News @ M-Media
Blog
  • မွန်ဂိုလီးယား သမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်
    နိုဝင်ဘာ- ၁၅ ၂၀၁၃
    M-Media
    300px-Tsakhiagiin_Elbegdorj,_President_of_Mongolia_and_Nobel_Peace_Laureate_Aung_San_Suu_Kyi
    မွန်ဂိုလီးယားနိုင်ငံ သမ္မတဖြစ်သူ Tsakhiagiin Elbegdorj မှာ မကြာမီတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု မွန်ဂိုလီးယား အာဏာပိုင်များက ယနေ့တွင် သတင်းထုန်ပြန်လိုက်သည်။
    မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကြောင့် လာရောက်ခြင်းဖြစ်ပြီး လာရောက်မည့် ရက်အတိအကျကို ထုန်ပြန်ကြေညာခြင်း မရှိသေးပေ။ မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှာ သံတမန် အဆက်အသွယ်များရှိထား သော်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်သာရှိသည်။
    ပြီးခဲ့သည့် ဧပြီလ ကလည်း မွန်ဂိုလီးယားသမ္မတ၏ ဖိတ်ကြားချက်အရ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်မှာ မွန်ဂိုလီးယားနိုင်ငံသို့ ၈ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး  Ulaanbaatar မြို့တွင် ကျင်းပသည့် ၀န်ကြီးအဆင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းနှင့်ပတ်သက်သည့် အစည်းအဝေးအား တက်ရောက်ခဲ့သည်။ ထို့ပြင် မွန်ဂိုလီးယား သမ္မတနှင့် ပူးပေါင်းကာ မိန့်ခွန်း ပြောကြားခဲ့သည်။
    ဓါတ်ပုံအညွန်း(wiki) NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားနိုင်ငံ သမ္မတဖြစ်သူ Tsakhiagiin Elbegdorj  တို့ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း တွေ့ဆုံခဲ့စဉ်က
    Ref: xinhu
  • OIC ကို ကန့်ကွက်ကြောင်း ရန်ကုန်မှာ ဆန္ဒထုတ်ဖော်
    နိုဝင်ဘာ ၁၅-၂၀၁၃
    M-Media
    A.N.Lay
    DSC00819a
    ရန်ကုန်။         ။ OIC မှလာရောက်၍ ရုံးခန်းဖွင့်မည်ကို မလိုလားသောကြောင့် ရုံးခန်းဖွင့်မည်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာလ ၁၅ ရက်နေ့ (ယနေ့) နေ့လည် ၂ နာရီမှစ၍ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းမှ  ဆူးလေ ဘုရားလမ်း မြို့တော် ခန်းမရှေ့ အထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရပါသည်။
    အဆိုပါ ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံ၌ ရုံးခန်းဖွင့်ခြင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်ခြင်းကို လက်မခံနိုင်ခြင်းကြောင့် သက်ဆိုင်ရာမှ ခွင့်ပြုချက်တောင်းကာ ယခုလိုဆန္ဒ ထုတ်ဖော်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဆက်လက်၍ မကွေး ပရိယတ္တိ စာသင်တိုက်မှ ဦးပါမောက္ခ က OIC ကိုယ်စားလှယ်များမှာ ၁၃.၁၁.၂၀၁၃ ရက်နေ့က ကာတာ လေယာဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာတာကို ဘုန်းကြီးတို့တွေ့ရှိခဲ့ရပါတယ်။ အဲ့လိုတွေ့ရှိခဲ့တဲ့ အပေါ်မှာ ဘာကြောင့် ဒီနိုင်ငံကိုရောက်ရှိလာတာလဲဆိုရင်တော့ မိထ္တိလာနှင့် ရခိုင်တို့မှာ ဖြစ်ပွား သွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခ လူမျိုးရေးပဋိပက္ခများကို အကြောင်းပြုပြီးတော့ အဲ့ဒီ့ဌာန အသီးသီးမှာရှိတဲ့ အစ္စလာမ် ဘာသာဝင် မွတ်စလင် လူမျိုးတို့ထံမှ သူတို့က မေးမြန်းပါလိမ့်မည်။ လူအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များမှ လူနည်းစုဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်များကို သတ်ဖြတ် ညှင်းဆဲ လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုပြီးတော့ မဟုတ်မမှန် လုပ်ကြံပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့လူမျိုးတွေက သူတို့ကိုပြောကြားပါလိမ့်မယ်။  မွတ်စလင် ဘာသာဝင်များမှ တဆင့် ကုလသမဂ္ဂ အဖွဲ့အစည်းသို့တင်ပြပြီး မြန်မာနိုင်ငံသို့ နည်းအမျိုးမျိုးနဲ့ ဝင်ရောက်ပြီးတော့ OIC ရုံးများစိုက်ဖွင့်လာဖို့အကြံအစည်ရှိပါသည်။ ဘုန်းကြီးပြောလိုတာကတော့ မြန်မာနိုင်ငံ အတွင်းမှာ ရခိုင် ဒုက္ခသည်များကို အကြောင်းပြု၍ ဖြစ်စေ ဘင်္ဂါလီ ဒုက္ခသည်များကို အကြောင်းပြု၍ဖြစ်စေ၊ မြန်မာနိုင်ငံက မည့်သည့်နေရာကို မဆို အကြောင်းပြု၍ ဖြစ်စေ OIC ရုံးစိုက်တာကို အလိုမရှိပါဘူး။ ဘာကြောင့် အလိုမရှိသလဲ ဆိုရင် ဘုန်းကြီးတို့လူမျိုးကို ဝါးမျိုတတ်သော ကြောင့် လူမျိုးတုန်းအောင် လုပ်တတ်သာကြောင့်  ဘုန်းကြီးတို့လူမျိုးတွေက အလိုမရှိပါဘူး။ မိမိတို့အနေဖြင့် ဘာသာရေးနဲ့ပတ်သက်လာရင်  ယခုလိုပဲ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ရဟန်း သံဃာတွေဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ၊ တစ်ဦး တစ်ယောက်တည်းဖြစ်စေ ဆက်လက်ပြီး ကန့်ကွက်သွားပါလို့ ပြောကြားခဲ့ပါသည်။
    sittwe 2013
    Photo-ရခိုင်လူငယ် FB
    ဆက်လက်ပြီး ဆရာတော် ဥုသုဝေရ မှ OIC ဆိုတဲ့အစ္စလာမ်မစ် ၅၇ နိုင်ငံက မရိုးဖြောင့်သော အကြံအစည်တွေနဲ့ ဦးဇင်း တို့ဗုဒ္ဓဘာသာနိုင်ငံကနေ အစ္စလာမ်နိုင်ငံဖြစ်အောင် ကြံစည်နေတယ်။ မြန်မာနိုင်ငံကို ကုလားနိုင်ငံဖြစ်အောင် ကြံစည်နေတဲ့အတွက် စိတ်ချမ်းသာစရာ အကြောင်းမရှိပါဘူး။  ဒါကြောင့် OIC ကိုလက်ခံသင့်သလား မလက်ခံသင့်ဘူးလား ဆိုတာစဉ်းစားကြပါ။  ရိုးသားဖြောင့်မက်စွာ ပွင့်လင့်မြင်သာစွာ ဦးဇင်းတို့နိုင်ငံကို တကယ်လူသားချင်းစာနာ ထောက်ထားတယ်ဆိုရင် ဦးဇင်းတို့က မကြိုဆိုစရာ အကြောင်းမရှိပါဘူး။ အခုက ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ လူနည်းစုဆိုတဲ့ ပုဂ္ဂိုလ်တွေကို အားပေးအားမြောက်လုပ်ပြီးတော့ အကြမ်းဖက်ဖြစ်အောင်ပြုလုပ်နေတာတွေ့ရတဲ့အတွက် ဦးဇင်းတို့က လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ အဲ့ဒါကြောင့်ဦးဇင်းတို့ ဒီနေ့ပွဲကျင်းပရခြင်းဖြစ်ပါတယ်။ အခုပြောနေကြတာက လူအများစုက လူအနည်းစုကို အနိုင်ကျင့်တယ်ဆိုတဲ့နေရာမှာ သေသေချာချာ ဝေဖန် သုံးသပ်ဖို့လိုပါတယ်။  လူနည်းစုကို ဘယ်သူတွေက အားပေးပြီးတော့မှ  နိုင်ငံကို ဆူပူအောင် ပဋိပက္ခဖြစ်အောင် ပြုလုပ်လဲဆိုတာ အားလုံးသိအောင် ဦးဇင်းတို့ ယခုလိုပြောကြားခြင်းဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။
    အိုအိုင်စီ ကိုယ်စားလှယ်အဖွဲမှ ဒုတိယ သမ္မတနှင့် လွှတ်တော် ဒုတိယဥက္ကဌ တို့နှင့် တွေ့ဆုံခဲ့သည့် တွေ့ဆုံပွဲတွင် လူမျိုးဘာသာမရွေးဘဲ လူအဖွဲ့အစည်း နှစ်ရပ်စလုံးကို လူမှုရေးနဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ကူညီချင်တယ်လို့ ပြောကြားခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိပါသည်။
  • နိုဝင်ဘာ ၁၅ အားကစားသတင်းများ
    နိုဝင်ဘာ-၁၅ ၂၀၁၃
    M-Media
    အီဗရာဟီမိုဗစ်မှာ ရော်နယ်ဒိုထက် ပိုကောင်းသည်ဟု ဆွီဒင် နည်းပြဆို
    ဆွီဒင်အသင်း၏ နည်းပြဖြစ်သူ အဲရစ်ဟမ်ရန်က အသင်း၏ တိုက်စ်စမှူး ဇလာတန် အီဗရာဟီမိုဗစ်မှာ ယခုလက်ရှိတွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်သည် ဟုပြောကြားလိုက်သည်။
    ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုထက် ပိုမိုကောင်းမွန်သည်ဟူ၍လည်း ဟမ်ရန်က ထည့်သွင်းပြောကြားခဲ့သည်။
    “ကျွန်တော့်အတွက်တော့ ဇလာတန်ဟာ နံပါတ် ၁ ပါပဲ။ သူဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးပါ။ ပြီးတော့ ကျွန်တော်တို့ ဆွီဒင်အသင်းရဲ့ အသင်းခေါင်း ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ အကောင်းဆုံးကစားသမားတစ်ဦးလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု လစ္စဘွန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ပေါ်တူဂီနှင့် ဆွီဒင်တို့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ် ပထမကျော့ အဖြစ် ယနေ့တွင် လစ္စဘွန်း၌လည်းကောင်း၊ ဒုတိယအကျော့အဖြစ် လာမည့် အင်္ဂါနေ့တွင် စတော့ဟုမ်း၌လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    Ref:dailymail
    Ibrahimovic——————————-
    ဇစ်ကိုအား ခေါ်ယူရန် အာဆင်နယ်စဉ်းစားနေ
    တိုက်စစ်မှူးစစ်စစ်အဖြစ် ဂျရူး တစ်ဦးတည်းသာရှိသည့် အာဆင်နယ်အသင်းမှာ အသင်း၏ တိုက်စစ်အား အားဖြည့်ရန် မန်စီးတီးအသင်း တိုက်စစ်မှူး ဇစ်ကိုအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။
    ယခုနှစ် မန်စီးတီးအသင်းတွင် ပုံမှန် ကစားခွင့် မရသည့်အတွက် မပျော်မရွှင် ဖြစ်နေသည်ဟု ဇစ်ကိုက ပြီးခဲ့သည့် သီတင်းပတ်က ၀န်ခံပြောကြားထားပြီး အာဆင်နယ်အသင်း၏ ဇန်န၀ါရီ ၀ယ်ယူမည့်ကစားသမား စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။
    ထို့ပြင် အာဆင်နယ်အသင်းမှာ ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်မှူး ကရင်မ် ဘန်ဇီမာကိုလည်း ခေါ်ယူရန်ဆက်သွယ်နေသည်ဟု သိရသည်။ အဆင်နယ်မှာ တိုက်စစ်ပိုင်းတွင် ဂျရူး တစ်ဦးတည်းကိုသာ အားထားနေရပြီး၊ ၎င်းအား ဖိအားများလျော့ကျရန် တိုက်စစ်မှူးတစ်ဦးအား  လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ခေါ်ယူရန် လိုအပ်နေသည်။
    ……………………………
    အစိုးရအား သပိတ်မှောက်ရန်အစီအစဉ်အား ပြင်သစ်ကလပ်များ ရွှေ့ဆိုင်း
    ဘောလုံးကစားသမားများအား အခွန်ငွေမြင့်မားစွာကောက်ယူမှုအစီအစဉ်နှင့် ပက်သက်၍ အစိုးရနှင့် ထပ်မံဆွေးနွေးရန် သဘောတူညီခဲ့ပြီးနောက် ဘောလုံးပွဲများ မကစားဘဲ သပိတ်မှောက်မည့် အစီအစဉ်အား ပြင်သစ်ဘောလုံး ကလပ်များ အစည်းအရုံး(UCPF) ရွှေ့ဆိုင်းလိုက်သည်ဟုသိရသည်။
    ပြင်သစ်အစိုးရမှာ ပြင်သစ်နိုင်ငံအတွင်းတွင် ကစားနေသော တစ်နှစ်လုပ်ခ ယူရို ၁ သန်းနှင့် အထက်ရရှိသည့် ဘောလုံးသမားများအား ၀င်ငွေ၏ ၇၅ ရာခိုင်နှုန်းကို အခွန်ကောက်ရန် စီစဉ်ခဲ့သောကြောင့် ပြင်သစ်ထိပ်ဆုံး ဘောလုံးပြိုင်ပွဲနှစ်ခုရှိ ကလပ်အသင်းများက နိုဝင်ဘာ ၂၉ နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကစားမည့် ပွဲများကို သပိတ်မှောက်ရန် မူလက စီစဉ်ခဲ့သည်။
    နောက်ပိုင်းတွင် အစိုးရနှင့် ဘောလုံးကလပ်အသင်းများ အကြား ကြားဝင်စေ့စပ်ပေးမှုများကြောင့် ထိုသပိတ်မှောက်ရန် အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သော်လည်း အခြေအနေထူးခြားမှုမရှိပါက သပိတ်မှောက်မှုအားဆက်လက် အကောင်အထည်ဖော်သွားမည်ဟု UCPF က သတိပေးခဲ့သည်။
    “ကျွန်တော်တို့ဒီလာတာ ရာဇသံပေးဖို့လာတာမဟုတ်ပါဘူး။ ဆွေးနွေးဖို့လာတာပါ။ ဗုဒ္ဓဟူးနေ့ညက အစိုးရက ခန့်အပ်ထားတဲ့ ကြားဝင်စေ့စပ်သူတွေဆီကနေ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို တွေ့ခဲ့ရပါတယ်။ ဒီလူတွေနဲ့ သူတို့ပြောတဲ့စကားတွေကို ယုံကြည်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု UCPF ဥက္ကဌ ဂျိန်း ပီရီလူဗလ်က ပြောကြားခဲ့သည်။
    ……………………………….
    ဘာစီလိုနာအသင်းနှင့် ပွဲဦးထွက်ကို ဘယ်တော့မှမမေ့ဟု မက်ဆီဆို
    မနက်ဖြန်တွင် ဘာစီလိုနာအသင်းတွင် ကစားခဲ့သည့်သက်တမ်း ၁၀ နှစ်ပြည့်တော့မည်ဖြစ်သည့် တိုက်စစ်မှူး မက်ဆီက ဘာစီလိုနာ အသင်းကြီးတွင် ပထမဆုံးစတင်ကစားခဲ့ရသည့် ပွဲဦးထွက်ပွဲကို ဘယ်တော့မှမမေ့ဟု ပြောကြားလိုက်သည်။
    မက်ဆီမှာ ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင်ကစားခဲ့သည့် ပေါ်တိုအသင်းနှင့် ခြေစမ်းပွဲတွင် ဘာစီလိုနာ အသင်းအတွက် ပထမဦးဆုံး ပါဝင် ကစားခွင့်ရခဲ့ပြီး၊ အသက် ၁၆ နှစ် အရွယ်သာရှိသေးသည့် ၎င်းအနေဖြင့် ထိုစဉ်က အိပ်မက်များ အမှန်တကယ်ဖြစ်လာသည်ဟု ခံစားခဲ့ရသည်ဟု ဆိုသည်။
    “၂၀၀၃ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က ကျွန်တော့်အတွက် အရေးပါတဲ့ နေ့ရက်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ငယ်ငယ်လေးထဲက ကျွန်တော်မက်ခဲ့ရတဲ့ အိပ်မက် အကောင်အထည်ပေါ်လာလို့ပါ။ အဲဒီနေ့ဟာ ကျွန်တော့်အတွက် အရမ်းကို ပျော်စရာကောင်းတဲ့နေ့ပါပဲ” ဟု မက်ဆီက Barca TV ရုပ်သံသို့ ပြောကြားခဲ့သည်။
    ထိုအချိန်မှစကာ တဖြည်းဖြည်းတိုးတက်လာခဲ့သည့် မက်ဆီက အောင်မြင်မှုများမှာ ၎င်းအားပြောင်းလဲစေခဲ့ခြင်းမရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိသည့် မက်ဆီမှာ ယခုအခါ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်နှစ်တွင်မှ ပြန်လည်ကစားနိုင်ဖွယ်ရှိနေသည်။
  • မအ,အောင် သမိုင်းသိရသကဲ့သို့ နင်းပြား မဖြစ်ရအောင် ဥပဒေကိုသိရမည်
    နိုဝင်ဘာ-၁၅ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- မြင့်မိုရ်မောင်မောင်
    အပြည်ပြည်ဆိုင်ရာ နိုင်ငံသား နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ( International Covenant on Civil and Political Rights – ICCPR )
    International Convenant on Civil and Political Rights
    အပိုဒ် ၁၈
    ၁။ လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်နိုင်ခွင့်၊ လွတ်လပ်စွာယူဆနိုင်ခွင့်၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်ကိုးကွယ်နိုင်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာ သို့မဟုတ် သက်ဝင်ယုံကြည်မှုကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိ တစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူလူထု အများရှေ့မှောက်တွင် မဟုတ်ဘဲဖြစ်စေ မိမိတို့ကိုးကွယ်သောဘာသာ သို့မဟုတ် သက်ဝင်ယုံကြည်မှုကို လွတ်လပ်စွာ တင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဘုရားကျောင်းကန်သွားလာဝတ်ပြုနိုင်ခွင့် နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။
    ၂။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မိမိရွေးချယ် ကိုးကွယ်သောဘာသာ သို့တည်းမဟုတ် ယုံကြည်မှု ပျက်စီးစေရန် တိုက်တွန်းခြင်း မပြုနိုင်။
    ၃။ ပြည်သူ့လုံခြုံမှု သို့မဟုတ် ပြည်သူ့လုပ်ငန်း၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်တရား သို့မဟုတ် လူအများ၏ လွတ်လပ်မှုနှင့် အခွင့်အရေးတို့ကို ဥပဒေပြဋ္ဌာန်းချက်မှအပ ကာကွယ်ရန်မှတစ်ပါး ဘာသာ သို့မဟုတ် ယုံကြည်မှုကို သွန်သင်ပြသရန် လွတ်လပ်ခွင့်အား ချုပ်ခြယ်ခြင်း မပြုရ။
    ၄။ လက်ရှိသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံတို့၏အာဏာပိုင်တို့သည် မိဘတို့လွတ်လပ်ခွင့်ဖြစ်သော ကျင့်ဝတ် အရသော် လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း မိမိတို့၏သားသမီးများအား တညီတညွတ်တည်း ပညာပေးဆုံးမမှု အားလုံးတို့ကို တတ်နိုင်သရွေ့ စောင့်ရှောက် ကာကွယ်အာမခံပေးရန် တာဝန်ရှိသည်။
    လူတိုင်းတွင် မိမိသဘောအရ လွတ်လပ်စွာတွေးခေါ်ယုံကြည်ခွင့်ရှိသည်။ ၄င်းသည် မရုပ်သိမ်းနိုင်သော အခွင့်အရေးတစ်ခုဖြစ်ပြီး၊ မည်သည့်အကြောင်းကြောင့်မျှ ဆိုင်းငံြ့ခင်း မပြုနိုင်။
    ———————————————————————-
    ဘာသာရေး သို့မဟုတ် ယုံကြည်မှု စသည်တို့အပေါ်အခြေခံ၍ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သည်းမခံမှုများ၊ ဖိနှိပ် ခွဲခြားမှုများနှင့် ပတ်သက်သော ကြေညာစာတမ်း (The Declaration on the Elimination of All Forms of Intolerance and of Discrimination Based on Religion or Belief)
    — လွတ်လပ်စွာတွေးခေါ်မှု၊ လွတ်လပ်စွာခံယူကြံဆမှု သို့မဟုတ် လွတ်လပ်စွာယုံကြည်မှုနှင့်ကိုးကွယ်မှု စသည်တို့ကို ကျူးလွန်ဖောက်ဖျက်စော်ကားခြင်းသည် လူသားများကို ဒုက္ခ များစွာပေးသော စစ်မက်ဖြစ်ပွားမှုကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ဖြစ်ပေါ်စေသည်။ ယင်းသည် ခွင့်ပြု လက်ခံနိုင်သောအရာ မဟုတ်။
    — လွတ်လပ်စွာ ကိုးကွယ်မှု ၊ယုံကြည်မှု စသည့်အခွင့်အရေးတို့ကို လေးစားရန်၊ သည်းခံရန် နှင့် နားလည်မှုတို့ကို တိုးမြှင့်ရန်လိုပြီး  ကုလသမဂ္ဂ ချာတာ စာချုပ်ကြီးပါ မူတို့နှင့် မကိုက်ညီမှုများကို အဆုံးသတ်ရန် သေချာစေရမည်ဖြစ်သည်။ [ အဖွင့်စကားချီး ]
    ကြေညာစာတမ်း၏အပိုဒ် ၁၈ ပါအခွင့်အရေးများထံတွင် အောက်ပါအခွင့်အရေးများ ပါဝင်သည်။
    * ပြည်သူအများစုပေါင်းဝတ်ပြုခွင့် နှင့် ယင်းဝတ်ပြုရန်နေရာများ သတ်မှတ်စေရန်
    * ကုသိုလ်ပြုအသင်းအဖွဲ့များကို တည်ထောင်နိုင်ရန်
    * စေတနာအရအလှူများကို လက်ခံခြင်းနှင့်ရှာဖွေနိုင်ရန်
    * ဆီလျော်သင့်တော်သောစာပေများကို ထုတ်ဝေဖြန့်ချိနိုင်ရန်
    * သင့်လျော်ရာနေရာဒေသတို့တွင် ဘာသာရေးနှင့် ယုံကြည်မှုဆိုင်ရာ ပညာပေး၊ ပညာပြန့်ပွားရေးအစီအစဉ်များကို လုပ်ဆောင်နိုင်ရန်
    * ယုံကြည်မှုနှင့် ပတ်သက်သည့် နေ့ထူးနေ့မြတ်များကို ဆင်နွှဲကျင်းပနိုင်ရန်
    * ဘာသာရေးနှင့်ယုံကြည်မှုအတွက်၊ လိုအပ်သောပြည်တွင်းပြည်ပဆက်သွယ်ရေးအတွက် ဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ရန်
    ကန့်သတ်ချက်များကို အောက်ပါအတိုင်း ပြဋ္ဌာန်းရမည်။
    * ဥပဒေဖြင့် ပြဋ္ဌာန်းရန်
    * ပြည်သူ့လုံခြုံမှု၊ လုပ်ငန်း၊ ကျန်းမာရေး သို့မဟုတ် ကျင့်ဝတ်သိက္ခာ သို့မဟုတ် အခြားသူများ၏အခွင့်အရေးတို့ကို ကာကွယ်ပေးရန်
    * သည်းမခံနိုင်မှုနှင့်ဖိနှိပ်ခွဲခြားမှုတို့ကို အားပေးအားမြှောက်ပြုသော အတန်းအစားခွဲခြားခြင်း၊ ဖယ်ရှားခြင်း၊ ကန့်သတ်ချုပ်ခြယ်ခြင်း နှင့် မျက်နှာသာပေးမှုများ မပါဝင်စေရန်တို့ဖြစ်သည်။
    နိုင်ငံအစိုးရများသည် သည်းမခံနိုင်ဖွယ်ရာများကိုလည်းကောင်း၊ ခွဲခြားမှုများကိုလည်းကောင်း ရပ်တန့်စေရန်အတွက် (နှင့်) ဥပဒေများပြဋ္ဌာန်းရာတွင် ထိရောက်သောဆောင်ရွက်မှုများ လုပ်ဆောင်ရမည်။ ကလေးသူငယ်များကို မိမိတို့၏မိဘများနှင့် အုပ်ထိန်းသူတို့ ကိုးကွယ်နှစ်သက်သော ဘာသာတရား၏ သွန်သင်ဆုံးမချက်များတွင်သာ ပျော်မွေ့စေရမည်။ မိဘသားသမီး အားလုံးနှင့် လူသားအားလုံးတွင် နားလည်မှု နှင့် ခန္တီပါရမီ စသည့် မွန်မြတ်သော စိတ်ထား ပွားများပြီး သူတစ်ပါး၏ သာသနာနှင့် ယုံကြည်မှုတို့၏ လွတ်လပ်မှုများကို လေးစားကာ မိဿဟာရ ဆက်ဆံရေး ကောင်းမွန်စေရမည်။
    အပိုဒ် ၂၆
    လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် အညီအမျှဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ ဥပဒေ၏အကာအကွယ်ကို ခံစားပိုင်ခွင့်ရှိသည်။
    ဤကဲ့သို့ပင် အသားအရောင်၊ လိင်၊ ဘာသာစကား၊ ဘာသာရေး သို့မဟုတ် အခြားအယူအဆ၊ အမျိုးသားဇာစ်မြစ် သို့မဟုတ် လူမှုရေးဇာစ်မြစ်၊ ဥစ္စာဓန၊ မျိုးရိုးဇာတိ နှင့် အခြားအဆင့်အတန်းခြားနားခြင်းရှိသော လူတို့ကို အစိုးရက တူညီစွာ နှင့် ထိရောက်စွာ အာမခံပေးလျက် ကာကွယ်ပေးရသည်။
    လူတိုင်းသည် ခွဲခြားမှုများတို့မှ အကာအကွယ်ရပိုင်ခွင့် ရှိသည်
    —————————————————————–
    ရှင်းလင်းဖော်ပြချက်
    ဤအပိုဒ်တွင် မည်သည့်လူတန်းစားကိုမဆို အထူးမျက်နှာသာပေးမှုကို တားမြစ်သည်။ အပိုဒ် ၂ အရ တရားဝင်အာမခံချက်များအပေါ် ထပ်ဆင့် ကတိပေးရေးသားထားသည်။
    “ အသားအရောင်၊ လိင်၊ လူတိုင်း၊ လူမျိုး၊ မျိုးနွယ် စသည်ဖြင့် သူ့ထက်ငါ ကောင်း၊ဆိုးသည်ဟူသော အတွေးအမြင် ထင်မြင်ယူဆမှုများမှ တဆင့် အုပ်စု၊ အတန်းအစား၊ အလွှာအသီးသီးတို့ကြောင့် ခွဲခြားခြင်း ပေါ်ပေါက်လာရပေသည် ” [ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ]
    ၁၉၇၈ ခုနှစ် လူမျိုး နှင့် မျိုးနွယ်စွဲလန်းမှု အပေါ်ပတ်သက်သည့် ကြေညာစာတမ်း
    လူတစ်မျိုးကို တစ်မျိုးထက်တစ်မျိုး နိမ့်မြင့်သည်ဟူ၍ ခွဲခြားရန်အတွက် လူမျိုးကွဲပြားမှုအပေါ် အကြောင်းပြ၍ မရနိုင်။
    — လူမျိုး သို့မဟုတ် မျိုးစု မျိုးနွယ်တစ်မျိုးနှင့်တစ်မျိုး မွေးရာပါဂုဏ်သိက္ခာအားဖြင့် နိမ့်မြင့်၊ ကြီးငယ်၊ ယုတ်ညံ့သည်၊ မွန်မြတ်သည် ဟူသောအဆိုတွင် ပါဝင်သက်ဆိုင်နေသည့် မည်သည့်ဝါဒသဘောတရားမျှမဆို အခြေခံသိပ္ပံပညာနှင့်လည်းကောင်း၊ လူ့ကျင့်ဝတ်တရားနှင့် လူသားဝါဒဥပဒေမူနှင့် လည်းကောင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသည်။
    -သမိုင်းကြောင်းတစ်လျှောက်တွင် မတူညီသော အာဏာ၏နောက်ဆက်တွဲ အားပေးမှုအဖြစ် စီးပွားရေး၊ လူမှုရေး၊ အမျိုး၊ အလွှာ စသည့် ကွာခြားခြင်းနှင့် ကွာဟမှုတို့ကြောင့် ဖြစ်ပေါ်လာရသော လူမျိုးရေးစွဲလန်းမှု(ဘက်လိုက်လိုမှု) တို့သည် လုံးလုံးလျားလျား မှားယွင်းလေပြီ။ [ အပိုဒ် ၂ ]
    လူမျိုး သို့မဟုတ် မျိုးနွယ်တစ်စုသည် အခြားသောလူမျိုး သို့မဟုတ် မျိုးနွယ်တစ်စုထက် ပို၍မြင့်မြတ်သည်ဟူသော အဆိုသည် အခြေအမြစ်မရှိသလို လူမျိုးရေးစွဲလန်းမှုသည်လည်း မှန်ကန်သော သဘောမရှိ။
    အပိုဒ် ၂၇
    လူမျိုးစု၊ ဘာသာအယူအဆ သို့မဟုတ် ဘာသာစကားအားဖြင့် ကွဲပြားကြပြီး လူနည်းစုများနေထိုင်သောတိုင်းပြည်များတွင် အခြားလူနည်းစု သို့မဟုတ် မျိုးနွယ်စုတစ်ခုနှင့်အတူ လူနည်းစုတစ်စုက မိမိတို့၏ ယဉ်ကျေးမှုအရဖြစ်စေ၊ ဘာသာ စကားဖြစ်စေ၊ ဘာသာ အယူအဆဖြစ်စေ လွတ်လပ်စွာ ကျင့်သုံးဟောပြော သွန်သင်ခြင်းကို တားမြစ်ပိတ်ပင်ကန့်သတ်ခြင်း မပြုနိုင်။
    * လူနည်းစုများတွင် မိမိတို့၏လူမျိုးစုတစ်စုတည်းအဖြစ်ရှိနေရန် အခွင့်အရေးရှိသည်။
    ရှင်းလင်းဖော်ပြချက်
    လူ့အသိုင်းအ၀ိုင်းတွင် လူနည်းစုများသည် လုံခြုံရာမဲ့သောအုပ်စုတစ်စုဖြစ်ပြီး အထူးစောင့်ရှောက်မှုနှင့်ကာကွယ်မှုကို လိုအပ်သည်။ ထို့အတွက် လူနည်းစုကိုအထူး ရည်ရွယ်သော သဘောတူညီချက်များစွာတို့ ပေါ်ပေါက်အသက်ဝင်လာခဲ့ရသည်။
    အခြားဆီလျော်သောအချက်အလက်များ
    ၁။ မျိုးပြုန်းသတ်ဖြတ်မှုဆိုင်ရာသဘောတူညီချက် –  Convention of the Prevention and Punishment of the Crime of Genocide (GC)
    “ ပြဿနာအားလုံးလိုလိုတွင် လူနည်းစုများသည် သဘာဝအားဖြင့် မျိုးပြုန်းသတ်ဖြတ်မှု၏ဓားစာခံများ ဖြစ်ရသည် ”
    [ လူနည်းစုအခွင့်အရေးအုပ်စု ]
    မျိုးပြုန်းသတ်ဖြတ်မှုဆိုင်ရာသဘောတူညီချက်စာချုပ် GC တွင် မျိုးပြုန်းသတ်ဖြတ်မှုကို
    – ပြည်သူလူထုကို သတ်ဖြတ်ခြင်း
    – ပြည်သူလူထုကို ကိုယ်ကာယအားဖြင့်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်းကောင်း အနာတရာထိခိုက်စေခြင်း
    – ပြည်သူလူထုတစ်ရပ်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းတို့အား ကိုယ်ကာယ(ရုပ်ပိုင်းဆိုင်ရာ)ပျက်စီးစေရန် တမင်သက်သက် စီမံဆောင်ရွက်ခြင်း
    – မွေးဖွားမှုကို တားမြစ်ခြင်း နှင့်
    – ကလေးသူငယ်များကို ရွှေ့ပြောင်းပစ်ခြင်း
    စသည်ဖြင့် လူမျိုးတစ်မျိုး၊ လူမျိုးစုတစ်စု၊ ဘာသာရေးအုပ်စုတစ်စုတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆိးခြင်း သို့မဟုတ် ဖျက်ဆီးရန်ရည်ရွယ်ခြင်း ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
    မျိုးဖြုတ်သတ်ဖြတ်မှုနှင့်စပ်လျဉ်းသော ထိုပြဿနာမျိုးအတွက် သင့်လျော်သည့်အတိုင်းအတာဖြင့် အရေးယူဆောင်ရွက်စေရန် နိုင်ငံတော်အာဏာပိုင်များသည် ကုလသမဂ္ဂကို အကူအညီတောင်းဆိုနိုင်ပါသည်။
    ၂။ ပညာရေးအပေါ် ခွဲခြားမှုဆိုင်ရာ ပဋိညာဉ် – Convention against Discrimination in Education
    ပညာရေးအပေါ်ခွဲခြားမှုဆိုင်ရာပဋိညာဉ်သည် လူနည်းစုတို့အနေဖြင့် မိမိတို့ဘာသာစကားဖြင့် မိမိတို့၏ပညာရေး ရယူသင်ကြားနိုင်ရေးအတွက် ကူညီဆောင်ရွက်သည်။
    ၃။ အပြည်ပြည်ဆိုင်ရာလူမျိုးရေးခွဲခြားမှုနည်းမျိုးစုံအား ဖျက်သိမ်းရေးဆိုင်ရာ ပဋိညာဉ်စာချုပ် – International Convention on the Elimination of all Forms of Racial Discrimination (CERD)
    အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှု နည်းမျိုးစုံအား ဖျက်သိမ်းရေးဆိုင်ရာ ပဋိညာဉ်စာချုပ်သည် မျိုးနွယ်အုပ်စုများတို့၏ တိုးတက်မှုကို အာမခံချက်ပေးနိုင်သော ပြုလုပ်ဆောင်ရွက်ချက်များ အပေါ် ကူညီအားပေးသည်။
    ၄။ လွတ်လပ်ရေးရသော တိုင်းပြည်များရှိ ဒေသခံနှင့် တောင်တန်းဒေသ လူမျိုးများနှင့် ဆိုင်သော ပဋိညာဉ် – Convention concerning Indigenous and Tribal Peoples in Independent Countries (IL0 169)
    တောင်တန်းဒေသရှိလူမျိုး ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏အသိုင်းအ၀ိုင်းနှင့်သက်ဆိုင်သော်လည်း မိမိတို့၏ဥပဒေ၊ ဓလေ့ထုံးစံ နှင့် ဘာသာစကားတို့မှာ နိုင်ငံတော်၏ အခြားသော တိုင်းရင်းသားများနှင့် ကွာခြားသည်။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏မူအရ ၄င်းတို့၌ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်မရှိဟု ဤစာချုပ်တွင် ပြဋ္ဌာန်းထားသည်။
    မူရင်းဌာနေလူမျိုးစု ဆိုသည်မှာ တိုင်းရင်းသား အသိုင်းအ၀ိုင်းရှိ လူတစ်စုဖြစ်ပြီး
    – ယင်းနိုင်ငံ၏နယ်ပယ်သို့ ကျူးကျော်သူများ မရောက်လာခင်ကတည်းက ထိုဒေသတွင် နေထိုင်လျက်ရှိသူ
    – မိမိကိုယ်ကိုမိမိ ကျူးကျော်မှုမတိုင်မီလူမျိုး သို့မဟုတ် ကိုလိုနီမတိုင်မီလူမျိုးအနေဖြင့်သာ ခံယူသူ
    – မည်သူ၏ကြီးစိုးမှုမျှမခံသော လူမျိုးများဟုခံယူသူ
    – မိမိယဉ်ကျေးမှုပုံစံ၊ မိမိ၏လူမှုရေးရာဥပဒေ၊ တရားဥပဒေကျင့်ထုံးများကို ထိန်းသိမ်းပြီး အနာဂတ်၌ ထိုကဲ့သို့ပင် လူမျိုးစုတစ်မျိုးအနေနှင့် ဆက်လက်၍ သီးသန့်ပိုင်နက်အတွင်း နေထိုင်သွားနိုင်ရန် လက်ဆင့်ကမ်းဖြန့်ဖြူးပေးနိုင်သူ ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
    မြေယာပြဿနာ
    ကမ္ဘာတစ်ဝှမ်းရှိ ဌာနေဒေသခံလူမျိုးတို့ ရင်ဆိုင်နေရသော ပြဿနာများသည် မြေယာပဋိပက္ခကို အခြေခံသည်။ ဘိုးဘွားအမွေမြေယာများ လက်မဲ့ဖြစ်မှု၊ အစဉ်အလာပိုင်ဖြစ်သော သယံဇာတများ ဆုံးရှုံးမှုတို့ကြောင့် ဒေသခံလူမျိုးတို့သည် စီးပွားရေးပျက်သုဉ်းခြင်း၊ ၄င်းတို့ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ၏ အနာဂတ်ရေးအား ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တို့ ဆုံးရှုံးခြင်း၊ ယဉ်ကျေးမှုတိမ်ကောပျောက်ကွယ်သွားခြင်း စသည့် မလွှဲမရှောင်နိုင်သော အကျိုးဆက်များနှင့်ကြုံတွေ့လာရတော့သည်။ [ အပြည်ပြည်ဆိုင်ရာအသက်ရှင်ရေးအဖွဲ့ ]
    IL0 169  သည်
    – တောင်တန်းဒေသလူမျိုးများ မြေယာပိုင်ဆိုင်ခွင့်ရှိရန်
    – မိမိတို့၏သဘာဝသယံဇာတပစ္စည်း ကာကွယ်ရန်
    – ပြည်သူများကို အဓမ္မပြောင်းရွှေ့စေခြင်းမှ တားမြစ်ရန်
    – ဆွေးနွေးတိုင်ပင်ရေးကိစ္စအတွက် လိုအပ်ချက်များပေးရန်
    – ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုအပေါ် အပြစ်ဒဏ်ပေးရန်တို့ကို ကူညီဆောင်ရွက်ပေးသည်။
    ၅။ တိုင်းရင်းသား သို့မဟုတ် လူမျိုးစု၊ ကိုးကွယ်သည့်ဘာသာ နှင့် ဘာသာစကားကွဲပြားသော လူနည်းစုများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း – Declaration on the Rights of Persons Belonging to National or Ethnic, Religious and Linguistic Minorities. 1992
    ဤစာချုပ်သည်
    – မိမိတို့၏ယဉ်ကျေးမှုကို ကျေနပ်စွာခံစားရန်
    – မိမိတို့၏ဘာသာယုံကြည်မှုကို ကျင့်သုံးသွန်သင်ဆုံးမရန်
    – မိမိတို့ဘာသာစကားကို အသုံးပြုရန်
    – မိမိဖာသာအနေနှင့်လည်းကောင်း၊ လူထုအနေနှင့်လည်းကောင်း လွတ်လပ်စွာနေပြီး ၄င်းအပေါ် အနှောင့်အယှက်ဖြစ်စေမည့် ခွဲခြားမှုပုံသဏ္ဍာန်အမျိုးမျိုးမှ ကင်းဝေးစေရန်
    – မိမိတို့၏လူနည်းစုအရေးနှင့်ဆိုင်သော ဆုံးဖြတ်ချက်ချမှတ်ရာတွင် နိုင်ငံတော်အဆင့်အနေနှင့်ဖြစ်စေ၊ ဒေသအနေနှင်ဖြစ်စေ ပါဝင်ရန် စသည့်အခွင့်အရေးများကို ပဓာနပြုသည်။
    နိုင်ငံအစိုးရများသည်
    – ဥပဒေရှေ့မှောက်တွင် ခွဲခြားမှု မရှိ၊ တူညီသောအခွင့်အရေးဖြင့် ၄င်းတို့၏လူ့အခွင့်အရေးများကို ကျင့်သုံးနိုင်သော အခွင့်အရေးကို အာမခံချက်ပေးရန်
    – နိုင်ငံတော်ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းကို ချိုးဖောက်ရသော လုပ်ရပ်များမှလွဲ၍ လူနည်းစုတို့၏ အခြားသော ယဉ်ကျေးမှုများကို မြှင့်တင်ပေးရန်
    – ၄င်းတို့၏တိုင်းရင်းသား ဘာသာစကားကို ကောင်းမွန်သော အခွင့်အရေးရရှိရေး အတွက် ဆောင်ရွက်မှုများချမှတ်ရန်
    – နိုင်ငံတစ်နိုင်ငံ အတွင်းရှိသော လူနည်းစုတို့၏ သမိုင်း၊ ဓလေ့ထုံးတမ်း နှင့် ယဉ်ကျေးမှုဆိုင်ရာ အတတ်ပညာများကို ဆည်းပူးလေ့လာရန် အတွက် ဆောင်ရွက်မှုများကို အားပေးရန်
    – နိုင်ငံတော်၏ကြီးပွား တိုးတက်မှုဆိုင်ရာ စီမံကိန်းများတွင် ၄င်းလူနည်းစုတို့ပါဝင်နိုင်ရေးအတွက် စဉ်းစားရန်
    စသည့် အချက်များပေါ်တွင် တာဝန်ရှိသည်။
    ၆။ ဗီယင်နာ ကြေညာစာတမ်း
    အစိုးရတို့သည် အပြည်ပြည်ဆိုင်ရာဥပဒေအရ တူညီသောအခြေခံမူ နှင့် ဒေသခံပြည်သူတို့၏ လူ့အခွင့်အရေးများ အားလုံးနှင့်အခြေခံ လွတ်လပ်မှုများကို  ခွဲခြားမှုမရှိဘဲ လေးစားရန်အတွက် ဟန်ချက်ညီညီ အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကို စီစဉ်ချမှတ်ပြီး၊ ၄င်းတို့၏ ကွဲပြားခြားနား၍သီးခြားဖြစ်လျက်ရှိသော ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့အစည်းများ တန်ဖိုးကို လေးစားရမည်။ [ အပိုဒ် ၂၀ ]
    ၇။ နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများနှင့် ၄င်းတို့၏မိသားစုများအခွင့်အရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက် စာချုပ် – International Convention on the Protection of the Rights of All Migrant Workers and Members of their Families. 1990
    ဤစာချုပ်သည် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် ICCPR တွင် ပါဝင်သော အခွင့်အရေးများအနက် အောက်ပါ အခွင့်အရေးများကို ထပ်မံ ဖွင့်ဆိုခြင်းဖြစ်သည်။ ၄င်းတို့မှာ
    – ပြည်သူများကို တိုင်းပြည်မှနှင်ထုတ်ခြင်းအား ကာကွယ်မှု
    – လူမျိုးစုခွဲခြားခြင်း မရှိဘဲ တန်းတူညီမျှ ရှိစေမှု၊ အထူးသဖြင့် လစာနှင့် လုပ်ငန်းခွင် အခြေအနေများတွင် တန်းတူညီတူရှိမှု၊
    – ၀င်ငွေနှင့်စုငွေများကို မိမိတို့ကိုယ်တိုင် ပေးပို့လွှဲပြောင်းပေးပို့နိုင်မှု
    – ရွှေ့ပြောင်းအလုပ်သမားများတို့၏ ယဉ်ကျေးမှုသီးခြားရှိနေရေးကိုလေးစားမှု
    စသည်တို့ဖြစ်သည်။
    ဤသဘောတူစာချုပ်သည် လုံလောက်သောတိုင်းပြည်များ၏အတည်ပြုမှု မရရှိသေးသောကြောင့် လောလောဆယ်အားဖြင့် အာဏာသက်ရောက်ခြင်း မရှိသေးပေ။ (ယခုအခါ အတည်ပြုအင်အားများပြားလာပြီး အာဏာသက်ရောက်လုပြီဖြစ်သည်)
    The Human Rights Handbook (Kathryn English & Adam Stapleton)အား မြန်မာပြန်ဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၏ လူ့အခွင့်အရေး လက်စွဲစာအုပ်(စက်တင်ဘာ၊ ၂၀၀၀) မှ ကောက်နှုတ်တင်ပြသည်။
  • စစ်တွေတွင် လူ(၅၀၀) ခွင့်ပြုမိန့်ဖြင့် လူ(၈၀,၀၀၀) ပါဝင်သည့် အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်
    နိုဝင်ဘာ -၁၅ ၂၀၁၃
    M-Media
    မောင်ပုည
    Sittwe
    နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်ဖြင့် အကြမ်းဖက်ခံ ဒေသများသို့ လေ့လာရန် ရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ(၁၅) ရက်နေ့ သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် ဆန္ဒပြ ထုတ်ဖော်ခဲ့ကြောင်းကို ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက ပြောကြားကြောင်း မဇ္ဈိမ သတင်းတွင် ဖော်ပြပါရှိသည်။
    အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC သည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာလ ၁၅ရက်က သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် စောင့်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက မဇ္ဈိမ ကိုပြောတယ်။
    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က “သူလည်း လာလေ့လာတာ ဒေသခံတွေလည်း သူ့တို့ဆန္ဒကို လွှတ်လပ်စွာ ထုတ်ဖော်တာ အဓိက,က ဆူဆူပူပူမလုပ်ဖို့လိုတယ်”ဟု မဇ္ဈိမ ဆက်လက်ဖော်ပြထားပါတယ်။
    ဒေသခံ မွတ်စလင်မ် အများစု နေအိမ်စွန့်ခွါပြီး ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်နေရသော ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ အပြီး စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် အများစုတွင် လူ(၅)ဦးထက် ပိုပြီးမစုဝေးရန်နှင့် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄) ထုတ်ပြန်ထားပြီး ယနေ့တိုင် ရုပ်သိမ်းခြင်းမရှိသေးပေ။
    ယနေ့ပြုလုပ်သော ဆန္ဒပြပွဲခွင့်ပြုမိန့်တွင် ပါဝင်ဆန္ဒပြမည့် လူဦးရေ(၅၀၀) ဟု သာခွင့်ပြုထားသော်လည်း လူ(၈၀,၀၀၀) ကျော် ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။