News @ M-Media

Blog

  • လိုင်လသုရ်ညဥ့်မြတ် စယ်ရီ ထမင်းကျွေးမွေးသည့်မြင်ကွင်း (ရန်ကုန်)

    သြဂုတ်လ-၆ ရက်-၂၀၁၃

    M-Media

    kadal

    ရမဿွာန်(ဥပုသ်လ)၏ နေ့ကြီးရက်ကြီးဖြစ်သော လိုင်လသုရ်ကသရ်ညဥ့်မြတ်တွင် ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း (အောက်လမ်း)ရှိ ရှေ့တွင် ဗလီေ၇ှ့တွင် မနက် စယ်ရီ(ဝါထမင်း)  ထမင်းကျွေးမွေးသည့် မြင်ကွင်းဖြစ်ပါသည်။ သြဂုတ်လ ၆-ရက် မနက် စယ်ရီ ထမင်း အတွက် မည်သူမဆို လွတ်လပ်စွာ လာရောက်စားသုံးနိုင်ရန် စီစဉ်ပြုလုပ်ပြီး ကျွေးမွေးခြင်းဖြစ်ပါသည်။

    More Photo =>http://goo.gl/uWMGI3

  • အမေရိကန် ဖို့ဝိန်မြို့မှ မြန်မာမွတ်စလင်မ်များရဲ့စုပေါင်းဝါဖြေပွဲ

    သြဂုတ်-၅၊ ၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ – ကျော်ကျော်

    IMG_0475
    အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းမြို့ရှိ မြန်မာနိုင်ဖွား မြန်မာမွတ်စလင်များရဲ့ ရမဿွန် ဥပုသ်လ ဝါဖြေပွဲကို မြန်မာမွတ်စလင် ပညာရေးနှင့် ကော်မြူနတီစင်တာမှ ဦးစီးကျင်းပတဲ့ စုပေါင်းဝါဖြေပွဲကို သြဂုတ်လ ၅ ရက်နေ့ မှာ ကျင်းပခဲ့ပါတယ်။

    သြဂုတ်လ ၅ ရက်နေ့ညဟာ လိုက်လသွသ်ကသလ် (ကြီးကျယ် ထူးမြတ်သော) ညဖြစ်တဲ့အတွက် အခမ်းအနားကို စူရသွန် ကသလ် (အာရဗီ၊ ဗမာ၊ နှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် )ရွတ်ဖတ်ပြီး စတင်ခဲ့ပါတယ်။

    အခမ်းအနားမှာ မွတ်စလင်ထုရဲ့ စုစည်း ညီညွတ်မူအင်အား အရေးကြီးကြောင်းနဲ့ ဘာသာတရားကို ရမ္မသွာန်လ ကကဲ့သို့ တစ်နှစ်ပါတ်လုံး အစဉ်တစိုက် ကြိုးစားအားထုတ်ရမှာဖြစ်တဲ့အကြောင်း ရှေ့ဆောင် ဆရာ အီမာန် ယာစင်က မိန့်ကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်တည်ဆောက်ရေး စီမံကိန်းအခြေအနေနဲ့ ဘဏ္ဍငွေတိုးတက်မှုအခြေအနေတို့ကိုရှင်းပြပြီး အလှုငွေများကောက်ခံခဲ့ရာ စုစုပေါင်း အမေရီကန်ဒေါ်လာ တစ်သောင်း တိတိ ကောက်ခံရရှိခဲ့ကြောင်းလဲသိရပါတယ်။

    ဖို့ဝိုန်းမြို့မှာ မြန်မာမွတ်စလင်တွေတည်ဆောက်နေတဲ့ ဗလီဝတ်တော်ရဲ့ ပထမအပိုင်းဟာ တစ်ဝက်ခန့်ပြီးစီးသွားပြီဖြစ်ကြောင်းလဲသိရပါတယ်။ စုပေါင်းဝါဖြေပွဲ အခမ်းအနားကို လူပေါင်း နှစ်ရာ နီးပါး တက်ရောက်ခဲ့ပြီး နိုင်ငံခြားသား မွတ်စလင်များနဲ့ အခြားအဖွဲ့အစည်းမှ ကိုယ်စာလှယ်များလည်း တက်ရောက်ခဲ့ကြောင်းသိရပါတယ်

    ဓါတ်ပုံများ ကြည့်ရန်။ http://goo.gl/TYZWRz

     

  • Mizzima Youth Network ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေး စုပေါင်း ၀ါဖြေပွဲ ညစာစားပွဲ

    သြဂုတ် ၅၊ ၂၀၁၃
    M-Media
    K K
    Mizzima Youth Network
    ရန်ကုန် ။         ။           ဘာသာပေါင်းစုံ လူငယ်များ Mizzima Youth Network မှ စာနယ်ဇင်းရှင်းလင်းပွဲနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်း ၀ါဖြေ ညစာစားပွဲကို ဇူလိုင်လ (၇)ရက်၊ ညနေ(၅)နာရီမှ (၇)နာရီအထိ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ YMCA ခန်းမ၌ ပြုလုပ်မည်ဖြစ်ပါသည်။
    ယင်းအစီအစဉ်၌ စာနယ်ဇင်းရှင်းလင်းပွဲတွင် ‘ကုရ်အာန်ကျမ်းပြဿနာဖြေရှင်းခြင်း’ စာတမ်းပါ ဦးနေမျိုးဝေ၏ လုပ်ကြံစွပ်စွဲချက်များအား ရှင်းလင်းချေပခြင်းနှင့် ၂၀၁၃-ခုနှစ် ရမဿွာန်(ဥပုသ်လ) ‘ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်းဝါဖြေပွဲနှင့် ညစာ စားပွဲ အခမ်းအနား’ကို ပူးတွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
    အဆိုပါ အခမ်းအနားသို့ တက်ရောက်လိုသူများအနေဖြင့် ကိုသန့်ဇင်ထွေး(09-5154831)၊ ကိုရဲထူး (09-73143129)၊ ကိုအောင်နိုင်စိုး(09၀31429763)တို့ထံ ၆.၈.၂၀၁၃ ညနေ(၅)နာရီ နောက်ဆုံးထား၍ အကြောင်းကြားပေးစေလိုကြောင်းလည်း သိရသည်။
  • ၅-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှု အကျဉ်း

    သြဂုတ်- ၅ရက်၊ ၂၀၁၃
    M-Media

     

    201384224726188734_20

    အမေရိကန်သံရုံး ၁၉ ခုအား ဆက်လက်ပိတ်ထားမည်

    အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ ၎င်းတို့၏ သံရုံး ၁၉ ရုံးအား သြဂုတ်လ ၁၀ ရက်နေ့အထိ ဆက်လက်ပိတ်ထားရန် အမေရိကန်နိုင်ငံက ညွှန်ကြားခဲ့သည်ဟု သိရသည်။ အကြမ်းဖက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံထားရခြင်းကြောင်း ကမ္ဘာ့တစ်ဝှမ်းရှိ အမေရိကန်သံရုံး အနည်းဆုံး ၂၅ ရုံးအား တနင်္ဂနွေနေ့တစ်ရက် ပိတ်ပင်ရန်စီစဉ်ထားခဲ့သော်လည်း လုံခြုံရေးအခြေအနေရ အဆိုပါ သံရုံး ၁၉ ရုံးအား ဆက်လက်ပိတ်ထားခြင်းဖြစ်သည်။
    ______________________________

    ဇင်ဘာဘွေ ရွေးကောက်ပွဲ

    ရောဘတ်မူဂါဘီ သည် ရွေးကောက်ပွဲ တွက် ပါလီမန် အမတ်နေရာ သုံးပုံနှစ်ပုံ အနိုင်ရခဲ့ပြီး ၃၃နှစ်ကြာ အာဏာကို ဆက်လက်ထိန်းသိမ်းသွားဦးမည် ဖြစ်သည်။
    ______________________________
    လောစ်အန်ဂျလစ်တွင် ကားမောင်းသမားလူအများကိုတိုက်

    လူအုတ်အတွင်း မောင်းဝင်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၍ ၁၁ဦး ဒါဏ်ရာရသွားသည်။
    ______________________________
    ပါကစ္စတန်တွင် ရေကြီး

    သုံးရက်ခန့်ကြာ မိုးကြီး၍ ကရာချိတွင် ရေကြီးခဲ့ပြီး လူ ၆၀ ခန့် သေဆုံးခဲ့ရသည်။
    ______________________________
    တူရကီ အာဏာသိမ်းကြံစည်သူကို ထောင်တစ်သက်ချ

    ငါးနှစ်ကြာအမှုရင်ဆိုင်ခဲ့ပြီးနောက် စစ်ဗိုလ်ချုပ်ဟောင်း Ilker Basbug ကို ထောင်တစ်သက်နှင့် အခြား ပါဝင်သူများကို ထောင် ၁၂ နှစ် ၃၅နှစ် စသည်ဖြင့် အမိန့်ချလိုက်သည်။
    ______________________________
    Android Device Manager

    ဂူးဂဲလ် မှ အန်းဒရွိုက် ဖုန်းများပျောက်ဆုံးပါက ရှာဖွေနိုင်ရန် အပြင် အဝေးမှ ထိန်းချုပ်၍ မိမိ၏ ကိုယ်ပိုင် အချက်အလက်များကို ဖျက်ပေးမည့် Android Device Manager ကို ထုပ်ဝေလိုက်သည်။
    ______________________________
    Samsung ထုတ်ကုန်သစ်များ

    Samsung Smartwatch နှင့် Galaxy Note 3 တို့ကို စက်တင်ဘာ ၄ရက်တွင် ရောင်းချရန် သတ်မှတ်ထားပြီး screen နှစ်ခုပါသော ခေါက်ဖုန်းတစ်မျိုးလည်း ထုတ်လုပ်လျက်ရှိသည်။
    ______________________________
    အမေရိကန် ရဟတ်ယာဉ်တစ်စင်း အိုကီနာဝါတွင်ပျက်ကျ

    ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းတွင် အမေရိကန် ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့သည်ဟု သိရသည်။ ဒေသစံတော်ချိန်ယနေ့နေ့လည် ၄ နာရီခွဲခန့်တွင် ပျက်ကြခဲ့ပြီး လိုက်ပါသွားသူ လေးဦးအနက် သုံးဦးအား ကယ်တင်နိုင်ခဲ့ကာ တစ်ဦးပျောက်ဆုံးနေသည်ဟု သိရသည်။
    ______________________________
    ရထားဗုံးကွဲမှု ပါကစ္စတန်တွင်ဖြစ်ပေါ်၊ အနည်းဆုံး လူ ၃ ဦးသေဆုံး

    ပါကစ္စတန်နိုင်ငံ လာဟိုးမြို့နှင့် ကရာချီမြို့အကြားပြေးဆွဲနေသည့် ရထားတစ်စင်းပေါ်တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး၊ ၁၂ ဦးထက်မနည်းဒဏ်ရာရှိခဲ့သည်။ ဗုံးကို ရထားတွဲရှိ အိပ်ရာတစ်ခုတွင် တင်ဆင်ထားကြောင်း၊ ပန်ဂျပ်ပြည်နယ် တိုဘာတက်ဆင်း မြို့အနားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
    ______________________________
    စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် အနောက်နိုင်ငံများအား ရူဟာနီတိုက်တွန်း

    အီရန်နိုင်ငံနှင့်အနောက်နိုင်ငံများအကြား အပြန်အလှန်အကျိုးသက်ရောက်မှုရှိစေရန် တစ်ခုတည်းသောနည်းလမ်းမှာ ညှိနှိုင်းဆွေးနွေးခြင်းသာဖြစ်ပြီး အီရန်၏ နျူးကလီးယားအစီအစဉ်များနှင့် ပက်သက်၍ အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ထားမှုများအား ရုပ်သိမ်းပေးရန် အီရန် သမ္မတသစ် ဟာဆန်ရူဟာနီက တောင်းဆိုလိုက်သည်။ အနောက်နိုင်ငံများသည်အီရန်နိုင်ငံအား လေးစားသမှုဖြင့်ဆွေးနွေးမှသာ သင့်လျော်သောအဖြေတစ်ခုရရှိမှာဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုဖြင့် အဖြေရရှိမှာမဟုတ်ကြောင်း ရူဟာနီက ပြောကြားခဲ့သည်။
    ______________________________
    ပဲရစ်မြို့ရှိ အိမ်ယာမဲ့များအား ပြင်သစ်မွတ်စလင်များက လှူဒါန်းကျွေးမွေး

    ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အိမ်ယာမဲ့များနှင့် ချို့တဲ့သူများအား လှူဒါန်းကျွေးမွေးရန်အတွက် ပြင်သစ်မွတ်စလင်များက  “Une Chorba Pour Tous” [Soup for Everyone]  အစီအစဉ်ကိုပြုလုပ်ခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လတစ်လုံးတွင် ပြုလုပ်သည့်အဆိုပါအစီအစဉ်တွင် မွတ်စလင် စေတနာ့ဝန်ထမ်း ၃၀ ကျော်လာရောက် လုပ်အားပေးကြပြီး နေ့စဉ် လူရာပေါင်းများစွာကို လှူဒါန်းကျွေးမွေးသည်ဟု သိရသည်။
    ______________________________
    အာဖဂန်တွင်ရေကြီး လူ ၇၀ သေဆုံး

    မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အနည်းဆုံး လူ ၇၀ သေဆုံးခဲ့သည်ဟုသိရသည်။ အာဖဂန်အရှေ့ပိုင်းရှိ ခရိုင်ကိုးခုတွင် ရေကြီးရေလျှံမှုများ ဖြစ်နေသောကြောင့် ယခုလောလောဆယ်တွင် ၆၉ ဦး အထိသေဆုံးပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်ကြောင်း လူ ၁၁ ဦး ဒဏ်ရာရရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

  • ၅-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်လ-၅ ရက်၊ ၂၀၁၃
    M-Media
    Arsenal-v-Galatasaray
    ဒရောဂ့်ဘာ၏သွင်းဂိုးများဖြင့် ဂါလာတာစာရေး အီမရိတ်ဖလားကိုဆွတ်ခူး

    ယမန်နေ့ကကျင်းပခဲ့သည့် အီမရိတ်ဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် တူရကီကလပ် ဂါလာတာစာရေးက ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိကာ အီမရိတ်ဖလားအား ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။ ပထမပိုင်း မိနစ် ၄၀ တွင် တိုက်စစ်မှူးဝေါလ်ကော့က အာဆင်နယ်အသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်း ၇၈ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့်ချေပဂိုးနှင့် ၈၂မိနစ်တွင် အနိုင်ဂိုးကို လူစားဝင်ရောက်လာသူ ဒရောဂ့်ဘာက သွင်းယူပေးခဲ့သည်။
    _______________________________________
    အေစီမီလန်အား အနိုင်ယူကာ Guinness International Champions Cup ဖိုင်နယ်သို့ ချယ်ဆီး တက်ရောက်

    ကျင်းပလျက်ရှိသည့် Guinness International Champions Cup ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းက စီးရီးအေကလပ် အေစီမီလန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ ချယ်ဆီးအတွက်ဂိုးများကို ပထမပိုင်းတွင် ကဲဗင်ဒီဘရိုင်းကလည်းကောင်း၊ ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် အသစ်ရောက်ရှိလာသည့် အန်ဒရေရှုလာက လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းသည် နောက်ဆုံးဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
    _______________________________________
    ဒေါ့မွန်အသင်းသာ ဘိုင်ယန်မြူးနစ်ကို ရပ်တန့်နိုင်မည်ဟု ဂျာမနီ လက်ရွေးစင်အသင်းနည်းပြဆို

    ဘိုင်ယန်နည်းပြသစ် ပက်ပ် ဂွာဒီယိုလာ၏ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ရန် ကြိုးပမ်းမှုကို ဒေါ့မွန်အသင်းသာလျှင် ခြိမ်းခြောက်နိုင်လိမ့်မည်ဟု ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်းမ်လို က ပြောကြားခဲ့သည်။
    ဒေါ့မွန်သင်းသည် ဘိုင်ယန်အားစိန်ခေါ်နိုင်စွမ်းရှိသည့် တောင့်တင်းသော အသင်းဖြစ်ကြောင်း၊ ဂွာဒီယိုလာမှာ ဘိုင်ယန်အသင်းအား ဖိအားများနှင့် ကိုင်တွယ်ရမည်ဖြစ်ကြောင်း သူက ထည့်သွင်းပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယမန်နှစ် ဘွန်ဒစ်လီဂါတွင် ဒေါ့မွန်အသင်းအားဖြတ်ကျော်ကာ ဗိုလ်စွဲခဲ့ပြီး၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်း ဒေါ့မွန်အသင်းအား အနိုင်ယူကာ ဗိုလ်စွဲနိုင်ခဲ့သည်။
    _______________________________________
    မိုနာကိုအသင်းသည် ပီအက်ဂျီအားမခြိမ်းခြောက်နိုင်ဟု လိုင်ယွန်ဥက္ကဌဆို

    ပြင်သစ်လိဂ်ဝမ်းကလပ် လိုင်ယွန်အသင်း၏ နည်းပြဖြစ်သူ ဂျီအန် မီရှယ် အောလက်စ်က ယခုနှစ်နွေရာသီအတွင်း ငွေးကြေးအမြောက်အများသုံးစွဲကာ အသင်းအားပြင်ဆင်ထားသည့် မိုနာကိုအသင်းအနေဖြင့် လိဂ်ဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းအား ခြိမ်းခြောက်နိုင်ခြင်းရှိမည်မဟုတ်ဟု ပြောဆိုလိုက်သည်။ ပီအက်စ်ဂျီအသင်းမှာ ချန်ပီယံထပ်ဖြစ်ရန် အခွင့်အရေးများနေပြီး မိုနာကိုအသင်းမှာ ချန်ပီယံဖြစ်ရန် ခက်ခဲလိမ့်မည်ဟု မီရှယ်အောလက်စ်က ပြောဆိုခဲ့သည်။ မိုနာကိုအသင်းသည် ယခုနှစ်တွင်မှ လိဂ်ဝမ်းသို့ တန်းတက်လာခြင်းဖြစ်သည်။
    _______________________________________
    ဘရာဇီးတိုက်စစ်မှူးနေးမာ သွေးအားနည်းရောဂါခံစားနေရကြောင်း ဘာကာအတည်ပြု

    မကြာသေးခင်က စစ်ဆေးခဲ့သော ဆေးစစ်ချက်များအရ ဘာစီလိုနာအသင်း၏ ဘရာဇီးတိုက်စစ်မှူး နေးမာမှာ သွေးအားနည်းရောဂါခံစားနေရကြောင်းသိရသည်။ ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာ အန်ဒိုနီ ဇူဘီဇရက်တာ က နေးမာအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း၊ အခြေအနေပိုမိုကောင်းမွန်လာရန် ၎င်းတို့အနေဖြင့် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    _______________________________________
    ဗီလာဘိုအားစ်၏ မှတ်ချက်ကြောင့် ဂါရက်ဘေးလ် စိတ်ပျက်နေ

    ရီးယဲလ်မက်ဒရစ်အသင်းမှ စံချိန်တင်ပြောင်းရွှေကြေးဖြင့်ကမ်းလှမ်းခြင်းခံထားရသည့် ဂါရက်ဘေးလ်မှာ တော့တင်ဟမ်နည်းပြဖြစ်သူ၏မှတ်ချက်ကြောင့် မပျော်မရွှင်ဖြစ်နေသည်ဟု ဘေးလ်နှင့် နီးစပ်သူများမှ တဆင့်သိရသည်။ စနေနေ့က မိုနာကိုအသင်းအားရှုံးနိမ့်ခဲ့သော ခြေစမ်းပွဲအပြီးတွင် ဗီလာ ဘိုအားစ်က ဘေးလ်၏ အပြောင်းရွှေ့သတင်းများမှာ ကောလဟာလများသာဖြစ်ကြောင်း၊ ရီးရဲလ်မက်ဒရစ်အသင်းနှင့် တစ်ခုတည်းသော ဆက်သွယ်မှုမှာ ဘေးလ်အား ရောင်းချမည် မဟုတ်ဟု ပြောဆိုခဲ့ခြင်းသာဖြစ်သည်ဟု မှတ်ချက်ပေးပြောကြားခဲ့သောကြောင့် အသင်းမှ ထွက်ခွာလိုသည့် ဘေးလ်အနေဖြင့် မပျော်မရွှင်ဖြစ်နေရခြင်းဖြစ်သည်။
    _______________________________________
    ယူအေအီးကစားသမားတစ်ဦးအား အာဆင်နယ်မျက်စိကျနေ

    အာဆင်နယ်အသင်းသည် ယူအေအီး ကစားသမားတစ်ဦးဖြစ်သူ အိုမာ အဗ္ဗဒူလ်ရဟ်မာန်အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ အသက် ၂၁ နှစ်အရွယ်ရှိ အဆိုပါကစားသမားအား ဂျာမန်ကလပ် ရှော်လ်ကေးအသင်းနှင့် ဘာစီလိုနာအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။
    _______________________________________
    မာရှေရာနိုအား နာပိုလီစိတ်ဝင်စားနေပြန်

    စီးရီးအေကလပ်နာပိုလီအသင်းသည် ဘာစီလိုနာနောက်ခံလူ မာရှေရာနိုအား ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟုသိရသည်။ နာပိုလီအသင်းသည် ရီးရဲလ်မက်ဒရစ်က ခေါ် ယူထားသည့် နောက်ခံလူ ရောလ် အလ်ဘီအိုနှင့် တွဲကစားရန်အတွက် နောက်ခံလူတစ်းဦးရှာဖွေနေပြီး မာရှေရာနိုမှာ အဓိကပစ်မှတ်ဖြစ်လာသည်။
    _______________________________________
    အာဆင်နယ်တိုက်စစ်မှူးချာမက် ခရစ္စတယ်ပဲလေ့စ်သို့ြေ့ပာင်းရွှေ

    အာဆင်နယ်အသင်း၏ တိုက်စစ်မှူး မရောနီချာမက်မှာ ယခုနှစ်တွင်မှ ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ခြောက်လ အငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားသည်ဟု သိရသည်။ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဂါဗင်ဟိုနှင့် ချာမက်တို့မှာ အသင်းမှ ထွက်ခွာဖွယ်ရှိနေပြီး ဘန်တနာမှာ အသင်းတွင် ဆက်ရှိနေမည်ဟု မကြာသေးခင်က ပြောဆိုထားသည်။
    _______________________________________
    ဗြိတိန်အိုးပင်းအမျိုးသမီးဂေါက်သီးရိုက်ပြိုင်ပွဲတွင် စတေစီလူးဝစ်ဗိုလ်စွဲ

    စကော့တလန်နိုင်ငံ စိန့်အန်ဒရူးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ဗြိတိန်အိုးပင်း အမျိုးသမီးဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးမယ် စတေစီလူးဝစ်က နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
    _______________________________________
    Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ၈ ကြိမ်မြောက်ဗိုလ်စွဲ

    အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်မှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးတွင် ကျင်းပသည့် Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။ ယခုကဲ့သို့ ဗိုလ်စွဲခဲ့ခြင်းမှာ ၈ ကြိမ်မြောက်ဖြစ်ပြီး မကြာခင်ကျင်းပတော့မည့် PGA Championship ဂေါက်သီးရိုက်ပြိုင်ပွဲအနိုင်ရရှိရေးအတွက် မျှော်လင့်ချက်များ ပိုမိုရှင်သန်လာခဲ့သည်။ တိုက်ဂါးဝုဒ်မှာ ၂၀၀၀၊ ၂၀၀၆နှင့် ၂၀၀၇ ခုနှစ်များတွင် Bridgestone နှင့် PGA Championship ပြိုင်ပွဲနှစ်ခုစလုံးတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် အစဉ်အလာရှိနေသည်။
    _______________________________________
    BWF World Championships ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမအဆင့်တွင် လီချုံဝေနိုင်ပွဲရရှိ

    မလေးရှားကြက်တောင်အကျော်အမော် လီချုံဝေမှာ ကျင်းပလျက်ရှိသည့် BWF World Championships ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်တွင် အိုင်ယာလန်ကစားသမား စကော့ အီဗန်စ် အား အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ၂၇ မိနစ်သာကြာသည့် အဆိုပါပွဲစဉ်တွင် လီချုံဝေက ၂၁-၁၁၊ ၂၁-၁၅ ဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။