News @ M-Media

Blog

  • ဇန်န၀ါရီ ၁၊ အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ ၂၀၁၄
    M-Media

    – ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး ဇက်ကိုအနေဖြင့် အသင်းမှ ထွက်ခွာတော့မည်ဆိုသည့် သတင်းအား မန်စီးတီးနည်းပြ ဖြစ်သူ ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။ ဇက်ကိုမှာ တိုက်စစ်မှူး ဆာဂျီယိုအဂူရိုနှင့် အလ်ဗာရို နီဂရီဒိုတို့၏နောက် တတိယ ဦးစားပေး တိုက်စစ်မှူး ဖြစ်သော်လည်း ယခုနှစ် ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားသမားအဖြစ် ၇ ပွဲကစားထားသည်။ အသက် ၂၇ နှစ်ရွယ်ရှိ ဘော့စနီးယား တိုက်စစ်မှူးမှာ နိုင်ငံအသင်းနှင့် အတူ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရရန် ပုံမှန်ကစားခွင့်ရမည့် ကလပ်တစ်ခုသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ် နေသည်။
    …………………..

    – ပြီးခဲ့သည့် ၂၀၀၁၂-၁၃ ဘောလုံးရာသီ၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို ချယ်ဆီးအသင်းမှ ထုတ်ပြန်ခဲ့ရာ ပေါက် ၄၉.၄ သန်းအရှုံးပေါ်ခဲ့သည်ဟု သိရသည်။ ယမန်နှစ်ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းက ချယ်ဆီးအသင်း၏ ဘဏ္ဍာရေးကို အထိနာစေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လာမည့်နှစ် များတွင် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး Fair Play စည်းမျဉ်းအား လိုက်နာ အကောင်အထည်ဖော်သွားမည်ဟု ချယ်ဆီးအသင်းက ကြေညာခဲ့သည်။
    ………………………

    – ယမန်နှစ်က ရုန်းကန်ခဲ့ရသည့် နယူးကာဆယ်အသင်း၏ ယခုနှစ် ပြသနေသည့် ခြေစွမ်းအား အသင်းနည်းပြ အလန်ပါဂျူးက ချီးကျူးပြောဆိုခဲ့သည်။ နယူးကာဆယ်အသင်းမှာ ယမန်နှစ်က တန်းဆင်းဇုန်းနှင့် ၅ မှတ်အကွာ အဆင့် ၁၆ နေရာဖြင့် ရာသီသိမ်းခဲ့ပြီး ယခုနှစ် ပွဲစဉ်တစ်ဝက်ကြိုးချိန်တွင် အဆင့် ၈ နေရာ၌ ရှိနေပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာနှင့် လေးမှတ်အကွာတွင်ရှိနေသည်။
    ………………………..

    – ခြေချင်းဝတ် အရွတ်စုတ်ပြဲဒဏ်ရာခံစားနေရသည့် အသင်း၏ ဘရာဇီးကွင်းလယ်ကစားသမား ပေါ်လင်ဟိုမှာ အနည်းဆုံး ၄-ပတ်ခန့် အနားယူရ မည်ဟု စပါးအသင်းက ပြောကြားခဲ့သည်။ ပေါ်လင်ဟိုမှာ စတုတ်စီးတီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒုတိယပိုင်း ၆၂ မိနစ်၌ စတုတ်ကစားသမား ချာလီအဒမ်နှင့် ထိခိုက်မိသောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
    ……………………….

    – ပြစ်သစ်နိုင်ငံ အဲလ်ပ်စ် တောင်တန်းပေါ်ရှိ အပန်းဖြေစခန်းတစ်ခုတွင် တနင်္ဂနွေနေ့က ရေခဲပြင်လျှောစီးရင်း မတော်တဆဖြစ်မှုကြောင့် သတိလစ် မေ့မြောနေသည့် ဂျာမန်ကားမောင်းသမားဟောင်း မိုက်ကယ်ရှူးမိတ်ကာ၏ အခြေအနေမှာ ယနေ့နံနက်တွင် တည်ငြိမ်စပြုလာပြီဟု သိရသည်။ သို့သော်လည်း ဦးခေါင်းထိခိုက်သွားသည့် ရှူးမိတ်ကာ၏ အနာဂတ်အခြေအနေအား အတိအကျပြော၍မရဟု ဆရာဝန်များက ပြောကြားခဲ့သည်။

  • ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ပြုလုပ်

    ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ပြုလုပ်

    ဇန်နဝါရီ ၁၊ ၂၀၁၄
    M-Media
    A.N.Lay

    DSC02713

    ရန်ကုန်  ။       ။      (၇၆) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားဝင်း အတွင်း၌  ပြုလုပ်ခဲ့သည်။

    အဆိုပါပွဲတော်တွင် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက အနာဂါတ်က ရင်လူငယ်လေးတွေ မိမိတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုထုံးတမ်းတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်၊ မြှင့်တင်လိုတဲ့ အသိစိတ်ဓာတ်လေးတွေ ကိန်းအောင်းရှင်သန်လာဖို့၊ ကရင်နှစ်သစ်ကူး ပွဲတော်ဟာ ကောက်ဦးကောက်သစ် ပေါ်တဲ့အချိန်မှာယခင်က အနယ်နယ်အရပ်ရပ်က မိမိတို့ရဲ့အစီအစဉ်နဲ့ မိမိတို့ ကျင်းပလာတဲ့ နေရာမှာ့ ဒါကို စုစုစည်းစည်းဖြစ်အောင် ရည်ရွယ်ပြီးတော့ ကျင်းပတာလည်း ဖြစ်ပါတယ်လို့ပြောကြားခဲ့သည်။

    ဤကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂-ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၂၇-ခုနှစ် မှစတင်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

  • မိတ္ထီလာတွင် ညမထွက်ရအမိန့် ရုပ်သိမ်း

    မိတ္ထီလာတွင် ညမထွက်ရအမိန့် ရုပ်သိမ်း

    ဇန်န၀ါရီ ၁၊ ၂၀၁၄
    M-Media
    K K

    မိတ္ထီလာ ။ ။ ၂၀၁၃-ခု မတ်လအတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်ထားခဲ့ရာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်မှ စတင်၍ ပယ်ဖျက်လိုက်ကြောင်း သိရသည်။

    ၂၀၁၃-ခု မတ်လ ၂၀-နေ့မှ စတင်ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာမှ ယနေ့မှစတင်၍ ညမထွက်ရ အမိန့်ကို ပယ်ဖျက် ရုပ်သိမ်းလိုက်ကြောင်း မိတ္ထီလာမြို့ခံများမှ သတင်းပေးပို့ ပြောကြားခဲ့ပါသည်။

    ဘာသာပေါင်းစုံမှကိုယ်စားလှယ်များ ပါဝင်သော ငြိမ်းချမ်းရေးဆုတောင်းမှုတစ်ခုကိုလည်း နှစ်ကူးည သန်းခေါင်းယံအချိန်တွင် မိတ္ထီလာကန် တံတား ပေါ်တွင် မိတ္ထီလာ အာဏာပိုင်များမှ ဦးဆောင်ပြုလုပ်ခဲ့ကြပြီးြိငိမ်းချမ်းရေးနှင့် ချစ်ကြည်ညီညွတ်ရေးအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ပြုလုပ်ခဲ့ကြောင်းသိရသည်။

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ရုရှ အာကာသယာဉ်မှူးများအာကာသထဲကို ထွက်၍ ကင်မရာ တပ်ဆင်

    နိုင်ငံတကာ အာကာသစခန်း (ISS) ရဲ့ ရုရှနိုင်ငံအပိုင်းမှာ ကနေဒါက UrtheCast (earth cast) ကုမ္ပဏီအတွက် ကင်မရာနှစ်လုံး တပ်ဆင်ဖို့ ရုရှ အာကာသယာဉ်မှူးOleg Kotov နဲ့ Sergey Ryazanskiy တို့ဟာ ဒီဇင်ဘာ ၂၇ရက်က ၇ နာရီအကြာ အာကာသထဲကို ထွက်ပြီး တပ်ဆင်ခဲ့ကြပါတယ်။ တစ်လုံးကအရည်အသွေးမြင့် 4K ဓါတ်ပုံများရိုက်နိုင်ပြီး နောက်တစ်လုံးက သာမန် ဓါတ်ပုံရိုက်ဖို့ပါ။ ISS ဟာ တစ်ရက်မှာ ကမ္ဘာကို ၁၆ကြိမ် ပါတ်ပါတယ်။ နောက်လအနီးငယ်အကြာမှာ UrtheCast ဝဘ်ဆိုက်ကနေ အာကာသကနေမြင်ရတဲ့ အရည်အသွေးမြင့် ဓါတ်ပုံတွေ၊ ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ လစဉ်ကြေးပေးထားသူတွေအတွက့် ကိုယ်အိမ်ရှိရာကို ပြသတဲ့ 4K ဓါတ်ပုံများ ဘယ်အချိန် တွေ့ရနိုင်မလဲ အသိပေးတာမျိုး၊ အထူးကြေး ပေးဆောင်သူတွေအတွက် လိုအပ်တဲ့ နေရာကို ရိုက်ကူးပေးတာမျိုး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ သာမန်အဆင့် ကင်မရာက ပုံတွေကိုတော့ အခမဲ့ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

    photo.php
    ____________________________
    ရုရှနိုင်ငံ ဒုံးပျံ အသစ် လွှတ်တင်

    ရုရှနိုင်ငံဟာ ဒီဇင်ဘာ ၂၈ရက်က ဆိုယုဇ် 2.1v ဒုံးပျံ အသစ်ကို လွှတ်တင်ခဲ့ပါတယ်။ ဒီဒုံးပျံဟာ ကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တုတစ်လုံးကို သယ်ဆောင်သွားပါတယ်။ အခု ဆိုယုဇ် 2.1v ဒုံးပျံ အသစ်ကို ပထမဆုံးအကြိမ် အဖြစ်လွှတ်တင်တာ ဖြစ်ပြီး အရင် ဆိုယုဇ် ဒုံးပျံ ကို အင်ဂျင်အသစ် ဒစ်ဂျစ်တယ် လမ်းညွှန်စံနစ်တို့ တပ်ဆင်ထားပါတယ်။

    23Soyuz_2_metop
    ____________________________
    Samsung ရဲ့ ၁၁၀ လက်မ ကမ္ဘာ့ အကြီးဆုံး ultra HD TV

    Samsung ဟာ အခု နှစ်သစ်မှာ ၁၁၀ လက်မ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ultra HD TV ကို ရောင်းချဖို့ ယခင် အပါတ်က ပြသခဲ့ပါတယ်။ဒီတီဗွီရဲ့ အမြင့်ကတော့ ၅.၉ ပေရှိပြီး အကျယ်ကတော့ ၈.၅ ပေရှိပါတယ်။ နောက်ထပ် ထူးခြားတဲ့ တီဗွီတစ်မျိုးကတော့ ၁၀၅ လက်မကြီးပြီး ကွေးညွတ်ထားတဲ့ မျက်နှာပြင် နဲ့ ဖြစ်ပါတယ်။ အာရှနဲ့ ဥရောပ နိုင်ငံတွေမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

    1
    ____________________________
    အမေရိကန်ရဲ့ လေဆာလက်နက်

    အမေရိကန် စစ်တပ်အတွက် Boeing ကုမ္ပဏီက မောင်းသူမဲ့ drones လေယာဉ်တွေကို ပစ်ခတ်ဖို့ လေဆာလက်နက်ကို သုတေသနပြု တည်ဆောက်နေပါတယ်။ အရင် အပါတ်က မော်တော်ယာဉ်ပေါ်မှာ တပ်ဆင်ထားတဲ့ လက်နက်ကို နယူးမက္ကဆီကိုပြည်နယ်ရှိ အခြေစိုက်စခန်းမှာ စမ်းသပ်ခဲ့ရာမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ လေဆာလက်နက်နဲ့ ပစ်ခတ်ရာမှာ ကုန်ကျစရိတ် အထူးသက်သာတဲ့အတွက် နောင်တစ်ချိန်မှာ တိုက်သင်္ဘောတွေမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိစမ်းသပ်တဲ့ လေဆာ ပြင်းအားကတော့ ၁၀ကီလိုဝပ် ရှိပြီး ၁၀၀ ကီလိုဝပ်ကို ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

    1501868_10152107215313166_1347601956_n

  • လူ နှစ်သောင်းကျော် ပါဝင်သော မွတ်စလင် ညီလာခံ တစ်ခု ကနေဒါတွင် ကျင်းပပြီးစီး

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media

    Ambassador-Shabazz-588x392
    – ကနေဒါမွတ်စလင်များမှ ဦးဆောင်၍ Reviving Islamic Spirit ခေါင်းစဉ်ဖြင့် ညီလာခံတစ်ခုကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ပြီးခဲ့သည့် သောကြာနေ့မှစ၍ တနင်္ဂနွေနေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    ထိုညီလာခံသို့ ကမ္ဘာ့တစ်ဝှမ်းရှိ အစ္စလာမ့် ဓမ္မပညာရှင်များအပါအ၀င် လူ ၂၀၀၀၀ ခန့်တက်ရောက်ခဲ့ကြပြီး၊ ပညာရှင်များက မွတ်စလင်လူ့အဖွဲ့အစည်းတွင်း တစ်ဦးချင်း၊ အသင်းအဖွဲ့နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြောင်းလဲမှုများ ပြုလုပ်ကြရန် ဦးစားပေး မိန့်ကြားခဲ့ကြသည်။

    “မွတ်စလင်ဆိုတာ ရည်မှန်းချက် ကြီးမားတဲ့သူတွေကို ခေါ်တာပါ။ ဘယ်အရာကမှ ဖျက်ဆီးတာကို ခွင့်မပြုပါနဲ့” ဟု ဗြိတိန်မှ မွတ်စလင်ပညာရှင် ရှိခ် ဇာဟီရ် မဟ်မူဒ်က ပြောကြားခဲ့သည်။

    ထိုပွဲသို့ မွတ်စလင်အကြောင်းလေ့လာသည့် Gallup Center မှ အမှုဆောင်ဒါရိုက်တာနှင့် အကြီးတန်းဆန်းစစ်လေ့လာသူ ဒါလိုင်း မိုဂါဟဒ်နှင့် Gorgetown တက္ကသိုလ် ဘာသာတရားနှင့် နိုင်ငံတကာ ရေးရာဌာနမှ ထင်ရှားသည့် ပါမောက္ခ ဒေါက်တာ ဂျွန်အက်စပိုစီတို တို့လည်း တက်ရောက်ခဲ့ကြသည်။

    ဂျွန်အက်စပိုစီတိုက “မွတ်စလင်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်ပိုင်းဖြစ်ပြီး၊ ဒုက္ခပေးနိုင်တဲ့ အစိတ်အပိုင်းတွေ မဟုတ်ပါဘူး။ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် တကယ့်စိန်ခေါ်မှုကတော့ သူတို့ရဲ့ ရင်းမြစ်ကောင်းတွေကို မဟာဗျူဟာချမှတ်ပြီး အသုံးချဖို့ပါ” ဟု ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဒေါက်တာ ဆက်ရက် ဟူစိန် နဆာရ်က ‘Sacred Science and the Environmental Crisis’ ခေါင်းစဉ်ဖြင့် သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင်းကို ဆွေးနွေးတင်ပြခဲ့သည်။ ဒေါက်တာ နဆာရ်မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီရှိ ဂျော့ဂ်ျ ၀ါရှင်တန် တက္ကသိုလ် အစ္စလာမ်လေ့လာမှုဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသည်။

    ထို့ပြင် မွတ်စလင်တို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်နှင့် အခြားသော နယ်ပယ်ပေါင်းစုံအတွက် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ပညာရှင်များက တင်ပြဆွေးနွေးခဲ့ကြသည်။ ထိုပွဲသို့ အမေရိကန်နိုင်ငံရေးတွင် ထင်ရှားသည့် မွတ်စလင်ခေါင်းဆောင် တစ်ဦးဖြစ်သည့် မဲလ်ကွန်အိက်စ်၏ အကြီးဆုံး သမီးဖြစ်သူ ရှာဘတ်စ်ကလည်း အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့သည်။

    “အစ္စလာမ်ရဲ့ သွန်သင်ချက်တွေကို အသုံးချပြီး ကိုယ့်အကျိုးတွက်လုပ်တဲ့ မွတ်စလင်မဖြစ်ရပါဘူး။ အစ္စလာမ်မှာ ကျွန်မတို့ရဲ့ ညီရင်းအကို မောင်ရင်းနှမ စိတ်ဓာတ်ဆိုတာ အခြားအရာတွေနဲ့ ကွဲပြားပါတယ်” ရှာဘတ်စ်က ပြောကြားခဲ့သည်။

    ကနေဒါ ကိန်းဂဏန်းတွက်ချက်ရေး အေဂျင်ဆီ၏ စစ်တမ်းအရ အစ္စလာမ်သာသနာမှာ ကနေဒါတွင် ပြန့်ပွားမှုအမြန်သုံး အယူဝါဒဖြစ်ပြီး၊ ကနေဒါလူဦးရေ၏ ၃.၂ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
    Ref: OnIslam