News @ M-Media

Blog

  • လူ့ဦးနှောက် မှတ်ဥာဏ်

    သြဂုတ် ၁၄၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    brain

    CD တွေ၊ Memory Stick တွေ၊ Hard disk တွေပေါများလာတဲ့ ယခုခေတ်မှာ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏကိုပြောတဲ့ ယူနှစ် Byte တွေနဲ့ တော်တော်ရင်းနှီးလာကြပါပြီ။ ဘယ်ပမာဏရှိတဲ့ ပစ္စည်းတစ်ခုက ရုပ်ရှင်၊ သီးချင်းနှင့် ဓါတ်ပုံတွေ ဘယ်လောက်သိမ်းထားနိုင်လဲ လွယ်လွယ် ကူကူနဲ့ သိလာကြပါပြီ။ ဒါဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာထဲက မှတ်ဥာဏ်ပစ္စည်း ဦးနှောက်ကရော ဘယ်လောက် Byte သိမ်းနိုင်ပါလိမ့်?

    ဦးနှောက်ထဲက အချက်အလက်တွေကို Byte တွေနဲ့ နှိုင်းတာ သိပ်ကောင်းတဲ့ ဥပမာ မဟုတ်ပေမယ့် 2.5 petabytes (2,500 terabytes) ထိရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တကယ်လို့ video recorder တစ်လုံးဆိုပါက နာရီပေါင်း ၃ သန်းထိ ရုပ်ရှင်တွေသိမ်းထားလို့ရပါတယ်။ နှစ် ၃၀၀ လောက်တောက်လျောက် TV ဖွင့်ထားနိုင်တဲ့ ပမာဏဖြစ်ပါတယ်။

    ဦးနှောက်ထဲမှာ အာရုံစနစ် (Neuron) ပေါင်း ၅၀ ကနေ ၂၀၀ ဘီလီယံခန့်ရှိပြီး Neuron တစ်ခုဟာ အချက်အလက်သိမ်းဆည်းဖို့ အခြား Neuron တွေနဲ့ အဆက်အစပ်ပေါင်း ၁၀၀၀ ကနေ ၁ သိန်းခန့်ပြုနိုင်ပါတယ်။ အဆက်အစပ် တစ်ခုကို အချက်အလက် Byte တစ်ခုစာမျှ သိမ်းနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒါဟာ တော်တော်နည်းနိုင်သလို တော်တော်များတာလည်း ဖြစ်နိုင်ပါတယ်။

    ကိုးကား – Scientific American

  • တိုင်းရင်းသားလူနည်းစု တို့အားကိုးတဲ့ ကင်းတားနား၊ ရိုဟင်ဂျာများ အတွက် အဖြေရှာထုတ်ပေးမည်ဟု ကတိပြု

    M-Media
    သြဂုတ်လ ၁၄ ရက်၊ ၂၀၁၃

    စစ်တွေမြို့၊ အောင်မင်္ဂလာရောက် မစ္စတာ ကင်းတားနား (ဓာတ်ပုံ VOA)
    စစ်တွေမြို့၊ အောင်မင်္ဂလာရောက် မစ္စတာ ကင်းတားနား (ဓာတ်ပုံ VOA)

    ကချင်၊ ချင်းများသာမက ကယမ်းတိုင်းရင်းသားများကပါ အားကိုးတကြီး မျှော်လင့်ချက်ထားနေသည့် ကင်းတားနား၏ ရခိုင်ပြည်နယ် ဒုတိယနေ့ ခရီးစဉ် အခြေအနေကို ဗွီအိုအေမြန်မာပိုင်းက တင်ဆက်ထားပါသည်။

    ရခိုင်များနှင့် အစိုးရတာဝန်ရှိသူအချို့တို့မှလွဲ၍ တိုင်းရင်းသားလူနည်းစုတို့ လိုလားသည့် ကုလကိုယ်စားလှယ် ကင်းတားနားက ရိုဟင်ဂျာများနှင့် တွေ့ဆုံရာ၌ “ခင်ဗျားတို့ မူဆလင် အသိုင်းအ၀ိုင်းမှာလည်း တာဝန်ရှိပါတယ်။ ဒီနေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ခင်ဗျားတို့ ကိုယ်တိုင် ဆောင်ရွက်ကြရမှာပါ။ နောက် တသံတည်း၊ တညီတည်းဖြစ်အောင်လို့လည်း စည်းရုံးဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အခြေအနေတွေကတော့ တိုးတက်လာလိမ့်မယ်လို့ ကျနော် တကယ်ပဲ မျှော်လင့်ပါတယ်။ အတော်တော့ ခက်ခဲမယ်လို့ ထင်ပါတယ်။ အခု ဒီနေရာမှာ ခင်ဗျားတို့ နေရထိုင်ရတာလည်း ခက်ခဲတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမဲ့လည်း အဖြေ တစုံတရာ ထွက်လာဖို့ အတွက်တော့ ဆောင်ရွက်သွားမယ်လို့ ကျနော် ကတိပေးပါတယ်။” ဟု ပြောကြားခဲ့ကြောင်း ဗွီအိုအေသတင်းက ဆိုပါသည်။

    ကင်းတားနားက ရိုဟင်ဂျာမလိုလားသည့် ရခိုင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ရွှေစေတီဘုန်းကြီးကျောင်း ဆရာတော်နှင့်လည်း တွေ့ဆုံပြီး အသိုင်းအ၀န်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်း၊ သို့သော် ရွှေစေတီဘုန်းကြီးကျောင်း ဆရာတော်ကမူ ရိုဟင်ဂျာ မရှိသည့် သမိုင်းကိုသာ ကင်းတားနားအား ပြောပြဖို့ စိတ်အားထက်သန်နေခဲ့ကြောင်း သတင်းများက ဆိုပါသည်။

    ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကမူ အစိုးရက အသိုင်းအ၀န်းနှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ပေးဖို့ အစီအစဉ်များရှိကြောင်း ကင်းတားနားအား ပြောပြခဲ့ပါသည်။ ဦးလှသိန်းက “ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကြံပြုချက်တွေထဲမှာ ပါဝင်တဲ့အတိုင်းပေါ့ ပထမ ကျနော်တို့ ရခိုင်ဘက်က မြို့မိမြို့ဖတွေ၊ နောက် ဘင်္ဂါလီအုပ်စုထဲက သူတို့ရဲ့ ရပ်မိရပ်ဖတွေပေါ့နော် အဲ့ဒီလူတွေကို ဆပ်ကော်မတီတစ်ခုကနေပြီးတော့ သီးသန့်စီ တွေ့ပြီးတော့ အခု ဆွေးနွေးမှုတွေ ရှိပါတယ်။ နောင် ဒီဟာနဲ့ တဆင့်တက်လာလို့ရှိရင်တော့ သူတို့ နှစ်ဘက်ကို မျက်နှာချင်းဆိုင် ပိုပြီးတော့ ရင်းနှီးမှုရှိအောင် လုပ်မယ်။ အဲ့ဒီလို လုပ်လာပြီးတဲ့အခါမှာ ယုံကြည်မှုတွေ တည်ဆောက်ပြီးတော့ လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်လို့၊ လုပ်လည်း လုပ်နေပါတယ်လို့ ၀န်ကြီးချုပ်က ဖြေပါတယ်။” ဟု ပြောကြားခဲ့ကြောင်း ဗွီအိုအေမြန်မာပိုင်းက တင်ပြထားပါသည်။

    ကင်းတားနားက ရခိုင်သို့ တညအိပ် နှစ်ရက်ခရီးသွားရောက်ခဲ့ပြီး နေ့လည်တစ်နာရီတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာကာ လူ့အခွင့်အရေးလှုပ်ရှားများ အပါအ၀င် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

  • တူဖြစ်တုန်း နှံ ပြီး ပေ အဖြစ်မခံဝံ့ သူ သတ္တိရှင် ကြီးများ

    သြဂုတ်-၁၄ရက်။ ၂၀၁၃
    ရေးသူ-Robert Elhose  (အမေရိကန်ပြည်ထောင်စု)

    4

    ၁၉၈၈ ခုနှစ်အရေးအခင်း မတိုင်မီကလေးမှာ အရင် ကာကွယ်ရေးဦးစီးချူပ်ဟောင်း ၊ ဗိုလ်မှူးချူပ်ဟောင်း အောင်ကြီးရဲ့ ဦးနေ၀င်း သို့ အိတ်ဖွင့်ပေးစာ ဆိုတာ ထွက်လာပါတယ်။ အဲ့ဒီမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင် ကျောင်းသားများသမဂ္ဂ အဆောက်အအုံ ကြီးကို ဒိုင်းနမိုက် နဲ့ ဖောက်ခွဲ ဖြိုချ လိုက်ဖို့ အမိန့်ပေးတာ မှာ အဓိက တာဝန်ရှိသူ ဟာ ဗိုလ်ချူပ်ကြီး နေ၀င်း သာဖြစ်တယ်လို့ ဆိုထားပါတယ်။

    ဒီကျောင်းသားများသမဂ္ဂဖြိုခွင်းခဲ့မှု မှာ အဲ့ဒီအချိန်က တက္ကသိုလ်ကျောင်းသားပေါင်း ရာပေါင်းများစွာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။

    နောက်မကြာပါဘူး ဦးနေ၀င်းကလည်း တီဗွီဖန်သား ပြင်ပေါ်မှာ ပေါ်လာပြန်ပြီး အဲ့ဒီ ကျောင်းသားများ သမဂ္ဂ ဖောက်ခွဲ ခဲ့မှု မှာ သူ့မှာ တာဝန်မရှိခဲ့ဘူး။ အဲ့ဒီအချိန်က ဒုတိယ ကာကွယ်ရေး ဦးစီးချူပ်ဖြစ်တဲ့ ဗိုလ်မှူးချူပ်အောင်ကြီး မှာ သာ တာဝန်ရှိတယ်ဆိုပြီး ပြန်လည် ပုံချပါတယ်။

    နောက်ဆုံး သူတို့ နှစ်ဦးစလုံးသာ သေသွားတယ်။ ဒီသမိုင်း တရားခံအစစ်က ဘယ်သူဆိုတာ ဒီနေ့ထိ အဖြစ်မှန်ကို ပြည်သူတွေ မှာ မသိလိုက်ရပါ။ ဒါ ဗမာပြည်က စစ်ဗိုလ် တွေ ကိုယ်တိုင်ရေးခဲ့တဲ့ သူရဲဘောကြောင် သမိုင်းပါ။ လုပ်တုန်းက လုပ်ပြီး ခံအလှည့်ကျတော့ မခံရဲ့တဲ့ သမိုင်းပါ။

    ဟော အခုလည်း လာပြန်ပြီ ။ ၈၈ အာဏာသိမ်းပြီးကာလ ကနေ ၂၀၀၄ ခုနှစ် သူပြုတ်မသွားခင် အထိ ဗမာပြည်မှာ လူတိုင်းက ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ကမ္ဘာ့ အကောက်ကျစ်ဆုံး ဗမာစစ်ထောက်လှမ်းရေး အဖွဲ့ နဲ့ ၀န်ကြီးချူပ်ဟောင်း၊ အတွင်းရေးမှူး(၁)ဟောင်း (အဲ့ဒီရာထုးက အဲ့ဒီအချိန် ဗမာပြည်မှာ နံပါတ် နှစ်) ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချူပ်ကြီးဟောင်း ခင်ညွန့်။

    လျှပ်တစ်ပြတ်ဂျာနယ် က ကိုမြတ်ခိုင် နဲ့ အင်တာဗျူးမှာ အဲ့ဒီတုန်းက ဖြစ်ပျက် ခဲ့သမျှ တွေအတွက် လူပေါင်း သန်းပေါင်းများစွာ နစ်နာ ခဲ့ရတာတွေအတွက် သူ့မှာ တာဝန်မရှိဘူးတဲ့။ မျက်နှာမည်းကြီး မှာ သာ တာဝန်ရှိတာပါတဲ့။ နှစ်ယောက်လုံးကလည်း လောကမှာ ကြာကြာ နေရတော့မယ့် အသက်အရွယ်တွေ တော့မဟုတ်တော့ဘူး။ ဒီတစ်ခါလည်း ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးတုန်းကလို ပဲ သူတို့သာ သေသွားမယ် အဖြစ်မှန် က ပေါ်လာဖို့တော့ မရှိဘူး။

    မှတ်ထားပါ။ ဒါဟာ ဗမာပြည်မှာ လုပ်သာလုပ်ရဲပြီး တာဝန်ခံစိတ် တစ်ပြားသားမျှ မရှိတဲ့ လေနဲ့သာ သတ္တိပြောင် တဲ့ စစ်ဗိုလ် တွေ အုပ်ချူပ်ခဲ့တဲ့ ခေတ်ဆိုးခေတ်ပျက် တစ်ခေတ်ဆိုတာ။ ဒီလူတွေ ဟာလည်း သမိုင်းရဲ့ အမှိုက်ပုံ ထဲမှာ ပုပ်ပွ ဟောင်စော် သူများ အဖြစ် အခိုင်အမာ နေရာ ရသွား ခဲ့ကြပြီဆိုတာ။

  • မွတ်စလင်များ လေယာဉ်ပေါ်တွင် ဝတ်ပြုရန် အကူအညီပေးမည့် iPhone App စင်္ကာပူကုမ္ပဏီမှ ဖြန့်ချီ

    သြဂုတ်-၁၄။ ၂၀၁၃

    M-Media

    စင်္ကာပူအခြေစိုက် လေကြောင်းခရီးသွားလာရေးကုမ္ပဏီတစ်ခုက ခရီးသွားလာတဲ့မွတ်စလင်တွေ လေယျာဉ်ပေါ်မှာ ဝတ်ပြုချိန်တွေ သိရှိဖို့နဲ့ ဝတ်ပြုရာမှာ မျက်နှာမူရာအရပ်သိရှိနိုင်ဖို့အတွက် iPhone Application တစ်ခုကိုဖြန့်ချီလိုက်ပါတယ်။ လေယျဉ်ဟာမြေပြင်ကနေအမြင့် ပေပေါင်း သုံးသောင်း ငါးထောင် အထက်မှာရှိနေတဲ့ အချိန်မှာလည်း ဒီ Application ကို  ဆက်လက်အသုံးပြုနေနိုင်မှာဖြစ်ပါတယ်။

    muslim-prayer-app

    ခရီးသွားသူဟာ လေယျာဉ်ခရီးစဉ်အသေးစိတ်ကို ထည့်သွင်းပြီးတဲ့အခါမှာ ဒီ Application က ခရီးစဉ်အတွင်း ဝတ်ပြုရမယ့် အချိန်တွေသာမက မွတ်စလင်တွေရဲ့ မြင့်မြတ်တဲ့မြို့တော်ဖြစ်တဲ့ မက္ကာမြို့တော်ရဲ့ ဦးတည်ရာဘက်ကိုလည်း တွက်ချက်ဖော်ပြပေးမှာဖြစ်ပါတယ်။

    Crescentrating အမည်ရှိတဲ့ဒီ ကုမ္ပဏီက အစ္စလာမ်ဘာသာဝင်တွေနဲ့ ကိုက်ညီတဲ့ (ဟာလာလ်) ဟိုတယ်တွေ၊ အခြား ခရီးသွားလာရင်း ရပ်နားစရာနေရာတွေရဲ့ အချက်အလက်ကိုဖော်ပြတဲ့ ဒီ iPhone Application – Crescent Trips (လခြမ်းခရီး) ကို Android ဖုန်းတွေမှာလည်း လအနည်းငယ်အတွင်း အခမဲ့ရယူနိုင်အောင် စီစဉ်သွားမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် ဘဟာဒင်း ကပြောဆိုပါတယ်။

    ဒီ Crescent Trip application မှာ နေ့စဉ်ငါးကြိမ်ဝတ်ပြုလေ့ရှိတဲ့ မွတ်စလင်တွေအတွက် ဝတ်ပြုစဉ်အတွင်းရွတ်ဆိုရမယ့် ကျမ်းစာတွေရဲ့ အသံဖိုင်နဲ့ ခရီးသွားလာတဲ့အခါ ရွတ်ဆိုရမယ့် ဆုတောင်းစာတွေရဲ့ အသံဖိုင်တွေ၊ အဓိပ္ပာယ်တွေကိုလည်း ထည့်သွင်းထားပါတယ်။

    မွတ်စလင်ခရီးသွားတွေဟာ ယနေ့ခရီးသွားဈေးကွက်ထဲမှာ များပြားတဲ့အရေအတွက်ရှိနေပေမယ့် သူတို့ကို ဆွဲဆောင်မှုတွေသိပ်မရှိသေးဘူးလို့ Crescentrating ကုမ္ပဏီရဲ့ လည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဒန်နီ ဘိုးလ်ဒက်ကဆိုပါတယ်။

    ” မွတ်စလင်တွေရဲ့ ခရီးသွားလာမှုကို အလားအလာကောင်းတဲ့ဈေးကွက်အဖြစ်နဲ့ ကြီးကျယ်တဲ့ဝေစုအနေနဲ့ ဂရုပြုထောက်ပံ့တာတွေနည်းနေသေးတယ်။ ”

    မွတ်စလင်ခရီးသွားတိုးရစ် တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးသုံးစွဲမှုတွေက အလျှင်အမြန်တိုးတက်နေပြီး ၂ဝ၁၁ ခုနှစ်မှာ သန်းထောင်ပေါင်း ၁၂၆ ဒေါ်လာကနေ ၂ဝ၂ဝ ခုနှစ်မှာ သန်းထောင်ပေါင်း ၁၉၂ ဒေါ်လာဖြစ်လာလိမ့်မယ်လို့ စင်္ကာပူ အခြေစိုက် Crescenting ကုမ္ပဏီနဲ့ မွတ်စလင်တွေရဲ့ လူနေမှုဘဝတွေကို လေ့လာနေတဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီ Dinar Standard တို့ မနှစ်က ထုတ်ပြန်တဲ့ လေ့လာချက်တွေမှာဖော်ပြထားပါတယ်။

  • LightHouse Institute ၏ ပညာရပ်ဆက်ဆိုင်ရာ ဟောပြောပွဲ နှင့် ဘာသာပေါင်းစုံ အီးဒ် မိတ်ဆုံစားပွဲ

    သြဂုတ်- ၁၃ ရက်၊ ၂၀၁၃
    M-Media

    Lighthouse Institute ၏ ပညာရပ်ဆိုင်ရာ ဟောပြောပွဲနှင့် Eid-ul-Fitr ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲ တစ်ရပ်ကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်း၊ အမှတ်(၂၄၉) ရှိ “မြန်မာနိုင်ငံ ဆရာဝင်များအသင်းခန်းမ” တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    Human Right and Peace Journalism ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ဦးနေသန်မောင် (ကမာရွတ် မီဒီယာ) မှ ဟောပြောပို့ချခဲ့ကြောင်း သိရပါသည်။

    ဓါတ်ပုံများ ကြည့်ရန်။ =>http://goo.gl/PKqivr

    DSCF4551

    DSCF4599