News @ M-Media

Blog

  • Samsung မှတရားစွဲထားသည့် အမှု Apple အား ဆိုလ်တရားရုံး အနိုင်ပေး

    ဒီဇင်ဘာ ၁၄၊ ၂၀၁၃
    M-Media

    the-apple-logo-hangs-in
    Apple ကုမ္ပဏီနှင့် အချိန်အတော်ကြာ ဖြစ်ပွားနေသည့် copyright ကိစ္စနှင့် ပတ်သက်၍ ဆမ်းဆောင်းကုမ္ပဏီ၏ တရားစွဲဆိုမှုတွင် ဆိုးလ်တရားရုံးက Apple အား အနိုင်ပေးခဲ့သည်ဟုသိရသည်။

    ထိုဆုံးဖြတ်ချက်အား ယနေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး Apple အနေဖြင့် ဆမ်ဆောင်း၏ မက်ဆေ့ခ်ျဆိုင်ရာ နည်းပညာသုံးခုအား သုံးစွဲထားသည်ဟု ဆမ်ဆာင်းမှ တောင်းဆိုမှုအား တရားရုံးကပယ်ချခဲ့သည်။

    copyright ကိစ္စနှင့်ပက်သက်၍ ဆိုးလ်ရှိတရားရုံးမှ Apple အား ပထမဆုံးအကြိမ် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

    သို့သော် ထိုဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်မိကြောင်း မိမိတို့၏ နည်းပညာများအတွက် လိုအပ်သော ကာကွယ်မှုများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီက ပြောကြားခဲ့သည်။

    Ref: CNA
    Photo-AFP/Spencer Platt

  • MPT နဲ့ ပူးပေါင်းမယ့် နိုင်ငံခြားကုမ္ပဏီကို ဒီဇင်ဘာလထဲတွင် ကြေညာမည်

    M-Media
    ဒီဇင်ဘာ ၁၄၊ ၂၀၁၃

    images
    ဒေါ်လာ ၃ ထောင်နီးပါး ဈေးရှိခဲ့ဖူးတဲ့ MPT စင်းမ်ကတ်

    အစိုးရက ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်တဲ့ အော်ရီဒူးနဲ့ တယ်လီနောတို့ကို ပြိုင်ဆိုင်လုပ်ကိုင်ဖို့ MPT ကို ဆက်လက်အသက် သွင်းထားပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာတော့ MPT က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံခြားကုမ္ပဏီကို ကြေညာမယ်လို့ ဆိုပါတယ်။

    လောလောဆယ်တော့ MPT နဲ့ ပူးပေါင်းမယ့် နိုင်ငံခြားကုမ္ပဏီတွေထဲမှာ ပြင်သစ်ရဲ့ Orange၊ ဂျပန်ရဲ့ KDDI နဲ့ စင်ကာပူရဲ့ SingTel တို့ ရေးပန်းစားနေပါတယ်။ ဒီကုမ္ပဏီသုံးခုကလည်း ဇွန်လက မြန်မာအစိုးရကြေညာခဲ့တဲ့ တင်ဒါအောင် ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီစာရင်း မှာ မပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေလည်း ဖြစ်ပါတယ်။

    MPT နဲ့ ပူးပေါင်းမယ့် ကုမ္ပဏီတင်ဒါကို အစိုးရက နိုဝင်ဘာလထဲမှာ ခေါ်ယူခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍမှာ အပြိုင်အဆိုင်လုပ်ကြ ဖို့ ပြင်ဆင်နေ ပါတယ်။ MPT ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ စင်းမ်ကတ် တစ်ခုကို ဒေါ်လာ ၃၀၀၀ နီးပါးနဲ့ အဆမတန်အမြတ်တင်ရောင်း ချနေခဲ့တာကြောင့် အမြတ်အစွန်း မြောက်မြားစွာ ရရှိထားပြီးလည်း ဖြစ်ပါတယ်။

  • အမေရိကန်တွင် ရဲမေများ အဝတ်အစားအခန်းတွင် လျိုဝှက် ကင်မရာတပ်မှု ရဲမေများမှ မြိုနယ်ရဲစခန်း တရားစွဲ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media

    29.si
    – ရဲတပ်ဖွဲ့ဝင် အမျိုးသမီးများ၏ အ၀တ်အစားများ ထားသည့်အခန်း locker room တွင် လျှို့ဝှက် ကင်မရာ တပ်ဆင်ထားမှုကြောင့် ရဲမေဟောင်း တစ်ဦးနှင့် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရဲမေနှစ်ဦး စုစုပေါင်းသုံးဦးက အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် Battle Creek မြို့ရှိ ရဲတပ်ဖွဲ့အား တရားစွဲဆိုထားသည်ဟု သိရသည်။

    ရဲတပ်ဖွဲ့အနေဖြင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးရဲမေများနှင့် ယခုတာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရဲမေများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အား ချိုးဖောက်သည်ဟု စွပ်စွဲထားပြီး စာရွက်စာတမ်းအပြည့်အစုံဖြင့် ခရိုင်တရားရုံးတွင် ယခုတစ်ပါတ်အတွင်း လျှောက်ထား တရားစွဲဆိုထားခြင်းဖြစ်သည်။

    Ref: RT

  • အီးယူ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ ၆ နှစ်အတွင်း ပထမဆုံးအကြိမ် အီရန်သို့လာရောက်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media

    9332
    – အဖွဲ့ဝင် ၈ ဦးပါဝင်သည့် ဥရောပ ပါလီမန်မှ ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့တွင်တီဟီရန်သို့ ရောက်ရှိလာခဲ့သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာန IRNA မှ ဖော်ပြခဲ့သည်။

    ဥရောပရှိ ဥပဒေပြဌာန်းနိုင်သည့် အဖွဲ့အစည်းတစ်ခုမှ အီရန်နိုင်ငံသို့ ၆ နှစ်အတွင်း ပထမဆုံးလာရောက်ခြင်းလည်းဖြစ်ပြီး အီရန် နိုင်ငံရေးသမားများ၊ ရုပ်ရှင်ဒါရိုက်တာ ဂျာဖာ ပါနာဟီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပညာရှင် နာစရင် ဆိုတူဒါတို့အား တွေ့ဆုံသွားမည်ဟု သိရသည်။

    ဆိုတူဒါမှာ ဥရောပပါလီမန်မှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ ခုနှစ်အတွက် Sakharov ဆုအား ရရှိထားသူဖြစ်သည်။

    Ref: RT

  • ဒီဇင်ဘာ ၁၃ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media

    ဂွတာနာမို အကျဉ်းစခန်း ပိတ်ပစ်ရန် အိုဘားမား ကြေညာထားမှုအား ထောင်မှူးမှ ထောက်ခံ

    – ဂွတာနာမိုအကျဉ်းစခန်းကို တာဝန်ယူကြီးကြပ်နေသည့် တပ်မှူး အဒမ် ရစ်ချတ် ဘက်တလာက အမေရိကန်သမ္မတ အိုဘားမား၏ အကျဉ်းစခန်း ပိတ်ပစ်ရန် လူသိရှင်ကြား ကြေညာထားမှုအား ထောက်ခံသည်ဟု ပြောကြား ခဲ့သည်။

    အိုဘာမားက ပြီးခဲ့သည့် ဧပြီလက ပြောကြားခဲ့သည့် မိန့်ခွန်းတွင် လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် ဂွာတာနာမို အကျဉ်းစခန်းအား ပိတ်ပစ်မည်ဟု ပြည်သူများအား ကတိပေးခဲ့သည်။

    Ref: america.aljazeera

    guantanamo_1765914c1

    —————————————

    တရုတ်၏ လေကြောင်း ကာကွယ်ရေးဇုန် အသစ် အမေရိကန် အသိအမှတ်မပြု၊ ဂျပန်အား ကာကွယ်သွားမည်

    – အမေရိကန်ပြည်ထောင်စု အနေဖြင့် တရုတ်နိုင်ငံ၏ လေကြောင်း ကာကွယ်ရေးဇုန် အသစ်အား အသိအမှတ်ပြုမည် မဟုတ်သည်မှာ သေချာကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က ဂျပန်နိုင်ငံအား ဗုဒ္ဓဟူးနေ့က အသိပေးပြောကြာခဲ့သည်။

    တရုတ်၊ ဂျန်နှင့် တောင်ကိုရီးယားသို့ အလည်အပတ်ခရီးစဉ်မှ ပြန်ရောက်ပြီး တစ်ပါတ်ကြာမြင့်ပြီးနောက် ဂျိုးဘိုင်ဒန်က ဂျပန်သမ္မတ ရှင်ဇိုအာဘေးအား တယ်လီဖုန်းဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးဆိုင်ရာ စာချုပ်အရ ဂျပန်နိုင်ငံအား ထောက်ခံသွားမည်ဟု ထည့်သွင်းပြောကြားခဲ့ကာ၊ တင်းမာမှုများကို လျော့ကျစေရန် ခြေလှမ်းသစ်များ အတွက်လည်း တိုက်တွန်းပြောဆိုခဲ့သည်။

    Ref: CNA

    —————————————

    – ၂၀၁၂ ခုနှစ်တွင် ကင်ဆာရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူဦးရေမှာ ၈.၂ သန်းအထိရှိလာခဲ့ပြီး ရင်သားကင်ဆာကြောင့် သေဆုံးမှုများမှာ အများဆုံးဖြစ်သည်ဟု လေ့လာမှုများအရသိရသည်။ ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ကင်ဆာရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၇.၆ သန်းသာရှိခဲ့သည်။ ထို့ပြင် ရင်သားကင်ဆာကြောင့် သေဆုံးသူ အမျိုးသမီးမှာ ၅၂၂၀၀ ဦးရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ နိုင်ငံတကာ ကင်ဆာရောဂါ သုတေသနအေဂျင်ဆီ (IARC)က သတင်းထုတ်ပြန်ခဲ့သည်။
    ……………………………………..
    – တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ထိုင်းအစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဖိုရမ်သို့ အစိုးရဆန့်ကျင်ရေးအင်အားစု ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC) မှ ကိုယ်စားလှယ်သုံးဦး တက်ရောက်မည်ဟု ထိုသုံးဦးတွင် ပါဝင်သည့် ဆူရီယာဆိုင်း ကတာစီလာက ယနေ့တွင်ပြောကြားခဲ့သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆိုပါဖိုရမ်ကို ထိုင်းအိမ်စောင့်အစိုးရ အကြီးအကဲ ယခင်ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာက ဦးဆောင်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှ ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။
    ……………………………….
    – စွမ်းအင်ကဏ္ဍ၊ စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ရန်အတွက် ဂျပန်နှင့် ဘရူနိုင်း နှစ်နိုင်ငံခေါင်းဆောင်များမှာ သဘောတူညီခဲ့ကြသည်ဟုသိရသည်။ ဂျပန်-အာဆီယံ အစည်းအဝေးမကျင်းပမီအလျင် ပြုလုပ်ခဲ့သော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဘရူးနိုင်ဘုရင် ဆူလ်တန် ဟာဆန်နယ် ဘိုလ်ကိုင်းယားတို့ ယနေ့တွေ့ဆုံမှုအတွင်း သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
    ……………………………….
    – မော်လ်တာနိုင်ငံမှ အစ္စရေးနိုင်ငံ တယ်လ်အဗီးသို့ ပျံသန်းနေသည့် လေယာဉ်အမှတ် KM7828 မှာ တယ်လ်အဗီးလေယာဉ်ကွင်းအနီးတွင် မိုးကြိုးထိမှန်ခဲ့သည်ဟု သိရသည်။ ယနေ့ နံနက်ပိုင်းတွင် ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ လေယာဉ်မှာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု Air Malta ၀ဘ်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။
    …………………………………..