News @ M-Media

Blog

  • ဒီဇင်ဘာ ၂- နိုင်ငံတကာ စုစည်းမှု

    ဒီဇင်ဘာ ၂ ၊ ၂၀၁၃
    M-Media

    တိုင်းပြည်ငြိမ်းချမ်းရေး အတွက် ရာထူးမှ နှုတ်ထွက်ရန်အဆင်သင့်ဟု ယင်းလပ်ဆို

    တိုင်းပြည်အတွင်း ငြိမ်းချမ်းမှုပြန်လည်ရရှိရေးအတွက် ရာထူးမှ ဆင်းပေးရန်နှင့် ပါလီမန်အား ဖျက်သိမ်းပေးရန် အဆင်သင့် ရှိနေသည်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာက ဒီကနေ့တွင် ပြောကြားလိုက်သည်။

    သို့သော်လည်း အတိုက်အခံခေါင်းဆောင် ဆူသက် သောင်ဆူဘန်၏ တောင်းဆိုချက်ဖြစ်သည့် ပြည်သူထံအာဏာ လွှဲအပ်ရန်နှင့် ကြားဖြတ် အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေးရန် တောင်းဆိုမှုအား ယင်းလပ်က ပယ်ချခဲ့ပြီး ထိုတောင်းဆိုချက်မှာ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်သည်ဟု မှတ်ချက်ပေးခဲ့ကာ တိုင်းပြည်အတွင်း ငြိမ်းချမ်းမှု ပြန်လည်ဖြစ်ထွန်းစေရန် အခြေခံဥပဒေကပြဌာန်ထားသည့် ပုံစံအတိုင်း အရာအားလုံးကို လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်သီတင်ပတ်ကတည်းက ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုမှာ တစ်ဖြည်းဖြည်း အရှိန်မြင့်လာပြီး ယခုအချိန်အထိ လူ ၃ ဦးထပ်မနည်းသေဆုံးခဲ့သည်။
    Ref: ဆင်ဟွာ

    Thai-anti-Govt-protest-Nov-11-2013

    —————————————–

    အမေရိကန်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပါကစ္စတန် ပြည်သူထောင်ပေါင်းများစွာ ဆန်ကျင်ဆန္ဒပြ

    – အမေရိကန်ကပြုလုပ်သည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများအား ဆန့်ကျင်သော ဆန္ဒပြပွဲများ အဆက်မပြတ်ဖြစ်ပွားနေသည့် ပါကစ္စတန်တွင် ယမန်နေ့ကလည်း ထောင်ပေါင်းများစွာသောပြည်သူများမှာ နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့တွင် ဆန္ဒပြပွဲတစ်ခု့ ပြုလုပ်ခဲ့သည်။

    ပါကစ္စတန်ကာကွယ်ရေးကောင်စီက စီစဉ်ပြီး လူပေါင်း ၅၀၀၀ ၀န်းကျင် ပါဝင်ခဲ့ကြသည့် အဆိုပါဆန္ဒပြပွဲတွင် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုများကို အမေရိကန်က ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

    ထို့ပြင် အာဖဂန်ရှိနေတိုးတပ်များအား လက်နက်ရိက္ခာများ ထောက်ပံ့နေသည့် လမ်းကြောင်းများကို ပိတ်ပစ်ရန် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    Ref: RT

    ——————————–

    ဗြိတိန် ဘိုးဘွားရိပ်သာမှ ၁၀ နှစ်အတွင်း ဘိုးဘွား ၂၀၀၀ကျော် ငတ်မွတ်မှုနှင့် ရေဓါတ်ခမ်းခြောက်မှုကြောင့် သေဆုံးခဲ့ရ

    – ပြီးခဲ့ ၁၀ နှစ်အတွင်း ဗြိတိန်ရှိ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးစင်တာများရှိ လူပေါင်း ၂၀၀၀ကျော်မှာ အဟာရချို့တဲ့ခြင်းနှင့်၊ ရေ ဓာတ်ခမ်းခြောက်ခြင်းတို့ကြောင် သေဆုံးခဲ့ရသည်ဟု အမျိုးသား စာရင်းအင်းရုံး ONS က ထုတ်ပြန်သော စစ်တမ်းအသစ်တွင် ဖော်ပြထားသည်။ ထိုစစ်တမ်းအား The Telegraph သတင်းစာက ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်ကတည်း သေဆုံးခဲ့သည့် လူ ၂၁၆၂ ဦး၏ ဆေးစစ်ချက်များတွင် ထိုကဲ့သို့ သေဆုံးခဲ့ခြင်းမှာ ငတ်မွတ်မှုနှင့် ရေ ဓာတ်ခမ်းခြောက်မှုတို့ကြောင့်ဖြစ်သည်ဟု ရေးသားထားကြောင်းတွေ့ရှိရသည်ဟု ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
    ——————————————–

    ခရိုအေးရှားတွင် လိင်တူလက်ထပ်မှု ပြည်သူဆန္ဒခံယူပွဲပြုလုပ် အများစုက ကန့်ကွက်

    – လိင်တူလက်ထပ်မှုနှင့် ပက်သက်၍ နိုင်ငံအတွင်းပြုလုပ်ခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲတွင် နိုင်ငံသားအများစုမှာ လိင်တူလက်ထပ်မှုကို ကန့်ကွက် မဲပေးခဲ့ကြသည်ဟု ယမန်နေ့တွင် ပါလီမန်က ထုတ်ပြန်သော ရလဒ်အရ သိရသည်။

    ထိုပြည်သူ့ဆန္ဒခံယူပွဲတွင် ‘ထိမ်မြားလက်ထပ်ခြင်းဟူသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အကြားတွင် ပြုလုပ်ရသည်ကို အသင်သဘောတူပါသလား’ ဟု သောမေးခွန်းမေးမြန်းခဲ့ပြီး၊ မဲပေးသူများ၏ ၆၅ ရာခိုင်နှုန်းမှာ ‘သဘောတူပါသည်’ ဟု မဲထည့်ခဲ့ကြပြီး ၃၄ ရာခိုင်နှုန်းက ‘သဘောမတူပါဟု’ မဲပေးခဲ့ကြသည်။

    ထိုကဲ့သို့ ဆန္ဒခံယူပွဲပြီးနောက် ခရိုအေးရှား အခြေခံဥပဒေတွင်ပါဝင်သည့် ထိမ်းမြားခြင်းဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုမှုအား ‘အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့၏ ပေါင်းစည်းမှုဟု’  ပြင်ဆင်သွားမည်ဖြစ်သည်။
    ——————————————–

    အွန်လိုင်းမှဈေးရောင်းသည့် Amazon မှ ပစ္စည်းများကို မောင်းသူမဲ့လေယာဉ်ဖြင့် ပို့ဆောင်မည်။

    – ကမ္ဘာ့အကြီးဆုံး အွန်းလိုင်းအရောင်းဆိုဒ်တစ်ခုဖြစ်သည့် Amazon မှ ဈေးဝယ်သူများ မှာယူသော ပစ္စည်းများကို မောင်းသူမဲ့ ဒရုန်းယာဉ်များဖြင့် ပေးပို့ရန် စီစဉ်နေသည်ဟု အမှုဆောင်အကြီးအကဲ ဂျက်ဖ်ဘီဇော့စ်က ပြောကြားခဲ့သည်။

    ထိုယာဉ်များအား Octocopter ဟု အမည်ပေးထားပြီး အလေချိန် ၂.၃ ကီလိုအထိရှိသည့် ပစ္စည်းများအား မှာယူပြီး မိနစ် ၃၀ အတွင်းပေးပို့နိုင်မည်ဖြစ်သည်။ သို့သော်လည်း ထိုစနစ်အား စတင်ရန် ၅ နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး၊ အမေရိကန် လေကြောင်းစီမံခန့်ခွဲရေးဌာနက ဒရုန်းလေယာဉ်များကို အရပ်ဖက်အတွက် အသုံးပြုရန် ခွင့်မပြုထားခြင်းမရှိသေးပေ။

    ——————————————–
    တရုတ်နှင့် ဂျပန်လေပိုင်နက် အငြင်းပွားမှု ကိစ္စအမေရိကန် ဒုသမ္မတ တရုတ်သွားမည်။

    – တရုတ်နိုင်ငံမှ မကြာသေးမီက ကြေညာခဲ့သည့် လေကြောင်းကာကွယ်ရေးဇုန်သတ်မှတ်ခြင်း အပေါ် အိမ်နီးချင်းနိုင်ငံများအကြား ဒေါသထွက်စရာ အငြင်းပွားမှုများကြောင့် အမေရိကန်ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်မှာ ယခုသီတင်းပတ်အတွင်း ဂျပန်နှင့် တရုတ်နိုင်ငံများသို့ သွားရောက်မည်ဟု သိရသည်။

    ပြီးခဲ့သည့် သီတင်းနှစ်ပတ်ခန့်က တရုတ်နိုင်ငံက သတ်မှတ်ခဲ့သည့် လေကြောင်း ကာကွယ်ရေးဇုန်အတွင်းတွင် ဂျပန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်၏ လေပိုင်နက် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပြီး အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ထိုသတ်မှတ်ချက်အား မကျေနပ်သည့်အတွက် ထိုလေပိုင်နက်ထဲသို့ ၎င်းတို့၏လေယာဉ်များအား တရုတ်နိုင်ငံကို အကြောင်းမကြားဘဲ ပျံသန်းစေခဲ့သည်။

  • ဘာသာရေးစော်ကားသည့် ကိစ္စ အစိုးရမှ အရေးယူမည့် သတင်း OIC ဆန္ဒပြပွဲ ဦးဆောင် ဆရာတော် ဦးပါမောက္ခရဲ့ တုံပြန်မှု

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media
    sittwe 2013
    အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) နှင့် ကိုယ်စားလှယ်များကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဘာသာရေး ယုံကြည်မှုကို စော်ကားရာ ရောက်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင် လှည့်လည်ခဲ့သူများကို အရေးယူရန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူး ခင်မောင်ကြည်မှ အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲမှ သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး OIC ဆန္ဒပြပွဲ ကို ဦးဆောင် ပါဝင်ခဲ့သည့် ဆရာတော် ဦးပါမောက္ခက “ဦးဇင်းတို့တတွေ ဆိုင်းဘုတ် တချို့ကို ဖျက်ဆီးပစ် ခဲ့သေးတယ်။ ဒါပေမယ့် အဲဒီ ဆိုင်းဘုတ်ကို မတွေ့လိုက်မိဘူး။ တကယ့် ရည်ရွယ်ချက်က မိမိဘာသာရေးနဲ့ OIC ရုံး မစိုက်ဖို့ကို ဆောင်ရွက်တာပါ။ ဒါကိုမှ တရားစွဲချင်တယ် ဆိုရင်တော့ သူတို့ ဆန္ဒအတိုင်းပဲ။ ဒါပေမယ့် တရားစွဲလိုက်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ပြဿနာ ပြေလည်သွားမလား၊ ရှုပ်ထွေးသွားမလား ဆိုတာ ကိုတော့ တရားစွဲမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ ကြိုတင် ပြင်ဆင်ထားသင့်တယ၊် သက်ဆိုင်ရာမှ တရားစွဲဆိုသည်အထိ ပြုလုပ်လာမည်ဆိုပါက တရားစွဲဆိုမည့် သူများအနေဖြင့် သတိထား စေချင်ကြောင်း ၊ ဗီနိုင်းလေးတခု မှားတဲ့အပေါ်မှာ တရားစွဲတာ လုပ်ရင်တော့ သူတို့ဘာသာ၊ သူတို့လူမျိုးတွေက လုပ်ထားတဲ့ကိစ္စတွေ အပေါ်မှာလည်း ပြန်ပြီး ပေးဆပ်ရလိမ့်မယ်ဆိုတာ သတိထားစေချင်တယ်” ” ပြောကြားခဲ့ကြောင်း ဧရာဝတီ သတင်းဌာနတွင် ဖော်ပြထားသည့် သတင်းတပုဒ်အရသိရှိရသည်။

    နိုဝင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် OIC အဖွဲ့ကို ဆန့်ကျင်ရေးဆန္ဒပြပွဲကို ရခိုင်လူငယ်ကွန်ရက် ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။

    ကိုးကား၊ ဧရာဝတီ

    ဆက်စပ်သတင်းဖတ်လိုလျှင် =>http://burma.irrawaddy.org/news/2013/12/02/51635.html

  • In Pictures: တိုင်းရင်းသား ကယန်းလူမျိုးစု ပဒေါင်းအမျိုးသမီးများ

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media
    ဓါတ်ပုံ-Al Jazeera

    01

    ကယန်း လူမျိုးစုများတွင် ရှေးဟောင်းဓလေ့ထုံးစံတစ်ခုရှိ၏ ၄င်းမှာ ဘ၀သက်တန်း တစ်လျှောက်၌ လည်ပင်းတွင် ကွင်းများစွပ်ခြင်းပင် ဖြစ်သည်။ ယခုတွင် ထိုလုပ်ရိုးလုပ်စဉ်သည် လူအများကြားတွင် လုပ်ဆောင်ခြင်းလျော့နည်းလာခဲ့သည်။

    ပန်းပတ်၊ မြန်မာ- မြန်မာနိုင်ငံရှိ ကယန်းလူမျိုးစု တစ်စု၏ အမျိုးသမီးများသည် သူတို့၏ လည်ပင်းများတွင် ချိတ်စွပ်ထားသော ကြေးနီကွင်းများကြောင့် လူမျိုးစုများကြားတွင် ကျော်ကြားပြီး၊ ထိုကွင်းများဖြင့် ဘ၀သက်တမ်းတစ်လျှောက် လည်ပင်းအား ရှည်လာအောင် လုပ်ဆောင်ခဲ့ကြသည်။ ယုံကြည်ချက်မှာ လည်ပင်းပိုမိုရှည်လာလေ ပိုမိုလှပသော အမျိုးသမီးတစ်ဦးဖြစ်လာလေဖြစ်သည်။

    ယဉ်ကျေးမှုလုပ်ရိုးလုပ်စဉ်တွင် ဆိုးကျိုးများရှိသည် ၄င်းမှာ ထိုကြေးနီကွင်းများသည် ၂၀ ကီလိုဂရမ် ထိ အလေးချိန်စီးနိုင်ပြီး၊ လယ်ထဲတွင် အလုပ်လုပ်ရာ၌ အလွန်ကို နာကျင်မှုကိုပေးပြီး၊ အခက်အခဲ အလွန်ဖြစ်စေသည်။

    ကယန်း လူမျိုးများက ဆိုသည်မှာ ထို ယဉ်ကျေးမှုအား အဓိက ထုတ်ပြန်ခဲ့ခြင်း အကြောင်းမှာ အမျိုးသမီးများအား ဆွဲဆောင်မှု နည်းစေရန်ဖြစ်ပြီး၊ ရန်သူ လူမျိုးစုများမှ ဖမ်းဆီးခေါ်ဆောင်ခြင်းကို တားမြစ်ရန် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်များတွင် လည်ပင်းကွင်းများသည် ယခင်က ယဉ်ကျေးမှုအား ထိန်းသိမ်းရန်အနေဖြင့် ၀တ်ဆင်ခြင်းသာဖြစ်သည်။

    မိန်းကလေးများသည် သူတို့၏ ညို့သကျည်း နှင့် လည်ပင်းများတွင် ကွင်းများအား အသက် ၅ နှစ် သို့ ခြောက်နှစ်အရွယ်မှ စတင်ကာ ၀တ်ဆင်ခဲ့ကြသည်။ သို့သော်လည်း ထိုဝတ်ဆင်နိုင်မှုသည် မိသားစု ၏ ချမ်းသာကြွယ်ဝမှုပေါ်တွင် မူတည်၏။ ရိုးရာအရ ကွင်းများသည် ဈေးကြီးပြီး၊ အိမ်ထောင်စုတိုင်း မ၀ယ်ယူနိုင်ကြပေ။ နှစ် ၆၀ ကျော်က ဈေးမှာ ၂၀ ကျပ် (အမေရိကန် ဒေါ်လာ ပြား ၂၀) ထိရှိပြီး၊ ယခုတွင် ၂၅၀,၀၀၀ ကျပ် (ဒေါ်လာ ၂၅၀) နည်းပါးရှိ၏။

    ယနေ့တွင် ကယန်း အမျိုးသမီးငယ်များသည် ၄င်း ကွင်းများကို ၀တ်ဆင်မှုကို ငြင်းဆိုကြ၏။ သူတို့က ထိုအရာသည် ရှေးဟောင်းအယူအဆ တစ်ခုသာဖြစ်ကြောင်း ဆိုကြသည်။ သို့သော်လည်း ထို လည်ပင်းကွင်းများသည် ထိုင်းနယ်စပ် မြောက်ပိုင်းတွင် အလွန်ကို ခောတ်စားနေပြီး၊ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင် နိုင်သလို တောရွာတွင် နေထိုင်သူများအတွက် ၀င်ငွေရသော စီးပွားရေး လုပ်ငန်းတခုဖြစ်ပါသည်။

    Photo- Andrey Kovalenko/Nikolay Korzhov/Al Jazeera

    အခြားဓါတ်ပုံများ Facebook တွင် ကြည့်လိုလျှင် Click Here

  • ပန်းချီဆရာနှင့် ကဗျာဆရာ ပေါင်းစပ် ပန်းချီပြပွဲ

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media
    သီရိ

    4
    ရန်ကုန် ။ ။ chemit and chan ပန်းချီပြခန်းကို ဒီဇင်ဘာ ၁-ရက်နေ့မှ ၃-ရက်နေ့အထိ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

    ပန်းချီပြပွဲတွင် ပန်းချီဆရာများ၏ ပန်းချီလက်ရာများနှင့် ကဗျာဆရာ၏ ကဗျာကို ပေါင်းစပ်ပြသသော ပန်းချီပြပွဲ တစ်ခုဖြစ်ပြီး လာရောက်ကြည့်ရှုသူများနှင့် စည်ကားလျက် ရှိပါတယ်။

  • ထိုင်းအတိုက်အခံ ခေါင်းဆောင်နှင့် ၀န်ကြီးချုပ် ယင်းလပ်တို့ တွေ့ဆုံ

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media

    thailand3-2f23e8095bc36988b1cb43a43db2ad5456ce6a31-s6-c30
    အစိုးရဆန့်ကျင်ရေး အတိုက်အခံခေါင်းဆောင် ဆူသတ်သောင်ဆူဘန်နှင့် ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာတို့မှာ နိုင်ငံအတွင်းဖြစ်ပေါ်နေသော အခြေအနေများအတွက် ယမန်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ထိုတွေ့ဆုံပွဲလုံခြုံရေးအား ယခုအချိန်အထိ မည်သည့်ဘက်မှ မပါသေးသည့် ထိုင်းစစ်တပ်မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး၊ အစိုးရ နှုတ်ထွက်ရေးနှင့် ကြားဖြတ် အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေးရေးကို တောင်းဆိုခဲ့သည်ဟု တွေ့ဆုံပွဲအပြီး ဆန္ဒပြသူများအး သောင်ဆူဘန်က ပြောကြားခဲ့သည်။

    ထို့ပြင် အစိုးရ၀န်ထမ်းများအား အစိုးရအား ဆန့်ကျင်သောအနေဖြင့် ယနေ့တွင် ရုံးမတက်ရန် တိုက်တွန်းခဲ့ပြီး ဆန္ဒပြမှုကို နောက်ထပ်နှစ်ရက်အထိ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အားလုံးမှာ နိုင်ငံသားကောင်းများ ဖြစ်ကြသည့်အတွက် ယင်းလပ် အနေဖြင့် ပြည်သူ့အသံအား နားထောင်ပါက ဂုဏ်သရေရှိသူ တစ်ဦးအဖြစ် ဆက်ဆံ သွားမည်ဖြစ်ကြောင်း သောင်ဆူဘန်က ထည့်သွင်းပြောကြားခဲ့သည်။

    ဝန်ကြီးချူပ် ယင်လပ်၏ အစ်ကိုဖြစ်သူ ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုင်းပြည်အတွင်းသို့ပြန်လည် ၀င်ရောက်လာနိုင်သည့် လွတ်ငြိမ်းချမ်းသာ ခွင့်ဥပေဒမှုကြမ်းအား အတည်ပြုခဲ့ပြီး နောက်ပိုင်း ဖြစ်ပေါ်လာခဲ့သည့် အစိုးရ ဆန့်ကျင်းရေ ဆန္ဒပြမှုများမှာ တစ်ပါတ်ကျော်လာပြီဖြစ်ပြီး ယခုအချိန်အထိ အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပြီဖြစ်သည်။

    Ref: Aljazeer