News @ M-Media

Blog

  • ဒီဇင်ဘာ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    KEAP အဖွဲ့အား တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေးအဖွဲ့က ကန့်သတ်၍ တင်းမာမှု ဖြစ်ပွား

    – တရားမ၀င်ကုန်သွယ်မှုထိန်းချုပ်ရေးအဖွဲ့က ကရင်ငြိမ်းချမ်းရေးအဖွဲ့ဖြစ်သည့် နောင်ရိုးအထူးဒေသအဖွဲ့ (KEAP) အဖွဲ့မှ မြ၀တီ-ရန်ကုန်လမ်း၊ ဒိုက်ဦးလမ်းဆုံအနီး ညောင်ခါးရှည်ရွာတွင် ဒီဇင်ဘာလဆန်းပိုင်းက သယ်ဆောင်လာသော ကုန်ပစ္စည်းများစစ်ဆေး ထိန်းသိမ်းခဲ့ပြီး နောက်ရက်တွင် KEAP အဖွဲ့မှ လက်နက်ကိုင် လူအင်အား ၁၀-ဦးကျော်ဖြင့် လာရောက်ပြန်လည် ယူဆောင်သွားခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်အစုံ တပ်ဆင် ပေးလိုက်ကြောင်း သိရသည်။
    ________________________

    ရထားလမ်းစီမံကိန်း နစ်နာမှု တောင်သူများ ယခုထိ လျော်ကြေးမရရှိသေး

    – ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာနှင့် ကျောက်တော်မြို့အထိ ဖောက်လုပ်ခဲ့ပြီး လွန်ခဲ့သော ၃-နှစ်နီးပါးကတည်းမှ ပြေးဆွဲနေ သည့် ရထားလမ်းစီမံကိန်းကြောင့် ဆုံးရှုံးခဲ့ရသည့် လယ်ယာမြေများအတွက် ယနေ့အထိ လျော်ကြေးတစ်စုံတစ်ရာ မရရှိသေးဟု ဒေသခံ တောင်သူ များက ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ၂၀၁၅-ခုနှစ်တွင် မပြသနိုင်သေး

    – ၂၀၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃-ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အမီ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင်ပြသရန် စီစဉ် ထားသည့် ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ ပြသရန် မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးဇာဂနာက မိဇ္ဈိမသို့ သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    ၂၀၁၃-ခုနှစ် မကုန်မီ ကျန်ရှိနေတဲ့ နိုင်ကျဉ်းများ လွတ်မြောက်ရေး ကြိုးပမ်း

    – ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းသားများ ၂၀၁၃ အကုန်မှာ မရှိစေရဆိုသည့် သမ္မတ၏ ကတိစကား အတိုင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ကြိုးစားဆောင်ရွက်နေကြပြီး နောက်ဆုံးလက်ကျန်စာရင်းအရ အကျဉ်းကျသူ ၃၈-ဦးနဲ့ အမှု ရင်ဆိုင်နေရသူ ၂၀၀ ကျော်ရှိကြောင်း လက်ကျန်နိုင်ငံရေါ် အကျဉ်းသားစိစစ်ရေး ကော်မတီအဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း AAPPB ၏ အတွင်းရေးမှူး ဦးဘိုကြည်မှ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    အပိုလို ၈ ရဲ့ ၄၅ နှစ်မြောက် နှစ်ပါတ်လည် ဗွီဒီယို

    NASA ရဲ့ ပထမဆုံး လကိုသွားတဲ့ အပိုလို ၈ ၄၅ နှစ်မြောက် နှစ်ပါတ်လည်အဖြစ် ဗွီဒီယို တစ်ခု ဖန်တီးလိုက်ပါတယ်။ အာကာသယာဉ်မှူးတွေအဖို့ အထူးခြားဆုံး မြင်ကွင်းကတော့ ၁၉၆၈ ဒီဇင်ဘာ ၂၄ ရက် မနက် ၁၀ နာရီခွဲ ကျော်ကျော် လောက်မှာ လရဲ့ မျက်နှာပြင် အစွန်းကနေ ကမ္ဘာကြီး ထွက်ပေါ်လာတောပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အပိုလို ၈ မှာ တပ်ဆင်ထားတဲ့ ကင်မရာက ရိုက်ကူးခဲ့တဲ့ ပုံတွေနဲ့ တည်နေရာ နဲ့ အာကာသယာဉ်မှူးတွေ ရိုက်ကူးခဲ့တဲ့ ပုံတွေ အသံတွေကို Lunar Reconnaissance Orbiter ကပေးတဲ့ အခက်အလက်တွေနဲ့ ပေါင်းစပ်ပြီး ဒီဗွီဒီယို ကို ဖန်တီးလိုက်တာဖြစ်ပါတယ်။ အာကာသယာဉ်မှုးတွေ မြင်ခဲ့ရသလို မြင်ကွင်းမျိုး ဒီဗွီဒီယို မှာ မြင်ရမှာ ဖြစ်ပါတယ်။

    ———————————————————–
    လူငယ်ကျောင်းသားများ ရဲ့ 3D printer

    လက်ရှိ ဈေးကွက်ထဲက 3D printer တွေဟာ ဈေးကြီးလွန်းတာကြောင့် ကောလိပ်ကျောင်းသား လေးဦး 3D printer တစ်ခုကို တီထွင် ထုပ်လုပ်လိုက်ပါတယ်။ deltaprintr ရဲ့ nozzleခေါင်း ရွေ့လျားမှုဟာ polar coordinate နဲ့ ရွေ့လျားတာကြောင့် ဈေးကွက်ထဲက 3D printer တွေ Cartesians coordinate နဲ့ ရွေ့လျားတာထက် ပိုမိုမြန်ဆန်တယ်လို့ ဆိုပါတယ်။ အနုစိတ်မှုမှာလည်း 100 micron resolution ရှိတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ 680 $ လောက် သတ်မှတ်ထားပြီး ရံပုံငွေအတွက် ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ kit များကိုလည်း ဝယ်ယူအားပေးနိုင်ပါတယ်။

    photo.php——————————————-

    အာကာသယာဉ်မှူးများ အာကာသထဲထွက် ပြင်ဆင်မှု အောင်မြင်

    နိုင်ငံတကာ အာကာသစခန်းISS မှာ ချွတ်ယွင်းနေတဲ့ အအေးပေးစံနစ်ကို ပြုပြင်ဖို့ ammonia pump ပြောင်းလဲ တပ်ဆင်တဲ့ အလုပ်ကို အာကာသယာဉ်မှူး Rick Mastracchio နဲ့ Mike Hopkins တို့ဟာ စုစုပေါင်းလိုက်ရင် ၅နာရီ ၂၈မိနစ်ကြာ အာကာသထဲမှာ ထွက်ပြီး အလုပ်လုပ်ခဲ့ရပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေက ဒီ လုပ်ဆောင်မှုဟာ အောင်မြင်စွာပြီးဆုံးခဲ့ပြီး ကျန်ရှိနေတဲ့ ပမ့်မော်တာ ပြောင်းလဲတပ်ဆင်တဲ့ အလုပ်ကိုတော့ အင်္ဂါနေ့မှာ လုပ်ဆောင်မှာ ဖြစ်ပါတာယ်။

    1527116_10152088175968166_1217315669_n

    ကြယ်ပေါင်း တစ်ဘီလီယံ ကို မြေပုံထုတ်မည့် Gaia ဂြိုဟ်တု

    ဥရောပ အာကာသအေဂျင်စီဟာ နဂါးငွေ့တန်း ဂလက်ဆီရဲ့ ကြယ်ပေါင်း တစ်ဘီလီယံ ကို သုံးဘက်မြင် တည်နေရာမြေပုံထုတ် နိုင်ဖို့ 1,000-megapixel ကင်မရာ ဒါဇင်ကျော် တပ်ဆင်ထားတဲ့ Gaia ဂြိုဟ်တု ကို ကြာသပတေးနေ့ (၁၈ ဒီဇင်ဘာ)က လွှတ်တင်လိုက်ပါတယ်။ ဒီဂြိုဟ်တုကို ၂၀၀၆ခုနှစ်က စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး နဂါးငွေ့တန်း ဂလက်ဆီရဲ့ အကြောင်းကို ပိုမို သိရှိနားလည်ဖို့နဲ့ အာကာသ အချိန် တည်နေရာ ကွေးညွတ်မှုကဲ့သို့ ရူပဗေဒ တွက်ချက်မှုများကို လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။

    1495503_10152088176813166_1689485550_n

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ဒီဇင်ဘာ ၂၃ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    ဆီးရီးယားအစိုးရတပ် လေကြောင်းမှ ဗုံးကြဲ ကလေးငယ်များအပါဝင် လူ ၅၆ ဦးသေဆုံး

    – ဆီရီးယားနိုင်ငံမြောက်ပိုင်း အလစ်ပိုမြို့တွင် အစိုးရတပ်မှ  ယမန်နေ့က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကလေးငယ်များ အပါအ၀င် အနည်းဆုံး ၅၆ ဦးသေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီယားလူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ အလစ်ပိုမြို့ရှိ မာဆာကန်ဟာနာနိုဒေသကို ပစ်မှတ်ထားကာ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး၊ တစ်ပါတ်ရစ် ပစ္စည်းများရောင်းသည့် နှစ်ထပ်အဆောက်အဦးအား ထိမှန်ခဲ့ခြင်းဖြစ်သည်။ အစိုးရက သူပုန်များအား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းမှာ ၈ ရက်မြောက်လာခဲ့ပြီဖြစ်ပြီး အရပ်သား အများအပြား သေဆုံးခဲ့ကြသည်။

    Ref: aljazeera

    201312231304791734_20

    …………………………

    အားလပ်ရက် ခရီးသွားကာလ လုံခြုံရေး သြဇီရဲတပ်ဖွဲ့ အဓိကထား

    – လာမည့်အားလပ်ရက်အတွင်း လေယာဉ်စီးမည့် ခရီးသည်များ အနေဖြင့် လေဆိပ်နှင့် လေယာဉ်ပေါ်တွင် မသင့်လျော်သော အပြုအမူများပြုလုပ်ပါက လုံးဝသည်းခံမည် မဟုတ်ဟု သြစတေးလျ တရားရေးဝန်ကြီး မိုက်ကယ် ကီးနန်က ယနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတိပေးပြောကြားခဲ့သည်။

    လေယာဉ်ဝန်ထမ်းများကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ၊ ခြိမ်းခြောက်မှုများနှင့် လေယာဉ်၏လုံခြုံရေးအား ထိခိုက်စေမှုများ ပြုလုပ်ပါက အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်မည်ဖြစ်ပြီး လေယာဉ်များ၏ လုံခြုံရေးအတွက် သြစတေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့မှ လိုက်ပါစောင့်ကြပ်သွာမည်ဖြစ်ကြောင်း ကီးနန်က ထည့်သွင်းပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    …………………………

    ငါးဖမ်းလုပ်ငန်းဆိုင်ရာ အငြင်းပွားမှု ရှင်းရန် သိရိလင်္ကာဝန်ကြီး အိန္ဒိယသွား
    – နှစ်နိုင်ငံဖြစ်ပွားနေသည့် ငါးဖမ်း လုပ်ငန်းဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သီရိလင်္ကာ ရေလုပ်ငန်းဝန်ကြီး ရာဂျီသာ ဆီနာရန်သီမှာ လာမည့်သီတင်းပတ်များအတွင်း အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု သိရသည်။ ငါးခိုးဖမ်းမှုကြောင့် ဖမ်းဆီးထားသည့် ရေလုပ်သားအရေအတွက်မှာ နှစ်နိုင်ငံပေါင်း ၄၀၀ ကျော်ရှိပြီး ထိုကိစ္စအား ဖြေရှင်းရန် ဆီနာရန်သီမှာ အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဖြစ်ပြီး ခရီးစဉ်အသေးစိတ်ကိုမူ ထုတ်ပြန်ပြောကြားခြင်းမရှိသေးပေ။ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံ အကြားတွင် ငါးခိုးဖမ်းမှုနှင့် ပက်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားနေခဲ့သည့်မှာ ကာလကြာရှည်နေပြီး လွန်ခဲ့သည့် လအနည်းငယ်ခန့်မှစတင်ကာ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခဲ့ကာ နှစ်နိုင်ငံအကြားတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

    Ref: ဆင်ဟွာ

  • သမ္မတဘုရှ် မှ NSA ကို ကြားဖြတ်ထောက်လှမ်း စတင် ခွင့်ပြုခဲ့ပုံကို အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာ ထုတ်ဖော်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    8.si
    – ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း လျှို့ဝှက်ထောက်လှမ်းမှုများ စတင်ပြုလုပ်ရန် သမ္မတ ဘုရှ်က အမျိုးသားလုံခြုံရေးအေဂျင်စီ NSA အား မည်ကဲ့သို့ ခွင့်ပြုပေးခဲ့သည်ကို ဖော်ပြထားသည့် စာရွက်စာတမ်းများအား အိုဘာမား၏ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ ဂျိမ်းကလက်ပါက စနေနေ့က ထုတ်ဖော်လိုက်သည်ဟုသိရသည်။

    ထိုကဲ့သို့ ဖွင့်ဟပြောဆိုခြင်းမှာ အကြမ်းဖက်ဝါဒ စောင့်ကြည့်ရေး အစီအစဉ် TSP ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်တာနက်မှ အချက်အလက်များ ရယူခြင်းများနှင့် ဖုန်းကြားဖြတ်ထောက်လှမ်းခြင်းများအား သမ္မတဘုရှ်၏ ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့ကြောင်းကို သမ္မတ အိုဘာမားလက်ထက်တွင် ပထမဆုံးအကြိမ် ပြည်သူအား ချပြခဲ့ခြင်းလည်းဖြစ်သည်။

    ကမ္ဘာတစ်ဝှမ်းရှိခေါင်းဆောင်များအပါအ၀င် နိုင်ငံတကာမှ အစိုးရများအပေါ် လျှို့ဝှက် ထောက်လှမ်းမှုများပြုလုပ်ခဲ့မှုများအား NSA ၀န်ထမ်းဟောင်း စနိုးဒင်က ဖွင့်ချခဲ့ပြီးနောက် အမေရိကန်၏ ထိုလုပ်ရပ်အား တစ်ကမ္ဘာလုံးက ရှုတ်ချခဲ့ကြသည်။
    Ref: RT

  • ရော်နယ်ဒိုမှာ ရီးယဲလ် ကလပ်သမိုင်းတွင် စတုတ္ထမြောက် ဂိုးအများဆုံး သွင်းသူဖြစ်လာ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    article-2528075-1A42C44000000578-820_634x472
    – ရီးယဲလ်မက်ဒရစ်အသင်း၏ သက်တမ်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားများ စာရင်းတွင် အသင်းရှိ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ အဆင့် ၄ နေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

    ယခုတစ်ပါတ် ဗလင်စီယာအသင်းနှင့် ကစားခဲ့သည့်ပွဲမှာ ရော်နယ်ဒို၏ ရီးယဲလ်အတွက် ၁၅၁ ပွဲမြောက်ဖြစ်ပြီး၊ ထိုပွဲတွင် တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အသင်း အတွက် သွင်းယူခဲ့သည့်ဂိုးမှာ ၁၆၄ ဂိုး ရှိလာပြီဖြစ်ကာ ရီးယဲလ်အသင်း၏ မက္ကဆီကို တိုက်စစ်မှူးဟောင်း ဟူဂိုဆန်းချက်ဇ် သွင်းယူခဲ့သည့်ဂိုးနှင့် တူညီသွားခဲ့ပြီဖြစ်သည်။

    ရော်နယ်ဒို၏ အရှေ့တွင် ဆန်တီလာက ၁၈၆ ဂိုးဖြင့်လည်းကောင်း၊ ဒီစတီဖာနိုင်က ၂၁၆ ဂိုးဖြင့်လည်းကောင်း၊ ရာအူးလ်က ၂၂၈ ဂိုးဖြင့်လည်းကောင်း အသီးသီးရှိနေသည်။

    Ref: Daily Mail