News @ M-Media
Blog
  • ၁၅-၈-၂၀၁၃ အားကစားသတင်းများ
    သြဂုတ်လ- ၁၅ ရက်၊ ၂၀၁၃
    M-Media
    Northern-Ireland-v-Russia-FIFA-2014-World-Cup-Qualifier-2168261
    ဘရာဇီးနှင့် ရုရှားတို့ ရှုံးနိမ့်ပြီး အဂျင်တီးနား၊ ဆွီဒင် တို့အောင်ပွဲခံခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲများ
    နိုင်ငံတကာခြေစမ်းပွဲများကို သြဂုတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီးဘရာဇီးအသင်းနှင့် ရုရှားအသင်းတို့မှာ အံ့သြဖွယ်ရှုံးနိမ့်ခဲ့ရပြီး အာဂျင်တီးနားနှင့် ဆွီဒင်အသင်းတို့မှာ နိုင်ပွဲကိုယ်ဆီရခဲ့ကြသည်ဟုသိရသည်။
    ဘေဆယ်တွင်ကစားခဲ့သည့် ဘရာဇီးလ်နှင့် ဆွစ်ဇလန်တို့ပွဲတွင် ဆွစ်ဇလန်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ဘရာဇီးလ်နောက်ခံလူ ဒန်နီယဲလ်အဲလ်ဗတ်စ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်ပြီး ထိုပွဲအရှုံးကြောင့် ဘရာဇီးလ်အသင်းမှာ ၁၁ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန် ကြိုးပျက်ခဲ့ရသည်။
    မြောက်အိုင်ယာလန်အသင်းမှာလည်း ရုရှားအသင်းကို မာတင်ပတ်တာဆန်၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲအနိုင်ကြောင့် နောက်ဆုံး ၉ ပွဲတွင် တစ်ပွဲမှအနိုင် မရရှိခဲ့သည့် မြောက်အိုင်ယာလန်နည်းပြ မိုက်ကယ်အိုးနေးလ်မှာ ဖိအားများအထိုက်အလျောက်လျှော့ကျသွားသည်။
    အီတလီနိုင်ငံ ရောမမြို့တွင် ကစားခဲ့သည့် အာဂျင်တီးနားနှင့် အီတလီတို့ပွဲတွင် အာဂျင်တီးနားက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အာဂျင်တီးနားအတွက် ဂိုးများကို ဂွန်ဇာလို ဟီဂူအင်နှင့် အီဗာ ဘန်နီဂါတို့ကသွင်းယူပေးခဲ့ပြီး အီတလီအသင်းအတွက် တစ်လုံးတည်းသောဂိုးကို လော်ရန်ဇို အင်ဆင်က သွင်းယူပေးခဲ့သည်။
    ဆွီဒင်အသင်းနှင့် နော်ဝေအသင်းတို့၏ ပွဲစဉ်ကို စတော့ဟုမ်းတွင် ကစားခဲ့ကြပြီး ဆွီဒင်အသင်းက ၄ ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆွီဒင်အတွက်ဂိုးများကို အန်ဒါ ဆဗန်ဆန်က တစ်ဂိုးနှင့် အီဗရာဟီမိုဗစ်က ဟက်ထရစ်သွင်းယူပေးခဲ့ပြီး၊ မိုဟာမက် အဘ်ဒီလာအူနှင့် စတီဖန် ဂျိုဟန်ဆန်တို့က နော်ဝေအသင်းတွက် ချေပဂိုးများ သွင်းယူပေးခဲ့သည်။
    အခြားပွဲစဉ်များတွင် ဥရုဂွေးအသင်းက ဂျပန်အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ယူကရိန်းအသင်းက အစ္စရေးအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပိုလန်အသင်းက ဒိန်းမတ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။
    ______________________________________
    လမ္ဘာတ္အား ဟဒ္ဆန္ခ်ီးက်ဴး
    အင်္ဂလန်အသင်း၏နည်းပြဖြစ်သူ ရွိုင်ယန်ဟဒ်ဆန်မှာ ဆောက်သက်တမ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ရစ်ကီလမ်ဘာတ်အား ချီးကျူးပြောဆိုလိုက်သည်။ လမ်ဘာတ်မှာ ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် အင်္ဂလန်အသင်းက စကော့တလန်အသင်းအား ၃ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲတွင် အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့သူဖြစ်သည်။ ထိုပွဲမှာ လမ်ဘာတ်၏ လက်ရွေးစင်အသင်းနှင့် ပထမဦးဆုံးကစားသည့်ပွဲလည်းဖြစ်သည်။
    ______________________________________
    မော်ရင်ဟို၏လက်အောင်တွင် ကစားချင်သည်ဟု အီတူးဆို
    ရုရှားကလပ် Anzhi Makhachkala အသင်း၏တိုက်စစ်မှူးဖြစ်သူ အီတူးက ၎င်းအနေဖြင့် မော်ရင်ဟို၏လက်အောက်တွင်ကစားချင်သည်ဟု ပြောဆိုလိုက်သည်။ အသက် ၃၂ နှစ်အရွယ်ရှိအီတူးမှာ စီးရီးအေကလပ်အင်တာအသင်းတွင် မော်ရင်ဟိုနှင့်လက်တွဲ့ခဲ့ဖူးပြီး စီးရီးအေဖလားနှင့် ချန်ပီယံလိဂ်ဖလားများကို ဆွတ်ခူးခဲ့ဖူးသည်။ အီတူး၏ မှတ်ချက်နှင့်ပက်သက်၍ မော်ရင်ဟိုက ယခင် ၎င်းနှင့်အလုပ်တွဲလုပ်ဖူးသူများမှာ ၎င်းနှင့်ထပ်မံလက်တွဲလိုကြောင်းကြားသိရသည့်အတွက်ပြောရွှင်မိကြောင်းပြောကြားခဲ့သည်။
    ______________________________________
    ဖာဘရီဂတ်စ်အတွက် မန်ယူနောက်ဆုံး ကမ်းလှမ်းမှုပြုလုပ်
    ပရီးမီးလားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းသည် ဘာစီလိုနာကွင်းလယ်လူ ဖာဘရီဂတ်စ်အားခေါ်ယူရန် နောက်ဆုံးကမ်းလှမ်းမှု ပြုလုပ်လိုက်သည်ဟုသိရသည်။ မန်ယူအသင်းမှာ အဆိုပါကစားသမားအား စောစောပိုင်းကလည်းခေါ်ယူရန်ကြိုးစားခဲ့ဖူးပြီး ဖာဘရီဂတ်စ်၏ အသင်းဖော်များနှင့် ဘာစီလိုနာ အသင်းက ဖာဘရီဂတ်စ်အား အသင်းမပြောင်းစေလိုဟု ထုတ်ဖော်ပြောဆိုထားသော်လည်း မန်ယူအသင်းက ပေါင် ၃၂ သန်းကျော်ဖြင့် နောက်ဆုံးကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
    ______________________________________
    ဒီမစ်ချယ်လီအားခေါ်ယူရန် မန်စီးတီးပြင်ဆင်
    မန်ချက်စတာစီးတီးအသင်းသည် လာလီဂါကလပ် မာလာဂါအသင်း၏နောက်ခံလူ မာတင် ဒီမစ်ချယ်လီအားခေါ်ယူရန် စီစဉ်နေသည်ဟုသိရသည်။ ရီးယဲလ်မက်ဒရစ် အသင်း၏ နောက်ခံလူ ပီပီအားခေါ်ယူရန်မအောင် မမြင်ဖြစ်ပြီးနောက် ဒီမစ်ချယ်လီအား ယူရို ၃.၅ သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။
    Daily Mirror
    ______________________________________
    ATP Western and Southern Open တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်အနိုင်ရရှိ
    ကမ္ဘာ့အဆင့် ၁ ရှိ ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်မှာ အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ATP Western and Southern Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ဂျိုကိုဗစ်မှာ အာဂျင်တိုင်းထိပ်တန်းတင်းနစ်သမား ဂျူအန်မိုနာကိုအား ၇-၅၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နိုင်ခြေအဆင့် ၁ ရ ဂျိုကိုဗစ်မှာ ATP Western and Southern Open ဖလားကို ပြီးခဲ့သည့် ငါးနှစ်အတွင်း လေးကြိမ် ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်သည်။
    ______________________________________
    ဆရီနာနှင့် ကဗီတိုဗာတို့အနိုင်ရရှိခဲ့သည့်WTA Western and Southern Open တင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့တွင် ကျင်းပပြုလုပ်နေသည့် WTA Western and Southern Open တင်းနစ်ပြိုင်ပွဲ တတိယအဆင့်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုက်ကစားခဲ့ရာ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံနှင့် ချက်တင်းနစ်မယ် ကဗီတိုဗာတို့ အနိုင်ရရှိခဲ့သည်ဟုသိရသည်။
    ဂရန်းဆမ်း ဆုဖလား ၁၆ ခုဆွတ်ခူးရရှိထားသည့် ဆရီနာဝီလီယံမှာ ကနေဒါတင်းနစ်မယ် ယူဂျီနီဘူချာဒ်အား အနိုင်ရရှိခဲ့သည်။ ဆရီနာမှာ ပထမပွဲငယ်တွင် ၄-၆ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယနှင့် တတိယပွဲငယ်တို့တွင် ၆-၂၊ ၆-၂ ဖြင့်ပြန်လည်အနိုင်ရရှိခဲ့ကာ နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
    နိုင်အခြေအဆင့် ၇ ရှိ ပီထရာကဗီတိုဗာမှာ နယူးဇီလန်တင်းနစ်မယ် မရီနာ အီရာကိုဗစ်အား ၆-၄၊ ၆-၇(၉-၇)၊ ၆-၃ ဖြင့်လည်းကောင်း၊ နိုင်ခြေအဆင့် ၆ ရ အီတလီတင်းနစ်မယ် ဆာရာ အီရာနီမှာ ဆလိုဗေးနီးယားတင်းနစ်မယ် ပိုလိုနာ ဟာကော့ဂ်ျ အား ၆-၄၊ ၅-၇၊ ၆-၄ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
    ______________________________________
    အသက် ၂၈ နှစ်အရွယ်ရှိ ၀င်ဘယ်လ်ဒန်ချန်ပီယံ ပြင်သစ်တင်းနစ်မယ် မာရီယန် ဘာတိုလီမှာ တင်းနစ်လောကမှ အနားယူလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့သည်။ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးတွင်ကျင်းပနေသည့် WTA Western and Southern Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် အား ၃-၆၊ ၆-၄၊ ၆-၁ ဖြင့်ရှုံးနိမ့်အပြီးတွင် ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည့် ဘာလိုတီက သူမအနေဖြင့် အနားယူရန် အချိန်တန်ပြီဖြစ်ကြောင်း၊
    ယခုနှစ်အစပိုင်းကတည်းက ဒဏ်ရာပြဿနာတော်တော်များများကို ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ဘာလိုတီမှာ ယခုနှစ် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ပူပူနွေးနွေး ဗိုလ်စွဲထားသူလည်းဖြစ်သည်။
    ______________________________________
    ကမ္ဘာ့ချန်ပီယံရှစ်အားကစားပြိုင်ပွဲ မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် မာရီလင် အိုကိုရိုနှင့် လော်ရာမူအာရ်တို့ ဆီးမီးဖိုင်နယ်သို့ရောက်ရှိ
    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ချန်ပီယံရှစ်အားကစားပြိုင်ပွဲ မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံသူ မာရီလင်အိုကိုရိုနှင့် လောရာမူအာရ်တို့မှာ ဆီးမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဟု သိရသည်။ အိုကိုရိုမှာ ၁ မီနစ် ၅၉.၄၃ စက္ကန့်ဖြင့်လည်းကောင်း၊ မူအာရ်မှာ ၂ မိနစ် ၀.၈၀ စက္ကန့်ဖြင့်လည်းကောင်း အသီးအသီးပန်းဝင်ခဲ့ခြင်းဖြစ်သည်။
  • ကင်းတားနား ကေအိုင်အိုဌာနချုပ်တည်ရာ လိုင်ဇာသွားခွင့် ပိတ်ပင်ခံရ
    M-Media
    သြဂုတ်လ ၁၅ ရက်၊ ၂၀၁၃
    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသော မစ္စတာ ကင်တားနား။ ဖေဖော်ဝါရီ ၁၅၊ ၂၀၃။ (photo:VOA)
    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသော မစ္စတာ ကင်တားနား။ ဖေဖော်ဝါရီ ၁၅၊ ၂၀၃။ (photo:VOA)
    ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်းတားနား ကေအိုင်အေဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ခွင့် ပိတ်ပင်ခံခဲ့ရတယ်လို့ သတင်းများက ဆိုပါတယ်။
    ကေအိုင်အေဘက်က ကင်းတားနားကို ကြိုဆိုပေမယ့် မြန်မာအစိုးရက သွားရောက်ခွင့်မပေးတာကြောင့် ကင်းတားနားရဲ့လိုင်ဇာခရီးစဉ် ဖျက်သိမ်းခဲ့ ရတာဖြစ်တယ်လို့ kachinwaves news က တင်ပြထားပါတယ်။
    `သူ(ကင်တာနား) ကိုယ်တိုင် လိုင်ဇာထိ သွားပြီး မျက်မြင်ကိုယ်တွေ့မြင်ရင်တော့ ကုလ ရဲ့လုပ်ဆောင်ချက်တွေက ပိုပြီးမြန်လာမှာပေါ့။ အခု သူမ သွားနိုင်တော့ ကေအိုင်အိုအနေနဲ့ရော၊ ကေအိုင်အိုအလုပ်အဖွဲ့အနေနဲ့ရော၊ စစ်ဘေးဒုက္ခသည်တွေကိုယ်စားပါ စိတ်မကောင်းဘူး။´ လို့ ကေအိုင်အို အလုပ်အဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိတဲ့ ဆရာဒေါင်ခါက kachinwaves news သို့ ပြောပြထားပါတယ်။
    မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်ကိုရောက်ရှိစဉ်မှာ ပြည်နယ်အစိုးရအပါအ၀င် KIO ရဲ့ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လိုင်ဇာကို သွားရောက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ကြောင်း မစ္စတာကင်တားနားနဲ့အတူ လိုက်ပါသွားတဲ့ ရန်ကုန် ကုလသမဂ္ဂ ရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပြကြောင်း ဗွီအိုအေမြန်မာပိုင်းက သတင်းတင်ပြထားပါတယ်။
    ကချင်ပြည်နယ်အစိုးရဘက်ကတော့ ဒီလိုမသွားရောက်နိုင်တာ ပြည်ထောင်စုအစိုးရဆီကနေ ခွင့်ပြုချက် မရတာကြောင့်ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြတဲ့အကြောင်းကိုလည်း ဗွီအိုအေမြန်မာပိုင်း သတင်းက တင်ပြထားပါတယ်။
    ကချင်အရေးတက်ကြွလှုပ်ရှားသူ မခွန်ဂျာကတော့ သူမရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒီသတင်းနဲ့ပတ်သတ်ပြီး “ကျွန်တော်တို့ ရွှီးထားတာတွေ ပေါ်သွားမှာစိုးလို့ မသွားခိုင်တာပါ။ ပုံ – နိုင်ငံတော်အစိုးရ။” လို့ မှတ်ချက်ပြု ရေးသားထားပါတယ်။
  • သံတွဲ၊ မြို့တောင်၇ပ်ကွက်မှ မွတ်စလင်ပိုင် စက်လှေများ မီးရှို့ဖျက်ဆီးခံရ
    သြဂုတ်လ-၁၄၊ ၂၀၁၃
    M-Media
    ၂၀၁၃ ခုနှစ် သြဂုတ်လ  ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မြို့တောင် ရပ်ကွက်မှ မွတ်စလင်ပိုင် စက်လှေ ၅ စီး နှင့် နေအိမ် ၁ လုံးကို အကြမ်းဖက်သမားတစုက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
    သတင်းအသေးစိတ်ကို ထပ်မံစုံစမ်းဖော်ပြပေးသွားပါမည်။
    Thandwal4 Thandwal3 Thandwal2
  • ၁၄-၈-၂၀၁၃ အားကစားသတင်းများ
    သြဂုတ်လ- ၁၄ ၇က်၊ ၂၀၁၃
    M-Media
    Steven-Gerrard-and-Jack-Wilshere-2163011
    အနာဂတ်အင်္ဂလန်အသင်း၏ ကပ္ပတိန်အဖြစ် ၀ီလ်ရှိုင်းယားအား ဂျာရက်ထောက်ခံ
    အင်္ဂလန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင် ကွင်းလယ်လူ စတီဗင်ဂျရတ်က ၀ီလ်ရှိုင်းယားမှာ အနာဂတ်အင်္ဂလန်အသင်း၏  အသင်းခေါင်းဆောင်အဖြစ် အောင်မြင်သောကစားသမားဖြစ်လာလိ့မ်မည်ဟု ပြောကြားလိုက်သည်။ ထိုယူဆချက်နှင့်ပက်သက်၍ သံသယမရှိကြောင်း
    ______________________________
    ဆွမ်ဆီးအလယ်တန်းလူ ဂူဇ်မန် ဟော်လန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းစဉ် ထိခိုက်ဒဏ်ရာရရှိ
    ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးအသင်း၏အလယ်တန်းလူ ဂျိုနသန် ဂူဇ်မန်မှာ ဟော်လန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းစဉ် ဒဏ်ရာရရှိသွားသည်ဟုသိရသည်။ ဂူဇ်မန်မှာ ဗုဒ္ဓဟူးနေ့တွင် ပေါ်တူဂီအသင်းနှင့် စြေမ်းစမ်းပွဲကစားမည့် ဟော်လန်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနေစဉ် အသင်းဖော် ဒါ့ကော့နှင့် ပြင်းထန်စွာတိုက်မိခဲ့ပြီး ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့ကာ ဆးရုံသို့ပို့ဆောင်ခဲ့ရသည်။ ကနဦးဆေးစစ်ချက်များအရ ဒဏ်ရာမှာ ပြင်းထန်မှုမရှိဘဲ အနည်းဆုံး နှစ်ပတ်ခန့် အနားယူရမည်ဟု သိရသည်။
    ______________________________
    ဗလင်စီယာတွင် ဆက်ရှိနေချင်သည်ဟု လူငယ်ဂိုးသမားဆို
    ဗလင်စီယာအသင်း၏ လူငယ်ဂိုးသမားဖြစ်သူ ဗင်းဆင့် ဂူအီတာက အသင်းတွက် ဆက်လက်ရှိနေလိုသည်ဟုပြောဆိုလိုက်သည်။ ဗလင်စီယာ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ဂူအီတာမှာ ယမန်နှစ်က လာလီဂါပွဲထွက်ခွင့် ၁၄ ပွဲသာရရှိခဲ့သည်။ ဗလင်စီယာအသင်းနှင့် သက်တမ်း ၂ နှစ် ကျန်ရှိနေသေးကြောင်း၊ သက်တမ်းကုန်ဆုံးသွားပါကလည်း ဗလင်စီယာအသင်းတွင် ဆက်လက်နေခွင့်ရရန်မျှော်လင့်မိပါကြောင်း ဂူအီတာက ပြောဆိုခဲ့သည်။
    ______________________________
    လူးဝစ်ဆွာရက်ဇ် လီဗာပူးလ်နှင့် သက်တမ်းတိုးတော့မည်
    အာဆင်နယ်အသင်းမှ ခေါ်ယူရန်ကြိုးစားနေသည့် လီဗာပူးလ်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်မှာ လီဗာပူးလ်နှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည်ဟုသိရသည်။ လူးဝစ်ဆွာရက်ဇ်မှာ စောစောပိုင်းက လီဗာပူးလ်အသင်းမှ ထွက်ခွာချင်သည်ဟု ဖွင့်ဟခဲ့ဖူးသည်။
    Martin Charquero
    ______________________________
    ပီပီအားခေါ်ယူရန် မန်စီးတီးအဆင်သင့်ဖြစ်နေ
    မန်ချက်စတာစီးတီးအသင်းအနေဖြင့် ရီးယဲလ်နောက်ခံလူ ပီပီအားခေါ်ယူရန် အဆင်သင့်ဖြစ်နေသည်ဟု သိရသည်။ မန်စီးတီးအသင်း၏ နောက်ခံလူ နက်စတာစစ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိသွားပြီး တစ်လခန့်အနားယူရမည်ဖြစ်သောကြောင့် နောက်ခံလူပြဿနာနှင့်ရင်ဆိုင်နေရသည်။ ပီပီမှာ မန်စီးတီးနည်းပြသစ် ပယ်လီဂရီနီခေါ်ယူချင်သည့် ပထမဦးစားပေးကစားသမားဖြစ်ခဲ့ပြီး လွန်ခဲ့သည့်လက ပေါင် ၁၅ သန်းဖြင့်ကမ်းလှမ်းခဲ့ရာ ရီးယဲက်မက်ဒရစ်အသင်းမှ ပယ်ချခဲ့သည်။ ထို့ကြောင့် ယခုအခါ ပေါင် သန်း ၂၀ ၀န်းကျင်ဖြင့် ထပ်မံကမ်းလှမ်းမည်ဟု သိရသည်။
    ______________________________
    မီချူးနှင့် ဇက်ကိုတို့ဘက်သို့ အာဆင်နယ်ဦးလှည့်လာပြန်
    အာဆင်နယ်အသင်းသည် ဆွမ်ဆီးအသင်း၏ တိုက်စစ်မှူး မီချူးနှင့် မန်စီတီးအသင်း၏ တိုက်စစ်မှူး ဇစ်ကိုတို့အား ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟုသိရသည်။ ဆွာရက်ဇ်အားခေါ်ယူရန် မသေချာတော့သည့် အာဆင်နယ်အသင်းမှာ ဘိုင်ယန်ကွင်းလည်လူ ဂတ်စတာဗိုအား ခေါ်ယူရန်နီးစပ်နေသည်ဟု သတင်းထွက်ပေါ်လာသေးသည်။
    Daily Mirror
    ______________________________
    ရူနီအတွက် ကမ်းလှမ်းမှုအားလုံးကို မန်ယူပယ်ချ
    မန်ချက်စတာယူနိုက်တက်အသင်းသည် ၎င်းတို့၏ တိုက်စစ်မှူး ၀ိန်းရူနီအား ခေါ်ယူရန် ကမ်းလှမ်းမှုအားလုံးကို ပယ်ချတော့မည်ဟုဆိုသည်။ ၎င်းတို့၏ တိုက်စစ်မှူးအား အိုးထရက်ဖို့မှထွက်ခွာရန် ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း မန်ယူအသင်းက ထုတ်ပြန်ကြေညာခဲ့သည်။
    The Guardian
    ______________________________
    ဒေဗစ်ဖာရဲရား တတိယအဆင့်သို့ရောက်ရှိခဲ့သည့် ATP Cincinnati Masters တင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ATP Cincinnati Masters တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် နိုင်ခြေအဆင့်သုံးရှိ ဖာရဲရားက အိမ်ရှင်တင်းနစ်သမား ရိုင်ယန် ဟာရစ်ဆန်ကို အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ၂ နာရီနှင့် ၄၂
    မိနစ်ကြာခဲ့သည့် အဆိုပါပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဖာရဲရားက ဟာရစ်ဆန်အား ၇-၆(၇-၅)၊ ၃-၆၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ကာ တတိယအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
    ______________________________
    WTA Western & Southern Open တင်းနစ်ပြိုင်ပွဲတွင် ရှာရာပိုဗာရှုံးနိမ့် အဇာရန်ကာ တတိယအဆင့်သို့တက်ရောက်
    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးတွင် ကျင်းပပြုလုပ်နေသည့် WTA Western & Southern Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် နာမည်ကြီးတင်းနစ်မယ် ရှာရာပိုဗာမှာ ရှုံးနိမ့်သွားသည်ဟုသိရသည်။ နိုင်ခြေအဆင့် ၃ ရ ရှာရာပိုဗာမှာ အမေရိကန် တင်းနစ်မယ် ဆိုလိန်း စတီဖင်အား ၂-၆၊ ၇-၆(၇-၅)၊ ၆-၃ ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး နည်းပြသစ်ဖြင့် ပထမဦးဆုံးယှဉ်ပြိုင်သည့်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။
    ဘီလာရုဇ်တင်းနယ်မယ် ဗစ်တိုးရီးယား အဇာရန်ကာမှာ ထိုင်ဝမ်-အမေရိကန် တင်းနစ်မယ် ဗီယန်နာကင်းအား အနိုင်ရရှိကာ တတိယအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ ၁နာရီနှင့် ၄၁ မိနစ် ကြာမြင့်ခဲ့သောအဆိုပါပွဲတွင် ကမ္ဘာ့အဆင့် ၂ အဇာရန်ကာ က ကင်းအား ၆-၁၊
    ၇-၆(၈-၆)ဖြင့် အနိုင်ရရှိခဲ့သည်။
    ______________________________
    မော်စကိုတုတ်ထောက်ခုန်ပြိုင်ပွဲတွင် ရုရှားသူ ကမ္ဘာ့ချန်ပီယံဘွဲ့ကိုဆွတ်ခူး
    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ချန်ပီယံရှစ် အားကစားပြိုင်ပွဲ အမျိုးသမီးတုတ်ထောက်ခုန်ပြိုင်ပွဲတွင် ရုရှား တုတ်ထောက်ခုန်မယ် ယီလီနာ အစ်စင်ဘိုင်အီဗာ က အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။ ကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့ပြီး အိုလံပစ်ရွှေတံဆိပ်ဆု
    နှစ်ကြိမ်ရရှိခဲ့သည့် အသက် ၃၁ နှစ်အရွယ်ရှိ အစ်စင်ဘိုင်အီဗာမှာ ၄.၈၉ မီတာအမြင့်ခုန်နိုင်ခဲ့ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
  • ၁၄-၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု့ အကျဉ်း
    သြဂုတ်လ- ၁၄ ရက်၊ ၂၀၁၃
    M-Media
    submarine-fire
    အိန္ဒိယ ရေငုပ်သင်္ဘောတစ်စင်း မီးလောင်နစ်မြုပ်မှုဖြစ်
    အိန္ဒိယနိုင်ငံတွင် ယနေ့နံနက် စောစောပိုင်းက ရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့သည်ဟုသိရသည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ရုရှားနိုင်ငံတွင် အကြီးစားပြင်ဆင်မှုပြုလုပ်ခဲ့သည့် INS Sindhurakshak အမည်ရ အဆိုပါရေငုပ်သင်္ဘောမှာ မွမ်ဘိုင်းမြို့တွင် ရပ်နားထားစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နစ်မြုပ်ခဲ့သည်။ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် သင်္ဘောသား ၁၈ ဦးရှိပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရန် အပူတပြင်းကြိုးစားနေကြသည်။ မီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရင်းကို မသိရှိရသေးကြောင်း၊ သင်္ဘောသားများကိုရှာဖွေကယ်ဆယ်နေကြောင်း၊ ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရမှုစာရင်းကို မသိရှိရသေးကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူ Narendra Kumar Vispute ကဖြေကြားခဲ့သည်။
    _______________________________________
    ပါလက်စတိုင်းအကျဉ်းသားများအား အစ္စရေးလွှတ်ပေး
    အစ္စရေးနိုင်ငံသည် ၎င်းတို့ဖမ်းဆီးထားသည့် ပါလက်စတိုင်းနိုင်ငံရေးအကျဉ်းသားများမှ ၂၆ ဦးကို အင်္ဂါနေ့ညနေပိုင်းက လွှတ်ပေးလိုက်သည်ဟုသိရသည်။ ထိုအကျဉ်းသားများအား အယာလွန်အကျဉ်းထောင်မှ ဂါဇာကမ်းမြှောင် စစ်ဆေးရေးဂိတ်နှင့် အနောက်ဘက်ကမ်းစစ်ဆေးရေးဂိတ်များသို့ ခေါ်ဆောင်သွားကာ ထိုမှတစ်ဆင့် ပါလက်တိုင်းနယ်မြေထဲသို့လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
    _______________________________________
    အီဂျစ်ဆန္ဒပြမှု သေဆုံးသူ ၄၀ ကျော်လာ
    အီဂျစ်နိုင်ငံတွင်ဖြစ်ပွားနေသော ဆန္ဒပြမှုများအတွင်း သေဆုံးသူဦးရေမှာ လေးဆယ်ကျော်ရှိလာဖြစ်သည်။ ဇူလိုင်လ ၃ ရက်နေ့တွင် အီဂျစ်စစ်တပ်က သမ္မတမော်စီအားဖြုတ်ချခဲ့သည်ကို မကျေနပ်ကြသည့် ရာနှင့်ချီသော မော်စီထောက်ခံသူများက ကိုင်ရိုမြို့တွင် အဆက်မပြတ်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကလည်း ပြင်းပြင်းထန်ထန်နှိမ်နင်းသောကြောင့် သေဆုံးသူများ ဒဏ်ရာရသူများ တိုးပွားလာပြီး နိုင်ငံတကာမှလည်း နိုင်ငံရေးနည်းလမ်းဖြင့်အမြန်ဆုံးဖြေရှင်းရန် အီဂျစ်စစ်တပ်အား တိုက်တွန်းပြောဆိုထားသည်။
    _______________________________________
    ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန် အရှေ့အလယ်ပိုင်းသို့သွားမည်
    ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်မှာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသသို့သွားရောက်မည်ဟုသိရသည်။ အစ္စရေး-ပါလက်စတိုင်း ဒုတိယအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံအားပေးသည့်အနေဖြင့်သွားရောက်မည်ဖြစ်သည့် အဆိုပါခရီးစဉ်တွင် ဘန်ကီမွန်မှာ ဂျော်ဒန်ဘုရင် အဗ္ဗဒွလ္လာဟ်နှင့် တွေ့ဆုံမည်ဟု ကုလသမ္မဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    _______________________________________
    တောင်နှင့်မြောက်ကိုရီးယား စီးပွားရေးဆိုင်ရာဆွေးနွေးမှုပြုလုပ်မည်။
    တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံနယ်စပ်ရှိ စက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးပွဲတစ်ခုကို ယနေ့တွင် ကျင်းပပြုလုပ်မည်ဟုသိရသည်။ လာမည့်သီတင်းပတ်တွင်ကျင်းပမည့် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုအစီအစဉ်မတိုင်မီ ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲကို မြောက်ကိုရီးယားနယ်စပ်မြို့တွင်ပြုလုပ်မည်ဖြစ်ပြီး ဧပြီလကတည်းက ပိတ်ထားခဲ့ရသည့် နှစ်နိုင်ငံဖက်စပ် စက်ရုံပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးပေးဆွေးနွေးကြမည်ဖြစ်သည်။