News @ M-Media

Blog

  • မလေးရှားအိုးပင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် လီချုံဝေဗိုလ်စွဲ

    မလေးရှားအိုးပင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် လီချုံဝေဗိုလ်စွဲ

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    – မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် မလေးရှားအိုးပင်း ကြက်တောင်ရိုက် ပြိုင်ပွဲတွင် မလေးရှား နာမည်ကြီး ကြက်တောင်သမား လီချုံဝေက ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကစားခဲ့သည့် ဗိုလ်လုပွဲတွင် လီချုံဝေမှာ နိုင်ခြေအဆင့် ၄ ရှိ အင်ဒိုနီးရှား ကြက်တောင်သမား တွမ်မီ ဆူဂီအာတိုအား ၂၁-၁၉၊ ၂၁-၁၉ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မလေရှားအိုးပင်း ချန်ပီယံဘွဲ့အား ၁၀ ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    အဆိုပါပြိုင်ပွဲတွင် ၂၀၀၈-ခုနှစ်ကတည်းကစတင်၍ ရှုံးပွဲမရှိခဲ့သည့် လီချုံဝေက ယခုနှစ်အတွင်းကျင်းပမည့် အာရှ အားကစားပြိုင်ပွဲနှင့် ဓနသဟာယ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင်နေကြောင်း၊ သို့သော်လည်း လာမည့် ၂၀၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင်ကစားနိုင်ရန်မှာ မသေချာကြောင်း ပြောကြားခဲ့သည်။

    Ref : Channel News Asia

  • ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အီရန်နိုင်ငံပါဝင်ရန် ဘန်ကီမွန် ဖိတ်ခေါ်

    ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အီရန်နိုင်ငံပါဝင်ရန် ဘန်ကီမွန် ဖိတ်ခေါ်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    Untitled

    – ယခုတစ်ပါတ်အတွင်း ပြုလုပ်မည့် ဆီးရီယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အီရန်နိုင်ငံအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဖိတ်ခေါ်လိုက်သည်ဟု သိရသည်။

    ဆီးရီးယားအစိုးရ အတိုက်အခံများက ထိုဆွေးနွေးပွဲမှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားပြီး၊ အမေရိကန်နိုင်ငံကလည်း ဆွေးနွေးပွဲနှင့် ပက်သက်၍ သတိပေးထားချိန်တွင် ဘန်ကီမွန်က ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်ပြီး၊ ဆီးရီးယားစစ်ပွဲ ပြီးဆုံးရန် ကြိုးပမ်းမှုတွင် အပြုသဘောဆောင်သော နေရာမှ ပါဝင်ဆောင်ရွက်မည်ဟု အီရန်နိုင်ငံက ကတိပေးထားကြောင်းကိုလည်း ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆွစ်ဇလန်နိုင်ငံ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး၊ အာဆတ်အစိုးရအား ထောက်ပံ့ပေးထားသည့် အီရန်နိုင်ငံအနေဖြင့် ထိုဆွေးနွေးပွဲအား ရှင်းရှင်းလင်းလင်း အားပေးမှုမရှိပါက ကုလက ထိုဆွေးနွေးပွဲမှ နှုတ်ထွက်သင့်သည်ဟု အမေရိကန်က ပြောကြားထားသည်။

    Ref : Channel News Asia

  • ဟန်လင်း-ပျူမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်

    ဟန်လင်း-ပျူမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media
    K K

    ဟန်လင်းမြို့ဟောင်းတစ်နေရာ (ဓါတ်ပုံ - အင်တာနက်)
    ဟန်လင်းမြို့ဟောင်းတစ်နေရာ (ဓါတ်ပုံ – အင်တာနက်)

    စစ်ကိုင်း ။      ။       စစ်ကိုင်းတိုင်းဒေသကြီး ၀က်လက်မြို့နယ်ရှိ ဟန်လင်းမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

    ၎င်း ကမ္ဘာ့အမွေအနှစ်ဝင်ရန် အတွက် ဟန်းလင်းမြို့ဟောင်း မြို့ဝင်ပေါက်နေရာများအား ICOMOS အဖွဲ့မှ လာရောက် ကြည့်ရှု့ စစ်ဆေးမည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

    ပျူမြို့ဟောင်းများ ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်းများအနက် ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်း များကို ကမ္ဘာ့ အမွေအနှစ် အဖွဲ့၏  ညွှန်ကြားချက် အရ ICOMOS အဖွဲ့က ၂၀၁၃-ခုနှစ် အောက်တိုဘာလက စစ်ဆေးခဲ့ပြီး ဟန်လင်းမြို့အား ယခု ဇန်န၀ါရီ လကုန်ပိုင်းတွင် စစ်ဆေးမည်ဟု သိရသည်။

    ဟန်လင်းမြို့ဟောင်းသည် သမိုင်းတင်ခေတ်ဦးပိုင်း မြို့ပြယဉ်ကျေးမှုအဆင့် ရောက်ရှိ ထွန်းကားခဲ့သည့် အထောက် အထားများ တွေ့ရှိရပြီး တူးဖော်ရန် ရှိနေသေးသည့် မြေပေါ်မြေအောက် ယဉ်ကျေးမှု အမွေအနှစ်များရှိနေသည့် သမိုင်းဝင် မြို့ဟောင်းတစ်ခုလည်း ဖြစ်သည်။

  • အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့

    ဖန်နဝါရီ ၁၉၊ ၂၀၁၄
    M-Media

    116

    ယနေ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့သည့် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။

    ဆရာကြီးဦးရာဇတ်နေ့ အထိမ်းအမှတ်ဂုဏ်ပြုသောအားဖြင့် ဆရာကြီးဦးရာဇတ်အကြောင်း ပိုစ်များကို M-Media စာဖတ်ပရိတ်အတွက် ပြန်လည်မိတ်ဆက် ပေးလိုက်ပါတယ်။

    အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/4223

    ကျွန်မဖေဖေ=>http://www.m-mediagroup.com/news/4299

    ဗမာတွေ ဘယ်မှာ စည်းကမ်း မဲ့လို့လဲ=>http://www.m-mediagroup.com/news/4316

    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်=>http://www.m-mediagroup.com/news/16191

    သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း=>http://www.m-mediagroup.com/news/4239

    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း =>http://www.m-mediagroup.com/news/1388

    မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/1365

    သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း =>http://www.m-mediagroup.com/news/1334

    ဆရာကြီး ဦး(အဗ္ဗဒူလ်) ရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ =>http://www.m-mediagroup.com/news/1330

    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အခြားပိုစ်များ ဖတ်ရန် => http://www.m-mediagroup.com/news/tag/urazak-2/

    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အကြောင်း ဓါတ်ပုံများ ကြည့်ရန် =>https://www.facebook.com/media/set/?set=a.484313664944442.97896.468226919886450&type=3

    ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနား ဓါတ်ပုံများ =>https://www.facebook.com/media/set/?set=a.488522597856882.98579.468226919886450&type=3

  • ဇန်န၀ါရီ ၁၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၉၊ ၂၀၁၄
    M-Media

    ရခိုင်က စီမံကိန်းတွေကို စောင့်ကြည့်တင်ပြမယ့် ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတ အရင်းအမြစ် တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ

    – ရခိုင်ဒေသမှာ အကောင်အထည် ဖော်သည့် စီမံကိန်းများကို စောင့်ကြည့်ပြီး ဒေသခံများကို ပြန်လည်ရှင်းပြမည့် ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတ အရင်းအမြစ်တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ ကို မြို့နယ် ၁၇-မြို့နယ်က အရပ်ဖက်လူမှုအဖွဲ့များစုပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို စစ်တွေမြို့မှာ ယနေ့ကျင်းပခဲ့ပြီး ရခိုင်ဒေသမှာ စီမံကိန်းတွေလုပ်ပြီဆိုရင် ဒေသခံများ၏ ဆိုးကျိုးနဲ့ အကျိုးရလဒ်၊ နစ်နာမှုတွေကို ဘယ်လို ၀ိုင်းဝန်းကာကွယ်ကြမလဲဆိုတာ ဒေသခံများကို ချပြရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူ ကိုခိုင်ကောင်းစံက ပြောကြားခဲ့ကြောင်းသိရသည်။
    ________________________

    လယ်ယာမြေအား သဘောမတူပဲ လာရောက်တိုင်းထွာလျှင် ပြန်လည် တရားစွဲမည်ဟု လယ်သမားကြီး ဦးအောင်မြတ်ခိုင်ပြော

    – ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုကျေးရွာရှိ လယ်ယာမြေများအား မနက်ဖြန် ဇန်န၀ါရီ ၂၀-ရက်နေ့တွင် လာရောက်၍ မြေတိုင်းထွာမည်ဖြစ်ပြီး လယ် ၁၀၀-ဧက အားသာလျှင် မြေတိုင်းခွင့်ရရှိပြီး ကျန် ဧက-၅၉၀ ကျော်ကို မြေတိုင်းခွင့်ပြုမည်မဟုတ်ကြောင်းသိရပြီး သဘောမတူပဲ လယ်ယာမြေများအား လာရောက် မြေတိုင်းပါက မြရွှေဝါကုမ္ပဏီနှင့် မြေတိုင်းဌာနတို့အား ပြန်လည်တရားစွဲဆိုသွားရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်သူလယ်သမားကြီး ဦးအောင်မြတ်ခိုင်က ပြောခဲ့ကြောင်း သိရသည်။
    ________________________

    သင်္ဃန်းကျွန်း ၁၆-ရပ်ကွက် အားကစားကွင်း ပြန်ရရေး ဆန္ဒထုတ်ဖော်

    – ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ၁၆-ရပ်ကွက်ရှိ အားကစားကွင်းကို ၂၀၀၂-ခုနှစ်တွင် အငှားချမြေဂရမ်ဖြင့် ပိုင်ဆိုင်ခဲ့ရာမှ အဆင့်ဆင့် ရောင်းချ ခဲ့ပြီး ယခုအခါ ခြံစည်းရိုးကာ၊ အ၀ီစိတွင်းတူး၊ ဆောက်လုပ်ရေးပစ္စည်းများ လာချထားပြီး အလုပ်သမားများ နေရန် တန်းလျားများ လုပ်လာမှုကြောင့် အားကစားကွင်းအား သိမ်းပိုက်လိုက်ပြီဟုသိရှိပြီး ရပ်ကွက်မှ လူအင်အား ၁၀၀-ခန့်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ________________________