News @ M-Media

Blog

  • ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အထက်မြန်မာပြည် FNI အဖွဲ့ ကြေညာချက်ထုတ်ပြန်

    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media
    သီရိ

    1000952_1428564147369049_1369763180_n

    မန္တလေး။          ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အများပြည်သူများ၏ ဆန္ဒမပါရှိ၊ ပွင့်လင်းမြင်သာမှုမရှိဘဲ တစ်ဖက်သက်ရေးဆွဲခဲ့သည့်အတွက် အများလက်ခံနိုင်ခြင်း မရှိသည့် အချက်များပါဝင်နေခြင်း၊ ပြည်ထောင်စု၏ဖွဲ့စည်းပုံစနစ် စနစ်မကျမှုများ၊ ဒီမိုကရေစီနှင့်မညီညွတ်သည့် တိုင်းရင်သားတန်းတူ အခွင့်ရေးများ မရရှိခြင်း၊ အမျိုးသားနှင့် အမျိုးသမီး ခွဲခြားကန့်သတ်ခြင်း စသည့် အချက်လက်များကို ပြင်ဆင်ရန် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(ILO)နှင့် ချိတ်ဆက်ကာ အထက်မြန်မာပြည်ရှိ အလုပ်သမားများနှင့် လယ်သမားများကို ကူညီပေးနေသာ အဖွဲ့အစည်းတစ်ခုဖြစ်သည့်  (FNI) က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဆက်လက်ပြီး အထက်မြန်မာပြည် တာဝန်ခံ ဦးကိုကိုကြီးက လက်ရှိ အခြေခံ အလုပ်သမား အဖွဲ့အစည်းနှင့် Facilitators Network With ILO Upper Myanmar (FNI) အဖွဲ့ဝင်များ၏ ထောက်ခံချက်လက်မှတ်များကို ကောက်ယူလျက်ရှိပြီး နိုဝင်ဘာနောက်ဆုံးသီတင်းပတ်တွင် အဆိုပါထောက်ခံချက် လက်မှတ်များကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

  • လုံခြုံရေးကောင်စီနေရာအား လက်မခံဟု ဆော်ဒီက တရားဝင်ကြေညာ

    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media

    Saudi Foreign Minister Prince Saud al-Faisal attends the Gulf Cooperation Council meeting in Doha

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းကို လက်မခံကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ယမန်နေ့တွင် တရားဝင် ကြေညာခဲ့ပြီး၊ ထိုကိစ္စနှင့် ပက်သက်၍ ကုလအထွေထွေအတွင်းရေမှူးချုပ် ဘန်ကီမွန်သို့ အကြောင်းကြားစာ တစ်စောင် ပေးပို့ထားသည်ဟု သိရသည်။

    ဆော်ဒီအာရေဗျနိုင်ငံမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ပြီးခဲ့သည့်လက ရွေချယ်ခံရခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီ၏ ဆီးရီးယားအရေး ဆောင်ရွက်မှုများကို မကျေနပ်သောကြောင့် ထိုစဉ်ကတည်းက ထိုတာဝန်အား လက်မခံကြောင်း ပြောကြားခဲ့ဖူးသည်။

    ထို့ကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံ တစ်ခုဖြစ်သည့် ဂျော်ဒန်နိုင်ငံအနေအဖြင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်ဖြစ်ရန် လမ်းပွင့်သွားပြီဖြစ်သည်။

    လုံခြုံရေးကောင်စီကလည်း ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံအမတ်မှ ပေးပို့သည့် အကြောင်းကြားစာ ရရှိခဲ့ကြောင်းကို အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

    Ref:alarabiya

  • တရားမ၀င်အိမ်ရာများ ဆောက်လုပ်ရန် စီစဉ်မှုအား အစ္စရေးပယ်ဖျက်

    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media

    ramallah-generic-view

    အမေရိကန်နှင့် ပါကလက်စတိုင်းတို့က ကန့်ကွက်ပြီးနောက် မတရားသိမ်းပိုက်ထားသော အနောက်ဘက် ကမ်းခြေတွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် အိမ်ရာ ၂ သောင်းအား ဆောက်လုပ်ခြင်းမပြုရန် အစ္စရေး ၀န်ကြီးချုပ်နေတန်ယာဟုက ယမန်နေ့ညပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    အစ္စရေးသမ္မတရုံးက ထုတ်ပြန်သောကြေညာချက်တွင် နေတန်ယာဟုက ထိုဆောက်လုပ်မည့် ကိစ္စရပ်များကို ပြန်လည်စဉ်းစားရန် အိုးအိမ်ဝန်ကြီး ယူရီ အရီယဲလ်အား အမိန့်ပေးခဲ့သည်ဟုသိရသည်။

    ထို့ပြင် ထိုကဲ့သို့ဆောက်လုပ်မှုမှာ ဥပဒေကြောင်းအရ အဓိပ္ပါယ်မရှိကြောင်း၊ အီရန်၏နျူကလီးယားကိစ္စနှင့် ပက်သက်၍ ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြိုးစားနေချိန်တွင် မလိုအပ်သော မလိုမုန်းထားမှုများဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ရေးသားထားသည်။

    အစ္စရေးနိုင်ငံမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ကုလသမဂ္ဂက သတ်မှတ်ပေးထားသည့် ပါဘက်စတိုင်း ပိုင်နက်များအား မတရား သိမ်းပိုက်ထားခဲ့ပြီး ထိုအချိန်မှစ၍ ထိုဒေသများတွင် တရားမ၀င် အိမ်ရာများဆောက်လုပ်ကာ အစ္စရေးနိုင်ငံသားများအား နေထိုင်စေခဲ့ပြီး ယခုအခါ ပါလက်စတိုင်းပိုင်း နယ်မြေများအတွင်း နေထိုင်သည့် အစ္စရေးနိုင်ငံသား ထက်ဝက်ခန့်ရှိသည်ဟု သိရသည်။

    Ref:channelnewsasia

  • နိုဝင်ဘာ ၁၃ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း စုစည်းမှု

    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media

    မြန်မာပြည်ကို ရောက်ရှိနေတဲ့ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် နိုဝင်ဘာ- ၁၄ ရက်နေ့မှာ ဒုတိယသမ္မတ စိုင်းမောက်ခမ်းဦးဆောင်တဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သမ္မတရဲ့ပြောခွင့်ရသူ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် မှာ ပြောကြားချက်ကို RFA မှ ဖော်ပြချက်အရသိရပါတယ်။

    ပြည်တွင်းမှာ သုံးစွဲနေတဲ့ ပိုက်ဆံတွေကို ဗိုလ်ချူပ်အောင်ဆန်း ရုပ်ပုံနှင့် ဖော်ပြဖို့ အဆိုကို လွှတ်တော်မှာ ဦးသိန်းညွန့်က တင်သွင်းခဲ့ပြီး ဗဟိုဘဏ်က အလျဉ်းသင့်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း BBC မှာ ဖော်ပြပါတယ်။

    ပြီးခဲ့တဲ့ မတ်လတုံးက မွတ်စလင်မ် များကို အကြမ်းဖက်မှုတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့တဲ့  မိတ္တီလာမြို့က  ဗုဒ္ဓ ဘာသာဝင်တွေက အိုအိုင်စီအဖွဲ့ကို ဆန္ဒပြဖို့ ပြင်ဆင်နေကြောင်း The Voice Weekly ရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။ အိုအိုင်စီ ကိုယ်စားအဖွဲ့ဟာ မိတ္တီလာမြို့က အကြမ်းဖက်ခံ မွတ်စလင်မ် တွေကို သွားရောက်ကြည့်မယ်လို့ သတင်းတွေမှာ ဖော်ပြချက်အရသိရပါတယ်။

    —————————————————————-
    အီရန်နှင့် အရှေ့အလယ်ပိုင်းအရေး အတွက် အိုဘားမားနှင့် ကင်မရွန်းတို့ ဖုန်းဖြင့်ဆွေးနွေးခဲ့ကြ

    နျူးကလီးယားအရေး အီရန်နှင့် ထပ်မံ၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်နှင့် အရှေ့အလယ်ပိုင်း လုံခြုံရေးကိစ္စများနှင့် စပ်လျဉ်း၍ အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ယမန်နေ့က ဖုန်းဖြင့်ဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် သတင်းထုန်ပြန်ခဲ့သည်။

    အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံဖြစ်သည့် အမေရိကန်၊ ဗြိတိန် ရုရှား၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့၏ အီရန်နျူးကလီးယားအရေး ဆွေးနွေးမှုကို ပြီးခဲ့သည့် ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာတွင် ပြုလုပ်ခဲ့ပြီး ပဏာမ သဘောတူညီချက်ရရှိခဲ့ကာ လာမည့် နိုဝင်ဘာ ၂၀ ရက်နေ့ ဒုတိယအကြိမ်ဆွေးနွေးမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်နျူကလီးယားအရေး ဖြေရှင်းရာတွင် အပြင်အလှန်ယုံကြည်မှုပေါ်တွင် အခြေခံသင့်ပြီး၊ အီရန်နိုင်ငံအား အမိန့်ပေးခြင်းမျိုးကို လုံးဝလက်မခံဟု ဂျီနီဗာ ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အစ္စရေးနှင့် အနောက်နိုင်ငံတစ်ချို့က အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်မှာ လက်နက်ထုတ်လုပ်ရန်အတွက်ဟု စွပ်စွဲပြောဆိုနေသော်လည်း အီရန်နိုင်ငံကမူ အရပ်ဖက်တွင်အသုံးပြုရန်သာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြန်လည်တုံ့ပြန် ပြောဆိုထားသည်။

    Ref:aljazeera

    201382811544557580_20
    …………………………………..
    လူငယ်များ အလုပ်လက်မဲ့ဖြစ်နေမှုများကို ဖြေရှင်းရန် ဥရောပခေါင်းဆောင်များ ဆုံးဖြတ်

    ဥရောပတစ်ဝှမ်းတွင် ကြုံတွေ့နေရသည့် လူငယ်များအလုပ်လက်မဲ့နှုန်းမြင့် တက်နေမှုများကို ၂ နှစ်အတွင်း ဖြေရှင်းရန် ဥရော ၂၄ နိုင်ငံ၏ ခေါင်းဆောင် များက ယမန်နေ့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ခေါင်းဆောင်များမှာ ယမန်နေ့က ပဲရစ်မြို့တွင် တွေ့ဆုံခဲ့ကြပြီး အသက် ၂၅ နှစ်အောက် လူငယ်များအလုပ်လက်မဲ့နှုန်းမြင့်တက်နေမှုများ လျော့ချရေးအတွက် ရှိပြီးသားအစီအစဉ်များကို ထိရောက်အောင် အကောင်အထည်ဖော်သွား မည်ဖြစ်ပြီး အစီအစဉ်အသစ်များ ထပ်မံပြုလုပ်မည်မဟုတ်ဟု ကြေညာခဲ့ကြသည်။

    ဥရောပတစ်ဝှမ်းတွင် ကြုံတွေ့နေရသည့် ဘဏ္ဍာရေးအခက်အခဲများနှင့် ချွေတာရေးအစီအစဉ်များကြောင့် လူငယ်အလုပ်လက်မဲ့နှုန်းမှာ လွန်ခဲ့သည့် တစ်နှစ်အတွင်း ၂၃.၁ ရာခိုင်နှုန်းမှ ၂၃.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဥရောပတစ်ဝှမ်းရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ် ၇.၅ သန်းမှာ အလုပ်၊ ကျောင်းနှင့် သင်တန်းလက်မဲ့ဖြစ်နေရသည်။
    ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဥရောပတစ်ဝှမ်း လူငယ်များအလုပ်လက်မဲ့ နှုန်းကိုဖြေရှင်းရန်အတွက် ဥရောပ သမဂ္ဂမှ ယူရို ဘီလီယံ ၆၀ သုံးစွဲရန် ရှိနေသည်။

    Ref:aljazeera

    …………………………………..
    တရားမ၀င်အိမ်ရာများ ဆောက်လုပ်ရန်စီစဉ်မှုအား အစ္စရေးပယ်ဖျက်

    အမေရိကန်နှင့် ပါကလက်စတိုင်းတို့က ကန့်ကွက်ပြီးနောက် မတရားသိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေတွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် အိမ်ရာ ၂ သောင်းအား ဆောက်လုပ်ခြင်းမပြုရန် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ယမန်နေ့ညပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    အစ္စရေးသမ္မတရုံးက ထုန်ပြန်သောကြေညာချက်တွင် နေတန်ယာဟုက ထိုဆောက်လုပ်မည့် ကိစ္စရပ်များကို ပြန်လည်စဉ်းစားရန် အိုးအိမ်ဝန်ကြီး ယူရီ အရီယဲလ်အား အမိန့်ပေးခဲ့သည်ဟုသိရသည်။

    ထို့ပြင် ထိုကဲ့သို့ဆောက်လုပ်မှုမှာ ဥပဒေကြောင်းအရ အဓိပ္ပါယ်မရှိကြောင်း၊ အီရန်၏နျူကလီးယားကိစ္စနှင့် ပက်သက်၍ ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုးစားနေချိန်တွင် မလိုအပ်သော မလိုမုန်းထားမှုများဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ရေးသားထားသည်။

    အစ္စရေးနိုင်ငံမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ကုလသမဂ္ဂက သတ်မှတ်ပေးထားသည့် ပါဘက်စတိုင်းပိုင်နက်များအား မတရားသိမ်းပိုက်ထားခဲ့ပြီး ထိုအချိန်မှစ၍ ထိုဒေသများတွင် တရားမ၀င်အိမ်ရာများဆောက်လုပ်ကာ အစ္စရေးနိုင်ငံသားများအား နေထိုင်စေခဲ့ပြီး ယခုအခါ ပါလက်စတိုင်းပိုင်းနယ်မြေများအတွင်း နေထိုင်သည့် အစ္စရေးနိုင်ငံသား သက်ဝန့်ခန့်ရှိသည်ဟု သိရသည်။

    Ref:channelnewsasia

    ……………………………..
    အမေရိကန်ရှိ မြို့တစ်မြို့ ဘဏ္ဍာရေး အခက်အခဲနှင့် ကြုံတွေနေရ

    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ် လော့စ်အိန်ဂျလီစ်ရှိ Desert Hot Springs မြို့မှာ မြို့နယ်အတွင်းရှိ ၀န်ထမ်းများ၏ လုပ်ခလစာများနှင့် ပင်စင်လခများ၏ ၀န်ထုပ်ဝန်ပိုးများကြောင့် အစိုးရအသုံးစားရိတ်မှာ လာမည့် ၂၀၁၄ ခုနှစ်မတ်လတွင် ပြတ်တောက်တော့ မည်ဟု သိရသည်။

    ထို့ကြောင့် ပြည်နယ်အတွင်းရှိ San Bernardino မြို့နှင့် Stockton မြို့များပြီးနောက် အကြွေးရှင်များ၏လက်မှ တရားရုံး၏ အကာအကွယ်ပေးမှုကို တောင်းဆိုရတော့မည် တတိယမြောက်မြိုကဖြစ်လာတော့မည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    Desert Hot Springs မြို့၏ ဘဏ္ဍာရေးအကျပ်အတည်းမှာ ပြီးခဲ့သည့် သီတင်းပတ်က မြို့၏ ဘဏ္ဍာရေးဒါရိုက်တာ အေမီ အဂွာမှ ဘဏ္ဍာရေးအခြေအနေကို ဆန်းစစ်ခဲ့ပြီး အစိုးရသုံးငွေ ကန်ဒေါ်လာ ၁၃.၅ သန်းတွင် ၃.၃ သန်းလိုငွေပြနေကြောင်းတွေ့ရှိ၍ ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

    ထိုကဲ့သို့ လိုငွေပြမှုများ ပင်စင်လစာများနှင့် အစိုးရ၀န်ထမ်းများ၏ လစာများ မျှော်မှန်းထားသည့်ထက် များပြား၍ဖြစ်ကြောင်း၊ ယခုချိန်အတွင် အစိုးရသုံးငွေ၏ ၇၀ ရာခိုင်နှုန်းမှာ ကုန်ဆုံးသွားပြီဟု အေမီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref:presstv

  • အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံ သံတမန် ဆက်ဆံထားရှိမှု

    နိုဝင်ဘာ- ၁၃ ၂၀၁၃
    M-Media
    မောင်ပုည

    OIC_Map

    ရန်ကုန်အခြေစိုက် သံရုံးဖွင့်ထားသည့် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ

    ၁)ဘင်္ဂလားဒေရှ်
    ၂)ဘရူနိုင်း
    ၃)အီဂျစ်
    ၄)အင်ဒိုနီးရှား
    ၅)မလေးရှား
    ၆) ပါကစ္စတန်
    ၇) ဆော်ဒီအာရေးဗီးယား

    မြန်မာနိုင်ငံနှင့် သံအဆက် အသွယ်ထားရှိသော အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ

    ၈)အီရန်         (ဘန်ကောက်မှာ ရုံးအခြေဆိုက်)
    ၉)အီရတ်         (ဘန်ကောက်မှာ ရုံးအခြေဆိုက်)
    ၁၀)ကူဝိတ်         ( ပါကစ္စတန် ၊ အစ္စလာမ် မာဘတ်တွင် ရုံးအခြေဆိုက်)
    ၁၁)မော်ရိုကို     ( ဘန်ကောက်တွင် ရုံးအခြေဆိုက်)
    ၁၂)နိုင်ဂျီးရီးယား     ( ဘန်ကောက်တွင် ရုံးအခြေဆိုက်)
    ၁၃) ဆီးရီးယား     ( နယူးဒေလီတွင် ရုံးအခြေဆိုက်)
    ၁၄) အလ်ဘေးနီးယား     ( ဘေဂျင်းတွင် ရုံးအခြေဆိုက်)
    ၁၅) တူရကီ     (ဒါကာတွင် ရုံးအခြေဆိုက်)
    ၁၆)အလ်ဂျီးရီးယား     (ဗီယက်နမ် ဟနွိုင်မှာ ရုံးအခြေဆိုက်)
    ၁၇) မော်လဒိုက်     (စင်္ကာပူ တွင် ရုံးအခြေဆိုက်)

    အိုအိုင်စီ အဖွဲ့ဝင် (၅၇)နိုင်ငံ၏ ၃၀% ကျော် (၁၇) နိုင်ငံမှာ မြန်မာပြည်နှင့် သံတမန် အဆက်အသွယ်ထားရှိပါသည်။

    ကိုးကား-
    နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်
    wiki