News @ M-Media

Blog

  • တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်အတု “ ခွေးခြသေ့င်္ ”

    M-Media

    သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃

     

    Photo:BBC
    Photo:BBC

     

    တရုတ်နိုင်ငံက ဟီနန်တိရစ္ဆာန်ရုံမှာ အာဖရိကခြင်္သေ့အဖြစ် တိရစ္ဆာန်တစ်ကောင်ကို သတ်မှတ်ဖော်ပြခဲ့တယ်။ အဲ့ဒီ သတ္တ၀ါကြီးက ပရိသတ်ရှေ့မှာ ထ,ဟောင်လိုက်တဲ့အခါကျမှသာ လှည့်စားမှုတစ်ခုလို့ ပေါ်လွင်သွားပါတယ်။

    အဲ့ဒီတိရစ္ဆာန်ရုံဟာ ခြင်္သေ့အစစ်နေရာမှာ အမွှေးတို တိဗက်ခွေးအကြီးစားတစ်မျိုးကို အစားထိုးခဲ့ကြောင်း တရုတ်မီဒီယာများက ဆိုတယ်။

    ခြင်္သေ့အစစ်ကို မျိုးပွားဌာနဆီ ပို့ထားခိုက်မှာ လုပ်သားတစ်ဦးပိုင်ဆိုင်တဲ့ခွေးကြီးကို လှောင်အိမ်ထဲ သွင်းထားခဲ့တာလို့ ဟီနန်ပြည်နယ်တိရစ္ဆာန် ရုံတာဝန်ရှိသူတစ်ဦးက ပြောလိုက်တယ်။

    အလည်ပတ်ရောက်လာတဲ့သူထဲက မိခင်တစ်ဦးဟာ သူ့သားကို ခေါ်ပြစဉ် ထွက်လာတဲ့အသံက ကွဲပြားနေပုံကို သတိထားမိပြီး လှည့်စားမှုကိုရိပ်မိ သွားခဲ့တာလို့ Beijing Youth Daily သတင်းစာမှာ ဖော်ပြခဲ့တယ်။

    Louhe city မြို့က အဲ့ဒီတိရစ္ဆာန်ကို လာရောက်သူများအဖို့ အလိမ်ခံရတဲ့အတွက် အမျက်ထွက်ကုန်ကြပါတယ်။

    အာဖရိကခြင်္သေ့ ဆိုပြီး သူ့အရည်အသွေး၊ စရိုက်သဘာဝ နဲ့ အမည်နာမတပ်ထားတဲ့လှောင်အိမ်ထဲက သတ္တ၀ါဆီက ခွေးဟောင်သံကြားရတဲ့အခါ လည်ပတ်သူတို့ အလန့်တကြားဖြစ်သွားခဲ့တယ်။

    နောက်တော့ အဲ့ဒီ အမည်ခံခြင်္သေ့ဟာ အမွှေးရှည်တိဗက်ခွေးကြီး တစ်ကောင်ဖြစ်ကြောင်း အစောင့်များက ဖွင့်ထုတ်ပြောပြခဲ့ကြတယ်။ အဲ့ဒီခွေးကြီးရဲ့ အညိုရောင်မွှေးပွကို တိုနှံ့နှံ့ဖြစ်အောင်လုပ်ပြီး ခြသေ့င်္တစ်ကောင်နဲ့ ဆင်တူအောင်ဖန်တီးထားခဲ့တာ ဖြစ်တယ်။

    ဧည့်သည်အမျိုးသမီး လျူ က “ ဒီတိရစ္ဆာန်ရုံဟာ ကျွန်မတို့ကို လှည့်စားဖို့ကြိုးစားနေတာဘဲ။ ခြင်္သေ့တွေနေရာမှာ ခွေးတွေနဲ့ ပုံမှားရိုက်ထားတာပါ ” လို့ ပြောဆိုခဲ့တယ်။

    ခြသေ့င်္ဟာ မျိုးပွားဌာနကို ပို့ဆောင်ထားရလို့ လုံခြုံရေးစည်းကမ်းချက်များအရ အဲ့ဒီလှောင်အိမ်ထဲ တိဗက်ခွေးကြီးကို ယာယီထည့်သွင်း ထားရတာဖြစ်ကြောင်း တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှူး လျူစုယာက Beijing Youth Daily ဆီ ပြောကြားလိုက်ပါတယ်။

    ဒါပေမယ့် တခြားတိရစ္ဆာန်တွေမှာလည်း ခေါင်းစဉ်တံဆိပ်နဲ့ လွဲမှားနေတာ ထင်ထင်ရှားရှား ရှိနေပြန်ပါတယ်။ ကျားသစ်နေရာမှာ မြေခွေးဖြူတစ်ကောင် (နဲ့) ၀ံပုလွေနေရာမှာ နောက်ထပ်ခွေးတစ်မျိုးကို တွေ့နေကြရတယ် လို့ဆိုပါတယ်။

     

  • အဆုတ်တွေကို ၃ ရက်အတွင်း သန့်ရှင်းကြရအောင်

    သြဂုတ် ၁၆၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    1174568_10201525227189134_1632734152_n

    အဆာပြေစားတဲ့ အချိန် ဂရိတ်ဖုသီးဖျော်ရည် (သို့) နာနတ်သီးဖျော်ရည် တစ်ခွက်သောက်ပါ။ အဲဒီဖျော်ရည်တွေမှာ အသက်ရှုလမ်းကြောင်း အင်္ဂါတွေကို ကျန်းမာစေမယ့် antioxidant တွေပါဝင်ပါတယ်။

    မနက်စာနဲ့ နေ့လည်စာကြားမှာ မုန်လာဥသီးသန့်ဖျော်ရည် တစ်ခွက်သောက်ပါ။ သန်းရှင်းမှုပြုချိန် ၃ ရက်အတွင်း သွေးထဲက အက်စစ်ဓါတ်ပြယ်စေ ပါတယ်။

    နေ့လည်စာစားချိန် ပိုတက်ဆီယမ်များတဲ့ ဖျော်ရည် ခွက်ကြီးတစ်ခွက် သောက်ပေးပါ။ ပိုတက်ဆီယမ်ကို အရည်အဖြစ်သောက်သုံးပါက သန့်ရှင်းရေးမှာ အထောက်အကူများစွာပေးပါတယ်။

    အိပ်ရာမဝင်ခင် Cranberry သီးဖျော်ရည် ခွက်ကြီးတစ်ခွက်သောက်ပါက အဆုတ်ထဲမှာ ရောဂါပိုးကူးစက်စေမယ့် ဘက်တီးရီးယားတွေကို တိုက်ဖို့ အားပေးပါတယ်။ Blueberry သီးတွေဟာလည်း antioxidant ကောင်းတွေဖြစ်ပါတယ်။

    ရေနွေးနဲ့ မိနစ် ၂၀ ခန့် နေ့တိုင်း ရေချိုးပေးပါ။ ချွေးထွက်ခြင်းဖြင့် ကိုယ်ခန္ဓာထဲမှ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့ အရေးကြီးပါတယ်။

    တနေ့ တကြိမ်အနည်းဆုံး ခပ်သွက်သွက်လမ်းလျှောက်ပါ။ လမ်းလျှောက်ခြင်းဟာ အသက်ကောင်းကောင်းရှူစေပါတယ်။ လမ်းလျှောက်နေစဉ် အသက်ကို ဖြေးဖြေးနဲ့ အပြည့်အဝရှူပါ။ မမောမပန်း လျှောက်နိုင်မှာပါ။

    ယူကလစ်ဆီ (ငှက်ခြောက်ပင်အဆီ) ၅ စက်ကနေ ၁၀ စက်အထိကို ရေပူထဲထည့်ပါ။ ထို့နောက် ရေလုံးဝမပူတော့တဲ့အထိ ရေနွေးငွေ့ရှူပါ။ ယူကလစ်ဆီနှင့် ရေနွေးငွေ့တွေဟာ ချွဲသလိပ်ပျော်စေပါတယ်။

    ကိုးကား – Interesting Facts & Information

  • ကျောင်းသားတွေ ဖြန့်မယ့် ပရို-အစ္စရေး (အစ္စရေး အသားပေး) ၀ါဒဖြန့်မှုများ ဖေ့စ်ဘွတ်ခ်နှင့် တွီတာတွင် မြင်ကြရမည်

    M-Media သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ကမ္ဘာ့မီဒီယာတွေကို အသုံးချပြီး ကမ္ဘာ့လူထုကို နည်းမျိုးစုံနဲ့ လှည့်စားနေကြတဲ့ အစ္စရေးတွေက ဒီတစ်ခေါက်မှာလည်း ကျောင်းသားတွေကို မက်လုံးပေးပြီး ဖေ့စ်ဘွတ်ခ်နဲ့ တွီတာတို့မှာ ၀ါဒဖြန့်ဖို့ ခိုင်းစေခြင်းဟာ အောက်လမ်းကနေ နာမည်ကြီးဖို့၊ နာမည်ကောင်းရဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ အရေခြုံလုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးသမား လှုပ်ရှားသူတွေက ဆိုလိုက်ပါတယ်။

    အိုဘားမားနဲ့ အတူတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု
    အိုဘားမားနဲ့ အတူတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု

    အစ္စရေး၏ လက်ရှိအစိုးရက နိင်ငံတကာအမြင်မှာ အစ္စရေးနိုင်ငံကြီး ပနံသင့်စေဖို့ ရည်ရွယ်ပြီး အစီအစဉ်တစ်ခု ဆောင်ရွက်လျက် ရှိကြောင်း ယူကေအခြေဆိုက် နာမည်ကြီး အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြလိုက်ပါတယ်။ သူတို့လုပ်တဲ့အစီအစဉ်ကတော့ အစ္စရေးကျောင်းသားတွေအတွက်ဖြစ်ပြီး အစ္စရေးအသားပေးပို့စ် (pro-Israel) တွေ၊ မက်ဆေ့ခ်ျတွေကို ဖေ့စ်ဘွတ်ခ်နဲ့ တွီတာတွေကနေ ၀ါဒဖြန့်ချိပေးမယ်ဆိုရင် ဖြန့်ချိပေးတဲ့ကျောင်းသားတွေကို ပညာသင်ဆုတွေပေးမယ်ဆိုတဲ့ မက်လုံးပဲဖြစ်ပါတယ်။ အစ္စရေးအစိုးရက အဲဒီအစီအစဉ်ကို တက္ကသိုလ် ၇ ခုမှာ ပြုလုပ်လျက်ရှိပါတယ်။ ၀ါဒဖြန့်ပေးနေတဲ့ ကျောင်းသားတွေက သူတို့ကို အစ္စရေးအစိုးရက ထောက်ပံ့နေပါတယ်ဆိုတာကိုတော့ အွန်လိုင်းမှာ ထုတ်ဖော်ပြောပြကြမှမဟုတ်ဘူးလို့ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း သတင်းတွေ အသားပေးဖော်ပြတဲ့ Haaretz သတင်းစာက ရေးသားခဲ့ပါတယ်။ အစ္စရေး ၀န်ကြီးချုပ် နာတန်ယာဟုရဲ့ ရုံးကလည်း အဲဒီအစီအစဉ်မျိုးပြုလုပ်မယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။ ၀န်ကြီးချုပ်ရုံးကတော့ အစ္စရေးရဲ့ လူထုနဲ့ အဆက်အဆံကို အင်အားဖြည့်တင်းဖို့ရာ ရည်ရွယ်ပြီး အဲဒီလိုလုပ်ရတာဖြစ်တဲ့အကြောင်း၊ ပြောင်းလဲနေတဲ့ သတင်းအချက်အလက် ရယူရေးနည်းစနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရတာဖြစ်တဲ့အကြောင်း ဆိုပါတယ်။ နာတန်ယာဟုရုံးက အဲဒီ ၀ါဒဖြန့်ချိရေးပရောဂျက်အတွက် ဒေါ်လာ ၇ သိန်း၊ ၇သောင်း ၈ထောင် သုံးစွဲဖို့ ဘတ်ဂျက် သတ်မှတ်ထားကြောင်း၊ အစ္စရေးအမျိုးသား ကျောင်းသားသမဂ္ဂ (National Union of Israeli Students – NUIS) က နေပြီး ကျောင်းသားတွေကို ရွေးချယ်ပေးရမှာဖြစ်ကြောင်း ဆိုပါတယ်။ အစ္စရေးကိုတော့ အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ရစ်ချက် ဖာလ်က် အပါအ၀င် အခြားသော လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ပါလစ္စတိုင်းမြေတွေကို ကျူးကျော်ဝင်ရောက်ပြီး အိမ်ယာတွေဆောက်လုပ်ကာ နယ်ချဲ့နေတာကြောင့် ပြစ်တင်ရှုံ့ချ နေကြသလို အဲဒီလုပ်ရပ်နဲ့ပတ်သတ်ပြီး လူ့အခွင့်အရေးသမားတွေက “Zionist Ethnic Cleansing” (ဇီယွန်ဝါဒအခြေခံ လူမျိုးသုတ်သင်ရေး လှုပ်ရှားမှုကြီး) လို့ ကင်ပွန်းတပ်ကြတဲ့အကြောင်း dititaljournal.com က တင်ပြထားပါတယ်။

  • အမေရိကန် ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ကဏ္ဍ လေ့လာရေး ခရီးစဉ်

    သြဂုတ်-၁၅ ရက်၊ ၂၀၁၃
    M-Media

    00Before Departure 3 Department of Justice 8 (United States Institue of Peace)

    မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် ပြည်ထောင်စုကို မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရောက်ရှိနေကြပါတယ်။

    ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ သုံးပတ်ကြာနေထိုင်ပြီး ဝါရှင်တန်ဒီစီ၊ ဘော်စတန်၊ နယူးအော်လင်းစ်နဲ့ လော့စ်အိန်ဂျယ်လစ် မြို့တွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

    အဆိုပါ အဖွဲ့တွင် စစ်ကိုင်းတောင်ရိုးရှိ နိုင်ငံတကာ ဗုဒ္ဓဘာသာ သင်ကြားရေးဌာနက အရှင်ဦးသုန္ဒရ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူတာဟေရ် (ခ) ဦးသာအေး အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှူး အလ်ဟာဂ်ျ ဦးအေးလွင် အပါဝင် ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံမှ အဖွဲ့ဝင် ၈ ဦး ပါဝင်ကြောင်း သိရှိရပါတယ်။

    ဓါတ်ပုံများကြည့်၇န် http://goo.gl/jkYOmV

  • အမေရိကန်၏ ထောက်လှမ်းရေး အချက်အလက်များကို အစ္စရေးက ခိုးယူနိုင်သည်ဟုဆို

    သြဂုတ်လ ၁၅၊ ၂၀၁၃
    M-Media

    Israel can access NSA intelligence

    အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်၏ ဖွင့်ထုတ်မှုများအရ ကန်ထောက်လှမ်းရေး အသိုင်းအ၀ိုင်းတွင် ယိုပေါက်တစ်ခုရှိနေပြီး ထိုယိုပေါက်မှတဆင့် ထောက်လှမ်းရေးအေဂျင်စီများ စုဆောင်းထားသည့်အချက်အလက်များကို အစ္စရေးက ခိုးယူသွားနိုင်သည်ဟု Veterans Today၏မန်နေဂျင်းအယ်ဒီတာနှင့် ပင်တိုင်ဆောင်ပါးရှင် ဂျင် ဒဗလျူ ဒီန်းကပြောဆိုလိုက်သည်။

    တနင်္လာနေ့က Press TV နှင့် ဖုန်းအင်တာဗျူးတွင် ဒီန်းက အကယ်၍ အမေရိကန်အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့်ပက်သက်သည့် ထိပ်တန်းလျို့ဝှက်ချက်များကို စနိုးဒင်ယူနိုင်ခဲ့လျှင် အစ္စရေး ထောက်လှမ်းရေးအဖွဲ့မှာလည်း ထိုကဲ့သို့သောအလုပ်မျိုးကို မလုပ်နိုင်ဟူသော အချက်မှာ ယုံကြည်နိုင်စရာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

    ကန်ထောက်လှမ်းရေးအသိုင်းအ၀ိုင်း၏ ယိုပေါက်မှတဆင့် အစ္စရေးက၀င်ရောက်နိုင်ပြီး အချက်အလက်များကို ခိုးယူသွားနိုင်ကာ ဥပဒေကခွင့်မပြုထားသည့် အရာများကို အစ္စရေးဘက်က လုပ်ဆောင်သွားနိုင်သည်ဟု ဒီန်းက ထပ်လောင်းပြောကြားခဲ့သည်။

    အချက်အလက်များစုဆောင်းရာ၌ အမေရိကန်နိုင်ငံသားမဟုတ်သူများ အမေရိကန်ပြင်ပမှ နိုင်ငံရပ်ခြား ပစ်မှတ်များ၏ ဆက်သွယ်မှုများအပေါ် အမိန့်မလိုဘဲ သတင်းစုဆောင်းနိုင်ရန် အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီအား အမေရိကန်ဥပဒေက ခွင့်ပြုထားသည်။ ၎င်းအပြင် “incidental collection”ဟု သတ်မှတ်ခေါ်ဝေါ်သည့် လုပ်ငန်းစဉ်မှတဆင့် အမေရိကန်မြေပေါ်ရှိ ပြည်တွင်းဆက်သွယ်မှုများကို အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီက မှတ်တမ်းတင် သိမ်းဆည်းထားနိုင်သည်။

    ဇွန်လက စနိုးဒင်ထုတ်ဖော်ပြောဆိုခဲ့သည့် လျို့ဝှက်ချက်များအရ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီသည် အမေရိကန်နိုင်ငံသားများ၏ ဖုန်းခေါ်ဆိုမှုများအား ထောက်လှမ်းခြင်း၊ အမေရိကန်အခြေစိုက် ၀ဘ်ဆာဗာများကို အသုံးပြုကြသည့် ကမ္ဘာတစ်ဝှမ်းမှ လူများအား စောင့်ကြည့်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည