖုန်းအသံဖိုင် အွန်လိုင်းတွင်ထွက်ပေါ်၊ ကိဗ်မြို့တိုက်ခိုက်မှုတွင် စနိုက်ပါဖြင့် ပစ်ခတ်ခြင်းမှာ အတိုက်အခံများက လုပ်သည်ဟု သိရ

    5– ယူကရိန်းမြို့တော် ကိဗ်တွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုအတွင်း စနိုက်ပါများဖြင့် ပစ်ခတ်မှုများမှာ သမ္မတယာနူကိုဗစ်ခ်ျ၏ လက်ချက်မဟုတ်ဘဲ အတိုက်အခံခေါင်းဆောင်များက ခိုင်းခြင်းဖြစ်သည်ဟု အီးယူ နိုင်ငံခြားရေးဝန်ကြီးနှင့် အက်စတိုးနီးယား နိုင်ငံခြားရေး ၀န်ကြီးတို့ ဖုန်းပြောဆိုမှုမှတစ်ဆင့်သိရသည်။

    အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီး Urmas Paet မှာ ကိဗ်မြို့တွင် အကြီးအကျယ် ဆန္ဒပြနေသည့် ဖေဖော်ဝါရီ ၂၅ ရနေ့တွင် ကိဗ်မြို့သို့ ရောက်ခဲ့ပြီး ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး ကက်သရင်းအက်ရှ်တန်သို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။ ၁၁ မိနစ်ခန့်ရှိသည့် ၎င်းတို့နှစ်ဦး ပြောဆိုသည့် အသံဖိုင်မှာ ပေါက်ကြားခဲ့ပြီး အွန်လိုင်း စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။

    ဆန္ဒပြသူများအား စနိုက်ပါဖြင့် ပစ်ခတ်နှိမ်နင်းမှုအား သမ္မတ ယာနူကိုဗစ်ခ်ျက ပြုလုပ်ခြင်း မဟုတ်ဘဲ အတိုက်အခံခေါင်းဆောင်များက ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သေနတ်မှန်သူများအား ကုသပေးနေသည့် ဆရာဝန် အိုလ်ဂါ ဘိုဂိုမိုလတ်၏ ပြောကြားချက်အရ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အား စနိုက်ပါဖြင့် ပစ်ခတ်သူများမှ တစ်ဦးတည်းဖြစ်ကြောင်း Urmas Paet က အက်ရှ်တန်အား ပြောဆိုခဲ့သည်။

    ဘိုဂိုမိုလတ်မှာ အဆိုပါဆန္ဒပြမှုများအတွင်း စနိုက်ပါမှန်သူများအား လိုက်လံကုသပေးသည့် ဆရာဝန်တစ်ဦးဖြစ်ပြီး၊ ဒဏ်ရာရရှိသူများကို အိမ်နီးချင်းနိုင်ငံများသို့ ပို့ဆောင်ကုသပေးရာတွင် ကူညီခဲ့သူလည်းဖြစ်ကာ စနိုက်ပါဖြင့် ပစ်ခတ်မှုများကို အစဉ်တစိုက် ဆန့်ကျင်လာခဲ့သူလည်းဖြစ်သည်။ ၎င်းက Urmas Paet အား ဓာတ်ပုံအချို့ကို ပြသခဲ့ပြီး၊ လက်ရေးလက်သား၊ ကျည်ဆံ စသည်တို့ကို ကြည့်ခြင်းအားဖြင့် စနိုက်ပါဖြင့် ပစ်ခတ်မှုများမှာ တစ်ဦးတည်းဟု ပြောနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

    ကိဗ်မြို့သို့ တစ်ရက်တာ သွားရောက်ခဲ့သည့် Urmas Paet က စနိုက်ပါဖြင့်ပစ်ခတ်မှုများကို စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များအဖြစ်ပြောကြားခဲ့ပြီး၊ အလွန်ဝမ်းနည်းမိကြောင်း၊ ယူကရိန်းပြည်သူများကလည်း အတိုက်အခံများကို မယုံကြည်ကြကြောင်း စသဖြင့် ပြောကြားခဲ့သည်။

    အက်ရှ်တန်ကမူ ထိုကဲ့သို့သော ဖြစ်ရပ်များမှာ အလွန်ဆိုးရွားပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ချင်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ၎င်းတို့ ၂ ဦး၏ အဆိုပါ ဖုန်းပြောကြားမှုကို ယူကရိန်း သမ္မတဟောင်း ယာနူကိုဗစ်ခ်ျကို သစ္စာခံသော ယူကရိန်းလုံခြုံရေး ဆားဗစ် SBU မှ ကြားဖြတ်ဖမ်းယူခဲ့ခြင်းဖြစ်ပြီး အင်တာနက်စာမျက်နှာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် လကုန်ပိုင်းက မြို့တော်ကိဗ်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း အနည်းဆု့း လူ ၉၄ ဦးသေဆုံးခဲ့ပြီး ၉၀၀ခန့် ဒဏ်ရာရခဲ့သည်။
    Ref: RT

  • မြောက်ကိုရီးယားထံမှ စစ်လက်နက်ပစ္စည်းများ မြန်မာအစိုးရ ဝယ်ယူနေဆဲ ဟု အမေရိကန်ပြော

    မတ်-၆၊ ၂၀၁၄
    M-Media

    NorthKorea_Burma_thumbnail2
    – မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို လျှော့ချမည်ဟု ပြောကြားထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားမှ စစ်လက်နက် ပစ္စည်းများအား ဆက်လက်ဝယ်ယူလျက်ရှိနေသည်ဟု အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    ကွန်ဂရက်သို့ တင်သွင်းသော မြောက်ကိုရီးယား စစ်လက်နက် ပစ္စည်းဆိုင်ရာ အစီရင်ခံစာမှာ ယမန်နေ့က ထွက်ပေါ်လာခဲ့ရာ မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ လက်နက်များကို လျှို့ဝှက်စွာရောင်း ချနေကြောင်း ဖော်ပြထားသည်။

    မြောက်ကိုရီးယားမှ လက်နက်ရောင်းချသည့်နိုင်ငံများတွင် အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံတို့မှာ အဓိကဖြစ်သော်လည်း မြန်မာနိုင်ငံ အနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်ဆံမှုအား လျှော့ချနေကြောင်း ဖော်ပြထားသည်။

    ထိုကဲ့သို့ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှုအား တားမြစ်ထားသော ကုလ၏ ဥပဒေကို ချိုးဖောက်ခြင်း မရှိဟု မြန်မာနိုင်ငံက ပြောကြား ခဲ့သည်။  မြောက်ကိုရီးယားက ၎င်းတို့၏ ဒုံးကျည် နည်းပညာများကို ယခင်က မြန်မာနိုင်ငံသို့ ထောက်ပံ့သည်ဟု သံသယရှိထားပြီး၊ ထိုကဲ့သို့ ၀ယ်ယူမှုများကို ရပ်တန့်ရန် အတွက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစိုးရအား အမေရိကန်က ဖိအားပေးထားသည်။

    မြောက်ကိုရီးယား၏ လက်နက် ကုန်သွယ်မှုများက နျူးကလီးယားလက်နက်နှင့် တာဝေးပစ် ဒုံကျည်များ ထုတ်လုပ်မှုအား အထောက်အကူပြုနိုင်မည်ကို အမေရိကန်က စိုးရိမ်လျက်ရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း မြန်မာစစ်တပ် အကြီးအကဲ တစ်ဦးနှင့် ကုမ္ပဏီတစ်ချို့အား မြောက်ကိုရီးယားနှင့် လက်နက် ကုန်သွယ်မှုများကို ဆက်လက် လုပ်ဆောင်နေသည့် အတွက် အမည်ပျက် စာရင်းသွင်းခဲ့သည်။

    AP

  • ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ်တွေ့ဆုံ

    မတ်- ၅၊ ၂၀၁၄
    M-Media
    1965048_838962449452491_457746322_n
    အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် အင်္ဂါနေ့က မြန်မာ့ ဒီမိုအိုင်ကွန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည်။

    တတိယကြိမ်မြောက် ဘင်းမ်စတက် BIMSTEC ညီလာခံအပြီး ၎င်းတို့နှစ်ဦးသည် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ကြသည်ဟု သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

    အိန္ဒိယနိုင်ငံ Shri Ram College တွင် ပညာသင်ကြားခဲ့ဖူးသူ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်သည် UPA ဥက္ကဌ ဆိုနီယာဂန္ဒီ၏ ဖိတ်ကြားမှုအရ ၂၀၁၂ ခုနှစ်က ဂျဝါဟလာလ် နေရူး အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှ သံအမတ်အဖြစ် အမှုထမ်းစဉ် ငယ်စဉ်ဘ၀၌ အိန္ဒိယတွင် နှစ်ပေါင်းများစွာ နေထိုင်ဖူးသည်။ သူမသည် စစ်အုပ်ချုပ်ရေး ကာလအတွင်း နှစ်အတန်ကြာ နေအိမ် အကျယ်ချုပ် ဘ၀နေထိုင်ခဲ့ရပြီး၂၀၁၀ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

    Ref: Agencies

    Photo- NLD

  • မိုးထိမိုးမိ စခန်းတွင် လူ ၅၀ ဦး ရှောင်တခင် ဝင်ရောက် ဖမ်းဆီး

    မတ်- ၅၊ ၂၀၁၄
    M-Media
    Miners-in-Mandalay-division’s-Yamethin-township-protest-in-early-June-against-a-government-order-that-closed-their-mines-and-left-them-jobless.-DVB
    ဗုဒ္ဓဟူးနေ့နံနက်က မန္တလေးတိုင်း၊ ရမည်းသင်းရှိ စခန်းတစ်ခုမှ လုပ်သား ၅၀ ဦးထက်မနည်း ရှောင်တခင် ဖမ်းဆီးခံရသည်။ ၎င်းစခန်းသည် မိုးထိမိုးမိရွှေတူးကွက် အနီးမှ အဓမ္မနှင် ထုတ်ခံရသော တွင်းသားများနှင့်၎င်းတို့၏ မိသားစုများက ဘုန်းတော်ကြီးကျောင်းဝင်း တစ်ခုအတွင်း ခိုလှုံနေထိုင်နေကြသော နေရာဖြစ်၏။

    ရမည်းသင်း၊ ရွှေမြင်တင်တောင်ကုန်းပေါ်တည်ရှိသော ယင်းဘုန်းတော်ကြီးကျောင်းမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် နောက်ဆုံးထား ထွက်ခွာရန် အာဏာပိုင်များက ကြိမ်ဖန်များစွာ သတိပေးခဲ့သည်ဟု ဆိုသည်။

    အနီးရှိ ဘုရားပွဲတစ်ခု၏လုံခြုံရေးဟူသော အကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်မှ ထိုစခန်းထဲသို့ ရှောင်တခင် ၀င်ရောက်ကာ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအ၀င် လူ ၅၀ ဦးထက်မနည်းကို ထိန်းသိမ်းလိုက်ကာ ရမည်းသင်းထောင်သို့ခေါ် ယူသွားကြောင်း၊ မည်သည့် ရုန်းရင်းဆန်ခတ်မှု မဖြစ်ပွားခဲ့ကြောင်း ကျောင်းထိုင် ဆရာတော်က ဒီဗီဘီ သတင်းဌာနသို့ ပြောကြားသည်။

    ဒေသခံများနှင့် ငါးနှစ်တာ ဖက်စပ်ဆောင်ရွက်မည်ဟူသော သဘောတူညီချက်ကို မြန်မာဦးပိုင် ကုမ္ပဏီလီမိတက်မှ ချိုးဖောက်ပြီး နောက်ထပ်လုပ်ငန်းများ ထပ်မံတိုးချဲ့ရန် အားထုတ်လာမှုအပေါ် မိုးထိမိုးမိ တွင်းသားက ဆန့်ကျင်ဆန္ဒပြလာခဲ့ခြင်းဖြစ်သည်။

    ၂၀၁၃ နှစ်နှောင်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် စတင်ညှိနှိုင်းခဲ့ကြသော်လည်း အာဏာပိုင်များက တူးဖော်ရေး လုပ်ကွက်သစ် အစားထိုးရေးကို ငြင်းပယ်သော အခါ ဆန့်ကျင် ဆန္ဒပြမှု ပြန်လည်စတင်သည်။

    လွန်ခဲ့သည့် ရက်သတ္တပတ်က မြန်မာပြည် အလယ်ပိုင်းရှင် မထင်မရှား တွင်းသားတို့၏ရင်ဆိုင်နေရသော ပြဿနာများကို တစ်နိုင်ငံလုံး အတိုင်းအတာ အရ သိကြားစေရန် အတွက် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် မိုးထိမိုးမိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြခေါင်းဆောင်တို့သည် နိုင်ငံတကာ လုပ်ငန်းရှင်များ လက်ထဲ မိမိတို့ပိုင်မြေများ ထိုးအပ်ထားရသူများဖြစ်ကြသည်။

    ၂၀၁၂ ခုနှစ်ကတည်းက စီမံကိန်းရပ်ဆိုင်းထားမှုအပေါ် ဆန္ဒပြကြသည့် မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်သားများ (ဓာတ်ပုံ)

    Ref: DVB English

  • မန်ယူနောက်ခံလူ ဗီဒစ် လာမည့် ရာသီတွင် အင်တာမီလန် ပြောင်းတော့မည်

    မတ် ၅၊ ၂၀၁၄
    M-Media
    366695_heroa
    – မန်ယူအသင်း၏ အားထားရသော ဆားဘီးယားနောက်ခံလူ နီမန်ဂျာ ဗီဒစ်မှာ လာမည့် ရာသီတွင် စီးရီးအေကလပ် အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု အင်တာမီလန် အသင်း၏ ၀ဘ်ဆိုဒ်တွင် ကြေညာခဲ့သည်။

    မန်ယူအသင်းနှင့် ယခုနှစ်ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ဗီဒစ်အား ပြင်သစ်ကလပ် မိုနာကိုနှင့် တူရကီကလပ် ဂါလာတာစာရေးတို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ဗီဒစ်မှာ အင်တာမီလန် အသင်းသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန်သဘောတူခဲ့ခြင်းဖြစ်သည်။

    “ဗီဒစ်ဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးပါ။ သူ့ကို ချောချောမောမောနဲ့ ခေါ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တော်တော်လေး ၀မ်းသာပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးပါ။ သူရဲ့စွမ်းရည်တွေက ကျွန်တော်တို့အတွက် အဖိုတန်ပြီး၊ အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေကို တိုးတက်အောင် သူကူညီပါလိမ့်မယ် ” ဟု အင်တာမီန်လန်အသင်း၏ ဥက္ကဌဖြစ်သူ အဲရစ်သိုဟာရ်က ပြောကြားခဲ့သည်။

    အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ဗီဒစ်မှာ ကစားသမားဘ၀ကို Red Star Belgrade အသင်းနှင့် စတင်ခဲ့ပြီး၊ စပါးတပ် ဆူဘိုတီကာ၊ စပါးတပ်မော်စကို၊ ထိုမှတစ်ဆင့် ၂၀၀၆ ခုနှစ်တွင် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ကမ္ဘာ့ကလပ်ချန်ပီယံတစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

    Goal