News @ M-Media

Blog

  • နိုဝင်ဘာ ၆၊ အားကစားသတင်းများ

    နိုဝင်ဘာ- ၆ ၂၀၁၃
    M-Media

    ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ဘယ်အသင်းမှ မန်စီးတီးအသင်းနှင့် ဆုံချင်မည် မဟုတ်ဟု ပယ်လီဂရီနီပြော

    Manuel-Pellegrini-2370964

    မန်စီးတီးအသင်းအား ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် မည်သည့်အသင်းကမှ တွေ့ချင်မည်မဟုတ်ဟု မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းမှာ ယနေ့နံနက်က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲတွင် စီအက်စ်ကေအေမော်စကို အသင်းအား ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ နောက်ထပ်ကစားရန် ၂ ပွဲကျန်နေသေးသော်လည်း နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ ထိုကဲ့သို့ တက်ရောက်နိုင်ခြင်းမှာ ကလပ်အသင်း၏ သမိုင်းတစ်လျှောက်တွင် ပထမဦးဆုံးအကြိမ်လည်းဖြစ်သည်။

    “ကလပ်အသင်း သမိုင်းမှာ ထူးခြားတဲ့အောင်မြင်မှုဖြစ်တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။ ကုန်ခဲ့တဲ့ ၂ နှစ်တာဟာ မလွယ်ကူခဲ့ဘူးဆိုတာ ခင်ဗျားတို့ တွေ့မြင်နိုင်ပါတယ်။ ပြီးတော့ ကစားဖို့ ၂ ပွဲကျန်သေးပေမယ့် ကျွန်တော်တို့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါပြီ၊ ကျွန်တော်တို့ရဲ့ အနည်းဆုံးပစ်မှတ်က ၁၆ သင်းအဆင့်ကို ကျော်လွှားဖို့ဖြစ်ပြီး ဒါဟာကျွန်တော်တို့ရဲ့ နောက်ဆုံး ပစ်မှတ်တော့မဟုတ်ပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    ထို့ပြင် စီအက်စ်ကေအေနှင့်ပွဲတွင် ဂိုးသွင်းယူပေးခဲ့သည် နီဂရီဒိုနှင့် အဂူရိုတို့ကိုလည်း ချီးကျူးခဲ့သည်။
    Ref:mirror

    ________________________

    မန်ယူအသင်းမှာ ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်လိ့မ်မည်ဟု ရွိုင်ယန်ဂစ် ယုံကြည်နေ


    မန်ယူအသင်းမှာ ရီးယဲလ်ဆိုဒီဒက်အသင်းအား အိမ်ကွင်းတွင် အနိုင်မယူနိုင်ခဲ့သော်လည်း အသင်းအနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင် လိမ့်မည်ဟု ယုံကြည်ကြောင်း မန်ယူအသင်း၏ ကစားသမား ရွိုင်ယန်ဂစ်ကပြောကြားခဲ့သည်။

    ဆိုဒီဒက်နှင့်ပွဲတွင် မန်ယူအသင်းမှာ ပင်နယ်တီရခဲ့သော်လည်း တိုက်စစ်မှူး ဗန်ပါစီကန်သွင်းမှုမှာ ဂိုးတိုင်ထိထွက်ခဲ့သောကြောင့် ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

    “ဒီညပွဲကို ကျွန်တော်တို့ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ အခွင့်ရေးကောင်းတွေ နှစ်ကြိမ် သုံးကြိမ်လောက်ကိုလည်း ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒီပွဲကို ကျွန်တော်တို့နိုင်ခဲ့သင့်ပါတယ်” ဟု ရွိုင်ယန်ဂစ်က ITV Sport အားကစားသတင်း ဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းအနေဖြင့် ရှက်တာဒိုးနက်၊ လေဗာကူဆင်တို့နှင့်ကစားရန် ၂ ပွဲကျန်ရှိနေသေးကြောင်း၊ ၎င်းတို့နှင့် ကစားခဲ့ဖူးသည့်အတွက် ထိုအသင်းများအကြောင်းကိုသိနေပြီး နောက်တစ်ဆင့်သို့တက်ရောက်လိမ့်မည်ဟု ယုံကြည်ကြောင်း ရွိုင်ယန်ဂစ်က ထပ်လောင်းပြောကြားခဲ့သည်။
    ________________________

    ရှော်လ်ကာနှင့်ပွဲတွင် တိုးတက်မှုများတွေ့မြင်ချင်သည်ဟု အသင်းအား မော်ရင်ဟိုတောင်းဆို


    နယူကာဆယ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲတွင် အသင်း၏ကစားပုံအား ဝေဖန်ပြစ်တင်ခဲ့ပြီး ယနေ့ညတွင် ကစားမည့် ရှော်လ်ကာအသင်းနှင့် ပွဲတွင် တိုးတက်မှုကို တွေ့မြင်ချင်သည်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက အသင်းအားတောင်းဆိုခဲ့သည်ဟုသိရသည်။

    စနေနေ့က ကစားခဲ့သော အဆိုပါပွဲတွင် ဂေါ့ဖ်ရန်နှင့် လိုအစ် ရီမီတို့၏ သွင်းဂိုးများဖြင့် ချယ်ဆီးအသင်းရှုံးနိမ့်ခဲ့ပြီး ခြောက်ပွဲဆက်တိုက် အနိုင်ရရှိသည့် စံချိန်ရပ်တန့်သွားခဲ့ကာ ထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့်လည်း အမှတ်ကွာဟခဲ့သည်။

    “အဲဒီပွဲ(နယူးကာဆယ်နှင့်ပွဲ) က ကစားခဲ့တဲ့ပုံစံကို ကျွန်တော်မကြိုက်ပါဘူး။ တစ်ခါတစ်ရံမှာ နိုင်ပွဲတွေများလာတဲ့အခါ ကစားသမားတွေဟာ ဘာ့ကြောင့် သူတို့နိုင်ခဲ့တယ်ဆိုတာ မေ့သွားကြပါတယ်” ဟု နယူးကာဆယ်အား ရှုံးနိမ့်မှုနှင့် ပတ်သက်ပြီး သတင်းထောက် များအားပြောကြားခဲ့သည်။

    ထို့ပြင် နယူးကာဆယ်နှင့်ပွဲတွင် ကျူးလွန်ခဲ့သည့် အမှားများအား ပြုပြင်ကာ ရှော်လ်ကာအသင်းအား ရင်ဆိုင်ရန်လိုအပ်နေပြီး ချန်ပီယံလိဂ် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရန် အသင်းအနေဖြင့် ကြိုးစားရမည်ဖြစ်ကြောင်း မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။

    ________________________

     

    ဂျိုကိုဗစ်နှင့် ရာဖေးလ်နာဒယ်တို့ အနိုင်ရရှိခဲ့သည့် ATP World Tour Finals ဒုတိယနေ့ပွဲစဉ်များ


    ယခုနှစ်ရာသီ ATP တင်းနစ်ပြိုင်ပွဲများ၏ ရာသီပိတ်ပွဲစဉ်ဖြစ်သည့် လန်ဒန်မြို့၌ ကျင်းပနေသော ATP World Tour Finals ဒုတိယနေ့ပွဲစဉ်များကို ယမန်နေ့က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ကမ္ဘာ့အဆင့် ၁ ရာဖေးနာဒယ်နှင့် ကမ္ဘာ့အဆင့် ၂ ဂျိုကိုဗစ်တို့ ပြိုင်ဘက်များအား အသီးသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။

    အုပ်စု A ပွဲစဉ်တစ်ခုဖြစ်သည့် စပိန်တစ်နစ်သမား နာဒယ်နှင့် ကမ္ဘာ့အဆင့် ၃ ဒေးဗစ်ဖာရာနှင့် ယှဉ်ပြိုင်ကစားခဲ့ကြသည့်ပွဲတွင် နာဒယ်က တစ်နိုင်ငံတည်းသား ဖာရာအား ၆-၃၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည်။ ဖာရာမှာ ပြီးခဲ့သည့်တစ်ပတ်က Paris Masters တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နာဒယ်အား အနိုင်ကစားနိုင်ခဲ့သော်လည်း ယခုပွဲတွင် အရှုံးပေးခဲ့ရသည်။ ယခုပွဲအနိုင်ရခဲ့သောကြောင့် နာဒယ်မှာ ဘာဒစ်ခ်ျအား သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ၀ါဝရင်ကာ၏အထက်တွင်ရှိနေပြီး အုပ်စုအား ဦးဆောင်နေသည်။

    အုပ်စု B ဒုတိယနေ့ပွဲစဉ်အဖြစ် ဆားဘီးယားတင်းနစ်သမား နိုဘက်ဂျိုကိုဗစ်နှင့် ကမ္ဘာ့အဆင့် ၇ ဆွစ်ဇလန် တင်းနစ် သမား ရော်ဂျာဖက်ဒါရာတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အကြိတ်အနယ်ရှိခဲ့သည်။ ၂ နာရီနှင့် ၂၂ မိနစ်ကြာမြင့် ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဂျိုကိုဗစ်မှာ ၆-၄၊ ၆-၇၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည်။ ဂျိုကိုဗစ်မှာလက်ရှိချန်ပီယံလည်းဖြစ်ပြီး နောက်ပွဲတွင် အာဂျင်တိုင်း တင်းနစ်သမား ဒဲလ်ပေါ်ထရိုနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

    Ref:skysports
    ________________________
     

  • မျိုးစောင့်ဥပဒေ နှင့် ပတ်သက်၍ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု သာသနာရေးဝန်ကြီးပြောကြား

    နိုဝင်ဘာ ၆၊ ၂၀၁၃
    M-Media

    myo sount
    ရန်ကုန် ။            ။        အမျိုးစောင့်ဥပဒေတွင်ပါရှိသည့် ကျင့်ဝတ်များသည် နိုင်ငံတကာတွင် အမျိုးဘာသာ၊ သာသနာအတွက် ကျင့်သုံးလျက်ရှိသော ကျင့်ဝတ်တစ်ခုခုနှင့် ငြိစွန်းနေပါက ကိုယ့်တာဝန်ကိုယ်ယူရမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂-ရက်တွင် ကျင်းပ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ပြောကြားလိုက်ကြောင်း သိရသည်။

    အမျိုးစောင့်ဥပဒေကြမ်းထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ပြည်တွင်းရှိ အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသော အဖွဲ့အစည်းများမှ အမျိုးစောင့်ဥပဒေအပေါ် ဝေဖန်ကန့်ကွက်မှုများရှိခဲ့ပါသည်။

    ၎င်း အမျိုးစောင့်ဥပဒေအား အင်းစိန်ရွာမ ဆရာတော်မှလည်း အပြည့်အ၀ တာဝန်ယူပြီး ဘာသာခြားများကို ထိခိုက်စေရန်မဟုတ်ပဲ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန်သာဖြစ်ကြောင်းလည်း ရွှေည၀ါဆရာတော်က မိန့်ကြားခဲ့ကြောင်းလည်း သိရပါသည်။

    အမျိုးဘာသာ၊ သာသနာအတွက် မိမိကိုယ်တိုင်သာ ထိန်းကျောင်းရန်လိုကြောင်း၊ မိမိအမျိုးဘာသာသနာကို ထိန်းကျောင်းခြင်းဖြင့် တဖက်သားကို ထိခိုက်သည်မျိုး မဖြစ်စေပဲ နေရာတိုင်းတွင် မိမိကျင့်ဝတ်နဲ့သာ ထိန်းသိမ်းခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု သံဃာတော်များ ရေးဆွဲလျက် ရှိသော မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ မြန်မာပို့စ်ဂျာနယ်၏ မေးမြန်းခြင်းကို ပြန်လည် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ဖြေကြားခဲ့သည်။

    ကိုးကား- ၆-၁၁-၂၀၁၃ ထုတ် မြန်မာပို့စ်ဂျာနယ်၊ အတွဲ ၅၊ အမှတ် ၄၄

    ဓါတ်ပုံအညွှန်း- မျိုးစောင့်ဥပဒေ လက်မှတ်ကောက်ခံပွဲ  ပြုလုပ်ခဲ့စဉ်က (Photo-Internet)

    Myanmar Post (Nov 6 2013)

  • မန်ယူ၊ ရီးယဲလ် သရေကျ၊ မန်စီတီးဂိုပြတ်နိုင်ပြီး ဘိုင်ယန် နောက်တဆင့်တက်တဲ့ ချန်ပီယံလိဂ် ပွဲစဉ် သုံးသပ်ချက်

    မန်ယူ၊ ရီးယဲလ် သရေကျ၊ မန်စီတီးဂိုပြတ်နိုင်ပြီး ဘိုင်ယန် နောက်တဆင့်တက်တဲ့ ချန်ပီယံလိဂ် ပွဲစဉ် သုံးသပ်ချက်

    နိုဝင်ဘာ-၆ ၂၀၁၃
    M-Media

    ဥရောပချန်ပီယံလိဂ် ပထမ အုပ်စုလေးခု၏ အုပ်စု စတုတ္ထပွဲစဉ်များကို ယနေ့နံနက်ပိုင်းက ကစားခဲ့ရာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှာ အဝေးကွင်းတွင်အနိုင်ကစားခဲ့ပြီး နောက်တစ်ဆင့်သို့တက်ရောက်ရန် သေချာသွားခဲ့ပြီဖြစ်သည်။ မန်စီးတီးအသင်းမှာလည်း အိမ်ကွင်းတွင် ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ပြီး၊ ဂျူဗင်တပ်စ်အသင်းမှာ အိမ်ကွင်းတွင် ရီးယဲလ်အားသရေကျခဲ့ပြီး ရမှတ်သုံးမှတ်သာရရှိထားကာ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက်မှာ မှေးမှိန်လာပြီဖြစ်သည်။ မိုယက်စ်၏ မန်ယူအသင်းမှာလည်း အနိုင်ရရှိရန် အခွင့်အရေးရခဲ့သော်လည်း ဗန်ပါစီ၏ ပင်နယ်တီလွဲချော်မှုကြောင့် အဝေးကွင်းတွင် ၁ ရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

    အုပ်စု A

    ရီးယဲလ် ဆိုစီဒက် ၀-၀ မန်ချက်စတာယူနိုက်တက်

    စပိန်တွင်ကစားခဲ့သည့် ယခုပွဲတွင် မန်ယူအသင်းမှ အနိုင်ရရှိရန်အခွင့်အရေးရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် သရေတစ်မှတ်သာ ရရှိခဲ့သည်။

    မန်ယူအသင်းမှာ အသင်း၏ တိုက်စစ်တွင် ဗန်ပါစီအား ချန်လှပ်ထားခဲ့ပြီး ၀ိန်းရူနီနှင့် ဟာနန်ဒက်ဇ်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲတစ်ပွဲလုံးအားမန်ယူသင်းက ခြေအသာဖြင့်ကစားနိုင်င်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်းရရှိခဲ့သည်။ သို့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းတွင် ၆၃ မိနစ်တွင် ရူနီအစား ဗန်ပါစီနှင့် ဟာနန်ဒက်ဇ်အစား အက်ရှ်လေယန်းတို့လူစားဝင်လာခဲ့သည်။ ၆၉ မိနစ်တွင် မန်ယူတို့ပင်နယ်တီရခဲ့ပြီး ဗန်ပါစီကန်သွင်းခဲ့သော်လည်း ဂိုးတိုင်ထိထွက်ခဲ့သောကြောင့် မန်ယူအသင်းအတွက် နစ်နာခဲ့ရသည်။

    ပွဲပြီးကာနီး ၈၉ မိနစ်တွင် မန်ယူကွင်းလယ်လူ ဖယ်လိုင်နီမှာ တိုက်ရိုက်အနီကဒ်ဖြင့်ထွက်ခဲ့ရပြီး ဂိုးမရှိသရေဖြင့် ပွဲစဉ်ပြီးဆုံးခဲ့သည်။ မန်ယူအသင်းမှာ ယခုပွဲသရေကျသွားခြင်းကြောင့် ရမှတ် ၈ မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ဦးဆောင်နေသော်လည်း နောက်တစ်ဆင့်တက်ရေးအတွက် ဆက်လက်ရုန်းကန်ရဖွယ်ရှိနေသည်။

    ရှက်တာဒိုးနက် ၀-၀ လေဗာကူဆင်

    ယခုပွဲတွင် အိမ်ရှင်ရှက်တာဒိုးနက်အသင်းမှာ ပထမပိုင်းတစ်ပိုင်းလုံးတွင် လေဗာကူဆင်အသင်းအား တရစပ်တိုက်စစ်ဆင်ခဲ့သော်လည်း လေဗာကူဆင်ဂိုးသမား ဘားနဒ်လီနို အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့သည်။

    ဒုတိယပိုင်းတွင် လေဗာကူဆင်အသင်းမှာ ပွဲကိုပြန်လည်းထိန်းကစားနိုင်ခဲ့ပြီး အဝေးကွင်းတွင် အဖိုးတန် သရေတစ်မှတ်ကို ရယူနိုင်ခဲ့သည်။
    ……………………………..

    juvintet
    အုပ်စု B

    ဂျူဗင်တပ်စ် ၂-၂ ရီးယဲလ်မက်ဒရစ်

    တူရင်တွင်ကစားခဲ့သည့် ယခုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး လော်ရန်တေး၏ ချေပဂိုးကြောင့် အိမ်ရှင်တို့ သရေတစ်မှတ်ရခဲ့ခြင်းဖြစ်သည်။

    ရီးယဲလ်မှာ တိုက်စစ်တွင် ရော်နယ်ဒို၊ ဘန်ဇီမာနှင့် ဂါရက်ဘေးလ်တို့သုံးဦးကို တွဲကစားစေခဲ့သည်။ ပထပိုင်းအစတွင် နှစ်သင်းစလုံးအပြန်လှန်ထိုးဖောက်နိုင်ခဲ့ကြပြီး အဖွင်ဂိုးကို ၄၂ မိနစ်တွင် အိမ်ရှင်ဂျူဗင်တပ်စ်အသင်းမှ ရရှိခဲ့သည်။ ရီးယဲလ်နောက်တန်းကစားသမား ဗာရိန်းက ပေါ့ဂ်ဘာကို ဆွဲလှဲခဲ့ခြင်းကြောင်း အိမ်ရှင်တို့ပင်နယ်တီရရှိခဲ့ပြီး ဗီဒယ်က အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့သည်။

    ဒုတိယပိုင်းတွင် ဦးဆောင်ဂိုးပေးလိုက်ရသည့် ရီးယဲလ်အသင်းမှာ တောက်လျှောက်ဖိကစားခဲ့ပြီး ၅၂ မိနစ်တွင် ချေပဂိုးရရှိခဲ့သည်။ ဘန်ဇီမာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ရော်နယ်ဒိုက သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် မိနစ် ၆၀ တွင် ရီးယဲလ်တို့ ဒုတိယဂိုးရရှိခဲ့ပြီး ပီပီ၊ မာဆယ်လိုနှင့် ရော်နယ်ဒိုတို့၏ တွဲလုံးမှတစ်ဆင့် ဂါရက်ဘေးလ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၆၅ မိနစ်တွင် အိမ်ရှင်တို့ချေပဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး လော်ရန်တေးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မည်သူမျှ ထပ်မံ၍ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ၂ ဂိုးစီသရေဖြင့် ပွဲပြီးခဲ့သည်။ ရီးယဲလ်မှာ ယခုပွဲအနိုင်ကြောင့် ၄ ပွဲကစားပြီး ၁၀ မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင်ဦးဆောင်နေပြီး နောက်တစ်ဆင့်တက်ရောက်ရန် သေချာခဲ့ပြီဖြစ်ပြီး၊ ဂျူဗင်တပ်စ်အသင်းမှာ ၄ ပွဲကစားသုံးမှတ်ဖြင့် နောက်တစ်ဆင့်တက်ရေးအတွက် လက်ကျန် ၂ ပွဲအား အနိုင်ကစားရတော့မည်ဖြစ်သည်။

    ကိုပင်ဟေဂင် ၁-၀ ဂါလာတာစာရေး

    ဒိန်းမတ်တွင်ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်ကိုပင်ဟေဂင်အသင်းမှာ ပထမပိုင်း ၆ မိနစ်တွင် သွင်းယူခဲ့သောတစ်လုံးတည်းသော ဂိုးဖြင့် မန်စီးတီးနည်းပြဟောင်း မန်စီနီကိုင်တွယ်သည့် ဂါလာတာစာရေးအသင်းအား အနိုင်ယူနိုင်ခဲ့သည်။ ထိုဂိုးအား နော်ဝေကစားသမား ဒန်နီယဲလ် ဘရာတန်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဂါလာတာစာရေးမှာ ပွဲချိန်ပြည့်တောက်လျှောက်ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များ အကြိမ်ကြိမ်ရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သောကြောင့် အဝေးကွင်းမှ အမှတ်ဗလာဖြင့် ပြန်ခဲ့ရသည်။
    ………………………………………
    မန်စီးတီးဂိုးပြတ်ဖြင့်အောင်ပွဲခံ၊ ဘိုင်ယန်နောက်တစ်ဆင့်တက်ရန် သေချာသွားခဲ့တဲ့ ဥရောပချန်ပီယံလိဂ် အုပ်စုအဆင့် ဗုဒ္ဓဟူးနေ့နံနက် ပွဲစဉ်များ  သုံးသပ်ချက် (၂)

    အုပ်စု C

    ပီအက်စ်ဂျီ ၁-၁ အန်ဒါလက်ခ်ျ

    ပြီးခဲ့သည့်သုံးပွဲစလုံးတွင် ရာနှုန်းပြည့်အနိုင်ရရှိခဲ့သည့် ပီအက်စ်ဂျီအသင်းမှာ ယခုပွဲတွင် အိမ်ကွင်း၌ တူရကီကလပ် အန်ဒါလက်ခ်ျအသင်းအား ၁ ဂိုးစိ သရေကျခဲ့သည်။

    ပထမပိုင်းတွင် အိမ်ရှင်အသင်းမှာ အန်ဒါလက်ချက်အသင်း၏ ဖိအားပေးမှုအောက်တွင်ရှိနေခဲ့ပြီး ဂိုးသွင်းခွင့်တစ်ကြိမ်သာရရှိခဲ့သည်။ ဒုတိယပိုင်းအစတွင် ပီအက်စ်ဂျီတို့ တရစပ်တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း အန်ဒါလက်ခ်ျအသင်းကသာ ဦးဆောင်ဂိုးရရှိခဲ့သည်။ ထိုဂိုးအား ၆၈ မိနစ်တွင် ဇီအူးက အနီးကပ် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ချက်ချင်းဆိုသလိုပင် မိနစ် ၇၀ တွင် အိမ်ရှင်တို့ ချေပဂိုးရရှိခဲ့ပြီး အီဗရာဟီမိုဗစ်ခ်ျက သွင်းယူပေးခဲ့သည်။ ၈၂ မိနစ်တွင် အန်ဒါလက်ခ်ျကစားသမား ကာလ်ဂျက်စတန် အထုတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် အီအက်စ်ဂျီအသင်းက တောက်လျှောက်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်များရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သောကြောင့် အိမ်ကွင်းတွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

    အိုလံပီယာကော့စ် ၁-၀ ဘင်ဖီကာ

    ဂရိတွင်ကစားခဲ့သည့် ယခုပွဲတွင် ဧည့်သည့်ဘင်ဖီကာအသင်းက ခြေစွမ်းပြခဲ့ပြီး ပွဲတစ်ပွဲလုံးအား စိုးမိုးထားနိုင်ခဲ့သော်လည်း ပွဲအစ ၁၃ မိနစ်တွင် မာနိုလက်စ်၏ ခေါင်းတိုက်ဂိုးကြောင့် အိုလံပီယာကော့စ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    …………………………………..

    Aguero_3031100
    အုပ်စု D

    မန်စီးတီး ၅-၂ စီအက်စ်ကေအေမော်စကို

    အီတီဟတ်တွင်ကစားခဲ့သည့် ယခုပွဲတွင် မန်စီးတီးအသင်းမှာ နီဂရီဒို၏ ဟက်ထရစ်သွင်းဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။

    ပွဲအစ ၃ မိနစ်တွင်ပင် မန်စီးတီးတို့ ပင်နယ်တီရရှိခဲ့ပြီး အဂူရိုက သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးရပြီးနောက် မန်းစီးတီးကပင် ဖိကစားခဲ့ပြီး မိနစ် ၂၀ တွင် အဂူရိုကလည်းကောင်၊ မိနစ် ၃၀ တွင် နီဂရီဒိုကလည်းကောင်း ဒုတိယနှင့် တတိယဂိုးများကိုသွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးကာနီးတွင် ဒမ်ဘီယာက ဧည့်သည်အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည်။

    ဒုတိယပိုင်း မိနစ် ၅၀ နှင့် ဒုတိယပိုင်းပြီးကာနီးနာကျင်အချိန်ပိုတို့တွင် နီဂရီဒိုက မန်စီးတီးအသင်းအတွက် စတုတ္ထနှင့် ပဉ္စမမြောက်ဂိုးတို့အားသွင်းယူပေးခဲ့သည်။ ဧည့်သည်အသင်းအတွက် ဒုတိယမြောက်ချေပဂိုးအား ပင်နယ်တီမှတစ်ဆင့် ၇၁ မိနစ်တွင် ဒမ်ဘီယာကပင် သွင်းယူပေးခဲ့သည်။

    ပါဇန် ၀-၁ ဘိုင်ယန်

    လက်ရှိချန်ပီယံ ဘိုင်ယန်မြူနစ်အသင်းမှာ အဝေးကွင်းတွင် အသင်းငယ်ပါဇန်အား အနိုင်ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ရာနှုန်းပြည့်နိုင်ပွဲကို ဆက်လက်ရယူနိုင်ခဲ့သည်။ ဘိုင်ယန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၆၅ မိနစ်တွင် မန်ဇူကစ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်အသင်းမှာ ယခုပွဲအနိုင်ကြောင့် နောက်တစ်ဆင့်သို့တက်ရောက်သွားခဲ့ပြီဖြစ်သည်။

  • စောင့်ကြည့်ဂျာနယ် သတင်းအမှားဖော်ပြမှု့ တာဝန်ယူဖြေရှင်းပေးရန် တာမွေ NLD ယနေ့ သတင်းစာရှင်းလင်းပွဲလုပ်မည်။

    နိုဝင်ဘာ ၆၊ ၂၀၁၃
    M-Media
    KK

    Tar mwe NLD 1

    ရန်ကုန် ။        ။         ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်းတွင် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော မတော်တဆ ကားချင်းပွတ်တိုက်မိပြီး စကားများမှုအား စောင့်ကြည့်သတင်းဂျာနယ်မှ ဖော်ပြခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တာမွေမြို့နယ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အရေးအသားများနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ အောက်တိုဘာ ၅-ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် အတွဲ(၈) အမှတ်စဉ် (၂၂)တွင် ဖော်ပြထားသော ‘ကားချင်းပွတ်တိုက်မိရာမှ လူမျိုးခြားများက အုပ်စုဖွဲ့ ရိုက်နှက်မှုဖြစ်ပွား’ဆိုသည့် သတင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ရေးသားချက်များ ပါရှိနေသောကြောင့် ၎င်းသတင်းနှင့်ပတ်သက်၍ သတင်းရေးသားသူ၊ သတင်းနှင့်ပတ်သက်၍ တာဝန်ရှိသူမှ တာဝန်ယူ ဖြေရှင်းပေးရန် စောင့်ကြည်သတင်းဂျာနယ်၊ အယ်ဒီတာချုပ်သို့ ၂၀၁၃-ခု နိုဝင်ဘာ ၄-ရက် နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပေးပို့လိုက်ကြောင်း သိရသည်။

    အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ နိုဝင်ဘာ ၆-ရက် နံနက် ၁၀း၀၀-နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

    Photo-Demo Zin FB

    tar mwe NLD

  • နိုဝင်ဘာ ၅၊ ပြည်တွင်းနှင့် နိုင်တကာသတင်း စုစည်းမှု

    နိုဝင်ဘာ ၅ ၂၀၁၃
    M-Media
ုမြန်မာနိုင်ငံ၏ လက်ရှိပညာရေးနည်းစနစ်များ ပြုပြင်ပြောင်းလဲရန် ဆွေးနွေး

    မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် အခြေခံပညာရေးနည်းစနစ်များ၊ အဆင့်မြင့်ပညာရေးနည်းစနစ်များအား ပြုပြင်ပြောင်းလဲမှုလုပ်ရန်၊ ပညာရေးကဏ္ဍတွင် အစိုးရ ပါဝင်မှုမရှိစေရန် ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)မှတင်သော မူဝါဒနှင့် ပညာရေးဝန်ကြီးဌာန ပညာရေးမြှင့်တင်ရေး ကော်မတီက ရေးဆွဲသော ဥပဒေမှာ ကွဲပြားမှုရှိနေသည့်အတွက် နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု NNER မှ ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ပြောကြားကြောင်း မြန်မာ့ခေတ်သတင်းမှာ ဖော်ပြထားပါတယ်။

    _______________________

    လယ်တီသိမ်တော် ပျက်စီးမှု ရှိမရှိ ကြည့်ခွင့်မရသဖြင့် လက်ပံတောင်း သပိတ်စခန်း ပြန်ဖွင့်

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မိုင်းခွဲမှုကြောင့် လယ်တီဆရာတော်၏ သိမ်ကျောင်း အက်ကွဲမှုဖြစ်ပေါ်ခဲ့သည်ဟု ကြားသိရသော်လည်း ဒေသခံများ သွားရောက် ကြည့်ရှုခွင့် မရသဖြင့် သပိတ်စခန်းဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ယခု လယ်တီဆရာတော် သိမ်ကျောင်း ပျက်စီးသွားခြင်း ရှိ မရှိ ကြည့်ခွင့်မရတဲ့အတွက် ထိုင်သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေရာမှ စီးပွားရေးကြောင့် လယ်တီဆရာတော် သိမ်ကျောင်း ပျက်စီးတာ မဖြစ်စေချင်ဘူးဟူ၍ ဆရာတော် ဦးဝိမလက ဧရာဝတီသို့ မိန့်ကြားခဲ့ကြောင်း သိရပါတယ်။
    ______________________

    အင်္ဂါဂြိုဟ်ပေါ်သို့ ယာဉ်ငယ်တစ်ခု အိန္ဒိယ အောင်မြင်စွာ စေလွှတ်နိုင်ခဲ့

    အိန္ဒိယနိုင်ငံက အင်္ဂါဂြိုဟ်ပေါ်သို့ စူးစမ်းလေ့လာရေး ယာဉ်ငယ်တစ်ခုအား ယမန်နေ့က အောင်မြင်စွာစေလွှတ်နိုင်ခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့ လွှတ်တင်နိုင်ခဲ့မှုမှာ အိန္ဒိယနိုင်ငံအတွက် သမိုင်းသစ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်၊ ရုရှားနှင့် ဥရောပတို့ လွှတ်တင်ပြီး တတိယမြောက် လွှတ်တင်နိုင်သည့် နိုင်ငံလည်းဖြစ်လာခဲ့သည်။

    ယမန်နေ့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၃၈ မိနစ်က နိုင်ငံတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ်ရှိ စရီဟာရီကိုတာ အာကသစခန်းမှ အိန္ဒိယလုပ်ဒုံးကျည်ဖြင့် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မန်ဂဲလ် ယာအန်ဟု အမည်ရသည့် အဆိုပါယာဉ်ငယ်အတွက် အမေရိကန် ဒေါ်လာ ၇၃ သန်း ကုန်ကျခဲ့သည်။

    အဆိုပါ ယာဉ်ငယ်လွှတ်တင်ခြင်းအား နိုင်ငံအတွင်းရှိ ရုပ်သံဌာနများမှ ထုတ်လွှင့်ပြသခဲ့သည်။ ထိုယာဉ်ငယ်လွှတ်တင်ရခြင်း၏ ရည်ရွယ်ချက်မှာ အင်္ဂါဂြိုဟ်မျက်နှာပြင်၊ လေထုနှင့် ဓာတ်သတ္ထုဗေဒဆိုင်ရာ အချက်အလက်များကို ရှာဖွေလေ့လာရန်ဖြစ်ပြီး၊ အင်္ဂါဂြိုဟ်သို့သွားမည့် ခရီးမှာ ရက်ပေါင်း ၃၀၀ ကြာမြင့်မည်ဖြစ်ကာ ၂၀၁၄ခုနှစ် စက်တင်ဘာလတွင် ရောက်ရှိမည်ဟုခန့်မှန်းထားကြောင်း နိုင်ငံပိုင်သတင်းဌာန ISRO က ဖော်ပြခဲ့သည်။

    Ref:Reuters India

    1453268_10151964511300630_1573688002_n

    ————————————————-

    မူးယစ်ဆေးဝါးဂိုဏ်များအချင်းချင်းတိုက်ခိုက်မှုကြောင့် မက္ကဆီကိုတွင် လူ ၁၃ ဦးသေဆုံး

    မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် မူယစ်ဆေးဝါးနှင့်ပက်သက်သည့် တိုက်ခိုက်မှုများ တနင်္ဂနွေကဖြစ်ပွားခဲ့ပြီး၊ ထိုတိုက်ခိုက်မှုများကြောင့် လူ ၁၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့မြောက်ပိုင်းရှိ မာတမိုရိုဒေသတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်အုပ်စုများနှင့် မက္ကဆီကိုစစ်တပ်တို့ထိပ်တိုက်တွေ့ခဲ့ကြသည့် တိုက်ခိုက်မှုတွင် အမျိုးသား ၈ ဦးသေဆုံးခဲ့ပြီး၊ အစောပိုင်းကဖြစ်ပွားခဲ့သော အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။ သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဟု အစိုးရက ပြောကြားခဲ့သည်။

    မက္ကဆီကိုနိုင်ငံတွင် မူယစ်ဆေးဝါးဂိုဏ်းများအလွန်များပြားပြီး၊ ၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် တစ်လတွင် လူ ၁၀၀၀ ခန့်အသက်ဆုံးရှုံးနေရသည်။ မက္ကဆီကိုစစ်တပ်မှလည်း တိုင်းပြည်တစ်ဝှမ်းတွင် ထိုမူးယစ်ဆေးဝါးဂိုဏ်းများအား နှိမ်နင်းလျက်ရှိသည်။

    Ref: ဆင်ဟွာ

    ————————————————–

    နယူးဂျာဆီရှိ ရှော့ပင်းမောတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

    အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်ရှိ ရှော့ပင်းမောတစ်ခုတွင် ယမန်နေ့ကပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ နာရီပိုင်းအကြားတွင် ပစ်ခတ်သူအား သေဆုံးလျက်တွေ့ရှိရသည်ဟု သိရသည်။

    နယူးဂျာဆီပြည်နယ် မက်ဟက်တန်မြို့ရှိ အနောက်တောင်ဘက် ၃၅ ကီလိုမီတာရှိ Garden State Plaza ၌ ယမန်နေ့ည ပိတ်ကာနီးအချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ၀တ်စုံအနက်ရောင်နှင့် အနက်ရောက် ဆိုင်ကယ်ဦးထုတ်ဝတ်ဆင်ထားသည့် လူတစ်ဦးမှာ သေနတ်ငါးချက် ပစ်ဖောက်ခဲ့သည်ဟု မျက်မြင်သက်သေများက ထွက်ဆိုခဲ့ကြသည်။

    ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် လုံးခြုံရေးများ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာခဲ့ကြပြီး သံသယရှိသူအားရှာဖွေခဲ့ပြီးနောက် ရစ်ချတ် ရှူပ်အမည်ရှိ အသက် ၂၀ အရွယ်သေနတ်သမားအား ပလာဇာ၏ အနောက်ဘက်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ ထိုသေနတ်ဒဏ်ရာမှာ မိမိကိုယ်မိမိ ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး၊ အခင်းဖြစ်ပွားခဲ့သည့် အကြောင်းအရင်းကို စုံစမ်းနေကြောင်၊ ထိုပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

    Ref:aljazeera

    ——————————————————-

    သြစတေးလျ၏ သူလျှိုလုပ်ငန်းအတွက် အင်ဒိုနီးရှား ဖြေရှင်းချက်တောင်း

    အမေရိကန်ဦးဆောင်သည့် သူလျှိုလုပ်ငန်းများ၏ အစိတ်ပိုင်းတစ်ခုအဖြစ် သြစတေးလျနိုင်ငံက ဂျကာတာတွင် လျှို့ဝှက်ထောက်လှမ်းမှုများပြုလုပ်ခဲ့သည် ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သြစေတေးလျသံအမတ်အား အင်ဒိုနီးရှားနိုင်ငံမှ ဆင့်ခေါ်၍ ထိုကိစ္စအတွက် ဖြေရှင်းချက်တောင်းခံခဲ့သည်ဟု သိရသည်။

    အင်ဒိုနီးရှားနိုင်ငံမှာ အစောပိုင်းက အဆိုပါကိစ္စဖြင့်ပင် အမေရိကန်သံအမတ်အား ခေါ်ယူတွေ့ဆုံခဲ့ပြီး၊ သြစတေးလျနေ့စဉ်သတင်းစာတစ်စောင်ဖြစ်သည့် Sydney Morning Herald က အာရှတိုက်တစ်ဝှမ်းရှိ သြစတေးလျသံရုံးများမှာ အမေရိကန်သူလျှိုလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးသည်ဟု ဖော်ပြခဲ့ပြီးနောက် တရုတ်နိုင်ငံကလည်း အမေရိကန်ထံမှ ဖြေရှင်းချက်တောင်းဆိုခဲ့သည်။

    ထိုသတင်းအား အမေရိကန် အမျိုးသားထောက်လှမ်းရေးအေဂျင်စီမှ ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုင်းဒင်၏ ဖွင့်ချမှုကို ကိုးကား၍ ရေးသားထားခြင်းဖြစ်သည်ဟု Herald သတင်းစာကရေးသားဖော်ပြခဲ့ပြီး၊ ထိုသတင်းက သြစေတးလျ၏ မဟာဗျူဟာမြောက်သည့် အနီးဆုံးမဟာမိတ် နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် ဆက်ဆံရေးကို ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

    Ref:aljazeera

    ————————————————————-

    အစ္စရေး၏ တရားမ၀င်အိမ်ရာများ တိုးချဲ့ဆောက်လုပ်ခြင်းက ငြိမ်းချမ်းရေးဆွေးနွေပွဲကို ပျက်ပြားစေနိုင်သည်ဟု အဘတ်စ်ဆို

    အစ္စရေးက ပါလက်စတိုင်းနယ်မြေအတွင်း တရားမ၀င်အိမ်ရာများအား တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ခြင်းက နှစ်နိုင်ငံငြိမ်းချမ်းရေးဆွေးနွေးပွဲအား ပျက်ပြားစေနိုင်သည်ဟု ပါလက်စတိုင်းဝန်ကြီးချုပ် မဟ်မူဒ်အဘတ်စ်က ပြောကြားခဲ့သည်။

    အစ္စရေးကမတရားသိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် တရားမ၀င်အိမ်ရာများ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ခြင်းက ပြဿနာကိုဖြစ်စေနိုင်သည်ဟု အဘတ်စ်က ယမန်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    အစ္စရေးမှာ အရှေ့ဂျေရုစလင်အတွင်း လူနေအိမ်ရာအသစ် ၅၀၀၀ ကိုဆောက်လုပ်ရန်ရှိနေပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ပါလက်စတိုင်းအားဏာပိုင်များအနေဖြင့် မည်မျှပင်ကန့်ကွက်ကြောင်း ပြောကြားနေသော်လည်း အိမ်ရာအသစ်ဆောက်လုပ်ရေးလုပ်ငန်းအား ရပ်တန့်သွားမည်မဟုတ်ဟု ပြန်လည်ပြောကြားခဲ့သည်။

    ၁၉၆၇ ခုနှစ်စစ်ပွဲပြီးကတည်းက ပါလက်စတိုင်းပိုင်း အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်အား အစ္စရေးမှ မတရားသိမ်းပိုက်ထားခဲ့ပြီး ထိုအချိန်မှစ၍ ယခုအချိန်အထိ အိမ်ရာ ၁၂၀၀ ကျော်ဆောက်လုပ်ခဲ့ကာ အစ္စရေးနိုင်ငံသား သန်းဝက်ခန့်နေထိုင်နေကြသည်။