News @ M-Media
Blog
  • ၾသစေတးလ် နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    သြစတေးလျ နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    Aussie-Rugby-Star-Seeks-New-Life-in-Islam_0
    လက်ဝှေ့အားကစားသမားတစ်ဦး၏ အကူအညီကြောင့် သြစတေးလျ နာမည်ကြီး ရဘ်ဘီကစားသမားတစ်ဦးဖြစ်သည့် ဘလက် ဖာဂူဆန်မှာ အစ္စလာမ်ဘာသာ အတွင်းသို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့် သောကြာနေ့က ဆစ်ဒနီမြို့ရှိ Zetland ဗလီဝတ်ကျောင်းတော်တွင် သြစတေးလျ လက်ဝှေ့ကစားသမား မွန်ဒိုင်းနှင့်အတူ ၀တ်ပြုဆုတောင်းနေသည့် ဖာဂူဆန်၏ ဓာတ်ပုံပေါ်ထွက်လာပြီးနောက် သတင်းများက ဖာဂူဆန်မှာ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ကြောင်း ဖော်ပြခဲ့ကြသည်။
    ဖာဂူဆန်က အစ္စလာမ်မှာ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည့် ၎င်း၏ဘ၀အား ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီနိုင်မည်ဟု ယူဆသည့်အတွက်ကြောင့် ယခုကဲ့သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အယူဝါဒအသစ်သို့ ပြောင်းလဲခြင်းအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    ဖာဂူဆန်မှာ အစ္စလာမ်သို့ ပြောင်းလဲဝင်ရောက်လာသည့် ပထမဆုံး ရဘ်ဘီကစားသမားမဟုတ်ဘဲ၊ လွန်ခဲ့သည့်ငါးနှစ်က နယူးဇီလန် ရဘ်ဘီအကျော်အမော် ဘီလ် ၀ီလီယံမှာ ဆစ်ဒနီမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုအတွင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်ပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင် လာခဲ့သည့် ပထမဦးဆုံး ရဘ်ဘီကစားသမားဖြစ်သည်။
    အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးလျှင် သြစတေးလျရှိ ဒုတိယအကြီးဆုံးအယူဝါဒတစ်ခုဖြစ်ပြီး သြစတေးလျလူဦးရေ သန်း ၂၀ ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာ ကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။
    Ref :  OnIslam & Newspapers
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • နိုဝင်ဘာ ၁၂၊ အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ ၁၂၊ အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    ကမ္ဘာ့ဖလား လုံခြုံရေးနှင့် ပက်သက်ပြီး သြစတေးလျစိုးရိမ်
    Untitled
    လာမည့်နှစ်တွင် ဘရာဇီးနိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ လုံခြုံရေးနှင့်ပက်သက်၍ စိုးရိမ်မိပြီး၊ ထိုကိစ္စအား ဆောင်ရွက်ရန်မှာ ဘရာဇီးလ်နိုင်ငံ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမည်ဟု သြစတေးလျ ဘောလုံးအဖွဲ့ချုပ်၏ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် တစ်ပါတ်က မြို့တော် ရီယိုဒီဂျနေရိုးတွင် ကျင်းပြုလုပ်ရန် စီစဉ်ထားသည့် Soccerex ကမ္ဘာ့ ဘောလုံးညီလာခံကို နိုင်ငံအတွင်းမငြိမ်သက်မှုများကြောင့် ဖျက်သိမ်းရန် အစိုးရက ဆုံးဖြတ်ပြီးနောက်ပိုင်း၊ ၂၀၁၄ ဇွန်လတွင် ပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ဘရာဇီးလ်အနေဖြင့် ဘေးကင်းစွာ ကျင်းပနိုင်မည့်စွမ်းရည်နှင့် ပက်သက်ပြီး စိုးရိမ်စိတ်မှာ မြင့်တက်လာခဲ့သည်။
    နိုင်ငံ၏ မြို့တော် ရီယိုဒီဂျနေရိုးနှင့် ဆော်ပေါ်လိုမြို့များတွင် အစိုးရ၏ ချစားမှုများနှင့် ၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲများ ကျင်းပရန်အတွက် ဒေါ်လာ သန်း သောင်းချီသုံးစွဲမှုများအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများမှာ ပြီးခဲ့သည့် လအနည်းငယ်မှစ၍ မကြာခဏဖြစ်ပေါ်နေသည်။
    ထို့ကြောင့် တစ်လတာကြာမြင့်မည့် ပြိုင်ပွဲကာလအတွင်း လာရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးသမားများ၏ ဘေးကင်းလုံခြုံမှုအတွက် စီစဉ်ထားရှိသော လုံခြုံရေး အစီအမံများအပေါ် သြစတေးလျအစိုးရအနေဖြင့် စိုးရိမ်နေကြောင်း သြစတေးလျ ဘောလုံးအဖွဲ့ချုပ်၏ အကြီးအကဲ ဒေးဗစ်ဂါလော့ပ်က ၀န်ခံပြောကြားခဲ့သည်။
    Channelnewsasia
    _______________________
    လီဗာပူးလ်တွင် ကစားခဲ့သည့်တစ်လျှောက် ယခုအချိန်မှာ အသင်း၏ အကောင်းဆုံးအချိန်ဖြစ်သည့်ဟု ဂျွန်ဆင်ဆို
    ၂၀၀၉ ခုနှစ်က လီဗာပူးလ်အသင်းသို့ပြောင်းရွှေ့လာကတည်းက အသင်း၏ ကစားပုံမှာ ယခုအချိန်တွင် အကောင်းဆုံးဖြစ်နေသည်ဟု အင်္ဂလက်ရွေးစင် နောက်ခံလူ ဂလင်းဂျွန်ဆင်က ပြောကြားလိုက်သည်။
    ထိုပြင် အသင်းအနေဖြင့် အရည်အသွေးကောင်းများဖြင့်ပြည်ဝနေပြီး အာဆင်နယ်နှင့်ပွဲတွင် တွေ့ခဲ့ရသည့်အရှုံးမှ ပြန်လည်ခေါင်းထောင်လာနိုင်သည့် အသင်း၏ စွမ်းရည်အား ချီးကျူးပြောဆိုခဲ့သည်။
    “အရင်တုန်းက ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လူစာရင်းနဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်ကတော့ ကျွန်တော်အသင်းမှာ စကစား ခဲ့တဲ့ သက်တမ်းတစ်လျှောက် အခုအချိန်ဟာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်ပါတယ်” ဟု ဂျွန်ဆင်၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
    ဂျွန်ဆင်မှာ လီဗာပူးလ်အသင်းသို့ရောက်ရှိပြီးနောက် လေးနှစ်တာကာလအတွင်း နည်းပြလေးဦး၏လက်အောက်တွင် ကစားခဲ့ရသော ကစားသမားတစ်ဦးဖြစ်သည်။
    လီဗာပူးလ်အသင်းမှာ ပြီးခဲ့သည့် စနေနေ့က ဖူလ်ဟမ်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားတွင် ဦးဆောင်သူ အာဆင်နယ်အသင်းထက် နှစ်မှတ် လျော့ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
    Goal
    _______________________
    ATP World Tour Finals ချန်ပီယံဘွဲ့အား ဂျိုကိုဗစ်ကာကွယ်
    လန်ဒန်တွင် ကျင်းပခဲ့သည့် ယခုနှစ် ATP ရာသီပိတ်တင်းနစ်ပြိုင်ပွဲတစ်ခုဖြစ်သည့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က စပိန်တင်းနစ်သမား ရာဖေးလ် နာဒယ်အား အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    လက်ရှိ ကမ္ဘာ့အဆင် ၂ ရှိ ဂျိုကိုဗစ်မှာ လက်ရှိချန်ပီယံလည်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နာဒယ်အား ၆-၃၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ကာ ချန်ပီယံဘွဲ့ကို ကာကွယ် နိုင်ခဲ့သည်။
    ယခုပွဲဗိုလ်စွဲနိုင်ခဲ့မှုမှာ ဂျိုကိုဗစ်၏ ကစားသမားသက်တမ်း ၂၂ ခုမြောက်အောင်ပွဲ ဖြစ်ပြီး၊ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ပဲရစ်အိုးပင်းတို့တွင် ဗိုလ်စွဲခဲ့ပြီးနောက် ယခုနှစ်အတွင်း ပြိုင်ပွဲလေးခုအား ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    “တင်းနစ်ကွင်းထဲမှာတော့ ကျွန်တော်တို့တစ်ယောက်တည်းကစားနေတာကို ခင်ဗျားတို့မြင်ရမှာပါ။ ဒါပေမယ့် တကယ့်အောင်မြင်မှုက ကျွန်တော်တို့နောက်ကွယ်မှာ ရှိတဲ့(အသင်းက) လူတွေဆီကလာတာပါ” ဟု ဂျိုကိုဗစ်က နည်းပြအဖွဲ့၏ အရေးပါမှုကို ပွဲအပြီးတွင်ပြောကြားသွားခဲ့သည်။
    Skysports
    _______________________
    တားမြစ်ဆေးပြဿနာကြောင့် စပိန်တင်းနစ်မယ်တစ်ဦး ၂ နှစ်ပွဲပယ်ပြစ်ဒဏ်ခံရ
    စပိန်အမျိုးသမီးတင်းနစ်မယ်တစ်ဦးဖြစ်သူ နူရီယာ လာဂိုစ်တီရာ ဗိုက်စ်မှာ တားမြစ်ဆေးဝါးပြဿနာကြောင့် တင်းနစ်ကစားခွင့် ၂ နှစ် ပိတ်ပင်ခံခဲ့ရသည်ဟု သိရသည်။
    အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် နူရီယာမှာ ပြီးခဲ့သည့် ဂျူလိုင်လက အမေရိကန်ပြည်ထောင်စု စတန်းဖို့ဒ်တွင် ကျင်းပပြုလုပ်ခဲ့သော Bank of the West Classic တင်းနစ်ပြိုင်ပွဲတွင် တားမြစ်ဆေးဝါးတစ်ခုဖြစ်သည့် d-methamphetamine သုံးစွဲကြောင်း တွေ့ရှိရ၍ ယခုကဲ့သို့ ကစားခွင့်ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။
    နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်မှ ထုတ်ပြန်သောအစီရင်ခံစာတွင် လွတ်လပ်သောကြားနာမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး၊ ထိုကြားနားမှုတွင် နူရီယာ အနေဖြင့် ၎င်း၏ ခန္ဓာကိုယ် ထဲသို့ d-methamphetamine ဆေးဝါး မည်ကဲ့သို့ ၀င်ရောက်ခဲ့သည်ကို ရှင်းမပြနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။
    Skysports
    _______________________
  • မွတ်စလင်မ်အမျိုးသမီး ညီလာခံ ရုရှားတွင်ပြုလုပ်
    မွတ်စလင်မ်အမျိုးသမီး ညီလာခံ ရုရှားတွင်ပြုလုပ်
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    conf_muslimat_saratov
    “The role of women in modern society” ဟု အမည်ရသည့် မွတ်စလင်မ် အမျိုးသမီးညီလာခံတစ်ခုကို ရုရှားနိုင်ငံ အနောက်ပိုင်း Saratov Oblast ပြည်နယ် Saratov မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
    ထိုညီလာခံအား Saratov မြို့အခြေစိုက် မွတ်စလင်မ် အမျိုးသမီးအဖွဲ့အစည်း Rodnik က ရုရှားမွဖ်သီကောင်စီနှင့် ရုရှားမွတ်စလင်မ်အမျိုးသမီး အစည်းအရုံးတို့၏ ကူညီမှုဖြင့် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
    ညီလာခံသို့ မော်စကို၊ တာတာစတန်၊ ဒါဂီစတန်၊ ဘရှ်ကော့တ်တိုစတန် စသည့် ပြည်နယ်များနှင့် ရုရှားနိုင်ငံတစ်ဝှမ်းမှ မွတ်စလင်မ်အမျိုးသမီး ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ ယခုလက်ရှိအခြေအနေများ၊ ကလေးငယ်များအား ပြုစုပျိုထောင်းခြင်း၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များအပါအ၀င်၊ အလှူဒါနပြုလုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြပြီး ၎င်းတို့ ကြုံတွေရသော အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြသည်။
    အစ္စလာမ်ဘာသာမှာ ရုရှားနိုင်ငံတွင် ခရစ်ယာန်ဘာသာပြီးနောက် ကိုးကွယ်ယုံကြည်မှုအများဆုံး အယူဝါဒတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ်နှင့်ပက်သက်သည့် ရှေးဟောင်းအမွေအနှစ်များစွာရှိနေကာ ရုရှား လူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
    Ref : Islam RU
  • လူမည်းမုန်းတီးသူ လူဖြူကြီးစိုးရေး ခေါင်းဆောင်တဦး DNA စစ်ကြည့်ရာ လူမည်းသွေး ၁၄% ပါရှိကြောင်းတွေ့ရှိရ
    နိုဝင်ဘာ- ၁၂ ၂၀၁၃
    M-Media
    လူဖြူ သီးသန့်မြို့ကို တည်ထောင်လိုသည့် လူမျိုးရေး ခွဲခြားသူ တစ်ဦးမှာ အာဖရိက နွယ်ဖွားဖြစ်ကြောင်း တွေ့ရှိရ
    cobb-1.si
    အမေရိကန်ပြည်ထောက်စု မြောက်ဒါကိုတာ ပြည်နယ်ရှိ မြို့ငယ်တစ်မြို့အား လူဖြူများနေထိုင်သည့် မြိုတစ်မြို့အဖြစ် ပြုလုပ်ချင်သည့် လူဖြူ လူမျိုးကြီးဝါဒီ ကာရေ့ဂ်ျကော့ဘ်၏ DNA အား ဓာတ်ခွဲကြည့်ရာ လူမည်းသွေးဖြစ်သည့် Sub-Saharan အာဖရိကသွေးပါသူတစ်ဦးဖြစ်ကြောင်း သိရသည်။
    အသက် ၆၂ နှစ်အရွယ်ရှိ ကော့ဘ်မှာ NBC ရုပ်သံမှ တင်ဆက်သည့် The Trisha Goddard Show အစီအစဉ်တွင် ပါဝင်လာခဲ့ပြီး ဓာတ်ခွဲစမ်းသပ်မှုများအရ ၎င်း၏ DNA ၁၄ ရာခိုင်နှုန်းမှာ Sub-Saharan အာဖရိကသွေးဖြစ်ပြီး ၈၆ ရာခိုင်နှုန်းမှာ ဥရောပသွေးဟု ပြသနေကြောင်း ၎င်းကိုယ်တိုင် ၀န်ခံခဲ့သည်။
    သို့ရာတွင် ကော့ဘ်က ထိုရလဒ်အား ငြင်းပယ်ခဲ့ကာ ကိန်းဂဏန်းအရ တွက်ချက်မှု တစ်ခုသာဖြစ်ပြီး ဆီနှင့် ရေမှာ ရောစပ်၍မရဟု ထည့်သွင်း ပြောကြားခဲ့သည်။ အစီစဉ်တင်ဆက်သူ Goddard က “ရှင့်မှာ လူမည်းသွေး နည်းနည်းပါတယ်လေ” ဟု ပြောကြားခဲ့သော်လည်း ကော့ဘ်က လက်မခံဘဲ နှစ်ကြိမ်တိုင်တိုင် ခုခံပြောဆိုခဲ့သည်။
    “ဒီရလဒ်ကိုကျွန်တော်လက်ခံပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သိပ္ပံစမ်းသပ်ချက်တစ်ခုဖြစ်တယ်လို့ ကျွန်တော်ယူဆလို့ပါ” ဟု ထိုအစီစဉ်ပြီးနောက် Daily Mail သတင်းစာသို့ ကော့ဘ်က ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း၏ယုံကြည်ချက်မှာ ပြောင်းလဲသွားလိမ့်မည် မဟုတ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    “ကျွန်တော့်မှာ လူမည်းသွေးပါပေမယ့်၊ ကျွန်တော်တို့ ဒါမျိုးကို နောက်ထပ်  အလိုမရှိတော့ပါဘူး”
    Ref: RT.News
  • သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) ရန်ကုန်တွင် ဖွင့်တော့မည်
    သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) ရန်ကုန်တွင် ဖွင့်တော့မည်
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    လမင်းဖြူ
    တရုတ်ပြည်ရှိ Day Care Center တစ်ခု၏ ၂၀၁၀-ခု ဇူလိုင်လက ဓါတ်ပုံဖြစ်ပါသည်။
    တရုတ်ပြည်ရှိ Day Care Center တစ်ခု၏ ၂၀၁၀-ခု ဇူလိုင်လက ဓါတ်ပုံဖြစ်ပါသည်။
    ရန်ကုန် ။        ။        သက်ကြီးရွယ်အိုများအား နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Center for the Aged)ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မကြာခင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
    မကြာခင်ဖွင့်လှစ်တော့မည့် အဆိုပါ Day Care Centre တွင် ကမ္ပည်းမော်ကွန်း၊ ဘုရားခန်း၊ အဘိုးအဘွားများ နားနေခန်း၊ ဆေးပေးခန်း၊ ဧည့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း၊ အပန်းဖြေနားနေခန်း၊ စာကြည့်ခန်း၊တစ်ကိုယ်ရေသန့်ရှင်းခန်း၊ ကွန်ပျူတာခန်း၊ သီချင်းဆိုခန်း၊ စားသောက်ခန်း၊ ဖွင့်ပွဲကျင်းပမည့်နေရာများနှင့် အစမ်းလေ့ကျင့်မှုများလည်း ပြင်ဆင်လုပ်ဆောင်နေပြီး  ရနက်ုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်တွင် တည်ရှိသည်ဟု သိရသည်။
    အဆိုပါ Day Care Centre ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ဒေါ်မြတ်မြတ်အုန်းခင်မှ နိုဝင်ဘာ ၉-ရက်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရပါသည်။
    သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာသည် တခြားသော နိုင်ငံများတွင် လုပ်ဆောင်သည်များကို လေ့လာ၍ မြန်မာနိုင်ငံတွင် ယခုအခါ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်သည့် တစ်ခုတည်းသော Day Care Center ဖြစ်ကြောင်းလည်း သိရပါသည်။