News @ M-Media
Blog
  • မြန်မာ မွတ်စလင်မ် များအား နာဇီ လုပ်ထုံးများ ဖြင့် စနစ်တကျ ညှဉ်းပမ်းနေသည်
    Robert Ehose ရေးသားသည်။
    ၂၀၁၃ ခု၊ စက်တင်ဘာလ ၂၀ ရက်၊
    555837_159295037602770_2092291726_n
    ဂျာမနီပြည် တွင် အဒေါ့ဖ် ဟစ်တလာ စတင် အာဏာ ရရှိလာသည့် ၁၉၃၃ ခုနှစ်မှ ဒုတိယ ကမ္ဘာစစ်မီးကြီး အဆုံးသတ်သွားခဲ့သည့် ၁၉၄၅ ခုနှစ် အကြားတွင် နာဇီဂျာမန် များ က ၎င်းတို့ နှင့် လူမျိုးမတူသူ (အထူးသဖြင့် ဂျူးလူမျိုးများ) အပေါ် အနိုင်ကျင့် နှိပ် ကွပ် ရန် အတွက် မတရားသဖြင့် ဥပဒေ များကို သုံးချီသုံးလား အကြိမ်ကြိမ် ခွဲပြီး ဥပဒေ ပြု၊ ပြဋ္ဌာန်း ခဲ့ကြသည်။
    ကျွန်တော်များ အမိမြန်မာနိုင်ငံ တွင် လက်ရှိဖြစ်ပေါ်လျက် ရှိသည့် မွတ်စလင်မ် များ အား လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး နလံမထူနိုင်အောင် နိုင်ငံရေး အရ မတရား နှိပ်ကွပ် နေမှု များသည့် အထက်ပါ နာဇီဂျာမနီ မှ ဖြစ်ရပ်များ နှင့် ထပ်တူနီးပါး ဆင်တူ နေသည် ကို တွေ့ရှိရပါသည်။ သို့ပါသောကြောင့် အများ မျက်လုံး ပွင့်ကြစေရန် ရည်သန် ပြီး ဖော်ပြ အပ်ပါသည်။
    နာဇီတို့၏ ပထမအကြိမ် ဥပဒေ ပြုမှု (၁၉၃၃ ခုနှစ်၊ မတ်-ဧပြီ)
    Photo- ဦးဦးမှော်ဆရာ Link
    ယင်း ဥပဒေ ကို အင်္ဂလိပ် ဘာသာ အားဖြင့် Law for Restoration of Professional Civil Service ဟု ခေါ်တွင်ခဲ့ပြီး အဓိက အားဖြင့် ကျွမ်းကျင် အစိုးရ အမှုထမ်း၊ အရာထမ်း များခန့်အပ်ရာတွင် ဂျူးလူမျိုးများ အား မခန့်အပ်ရ။ ပထုတ် ထားရမည် ဟူသည့် အချက် ကို အခြေခံ ရေးဆွဲထားသည်။
    ထိုဥပဒေ အရ လူဖြူ အာရီယန် နွယ်ဝင် မဟုတ်သူများ (ဂျူးလူမျိုးများ၊ ဂျစ်ပဆီ လူမျိုးများ စသည် ..) အား အစိုးရ ရာထူးများ မှ ဖြုတ်ပစ်ရန် ဥပဒေ ပြုခဲ့သည်။ ဂျူး များ အနေဖြင့် အခြားသော အလုပ်အကိုင် များ မလုပ်ကိုင်နိုင် စေရန်၊ ဂျူးများ အပါအ၀င် အာရီယန် နွယ်ဝင် မဟုတ်သူများအား အစိုးရ ကျောင်းများတွင် တက်ရောက် ပညာ သင်ကြားနိုင်ခွင့် မရှိစေရန် ပိတ်ပင် တားဆီးရေး စသည် တို့အား အထက်ပါ ဥပဒေ အရ တရားဝင် ပြုပေးခဲ့သည်။
    အလုပ်အကိုင် ခန့်ထားရေး အတွက် စစ်ဆေးသည့် နောက်ဆုံးအဆင့် စာမေးပွဲ များ တွင် အဆိုပါ ခွဲခြားခံ ရသူများ ၀င်ရောက် မဖြေဆိုနိုင် စေရေး တားမြစ်ထားသည်။
    မြန်မာ နိုင်ငံတွင် အထက်ပါ ကဲ့သို့ ဥပဒေမျိုးအား လူသိရှင်ကြား မထုတ်ပြန်ထား စေကာမူ အတွင်းစည်း မှ ပုဂ္ဂိုလ်များသာ သိနိုင်ပြီး၊ အပြင် သို့ မပေါက်ကြားစေရန် ထိပ်တန်း လျှို့ဝှက် အဆင့် ထိန်းသိမ်း နေကြသည့် ” လျှို့ဝှက် အက်ဥပဒေ ” အဖြစ်မူ ရှိနေသည် မှာ ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။
    နာဇီ တို့၏ ဒုတိယအကြိမ် ဥပဒေ ပြုမှု ( ၁၉၃၅ ခုနှစ်၊ စက်တင်ဘာလ )
    နျူရင်ဘာ့ဂ် ဥပဒေ
    ၎င်း ဥပဒေ အား နျှူရင်ဘာ့ဂ် ဥပဒေ (သို့မဟုတ်) Law for the Protection of German ဟု ခေါ်တွင်ခဲ့ပြီး အဓိက အားဖြင့် ဂျာမန်လူမျိုး များအား ကာကွယ် ရန် ဟူသည့် အကြောင်းပြချက် ဖြင့်၊ ယခု လူဝင်မှု ၀န်ကြီး ဦးခင်ရီ ပြော ကြားနေ သကဲ့သို့ သွေး ဖြင့် သာ နိုင်ငံသားဖြစ်မှု ကို သတ်မှတ်ပြီး ဂျာမန် လူမျိုးများ အားသာ ဂုဏ်မြှောက်ထား သည့် ဥပဒေ ဖြစ်သည်။ Ref: Link
    ယင်း ဥပဒေအရ ဂျူးများ ကို ဂျာမနီ နိုင်ငံသားအဖြစ် မှ ရပ်စဲ လိုက်ပြီး ထိုအချိန်မှ စကာ မဲပေးခွင့် မရရှိတော့ပေ။ ဂျူးလူမျိုး များ ၏ လက်ထပ် ထိမ်းမြားခွင့် ကို ကန့်သတ် လိုက်သည်။ အထူးသဖြင့် ဂျူးဖြစ်ပါက ဂျာမန် အမျိုးသမီးများကို လက်ထပ်ခွင့် လုံးဝ မရှိတော့ပေ။
    ထို့အပြင် ဂျာမန်အစစ် သာမဟုတ် ဂျာမန်သွေးပါသူ များနှင့် လိင် ဆက်ဆံ ခြင်း ကိုပါ ကြီးလေးသော ပြစ်မှု အဖြစ် ပြဋ္ဌာန်း အပြစ်ပေးခဲ့သည်။ အဆိုပါ ဥပဒေအရ မည်သူ သည် ဂျာမန် အာရီယန် မျိုးနွယ် စစ်စစ် ဖြစ်သည်။ မည်သူသည် ဂျူးဖြစ်သည်၊ မည် သူသည် ဂျူး သွေးပါသူ ဖြစ်သည် စသည်များကို တိတိပပ သတ်မှတ်ပြဋ္ဌာန်း ပေးသည်။
    ယင်း ဥပဒေ မှာမူ ယခု မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ရန် ကြိုးပမ်း နေကြသည့် တစ်ဖက် သတ် မျိုးစောင့် ဥပဒေ နှင့် ထပ်တူနီးပါး တူညီနေသည်ကို တွေ့ကြရမည် ဖြစ်သည်။ ယင်း အပြင် ယခု လူဝင်မှု ၀န်ကြီး ဦးခင်ရီ ပြောကြားနေသည့် မြန်မာနိုင်ငံသား မည်သူ ဖြစ်ခွင့်ရှိသည်။ မည်သူ က ဒုတိယတန်းစား နိုင်ငံသား အဖြစ် လျှောက်ထား နိုင်သည် စသည့် အချက်များ နှင့်လည်း များစွာ အံဝင်နေသည်။
    နာဇီတို့၏ တတိယအကြိမ် ဥပဒေ ပြုမှု ( ၁၉၃၆ နှင့် ၁၉၃၇ ခုနှစ်များ)
    ယခုအသုတ် ဥပဒေ ပြုမှု များတွင်မူ ဂျာမနီ နိုင်ငံ ၏ စီးပွားရေး လုပ်ငန်းများ တွင် ဂျူးလူမျိုး တို့ ပါဝင် လုပ်ကိုင်မှု ကို လုံးဝ ပိတ်ပင်လိုက် ပြီဖြစ်သည်။ အာရိယန်နွယ်ဝင် ဂျာမန်လူမျိုးများ မဟုတ် ဟူသည့် အကြောင်းပြချက် ဖြင့် ဂျူးလူမျိုး တို့ ဘိုးစဉ် ဘောင်ဆက် ရှာဖွေစု ဆောင်း ထားသည့် ပိုင်ဆိုင်မှု အရပ်ရပ် ကို နာဇီအစိုးရ က နိုင်ငံတော် ပိုင် သိမ်းပိုက် နိုင်သည့် ဥပဒေ ပြဋ္ဌာန်း ချက်များ ပါရှိလာသည်။
    ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉ ရက် နှင့် ၁၀ ရက်နေ့များက ဂျာမနီနိုင်ငံ နှင့် နာဇီ ခေါင်း ဆောင်ကြီး ဟစ်တလာ ၏ မွေးရပ်ဇာတိ သြစတြီးယား နိုင်ငံ များ တွင် တစ်ပြိုင်နက် တည်း လို ပြုလုပ်ခဲ့ကြသည့်၊ ဂျာမန်ဘာသာစကား အားဖြင့် Kristallnacht pogrom ဟု သမိုင်းတွင် ခဲ့သော ဂျူးများပိုင် ဆိုင်မှု များအား လက်နက်ကိုင် အစောင့်အရှောက် များ ၀န်းရံပေးထားသည့် လူအုပ်ကြီးများဖြင့် အတင်းအဓမ္မ ၀င်ရောက်သိမ်းပိုက် သည့် လှုပ်ရှား မှု ဖြင့် ဂျူးများ ပိုင်ဆိုင် သမျှ အား အပြီးသတ် သိမ်းယူလိုက်သည်။
    ဂျူးများ အား ၎င်းတို့ ပိုင်ဆိုင်သော အိုးအိမ် များမှ အတင်းဆွဲချ ကာ ဂတ်တို ဟု နာမည်ကြီးသော ဂျူးစုပေါင်း လူနေစခန်းများ တွင်းသို့ အတင်းအကြပ် မောင်း သွင်းခဲ့သည်။ ဂျူးလူမျိုး မှန်လျှင် ၎င်း တို့အား အလွယ်တကူ ခွဲခြားနိုင်ရန် အတွက် အ၀ါရောင် ခြောက်မြှောင့်ကြယ် တံဆိပ် ကြီးများ အား ရင်ဘတ်တွင် မြင်သာအောင် တပ်ဆင် ထားရမည် ဟူသည့် အမိန့်ပြန်တမ်း ကို ထိုနောက်ပိုင်းမှ စတင်ကာ ထုတ် ပြန်ခဲ့သည့်။
    ဂျူးလူမျိုးများ ပြည်ပ ထွက်ခွာခွင့် အား လုံးဝ တားမြစ်လိုက်သည်။ ယင်းသို့အားဖြင့် နောင်တစ်ချိန် တွင် ၎င်းတို့ အပြီးသတ် သုတ်သင်ချင်နေသည့် ဂျူးများ အား အလွယ်တကူ တစ်စုတစ်ဝေး တည်း ဖမ်းဆီးပြီး လူသတ်စခန်း များသို့ ပို့ဆောင်နိုင်ရန် အုပ်စုလိုက် အစုအဝေး ဖြင့် ဂတ်တို များတွင် စုဝေးနေထိုင်ကြစေသည်။
    ကျွန်တော်၏ အမြင်အရ မကြာမြင့်သေးသော အချိန်ကာလ ကအထိ တိုင်းရင်းသား လူမျိုး တစ်ခု အဖြစ် တရားဝင် အသိအမှတ် ခြင်း ခံခဲ့ကြ ရသော မြန်မာ ရိုဟင် ဂျာ လူမျိုးများမှာ လက်ရှိ အနေအထားတွင် အထက်ပါ နာဇီ တို့၏ နှိပ်ကွပ်မှု အဆင့် သုံးဆင့်လုံး နှင့် လုံးဝနီးပါး အသွင်သဏ္ဍာန် တူစွာ အကျူံးဝင် လျက် ညှဉ်းပမ်း ခံနေကြ ရပြီး၊ ရိုဟင်ဂျာ မဟုတ်သူ အခြား မြန်မာပြည်သား မွတ်စလင်မ် များမှာမူ မထမပိုင်း အဆင့် နှစ်ဆင့် အထိ အကျူုံး ၀င်လျက် ရှိကြောင်း တွေ့ကြရမည် ဖြစ်သည်။
    အထက်ပါ ရေးသားခဲ့သည့် အတိုင်း လူမျိုးတစ်မျိုးကို အုပ်စိုးနေသည့် အစိုးရ က စနစ်တကျ နှိပ်စက် ညှဉ်းပမ်း ခြင်းကို မည်သည့် နိုင်ငံတကာ ဥပဒေ တွင် မှ ခွင့်ပြုထား ခြင်း မရှိပဲ၊ မြန်မာ နိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ပါဝင် လက် မှတ် ရေးထိုး ဂျီနီဗာကွန်ဗင်းရှင်း စာချူပ်များ နှင့်လည်း ပြဒါးတစ်လမ်း သံတစ်လမ်း၊ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည် ကို တွေ့ကြရမည် ဖြစ်သည်။
    ယခုလမ်းစဉ် နှင့် သာ ဆက်လက် သွားနေမည် ဆိုက ရေရှည် တွင် အမိမြန်မာ နိုင်ငံတော် ၏ ဂုဏ်သိန်၊ ပုံရိပ် များကို များစွာ ထိခိုက်လာနိုင်မည် ဖြစ်သလို၊ နိုင်ငံတ ကာ ဆက်ဆံရေး နယ်ပယ် တွင်လည်း မရှုမလှ၊ လူရာမ၀င် ဖြစ်လာနိုင်စရာ များရှိနေ သည့် အတွက် ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင် ၊ ဟိန္ဒူဘာသာဝင် မြန်မာနိုင်ငံ ဖွား ညီအစ်ကိုတော် များ အနေဖြင့်လည်း ၀ိုင်းဝန်း တားဆီးရန် တာဝန် မကင်းပါ ဟု ယူဆကြောင်း ပြောရင်း နိဂုံးချူပ်ပါရစေ ခင်ဗျာ။
    (နာဇီ ဥပဒေပြုမှု ဆိုင်ရာ အချက်အလက်များ စုဆောင်းပေး သည့် ပညာရှင် တစ်ဦး ဖြစ်သူ ကို Maung Khin အား များစွာ ကျေးဇူး ဥပကာရ တင်ရှိပါသည်။)
    ဓါတ်ပုံ – ၁၉၃၃ ခုနှစ်က၊ နာဇီခေါင်းဆောင်ကြီး အဒေါ့ဖ် ဟစ်တလာ၊ ဂျာမန် ရိုက်စတက်ခ်ျ လွှတ်တော် တွင် ဂျူးများအား နှိပ်ကွပ်ရေး ပထမဦးဆုံး ဥပဒေ ကို အဆိုပြု တင်သွင်းနေစဉ်။
    ** စာရေးသူရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
    Robert Ehose မှ M-Media ကိုပေးပို့သော ဆောင်းပါးဖြစ်ပါသည်။
  • ဆော်ဒီအမျိုးသမီးတို့အား ယာဉ်မောင်းခွင့် ပိတ်ခြင်းသည် အစ္စလာမ့် ပင်မဥပဒေ၌ မပါဝင် ဆော်ဒီ၏ စည်းမျဉ်းသာဖြစ်
    စက်တင်ဘာ၊ ၂၁
    M-Media
    audi women driving
    အမျိုးသမီးတို့အား ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ချက်သည် အစ္စလာမ့်ပင်မဥပဒေ(ယှရီအဟ်)အတွင်း တစ်လုံးတစ်ပါဒမျှ မပါရှိပါ။ ၄င်းမှာ ဆော်ဒီအာရေဗျ၏ စည်းမျဉ်းသာဖြစ်သည်ဟု ယှရီအဟ်ကြပ်မတ်ရေးဆိုင်ရာ ဌာနအကြီးအကဲမှ ရိုက်တာ သတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
    အမျိုးသမီးများ ယာဉ်မောင်းနှင်ခွင့်မရှိသော ဆော်ဒီ၏ပေါ်လစီအား ပြုပြင်ပြောင်းလဲနိုင်သည့် အခွင့်အာဏာ မိမိထံတွင် မရှိကြောင်း၊ သို့သော် စည်းကမ်း ချိုးဖောက်မှုအဖြစ် အမျိုးသမီးတို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြသည်နှင့်စပ်လျဉ်း၍ မိမိ၏သုံးသပ်မှတ်ချက်သည် ဆော်ဒီနိုင်ငံတော် အဆင့် ဆွေးနွေးမှုဖြစ်လာနိုင်ကောင်းမည်ဟု ထင်မြင်ကြောင်း ရှိုင်းခ် အဗ်ဒုလ် လသွီးဖ် အလ် အလ်ရှိုင်းခ်မှ ဆိုလိုက်သည်။
    ယင်းကိစ္စသည် ဆော်ဒီအာရေဗျ၏တရားဝင်ဥပဒေ၌ ရေးသားချက် တစ်စုံတစ်ရာ မရှိချေ။ တရားစီရင်ရေး နှင့် ရဲဌာနတို့က တားမြစ်ပိတ်ပင်ချက်ပြုလုပ်ထားခဲ့ခြင်း၊ လူထုအား အနှောင့်အယှက်ဖြစ်စေမှုဟုဆိုလျက် အရေးယူ ဒဏ်ငွေဆောင်စေခြင်းသာဖြစ်ပြီး ဒေသတွင်း၏ ရှေးရိုးစွဲဓလေ့ကဲ့သို့ တည်ရှိလာရသည်။
    အလ် အလ်ရှိုင်းခ်အား သာသနာ့ရေးရာစောင့်ကြည့် စိစစ်ရေး ဖြစ်သော Commission for the Promotion of Virtue and the Prevention of Vice ဌာန၏အကြီးအကဲအဖြစ် ဘုရင် အဗ်ဒုလ္လာဟ်က ယမန်နှစ်တွင် ခန့်အပ်ခဲ့သည်။ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ရေနံတင်ပို့ရောင်းချသည့်နိုင်ငံ၏ ဘုရင် အဗ်ဒုလ္လာဟ်သည်  လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတို့၏ အရေးပါမှုအခန်းကဏ္ဍမြှင့်တင်ရေး အပါအ၀င် လူမှုစီးပွားပြုပြင်ပြောင်းလဲမှုများကို သတိကြီးစွာ ဆောင်ရွက်လျက်ရှိသည်။
    မိမိသည် ဌာနအကြီးအမှူးအနေနှင့် ဘုရင့်နိုင်ငံ၏ ဥပဒေစည်းမျဉ်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း မူဝါဒချမှတ်မှု မပြုကြောင်း၊ မိမိအား ခန့်အပ်တာဝန်ပေးမှု မတိုင်မီက ထိန်းသိမ်းရေးရဲတို့၏ အထက်ပါ လုပ်ဆောင်ချက်မျိုးကို မသိရှိကြောင်း၊ အာရဗ်နေ့စဉ်သတင်းစာ al-Hayat ၏ကြာသပတေးနေ့တင်ပြချက်ဖြစ်သည့် အနာဂတ်ကာလတွင် ၄င်းကိစ္စကို ဆက်လက်လုပ်ဆောင်ရန် သို့မဟုတ် ရပ်တန့်ရန် မိမိမှ ညွှန်ကြားခဲ့သည်ဟုဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ ညွှန်ကြားချက်သစ် တစ်စုံတစ်ရာကိုမျှ ထုတ်ပြန်ထားမှု မရှိကြောင်း အလ်အလ်ရှိုင်းခ်က ပြောပြခဲ့သည်။
    အလ်အလ်ရှိုင်းခ်သည်လည်း ယခင်အကြီးအမှူးဟောင်းများနည်းတူ သာသနာ့ပညာရှင် တစ်ဦးဖြစ်၏။
    “ ဘုရင်အဗ်ဒုလ္လာဟ်ရဲ့လက်ထက်ဟာ ဒီကော်မရှင်အဖွဲ့အပါအ၀င် နိုင်ငံ့အဖွဲ့အစည်းအားလုံးအတွက် ပြန်လည် ပြုပြင်တည်ဆောက်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ခေတ်ကာလပါပဲ။ ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ သြဇာကို အတိုင်းထက်အလွန် အသုံးချလာယင် ဥပဒေနဲ့ကြပ်မတ်သွားရပါလိမ့်မယ်။ ယှရီအဟ်ဥပဒေကို သူတို့ဆန္ဒအတိုင်း လိုရာဆွဲ ဖွင့်ဆိုတာမျိုး ကျွန်တော်တို့ ခွင့်မပြုနိုင်ဘူး ” ဟု လွန်ခဲ့သော ၁၈ လကတည်းက ပုံရိပ်ကောင်းအောင် စွမ်းစွမ်းတမံ ကြိုးစားမြှင့်တင်နေသူဖြစ်သော အလ်အလ်ရှိုင်းခ်မှ ဆိုပါသည်။
    အတိုင်ပင်ခံ ယှူရာကောင်စီ၌ အမျိုးသမီးများကို ခန့်အပ်တာဝန်ပေးခြင်း နှင့် အမျိုးသမီးများအလုပ်လုပ်ကိုင်ခွင့် ကဲ့သို့သော ဘုရင်အဗ်ဒုလ္လာဟ်၏ ပြန်လည်ပြုပြင် တည်ဆောက်ရေး အားထုတ်မှုများမှာ ရှေးရိုးစွဲ ၀ဟာဗီဓမ္မဆရာများနှင့်၎င်းတို့၏ကျောင်းတော်ဝါဒီတို့၏ အတိုက်အခံပြုမှုများကို ရင်ဆိုင်ရလေ့ရှိသည်။
    ဆော်ဒီအမျိုးသမီးများအဖို့ ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်ခံရခြင်းသာမက ခရီးထွက်ခြင်း၊ အလုပ်အကိုင်ရရှိရေး၊ ဘဏ်စာရင်းဖွင့်ခြင်း၊ ခွဲစိပ်ကုသမှုများ အတွက် သွေးရင်းသားချင်းတော်စပ်သည့် အမျိုးသားတစ်ဦး၏ ခွင့်ပြုလက်ခံမှုအား ရယူနေကြရ၏။ ရှေးရိုးစွဲဝါဒီတို့မင်းမူထားသော အစ္စလာမ့်ဘုရင့်နယ်မြေရှိ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ အုပ်စုများက (ယှရီအဟ် မဟုတ်သည့်) လူလုပ်ဥပဒေများကို အပြောင်းအလဲပြုလုပ်စေရန် အလိုရှိနေကြပေသည်။
    Ref: http://english.alarabiya.net
  • Chin: ချင်းပြည်နယ် ကန်ပက်လက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်မှ ကူညီတော့မည်
    စက်တင်ဘာ ၁၉ ရက်၊၂၀၁၃ ခုနှစ်
    M-Media
    Chin State's Kanpetletချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ် တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းများကို ယခုနှစ် အောက်တိုဘာလတွင် စတင်မည်ဟု ကမ္ဘာ့ဘဏ်မှ ပြောဆိုသည်။
    စီမံကိန်း အချက်အလက်မှူးဖြစ်သူ ဒေါက်တာ လဲ့ယဉ်ဝင်းက ကမ္ဘာ့ဘဏ်သည် စက်တင်ဘာလ၌ ချင်းဒေသအတွင်း ကွင်းဆင်းလေ့လာမှု အား ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ပြောဆိုကြောင်း မဇ္ဈိမသတင်းမှ ဖော်ပြခဲ့သည်။
    ဤစီမံကိန်းများမှာ ၂၀၁၃-၂၀၁၄ ပထမ တစ်နှစ်တာအတွင်း ဒေသခံများနှင့်နှီးနှော တိုင်ပင်မှုပေါ်မူတည်၍ လမ်း၊ တံတား၊ စာသင်ကျောင်းစသော ဒေသဆိုင်ရာ အခြေခံ လိုအပ်ချက်များကို ပြုပြင်မွမ်းမံရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ ၄င်း၏နောက်တွင်မှ အဆောက်အဦး အသစ်များ ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆက်လက် စီစဉ်ထားသည်။
    ဖွံ့ဖြိုးရေး နှင့် စီမံကိန်းအကောင်အထည်ဖော်ရေးကို မိမိဖာသာ အစီအစဉ်ရေးဆွဲနိုင်ပြီး သတ်မှတ်ဧရိယာများ၌ တာဝန်ကျေအောင် လုပ်ဆောင်မည်ဟု ယုံကြည် စိတ်ချရသည့် ကော်မတီ တစ်ရပ်အား ဒေသခံလူ့အဖွဲ့အစည်းများက ဖွဲ့စည်းမည်ဖြစ်သည်။
    ဤစီမံကိန်းကို မွေးမြူရေးနှင့်ငါးလုပ်ငန်းဦးစီးဌာနမှ “တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးစီမံချက်” အမည်ဖြင့် ဦးစီးစီမံမည်ဟု သိရသည်။
    ကမ္ဘာ့ဘဏ်သည် ၄င်း၏ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ ဒေသခံတို့နှင့် လုံလုံလောက်လောက်အချိန်ပေးပြီး တိုင်ပင်ဆွေးနွေးမှုမပြုခဲ့ကြောင်း ယမန်နှစ်နှောင်းပိုင်းတွင် ဝေဖန်ခံရသည်။
    ကမ္ဘာ့ဘဏ်၏ လူ့ဘောင်ဖွံ့ဖြိုးတိုးတက်ရေး ဟူသော ကိုယ်ပိုင်သတ်မှတ်ချက်တွင် လုပ်ငန်းစဉ်အဆင့်တိုင်း၌ ဒေသခံ လူ့အဖွဲ့အစည်း၏ ပူးပေါင်းဆောင်ရွက်မှု နှင့် ဆုံးဖြတ်ချက်တို့မှာ မဖြစ်မနေလိုအပ်သည်ဟု ပါဝင်နေ၏။
    ထိုင်း နှင့် အင်ဒိုနီးရှား အစရှိသည့်နိုင်ငံတို့၌ ဤစည်းမျဉ်းအား ကမ္ဘာ့ဘဏ်မှ ကြပ်မတ်ဆုပ်ကိုင်မှုပျက်ကွက်ခဲ့သဖြင့်  ဒေသခံများအဖို့ ကောင်းကျိုးဖြစ်ထွန်းမှုထက် မကောင်းကျိုးများ ပိုမိုသက်ရောက်သွားစေခဲ့ပါသည်။
    Ref: chinlandguardian
    Photo-google
  • ဘရိတ်ပေါက်ယာဉ်ရဲ့ လားရှိုးမြို့မှ ယာဉ်တိုက်မှု
    ဘရိတ်ပေါက်ယာဉ်ရဲ့ လားရှိုးမြို့မှ ယာဉ်တိုက်မှု
    စက်တင်ဘာ ၂၀၊ ၂၀၁၃
    M-Media
    လင်းလင်း
    လားရှိုး ။       ။      ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ သိန္နီလမ်းမကြီးပေါ်တွင် မောင်းနှင်လာသော ကုန်တင်ကားကြီးတစ်စီးမှ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင် သောကြောင့် ကုန်းဆင်းတလျှောက် ယာဉ်များအား မနေ့က နေ့လည် ၃-နာရီခွဲခန့်က တိုက်မိခဲ့သော ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
    ၎င်းကုန်တင်ကားကြီးမှာ မန္တလေး မူဆယ်လမ်း တလျှောက်မောင်းနှင်လာပြီး လားရှိုးမြို့ မြို့တော်ခန်းမ အလွန်တွင် ဘရိတ်ပေါက်ကာ ကားအရှိန်မထိန်းနိုင်တော့ပဲ ကုန်းဆင်း တလျှောက်ရှိ ကား(၁၀)စီးနှင့် မော်တော်ဆိုင်ကယ် (၁)စီးအား ဆက်တိုက် ဆင့်၍ တိုက်မိခဲ့ကြောင်း သိရသည်။
    အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက်အန္တရာယ် ထိခိုက်မှုများ မရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီး ဆုံးရှုံးမှုများရှိခဲ့ပြီး ယာဉ်မောင်းအား လားရှိုးမြို့ အမှတ်(၁) ရဲစခန်းမှ ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
    ထိုကုန်တင်ကားကြီးသည် မူဆယ်မြို့သို့ တင်ပို့ရန် နှမ်းများ တင်ဆောင်ကာ မန္တလေးမြို့မှ မောင်းနှင်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။
  • စက်တင်ဘာ၊ ၂၀ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းတို
    စက်တင်ဘာ၊ ၂၀ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းတို
    စက်တင်ဘာ ၂၀၊ ၂၀၁၃
    M-Media
    နိုင်ငံခြားဘဏ်များတွင် ၁၁ ဘီလျံ မဟုတ်ပဲ ဒေါ်လာ ၇-ဘီလျံကျော် အပ်နှံထားဟု အစိုးရထုတ်ပြန်
    လွန်ခဲ့သောရက်ပိုင်းအတွင်းက နိုင်ငံခြားဘဏ်၌ မြန်မာပြည်မှ အမည်မသိ ဘဏ်အကောင့်များ ရှိနေသည်ဟု ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အဆိုပါ သတင်းနဲ့ ပတ်သက်၍ မြန်မာ အစိုးရဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များက နိုင်ငံတကာ ဘဏ်များတွင် အမေရိကန် ဒေါ်လာ ၇-ဘီလီယျံ (သန်း ၇၀၀၀) ကျော်ကို အပ်နှံထားသည်ဟု နေပြည်တော်တွင် ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဗဟိုဘဏ် ဥက္ကဋ္ဌက ၀န်ခံပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ရှင်းလင်းခြင်း မရှိကြောင်း ဧရာဝတီ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
    ________________________
    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ ပါဝင်ကြဖို့ ဦးအောင်မင်း တိုက်တွန်း
    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် ပါဝင်ကြရန် မနက်ဖြန် တောင်ကြီးမြို့မှာ ကျင်းပမည့် တိုင်းရင်းသား ညီလာခံကို တက်ရောက်လာသော အပစ်ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်တယ်လို့ RFA သတင်းဌာနမှ သိရှိရပါတယ်။
    ________________________
    ဗိုလ်မှူးတစ်ဦး ဟန်ဆောင်ကာ ကျပ်သိန်းတစ်ထောင်လိမ်လည်
    မိမိကိုယ်ကို ဗိုလ်မှူးတစ်ဦးဖြစ်သည်ဟုဆိုကာ ပဲခူးမြို့ ဟံသာဝတီလေဆိပ်အနီး အိမ်ရာစီမံကိန်းရှိ မြေကွက်ရောင်းချမည်ဆို၍ ကျပ်သိန်းတစ်ထောင်ကို ပဲခူးမြို့နေ ဇနီးမောင်နှံထံမှ လိမ်လည်ယူဆောင်သွားသော အမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ရန်ကုန်မြို့ ဗဟန်းရဲစခန်းမှ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
    _______________________
    မြန်မာနိုင်ငံ ဒုတိယ သမ္မတ Nissan Motor Co.,Ltd ကိုယ်စားလှယ်အဖွဲ့နှင့်  တွေ့ဆုံ
    ပြည်ထောင်စုမြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် Nissan Motor Co.,Ltd ၏ President နှင့် CEO ဖြစ်သူ Mr. Carlos Ghosn ဦးဆောင်သော
    ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်က နေပြည်တော် နိုင်ငံတော် သမ္မတအိမ်တော်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံတွင် လျင်မြန်၍ အပြုသဘော ဆောင်သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအတွင်း Nissan အမှတ်တံဆိပ် ကမ္ဘာ့အဆင့်မီ မော်တော်ယာဉ်စက်ရုံနှင့် မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတို့ စီမံချိန်ကာလအတိုင်းတည်ဆောက်ရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထား ပါတယ်။
    ___________________________
    ဆီးရီးယားကိစ္စ ကုလမှအဖြေရှာရန် ဂျွန်ကယ်ရီတိုက်တွန်း
    ဆီးရီးယားအာဏာပိုင်များက တိုင်းပြည်၏အခြေအနေမှာ မတိုးသာမဆုတ်သာအခြေအနေတွင်ရှိနေသည်ဟု ပြောဆိုလိုက်သောကြောင့် ကုလသမဂ္ဂအနေဖြင့် ထိုကိစ္စအားလာမည့် သီတင်းပတ်တွင် ဥပေဒကြောင်းအရအဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းပြောဆိုလိုက်သည်။
    ဂျွန်ကယ်ရီက ကုလမှနောက်ဆုံးထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင် ဓာတုလက်နက်များသုံးစွဲကာ တိုက်ခိုက်မှု၏နောက်ကွယ်တွင် ဆီးရီးယား အာဏာရှင်များရှိနေကြောင်း ဖော်ပြပါရှိသည်ဟု ပြောကြားခဲ့သည်။
    “အခုစမ်းသပ်မှုတွေလာပါပြီ။ ကုလသမဂ္ဂအနေနဲ့ လာမယ့်သီတင်းပတ်မှာ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ ပြင်ဆင်ရပါတော့မယ်။ ပြီးတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေက ဒါကိုထောက်ခံဖို့ ပြောဆိုဖို့အရေးကြီးပါတယ်” ဟု ဂျွန်ကယ်ရီက ယမန်နေ့က ပြောကြားခဲ့သည်။
    Ref : aljazeera
    ___________________________
    စွန့်ပစ်ပစ္စည်းများအားအသုံးပြုကာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့်စက်ရုံ ဗီယက်နမ်တည်ဆောက်
    စွန့်ပစ္စည်းများအားပြန်လည်အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် စက်ရုံတစ်ခုကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ယမန်နေ့က စတင်ဆောက်လုပ်ခဲ့သည်ဟု သိရသည်။
    နမ်ဆန်(Nam Son)ဟုအမည်ရသည့် အဆိုပါစက်ရုံမှာ ဟနွိုင်းမြို့ Soc Son ခရိုင်တွင်တည်ရှိပြီး ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံးစက်ရုံဖြစ်လာမည်ဖြစ်သည်။
    ဂျပန်နိုင်ငံလုပ်အပူစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ထုတ်လုပ်ပေးသည့် စက်တစ်ခုအားခေတ်မီနည်းပညာများဖြင့်မွမ်းမံကာ စက်ရုံအလုပ်ရုံများမှစွန့်ပစ်သောအမိုက်သရိုက်များကို လောင်ကျွမ်းစေကာ ထိုမှရရှိသည့်အပူမှ လျှပ်စစ်ဓာတ်အားကို
    ထုတ်လုပ်သောစနစ်ဖြစ်သည်ဟု ဗီယက်နမ်အွန်လိုင်းသတင်းစာ Nhandan တွင် ရေးသားဖော်ပြခဲ့သည်။ ထိုစနစ်က တစ်နေ့တွင် စွန့်ပစ်ပစ္စည်း ၇၅တန်အသုံးပြုကာ လျှပ်စစ်ကီလိုဝပ် ၁၉၃၀ ထုတ်လုပ်နိုင်မည်ဟုသိရသည်။
    Re f: xinhua, Photo-vietmaz
    ___________________________
    ကရှ်မီးယားတွင် ကားတစ်စီးတိမ်မှောက်မှုဖြစ်ပွား လူငါးဦးသေဆုံး
    အိန္ဒိယကထိန်းချုပ်ထားသည့် ကရှ်မီးယားဒေသတွင် ယမန်နေ့က လူကိုးဦးအားတင်ဆောင်လာသည့် ဆူမိုကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူငါးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟုရဲတပ်ဖွဲ့က ဒီကနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
    Machil-Kupwra အဝေးပြေးလမ်းရှိ တောင်ကုန်းများထူထပ်သည့် Z-Morh ဒေသတွင်ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Srinagarမြိုတော်နှင့် ၁၃၅ ကီလိုမီတာကွာဝေးသည်။ “မနေ့ကဖြစ်ခဲ့တာဖြစ်ပြီး လူကိုးယောက်တင်ဆောင်လာတဲ့ ဆူမိုမော်တော်ယာဉ်တစ်စီးဟာ
    ချောက်နက်ထဲပြုတ်ကျခဲ့ပြီး လူငါးဦးသေဆုံးခဲ့ကာ လေးဦးဒဏ်ရာရခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ထားသည်ဟုသိရသည်။
    xinhuanet
    4C4E7867-E254-4483-8EC8-E0CB0F6EB144_w640_r1_s
    ___________________________
    ဆီးရီးယားပြည်တွင်းစစ်မှာ မတိုးသာမဆုတ်သာအခြေအနေသို့ ရောက်နေသည်ဟု ဒုဝန်ကြီးချုပ်ဆို
    ဆီးရီးယားနိုင်ငံ၏ ဒုဝန်ကြီးချုပ်ဖြစ်သူ ကွာဒရီ ဂျမီလ်က တိုင်းပြည်အတွင်းဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် အစိုးရတပ်များနှင့် အတိုက်အခံတပ် မည်သူမှ ပြတ်ပြတ်သားသားအနိုင်ရနိုင်ဖွယ်ရာမရှိဟု ပြောကြားလိုက်သည်။ ဗြိတိန်သတင်းစာ Guardian
    သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂျီနီဗာတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ကြီးမှူးကျင်းပသောငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာခဲ့လျှင် သမ္မတ ဘာရှာအလ်အာဆတ်အနေဖြင့် အတိုက်အခံလက်နက်ကိုင်များအား အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးရန် ဖိတ်ခေါ်လိမ့်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    aljazeera
    ___________________________
    ချီကာဂို ပန်းခြံတစ်ခုတွင် သေနတ်ပစ်မှုဖြစ်ပွား ၃နှစ် ကလေးတဦးအပါအဝင် လူ ၁၁ ဦးဒဏ်ရာရ
    အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့ရှိ ပန်းခြံတစ်ခုတွင် ယမန်နေ့ညက သေနတ် ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
    Cornell Square ပန်းခြံတွင် ဒေသစံတော်ချိန် ည ၁၀ နာရီကျော်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် ၃ နှစ်သားကလေးငယ် တစ်ဦးပါဝင်ကာ ထိုကလေးငယ်နှင့် အခြားလူနှစ်ဦး၏ ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရသော အနေအထားတွင်ရှိသည်ဟု ချီကာဂို မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
    အညိုရောင်ကားတစ်ဆီးမှာ ပန်းခြံအတွင်းသို့ ၀င်ရောက်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများကထွက်ဆိုခဲ့ကြသည်။
    Aljazeera, Photo: The Age World
    ___________________________
    ပြိုင်ဆိုင်မှုများအားရပ်တန့်ရန် အမေရိကန်အား ရူဟာနီတိုက်တွန်း
    အီရန်သမ္မတ ဟာဆန် ရူဟာနီက အီရန်နိုင်ငံ၏ နျူးကလီးယားကိစ္စအပါအ၀င်အငြင်းပွားဖွယ်ရာကိစ္စများအား အပြုသဘောဆောင်သောချဉ်းကပ်မှုများပြုလုပ်ရန် အမေရိကန်ပြည်သူများနှင့် ကမ္ဘာကြီးအား ပြောကြားလိုက်ပြီး ဆွေးနွေးညိနှိုင်းမှုမအောင်မြင်ပါက
    အားလုံးအတွက် ဆုံးရှုံးမှုများသို့သာဦးတည်လိမ့်မည်ဟု ယမန်နေ့ကပြောကြားလိုက်သည်။ “အကြမ်းဖက်မှုတွေကိုမီးထိုးပေးပြီး ကျွန်တော်တို့ကိုဝေးကွာစေတဲ့ မကောင်းတဲ့ပြိုင်ဆိုင်မှုတွေ၊ ကြားဝင်စွက်ဖက်မှုတွေကို အဆုံးသတ်ဖို့ ကျွန်တော်တို့အတူတကွ လုပ်ဆောင်ရပါမယ်” ဟု ရူဟာနီက ပြောကြားခဲ့သည်။
    cnn
    ___________________________
    ချေချင်းညာအလံဟား မီးရှို့ခဲ့သည့် ဇင်းနစ်ပရိတ်သတ်များ တရားစွဲခံရမည်
    Terek အသင်းနှင့် ဇင်းနစ်အသင်းတို့ကစားခဲ့သည့် ရုရှားပြည်တွင်းဘောလုံးပွဲစဉ်တစ်ခုတွင် ခြေချင်းညာအလံးအားမီးရှို့ခဲ့သည့် ဇင်းနစ်ပရိတ်သတ်များမှာ မီးအန္တရာယ်ကင်းရှင်းရေးဥပဒေအား ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရမည်ဟု သိရသည်။ သို့သော်လည်း
    ကျူးလွန်သူမှာ ရုရှားဖက်ဒရေးရှင်း၏ နိုင်ငံတော်အလံနှင့် နိုင်ငံတော်အမှတ်အသားအား မလေးမစားပြုမှုခြင်းအက်ဥပေဒ ၃၂၉ အရ တရားစွဲဆိုခြင်းခံရမည်မဟုတ်ချေ။  ထို့ပြင် အဆိုပါကျူးလွန်သူမှာ ရုရှားနိုင်ငံတွင်ပြဌာန်းထားသည့်မည်သည့်ရာဇ၀တ်မှုပုဒ်မနှင့်မျှ
    တရားစွဲဆိုခြင်းခံရမည်မဟုတ်ဘဲ အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ဒဏ်ငွေသာပေးဆောင်ရမည်ဟု စိန့်ပီတာစဘတ် ဥပဒေထိန်းသိမ်းရေးအေဂျင်ဆီများမှတဆင့်သိရသည်။
    islam
    ___________________________
    အမျိုးသမီးဓာတ်ပုံဆရာအား မုဒိမ်းကျင့်ခဲ့သည်ဟု သံသယရှိသူငါးဦးအား အိန္ဒိယတွင်တရားစွဲ
    အိန္ဒိယနိုင်ငံရှိအမျိုးသမီးများ၏ လုံခြုံမှုနှင့်ပက်သက်ပြီး လူထုအား ဒေါသဖြစ်စေခဲ့သော လွန်ခဲ့သည့်လကဖြစ်ပွားခဲ့သည့် အမျိုးသမီးဓာတ်ပုံဆရာအား မုဒိမ်ကျင့်ခဲ့မှုတွင် ကျူးလွန်ခဲ့သည်ဟုသံသယရှိသူ ငါးဦးကိုယမန်နေ့ကတရားစွဲဆိုလိုက်သည်။
    အခင်းဖြစ်ပွားပြီးရက်နည်းငယ်ကြာမှ ဖမ်းမိခဲ့သည့် သံသယရှိသူများးအား မွမ်ဘိုင်းမြို့တောင်ပိုင်းရှိ Esplanade တရားရုံးတွင် ရုံတင်ခဲ့ခြင်းဖြစ်ပြီး မုဒိမ်းမှု၊ ဓမ္မတာတိုင်းမဟုတ်သော လိင်ဆက်ဆံမှု၊ သက်သေဖျောက်ဖျက်မှု၊ တရားမ၀င်သားဖွားစေမှု၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟုသိရသည်။
    channelnewsasia
    1
    ___________________________