News @ M-Media

Blog

  • ကျောင်းသားတွေ ဖြန့်မယ့် ပရို-အစ္စရေး (အစ္စရေး အသားပေး) ၀ါဒဖြန့်မှုများ ဖေ့စ်ဘွတ်ခ်နှင့် တွီတာတွင် မြင်ကြရမည်

    M-Media သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ကမ္ဘာ့မီဒီယာတွေကို အသုံးချပြီး ကမ္ဘာ့လူထုကို နည်းမျိုးစုံနဲ့ လှည့်စားနေကြတဲ့ အစ္စရေးတွေက ဒီတစ်ခေါက်မှာလည်း ကျောင်းသားတွေကို မက်လုံးပေးပြီး ဖေ့စ်ဘွတ်ခ်နဲ့ တွီတာတို့မှာ ၀ါဒဖြန့်ဖို့ ခိုင်းစေခြင်းဟာ အောက်လမ်းကနေ နာမည်ကြီးဖို့၊ နာမည်ကောင်းရဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ အရေခြုံလုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးသမား လှုပ်ရှားသူတွေက ဆိုလိုက်ပါတယ်။

    အိုဘားမားနဲ့ အတူတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု
    အိုဘားမားနဲ့ အတူတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု

    အစ္စရေး၏ လက်ရှိအစိုးရက နိင်ငံတကာအမြင်မှာ အစ္စရေးနိုင်ငံကြီး ပနံသင့်စေဖို့ ရည်ရွယ်ပြီး အစီအစဉ်တစ်ခု ဆောင်ရွက်လျက် ရှိကြောင်း ယူကေအခြေဆိုက် နာမည်ကြီး အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြလိုက်ပါတယ်။ သူတို့လုပ်တဲ့အစီအစဉ်ကတော့ အစ္စရေးကျောင်းသားတွေအတွက်ဖြစ်ပြီး အစ္စရေးအသားပေးပို့စ် (pro-Israel) တွေ၊ မက်ဆေ့ခ်ျတွေကို ဖေ့စ်ဘွတ်ခ်နဲ့ တွီတာတွေကနေ ၀ါဒဖြန့်ချိပေးမယ်ဆိုရင် ဖြန့်ချိပေးတဲ့ကျောင်းသားတွေကို ပညာသင်ဆုတွေပေးမယ်ဆိုတဲ့ မက်လုံးပဲဖြစ်ပါတယ်။ အစ္စရေးအစိုးရက အဲဒီအစီအစဉ်ကို တက္ကသိုလ် ၇ ခုမှာ ပြုလုပ်လျက်ရှိပါတယ်။ ၀ါဒဖြန့်ပေးနေတဲ့ ကျောင်းသားတွေက သူတို့ကို အစ္စရေးအစိုးရက ထောက်ပံ့နေပါတယ်ဆိုတာကိုတော့ အွန်လိုင်းမှာ ထုတ်ဖော်ပြောပြကြမှမဟုတ်ဘူးလို့ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း သတင်းတွေ အသားပေးဖော်ပြတဲ့ Haaretz သတင်းစာက ရေးသားခဲ့ပါတယ်။ အစ္စရေး ၀န်ကြီးချုပ် နာတန်ယာဟုရဲ့ ရုံးကလည်း အဲဒီအစီအစဉ်မျိုးပြုလုပ်မယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။ ၀န်ကြီးချုပ်ရုံးကတော့ အစ္စရေးရဲ့ လူထုနဲ့ အဆက်အဆံကို အင်အားဖြည့်တင်းဖို့ရာ ရည်ရွယ်ပြီး အဲဒီလိုလုပ်ရတာဖြစ်တဲ့အကြောင်း၊ ပြောင်းလဲနေတဲ့ သတင်းအချက်အလက် ရယူရေးနည်းစနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရတာဖြစ်တဲ့အကြောင်း ဆိုပါတယ်။ နာတန်ယာဟုရုံးက အဲဒီ ၀ါဒဖြန့်ချိရေးပရောဂျက်အတွက် ဒေါ်လာ ၇ သိန်း၊ ၇သောင်း ၈ထောင် သုံးစွဲဖို့ ဘတ်ဂျက် သတ်မှတ်ထားကြောင်း၊ အစ္စရေးအမျိုးသား ကျောင်းသားသမဂ္ဂ (National Union of Israeli Students – NUIS) က နေပြီး ကျောင်းသားတွေကို ရွေးချယ်ပေးရမှာဖြစ်ကြောင်း ဆိုပါတယ်။ အစ္စရေးကိုတော့ အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ရစ်ချက် ဖာလ်က် အပါအ၀င် အခြားသော လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ပါလစ္စတိုင်းမြေတွေကို ကျူးကျော်ဝင်ရောက်ပြီး အိမ်ယာတွေဆောက်လုပ်ကာ နယ်ချဲ့နေတာကြောင့် ပြစ်တင်ရှုံ့ချ နေကြသလို အဲဒီလုပ်ရပ်နဲ့ပတ်သတ်ပြီး လူ့အခွင့်အရေးသမားတွေက “Zionist Ethnic Cleansing” (ဇီယွန်ဝါဒအခြေခံ လူမျိုးသုတ်သင်ရေး လှုပ်ရှားမှုကြီး) လို့ ကင်ပွန်းတပ်ကြတဲ့အကြောင်း dititaljournal.com က တင်ပြထားပါတယ်။

  • အမေရိကန် ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ကဏ္ဍ လေ့လာရေး ခရီးစဉ်

    သြဂုတ်-၁၅ ရက်၊ ၂၀၁၃
    M-Media

    00Before Departure 3 Department of Justice 8 (United States Institue of Peace)

    မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် ပြည်ထောင်စုကို မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရောက်ရှိနေကြပါတယ်။

    ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ သုံးပတ်ကြာနေထိုင်ပြီး ဝါရှင်တန်ဒီစီ၊ ဘော်စတန်၊ နယူးအော်လင်းစ်နဲ့ လော့စ်အိန်ဂျယ်လစ် မြို့တွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

    အဆိုပါ အဖွဲ့တွင် စစ်ကိုင်းတောင်ရိုးရှိ နိုင်ငံတကာ ဗုဒ္ဓဘာသာ သင်ကြားရေးဌာနက အရှင်ဦးသုန္ဒရ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူတာဟေရ် (ခ) ဦးသာအေး အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှူး အလ်ဟာဂ်ျ ဦးအေးလွင် အပါဝင် ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံမှ အဖွဲ့ဝင် ၈ ဦး ပါဝင်ကြောင်း သိရှိရပါတယ်။

    ဓါတ်ပုံများကြည့်၇န် http://goo.gl/jkYOmV

  • အမေရိကန်၏ ထောက်လှမ်းရေး အချက်အလက်များကို အစ္စရေးက ခိုးယူနိုင်သည်ဟုဆို

    သြဂုတ်လ ၁၅၊ ၂၀၁၃
    M-Media

    Israel can access NSA intelligence

    အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်၏ ဖွင့်ထုတ်မှုများအရ ကန်ထောက်လှမ်းရေး အသိုင်းအ၀ိုင်းတွင် ယိုပေါက်တစ်ခုရှိနေပြီး ထိုယိုပေါက်မှတဆင့် ထောက်လှမ်းရေးအေဂျင်စီများ စုဆောင်းထားသည့်အချက်အလက်များကို အစ္စရေးက ခိုးယူသွားနိုင်သည်ဟု Veterans Today၏မန်နေဂျင်းအယ်ဒီတာနှင့် ပင်တိုင်ဆောင်ပါးရှင် ဂျင် ဒဗလျူ ဒီန်းကပြောဆိုလိုက်သည်။

    တနင်္လာနေ့က Press TV နှင့် ဖုန်းအင်တာဗျူးတွင် ဒီန်းက အကယ်၍ အမေရိကန်အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့်ပက်သက်သည့် ထိပ်တန်းလျို့ဝှက်ချက်များကို စနိုးဒင်ယူနိုင်ခဲ့လျှင် အစ္စရေး ထောက်လှမ်းရေးအဖွဲ့မှာလည်း ထိုကဲ့သို့သောအလုပ်မျိုးကို မလုပ်နိုင်ဟူသော အချက်မှာ ယုံကြည်နိုင်စရာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

    ကန်ထောက်လှမ်းရေးအသိုင်းအ၀ိုင်း၏ ယိုပေါက်မှတဆင့် အစ္စရေးက၀င်ရောက်နိုင်ပြီး အချက်အလက်များကို ခိုးယူသွားနိုင်ကာ ဥပဒေကခွင့်မပြုထားသည့် အရာများကို အစ္စရေးဘက်က လုပ်ဆောင်သွားနိုင်သည်ဟု ဒီန်းက ထပ်လောင်းပြောကြားခဲ့သည်။

    အချက်အလက်များစုဆောင်းရာ၌ အမေရိကန်နိုင်ငံသားမဟုတ်သူများ အမေရိကန်ပြင်ပမှ နိုင်ငံရပ်ခြား ပစ်မှတ်များ၏ ဆက်သွယ်မှုများအပေါ် အမိန့်မလိုဘဲ သတင်းစုဆောင်းနိုင်ရန် အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီအား အမေရိကန်ဥပဒေက ခွင့်ပြုထားသည်။ ၎င်းအပြင် “incidental collection”ဟု သတ်မှတ်ခေါ်ဝေါ်သည့် လုပ်ငန်းစဉ်မှတဆင့် အမေရိကန်မြေပေါ်ရှိ ပြည်တွင်းဆက်သွယ်မှုများကို အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီက မှတ်တမ်းတင် သိမ်းဆည်းထားနိုင်သည်။

    ဇွန်လက စနိုးဒင်ထုတ်ဖော်ပြောဆိုခဲ့သည့် လျို့ဝှက်ချက်များအရ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီသည် အမေရိကန်နိုင်ငံသားများ၏ ဖုန်းခေါ်ဆိုမှုများအား ထောက်လှမ်းခြင်း၊ အမေရိကန်အခြေစိုက် ၀ဘ်ဆာဗာများကို အသုံးပြုကြသည့် ကမ္ဘာတစ်ဝှမ်းမှ လူများအား စောင့်ကြည့်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည

  • ၁၅-၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှုအကျဉ်း

    M-Media
    သြဂုတ်- ၁၅ ရက်၊ ၂၀၁၃

    4886916

    နစ်မြုပ်ခဲ့သည့် ရေငုပ်သင်္ဘောမှ သင်္ဘောသား ၁၈ ဦး သေဆုံးဖွယ်ရှိသည်ဟု အိန္ဒိယပြော

    အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဆိုက်ကပ်ထားသည့် ရေငုပ်သင်္ဘောမှာ မီးလောင်မှုဖြစ်ပွားပြီး ယမန်နေ့က နစ်မြုပ်ခဲ့ရာ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သင်္ဘောသား ၁၈ ဦးမှာ အသက်ရှင်နိုင်ရန် အလားအလာမရှိတော့ဟုသိရသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များက  အလောင်းများအား ရှာဖွေတွေ့ရှိခြင်း မရှိသေးသော်လည်း ရေငုပ်သင်္ဘော အတွင်းပေါက်ကွဲမှုနှင့် မီးလောင်မှုအနေအထားအရ သင်္ဘောသားများမှာ အသက်ရှင်နိုင်ရန် မည်သည့်နည်းလမ်းမှ မရှိဟု အိန္ဒိယ ရေတပ်ကပြောဆိုလိုက်သည်။ ၎င်းတို့သေဆုံးမှုမှာ

    တိုင်းပြည်အတွက်ဆုံးရှုံး နစ်နာမှုသာဖြစ်ကြောင်း၊ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့သည့် အဆိုပါ စစ်သားများအတွက် အလွန်ဝမ်းနည်းမိပါကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေ ကေ အန်တိုနီက ပြောဆိုသည်။
    ______________________________________
    မွတ်စလင်ညီအကိုများအဖွဲ့ဝင်များ ကိုင်ရိုသို့ ချီတက် ဆန္ဒပြရန်စီစဉ်

    အီဂျစ်နိုင်ငံရှိ မွတ်စလင်ညီအကိုများအဖွဲ့က ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းခဲ့သည့် အီဂျစ်စစ်တပ်၏လုပ်ရပ်အား ရှုတ်ချရန်အတွက် ကိုင်ရိုမြို့သို့ ချီတက်ဆန္ဒပြရန် စီစဉ်နေသည်ဟု သိရသည်။ အာဏာရှင်လက်အောက်မှလွတ်မြောက်လာခဲ့ပြီး ဒီမိုကရေစီနည်းကျ  တင်မြှောက်ထားသည့် အီဂျစ်သမ္မတ မိုဟာမက်မော်စီအား အီဂျစ်စစ်တပ်ကဖြုတ်ချပြီးနောက် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး စစ်တပ်မှပြင်ပြင်းထန်ထန်နှိမ်နင်းခဲ့ကာ လူပေါင်းရာချီသေဆုံးခဲ့သည်။ အီဂျစ်စစ်တပ်၏ လုပ်ရပ်အား ကုလသမ္မဂ္ဂအပါအ၀င်  ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ပြင်းထန်စွာ ဝေဖန်ရှုတ်ချထားသည်။ ဆန္ဒပြမှုအတွင်းစစ်တပ်မှ ပစ်ခတ်နှိမ်နင်းမှုကြောင့် ယခုအချိန်အထိ သေဆုံးသူ လေးရာကျော်ရှိပြီဟုသိရသည်။
    ______________________________________
    ဆုံးရှုံးသွားသော နယ်နမိတ် ပြန်ရရန် နီပေါတက်ကြွ လှုပ်ရှားသူတစ်ဦး ဆန္ဒပြ

    နီပေါအမျိုးသားတပ်ဦးမှ တက်ကြွလှုပ်ရှားသူ ဖာနင်ဒရာမှာ ကသ်မန်ဒူမြို့ရှိ အိန္ဒိယသံရုံးရှေ့တွင် ယနေ့ ဆန္ဒပြခဲ့သည်ဟုသိရသည်။ ၁၈၁၆ ခုနှစ်တွင် ဗြိတိသျှအုပ်ချုပ်သည့် အိန္ဒိယနှင့် ချုပ်ဆိုခဲ့သော  Sugauli စာချုပ်အရ ပေးခဲ့ရသော နီပေါပိုင်နက် ၅၇၇၃၆ စကွဲကီလိုမီတာအား  ပြန်လည်တောင်းဆိုခြင်းဖြစ်သည်။ ထိုဆန္ဒပြမှုမှာ ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးနေ့နှင့်လည်း တိုက်ဆိုင်နေသည်။ ယခုအချိန်တွင် အိန္ဒိယနိုင်ငံမှာ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်နေပြီဖြစ်ကြောင်း၊ လွတ်လပ်သောအိန္ဒိယနိုင်ငံမှ နီပေါ၏ ပိုင်နက်တစ်ချို့အား သိမ်းပိုက်ထားသည်ဆိုသည်ကို အမှတ်ရစေရန် ဆန္ဒပြခြင်းဖြစ်ကြောင်း ဖာနင်ဒရာကပြောကြားခဲ့သည်။
    ______________________________________
    တာလီဘန်များနှင့် အာဖဂန်ရဲများ တိုက်ခိုက်မှုဖြစ်ပွား တာလီဘန်ခေါင်းဆောင်တစ်ဦသေဆုံး

    ကဘူလ်းမြို့ အရှေ့မြောက်ဘက် ၃၁၅ ကီလိုမီတာအကွာတွင်ရှိသည့် ဘာဒက်ရှန်ပြည်နယ် ဂျာမ်ခရိုင်တွင် တာလီဘန်အဖွဲ့ဝင်များနှင့် အာဖဂန်ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။ ယနေ့နံနက်စောစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း တာလီဘန်ခေါင်းဆောင်တစ်ဦးသေဆုံးခဲ့ပြီး တာလီဘန်တိုက်ခိုက်ရေးသမား ငါးဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ရဲတပ်ဖွဲ့ဝင်များစောင့်ကြပ်နေသည့်စစ်ဆေးရေးဂိတ်အား တာလီဘန်များက  တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရသည်ဟု သိရသည်။
    ______________________________________
    ဗလီဝတ်ကျောင်းတော် တိုက်ခိုက်ခံရမှုတွင် အချိန်မီအရေးယူရန် ပျက်ကွက်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား သီရိလင်္ကာဝန်ကြီး ပြင်းထန်စွာဝေဖန်

    ပြီးခဲ့သည့် သီတင်းပတ်က ကိုလံဘိုမြို့ဆင်ခြေဖုံးဒေသတွင် ဖြစ်ပွားခဲ့သည့် ဗလီဝတ်ကျောင်းတော်အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း အလျင်အမြန်အရေးယူရန် ပျက်ကွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား သီရိလင်္ကာထိပ်တန်း ၀န်ကြီးတစ်ဦးက ဝေဖန်ပြောဆိုလိုက်သည်။

    စက်မှုလက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာန၀န်ကြီး ရရှစ် ဘာသီအူဒင်က ရဲချုပ် အန် ကေ အီလန်ဂါကွန်ထံသို့ ဗလီဝတ်ကျောင်းတော် အကြမ်းဖက်ဖျက်ဆီးခံရမှုကို လုံခြုံရေးကင်မရာမှ မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်နှင့်စာတစ်စောင်ပေးပို့ခဲ့ပြီး ထိုစာတွင်  အကြမ်းဖက်ဖျက်ဆီးသူများအား ရဲတပ်ဖွဲ့ဝင်များက အရေးယူရန်ပျက်ကွက်ပုံကို ဝေဖန်ရေးသားထားသည်။

  • ရခိုင်ပြည်နယ်မှကလေးငယ်များပညာရေးအတွက် စာအုပ်များ စုပေါင်းလှူဒါန်း

    သြဂုတ်လ ၁၅၊ ၂၀၁၃
    M-Media
    ဆူးထက်

    မြန်မာ့သစ္စာခံ အစ္စလာမ့်အင်အားစုနှင့် ၁၀၁လမ်း ရောင်နက်ဗလီထိပ် မေတ္တာအားမာန် လူမူကူညီရေး အဖွဲ့တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ ကလေးငယ်များပညာရေးအတွက် အင်္ဂလိပ်ဝေါဟာရများ တိုးတက်မှုဆိုင်ရာ လေ့ကျင့်ခန်းစာအုပ်များ ပေးအပ်လှူဒါန်း

    DSCN4728

    ရန်ကုန်။    ။    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘူးသီတောင်မောင်းတောနေ ကလေးများအတွက် အင်္ဂလိပ် ဝေါဟာရများ တိုးတက်မှုဆိုင်ရာ လေ့ကျင့်ခန်းစာအုပ်များကို မြန်မာ့သစ္စာခံ အစ္စလာမ့်အင်အားစုနှင့် ၁၀၁လမ်း ရောင်နက်ဗလီထိပ် မေတ္တာအားမာန် လူမူကူညီရေး အဖွဲ့တို့ပူးပေါင်း၍ သြဂုတ်လ ၁၄ရက်နေ့က ညနေ ၃နာရီမှ ၄နာရီထိ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    ” အဲဒီမှာ ရှိတဲ့ ပညာရေးအားနည်းတဲ့ ကလေးတွေရဲ့ ပညာရေး တိုးတက် မြင့်မားဖို့ အတွက် ရည်ရွယ်ပါတယ်။ အဲဒီမှာ ရှိတဲ့ ကလေးတွေဟာ အခြားမှာရှိတဲ့  ကလေးတွေနဲ့ မတူဘဲ ဆရာ၊ ဆရာမတွေနဲ့ အလှမ်းဝေးတဲ့အတွက် သူတို့တွေအတွက် အလွယ်တကူ စာပေလေ့လာနိုင်အောင်ပါ။ စုစုပေါင်း တန်ဖိုးငွေ နှစ်သိန်း နှစ်ထောင် ငါးထောင်ကျော် ရှိပါတယ်။ ကျွန်တော်တို့အားလုံး ရှိတာလေး စုပေါင်းပြီးတော့ ကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလို လိုအပ်နေတဲ့ ကွက်လပ်များကို ရှေ့ဆက် ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ လှူဒါန်းလိုသူတွေ အနေနဲ့ ကျွန်တော်တို့ အဖွဲ့နဲ့ အတူ ပူးပေါင်းပါဝင်နိုင်ပါတယ် ခင်ဗျား ” ဟု မြန်မာ့သစ္စာခံ အစ္စလာမ့်အင်အားစုမှ ဥက္ကဌ ဦးမောင်မောင်ဆင့်က  M-Media သို့ပြောသည်။

    အဆိုပါ အခမ်းအနားတွင် PCN အုပ်ချုပ်ရေးမှူး အဖွဲ့မှ ဦးသန်းဦးမှ အမှာစကားပြောကြားခြင်း၊  ၁၀၁လမ်း ရောင်နက်ဗလီထိပ် မေတ္တာအားမာန် လူမူကူညီရေး အဖွဲ့ကိုယ်စား ဦးဌေးသိန်းမှ အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ အင်္ဂလိပ်စာ သင်ကြားရေး ကွန်ရက် (MTEN) ဥက္ကဌ ဦးအောင်မြင့်မှ အမှာစကားပြောကြားခြင်း၊ ဦးလှကြည်မှ အင်္ဂလိပ်ဝေါဟာရများ တိုးတက်မှုဆိုင်ရာ လေ့ကျင့်ခန်းစာအုပ်၏ အသုံးဝင်ပုံအား သုံးသပ်ပြောပြ ခဲ့ကြောင်း သိရသည်။

    ဆက်လက်၍ စာအုပ်များကို ရခိုင်ပြည်နယ်ရှိ ကလေးငယ်များ ကိုယ်စား မခင်မျိုးညွှန့် ( Special guide & Computer Trainer ) မှ လက်ခံယူပေးခဲ့ပြီး ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုတ်သိမ်းခဲ့ကြကြောင်း သတင်း ရရှိသည်။

    DSCN4731

    ဓါတ်ပုံများကြည့်ရန် Click Here