News @ M-Media

Blog

  • ဖို့ဝိန်းက မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းနှင့် ဗလီဝတ်ကျောင်းတော် တည်ဆောက်နေမှု

    သြဂုတ်လ- ၁၁ ရက်၊ ၂၀၁၃

    M-Media

    us-myanmar-muslim-masjid1

    အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းနှင့်  မြန်မာမွတ်စလင်များ ဦးစီးကာ တည်ဆောက်နေသည့် မစ္စဂျေဒေ့ နူရ်ွအစ္စလာမ် ခေါ် အစ္စလာမ့်ဂုဏ်ရောင် ဗလီဝတ်ကျောင်းတော် တည်ဆောက်နေမှု အခြေအနေ ရုပ်သံမှတ်တမ်းတို ဖြစ်ပါတယ်။

  • သီရိလင်္ကာတွင် ဗလီတစ်လုံးကို ဗုဒ္ဓဘာသာဝင် လူအုပ်စုမှ အကြမ်းဖက် ဖျက်ဆီး

    သြဂုတ်လ-၁၁ ရက်၊ ၂၀၁၃
    M-Media
    130811015639_sri_lanka_mosque_304x171_ap_nocredit
    သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ဆင်ခြေဖုံးဒေသရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးအား ဗုဒ္ဓဘာသာဝင်လူအုပ်စုမှ အကြမ်းဖက်ဖျက်ဆီးမှုတစ်ခု စနေနေ့က ဖြစ်ပွားခဲ့ပြီး ထိုဖျက်ဆီးမှုအတွင်း လူလေးဦး ဒဏ်ရာရရှိခဲ့ကာ ဘာသာရေး တင်းမာမှုများ မြင့်တက်လာသောကြောင့် ထိုအနား တစ်ဝိုက်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားကာ ကွန်မန်ဒိုများကို တပ်ဖြန့်ချထားသည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။

    ကိုလံဘိုဆင်ခြေဖုံး Grandpass ရှိ ဖြိုဖျက်ခံရသည့်ဗလီဝတ် ကျောင်းတော်အနီးတွင်ချထားသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာလည်း ဒဏ်ရာရှိသူလေးဦးတွင် ပါဝင်သည်ဟု ကိုလံဘိုပြည်သူ့ဆေးရုံ၏ ပြောခွင့်ရပုဂ္ဂိုလ် ပွတ်ရှ်ပါ ဆွိုင်ဆာက ပြောကြားခဲ့သည်။ “ခံနဲ့အပေါက်ခံရတာရယ် အုတ်ကျိုး အုတ်ပဲ့တွေ မှန်ကွဲစင်တာတွေရယ်ကြောင့် ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာရတဲ့သူတွေက ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦး ဖြစ်ပါတယ်” ဟုဆွိုင်ဆာက အေအက်ဖ်ပီ သတင်းဌာနသို့ပြောကြားခဲ့သည်။

    အနီးအနားရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုမှ ခေါင်းလောင်းတီးကာ လှုံ့ဆော်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာဝင် လူအုပ်စုကြီးမှာ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ကာ ကျောက်တုံးများဖြင့် ပစ်ပေါက် ခဲ့ကြပြီး ထိုဗလီဝတ်ကျောင်းတော် အနီးအနားရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကိုလည်း ဖျက်ဆီးခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုကြသည်။

    သန်း ၂၀ ရှိသော သီရိလင်္ကာလူဦးရေ၏ ၇၀ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြကာ ၁၃ ရာခိုင်နှုန်းမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြသည်။ အစ္စလာမ်ဘာသာဝင်များမှာ ၁၀ ရာခိုင်နှုန်းအောက်ရှိပြီး ကျန်လူဦးရေမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။

    အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်းတွင် တရားဥပဒေစိုးမိုးမှုကိုထိမ်းသိမ်းရန် အခင်းဖြစ်ပွားရာအနီးအနားတစ်ဝိုက်တွင် ကွန်မန်ဒိုများကို တပ်ဖြန့်ချထားပြီး တနင်္ဂနွေနေ့နံနက် ၇ နာရီအထိ ကာဖျူးအမိန့်ထုန်ပြန်ထားသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    အစ္စလာမ်ဘာသာဝင်များက ဗလီဝတ်ကျောင်းတော် အဟောင်းအားဖြိုဖျက်ကာ အသစ်ပြန်လည်ဆောက်လုပ်ခဲ့ပြီး ထိုဆောက်လုပ်မှုကို ဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ရာမှထိုကဲ့သို့ အကြမ်းဖက်ဖျက်ဆီးမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများကပြောဆိုသည်။

    “ဗလီဝတ်ကျောင်းတော် ပြန်လည်ဆောက်လုပ်မှုကို ဗုဒ္ဓဘာသာ ဘုရားကျောင်းက ကန့်ကွက်ပါတယ်။ ပြဿနာတွေကတော့ ဗလီဝတ်ကျောင်းတော်မှာ စနေနေ့ညနေ ၀တ်ပြုဆုတောင်းမှုတွေအပြီးမှာ ဖြစ်ပွားခဲ့တာပါ” ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    သီရိလင်္ကာနိုင်ငံတွင် အစ္စလာမ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သော ငါးလကျော်ကလည်း ကိုလံဘိုမြို့ဆင်ခြေဖုံးဒေသရှိ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းနှစ်ခုကို အကြမ်းဖက် ဖျက်ဆီးမှုတစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

    Source: Agencies

  • ငြိမ်းချမ်းရေးမြှင့်တင်မှု ခရီးစဉ်အဖြစ် အစ္စရေးနှင့် ပါလက်စတိုင်းသို့ ဘာစီလိုနာအသင်း သွားရောက်

    သြဂုတ်-၁၁ ရက်၊ ၂၀၁၃
    M-Media

    Messi aims

    စပိန်ထပ်သီးကလပ် ဘာစီလိုနာအသင်းသည် ငြိမ်းချမ်းရေးမြှင့်တင်မှုခရီးစဉ်အဖြစ် အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံများသို့ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်၊ စနေနေ့က သွားရောက်ခဲ့ကြသည်ဟု သိရသည်။

    သောကြာနေ့ညတွင်ဘရာဇီး၌ ခြေစမ်းပွဲကစားခဲ့ပြီး စနေနေ့ နေ့လယ်ပိုင်းတွင် အစ္စရေးသို့သွားရောက်ခဲ့ကြကာ တနင်္ဂနွေနေ့ညပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

    အဆိုပါငြိမ်းချမ်းမှုမြှင့်တင်ရေး ၂ ရက်တာ ခရီးစဉ်အတွင်း ဘာစီလိုနာအသင်းသည် အစ္စရေးမှသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းရှိ ဂျူးဘုရားကျောင်း၊ ဘက်သလင်ဟမ်ရှိ ခရစ်ယာန်ဘုရားကျောင်းများသို့လည်ပတ်ခြင်း၊ အစ္စရေးနှင့် ပါလက်စတိုင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ တလ်အဗီးရှိ ဘလုမ်းဖီးလ်ဒ် အားကစားကွင်းနှင့် အနောက်ဘက်ကမ်းရှိ ဒူရာအားကစားကွင်းတို့တွင် အစ္စရေးနှင့် ပါလက်စတိုင်း ဘောလုံး ပရိတ်သတ်များအား ဘောလုံး စွမ်းရည်ပြပွဲများဖြင့် ဖျော်ဖြေခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ ထိုစွမ်းရည်ပြပွဲသို့ လူငယ်အများအပြားလာရောက်ကြည့်ရှုခဲ့ကြသည်။

    ဘာစီလိုနာဥက္ကမှ ယခုကဲ့သို့လာရောက်ခွင့်ရခြင်းကိုဂုဏ်ယူကြောင်းပြောကြားခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများကလည်း ထိုကဲ့သို့သော အစီအစဉ်များက နှစ်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို များစွာအထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ကာလကြာရှည်စွာ ရပ်နားခဲ့ရသည့် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပြီးခဲ့သည့် သီတင်းပတ်က ၀ါရှင်တန်တွင် ပြန်လည်စတင်ခဲ့သည်။

    ဘာစီလိုနာအသင်းသည် ငြိမ်းချမ်းရေးမြှင့်တင်ရေးခရီးစဉ်အဖြစ် ၂၀၀၅ ခုနှစ်က တစ်ကြိမ် သွားရောက်ခဲ့ဖူးပြီး ရီးယဲလ်မက်ဒရစ်အသင်းကလည်း ၂၀၀၇ ခုနှစ်က တစ်ကြိမ်သွားရောက်ခဲ့သည်။

    AP

  • ၁၀-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်- ၁၀ရက် -၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- ကိုလေး

    balotelli1

    ဘာလော့တယ်လီ၏ ဒဏ်ရာမှာ မပြင်းထန်သောကြောင့် မီလန်အသင်း စိတ်သက်သာရ

    International Champions Cup တတိယနေရာလုပွဲအဖြစ် အလ်အေဂလက်ဆီအသင်းနှင့် ကစားခဲ့သောပွဲစဉ်တွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ပြီး ဆေးစစ်ချက်များအရ ဒဏ်ရာမှာ မပြင်းထန်ဟု သိရသည်။ အဆိုပါပွဲစဉ်တွင် ဘာလော့တယ်လီမှာ အေစီမီလန်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးရန် ၁၀ မိနစ်အလိုတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
    _________________________________
    ရူနီအားခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စားလာပြန် ချယ်ဆီးအသင်းသို့သာ ပြောင်းရွှေ့ချင်သည်ဟု ရူနီဆို

    လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အား ခေါ်ယူရန် မတင်မကျဖြစ်နေသောကြောင့် အာဆင်နယ်အသင်းမှာ မန်ယူတိုက်စစ်မှူး ၀ိန်းရူနီအား ခေါ်ယူရန် စိတ်ဝင်စားလာသည်ဟု သိရသည်။ သို့သော်လည်း ရူနီကမူ အာဆင်နယ်အသင်းထက် ချယ်ဆီးအသင်းတွင်သာ ကစားလိုသည်ဟု ရူနီ၏ အေးဂျင့်ဖြစ်သူကပြောဆိုခဲ့သည်။
    _________________________________
    အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ကို ကိုကူး စိတ်လှုပ်ရှားနေ

    ဟော်လန်ကလပ် ပီအက်စ်ဗီအသင်း၏ နည်းပြဖြစ်သူ ဖီးလစ်ပ် ကိုကူးက ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် အင်တာမီလန်နှင့် ကစားရခြင်းမှာ ခက်ခဲသောစမ်းသပ်မှုတစ်ခုဖြစ်သည်ဟုပြောဆိုလိုက်သည်။ အဆိုပါပွဲစဉ်မှာ ခက်ခဲသော စမ်းသပ်မှုဖြစ်သည်မှာ သေချာပြီး မိမိတို့အတွက် စိန်ခေါ်မှုကောင်းတစ်ခုဖြစ်ကြောင်း ကိုကူးက ပြောဆိုခဲ့သည်။
    _________________________________
    ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်အနိုင်ရရှိမှုက ယုံကြည်မှုကို ပိုစေသည်ဟု ဂွာဒီယိုလာဆို

    ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိမှုမှာ ကျေနပ်စရာဖြစ်ပြီး အသင်းအတွက် ယုံကြည်မှုပိုမိုလာစေသည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြဖြစ်သူ ဂွာဒီယိုလာက ပြောဆိုလိုက်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်အဖြင် ဘိုရုရှား မိုချန်ဂလဒ်ဘခ်ျအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲမှာခက်ခဲသောပွဲဖြစ်ခဲ့ပြီး နိုင်ပွဲရရှိခြင်းကြောင့် ကျေနပ်မိကြောင်း ဂွာဒီယိုလာက ပြောဆိုခဲ့သည်။
    _________________________________
    ဘိုင်ယန်မြူးနစ်အသင်းမှာ ပိုမိုတိုးတက်ရမည်ဟု ရော်ဘင်ဆို

    ဘိုင်ယန်အသင်း၏ ဟော်လန်တိုက်စစ်မှူး အာဂျန်ရော်ဘင်က ယခုနှစ်တွင် ဘွန်ဒစ်လီဂါဖလားအား ပြန်လည်ရရှိခဲ့ပါက ထိုကဲ့သို့ရရှိခြင်းမှာ အသင်း၏ အမြင့်ဆုံးရည်မှန်းချက်မဟုတ်ဘဲ အသင်းအနေဖြင့် ပိုမိုတိုးတက်ရမည်ဟု ပြောဆိုလိုက်သည်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပြီး အသင်းနောက်ခံလူ ဖီးလစ်လမ်က ရာသီအစနိုင်ပွဲက အသင်းအတွက် အရေးကြီးသည်ဟု ပြောဆိုခဲ့သည်။
    _________________________________
    လူးဝစ်အတွက် ယူရို ၅၈ သန်း ချယ်ဆီးသတ်မှတ်

    ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည့် နောက်ခံလူ ဒေးဗစ်လူးဝစ်အတွက် ချယ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ယူရို ၅၈ သန်းသတ်မှတ်လိုက်သည်။ ဘာစီလိုနာအသင်း၏ စောစောပိုင်းကမ်းလှမ်းမှုများကို ချယ်ဆီးအသင်းမှ ပယ်ချခဲ့ဖူးသည်။
    _________________________________
    နာပိုလီ ကွင်းလယ်လူ ဟမ်ဆစ် အသင်းနှင့် စာချုပ်သက်တမ်းတိုး

    နာပိုလီအသင်း၏ ကွင်းလယ်လူဖြစ်သူ မရက်ဟမ်ဆစ်သည် အသင်းနှင့်စာချုပ် သက်တမ်းတိုးလိုက်သည်ဟု သိရသည်။ ထိုစာချုပ်သစ်အရ ဟမ်ဆစ်မှာ ၂၀၁၈ခုနှစ်အထိ အသင်း၌ဆက်လက်ရှိနေမည်ဖြစ်သည်။ နာပိုလီအသင်းသို့ ၂၀၀၇ခုနှစ်ကတည်းက ရောက်ရှိလာခဲ့သည့် ဟမ်ဆစ်က အသင်းတွင် ဆက်လက်ရှိမည်နေကို ပျော်ရွှင်မိကြောင်းပြောဆိုခဲ့သည်။
    _________________________________
    ဆွာရက်ဇ်အားခေါ်ယူရန်ကြိုးစားရာ၌ အတားအဆီးများကို ချိုးဖျက်ရန်မာတီနက်ဇ်တိုက်တွန်း

    အာဆင်နယ်အသင်း၏ ဂိုးသမား ဒါမီယန် မာတီနက်ဇ်က လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အားခေါ်ယူရန် ကြိုးပမ်းရာတွင်တွေ့ကြုံရမည့် အခက်အခဲများကို ကျော်ဖြတ်ရန် အာဆင်ဝင်းဂါးအား တိုက်တွန်းပြောကြားလိုက်သည်။ အာဆင်နယ်သို့ ဆွာရက်ဇ်ရောက်ရှိလာရန် အသင်းသားအားလုံး စောင့်မျှော်နေကြောင်း၊ အာဆင်ဝင်းဂါးမှာ အခြားသောကစားသမားများထက် ဆွာရက်ဇ်ကိုသာ ပိုမိုအလိုရှိနေကြောင်း မာတီနက်ဇ်က ပြောဆိုခဲ့သည်။
    _________________________________
    ရော်ဂျာဖလား ဆီမီးဖိုင်နယ်တွင် ဂျိုကိုဗစ်နှင့် နာဒယ်လ်တို့တွေ့ဆုံ/အိမ်ရှင်ကစားသမားများမှာလည်း ဆီးမီးဖိုင်နယ်သို့တက်ရောက်

    ကနေဒါ၌ ကျင်းပလျက်ရှိသည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ အမျိုးသား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်နှင့် စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်တို့ တွေ့ဆုံမည်ဟု သိရသည်။ ဂျိုကိုဗစ်မှာ ကွာတားဖိုင်နယ်တွင် ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂက်စ်ကတ်အား ၆-၄၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး၊ နာဒယ်လ်က သြစတေးလျတင်းနစ်သမား မရန်ကို မတိုဆီဗစ်ကို ၆-၄၊ ၆-၂ဖြင့် အနိုင်ရရှိခဲ့သည်။ ဂျိုကိုဗစ်နှင့် နာဒယ်လ်တို့မှာ သမ်တမ်းတစ်လျှောက် ၃၅ ကြိမ်တွေ့ဆုံထားပြီး နာဒယ်လ်က ပွဲ ၂၀ အနိုင်ရရှိခဲ့ကာ ဂျိုကိုဗစ်က ၁၅ ပွဲ အနိုင်ရရှိထားသည်။ ကနေဒါတင်းနစ်သမားများဖြစ်ကြသည့် မီလို့စ် ရာအိုနစ်နှင့် ဗာဆက် ပို့စ်ပီဆီလ်တို့မှာလည်း ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်ဟုသိရသည်။ ရာအိုနစ်မှာ အန်ဒီမာရေးအား ဖြုတ်ချနိုင်ခဲ့သည့် အားန်နတ်စ် ဂူလ်ဘစ်အား ၇-၆(၇-၃)၊ ၄-၆၊ ၆-၄ဖြင့်အနိုင်ရရှိခဲ့သည်။
    _________________________________
    ရော်ဂျာဖလားတင်းနစ်ပြိုင်ပွဲ အမျိုးသမီး ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကဗီတိုဗာ ရှုံးနိမ့်/တရုတ်တင်းနစ်မယ်လီနာမှာလည်း ဆီမီးဖိုင်နယ်သို့တက်ရောက်

    ကနေဒါနိုင်ငံ တိုရွန်တိုတွင် ကျင်းပလျက်ရှိသည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ အမျိုးသမီး ကွာတားဖိုင်နယ်ပွဲစဉ်တွင် နာမည်ကြီးတင်းနစ်မယ် ပီထရာ ကဗီတိုဗာမှာ ရှုံနိမ့်သွားသည်ဟုသိရသည်။ ၂ နာရီနှင့် ၁၃ မိနစ်ကြာမြင့်သော အဆိုပါပွဲစဉ်တွင် ဆီဒင်မရရှိခဲ့သည့် ရိုမေးနီးယားတင်းနစ်မယ် ဆိုရာနာ ဆီရက်စတီယာ က ကဗီတိုဗာအား ၄-၆၊ ၇-၅၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည်။

    ရဒ်ဝန်စကာမှာလည်း ဆာရာ အီရာနီအား ၇-၆(၇-၁)၊ ၇-၅ ဖြင့်လည်းကောင်း၊ တရုတ်တင်းနစ်မယ် လီနာမှာ ဒိုမီနီကာ စီဘူလ်ကိုဗာအား ၇-၆(၇-၁)၊ ၆-၂ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။ ဆီးမီးဖိုင်နယ်တွင် လီနာနှင့် ဆီရက်စတီယာတွေ့ဆုံမည်ဖြစ်ပြီး ရဒ်ဝန်စကာမှာ ဆရီနာဝီလီယံနှင့် မဂ်ဒါလီနာ ရိုက်ဘရီကိုဗာတို့၏ ကွာတားဖိုင်နယ်ပွဲစဉ်မှ အနိုင်ရရှိသူနှင့် တွေ့ဆုံရမည်ဖြစ်သည်။

  • ၁၀-၈-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    သြဂုတ်- ၁၀ ၊ ၂၀၁၃
    M-Media

    201381051234615734_20
    လက်ဘနွန်မှ ထွက်ခွာရန် နိုင်ငံသားများအား တူရကီသတိပေး

    လက်ဘနွန်နိုင်ငံသို့ရောက်ရှိနေကြသည့် တူရကီနိုင်ငံသားများအနေဖြင့် လက်ဘနွန်ကိုစွန့်ခွာရန် တူရကီနိုင်ငံက သတိပေးကြေညာလိုက်သည်။ တူရကီလေယာဉ်မှူးနှစ်ဦးလိုက်ပါလာသည့် ဘတ်စ်ကားအား လက်နက်ကိုင် လူတစ်စုမှ ဟန့်တားကာ ပြန်ပေးဆွဲမှု သောကြာနေ့က ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တူရကီနိုင်ငံက ယခုကဲ့သို့ကြေညာခဲ့ခြင်းဖြစ်သည်။
    _______________________________________
    ကလေးငယ်ကုန်ကူးသူများကို တရုတ်ဖမ်းဆီး

    တရုတ်မီဒီယာများ၏အဆိုအရ သားဖွားဆရာဝန်တစ်ဦးအပါအ၀င် လူကုန်ကူးသူဟု သံသယရှိသူ လူကိုးဦးကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
    _______________________________________
    အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် လူငါးဦးသေဆုံး

    အင်ဒိုနီးရှားနိုင်ငံ Palue ကျွန်းတွင် သောကြာနေ့က မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟုသိရသည်။ Mount Rokatenda ဟုအမည်ရသည့် မီးတောင်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအ၀င်လူငါးဦးသေဆုံးခဲ့ပြီး လူသုံးဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပေါက်ကွဲခဲ့သည့် ပတ်ဝန်းကျင်မှာ အလွန်ပူပြင်းသောကြောင့် ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ရှာဖွေနိုင်ခြင်းမရှိသေးဟု တာဝန်ရှိသူများက ထုတ်ပြန် ကြေညာခဲ့သည်။ လူဦးရေ ၃၀၀၀ ခန့် ရွှေ့ပြောင်း ထွက်ခွာခဲ့ရသည်။
    _______________________________________
    မီးရထားလုပ်ငန်း ဖွံ့ဖြိုးရန် ထိုင်းဝန်ကြီးချုပ် လုပ်ဆောင်မည်

    တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်စေရန်နှင့် ပြည်သူများလူနေမှုအဆင့်အတန်းမြင့်မားစေရန် နိုင်ငံတစ်ဝှမ်းရှိ ရထားပို့ဆောင်ရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ဟု ထိုင်ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာက ပြောကြားလိုက်သည်။ စွမ်းဆောင်ရည်နိမ့်ကျနေသော မီးရထားလုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် စိတ်ဝင်စားသည်ဟု ပြည်သူများနှင့်တွေ့ဆုံခြင်း ရုပ်သံအစီအစဉ်တွင် ယင်းလပ်ကပြောကြားလိုက်ခြင်းဖြစ်သည်။
    _______________________________________
    ရုရှ တီဗွီသတင်းအစီအစဉ် ဟက်ခံရ

    သမ္မတ ပူတင် အစိုးရ၏ တီဗွီဌာန တစ်ခု၏ သတင်းအစီအစဉ် အချိန်တွင် ပူတင်၏ကို ဆန့်ကျင်ပြောဆိုသော အစီအစဉ်တစ်ခု နှစ်မိနစ်ခန့် ကြားဖြတ်ပြသသွားသည်။
    https://www.youtube.com/watch?v=QC5qG_MMV2E
    _______________________________________
    အီတလီသို့ လှေဖြင့်လာသော အာဖရိကမှ ဒုက္ခသည်များ

    လူ ၁၂၀ ခန့်ပါသော လှေသည် စစ်စလီကျွန်း ကမ်းခြေအနီးတွင် ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးစဉ် ခြောက်ဦး ရေနစ်သေဆုံးသည်။
    _______________________________________
    အိုဘားမား က NSA ကို ပြုပြင်ပြောင်းလဲမည်

    NSA ကို ပွင်းလင်းမြင်သာမှုရှိသော အဖွဲ့အစည်းအဖြစ် ပြုပြင်ရန် အိုဘားမားပြောဆိုသည်။