အင်းဝခေတ်၊ အမရပူရခေတ်၊ ရတနာပုံ မန္တလေးခေတ် တို့တွင် တည်ဆောက် ခဲ့ကြသော ပသီ(ခေါ်) မြန်မာ မွတ်စလင်မ်တို.၏ ဗိသုကာ လက်ရာများ။
ဦးမောင်မောင်ကြီး(မန်း)ထံမ
နိုဝင်ဘာ- ၂၇ ၂၀၁၃
M-Media
သားဖြစ်သူအား အရေးဖျားလှီး မင်္ဂလာပြုလုပ်ပေရန် ငြင်းဆန်ခဲ့သောကြောင့် အစ္စရေးရှိ ဂျူးဘာသာရေးတရားရုံးက အမျိုးသမီးတစ်ဦအား ဒဏ်တပ်ခဲ့သည်ဟု သိရသည်။ ဂျေရုစလင်မြို့ရှိ Rabbinical တရားရုံးမှ အရေပြားလှီး မင်္ဂလာ ပြုလုပ်ရန် ခွင့်မပြု မချင်း ထိုအမျိုးသမီးအား နေ့စဉ် ကန်ဒေါ်လာ ၁၄၀ ဒဏ်တပ်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းရန် ဆောင်ရွက်နေသည့် ထိုအမျိုးသမီး၏ လျှောက်လဲချက်အား တရားရုံးကပယ်ချခဲ့သည်။
Rabbinical တရားရုံးမှာ လက်ထပ်ခြင်း၊ ကွာရှင်းခြင်းတို့အပါအ၀င် ဂျူးဘာသာရေးထုံးတမ်းဆိုင်ရာ ကိစ္စရပ်များအား အဆုံးအဖြတ်ပေးရသည့် ဘာသာရေး တရားရုံးတစ်ခုဖြစ်သည်။ သို့သော်လည် ထိုအမျိုးသမီး၏ ရှေ့နေဖြစ်သူက ထိုတရားရုံးမှာ အရေပြားလှီး မင်္ဂလာပြုလုပ်ရန်အတွက် တောင်းဆိုပိုင်ခွင့် မရှိဟု ပြောဆိုခဲ့သည်။
အစ္စရေးနှင့် ပါလက်စတိုင်းပိုင်နက်များရှိ စားရေးဆရာများက ဖွဲ့စည်းထားသည့် အင်တာနက် အခြေပြု လွတ်လပ်သော သတင်းဆိုဒ် +972 Magazine ၏ အဆိုအရ သားငယ်များအား အရေးပြားလှီး မင်္ဂလာပြုလုပ်ရန်အတွက် မိဘများထံမှ တရားဝင် ခွင့်ပြုချက်မလိုဟု သိရသည်။
ဂျူလူမျိုးတို့၏ အရေးကြီးသော ဘာသာရေးဆောင်ရွက်မှု ဓလေ့ထုံးတမ်းတစ်ခုအဖြစ် နှစ်ပေါင်းထောင်ချီရှိနေခဲ့သည့် အရေပြားလှီး မင်္ဂလာပြုလုပ်ရန် ဆုံးဖြတ်ခြင်းမှာ အစ္စရေးနိုင်ငံတွင်အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုဖြစ်နေသည်။ အရေပြားလှီးမင်္ဂလာပြုလုပ်ခြင်းမှာ ဘုရားသခင်နှင့် ပဋိဥာဏ်ထားခြင်းဟုလည်း ဂျူးတို့က ယုံကြည်ကြသည်။
Ref: aljazeera
နိုဝင်ဘာ-၂၇ ၂၀၁၃
M-Media
မောင်လျှောက်
ယနေ့ ၁၃၇၅ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်(၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်) ကျရောက်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ (၉၃)နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပါသည်။
အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်း
——————————
အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ဗြိတိသျအစိုးရသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေး ပညာရေးဥပဒေ သစ်ကိုတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် သောကြာနေ့(ခရစ်နှစ် ၁၉၂၀ ဒီဇင် ဘာလ ၃ ရက်) နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့သည် ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။
(၁) ကိုဘရှင် (သံတွဲ)
(၂) ကိုဘရှင် (ထားဝယ်)
(၃) ကိုညီပိုက်
(၄) ကိုဘိုးလွန်း
(၅) ကိုအေး
(၆) ကိုလှတင်
(၇) ကိုဖေသိန်း
(၈) ကိုထွန်းဝင်း
(၉) ကိုဘခင်
(၁၀) ကိုအောင်ဒင်
(၁၁) ကိုဘဦး
စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။
(စာ-၂၀၀၊ အမျိုးသားနေ့ ရွှေရတုအထူးထုတ်)
ဗြိတိသျှ အစိုးရ၏ တက္ကသိုလ်ပညာရေးဥပဒေသစ်ကို ဆန့်ကျင်သည့် အနေဖြင့် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ် -မြန်မာ နှစ်ဘာသာ သင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။
မန္တလေးမြို့၌ ကျင်းပခဲ့သော န၀မအကြိမ်မြောက် ဂျီစီဘီအေ ညီလာခံကြီး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ကျောင်းသားများ သပိတ်မှောက် ထွက်လာသော ပထမကျောင်းသားသပိတ် စတင်သည့်နေ့သာလျှင် အမျိုးသား အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
** တက္ကသိုလ် သပိတ်ခေါင်းဆောင် (၁၁)ဦးတွင် ကိုဘရှင် (သံတွဲ)မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပါသည်။
=======================
ဆက်စပ်ပိုစ်ဖတ်ရန်
** အမျိုးသားနေ့နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ=>http://www.m-mediagroup.com/
နိုဝင်ဘာ-၂၆ ၂၀၁၃
M-Media
– ယခင်ချယ်ဆီး နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ မာဆယ်လ် ဒီဆယ်လီက လီဗာပူးလ်အသင်း၏ တိုက်စစ်မှူး ဆွာရက်ဇ်မှာ ဒိုင်ဗင် အထိုးကောင်းသူဟု စွပ်စွဲလိုက်ပြီး၊ ဆွာရက်ဇ်မှာ ဘောလုံးကွင်းအား ရေကူးကန်ဟု ထင်နေသော ကစားသမားဖြစ်သည်ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။ ဆွာရက်ဇ်မှာ ပရီးမီးယားလိဂ်သို့ ရောက်ရှိလာပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက နိုင်ငံခြားကစားသမားဖြစ်၍ သူ၏ အပြုအမူများမှာ အနည်းငယ်လွန်ကဲနေသည်ဟု ယခုနှစ်အစောပိုင်းက ကာကွယ်ပြောကြားခဲ့သည်။
– တိုက်စစ်မှူးတောရက်စ်မှာ ယနေ့ညတွင် ကစားမည့် ဘေဆယ်နှင့် ချန်ပီယံလိဂ်ပွဲတွင် ပြန်လည်ပါဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။ တောရက်စ်မှာ နိုဝင်ဘာ ၂ ရက်နေ့က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ၃ ပွဲဆက်တိုက် အနားယူနေခဲ့ရသူဖြစ်သည်။
– အာဆင်နယ်အသင်း၏ ရာသီအစ ကောင်းမွန်သော ပုံစံက အသင်း၏ စွမ်းဆောင်ရည်အား မေးခွန်းထုတ်ခဲ့သူများကို ငြိမ်သက်သွားစေခဲ့သည်ဟု မာဆေးလ်အသင်း၏ နည်းပြဖြစ်သူ အီလီဘော့ပ်က ပြောကြားခဲ့သည်။ မာဆေးလ်အသင်းမှာ ယနေ့တွင် အီမရိတ်ကွင်း၌ အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲကို ကစားရမည်ဖြစ်ပြီး အသင်း၏ကစားသမားများမှာ အကောင်းဆုံးကစားနိုင်မည်ဟု မျှော်လင့်နေသည်။
– နယူးကာဆယ်အသင်း၏ ကွင်းလယ်လူဖြစ်သူ ယိုဟန်ကာဘာယီက ၎င်းအနေဖြင့် နယူးကာဆယ်အသင်းတွင် ယခုနှစ်ရာသီကုန်အထိ ရှိနေမည်ဟု ကတိပေးခဲ့ပြီး၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားနိုင်ရန်အတွက် ရာသီကုန်တွင် အသင်းမှ ထွက်ခွာနိုင်ကြောင်း ၀န်ခံပြောကြားခဲ့သည်။ ၂၀၀၆-၀၇ ခုနှစ် ဘောလုံးရာသီတွင် လိုင်လီအသင်းနှင့် ချန်ပီယံလိဂ်တွင် နောက်ဆုံကစားခဲ့သည့် ကဘာယီအား ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်းမှ ပေါင် ၁၀ သန်းဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာခြင်းမရှိပေ။
– ဘွန်ဒီလီဂါတွင် ၃ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ဦးဆောင်သူ ဘိုင်ယန်မြူးနစ်နှင့် ၇ မှတ်အကွာသို့ရောက်ရှိလာခဲ့သောကြောင့် အသင်းတွင် ပြဿနာများရှိနေသည်ဆိုသည့် သတင်းအား ဒေါ့မွန်အသင်း၏ နည်းပြဖြစ်သူ ဂျာဂျန်ကလော့ပ်က ငြင်းဆိုလိုက်သည်။ ထိုကဲ့သို့ရှုံးနိမ့်မှုများက အသင်းရှိကစားသမားများကို ရိုက်ခတ်မည် မဟုတ်ဘဲ ယနေ့ညတွင်ကစားမည့် နာပိုလီအသင်းနှင့်ပွဲတွင် အကောင်းဆုံး ပုံစံပြသမည်ဟု ကလော့ပ်က ထည့်သွင်းပြောကြားခဲ့သည်။
– ကာဂလီယာရီအသင်းအား အိမ်ကွင်းတွင် ၁ ဂိုးစီသရေကျခဲ့သောကြောင့် စိတ်ပျက်မိသော်လည်း ရိုးမားအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးရှိနေသည်ဟု ကွင်းလယ်လူ ဒီရော့စီက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ရိုမားအသင်းမှာ ထိုပွဲတွင် ဂိုးသွင်းခွင့်မြောက်များစွာ ရခဲ့ပြီး၊ အဆုံးသတ်ပိုင်းအားနည်းမှုနှင့် ကာဂလီယာရီအသင်း ဂိုးသမား၏ လက်စွမ်းပြမှုကြောင့် အိမ်ကွင်းတွင် ၁ ရေတစ်မှတ်သာ ရရှိခဲ့ခြင်းဖြစ်သည်။
– အေစီမီလန်အသင်း၏ အ၀တ်လဲခန်းအတွင်း အခြေအနေမှာ အနည်းငယ်တင်းမာလျက်ရှိသည်ဟု ကွင်းလယ်လူ ကာကာက ဖွင့်ဟခဲ့သည်။ အေစီမီလန်အသင်းမှာ စနေနေ့က အိမ်ကွင်းတွင်ကစားခဲ့သည့် ဂျီနိုအာအသင်းနှင့် ပွဲတွင် ၁ ဂိုးစီသရေချခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် အနိုင်မရခဲ့သည်မှာ ၇ ပွဲဆက်တိုက်ရှိပြီဖြစ်သည်။ ထိုပွဲပြီးနောက် ပရိတ်သတ်များက ဆန်စီရိုကွင်း၏ ထွက်ပေါက်များအား ပိတ်ဆို့ကာ အသင်း၏ ဆိုးရွားသော ရလဒ်များအတွက် ကစားသမားများက ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။
– ဒဏ်ရာကြောင့် တင်းနစ်ကစားခြင်းမှအနားယူနေရသည့် ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေးမှာ ယခုလကုန်ပိုင်းပြုလုပ်မည့် သရုပ်ပြပွဲတစ်ခုတွင် ကစားမည်ဟုသိရသည်။ ယခုနှစ်ဝင်ဘယ်လ်ဒန်ချန်ပီယံ မာရေးမှာ ကာလကြရှည်စွာ ဒုက္ခပေးနေသော ၎င်း၏ နောက်ကျောဒဏ်ရာအား ခွဲစိတ်ကုသမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အနားယူနေရသူဖြစ်သည်။ မိုင်ယာမီ ဆောင်းရာသီလေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်နေသည့် မာရေးမှာ လာမည့် ဒီဇင်ဘာတွင်လည်း အဘူဒါဘီ၌ သရုပ်ပြပွဲတစ်ခု ကစားရန် ရှိနေသည်။
– မိမိ၏ နည်းပြသစ်အဖြစ် နယ်သာလန်နိုင်ငံသား စဗန် ဂရိုနီဗဲဒ်အား ခန့်အပ်တော့မည်ဟု ရုရှားနာမည်ကြီးတင်းနစ်မယ် မာရီယာ ရှာရာပိုဗာက အတည်ပြုပြောကြားခဲ့သည်။ ရှာရာပိုဗာမှာ ယခုနှစ် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲပြီးကတည်းက အချိန်အတော်ကြာ လက်တွဲလာခဲ့သည့် နည်းပြ သောမတ်စ် ဟော့ဂ်စတ်ဒ်နှင့် လမ်းခွဲခဲ့သည်။ ဂရိုနီဗဲဒ်မှာ အမျိုးသမီးတင်းနစ်လောကတွင် အောင်မြင်သူတစ်ဦးဖြစ်ပြီး မိုနီကာ ဆီလီစ်၊ မေရီ ပီယာစီ၊ အာနာ အိုင်ဗန်နိင်ဗစ်နှင့် ကာရိုလိုင်း ၀ုဇ်နီအက်ကီစသည့် ကမ္ဘာ့အဆင့် တင်းနစ်မယ်များအား နည်းပြခဲ့သူတစ်ဦးဖြစ်သည်။
– ဟောင်ကောင်နိုင်ငံမှာ နိုင်ငံ၏ ပထမဦးဆုံး WTA တင်းနစ်ပြိုင်ပွဲအား လာမည့်နှစ်တွင် ကျင်းပမည်ဟု သိရသည်။ တစ်ပတ်တာကြာမြင့်မည့် Hong Kong Open တင်းနစ်ပြိုင်ပွဲအား လာမည့်နှစ် စက်တင်ဘာလတွင် ဗစ်တိုရီးယားပန်းခြံရှိ တင်းနစ်ကွင်းတွင် ကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့အဆင့် ၁၀ အတွင်းရှိ တင်းနစ်မယ်များထဲမှ တစ်ဦးပါဝင်မည်ဖြစ်ကာ ဆုကြေးငွေ စုစုပေါင်း ပေါက် ၁၅၅၀၀၀ ချီးမြှင့်မည်ဟု သိရသည်။
နိုဝင်ဘာ-၂၆ ၂၀၁၃
M-Media
– အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများအား ဦးဆောင်သူ တစ်ဦးဖြစ်သူ ဆူသပ် သောင်ဆူဘန်အား ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများမှာ ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အအုံနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အအုံတို့အား သိမ်းပိုက်ထားခဲ့သည်။ ယခင်ပါလီမန်အမတ်ဟောင်းဖြစ်သူ သောင်ဆူဘန်က အစိုးရကပြုလုပ်မည့် ဥပဒေဆိုင်ရာ ခြိမ်းခြောက်မှုများအား ကြောက်ရွံ့နေမည် မဟုတ်ဟု ပြောကြားခဲ့သည်။
– အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာက ပြည်နယ်ရှိ အဆောက်အဦးတစ်ခုမှာ ယနေ့နံနက်ပိုင်းတွင် ပြိုကျခဲ့ပြီး ကလေးငယ်တစ်ဦးအပါအ၀င် လေးဦးသေဆုံးခဲ့ကာ အမြောက်အများ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ထားပြီး အဆောက်အဦးပျက် အတွင်း ရှာဖွေကယ်ဆယ်မှုများကို ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
– အမေရိကန်ပြည်ထောင်စု အရှေ့ အုက္ကလန်းရှိ လမ်းမတစ်ခုတွင် ယမန်နေ့ညပိုင်းကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု တရပ် ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးမှာ သေနတ်ထိမှန်ခဲ့သည်ဟု သိရသည်။ ထိုလမ်းတစ်လျှောက် အသားကင်များဖြင့် စားသောက်ပွဲပြုလုပ်နေစဉ် လူတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများထဲမှ နှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိနေကြောင်း၊ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
– ဗြိတိန်ရှိ အမျိုးသမီး ၁၀ ဦးတွင် ၁ ဦးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံနေရသည်ဟု လူမှုဘ၀နှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူများ လော့လာရေးအဖွဲ့(Nastsal) ၏ မကြာသေးခင်ကပြုလုပ်ခဲ့သော လေ့လာမှုများက ဆိုသည်။ ထိုရလဒ်မှာ အသက် ၁၆ နှစ်မှ ၇၄ နှစ်အတွင်းရှိ လူပေါင်း ၁၅၀၀၀ ကို မေးမြန်းခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ဝန်းကျင်တွင် စော်ကားခံရမှုအများဆုံးဟု သိရသည်။
– ရုရှား စစ်ဘက်ဆိုင်ရာအကြံပေးနှစ်ဦးမှာ ယီမင်နိုင်ငံတွင် သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကိုခံခဲ့ရသည်ဟု သိရသည်။ အဆိုပါ အကြံပေးနှစ်ဦးမှာ ယမန်နေ့က မြို့တော် ဆန်နာတောင်ပိုင်းရှိ ၎င်းတို့တည်းခိုရာဟိုတယ်မှ ထွက်လာစဉ် ဆိုင်ကယ်စီးလာသော အမည်မသိသေနတ်သမားနှစ်ဦက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ယီမင်နိုင်ငံတွင် ယီမင်စစ်တပ်အားအကူအညီပေးနေသော ရုရှား စစ်ဘက်ဆိုင်ရာအကြံပေးများစွာရှိလေသည်။
– စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(ECO) အဖွဲ့ဝင်နိုင်ငံများ၏ ၂၁ ကြိမ်မြောက် ၀န်ကြီးများအစည်းအဝေးကို အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်၌ ယနေ့တွင် စတင်ကျင်းပခဲ့ကြသည်။ ထိုအဖွဲ့အား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အီရန်၊ ပါကစ္စတန်နှင့် တူရကီတို့ပူးပေါင်းကာ ၁၉၈၅ ခုနှစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် နိုင်ငံ ခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်တို့က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၂ ရက်တာကြာမြင့်မည်ဖြစ်သည်။
– ၂၀၀၄ ခုနှစ်တွင် ဂျစ်ဒ္ဒါ Red Sea မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအား တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ခဲ့သည့် လူ ၂၀ အား ဆော်ဒီတရားရုံးက ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။ ၎င်းတို့အထဲမှ တစ်ဦးအား သေဒဏ်နှင့် အခြား ၁၉ ဦး ထောင်ဒဏ် ၂၅ နှစ်စီ အသီးသီးချတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုတွင် သံရုံးအား စောင့်ကြပ်နေသည့် လုံခြုံရေးဝန်ထမ်း ၄ ဦးသေဆုံးခဲ့သည်။
– ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကို လာမည့်နှစ် ဇန်န၀ါရီလတွင် ဂျီနီဗာ၌ ပြုလုပ်ရန် ကုလသမဂ္ဂက ရက်သတ်မှတ်ခဲ့သည်။ ၃၂ လကြာဖြစ်ပွားနေသည့် အဆိုပါပြည်တွင်းစစ်အတွင်း ဆီးရီးယားနိုင်ငံသား ၁ သိန်းကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာမှာလည်း အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးနေရသည်။
– ရုရှား၏ ဖိအားပေးမှုကြောင့် ဥရောပ၏ လွတ်လပ်စွာကုန်သွယ်ရေး စာချုပ်အား လက်မှတ်မထိုးသော ယူကရိန်းအစိုးရ၏ လုပ်ရပ်အား ဆန့်ကျင်သော အနေဖြင့် အတိုက်အခံ ခေါင်းဆောင် ယူလီယာ တိုင်မိုရှန်ကိုက အစာငတ်ခံ ဆန္ဒပြနေသည်ဟုသိရသည်။ ယခင် ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်ပြီး
– ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့သည့် ကျောင်းဆရာ ၁၁ ဦးအား တာလီဘန်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ယနေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုကျောင်းဆရာများအား ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ခိုင်ဘာဒေတွင် လွန်ခဲ့သည့် ၃ ရက်က ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လူမျိုးစု ခေါင်းဆောင်များက တာလီဘန်များနှင့် ဆွေးနွေးခဲ့ပြီးနောက် ယနေ့နံနက်တွင် ပြန်လွှတ်ပေး ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းအုပ်ကြီးမှ ပြောကြားခဲ့သည်။
– အိန္ဒိယရှိ ဆရာဝန်ဇနီးမောင်နှံနှစ်ဦးမှာ လွန်ခဲ့သည့် ၅ နှစ်ကဖြစ်ပွားခဲ့သည့် သမီးဖြစ်သူနှင့် အိမ်အကူတစ်ယောက်၏ သေဆုံးမှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရသည်ဟ
– နှစ်နိုင်ငံ နယ်စပ်တွင်ရှိနေသည့် ကေဆွန် စက်မှုဇုံ၏ လမ်းပမ်းဆက်သွယ်ရေး၊ အထွေထွေ အရေးကိစ္စများ အတွက် ဆွေးနွေးမှုများပြုလုပ်ရန် တောင်ကိုရီးယား၏ ကမ်းလှမ်းမှုအား မြောက်ကိုရီယားမှ လက်ခံခဲ့သည်ဟု ဆိုးလ်မြို့ရှိ ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။ စက်တင်ဘာ ၁၃ ရက်နေ့နောက်ပိုင်း ပထမဦးဆုံးဖြစ်မည့် အဆိုပါဆွေးနွေးပွဲကို လာမည့် သောကြာနေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။