News @ M-Media

Blog

  • တောင်အာဖရိကရှိ စွန့်ပစ်ထားသော ရွှေတွင်းအား ၀င်ရောက် တူးဖော်ရာမှ မိုင်းလုပ်သား ၂၀၀ ကျော် ပိတ်မိနေ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media
    20364782_h27369421-ff5bd7e6b0cdca4a01d99bcccd2b05e1d4da7443-s40-c85
    – တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့အနီး တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိတော့သည့် ရွှေတွင်းတစ်ခုတွင် မိုင်းလုပ်သား ၂၀၀ ကျော် ပိတ်မိနေသည်ဟု သိရသည်။

    ဂျိုဟန်နစ္စဘတ် အပြင်ဘက် Benoni မြို့ရှိ Gold One ၏ အမည်ရသည့် အဆိုပါ ရွှေတွင်းအား တရားမ၀င်မိုင်းလုပ်သားများက ၀င်ရောက်တူးဖော်ရာတွင် ယမန်နေ့ နေ့လည်ပိုင်းက ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

    “မိုင်းတွင်းရဲ့ အပေါ်ဘက်ခြမ်းမှာ ပိတ်မိနေတဲ့သူက ၃၀ လောက်ရှိပြီး၊ အောက်ခြေ လှိုဏ်ခေါင်းထဲမှာကတော့ အများကြီး ပိတ်မိနေပါတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေး အေဂျင်စီ ER24 မှ ပြောရေးဆိုခွင့်ရှိသူ ၀ါနာဗာမက်က ပြောကြားခဲ့သည်။

    ပိတ်မိနေသော မိုင်းလုပ်သားများအား ရှာဖွေရန်အတွက် ကယ်ဆယ်ရေးလုပ်သားများမှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး၊ သေဆုံးမှုသတင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

    မိုင်းတွင်းအပေါ်ဘက်တွင် ပိတ်မိနေသူများနှင့် ကယ်ဆယ်ရေးလုပ်သားများစကားပြောဆိုနိုင်ပြီး ၎င်းတို့မှာ ဒဏ်ရာရရှိမှုများ မရှိသော်လည်း၊ မိုင်းတွင်းအောက်ပိုင်းရှိ လုပ်သားများ၏ အခြေအနေကိုမူ သိရှိရခြင်းမရှိဟု ဗာမက်က ထပ်လောင်းပြောခဲ့သည်။
    ၎င်းတို့မှာ မြေအောက် ၅ မီတာအနက်တွင် ရောက်ရှိနေသည်ဟု ယုံကြည်ရပြီး ရေများကလည်း ၎င်းတို့ရှိရာနေရာသို့ စီဆင်းနေသည်။

    ထိုမိုင်းတွင်းမှာ တူးဖော်ခြင်းများမလုပ်တော့ဘဲ အချိန်အတော်ကြာ စွန့်ပစ်ထားခဲ့သည့် မိုင်းတွင်းဖြစ်မည်ဟု ယူဆရပြီး၊ တရားမ၀င် မိုင်းလုပ်သားများက လာရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ပိတ်မိနေသော မိုင်းလုပ်သားများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများမှာ နာရီပေါင်း များစွာ ကြာဖွယ်ရှိနေသည်။

    ယခုအဖြစ်အပျက်က နိုင်ငံအတွင်း တရားမ၀င် သတ္တုတူးဖော်မှုလုပ်ငန်းနှင့် ပက်သက်၍ စိုးရိမ်စရာမြင့်တက်လာခြင်းကို မီးမောင်းထိုးပြလျက်ရှိနေသည်။ ၂၀၁၂ မတ်လက Gauteng ပြည်နယ်ရှိ ရွှေတွင်းတစ်တွင်းတွင် ကျောက်တုံးများ ပြိုကျခဲ့မှုကြောင့် မိုင်းလုပ်သား အနည်းဆုံး ၂၀ ခန့် ပိတ်မိသေဆုံးခဲ့ရသည်။

    Ref: ဆင်ဟွာ

    ဓါတ်ပုံ အညွန်း- အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်နေပုံ (Photo-EPA)

  • ဆိုးရွားသော နှင်းမုန်တိုင်းကြောင့် ဂျပန်တွင် လူ တစ်ဒါဇင်ခန့်သေဆုံး

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media

    japan-snowstorm-1
    – အအေးလွန်ကဲပြီး ရာသီဥတု ဆိုးဝါးနေသည့် ဂျပန်နိုင်ငံတွင် ပြင်းထန်သော နှင်းမုန်တိုင်းများကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ကာ ၁၇၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်ဟု ဂျပန်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    စံချိန်တင်နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရှိ ပြည်နယ် ၇ ခုတွင် နှင်းမုန်တိုင်းနှင့် ပက်သက်သည့် မတော်တဆမှုများကြောင့် လူများ သေဆုံးခဲ့ခြင်းဖြစ်သည်။ တိုကျိုမြို့တွင် နှင်းထုမှာ ၂၇ စင်တီမီတာရှိသည်ဟု ကျိုဒိုသတင်းအေဂျင်ဆီက ထုတ်ပြန်ခဲ့ကာ၊ နှင်းမုန်တိုင်းကြောင့် လမ်းမများတွင် အနည်းဆုံး ကားအစီး ၈၀၀ ခန့်ပိတ်မိနေသည်ဟု အာဏာပိုင်များက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထို့ပြင် နှင်းထုများကြီမားလာပြီး နေအိမ်များ ပြိုကျမည်ကိုစိုးရိမ်ရသောကြောင့် ပြည်သူ ၂၁၅၀ ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု NHK သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ သောကြာနေ့နှင့် စနေနေ့များတွင် ထွက်ခွာရန်ရှိသည့် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပြီး၊ ရထားလမ်းများကိုလည်း ပိတ်ထားခဲ့ရသည်။

    ထိုမုန်တိုင်းမှာ ယခုအခါ မြောက်ဘက်စွန်းစွန်းသို့ ရွေ့လျားနေပြီး မနက်ဖြန်တွင် အားကောင်းလာဖွယ်ရှိသည်ဟု ဂျပန် မိုးလေ၀သနှင့် ဇလဗေဒ ဌာနက သတင်းထုတ်ပြန်ခဲ့ကာ၊ နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ပင်လယ်ပြင်များတွင် လှိုင်းများ ကြီးနိုင်ကာ၊ နှင်းသည်းထည်စွာကျခြင်း၊ နှင်းထု၊ ရေခဲထုများ အမြင့်မှကျဆင်းခြင်းတို့ ဖြစ်ပေါ်မည်ဟု သတိပေးထားသည်။
    Ref: CNA

  • မူစလင် မဂ္ဂဇင်း ခေတ်ကြေးမုံနှင့် စဉ်းစားစရာများ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media
    ရေးသားသူ-ဟာဂျီဝင်းအောင်

    မကြုံစဖူးအေးလွန်း၍ အထပ်ထပ်ပိတ်ထားတဲ့ အိမ်တွင်းသို့ အမေရိကန်ဒေါ်လာတရာတန် တရွက်လွင့်ဝင်လာ စားပွဲပေါ်ကျလာရင်တော့ ချက်ချင်းနီးရာ တယ်လီဖုန်းကောက်ကိုင်ပြီး ဆရာတက္ကသိုလ်မြင့်ဝေထံ ဆက်သွယ်လို့ ရနိုင်မယ့် နံပါတ်တွေ ကျနော်ဆက်တိုက်ရှာနေမိပါလိမ့်မယ်။ ဒါမှမဟုတ် ဆရာ့ Gmail account သိရရင်လည်း စာရှည်ကြီးရေးပြီး internet ကနေပို့လိုက်မိမှာ။  ဆရာပြုစုတဲ့ ရန်ကုန် တက္ကသိုလ် မွတ်စလင်မဂ္ဂဇင်း သမိုင်း အတွက်ကျေးဇူးတင်လို့ပါ။
    HistoryofRangoonUniversitiesMuslimMagazines

    ခုတော့ ဆောင်းပါးရေးရပြီ။”  ဆရာ တက္ကသိုလ်မြင့်ဝေသို့ ကျေးဇူးစကား “ လို့ ခေါင်းစဉ်တပ်ဖို့ မူလက စိတ်ကူး ထားပေမယ့် တခြားလူတွေလည်း ဖတ်ကြမှာမို့၊ ပြီးတော့ ဖတ်သူများ စဉ်းစားစရာများလည်း ထည့်သွင်းချင်လို့ ခေါင်းစဉ် ပြောင်းလိုက်ရတယ်။ ရရချင်း ခပ်မြန်မြန်ဖတ်လိုက်တယ်။ ဒုတိယအကြိမ်ကျတော့ ခပ်မှန်မှန်နဲ့အသေးစိတ်၊ ခုတကြိမ်မှာ လိုအပ်တဲ့အချက်အလက်တွေ ရွေးထုတ်ရတာကတော့ ကလောင်ရှင်တွေ လုပ်နေကျဆိုတာ အယ်ဒီတာချုပ်လုပ်နေသူမို့ ဆရာပိုသိပါလိမ့်မယ်။

    သတိရ ကျေးဇူးတင်စရာတွေ

    ကျနော့အား ဘွားကနဲလူလားမြောက်စေတဲ့ နတ်ရေကန်လို့ တင်စားရမယ့် ရန်ကုန်တက္ကသိုလ်၊ မိသားစုမေတ္တာနဲ့ နွေးနွေးထွေးထွေးရှိတဲ့ မွတ်စလင်အသင်း၊ စာရေးဆရာ အဖြစ် သတင်းသမားအဖြစ် ရပ်တည်သွားဖို့ ကလောင်တချောင်း အပ်နှင်းပေးလိုက်တဲ့ မိခင် မူစလင်မဂ္ဂဇင်း၊ အကျိုးအမြတ် ရဖို့ဆို တာဝန်ယူရမယ်၊ Unwritten Law လို့တင်စားတဲ့ လိုက်နာ စောင့်ထိန်းစရာတွေ စသဖြင့်  လေ့ကျင့် တတ်မြောက်ခဲ့ရတာတွေ၊ တွဲခဲ့ပြီးနောက်ခွဲခဲ့ရသူတွေကိုလည်း သတိရမိပါရဲ့။

    ဥပမာ၊ ၁၉၅၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရောက်လာတော့ ရန်ကင်းကောလိပ်တို့၊ ထီးတန်းကော်ကောလိပ်တို့ မရှိသေးလို့ တက္ကသိုလ်ရဲ့ သူငယ်တန်းကျောင်းသား အဖြစ် နောင်တော်ကြီးများအား အတုယူကာ လေ့လာရတယ်။ ဒီလိုပဲ ၁၉၅၄-၅၅ ခုနှစ်  ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသူ ကျောင်းသားများ အသင်းမှာ အမှုဆောင်အဖြစ် အရွေးခံရတယ်။  လက်ထောက် စာကြည့်တိုက်မှူးဆိုတာ ပမွှားလေးပါ။ ဒါပေမယ်လို့ အိပ်ငိုက်နောက်လိုက် လုပ်မနေလို့ နောက်နှစ်ကျတော့ တွဲဘက်အတွင်းရေးမှူး၊ အဲဒီကအတွေ့အကြုံနဲ့ ၁၉၅၇-၅၈ ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင်ကျောင်းသူ ကျောင်းသားအသင်း အထွေထွေ အတွင်းရေးမှူး၊ ရောက်လေရာမှာ နောက်ဆုံး VOA  ကမွတ်စလင်တွေစုပြီး ၀တ်ပြုနိုင်ရေးမှာတောင် ပါဝင်ဖို့ရာ အထိဖြစ်လာစေခဲ့ပါတယ်။

    ပဲခူးမဂ္ဂဇင်း

    ၁၉၅၇-၅၈ ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင်ကျောင်းသူ ကျောင်းသားအသင်း ဥက္ကဌကလည်း တကျောင်းထဲနေခဲ့တဲ့ ငယ်သူငယ်ချင်း၊ စာရေးဆရာ သိပ်ဖြစ်နေတဲ့ ကိုကျော်စိန်ကလည်း စိတ်အားထက်သန်ဆိုတော့” ပဲခူးမဂ္ဂဇင်း” ထုတ်ဖြစ် သွားတယ်။ ပဲခူးဆောင် အဆောင်မှူး မြန်မာစာ ကထိက ဦးကျော်ရင်က ပဲခူးရွာစား ကလောင်နာမည်နဲ့ ဆောင်းပါးရေးသလို မြန်မာစာပါမောက္ခ ဦးအေးမောင်က Burma Research Journal မှာသူ အင်္ဂလိပ်လိုရေးတဲ့ Pegu ကိုပြန်ထည့်ခွင့်ပေးရာက ခင်မင်သွားလိုက်တာ ကျနော့အား တခန်းရပ်ပြဇာတ် ( One Act Plays) တွေရေးဖို့ တွေ့တိုင်း တိုက်တွန်းတယ်။

    ဆရာဦးသိန်းဖေမြင့်ထံ စာမူသွားတောင်းရာ၊ ကိုင်ရိုမှာကျင်းပတဲ့ အာရှအာဖရိက စာရေးဆရာများ ကွန်ဖရင့်သို့ တင်သွင်းတဲ့ အစီရင်ခံစာပေးလိုက်လို့ အင်္ဂလိပ်ကဏ္ဍအတွက် ရှားပါး အဖိုးတန်အဖြစ် ရခဲ့တယ်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဌအနေနဲ့လည်း သ၀ဏ်လွှာပေး လိုက်သေးတယ်။ ရန်ကုန်တက္ကသိုလ် နယ်မြေထုတ် စာစောင်များကို အားပေး လေ့ရှိတဲ့ ပါမောက္ခချုပ် ဒေါက်တာထင်အောင်ထံ အမှာစာသွားတောင်းရင် ဆရာကရေးပေး ပါတယ်။ ပဲခူးမဂ္ဂဇင်း” အတွက် သ၀ဏ်လွှာထဲမှာ “ To my fellow Peguans” အင်္ဂလိပ်လိုရေးပေးရင်း ပဲခူးသားတယောက်အနေနဲ့ ဂုဏ်ယူအကြောင်း ပါမောက္ခချုပ် ဒေါက်တာထင်အောင်က ထည့်ရေးတယ်။ အတိုင်ပင်ခံ အင်္ဂလိပ်စာတည်းကလည်း ပဲခူးသူ ဒေါက်တာ ကေ မြရီ၊  ပဲခူးဆိုတဲ့အမှတ်အသား Identity  ပေါ်အောင်လို့ပါ။ အဲဒါ အရေးအကြီးဆုံးနဲ့အဓိက လိုအပ်ချက်မဟုတ်ပါလား?

    ရန်ကုန်တက္ကသိုလ် မွတ်စလင် မဂ္ဂဇင်းသမိုင်း

    ဆရာပြုစုတဲ့ ရန်ကုန်တက္ကသိုလ် မွတ်စလင်မဂ္ဂဇင်းသမိုင်းကို ဖတ်လိုက်ရတဲ့အတွက် အလွန်သိချင်တာတွေသိရ၊ မထင်မှတ်ပဲ သိသင့်တာတွေလည်း သိလိုက်ရပါတယ်။ မှတ်တမ်းမှတ်ရာတွေ ထိန်းသိမ်းမှု အားနည်းတာရယ်၊ လူတွေရဲ့ အသိဥာဏ်ကမောက်ကမ ဖြစ်အောင်၊ သတင်း အချက်လက်တွေ မမှန်မကန်ဖြစ်အောင် သမိုင်းဆိုပြီးဖြစ်စေချင် သလိုရေးဖို့ မှတ်တမ်းမှတ်ရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ဖျောက်ဖျက်ပစ်တဲ့ ခေတ်ကာလမှာ ဆရာ တက္ကသိုလ်မြင့်ဝေက ရှာဖွေစုစောင်း ပြုစုနိုင် စွမ်းရှိတာကိုတော့ ကျေးဇူးတင်ချီးကျူးလို့ ကုန်ဆုံး နိုင်မယ်မဟုတ်ပါ။

    တဆက်တည်း ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းကိုလည်း ပြန်လည် တမ်းတမိပါတယ်။ ကျနော်တို့ခေတ်နဲ့ ဆယ်နှစ်နီးပါး ကွာခြားသွားပြီး ကာလ ဆောင်ရွက်ကြသူတွေ အနက် ဆုံမိသိလိုက်သူတွေလည်းရှိပါတယ်။ ကိုချစ်မောင်ကို သူ့အိမ်မှာ သွားတွေ့ဖူးတယ်၊ ကျနော်တို့ ညီအကို (၇)ယောက်ထဲက နံပါတ် (၆) မျိုးအောင်နဲ့ ရုပ်ချင်းတူတဲ့ ကိုအောင်ဇော်၊ ကိုဘငြိမ်းကိုလည်း မှတ်မိတယ်၊ အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌဖြစ်လာသူ ကိုညွန့်မောင်သျှိန်ကိုလည်း နာမည် စလုံးပေါင်းပုံစိတ်ဝင်စား၊ တယ်လီဖုန်း Interview သာလုပ်ဖူးတယ်၊ ကိုမြင့်ဝေကိုတော့ မှန်းကြည့်လို့မရဘူး။ ခုတော့သိပြီ၊ ကလောင်မိတ်ဆွေဖြစ်ကြပြီ။ ကျနော်အင်မတန်လိုချင်နေတဲ့ပစ္စည်း လက်ဝယ်ရှိသူမို့လည်း ကျနော့ဘက်က ပိုပြီးရင်းနှီးပစ် လိုက်တယ်။ ဆရာ အယ်ဒီတာချုပ်လုပ်တဲ့ လပြည့်ဝန်း အစ္စလာမ်မဂ္ဂဇင်းလည်း လှမ်းမှာလိုက်ပြီ။ဘယ်လောက်ကြာတော့မှ ရောက်လာမယ် မသိ။

    ဖတ်စရာမှတ်စရာ

    ရန်ကုန်တက္ကသိုလ် မွတ်စလင်ကျောင်းသူ ကျောင်းသားတွေဟာ (၁၇)နှစ်တာကာလအတွင်း မဂ္ဂဇင်း (၈)စောင် ထုတ်နိုင်ခဲ့ကြောင်း သိလိုက်ရတယ်။ အဲဒီထဲက ကောင်းနိုးရာရာတွေ ကောက်နှုတ်ပြလို့ ဆရာကြီး စီအေဦးဗလွင်တို့လည်း ၀င်ရေးပေးပါလားလို့ ၀မ်းသာအားတက်ရ၊ ဗိုလ်မှူးဘရှင် နာမည်တွေ့လိုက်ပြန်တော့လည်း စစ်ကြိုခေတ်က အသင်းဥက္ကဌ အဖြစ်ခေါင်းပေါင်းနဲ့ သူ့ဓာတ်ပုံကိုမြင်ယောင်လာကာ၊ သူငယ်ချင်း ကိုတင်ထွန်းရဲ့ အသင်းသမိုင်းကိုဖတ်မိ၊ ဂုဏ်ယူစရာ ပါဠိပါမောက္ခ ဦးအေကာဆင်ဟာ သူ့ဘကြီးအရင်း တအိမ်ထဲနေကြပုံလည်း ရေးချင်စိတ်ပေါ်လာတယ်။ ရန်ကုန်တက္ကသိုလ် မွတ်စလင်လူငယ်တွေကို စုစည်းဦးဆောင်ခဲ့သူ အောင်ခင် M.Sc ဆိုတာ နောက်ပိုင်း ဓာတုဗေဒ ပါမောက္ခဖြစ်လာ သူလား? ပြောပြနိုင်သူများအား ရှာဖွေကြပါစို့။

    “ ယနေ့မွတ်စလင်လောကတွင် ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်နေကြခြင်းကြောင့် မွတ်စလင်တွေ တဦးမျက်နှာတဦး မကြည့်နိုင်ဖြစ် မုန်းတည်းနေကြပေသည်၊ တစားပွဲတည်း မျက်နှာချင်းမဆိုင်နိုင်သော ခေါင်းဆောင်ကြီးများ၊ မွတ်စလင်လောကသည် ဘာသာရေးနှင့် လုံးဝမသက်ဆိုင်သော နိုင်ငံရေး အကွဲအပြဲတွင် မဆီမဆိုင် ရစရာမရှိအောင် လိုက်ပြီးကွဲပြဲနေကြသည်”   ရာဇ၀င်ကွင်းဆက် မပြတ်စေနှင့်၊ တင်မောင် ။

    အဖိုးတန်လိုက်တာဗျာ။ တင်မောင်ဆိုတာ ဘယ်သူမှန်းမသိ လေးစားမိပါတယ်။ ဘာသာရေး အခြေခံလို့ဆိုကာ ဗ-မ-က ကို အတင်းဖျက်ခိုင်းတဲ့  ဦးနု၊ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် ရွေးကောက်ပွဲမှာ မွတ်စလင် မဲတွေရဖို့ BMO ဆိုတာ ဖွဲ့ခိုင်းတော့ လိုက်ပါဆောင်ရွက်သူ ဘာရလိုက်သလဲ? ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပယ်ချထားတဲ့  နိုင်ငံတော် ဘာသာ ရလိုက်တယ် မဟုတ်လား?  အဲဒီနေ့က ပါလီမန်ထဲမှာ တာဝန်ကျလို့ အစအဆုံး မြင်တွေ့ခဲ့ရပုံတွေ ပြန်လည် သတိရစေလို့ တက္ကသိုလ်မြင့်ဝေကို ကျေးဇူးတင်ဖို့ဖြစ်လာပြန်ပြီ။

    မူစလင် မဂ္ဂဇင်းမှ ခေတ်ကြေးမုံသို့

    ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းက ၁၉၅၇-၅၈ နှစ်မဂ္ဂဇင်းကို ခေတ်ကြေးမြင်လို့ နာမည်ပြောင်းလိုက်တယ်။ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းသမိုင်းမှာ မိမိတို့အသင်း၏ သင်္ကေတ အမှတ်အသားမပါတဲ့ အတွက်ကြောင့် အံ့သြစရာဖြစ်ရ၊ တနှစ်မှတကြိမ် အနိုင်နိုင်ထုတ်ရတဲ့ မဂ္ဂဇင်းကို ရှုမ၀၊ပဒေသာ၊သွေးသောက်တို့လို စီးပွါးရေး ဆန်ဆန်နာမည် ပေးရမလား၊ စသဖြင့် မကြိုက်သူ တချို့ရှိကြတယ်။ မူစလင်ဆိုတဲ့ နာမည်က ခေတ်နောက်ကျလို့ ကျဉ်းမြောင်းလို့ ခေတ် ဆန်ဆန်လေး ရွေးပေးဖို့ သွားတောင်းပန်တာနဲ့ ပါမောက္ခ ဦးအေးမောင်ကပေးတာ ဆိုတဲ့ သတင်းလည်းကြားလိုက်မိတယ်။

    မည်သို့ပင်ဆိုစေ၊ မွတ်စလင်ကျောင်းသားထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမှုဆောင်အဖွဲ့မှာ လုပ်ပိုင်ခွင့် ရှိတယ်၊ စိတ်ကူးရသလို လုပ်ကြမှာပဲလို့ နားလည်လိုက်ပါတယ်။ ကျနော်အဖို့တော့ မူစလင်မဂ္ဂဇင်းကိုသာလျှင် မွေးမိခင်လို့ စွဲလန်းနေသမို့ ခေတ်ကြေးမြင်ကို မကြည့်ဖြစ်။ ၅၅ နှစ်ကျော်ကြာတော့မှ ဆရာတက္ကသိုလ်မြင့်ဝေရဲ့စာအုပ်မှာ ပထမဆုံး မြင်ဖူးလိုက်ရတယ်။ ၁၉၅၅-၅၆ မူစလင်မဂ္ဂဇင်း မျက်နှာဖုံးကိုလ ည်း ပြန်မြင်လိုက်ရတယ်။

    မိခင်ပျောက်သားလို

    ကလေးဘ၀က မုန့်ဖိုး၂၅ ပြားရတာကို မုန့်ဝယ်မစားပဲ စုထားပြီးစာအုပ်ဝယ်လေ့ရှိသူမို့ ခုချိန်ထိ စာအုပ်ကောင်းဆို ပိုင်ချင်တယ်။ အိမ်မရှိပဲ ခွေးမွေးဆိုသလို စာအုပ်တွေပေါ် Win Aung Home Library  လို့ တံဆိပ်ရိုက်ကာ စုထားတာတွေ မီးလောင်လိုက်၊ ပြန်စုလိုက်၊ မီးထပ်လောင် ထပ်စုနဲ့ နောက်ဆုံး မိခင်မူစလင် မဂ္ဂဇင်း ကိုဘယ်မှာမှ ရှာမတွေ့နိုင်တော့ဘူး။  ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ ရှိနိုင်ကောင်းပါရဲ့။ သို့သော် ကျနော်ကအဝေးကို ရောက်နေပြီ။

    အတူပါဝင်ရေးခဲ့သူတွေလည်း သိပ်မကျန်တော့၊ အသက်ရှင်နေသူများအနက် ဆက်သွယ်လို့ရပြန်တော့လည်း လက်ဝယ်မရှိ။ တ-က-သ ရွေးကောက်ပွဲမှာ အသိဖြစ်ခဲ့ရာကနေ ရင်းနှီးသူ ဦးသန်းတင် အမေရိကန်သို့ လာစဉ်မှာ၊ ကျနော် ရန်ကုန်သို့ ပထမအကြိမ်ရောက်သွားစဉ်မှာ၊ အကြိမ်ပေါင်းများစွာ တယ်လီဖုန်းနဲ့ စကားပြောတိုင်း မိခင် မူစလင်မဂ္ဂဇင်းကို ရှာပေးဖို့  မိခင်ပျောက်သားလို တောင်းပန်ခဲ့တယ်။ ခုတော့ ဆရာတက္ကသိုလ်မြင့်ဝေ ကတော်ထံမှာ ရှိနေကြောင်းသိရပြီမို့ အသက် ၉၀ ကျော် ၀တ်လုံကြီးအား နားပူနားဆာ ဆက်လုပ်ဖို့ မလိုတော့။

    ခေတ်ကြေးမြင်ဆရာကြီး

    ခေတ်ကြေးမြင်ဆရာကြီး ဦးဘငြိမ်းရဲ့အမှာစာကို ဖတ်လိုက်ရတော့လည်း ငယ်စဉ်ကသိပ်သိချင်နေတာ သိရပြီ၊ စကားပြောတိုင်း ရယ်နေပြုံးနေ တတ်သူကြီး မျက်စေ့ထဲပေါ်လာတယ်။ အသက် ၈၀ နီးပါး ဟာဂျီတွေကိုယ်စီဖြစ်နေကြပြီ။ အချိန်ကုန် မြန်လိုက်တာ။ ၁၉၆၂ ခု၊ မေလ (၉)ရက်နေ့ ကျနော်မြန်မာ့အသံတွင်တွင် တာဝန်ကျစဉ်၊ ပုံ ဗိုလ်နေ၀င်း ဆိုတဲ့ တော်လှန်ရေးကောင်စီ ကြေညာချက်တိုလေးနဲ့ ရန်ကုန်တက္ကသိုလ် ဇီဝိန် ချုပ်သွားမှတော့ ဘာကျန်တော့မှာလဲ? မူစလင် မဂ္ဂဇင်းရော၊ ခေတ်ကြေးမြင်ကော ပါသွားပြီပေါ့။

    ဆရာတက္ကသိုလ်မြင့်ဝေ အစဖော်ပေးလိုက်လို့ ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းကို ပြန်လည် တမ်းတမိသလို သူ့နှစ်နဲ့သူ လုပ်ဆောင်ခဲ့ကြတာတွေ သတိရမိတယ်။ ယနေ့ လူငယ် မွတ်စလင်လေးတွေ ဘယ်လိုနားလည်ကြမလဲ?  ကျနော့အဖို့တော့ စဉ်းစားစရာတွေ ရလိုက်တာကြောင့် ဆောင်းပါး စရေးလိုက်ပါပြီ။ ရှင်ကျန်နေသေးသူတွေ အနေနဲ့လည်း ရေးကြပါလို့ တိုက်တွန်းပါရစေ။ သူ့အမြင်ကိုယ့်အမြင် ဖလှယ်နိုင်ကြဖို့ အတွေ့အကြုံချင်း ဝေငှကြဖို့ ဆက်သွယကြပါစို့။

    ဟာဂျီ-၀င်းအောင်
    Alexandria, VA 22309
    [email protected]

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ဆီးရီးယား ဆွေးနွေးပွဲ ဒုတိယအကျော့ တိုးတက်မှု မရှိဘဲဖြစ်နေ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media

    111
    – ဂျီနီဗာတွင် ပြုလုပ်နေသည့် ဆီးရီးယား ငြိမ်းချမ်းရေး ဒုတိယအကျော့ ဆွေးနွေးပွဲမှာ လိပ်ခဲတည်းလည်းဖြစ်နေသည်ဟု အစိုးရ အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပြီး၊ အမေရိကန်နှင့် ရုရှားတို့ကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။

    “ဒီအကျော့မှာ တိုးတက်အောင် မဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အရမ်းကို နောင်တရမိပါတယ်” ဟု ဆီးရီးယား လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဖိုင်ဆယ် မက်ဒက်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အတိုက်အခံဘက်မှ ပြောရေးဆိုခွင့်ရှိသူ လူအီ ဆာဖီက နိုင်ငံရေးအခြေအနေအား ပြောင်းလဲရန် အစိုးရဘက်မှ ပြုလုပ်ခြင်းမရှိမှုကို ပြစ်တင်ပြောဆိုခဲ့ပြီး၊ မပြတ်မသားဖြစ်နေသည့် ယခုအခြေအနေအား ပြေလည်ရန်အတွက် ပါတီအားလုံး အထူးသဖြင့် အာဆတ်အစိုးရ၏ မဟာမိတ် ရုရှားအနေဖြင့် အာဆတ် အစိုးရအား ဖိအားပေးရန်ကိုလည်း တိုက်တွန်းပြောဆိုခဲ့သည်။

    အစိုးရအတိုက်အခံများက ဆွေးနွေးပွဲ၏ အရေးအကြီးဆုံးအပိုင်းအား ဆွေးနွေးရန်ကိစ္စကို အတိုက်အခံများက ငြင်းဆိုခဲ့ပြီး၊ သမ္မတအာဆတ်လက်အောက် တစ်ပါတီစနစ်မှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရေး အပေါ် အဓိကလုပ်ဆောင်ရမည်ဟု ဝေဖန်ခဲ့သည်။

    အစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့ကလည်း အကြမ်းဖက်ဝါဒအား ဟန့်တားရေးမှာ ဦးစားပေးဖြစ်ပြီး၊ အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမှုအား လုပ်ဆောင်မည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

    ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ဇန်ဝါရီလကတည်းကပြုလုပ်နေသော်လည်း အတိုက်အခံများနှင့် အစိုးရတပ်များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး နေ့စဉ် လူ ၂၀၀ ကျော် ထပ်မံ သေဆုံးခဲ့ပြီးဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားခဲ့သည်။

  • Muslim Medical Family (မန္တလေး) မိတ်ဆုံစားပွဲ ပြုလုပ်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media
    ချို

    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲပြုလုပ်
    1507587_683842388334127_1308964840_n
    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ မန္တလေးမြို့ ပန်းသေးဗလီဝင်းများ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အဆိုပါအခမ်းအနားမှာ ၂၀၁၄ ခုနှစ်အတွက် မန္တလေး ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် နှင် တိုင်းရင်းဆေးတက္ကသိုလ်များမှာ ပထမနှစ်တက်ရောက်ခွင့်ရရှိတဲ့ ပထမနှစ် မွတ်စလင် ကျောင်းသား/သူများကို မောင်မယ် သစ်လွင် ကြိုဆိုသည့်အစီအစဉ်အစဉ်နှင့် မန္တလေးမြို့မှ မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများကို ဂုဏ်ပြုခြင်း နှင့် မိတ်ဆုံစားပွဲ အစီအစဉ်များပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

    Photo via- Ah Tuu FB