News @ M-Media

Blog

  • ကလေး တစ်ယောက် ပေါ်လစီအား ဖြေလျော့ပေးရန် တရုတ် အာဏာပိုင်များဆွေးနွေး

    ဒီဇင်ဘာ ၂၇ ၊ ၂၀၁၃
    M-Media
    51343454-one_child_policy
    – ကလေးတစ်ယောက်ပေါ်လစီအား ဖြေလျှော့ပေးရန် မူကြမ်းတစ်ခုကို စတင်ဆွေးနွေးနေပြီး၊ ဥပဒေဆိုင်ရာလုပ်ငန်းများကိုလည်း တရုတ်အစိုးရက စတင်လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

    ဘေဂျင်းမြူနီစီပယ်ဌာန၏ မိသားစုနှင့် လူဦးရေအစီအစဉ် ဥပဒေ၏ ပြင်ဆင်ချက်မူကြမ်းကို မြူနီစီပယ်ပြည်သူ့ကွန်ဂရက်မှ စစ်ဆေးနေခြင်းဖြစ်ဖြစ်ပြီး ထိုပြင်ဆင်ချက်အား ဥပဒေပြဌာန်းပြီးပါက လာမည့်နှစ် မတ်လတွင် စတင်ကျင့်သုံးနိုင်မည်ဖြစ်သည်။

    ထိုမူကြမ်းအရ ဇနီးမောင်နှံနှစ်ဦးတွင် တစ်ဦးက မိသားစု၏ တစ်ဦးတည်းသော သားသမီးဖြစ်ပါက ကလေးနှစ်ဦးယူခွင့်ရမည်ဖြစ်သည်။ ယခုလက်ရှိ ကျင့်သုံးနေသည့် ဥပဒေမှာ ဇနီးမောင်နှံနှစ်ဦး စလုံး တစ်ဦးတည်းသော သားသမီးဖြစ်မှသာ ကလေးနှစ်ဦး ယူခွင့်ရသည်။ ထိုဥပေဒအား ၁၉၇၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး တရုတ်ပြည်သူအချို့နှင့် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသော ဥပဒေဖြစ်သည်။

    Ref: ဆင်ဟွာ

  • အာဂျင်တီးနားနိုင်ငံတွင် အသားစားငါးများ တိုက်ခိုက်မှုကြောင့် လူ ၇၀ ခန့် ဒဏ်ရာရရှိ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media

    piranhas-injure-60-argentina.si
    – အာဂျင်တီးနားနိုင်ငံ ရိုစာရီယိုပြည်နယ်တွင် အသားစားငါးတစ်မျိုးက ရေချိုးနေသူများအား တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း ပြတ်တောက်ခြင်းများ အပါအ၀င် လူ ၇၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ရိုစာရီယိုပြည်နယ် Rambla Catalunya ဒေသရှိ ပရာနာ မြစ်တွင် ခရစ္စမတ်နေ့၌ အပူမှ သက်သာရန် လူ ၉၀၀၀ ခန့်က ရေစိမ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ရုတ်တရတ် အပူချိန်မြင့်တက်လာမှုကြောင့် ဖြစ်ပွားခြင်းဖြစ်မည်ဟု ယူဆရကြောင်း တိုက်ခိုက်ခံရသည့် လူအများစု၏ ဒဏ်ရာမှာ မပြင်းထန်ဘဲ  အသက် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးမှာ လက်ချောင်းအချို့ ပြတ်တောက်ခဲ့ရကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အခင်းဖြစ်ပွားပြီးနောက် အာဏာပိုင်းများက ထိုမြစ်ထဲသို့မဆင်းရန် ညွှန်ကြားခဲ့သော်လည်း အပူချိန်အလွန်မြင့်မားသောကြောင့် နာရီဝက်အကြာတွင်ပင် လူများမှာ ပြန်လည်ဆင်းသက်ခဲ့ရသည်။

    Ref: RT

  • လယ်ယာမြေ (သို့) ကာလတန်ဖိုးကို ရချင်တဲ့ မြေယာသိမ်းခံ တောင်သူ လယ်သမားများ

    လယ်ယာမြေ (သို့) ကာလတန်ဖိုးကို ရချင်တဲ့ မြေယာသိမ်းခံ တောင်သူ လယ်သမားများ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    သီရိ

    DSC02623

    ရန်ကုန်  ။         ။          မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျဲ၊ နုံးကြီး၊ ကန့်သတ် ကျေးရွာများရှိ ယာမြေများကို ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃) မှသိမ်းယူထားခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ချင်ပြစ်ကျင်းကျေးရွအုပ်စု နွယ်အင်းကျေးရွာတွင် တည်ရှိသော လှိုင်းချောင်း ရေလှောင်တမံ စီမံကိန်းမှ မြေယာသိမ်းခံတောင်သူများ၏ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၂၇-ရက်နေ့တွင် MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

    မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ကျောရွာ၏မြောက်ဖက် ၁၄ မိုင်ခန့်အကွာဝင် တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် (၂၃) စက်ရုံကြီးများ တည်ဆောက်နိုင်ရန် အတွက် ၂၀၀၇/၂၀၀၈ ခုနှစ်တွင် လယ်ယာမြေများ ပေါ်သို့ဖြတ်ကာ စတင်ဖောက်လုပ်ခဲ့ ပါသည်။ “ကပစ-၂၃ တည်ဆောက်ဖို့အတွက် ရွာသုံးရွာကိုသိ မ်းဆည်းထားတယ်၊ ဧက ၁၄၀၃.၈၁ ကိုသိမ်းထားတယ် သူတို့ပြောတာ တပ်မတော် အနာဂတ်စီမံကိန်းတဲ့ ဒါကို
    ကျွန်တော်တို့ နှောင့်ယှက်လိုခြင်း မရှိပါဘူး ဒါပေမဲ့ကျွန်တော်တို့ကို နစ်နာကြေးဆိုပြီး ပေးတာတွေက တစ်ဧကကို (၁၁၈) ကျပ်ပဲပေးတယ် ပြောတော့ တောင်သူတွေကို မနစ်နာစေရပါဘူးတဲ့ ၂၀၀၉ မှာ ခေတ်ကာလပေါက်ဈေးမှာ ၁ ဧကကို ၃၅သိန်းရှိတယ်။
    အိမ်တွေနဲ့ပတ်သက်ပြီးလျော်ကြေးပေးတော့လည်း မျှတမှု မရှိဘူး ကျွန်တော်တို့ကတော့ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို ၂၀၀၈/၂၀၀၉ ပေါက်ဈေးအတိုင်း လိုချင်တာပေါ့ဗျာ စက်ရုံဆောက်ပြီး သုံးလို့ရနေသေးတဲ့ လယ်ယာမြေတွေကိုလည်း ပြန်လိုချင်တယ် ” ဟု လယ်ယာမြေ သိမ်းခံထားရသော ကန့်သတ်ရွာသား ဦးအောင်နိုင်ဦး မှ ပြောကြားသွားခဲ့ပါသည်။

    လှိုင်းချောင်းရေလှောင်တမံ တည်ဆောက်စဉ်က ဒေသခံတောင်သူများသည် လယ်ဧကပေါင်း ၃၅၀-ကျော်ကို နစ်နာကြေး လုံးဝမရရှိဘဲ အသိမ်းခံခဲ့ ကြရသည်။ ရေသောက်ဧရိယာ ဧက ၁၀၀၀ ကျော်ရေဝေပေးနိုင်မည်ဟု တမံ တည်ဆောက်စဉ်ကသတ်မှတ်ခဲ့သော်လည်း တမံပြီးစီးသည့်နေ့ မှစ၍ ယနေ့ထက်တိုင် ၁ ဧကကိုပင် ရေပေးနိုင်ခြင်း မရှိခဲ့ပါ။ ထိုတမံတည်ဆောက်ခြင်း ကြောင့် ဒေသခံတောင်သူများ လယ်ယာမြေဧက ၃၅၀ ကျော် သိမ်းဆည်း ဆုံးရှုံး နစ်နာခဲ့ရသည်။ “တောင်သူတွေမှာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်၊ အိမ်ရှိ လူကုန်ထွက်ပြီး အလုပ်လုပ်နေရတယ်၊ ကျောင်းတက်မယ့် ကလေးငယ်တွေတောင် ကျောင်းမှာ မရှိသလောက်ဖြစ်နေတယ်၊ ဆုံးရှုံးသွားတဲ့လယ်ယာတွေကိုလျော်ကြေး မပေးတဲ့အပြင် မြေတွေကိုကော်ဖို့ ဘူဒိုဆာ နဲ့ထိုးတာကို တစ်အိမ်ကို ကျပ် ၅၀၀ ပြန်ကောက်တယ်၊ ကျွန်တော်တို့ကတော့ လယ်ယာမြေကိုပြန် လိုချင်တယ် အဲလိုမှမဟုတ်ရင်လဲ ကာလပေါက်ဈေးနဲ့ညီတဲ့ လျော်ကြေးငွေကို လိုချင်တယ်၊ မရ ရအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှ ဖြစ်ပါတယ်။ ”
    ဟု ဦးညီညီအောင်မှ ပြောကြားခဲ့ပါသည်။

  • ခရစ်စမတ်သစ်ပင် ပါလီမန်တွင် ထားရန် အစ္စရေး လွှတ်တော်ဥက္ကဌ ခွင့်မပြု၊

    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media

    ခရစ်စမတ်သစ်ပင် ပါလီမန်တွင် ထားရန် အစ္စရေး လွှတ်တော်ဥက္ကဌ ခွင့်မပြု၊ လူမြင်ကွင်းမှာ ထားခြင်းမှာ ဂျူးများကို စော်ကားခြင်းဖြစ်ဟုပြော

    541bcfe9-35fc-4363-8dab-2345af5a219d_16x9_788x442
    – ဂျူးလူမျိုးများအကြား နာကျင်သောအမှတ်ရမှုများအား ပြန်လည်သတိရစေသောကြောင့် ခရစ္စမတ်သစ်ပင်ကို ပါလီမန် အဆောက်အဦးတွင် ထားရှိခြင်းအား အစ္စရေးပါလီမန်ဥက္ကဌ ယူလီ အီဒဲလ်စတိန်က ငြင်းဆိုခဲ့သည်ဟု သိရသည်။

    ခရစ်ယာန်တို့၏ အမှတ်အသားဖြစ်သည့် ထိုခရစ္စမတ်သစ်ပင်အား လူမြင်ကွင်းတွင် ထားရှိခြင်းမှာ စော်ကားမှု တစ်ရပ်ကို ဖော်ပြခြင်းအဖြစ် အီဒဲလ်စတိန်က အစ္စရေး ရေဒီယိုသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။ ဂျူးလူမျိုးများမှာ ခရစ်ယာန်များ၏ နှိပ်စက်ညှင်းပန်းမှုကို ရာစုနှစ်များစွာကြာ ခံစားခဲ့ရသည်။

    ယခုသီတင်းပတ်အစောပိုင်းက အာရဗ် ခရစ်ယာန် အမတ်တစ်ဦးက ပါလီမန်တွင် ခရစ္စမတ်သစ်ပင် ထားရှိရန် တောင်းဆိုမှုအား အီဒဲလ်စတိန်က ပယ်ချခဲ့ပြီး ပါလီမန်အမတ်များအနေဖြင့် ခရစ္စမတ်သစ်ပင်ကို ၎င်းတို့၏ရုံးခန်းနှင့် ပါတီ၏အစည်းအဝေးခန်းမတွင်သာ ထားရှိရမည်ဖြစ်ကြောင်း၊ ထို့ကဲ့သို့ ခရစ္စမတ်သစ်ပင်ထားခြင်း ခွင့်ပြုခဲ့ပါက နောက်ပိုင်းတွင် လက်ဝါးကပ်တိုင်နှင့် လခြမ်းကိုပါထားရန် တောင်းဆိုမှုနှင့် ကြုံတွေ့လာရနိုင်ကြောင်း ၎င်းက ထပ်လောကာင်းပြောကြားခဲ့သည်။

    Ref: AP

    ဓါတ်ပုံအညွှန်း ခရစ်တော်မွေးဖွားရာ ပါလက်စတိုင်းနယ်မြေအတွင်းရှိ အနောက်ဘက်ကမ်းဒေသ ဘက်သလီဟမ်တွင် ခရစ်စမတ်နေ့ အခမ်းအနား ကျင်းပစဉ်

  • မန္တလေး ဧရာဝတီမြစ်ကမ်း ချော်ဆိပ်၌ သင်္ဘောတစ်စီးပေါက်ကွဲမှုဖြစ်

    မန္တလေး ဧရာဝတီမြစ်ကမ်း ချော်ဆိပ်၌ သင်္ဘောတစ်စီးပေါက်ကွဲမှုဖြစ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    သုတ

    891719_10200930780182793_279645180_o

    မန္တလေး ။        ။   မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ဧရာဝတီမြစ်ကမ်း ချော်ဆိပ်တွင် ရပ်ထားသော သင်္ဘောတစ်စီးမှ ယနေ့ နံနက် ၉း၁၅-နာရီ ၀န်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    ၎င်းပေါက်ကွဲမှုအရှိန်ကြောင့် သင်္ဘောကိုယ်ထည်နောက်ပိုင်း အမိုးနှင့် လွင့်စင်လာပြီး သင်္ဘောပေါ်မှ အပျက်အစီးအပိုင်းအစများလည်း ကမ်းပေါ် အထိ လွင့်စင်လာကြောင်း သိရသည်။

    “အသံအကျယ်ကြီးကြားလိုက်ရပြီး ကျွန်မတို့ အိမ်တွေတောင် တုန်သွားတယ်။ ဘာဖြစ်မှန်း မသိလိုက်ကြတော့ လန့်သွားတယ်။ နောက် ကမ်းနားဘက် ကနေ အပိုင်းအစတွေ ကမ်းပေါ်ကို လွင့်စင်လာတာ။ သင်္ဘောရဲ့ နောက်ပိုင်း အမိုးကြီးတောင် လွင့်လာတယ်။ လူတွေလည်း သေမယ်ထင်တယ်။ လူနာတင်ကားတွေ တော်တော်များများ ရောက်လာတယ်။ ကမ်းပေါ် လွင့်စင်လာတဲ့အထဲမှာ အသားအပိုင်းစတွေရော၊ ဖိနပ်တွေရော တွေ့တယ်။
    လူအသေအပျောက်တော့ ရှိလိမ့်မယ်။”ဟု ပေါက်ကွဲမှုအား မျက်မြင်တွေ့လိုက်ရသူ ချော်ဆိပ်အနီးနေထိုင်သည့် အမျိုးသမီးတစ်ဦးမှ ပြောပြပါတယ်။

    “နေရာက ဧရာဝတီမြစ်ကမ်း၊ ချော်ဆိပ်ပါ။ နေပူရွာနဲ့ တည့်တည့်မှာပါ။ သင်္ဘောက ရေသေမှာလည်းသွားတဲ့ ဗိုက်ပြား သင်္ဘောပါ။ သင်္ဘောက မြောက်ဘက်ကို ဦးတည်ထားတယ်ဆိုတော့ အထက်ဆန်တက်မယ့် သင်္ဘောလို့ ယူဆရတယ်။ အထက်ပိုင်းကို အုတ်ထုံးသဲကျောက်ပို့တဲ့ သင်္ဘောပါ။ သင်္ဘောခါးကျိုးသွားတော့ အုတ်ထုံးသဲကျောက်တွေလည်း ရေထဲ မြှုပ်ကုန်ပြီ။ တင်ထားတဲ့ ကျောက်တုံးတွေလည်း ပေါက်ကွဲတဲ့အရှိန်ကြောင့် ကမ်းပေါ်ထိ လွင့်ပျံလာလို့ လူတချို့ထိတယ်လို့ သိရတယ်။ အခုထိတော့ လူ၃-ယောက် ပျောက်နေတယ်ပြောတယ်။ မီးသတ်ကားတွေ၊ လူနာတင် ကားတွေရော ရဲတွေရော ရောက်နေတယ်။ ဘာကြောင့် ပေါက်ကွဲမှုဖြစ်တယ်လို့တော့ မသိသေးပါဘူး”လို့ မန္တလေးမြို့ခံတစ်ဦးမှလည်း M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

    အဆိုပါသဘောမှာ ကျောက်တုံးများ တင်ဆောင်လာပြီး ကမ်းနားတွင် ရပ်နားထားချိန် gas အိုး သို့မဟုတ် လေအိုးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများ ရှိပြီး မည်သည်ကြောင့် ပေါက်ကွဲသည်ကို အတိအကျ မသိရှိရသေးပါ။

     

    သင်္ဘောပေါက်ကွဲမှု ဓါတ်ပုံများ