News @ M-Media

Blog

  • ဒီဇင်ဘာ ၃၊ နိုင်ငံတကာ သတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၊ နိုင်ငံတကာ သတင်း စုစည်းမှု

    ဒီဇင်ဘာ ၃ ၊ ၂၀၁၃
    M-Media

    အမျိုးသားတစ်ဦးအား ပစ်သတ်မိခဲ့ခြင်းနှင့် ပတ်သက်၍ အိုက်စလန် ရဲများ ပြန်လည်တောင်းပန်

    ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း အမျိုးသားတစ်ဦးအား ပစ်သတ်မိခဲ့ခြင်းအတွက် နောင်တရမိသည်ဟု အိုက်စလန်ရဲတပ်ဖွဲ့က ၀န်ချတောင်းပန် ခဲ့သည်။

    ထိုဖြစ်ရပ်မှာ ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲသားနှစ်ဦးမှာ Reykjavik မြို့ ဆင်ခြေဖုံးဒေသရှိ တိုက်ခန်းတစ်ခုအတွင်းသို့ ၀င်ရောက်စဉ် ထိုတိုက်ခန်း အတွင်းမှ အသက် ၅၀ ၀န်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးကသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ထိုရဲသားနှစ်ဦးမှာ သေနတ်မပါ သွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး ရဲအရာရှိများလာရောက်ကာ ထိုအမျိုးသားအား ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိသွားပြီး ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့သည်။

    အခင်းဖြစ်ချိန်အတွင်း ရဲတပ်ဖွဲ့ဝင်များက ထိုတိုက်ခန်းအား ၀ိုင်းရံထားခဲ့ပြီး ထိုအမျိုးသားအား လက်နက်ချရန် ပြောကြားခဲ့ကြောင်း၊ သို့သော်လည်း မအောင်မြင်ခဲ့ဘဲ ထိုအမျိုးသားက စတင်ပစ်ခတ်ခတ်ခဲ့သောကြောင့် မိမိတို့အနေဖြင့် အရေးယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုအမျိုးသား သေဆုံးသွားခဲ့သည့် အတွက် မိမိတို့ အနေဖြင့် နောင်တရမိပြီး မိသားစုဝင်များအား ၀မ်းနည်းကြောင်း ပြောကြားလိုကြောင်း Reykjavik ဒေသ၏ ရဲတပ်ဖွဲ့ အကြီးအကဲ အတီဖင် အဲရစ်ဆန်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    လူဦးရေ ၃ သိန်း ၄ သောင်းသာရှိသည့် အိုက်စလန်နိုင်ငံတွင် ရာဇ၀တ်မှုများမှာ အဖြစ်နည်းလှပြီး၊ သေနတ်ဖြင့် ပစ်ခတ်မှုများမှာ မရှိသလောက်ရှားပါးသည်။

    Photo-AFP, Ref: aljazeera
    1477713_628455307196943_1204899860_n________________________

    အရှေ့အလယ်ပိုင်းတည်ငြိမ်ရေးနင့် ဆီးရီယား ပြဿနာအတူတကွဖြေရှင်းကြရန် အီရန်ပြော

    အရှေ့အလယ်ပိုင်းဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဆီးရီယားပြဿနာအား ဖြေရှင်းရာတွင် အတူတကွပူပေါင်းဆောင်ရွက်ရန်အတွက် မတူညီမှုများအား ရှောင်ရှားကျော်ဖြတ်ရန် ပင်လယ်ကွေ့နိုင်ငံများအား အီရန်နိုင်ငံခြာရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ်က မေတ္တာရပ်ခံခဲ့သည်။ ယမန်နေ့က အလ်ဂျာဇီးရား ရုပ်သံမှ ထုတ်လွှင့်သော Talk to Al Jazeera အစီအစဉ်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ကာတာနိုင်ငံ ဒိုဟာမြို့သို့ရောက်ရှိနေသာ ဇာရစ်ဖ်က အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားနေသာ အကြမ်းဖက်မှုများနှင့် အကြမ်းဖက်ဝါဒအား တွန်းလှန်ရန် လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ________________________

    သမ္မတဟာမစ်ကာဇိုင်း သဘောမတူလျှင် နေတိုးတပ်များ ၂၀၁၄ တွင် အာဖဂန်မှ ထွက်ခွါရမည်။

    အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းအနေဖြင့် အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါက နိုင်ငံအတွင်းရှိ နေတိုးတပ်များမှာ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ထွက်ခွာရမည်ဟု မဟာမိတ် တပ်ဖွဲ့အကြီးအကဲ ဖော့ဂ် ရက်စ်မွတ်စ်ဆန်က ကြေညာခဲ့သည်။

    ထိုကြေညာချက်မှာ ယမန်နေ့က ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ၂၀၁၄ အလွန် အာဖဂန်တွင် အမေရိကန်တပ်များ ဆက်လက်ရှိနေရန် ရည်ရွယ်ထားသည့် လုံးခြုံဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ အာဖဂန် မျိုးနွယ်စု ခေါင်းဆောင်များအဖွဲ့ Loya Jirga မှ ဆွေးနွေးပြီးနောက်ပိုင်း သီတင်းပတ်အနည်းငယ်တွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    သမ္မတဟာမစ်ကာဇိုင်းကမူ ထိုသဘောတူညီချက်အား လာမည့်နှစ် ဧပြီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီအထိ လက်မှတ်ထိုးမည် မဟုတ်ဟု ပြောကြားထား သည်။
    ________________________

    ဆီးရီးယားမှ ရာဇဝတ်မှုများ အာဆတ်နှင့် အစိုးရအရာရှိများ အဓိကတာဝန်ရှိဟု ကုလစစ်ဆေးရေးအဖွဲ့ပြော

    ဆီးရီယားနိုင်ငံတွင် စစ်ရာဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည့် ကုလသမ္မဂ စုံစမ်းစစ်ဆေး ရေးမှုးများမှ စုဆောင်းမိသော အချက်အလက်များအရ ဆီးရီးယားရှိ စစ်ရာဇ၀တ်မှုများတွင် ဆီးရီးယား သမ္မတ ဘာရှာအလ်အာဆတ် အပါအ၀င် အစိုးရအကြီးတန်း တာဝန်ရှိသူများမှာ အရေးပါသော နေရာမှပါဝင်နေသည်ဟု ကုလ လူ့အခွင့်အရေး အကြီးအကဲက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ________________________

    ဆန္ဒပြမှုများအား အရှိန်မြှင့်သွားမည်ဟု ထိုင်းအတိုက်အခံခေါင်းဆောင်ဆို

    အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်ပွားနေသော်လည်း ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ အနေဖြင့် အာဏာအား စွန့်လွှတ်ရန် ငြင်းဆန်နေသောကြောင့် ဆန္ဒပြမှုများအား ဆက်လက်အရှိန်မြှင့်လုပ်ဆောင် သွားမည်ဟု အတိုက်အခံ ခေါင်းဆောင် ဆွန်သပ် သောင်ဆူဘန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဆန္ဒပြမှုများအဆုံးသတ်ရန် မိမိအနေဖြင့် မည့်သည်အရာကိုမဆို ပြုလုပ်ရန် ဆန္ဒရှိသည်ဟု ယင်းလပ်က ယမန်နေ့က ပြောကြားခဲ့သော်လည်း၊ ရွေးကောက် တင်မြှောက်ထားခြင်း မရှိသည့် ကြားဖြတ်ကောင်စီအား အာဏာလွှဲပေးရန် အတိုက်အခံဘက်မှ တောင်းဆိုမှုအား လိုက်လျောမည် မဟုတ်ဟု ရှင်းလင်းစွာပြောကြားခဲ့သည်
    ________________________

    WTO ၏ ကိုးကြိမ်မြောက်အစည်းအဝေး ဘာလီတွင်ကျင်းပ

    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO အဖွဲ့၏ ကိုးကြိမ်မြောက် ၀န်ကြီးများအစည်းအဝေးကို ယနေ့နေ့လည်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပမည်ဟုသိရသည်။ လေးရက်တာကြာမြင့်မည့် အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင် ၁၉၅ နိုင်ငံမှ တာဝန်ရှိသူများမှာ ကုန်သွယ်ရေးဆိုင်ရာအခက်အခဲများကိုဖြေရှင်းမည်ဖြစ်ပြီး၊ ကုန်သွယ်ရေး ကိစ္စများ လွယ်ကူမှု၊ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ခြုံငုံပါဝင်မည့် ကမ္ဘာ့လုံးဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုကို လည်း အဆုံးသတ်ဆွေးနွေးမည်ဟု သိရသည်။
    ________________________

     နျူးကလီးယားထိပ်ဖူးတပ်ဆင်နိုင်မည့် ဒုံးကျည်အသစ်အား အိန္ဒိယ အောင်မြင်စွာပစ်လွှတ်

    Prithvi II အမည်ရ နျူးကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် ပြည်တွင်းဖြစ် ဒုံးကျည်တစ်ခုကို အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်၌ ယနေ့တွင်အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။ ထိုဒုံးကျည်မှာ ၅၀၀ ကီလိုဂရမ်အလေးချိန်ရှိ ၀န်ပမာဏကို တင်ဆောင်နိုင်မည်ဖြစ်ပြီး ကီလိုမီတာ ၃၅၀ အထိ ရောက်ရှိနိုင်မည်ဖြစ်သည်။
    ________________________

    ဟာဝိုင်ယီတွင် ငါးဖမ်းနေသူတစ်ဦး ငါးမန်းကိုက်ခံရ

    ဟာဝိုင်ယီကျွန်းတွင် ကယက်လှေဖြင့် ငါးဖမ်းနေသူတစ်ဦးမှာ ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်ဟု အာဏာပိုင်များက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

    ဟာဝိုင်ယီ Maui ကျွန်းရှိ Makena State အပန်းဖြေ ဧရိယာအတွင်း ယမန်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသွားသူမှာ ကယက်လှေ၏ အစွန်းတွင် ခြေထောက်တွဲလောင်းချ၍ ငါးမျှားနေစဉ် ငမန်းက ကိုက်ချီသွားခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသွားသူနှင့် အတူငါးမျှားရန် လိုက်ပါသွားသည့် သူငယ်ချင်းဖြစ်သူက ပြောကြားခဲ့သည်။

    အခင်းဖြစ်ပွားချိန်တွင် သူငယ်ချင်းဖြစ်သူမှာ ကိုက် ၅၀၀ ခန့် အကွာတွင် ရှိနေခဲ့ပြီး၊ အနီးအနားရှိ လှေငယ်တစ်စီး အားအကူအညီတောင်းခံခဲ့ပြီးနောက်၊ ငါးမန်းကိုက်ခံ ရသူအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းတွင်းပင်သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
    ________________________

    ပါကစ္စတန်တွင် နျူဓာတ်အားပေးစက်ရုံအသစ် ၆ ခု တည်ဆောက်မည်

    နိုင်ငံအတွင်း နျူးကလီးယားဓာတ်ပေါင်းဖိုအသစ် ၆ လုံး ထပ်မံတည်ဆောက်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ် ရှရစ်ဖ်က ပြီးခဲ့သည့် အင်္ဂါနေ့က ပြောကြားခဲ့သည်။

    ကရာချီတွင် ပြုလုပ်ခဲ့သည့် K-II၊ K-III စွမ်းအင်ပေရာဂျက် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ နျူးကလီယားစွမ်းအင် ကော်မရှင်က အရပ်ဖက်သုံး နျူဓာတ်အားပေးစက်ရုံးများဆောက်လုပ်ရန် နေရာ ၆ နေရာအား သတ်မှတ်ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု The New International သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

    ထို့ကြောင့် ၂၀၅၀ ပြည့်နှစ်တွင် ပါကစ္စတန်အနေဖြင့် နျူးကလီးယား ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ၄၀၀၀၀ အထိ ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး အစိုးရအနေဖြင့် လည်း နိုင်ငံအတွင်း စွမ်းအင် ပြတ်တောက်မှုအား ကျော်ဖြတ်နိုင်ရန် ဦးစားပေး၍ ဆောင်ရွက်နေသည်။
    ________________________

    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘီယာများအား အစ္စလာမ်ဘာသာရေး ရဲများက ဖျက်ဆီး

    နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ မြို့တော် ကာနိုတွင် အစ္စလာမ်ဘာသာရေးရဲများက ဘီယာပုလင်း ၂၄၀၀၀ အား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖျက်ဆီးခဲ့သည်ဟုသိရသည်။

    အစ္စလာမ့်ရရှီအာဥပဒေတွင် အရက်သေစာသောက်သုံးခြင်း၊ ရောင်းချခြင်းအား တားမြစ်ထားသည်။ ရှရီအာ ဥပဒေအား ထိုဒေသတွင် ၂၀၀၁ ခုကတည်းက ပြဌာန်းထားသော်လည်း ဟိုတယ်များနှင့် ခရစ်ယာန် ရပ်ကွက်များတွင် သောက်သုံးခြင်းအား အာဏာပိုင်များက လစ်လျူရှုထားကြသည်။

    လူမြင်ကွင်းတွင်ပြုလုပ်ခဲ့သည့် အဆိုပါ ဘီယာဖျက်ဆီးပွဲတွင် ဘာသာရေး ရဲတပ်ဖွဲ့အကြီးအကဲက ဒေသအတွင်း ဘီယာများ သောက်သုံးခြင်းများအား အဆုံးသတ်သွားအောင် ရဲတပ်ဖွဲ့ဝင်များက ပြုလုပ်ရမည်ဟု ပြောဆိုခဲ့သည်။
    ________________________

  • နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘီယာများအား အစ္စလာမ်ဘာသာရေး ရဲများက ဖျက်ဆီး

    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘီယာများအား အစ္စလာမ်ဘာသာရေး ရဲများက ဖျက်ဆီး

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media

    v_nigerii_razbili_butilki_piva

    နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ မြို့တော် ကာနိုတွင် အစ္စလာမ်ဘာသာရေးရဲများက ဘီယာပုလင်း ၂၄၀၀၀ အား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖျက်ဆီးခဲ့သည်ဟုသိရသည်။

    အစ္စလာမ့်ရရှီအာဥပဒေတွင် အရက်သေစာသောက်သုံးခြင်း၊ ရောင်းချခြင်းအား တားမြစ်ထားသည်။ ရှရီအာ ဥပဒေအား ထိုဒေသတွင် ၂၀၀၁ ခုကတည်းက ပြဌာန်းထားသော်လည်း ဟိုတယ်များနှင့် ခရစ်ယာန် ရပ်ကွက်များတွင် သောက်သုံးခြင်းအား အာဏာပိုင်များက လစ်လျူရှုထားကြသည်။

    လူမြင်ကွင်းတွင်ပြုလုပ်ခဲ့သည့် အဆိုပါ ဘီယာဖျက်ဆီးပွဲတွင် ဘာသာရေး ရဲတပ်ဖွဲ့အကြီးအကဲက ဒေသအတွင်း ဘီယာများ သောက်သုံးခြင်းများအား အဆုံးသတ်သွားအောင် ရဲတပ်ဖွဲ့ဝင်များက ပြုလုပ်ရမည်ဟု ပြောဆိုခဲ့သည်။

    Ref : Islam RU

  • ရဟတ်ယာဉ် အရောင်းပြခန်း မြန်မာနိုင်ငံတွင်ဖွင့်မည်

    ရဟတ်ယာဉ် အရောင်းပြခန်း မြန်မာနိုင်ငံတွင်ဖွင့်မည်

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media

    1451419_10152054731726108_1672386057_n

    အမေရိကန်နိုင်ငံအခြေစိုက် Robinson Helicopter ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် အရောင်းပြန်ခန်းဖွင့်ရန်ရှိနေပြီး၊ ရဟတ်ယာဉ်ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန်လည်း စီစဉ်နေသည်ဟု မြန်မာနိုင်ငံမှ အဆိုပါကုမ္ပဏီနှင့် သိကျွမ်းသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြေကြားမှုကို ကိုးကား၍ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

    လူနှစ်ဦးလိုက်ပါစီးနင်းနိုင်သည့် ရဟတ်ယာဉ်တစ်စင်းကို ရောင်းဈေး ကန်ဒေါ်လာ ၂၇၀၀၀၀ သတ်မှတ်ထားသည်ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်မှ ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာလေကြောင်း ကော်ပိုရေးရှင်းမှလည်း ကိုယ်ပိုင်လေယာဉ်ဝယ်ယူရန် စိတ်ဝင်စားသူများအား ကူညီပေးရန် ကမ်းလှမ်းထားသည်ဟုသိရသည်။

    Robinson Helicopter ကုမ္ပဏီမှာ ယခုလက်ရှိတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ရဟတ်ယာဉ် အရောင်းပြန်ခန်းများ ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံတွင် ရဟတ်ယာဉ် ထုတ်လုပ်သည့် စက်ရုံတစ်ခုကိုလည်း ဆောက်လုပ်ထားသည်။

    Ref : DVB English Version

  • SEA GAME EXPO ကုန်စည်ပြပွဲနှင့် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ပြုလုပ်

    SEA GAME EXPO ကုန်စည်ပြပွဲနှင့် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ပြုလုပ်

    ဒီဇင်ဘာ ၃-၂၀၁၃
    M-Media
    သီရိ

    DSC01646

    ရန်ကုန်   ။        ။        မြန်မာနိုင်ငံတွင် မကြာမီ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇-ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတော် အထိမ်းအမှတ် အမှတ်တရ ဈေးရောင်းပွဲတော်ကြီးကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)တွင် ဒီဇင်ဘာလ ၃-ရက်နေ့မှ ဒီဇင်ဘာလ ၇-ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါသည်။

    ထိုအခမ်းအနားကြီး၏ ဖွင့်ပွဲကို ယနေ့ဒီဇင်ဘာလ ၃-ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။  ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသန်းမြင့် တို့မှ ပြပွဲကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ၎င်းနောက် ပြပွဲခန်းမအားလိုက်လံကြည့်ရူ လေ့လာခဲ့ကြသည်။

    ကုန်စည်ပြပွဲတွင် ငွေထည်ပစ္စည်းများ၊ ဖောင်းကြွပန်းချီကားများ၊ ပန်းချီ ပန်းပုလက်ရာများ၊ ယွန်းထည်များ၊ ရွှေချည်ထိုးများ၊ အနုပညာလက်မှုပစ္စည်းများ၊ ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာများ၊ ကြိမ်ထည်ပစ္စည်းများ၊ SEA GAME အမှတ်တရ အင်္ကျီများ၊ ဦးထုပ်များ၊ သော့ချိတ်များ၊ စာအုပ်များ၊ DVD ခွေများ၊ စတပ်ကာများ၊ အိတ်များ စသည်ဖြင့် ပြပွဲကြီးတွင် စုံလင်စွာခင်းလင်းပြသထားပါသည်။

    ၎င်းပြပွဲကြီးကို နံနက် ၉-နာရီမှ ည ၉-နာရီထိ ၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး လာရောက်ကြည့်ရူလေ့လာ ၀ယ်ယူသူများနှင့် စည်းကားလျက်ရှိနေပါသည်။

     

  • မိတ္ထီလာ CAMP အတွင်းရှိ ချမ်းအေးသာယာ ရပ်ကွက်တွင် နေထိုင်ခဲ့သှူ အကြမ်းဖက်ခံရသူများအား မြေနေရာပြန်ပေးမည်

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media
    သုတ

    CE2E1B8D-3AAC-48AD-944A-D8BAA025C877_w640_r1_s

    မိတ္ထီလာ ။         ။            ၂၀၁၃-ခု မတ်လအတွင်း ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေသူများ အနက် ချမ်းအေးသာယာရပ်ကွက်မှ အကြမ်းဖက်ခံရသည့် သူများအား မြေနေရာများ ပြန်လည် ပေးမည်ဟု မိတ္ထီလာမြို့တွင် နိုဝင်ဘာ ၃၀-ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးမှဆုံးဖြတ်လိုက်ကြောင်း သိရသည်။

    ၂၀၁၃-ခု မတ်လအကြမ်းဖက်မှုကြောင့် မိတ္ထီလာမြို့တွင် ဒုက္ခသည်စခန်း(၅)ခု ဖွင့်လှစ်ထားရှိခဲ့ရာ အဆိုပါ အကြမ်းဖက်ခံ ဒုက္ခသည်များအား မြေနေရာများ ပြန်လည်ချထားပေးရေးအတွက် မန္တလေးတိုင်းဒေသကြီး စီမံစီးပွားဝန်ကြီး ဦးအောင်ဇံအပါအ၀င်၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် မြေစာရင်းဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ အကြမ်းဖက်ခံများ၏ ကိုယ်စားလှယ်များပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

    မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်သည် မွတ်စလင်မ်အများစုနေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ယခုအခါ ပြန်ပေးမည့် မြေနေရာမှာ ယခင်က ပေ ၅၀ – ပေ ၃၀ ပတ်လည် တစ်ကွက် ပိုင်ဆိုင်ခဲ့ကြသူများအား ပေ ၄၀ – ပေ ၃၀ မြေကွက်များ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ မြေတစ်ကွက်အတွင်း အိမ်ထောင်စု ၂-စု ၃-စု နေထိုင်ခဲ့ကြသူများအတွက်ကိုမူ အမည်နာမည်ပေါက်ရှိသူများအား မြေကွက် ပြန်လည်ပေးမည်ဖြစ်ပြီး အမည်နာမည်ပေါက်မရှိသူများအား တိုက်ခန်းများ ဆောက်လုပ်ပြီး မြေညီထပ်၌ ထားရှိမည်ဖြစ်ပြီးကြောင်း၊ အဆိုပါ တိုက်ခန်းများတွင် ချမ်းအေးသာယာရပ်ကွက်မှ မဟုတ်သူများနှင့် ချမ်းအေးသာယာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်ခဲ့သူများကိုလည်း တိုက်ခန်း အပေါ်လွှာများတွင် ထားရှိမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

    အဆိုပါ ဆွေးနွေးမှုများအား ကိုယ်စားလှယ်များမှ ရေအရင်းအမြစ်နှင့် ပို့ဆက်ဝင်း CAMP အတွင်းရှိ ချမ်းအေးသာယာရပ်ကွက်မှ အကြမ်းဖက်ခံများနှင့် ပြန်လည်ဆွေးနွေးရာ အကြမ်းဖက်ခံများမှလည်း လက်ခံသဘောတူကြောင်း၊ ချမ်းအေးသာယာရပ်ကွက်မှ မဟုတ်သူများနှင့်မူ တာဝန်ရှိသူများမှ ဆွေးနွေးခြင်း မရှိသေးဟု သိရသည်။

    ၎င်းကိစ္စနှင့်ပတ်သက်၍ ရေအရင်းအမြစ်နှင့် ပို့ဆက်ရှိ CAMP များသို့ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ ပို့ဆက်မှာက ချမ်းအေးသာယာက အိမ်ထောင်စု ၂၃၀-ကျော်ရှိပါတယ်။ အမည်ပေါက်မဟုတ်သူတွေလည်းရှိနေတော့ အိမ်ထောင်စု စုစုပေါင်းက ၃၁၉-စု ရှိနေပါတယ်။ ရေအရင်းအမြစ်မှာက ၁၈၅-စု ရှိနေပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးကြတော့ မူလ မြေကွက်က ပေ ၅၀၊ ပေ ၃၀ ပတ်လည်ပါ။ ဒါပေမယ့် အခုက ပေ ၄၀ x ၃၀ ပတ်လည်ပဲ ပြန်ပေးမယ်ဆိုတော့ အစက လက်မခံချင်ဘူး။ ဒါပေမယ့် သူတို့ကပြောတယ်။ ရပ်ကွက်အင်္ဂါနဲ့ညီအောင် မီးသတ်ရေကန်တွေလုပ်မယ်၊ ဘောလုံးကွင်းတွေလုပ်မယ် စနစ်တကျလုပ်မယ်ဆိုတော့ ပေ ၄၀ x ၃၀ ပတ်လည် ပြန်ပေးမှာကို ကျွန်တော်တို့ လက်ခံလိုက်ပါတယ်။ ဒါပေမယ့် အစည်းအဝေးက ပြန်လာပြီးတော့ CAMP အတွင်းက အကြမ်းဖက်ခံတွေနဲ့ ကျွန်တော်တို့တွေ ပြန်ဆွေးနွေးလိုက်တော့ အကြမ်းဖက်ခံတွေကလည်း သဘောတူလိုက်ပါတယ်။ မဟုတ်ရင် CAMP ထဲမှာ နေရတာ ကြာလာတော့ လူမှုရေးပြဿနာတွေလည်း ရှိလာနေတယ်။ ဒါတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့က ကိုယ့်အိမ်ယာတွေကို ပြန်ရောက်နိုင်မှဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့ ပေ ၄၀ x ၃၀ ဆိုတာကို လက်ခံ သဘောတူလိုက်ပါတယ်။  ချမ်းအေးသာယာမှာက အများစုက မွတ်စ်လင်မ်တွေ နေကြတာပါ။ အခု မြေယာပြန်ပေးပြီး ဆောက်လုပ်မှာတို့ကို အစိုးရက ပြန်လည် လုပ်ဆောင်ပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကူညီနေတဲ့ သူတွေက ပြန်လည်ထူထောင်ရေး လုပ်ပေးကြမှာပါ။”လို့ ဒုက္ခသည်စခန်းအတွင်းရှိ အကြမ်းဖက်ခံတချို့မှ M-Media ကို ပြောပါသည်။

    ဓါတ်ပုံ-အညွှန်း မတ်လအတွင်းကဖြစ်ပွားခဲ့သော မိထ္ထီလာမြို့မှ အကြမ်းဖက်မှုများကြောင့် မွတ်စလင်မ်အများစုနေထိုင်ရာ မီးလောင်ပြင် ရပ်ကွက်