News @ M-Media

Blog

  • နိုဝင်ဘာ ၁၇ နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ- ၁၇ ၂၀၁၃

    M-Media

    ဟူစတန်မြို့ ပါတီပွဲတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား ၁ ဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု ဟူစတန်မြို့ရှိ အိမ်တစ်အိမ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ပါတီပွဲတစ်ခုတွင် သေနစ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ကာ အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဟူစတန်မြို့ အနောက်တောင်ဘက် အိမ်တစ်အိမ်တွင် ကျင်းပသော လူငယ်များနှင့် ဆယ်ကျော်သက်များ လာရောက်ကြသည့် အဆိုပါ ပါတီတွင် ည သန်ခေါင်ယံ အချိန်၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ထိုပါတီသို့ ကားနှစ်ဆီးဖြင့်ဝင်ရောက်လာပြီးနောက် အချိုကသော ကိစ္စရပ်များတွင် အခြေအတင်ပြောဆိုခြင်းများဖြစ်ပွားခဲ့ပြီး သေနတ်ဖြင့် စတင် ပစ်ခတ်ခဲ့ကာ အချက် ၂၀၊ ၃၀ ခန့်ရှိသည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့ကြောင်း ဟူစတန် ရဲဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာချိန်တွင် ဆယ်ကျော်သက်တစ်ဦးမှာ ရရှိထားသော ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး၊ အခြားသော ဆယ်ကျောက်သက်သုံးဦးအား ဒဏ်ရာရလျက် တွေ့ရှိခဲ့ရကြောင်း၊ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကို အခြေပြုကာ စုံစမ်းစစ်ဆေးလျက် ရှိပြီး အမှုနှင့် ပက်သက်သည့် မည်သူတစ်ဦး တစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ခဲ့သည်။

    Ref: ဆင်ဟွာ
    Tiffany+Homicide+Nov+16+014
    ……………………………….
    ဘင်္ဂလားဒေ့ရှ်၏ လမ်းပမ်းဆက်သွယ်ရေးအတွက် ADB နှင့် ဂျပန်တို့ ကူညီမည်

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ လမ်မများနှင့် အဝေးပြေးလမ်းများ ဖောက်လုပ်ရေးဌာန(RHD)၏ ဘာဏ္ဍာရေးအခြေအနေကို ပိုမိုတောင့်တင်းစေရန်တွက် ဒေါ်လာ ၁.၅ သန်းကူညီရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်ဟု မနီလာအခြေစိုက် ADB ဘဏ်က ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ထို့ပြင် ဂျပန်နိုင်ငံမှလည်း ပါဝင်ကူညီမည်ဖြစ်ပြီး ထိုကူညီထောက်ပံ့မှုများအား ADB မှ ကြီးကြပ်ကာ၊ အကောင်အထည်ဖော်မည့် ပရောဂျက်များကိုလည်း နည်းပညာပိုင်းဆိုင်းရာ ကူညီထောက်ပံ့မှုများ ပေးသွားမည်ဟု ထိုအစီရင်ခံစာတွင် ရေးထားဖော်ပြထားသည်။

    ထိုကဲ့သို့နည်းပညာပိုင်းဆိုင်ရာ ကူညီမှုက RHD အားခေတ်မီစေပြီး၊ RHD မှ ဆောက်ရွက်သောလုပ်ငန်းများအား လွယ်ကူသွက်လက်စေမည်ဖြစ်သည်။ အထို့ပြင် ADB မှ လမ်းများ၊ တံတားများထိန်းသိမ်းခြင်းနှင့် ခံနိုင်ဝန်ထက်ပိုမိုတင်ဆောင်မှုအား ထိန်းချုပ်ခြင်းစသည့် လုပ်ငန်းများတွင်လည်း ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

    ………………………………
    လူကုန်ကူးမှုများကို တားဆီးရန် သီရီလင်္ကာနှင့် သြစတေးလျရေတပ်တို့ ပူးပေါင်းဆောင်ရွက်မှုများအား ချဲ့ထွင်

    တရားမ၀င်လူကုန်ကူမှုများအား နှိမ်နှင်းရန်အတွက် သီရိလင်္ကာနှင့် သြစေတးလျ နှစ်နိုင်ငံရေတပ်များ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်တော့မည်ဟု သိရသည်။

    သြစေတးလျသို့ လှေများဖြင့်ဝင်ရောက်လာကြသည့် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများနှင်ပက်သက်၍ သြစတေးလျဝန်ကြီးချုပ် တိုနီ အဘော့နှင့် သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာတို့ ယနေ့က ဆွေးနွေးခဲ့သည်။

    ဓနသဟာယနိုင်ငံ အစိုးရများ၏ အစည်းအဝေးတွင် သီးခြားဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး တရားမ၀င် ရွှေ့ပြောင်းကြသူများပင်လယ်ပြင်တွင်သေဆုံးမှုအား ကာကွယ်ရန်နှင့် ထိုသူများအား သိရိလင်္ကာ နိုင်ငံအား စွန်ခွာနေသူမှုများအား လျှော့ချရန် သင်္ဘောနှစ်စင်းအား သီရိလင်္ကာသို့ပေးအပ်ရန်ကိုလည်း သြစတေးလျက ကတိပေးခဲ့သည်။

    ၂၀၁၂ ခုနှစ် သြဂုတ်လမှစ၍ ယခုအချိန်အထိ သြစတေးလျသို့ တရားမ၀င် သီရိလင်္ကာနိုင်ငံသား ၁၄၀၀ နီးပါးအား သြစလေးလျက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

    ဇူလိုင် ၁၉ ရက်နေ့က ပြဌာန်းခဲ့သော သြစတေးလျ၏ ဥပဒေသစ်အရ သြစတေးလျသို့ ဗီဇာမပါဘဲ လှေများဖြင့်ဝင်ရော်လာသူများမှာ သြစတေးလျတွင် အခြေချခွင့်မရတော့ဟု သိရသည်။

    …………………………………
    ဒရုန်းဖြင့်တိုက်ခိုက်မှုများအား ဂျာမနီ အခြေစိုက်စခန်းများမှ အမေရိကန်ပြုလုပ်

    အမေရိကန်မှ ကမ္ဘာ့တစ်ဝှမ်းတွင် ဒရုန်းများဖြင့် တိုက်ခိုက်မှုများအား ဂျာမနီနိုင်ငံရှိ အမေရိကန်စစ် အခြေစိုက်စခန်းမှ စီစဉ်ပြုလုပ်ခဲ့သည်ဟု ဂျာမန်မီဒီယာများက ယမန်နေ့တွင် ရေးသားဖော်ပြခဲ့ကြသည်။

    ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင် ပြုလုပ်ခဲ့သည့် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ဂျာမနီနိုင်ငံ စတုဂတ်ရှိ အမေရိကန် စစ်အခြေစိုက်ဌာနနှင့် ရမ်စတိန်ဒေသရှိ လေတပ် စခန်းတို့မှ စီစဉ်ဆောက်ရွက်ခဲ့ခြင်းဖြစ်သည်။

    ဘာလင်ရှိ အမေရိကန်သံရုံးက ထိုကစ္စများမှာ ဟုတ်မှန်ခြင်းမရှိဘဲ၊ ကောလဟာလများဖြစ်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    စုံးစမ်းမှုများအရ ကမ္ဘာ့တစ်ဝှမ်းရှိ အကြမ်းဖက်သံသယရှိသူများအား ပြန်ပေးစွဲခြင်း၊ နှိပ်စက်ခြင်းများကိုလည်း ဂျာမနီနိုင်ငံမှပင်ပြုလုပ်သည်ဟု တွေ့ရှိခဲ့ရသည်။

    လူများစွာသေကြေပျက်ဆီးရသည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုအား ကူညီခဲ့သည့်အတွက် အတိုက်အခံပါတီက ဂျာမန်အစိုးရအား ဝေဖန်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုများမှာ စွဲချက်မရှိဘဲ သတ်ဖြတ်ခြင်းသာဖြစ်ပြီး၊ တရားမ၀င်ဟု ပါလီမန်အဖွဲ့ဝင်ဖြစ်သူ ဂျန်ဗန် အေကန်က ပြောကြားခဲ့သည်။

    Press TV

    ……………………………………..

  • အိုအိုင်စီ အတွင်းရေးမှူးချူပ်ရဲ့ မြန်မာပြည်ခရီးစဉ် လေဆိပ်မှ သတင်းစာရှင်းလင်းပွဲ (အစိုးရ သတင်းထုတ်ပြန်ချက်)

    အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ
    =========================
    နေပြည်တော် နိုဝင်ဘာ ၁၇
    ပြန်ကြားရေးဝန်ကြီးဌာန

    1471238_418462744948264_787242912_n

    အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး မစ္စတာ အီမယ်လ်ဒင် အီဆန် အိုဂလူနှင့် (OIC) အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ပြန်လည် မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းဌာန များမှ မီဒီယာများနှင့် တွေ့ဆုံသည်။

    ရှေးဦးစွာ OIC အထွေထွေအတွင်းရေးမှူးက မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

    ၎င်းက ယခုခရီးစဉ်တွင် မိမိနှင့်အတူ တူရကီနှင့် ဂျီဘူဘီ နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဆော်ဒီအာရေဗီးယားနိုင်ငံတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ လိုက်ပါခဲ့ကြ ပါကြောင်း၊ သုံးရက် တာခရီးစဉ်အတွင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ဆွေးနွေးမှုများမှာ အကျိုးဖြစ်ထွန်းမှုရှိပြီး အပြုသဘောလည်းဆောင်ပါကြောင်း။

    ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခွင့်ရရှိခဲ့ပြီး တာဝန်ရှိသူများက အကူအညီများ ပေးကြသဖြင့် ခရီးစဉ် အဆင်ပြေ ချောမွေ့မှု ရှိခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် လူမျိုးရေး အကြမ်းဖက်မှုများပပျောက်ရေး ဆောင်ရွက် ရန်၊ ပြည်သူများအား အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရန်၊ လူ့အခွင့်အရေးအား လေးစားလိုက်နာရန်နှင့် အခြေခံ လွတ်လပ်ခွင့်များရရှိစေရန် ဆောင်ရွက်မည့် နိုင်ငံတော် အစိုးရ၏ ကြေညာချက်များနှင့် အာမခံပြောကြားချက်များကို သိရှိခဲ့ရပါကြောင်း။

    မိမိတို့အဖွဲ့ ကွင်းဆင်းလေ့လာ သွားရောက်ခဲ့ရာတွင် ရခိုင်ပြည်နယ်အတွင်း ပြည်သူများ တွေ့ကြုံ ခံစားနေရမှုများနှင့် ပတ်သက်၍ လက်တွေ့နားလည်ခွင့ျရရှိခဲ့ပါကြောင်း၊ ကိုင်တွယ်ရခက်ခဲသည့် အခြေအနေ တစ်ရပ်ဖြစ်ပြီး လူ့အသိုက် အဝန်းများအကြား ပြန်လည်သင့်မြတ်မှုရရှိစေရန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက် များကို သိရှိနားလည်ပါကြောင်း။

    ဒုက္ခသည်များနှင့် မိမိတို့တွေ့ဆုံကာ ၎င်းတို့၏ ရင်ဖွင့်ပြောကြားချက်များကို နားထောင်ခဲ့ရပါကြောင်း၊ ၎င်းတို့၏ သတင်း စကားကို မိမိတို့ သိခွင့်ရရှိသကဲ့သို့ မိမိတို့၏ သတင်းစကားကိုလည်း ၎င်းတို့ကို အသိပေး ခဲ့ပါကြောင်း၊ အစိုးရအဖွဲ့၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့က ၎င်းတို့၏ ဒုက္ခခံစား နေရမှုများကို သက်သာရာရရှိစေရေးအတွက် အကူအညီများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း။

    မတူကွဲပြားသည့် ယုံကြည်ချက်များရှိလင့်ကစား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာရာမှ အကြမ်းဖက်မှု များဖြစ်ပေါ်ရခြင်း သည် ဘာသာရေးအယူအဆကြောင့်မဟုတ်ဘဲ သာမန်ရာဇဝတ်မှု ကျူးလွန်သည့် ပုဂ္ဂိုလ်ရေး လုပ်ရပ်အဖြစ်သာ ဖြစ်သဖြင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူသွားရမည် ဖြစ်ပါကြောင်း။

    ဖြစ်ပေါ်နေသည့် အဓိကပြဿနာမှာ အကြမ်းဖက်ဖြေရှင်းတတ်သည့် နည်းလမ်းကို အသုံးပြု နေခြင်းဖြစ်ပါကြောင်း၊ အပြန်အလှန် ယုံကြည်မှုပျက်ပြားခြင်းသည် အကြမ်းဖက်မှုကိုသာဖြစ်ပေါ်စေပါကြောင်း။

    မိမိတို့၏ အိုင်အိုစီအဖွဲ့အပေါ် နားလည်မှုလွဲမှားနေသည့်အချက်ရှိပါကြောင်း၊ မိမိတို့၏ အဖွဲ့အစည်းသည် ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည်ဟု နားလည်မှု လွဲမှားနေပါကြောင်း၊ အမှန်မှာ အိုင်အိုစီအဖွဲ့သည် International Inter- governmental Organization တစ်ခုသာလျှင် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့အချင်းချင်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက် သည့် အဖွဲ့အစည်းသာ ဖြစ်ပါကြောင်း။

    အိုင်အိုစီအဖွဲ့တွင် အဖွဲ့ဝင် ၅၇ နိုင်ငံပါရှိပြီး လေ့လာသူအဆင့် ငါးနိုင်ငံ ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် မိမိတို့အဖွဲ့တွင် လေ့လာသူအဆင့် နိုင်ငံဖြစ်ပါကြောင်း၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီစသည့် နိုင်ငံများသည် မိမိတို့အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေပြီး အထူးသံတမန်များကိုထားရှိကာ လုပ်ငန်းများကို လက်တွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာရှ၊ ဥရောပ၊ အာဖရိက၊ လက်တင်အမေရိက ဒေသများတွင် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် အိုင်အိုစီနှင့် ကမ္ဘာ့နိုင်ငံအများအပြား ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အခြေခံအဆောက်အအုံ စီမံကိန်းများအတွက်လည်း မိမိတို့ အကူအညီများပေးလျက်ရှိ ပါကြောင်း၊ အိုင်အိုစီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအားလုံးအတွက် အကူအညီ များ ပေးအပ်လျက် ရှိပါကြောင်း။

    လူမျိုးရေးပဋိပက္ခများ ဒေသတစ်ခုမှတစ်ခုသို့ ကူးစက်ပျံ့နှံခြင်းမရှိစေရန် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ လူမှုရေး စာနာထောက်ထားမှု အကူအညီများကို မိမိတို့ပေးအပ်ရာတွင် လူမျိုး၊ တိုင်းရင်းသား မျိုးနွယ်နှင့် ဘာသာရေး တို့အပေါ်အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုပါကြောင်း၊ ဘက်လိုက်ခြင်းကို မိမိတို့ ကျင့်သုံးမည် မဟုတ်ပါကြောင်း။

    မိမိတို့သည် အစိုးရအဖွဲ့ချင်းဆက်ဆံသော အဖွဲ့အစည်းဖြစ်သဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို မြန်မာအစိုးရမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အပြန်အလှန် ယုံကြည်မှုရှိကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်စေရန် အိုင်အိုစီအဖွဲ့က ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း။

    မြန်မာနိုင်ငံ၌ အစိုးရက ပြုပြင်ပြောင်းလဲရေးအစီအစဉ်များအား ချမှတ်နေခြင်းကို မိမိတို့ အသိအမှတ်ပြု ပါကြောင်း ဖြင့် ပြောကြားသည်။

    ထို့နောက် သတင်းဌာနများ၏ မေးမြန်းချက်များကို အိုင်အိုစီအတွင်းရေးမှူးက ပြန်လည်ဖြေကြားခဲ့သည်။

    မေး။ အခုခရီးစဉ်အတွင်း ရရှိခဲ့တဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး သိရှိလိုပါတယ်။
    ဖြေ။ အိုင်အိုစီအဖွဲ့ရဲ့ အခုခရီးစဉ်ဟာ အချက်အလက် ရှာဖွေရေးခရီးစဉ်ဖြစ်ပြီး ဒုက္ခရောက်နေ သူတွေကို ဘယ်လိုအကူအညီ တွေပေးသွားနိုင်မယ်ဆိုတဲ့ နည်းလမ်းတွေကို လေ့လာခဲ့ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

    ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တဲ့ ဆေးဝါးတွေ၊ နေထိုင်စရာ နေရာတွေ၊ သက်သာချောင်ချိရေးတွေကို ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေသဆိုင်ရာ လူနေမှုဘ၀ မြင့်မား တိုးတက်မှုအနေနဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းသွား လိုပါတယ်။

    ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအပြင် စိတ်ဓာတ်ရေးရာအရ အပြန်အလှန်ယုံကြည်မှုတည် ဆောက်သွားဖို့ အထူးလိုအပ်တာမို့ ဒါအတွက်လည်း ဆောင်ရွက်ပေးသွားရပါမယ်။ လိုအပ်တဲ့ အကူအညီ တွေကို ဘယ်နည်းဘယ်ပုံပေးမယ်ဆိုတာကတော့ အသေးစိတ်ပြောဖို့ စောပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ရေတို၊ ရေရှည်အစီအစဉ်တွေနဲ့ ချမှတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ သိပ်အရေးကြီးပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူနေမှုဘ၀ တိုးတက်လာနိုင်မှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံဟာ ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ဖို့ အလွန်အလားအလာ ကောင်းမွန်တဲ့ နိုင်ငံဖြစ်ပါတယ်။ သာယာ လှပတဲ့ ပင်လယ်ကမ်းရိုးတန်းဒေသတွေနဲ့ ပြည့်စုံတဲ့ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။

    မေး။ မြန်မာနိုင်ငံမှာ အိုင်အိုစီဆက်ဆံရေးရုံး (Liaison Office) ဖွင့်လှစ်ရေးနဲ့ပတ်သက်လို့ အခြေအနေ ဘယ်လို ရှိပါသလဲ။

    ဖြေ။ ဆက်ဆံရေးရုံးဖွင့်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားပြောဆိုစရာတွေ ပေါ်ပေါက်နေဆဲပါ။
    ကျွန်တော်တို့အပေါ် ပြည်သူတွေ နားလည်လာချိန်အထိ စောင့်ဆိုင်းရမှာပါ။ ဒါနဲ့ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။
    လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများမြှင့်တင်ရေး၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးတို့အတွက် ချဉ်းကပ်မှုနည်းလမ်းမျိုးစုံနဲ့ ကျွန်တော်တို့အားလုံးလက်တွဲ ဆောင်ရွက်သွားကြပါမယ်။

    ယင်းနောက် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားရာ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက် ခဲ့ကြသည်။

  • ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာမွတ်စလင်မ်များနှင့် တွေ့ဆုံစဉ် အိုအိုင်စီ အတွင်းရေးမှူးချူပ် စိတ်ထိခိုက်၍ မျက်ရည်ကျခဲ့ရ

    နိုဝင်ဘာ- ၁၇ ၂၀၁၃
    M-Media
    1470104_10202526434307366_962277024_n

    ရန်ကုန်၊ မြန်မာ။ ။ အစ္စလာမ်နိုင်ငံများ၏ ကမ္ဘာ့အကြီးမားဆုံး အုပ်စု တစ်ခုဖြစ်သော အိုအိုင်စီ အဖွဲ့၏ အတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံရှိ အစဉ်တစိုက် ညှင်းဆဲခံ ရိုဟင်ဂျာလူ့အဖွဲ့အစည်းဝင်တို့နှင့် ဆုံစည်းမှုက မိမိအား မျက်ရည်ကျစေခဲ့သည်ဟု ပြောကြားလိုက်သည်။ ၄င်းရိုဟင်ဂျာတို့သည် ရခိုင် ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုများကြောင့် မိမိတို့၏ ဌာနီမှ စွန့်ခွာခဲ့ရသူများ ဖြစ်ကြ၏။

    မိမိနှင့်အိုအိုင်စီ အဖွဲ့သားများသည် မြန်မာနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိနေပြီး တနင်္ဂနွေနေ့တွင် သမ္မတ၊ ၀န်ကြီးများ၊ ဘာသာပေါင်းစုံ အုပ်စုများ နှင့် ကုလအေဂျင်စီများနှင့် ဆွေးနွေးမှုအစီအစဉ်တို့လည်း ပါဝင်ကြောင်း အီမယ်လ်ဒင် အီဆန် အိုဂလူ က ထုတ်ဖော်ပြောကြားခဲ့သည်။

    သို့သော် စစ်တွေမြို့ပြင်၌ ပရမ်းပတာဖြင့် သန့်ရှင်းမှုမရှိ ယာယီစခန်းများအတွင်း နေထိုင်နေကြရှာသည့် – ကယ်ကူရာမဲ့နေရှာသည့် သနားစဖွယ် လူအုပ်ကြီးများကြောင့် အလွန်ကြေကွဲစွာခံစားရကြောင်း သူက ဤသို့ ရင်ဖွင့်ပါသည်။

    “ ဒီလိုခံစားမှုမျိုး တစ်သက်တစ်ကိုယ် မကြုံခဲ့ဖူးပါဘူး။ ကျွန်တော် ငိုကြွေးနေခဲ့မိပါတယ် ”။

    Ref: Associated Press

    ဓါတ်ပုံအညွှန်း- စစ်တွေမြို့မှ အကြမ်းဖက်ခံ ရိုဟင်ဂျာမွတ်စလင်မ်များကို အိုအိုင်စီ အတွင်းရေးမှူးချူပ် နှုတ်ဆက်စဉ်
    Photo- Soe Thu Moe FB

  • အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်း မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ ရှုံ့ချ

    အောက်တိုဘာ- ၁၇၊ ၂၀၁၃
    M-Media

    ပြီးခဲ့ရက်ပိုင်းများအတွင်း မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စလင်မ်များ၏ အခြေအနေကို လာရောက်လေ့လာရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရားဝင် ခရီးရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ကိုဆန်ကျင့်သောအားဖြင့် ပြည်တွင်းမှ သံဃာတော်များ ဦးဆောင်ပြိး ဆန္ဒပြပွဲများ ရန်ကုန်၊ စစ်တွေနှင့် အခြားမြို့ကြိးများတွင် ပြုလုပ်ခဲ့ကြသည်။

    အချို့နေရာများမှ ဆန္ဒပြပွဲတွင် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများဖြင့် ကြေညာချက်များနှင့် အပြုအမှုများ ပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို ရှုံ့ချသောအားဖြင့် မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) မှ ရှုံချသည့် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပြီး ကြေညာချက်ကို မြန်မာနိုင်ငံနှင့် သံအဆက်အသွယ်ပြုလုပ်ထားသော အိုင်အိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးများကို အကြောင်းကြား သတိပေးရန် ထည့်သွင်းရေးသားထားသည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    sittwe 2013

    အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) မှ ထုတ်ပြန်စာ

    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်

    အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးအားလုံးထံ အကြောင်းကြား အသိပေးရန် ထုတ်ပြန်ချက်
    ==========================================

    ဤရက်ပိုင်းအတွင်း အိုအိုင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့လာရောက်မှုအပေါ် မနှစ်မြို့ခြင်းကို အကြောင်းပြုပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် ရဟန်းသံဃာများမှ အစ္စလာမ်သာသနာအား စော်ကားပြုမူချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ထိခိုက်ခံစားရပါသောကြောင့် ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။

    အစ္စလာမ်သာသနာအား တိရစ္ဆာန်ဝါဒနှင့်နှိုင်းယှဉ်ဖော်ပြလိုက်ခြင်းမှာ စော်ကားမှုလုပ်ရပ်သာမက၊ အစ္စလာမ်သာသနာအပေါ် အငြိုးတကြီး စစ်ကြေငြာလိုက်ရာ ရောက်နေပါသည်။

    မွတ်စ်လင်မ်များနှင့်အစ္စလာမ်သာသနာအား နက်ရှိုင်းစွာမုန်းတီးနေမှုကို မြန်မာအစိုးရအာဏာပိုင်များကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်တင်ပြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ သုံးသပ်ပါသည်။

    အစ္စလာမ်သာသနာကိုစော်ကားထားသော – အစ္စလာမ်သာသနာအား တိရစ္ဆာန်လမ်းစဉ်နှင့်နှိုင်းယှဉ်ထားသော စာတန်းများကိုကိုင်ဆောင်ပြသခဲ့သည့် ရဟန်းသံဃာတို့၏ လုပ်ရပ်နှင့်သဘောထားအပေါ် ကျွန်ုပ်တို့မှ ရွံရှာစက်ဆုပ်မိပါသည်။

    ဤအလည်အပတ်ခရီးစဉ်ကို ဗုဒ္ဓဘာသာဝင်များမှကန့်ကွက် ဆန္ဒပြရေးအတွက် မြို့ပြကြီးများရှိအာဏာပိုင်များမှ ခွင့်ပြုချက်ပေးခဲ့သည်ဟု သိရသဖြင့် ကျွန်ုပ်တို့မှ အံ့သြတုန်လှုပ်ရပေသည်။ အိုအိုင်စီခရီးစဉ်အပေါ် ဆန္ဒပြခြင်း၌ ၀န်ကြီးအဆင့်ပုဂ္ဂိုလ်တစ်ဦးသည်ပင် အင်တိုက် အားတိုက်ပါဝင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

    ကမ္ဘာ့မွတ်စ်လင်မ်ထု၏သည်းခံမှုကို သွေးတိုးစမ်းနေသည့် ဤသို့သောလုပ်ရပ်ဆိုးများ ဆက်လက်ဖြစ်ပွားလာအောင် မြန်မာအစိုးရမှခွင့်ပြုချက်မပေးပါရန် ကျွန်ုပ်တို့မှ တောင်းဆိုပါသည်။

    မလေးရှားကဲ့သို့သော မွတ်စ်လင်မ်တိုင်းပြည် နိုင်ငံတစ်ခုသည် ဗုဒ္ဓဘာသာဝင်များအပါအ၀င် မွတ်စ်လင်မ်မဟုတ်သူအပေါင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို အောင်မြင်စွာ ဖန်တီးထားကြောင်း ထိုသူတို့အား ကျွန်ုပ်တို့မှ သိစေအပ်ပါသည်။ ဘာသာသာသနာ အားလုံးကို ဥပဒေအားဖြင့် အကာအကွယ်ပေးထားပါသည်။ မလေးရှားနိုင်ငံတွင် မွတ်စ်လင်မ်တို့နှင့် အခြားဘာသာဝင်များမှာ အများအားဖြင့် ငြိမ်းချမ်းစွာ ရှိနေကြပါသည်။

    ယဉ်ကျေးမှုမြင့်မားနေပြီဖြစ်သည့် ယခုလိုကာလမျိုးတွင် ယင်းသို့သော သည်းမခံနိုင်ဖွယ်ရာနှင့်အမုန်းတရားများကို မြန်မာအစိုးရနှင့်ရဟန်းသံဃာတို့သည် အဘယ်ကြောင့် ပြုမူဆောင်ရွက်ရပါသနည်း ?

    OIC လာရောက်ခြင်း၌ မြန်မာနိုင်ငံအတွက် မည်သည့်အန္တရာယ်ရှိပါသနည်း ? အကယ်၍ မြန်မာအစိုးရသည် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များကို အသုံးပြုလျက် အကြမ်းဖက်မှုဖြစ်ပွားစေသောမူဝါဒကို ကိုင်စွဲမထားပါလျှင် (မည်သည့် ပြဿနာမျှ ဖြစ်ပွားစရာ အကြောင်းမရှိပါ)။

    လက်ခံ၍မရနိုင်သော ဤရဟန်းသံဃာများ၏လုပ်ဆောင်ချက်ကို ကန့်ကွက်ရှုံ့ချကြရန်၊ ဘာသာရေးလူမျိုးရေးဆိုင်ရာအမုန်းတရားထိုးဆွနေသည့် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များလက်အောက်၌ မရပ်တည်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြပါရန် ကျွန်ုပ်တို့မှ အာဆီယံအဖွဲ့ဝင်နိုင်ငံအပေါင်းသို့ နှိုးဆော်ပန်ကြားပါသည်။

    အစ္စလာမ်ကိုဆန့်ကျင်သည့် ဤသို့အကျည်းတန်လှုံ့ဆော်ဆောင်ရွက်ချက်အား ခွင့်ပြုနေသည့်အပေါ် ပြတ်သားရှင်လင်းသော အဖြေတစ်ရပ်မပေးနိုင်ပါလျှင် (ကမ္ဘာ့)မွတ်စ်လင်မ်များမှာ ဆိတ်ဆိတ်နေ၍ ဘေးထိုင်ရပ်ကြည့်နေတော့မည်မဟုတ်ပါကြောင်း အစွန်းရောက်ရဟန်းသံဃာတို့ကို ကျွန်ုပ်တို့မှ သတိပေးလိုက်ပါသည်။

    မြန်မာနိုင်ငံနှင့်သံတမန်အဆက်အသွယ်ပြုလုပ်ထားသော အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများရှိ မြန်မာသံရုံးအားလုံးထံသို့လည်း အကြောင်းကြားအသိပေးပါရန် ကျွန်တော်တို့မှ တောင်းဆိုပါသည်။

    မြန်မာအစိုးရအပေါ် အင်တိုက်အားတိုက်ဖိအားပေးနိုင်ရေးအတွက် မွတ်စ်လင်မ်နိုင်ငံအားလုံးထံ တာဝန်ရှိပါသည်။ ဤသို့ ဖိအားပေးမှုနှင့်မလုံလောက်ပါက သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းကိုသာ ရွေးချယ်ပါမည်။

    မုဟမ္မဒ် အဇ်မီ အဗ်ဒုလ် ဟာမစ်ဒ်
    MAPIM ဥက္ကဌ
    ယှူရာ(အစ္စလာမ့်ရေးရာအတိုင်ပင်ခံအဖွဲ့) အတွင်းရေးမှူးချုပ်

  • နိုဝင်ဘာ ၁၇ အားကစားသတင်းများ

    နိုဝင်ဘာ ၁၇ အားကစားသတင်းများ

    နိုဝင်ဘာ- ၁၇ ၂၀၁၃
    M-Media

    ဘာလော့တယ်လီမှာ မမျှမတ ဆက်ဆံခံရခြင်းမရှိဟု ဘူဖွန်ဆို

    ဒိုင်လူကြီးများအနေဖြင့် ဘာလော့တယ်လီအား မမျှမတ ဆက်ဆံသည်ဆိုသည့် ထင်မြင်ယူဆချက်အား အီတလီဝါရင့် ဂိုးသမား ဘူဖွန်က ယုံကြည် လက်ခံခြင်းမရှိဘဲ၊ အသင်းဖော်တိုက်စစ်မှူးမှာ ဒိုင်လူကြီး ဆုံးဖြတ်ချက်များ၏ သားကောင်မဟုတ်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သောကြာနေ့က ကစားခဲ့သော ဂျာမနီအသင်းနှင့် ၁ ဂိုးစီ သရေကျသည့်ပွဲတွင် မိမိအား ဒိုင်လူကြီးများက ကာကွယ်မှုမပေးခဲ့ဟု ဘာလော့တယ်လီက ခံစားနေရသော်လည်း၊ ဒိုင်လူကြီးများ၏ ပွဲအား ထိန်းသိမ်မှုကို ကြမ်းတမ်းသော ဆက်ဆံမှုအဖြစ် မမှတ်ယူရဟု ဘူဖွန်က ရှင်းလင်းခဲ့သည်။

    “မာရီယို(ဘာလော့တယ်လီ)နဲ့ ပက်သက်ပြီး မမျှတတာမျိုးတွေ ကျွန်တော် မတွေ့ပါဘူး။ ပွဲကို ရှေ့ဆက်မရဖြစ်မှာကို တားဆီတဲ့အနေနဲ့ ပြုလုပ်တဲ့ ဒိုင်လူကြီးတွေရဲ့နည်းလမ်းမပါ။ ၀ီစီနည်းနည်းပဲသုံးပြီး ပွဲကိုမြိုင်စေဖို့ ဒိုင်လူကြီးတွေက ကိုင်တွယ်ကြတာပါ။ ကျွန်တော် ဒါကို သဘောတူပါတယ်” ဟု အားကစားစာစောင်တစ်ခုဖြစ်သည့် Gazzetta dello Sport သို့ ဘူဖွန်က ပြောကြားခဲ့သည်။

    လာမည့် ဒီဇင်ဘာတွင် မဲခွဲမည့် ကမ္ဘာ့ဖလားပွဲစဉ်များတွင် အီတလီအသင်းမှာ နိုင်ခြေ ထိပ်ဆုံးအဆင့်ရှိသည့် အသင်းများတွင်မပါဝင်ပေ။ သို့သော်လည်း ဂျမနီနှင့်ပွဲတွင် ပြသခဲ့သည့်ခြေစွမ်းက ကြောက်ရွံ့ရမည့်အသင်းဖြစ်သည်ကို ပြသလိုက်ကြောင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မည်သည့်အသင်းကိုမဆို အတလီအသင်းက ကြံ့ကြံ့ခံ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဘူဖွန်က ထပ်လောင်းပြောကြားခဲ့သည်။

    ………………………….
    မက်ဆီမှာ တစ်ကိုယ်ကောင်းဆန်ရမည်ဟု မာရှေရာနိုဆို

    လက်ရှိခံစားနေရသည့် တံကောက်ကြောဒဏ်ရာမှ ပြန်လာသက်သာလာစေရန် မက်ဆီအနေနှင့် တစ်ကိုယ်ကောင်းဆန်ရမည်ဟု ဘာစီလိုနာအသင်းနှင့် အာဂျင်တီးအားအသင်းဖော် မာရှေရာနိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က ဘက်တစ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီမှာ အနည်းဆုံး သီတင်းပတ်ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရမည်ဖြစ်သည်။

    အီကွေဒေါအသင်းနှင့် သရေကျခဲ့သော မက်ဆီမပါသည့် အာဂျင်တီးနားအသင်းတွင် အသင်းခေါင်းအဖြစ် တာဝန်ယူခဲ့သည့် မာရှေရာနိုက မက်ဆီ၏ ဒဏ်ရာဆိုးရွားမှုကိုသိရှိပြီး၊ အသင်းဖော်များအနေဖြင့် မက်ဆီ၏ ဒဏ်ရာ ကောင်းမွန်လာရေးအပေါ် အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်

    “မက်ဆီ မြေပြင်မှာလဲနေပြီး အရန်ခုံကို လှည့်ကြည့်လိုက်ကတည်းက တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်နေပြီဆိုတာကို ကျွန်တော်သိလိုက်ပါတယ်။ အခုတော့ သူဟာ ကမ္ဘာပေါ်မှာ တစ်ကိုယ်ကောင်းဆန်ရမယ့် လူဖြစ်နေပါပြီး။ သူ့ကိုယ်သူ ဂရုစိုက်ပြီး ဒဏ်ရာက ပြန်ကောင်းလာဖို့ လိုအပ်နေပါတယ်” ဟု မာရှေရာနိုက ဆိုသည်။

    …………………………….
    စပါးတွင် ပုံမှန်နေရာ ဆုံးရှုံးရခြင်းကြောင့် ကမ္ဘာ့ဖလားပွဲတွင် မပါဝင်နိုင်မည်ကို ဒီဖိုးကြောက်ရွံ့နေ

    ယခုနှစ်ရာသီ စပါးအသင်း၏ ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်ကစားခွင့်ရထားသည့် တိုက်စစ်မှူးဒီဖိုးက၊ စပါးအသင်းတွင် ပုံမှန်ကစားခွင့်မရခြင်းက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ကစားခွင့်အား ထိခိုက်စေလိမ့်မည်ဟု ပြောကြားသည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အသင်းဟောင်း ၀က်စ်ဟမ်းသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်ခဲ့ဖူးသည့် ဒီဖိုးမှာ အင်္ဂလန်အသင်း၏ ၂၀၁၀ ကမ္ဘာ့ဖလား လူစာရင်းတွင် ပါဝင်ခဲ့သော်လည်း အသင်းနည်းပြ ရွိုင်ဟတ်ဆန်က လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ၎င်းအား ချန်ထားခဲ့နိုင်သည်ဟု ၀န်ခံပြောဆိုလိုက်သည်။

    “ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းထဲ ပါဝင်ဖို့ဆိုတာ ကံတရားနဲ့ ကလပ်အသင်းမှာ ကစားရတဲ့အပေါ်မှာ အခြေခံပါတယ်။ တိုက်စစ်မှူးတစ်ယောက်အတွက် (ကလပ်အသင်းမှာ) ကစားခွင့်မရဘူးဆိုရင်၊ (ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ဖို့) ခက်ပါလိမ့်မယ်” ဟု ဒီဖိုးက ဖွင့်ဟခဲ့သည်။

    ………………………….
    ကာပယ်လို ရုရှားအသင်းနှင့် သက်တမ်းတိုးမည်

    အင်္ဂလန်အသင်း၏ နည်းပြဟောင်းဖြစ်သည့် ဖေဘီယို ကာပယ်လိုမှာ ရုရှားအသင်းတွင် ၂၀၁၈ ခုနှစ်အထိရှိမည့် စာချုပ်သစ်တစ်ရပ်အား ချုပ်ဆိုတော့မည်ဟု သိရသည်။

    အသက် ၆၇ နှစ်အရွယ်ရှိ ကာပယ်လိုမှာ ရုရှားအသင်းသို့ ပြီးခဲ့သည့် ဇူလိုင်လက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ရုရှားတွင်ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက်ရှိနေမည်ဖြစ်သည်။

    စာချုပ်သစ်အတွက် နောက်ဆုံးသဘောတူညီမှုများ ပြုလုန်ရန် ကာပယ်လိုမှာ မော်စကိုသို့ လာမည့် သီတင်းပတ်တွင် ရောက်ရှိမည်ဟု ရုရှား အားကစားဝန်ကြီး မွတ်ကိုက ပြောကြားခဲ့သည်။

    “နည်းပြ (ကာပယ်လို)နဲ့ ရုရှားဘောလုံးအဖွဲ့ချုပ်တို့အကြား စာချုပ်သစ်ချုပ်ဆိုဖို့ အဓိက အချက်တွေ သဘောတူညီခဲ့တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ရမှာတွေရှိနေပြီ ကမ္ဘာ့ဖလား ပွဲစဉ်ရေးဆွဲပြီးတဲ့အခါ အရာအားလုံးကို တရားးဝင်ဆောင်ရွက်သွားမှာပါ” ဟု မွတ်ကိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    Capello