News @ M-Media

Blog

  • စစ်ကြောရေး အခန်းထဲတွင် ငါးရက်ကြာ ပိတ်ထားခံရသူ အမေရိကန်တစ်ဦး ဒေါ်လာ ၄.၁ သန်း လျော်ကြေးရ

    ဇူလိုင်-၃၁၊၂၀၁၃
    M-Media

    US manဆန်ဒီရေဂိုမြို့မှ တက္ကသိုလ်ကျောင်းသားသည် အမေရိကန် အစိုးရမှ လျော်ကြေးငွေ ဒေါ်လာ ၄ သန်း (ပေါင် ၂.၆ သန်း) အား ၄ ရက်ကြာ ထောင်ဒဏ်ခံစားရပြီးနောက်တွင် ရရှိခဲ့ကြောင်း သူ၏ ရှေ့နေက ပြောကြားခဲ့သည်။

    အမေရိကန်နိုင်ငံ San Diego မြို့မှ စက်မှုတက္ကသိုလ် ကျောင်းသား Daniel Chong, ၁၅ နှစ်သည် အကျဉ်းထောင် ထဲတွင် သူ၏ ကျင်ငယ်ရေအား သောက်သုံးကာ အသက်ဆက်ခဲ့ရပြီး၊ သူ၏ မိခင်ဖြစ်သူအားပြောချင်သည့် စကား များအား သူ၏ လက်မောင်းတွင် ရေးထိုးထားခဲ့ပြီး၊ ခဏခဏ ကယောင်ကတမ်း ဖြစ်နေခဲ့ကြောင်း။

    ၂၀၁၂ ခုနှစ် ဧပရယ်လ ၂၀ရက်က မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖမ်းဆီးစစ်ဆေးသူများက မေ့လျောကာ အစာ၊နှင့် ရေ မရှိပဲ အခန်းတွင်ပိတ်ထားခဲ့မိပြီး ၅ရက်ကြာမှ တွေ့ရှိသောကြောင့် ယခုကဲ့သို့ လျော်ကြေးပေးရခြင်းဖြစ်သည်။
    တရားရုံးတော် ဌာနမှ စုံစမ်းစစ်ဆေးရေးမှုးသည် အဖြစ်အပျက်အား လေ့လာခဲ့ကြောင်း။

    မစ်စတာချောင်အား ပြန်လွှတ်ပေးပြီး နောက်တွင် သူသည် ဆေးရုံတွင် ရေဓာတ်ကုန်ခန်းခြင်း၊ ကျောက်ကပ် အလုပ်မလုပ်ခြင်း၊ ကြွက်တက်ခြင်း နှင့် အစာလမ်းကြောင်းအတွင်း အစာသွင်းရန် အပေါက်ဖောက်လိုက်ရခြင်းတို့ကြောင့် ၅ ရက်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး။ ပေါင် ၁၅၁ ပေါင် (၇ KG) လောက် ၀ိတ်ကျသွားခဲ့သည်။

    မစ်စတာချောင်က သူအား စစ်ကြောရေး အခန်းထဲတွင် မေ့ပြီး ထားရစ်ခဲ့သည် ဟု ထင်ကြောင်း။
    “ထိုအရာဟာ မတော်တဆမှု တစ်ခုလို့မြင်နေရပေမယ့်၊ အလွန့် အလွန်ကို ခါးသီးတဲ့ မတော်တဆမှု တစ်ခုပါပဲ” ဟု သူက ပြောသည်။

    အကျဉ်းခန်းအတွင်း မည်သည့် ပြတင်းပေါက်မှ မရှိသလို၊ မစ်စတာ ချောင်တွင်လည်း စားစရာ၊ သောက်စရာ မည်သည့်အရာမှမရှိကြောင်း။

    သူ၏ ရှေ့နေက ဆိုသည်မှာ ထိုမတော်တဆမှု၏ နောက်ဆက်တွဲရလဒ်အဖြစ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာန မှ ယခုဆို  ထိန်းသိမ်းသူများအတွက် မူဝါဒအသစ်များ ထုတ်ပြန်လိုက်ကြောင်း၊ နေ့တိုင်း အကျဉ်းခန်းများအား စစ်ဆေးခြင်း နှင့် အကျဉ်းခန်းအတွင်း ကင်မရာများ ထားရှိခြင်းများ လည်း ပါဝင်ကြောင်း သိရသည်။

    Ref: BBC

  • Google မှ အီရန် သတင်းဌာန Press TV ၏ Youtube account ကို အသုံးပြုခွင့်ပိတ်

    ဇူလိုင်-၂၉၊၂၀၁၃
    M-Media

    youtube
    ကြာသာပတေးနေ့က စတင်ကာ Google သည် အီရန်အခြေစိုက် နိုင်ငံတကာသတင်းဌာန တစ်ခုဖြစ်သော Press TV ၏ Youtube အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း နေ့စဉ် ပုံမှန်ကြည့်ရှုနေသူများ မှာ Press TV သို့ ဆက်သွယ် မေးမြန်းကြကြောင်း သိရှိရသည်။

    “ပြီးခဲ့တဲ့ ကြာသာပတေးနေ့ အစောပိုင်းထဲက ကျွန်တော်တို့ မည်သည့် ရုပ်သံ သတင်း အသစ်ကိုမှ အွန်လိုင်းတွင် တင်လို့မရခဲ့ဘူး” ဟု Press TV ၏ သတင်းဌာန ဒါရိုက်တာ ဟာမဒ်ရေဇာအမ်မာဒီ (Hamid Reza Emadi) မှ ပြောကြားခဲ့သည်။ သူက ဆက်လက်ပြောကြားခဲ့သည်မှာ Google သည်း မည်သို့သော် အကြောင်းပြချက်မှ ပေးအပ်ခြင်းမရှိဘဲ အကောင့်အား အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း ကြည့်ရှုသူများသည် Press TV သို့ ယခုတိုင် အီးမေးလ်များ ပေးပို့ကာ အဘယ်ကြောင့် ဗီဒီယို အသစ်များ မတင်ရသလဲ ဟု မေးမြန်းလျက်ရှိသည်” ဟု သူက ဆိုသည်။

    အမ်မာဒီ က Press TV ကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာ သူ၏ Youtube အကောင့်အတွင်း နိုင်ငံရေး နှင့် ပတ်သက်သော အရာများ တင်ထားသည်ကြောင့်လား၊ သို့မဟုတ် နည်းပညာ ချို့ယွင်း ချက်များ ဖြစ်ပေါ်ခဲ့လို့လား၊ ထိုအရာကို အရင်ဖြေရှင်းမည်ဖြစ်ကြောင်း နှင့် မကြာမှီ အချိန်အတွင်း Youtube တွင် ပြန်လည်ပြသနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    SL/SL

  • ၃၁-၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ၃၁-၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇူလိုင်-၃၁-၂၀၁၃
    M-Media
    ဗုဒ္ဓဂါယာ ပေါက်ကွဲမှု့ နှင့် ပတ်သက်၍ ကျောင်းဆောင် ထိန်းသိမ်းရေး ဂေါပကအဖွဲ့ အတွင်းရေးမှူးဟောင်းများကို စစ်ဆေးမည်

    ဒ္ဓဂါယာတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှု၏ အဓိက သံသယရှိသူမှာ IM (အိန္ဒိယ မူဂျာဟစ်ဒ်) များဖြစ်သော် လည်း NIA (အိန္ဒိယအမျိုးသားကာကွယ်ရေး အေဂျင်စီ) ၏ စုံစမ်းစစ်ဆေးခြင်းမှ ရရှိခဲ့သော အချက်အလက်များအရ ဗုဒ္ဓဂါယာ ဘုရားကျောင်း ဆောင် ထိန်းသိန်းရေး ကော်မတီ (Bodh Gaya Temple Management Committee (BTMC)) ၏ အတွင်းရေးမှုးဟောင်း ၂ ဦးအား စုံစမ်းမည်ဖြစ်ကြောင်း သိရသည်။

    ဗုဒ္ဓဂါယာ ပေါက်ကွဲမှု့ နှင့် ပတ်သက်၍ ကျောင်းဆောင် ထိန်းသိမ်းရေး အတွင်းရေးမှူးဟောင်းများကို စစ်ဆေးမည်


    __________________________
    စစ်ကြောရေးအခန်းထဲတွင် ငါးရက်ကြာ ပိတ်ထားခံရသူ ၄.၁ သန်း လျှော်ကြေးရ

    အမေရိကန်နိုင်ငံ San Diego မြို့မှ စက်မှုတက္ကသိုလ် ကျောင်းသား Daniel Chong, ၁၅ နှစ်သည် ၂၀၁၂ ခုနှစ် ဧပရယ်လ ၂၀ရက်က မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖမ်းဆီးစစ်ဆေးသူများက မေ့လျောကာ အစာ၊နှင့် ရေ မရှိပဲ အခန်းတွင်ပိတ်ထားခဲ့မိပြီး ၅ရက်ကြာမှ တွေ့ရှိသောကြောင့် ယခုအခါ ၎င်းအားနစ်နာကြေး ဒေါ်လာ ၄.၁ သန်း ပေးလျော်ရန် တရားရုံးက ဆုံးဖြတ်လိုက်သည်။
    __________________________
    တိုရန်တိုမြို့ သံလမ်းပြေးကားပေါ်မှ လူငယ်ကို ပစ်ခတ်မှု

    ကနေဒါနိုင်ငံ တိုရန်တိုမြို့ တွင် ၂၇ရက်နေ့က သံလမ်းပြေးကားပေါ်မှ ဓါးကိုင်၍ ရထားပေါ်မှ လူများကို ဆင်းခိုင်းသော ၁၈နှစ်အရွယ် လူငယ်ကို ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ၉ချက် ပစ်ခတ်မှု လဲကျသွားပြီးနောက် လျပ်စစ် ကျင်စက်သေနတ်ဖြင့် ပစ်ခတ်မှုများ ၏ ဗွီဒီယို ထွက်ပေါ်လာပီးနောက် ရဲတပ်ဖွဲ့ကို ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
    __________________________
    ဗြိတိန်တွင် euthanasia ပြုခွင့် တရားရုံးကပယ်ချ

    ဝေဒနာပြင်းထန်ပြီး သေဆုံးခါနီး လူနာနှစ်ဦးက euthanasia (ဆေးထိုး၍ ညင်သာစွာသေဆုံးစေခြင်း) ကို တရားဝင်ခွင့်တောင်းထားခြင်းကို တရားရုံးက ပယ်ချလိုက်သည်။
    __________________________
    ဘရာဇီးရေပိုက်ပွင့်ထွက်မှု

    ဘရာဇီး မြို့တော်တွက် ဖိအားပြင်းသည့် ရေဖြန့်ဝေရေး ပိုက် ပေါက်ထွက်သွားရာမှ ၃နှစ်ကလေးငယ်တစ်ဦးသေဆုံးပြီး ၁၃ဦးဒါဏ်ရာရသည်။
    __________________________
    Google မှ Press TV ၏ Youtube account ကို အသုံးပြုခွင့်ပိတ်

    ကြာသာပတေးနေ့က စတင်ကာ Google သည် အီရန်အခြေစိုက် နိုင်ငံတကာ သတင်းဌာနတခုဖြစ်သော Press TV ၏ Youtube အကောင့် အသုံးပြုခွင့် ကို မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ပိတ်ပင်လိုက်ကြောင်း။ ထို့ကြောင့် ကြည့်ရှုသူများ နှင့် နှစ်စဉ်ပုံမှန်ကြည့်ရှုနေသူများ မှာ Press TV သို့ ဆက်သွယ်မေးမြန်းကြကြောင်း သိရှိရသည်။

  • ၃၁-၇-၂၀၁၃ နိုင်ငံတကာ အားကစားသတင်းများ

    ဇူလိုင်-၃၁၊ ၂၀၁၃
    M-Media

    Balotelli
    အော်ဒီဖလားဘောလုံးပြိုင်ပွဲဝင် အေစီမီလန်အသင်းတွင် ဘာလော့တယ်လီ မပါဝင်

    မကြာမီကျင်းပတော့မည့် ရာသီအကြို အော်ဒီဖလား ဘောလုံးပြိုင်ပွဲဝင် အေစီမီလန်အသင်းတွင် တိုက်စစ်မှူး ဘာလော့တယ်လီ ပါဝင်မည်မဟုတ်ဟု အသင်းနည်းပြ မက်စီမီလီယာနို အလ်လီဂရီက ပြောကြားခဲ့သည်။ မန်စီးတီးအသင်းတွင် ၂ နှစ်ခွဲကြာကစားခဲ့ပြီး ဇန်န၀ါရီလကမှ အေစီမီလန်သို့ရောက်ရှိခဲ့သူ့ ဘာလော့တယ်လီမှာ အသင်းအတွက် ၁၃ ပွဲကစားပေးခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။ ဘာလော့တယ်လီမှာ အသင်းအတွက် အရေးကြီးသောကစားသမားတစ်ဦးဖြစ်သော်လည်း အားလပ်ရက် အနားယူနေရာမှပြန်ရောက်လာပြီး အသင်း၏လေ့ကျင့်ခန်းအစီအစဉ်တွင် နှစ်ရက်သာပါဝင်နိုင်ခဲ့သောကြောင့် အော်ဒီဖလားပြိုင်ပွဲဝင် အေစီမီလန်အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ရခြင်းဖြစ်ကြောင်း အလ်လီဂရီက ပြောဆိုခဲ့သည်။
    _________________________________
    ဇစ်ကိုသည် မန်စီးတီးအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်လာမည်ဟု နည်းပြဆို

    မန်စီးတီးသို့ စတင်ရောက်ရှိစဉ်ကတည်းက ပုံမှန်ပွဲထွက်ခွင့်အတွက်ရုန်းကန်နေရသူ တိုက်စစ်မှူးဇစ်ကိုမှာ ယခုနှစ်ဘောလုံးရာသီတွင် အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်လာလိမ့်မည်ဟု မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။ ဇစ်ကိုအား ၎င်းအနေဖြင့် ယုံကြည်ကြောင်း အသင်းသို့ရောက်ရှိလာကြသော ကစားသမားတိုင်းမှာ အသင်းအတွက် အထောက်အပံ့ဖြစ်ပြီး အသင်းရှိနေရာတိုင်း၌ ကစားသမားတစ်ဦးထက်ပို၍လိုအပ်ကြောင်း ပယ်လီဂရီနီက ထည့်သွင်းပြောကြားခဲ့သည်။ မန်စီးတီးတိုက်စစ်တွင် ဇစ်ကို၊ အဂူရိုနှင့် အသစ်ရောက်ရှိလာကြသည့် စတီဗန် ဂျိုဗီတစ်နှင့် အလ်ဗာရို နီဂရီဒို တို့ဖြင့် တိုက်စစ်မှူး လေးဦးအထိရှိနေသည်။
    _________________________________
    မိုရင်ဟိုအားကျေးဇူးတင်ကြောင်း ကာဆီးလက် ဆို

    အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သည့် ၃ နှစ်အတွင်း အောင်မြင်မှုများရရှိရန်ကူညီပေးခဲ့သည့် နည်းပြဟောင်းမော်ရင်ဟိုအား ကျေးဇူးတင်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် အီကာကာဆီးလက်က ပြောဆိုလိုက်သည်။ သုံးနှစ်အတွင်း ဖလားသုံးလုံး ရယူပေးနိုင်ခဲ့သည့် မော်ရင်ဟိုအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည့် ကာဆီးလက်က တော့တင်ဟမ်တိုက်စစ်မှူး ဂါရက်ဘေးလ်မှာ ဥရောပအကောင်းဆုံး ဘောလုံးသမားများထဲမှ တစ်ဦးဖြစ်သည်ဟုလည်း ဖွင့်ဟ၀န်ခံခဲ့သည်။
    _________________________________
    အသင်း၏ ခံစစ်နေရာတွင် ပုံမှန်ကစားခွင့်ရရန် ဘတ်တနာအလိုရှိနေ

    အသက် ၂၄ နှစ်အရွယ်ရှိ မန်ယူတိုက်စစ်မှူး အလက်ဇန်းဒါး ဘတ်တနာက နည်းပြသစ်ဒေးဗစ်မိုယက်စ်လက်အောက် ဘယ်တောင်ပံ ခံစစ်ပိုင်းတွင် အီဗရာအား ကျော်ဖြတ်ကာ ပုံမှန်ကစားခွင့်ရရန် ဆန္ဒရှိနေသည်ဟုသိရသည်။ ပြီးခဲ့သည့်ရာသီတွင် ၁၃ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သည့် ဘတ်တနာက ပက်ထရစ်အီဗရာမှာ ယမန်နှစ်က အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ရာသီအစ လအနည်းငယ်တွင် အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း ပါဝင်ကစားခဲ့ရသည့် ၁၃ ပွဲတွင် မိမိသည်လည်း အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း၊ ယခုနှစ်ရာသီတွင် မိမိ၏မျှော်မှန်းချက်မှာ ပွဲများများကစားရရန်ဖြစ်ကြောင်း ဘတ်တနာက ပြောကြားခဲ့သည်။
    _________________________________
    ဟီဂူအင်အား ရောင်းချခြင်းအတွက် ရီးရဲလ်နောင်တရမည်ဟု မီဂျာတိုဗစ်ပြောကြေား

    ဟီဂူအင်ကဲ့သို့ အရည်အချင်းပြည့်ဝသော တိုက်စစ်မှူးတစ်ဦးအား ထုတ်ရောင်းခဲ့ခြင်းအတွက် ရီးရဲလ်မက်ဒရစ်အနေဖြင့် နောင်တရလိမ့်မည်ဟု ရီးရဲလ်တိုက်စစ်မှူးဟောင်း မီဂျာတိုဗစ်က သတိပေးပြောကြားလိုက်သည်။ နည်းပြကာပယ်လိုလက်ထက် လာလီဂါချန်ပီယံဖြစ်ခဲ့ရာတွင် ဟီဂူအင်သည် အရေးပါသော ကစားသမားတစ်ဦးဖြစ်ခဲ့ကြောင်း၊ တစ်ရာသီတွင် ၂၅ ဂိုး၊ ဂိုး ၃၀ သွင်းနိုင်သည့် ဟီဂူအင်ကဲ့သို့ ကစားသမားမျိုးကို ရှာဖွေရန်မလွယ်ကူကြောင်း မီဂျာတိုဗစ်က ထည့်သွင်းပြောကြားခဲ့သည်။
    _________________________________
    မက်ဆီသည် ၎င်းအားကျသည့် ကစားသမားဖြစ်ကြောင်း နေးမာ ဖွင့်ဟ

    ပိုလန်ကလပ်အသင်းနှင့် ၂ဂိုးစီ သရေကျခဲ့သောပွဲတွင် ဘာကာအတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိခဲ့သူ နေးမာက ဘာကာအသင်း၏ အာဂျင်တိုင်းတိုက်စစ်မှူး မက်ဆီမှာ ၎င်းအားကျသော ကစားသမားဖြစ်သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ မက်ဆီမှာ ကောင်းဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း၊ မက်ဆီနှင့်တွဲကစားရခြင်းကို ပျော်ရွှင်မိကြောင်း နေးမာက ပြောဆိုခဲ့သည်။
    _________________________________
    တော့တင်ဟမ် နောက်ခံလူ မိုဒရစ်ဘက်သို့ မန်ယူမြှားဦးလှည့်လာပြန်

    ဘာကာကွင်းလယ်လူ ဖာဘရီဂတ်စ်အား ခေါ်ယူခွင့်ဆုံးရှုံးခဲ့ပြီးနောက် တော့တင်ဟမ် နောက်ခံလူ လူကာမိုဒရစ်အား ယူရို ၂၉ သန်းဖြင့်ခေါ်ယူရန် မန်ယူအသင်းက စီစဉ်နေသည်ဟုသိရသည်။ မန်ယူအသင်းမှာ အဲဗာတန်ကွင်းလယ်လူဖယ်လိုင်နီကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။
    _________________________________
    ရော်နယ်ဒိုနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ရီးရဲလ်ဥက္ကဌ လော့စ်အိန်ဂျလိစ်သို့ ထွက်ခွာ

    ရီးရဲလ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်အတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှုများပြုလုပ်ရန် ရီးရဲလ်အသင်းဥက္ကဌ ပီရက်ဇ်မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်သို့ ထွက်ခွာသွားသည်ဟု သိရသည်။
    _________________________________
ှကျူပီအာ တိုက်စစ်မှူးအားခေါ်ယူရန် နယူးကာဆယ် စီစဉ်နေ

    ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းသည် ကျူပီအာအသင်း၏ တိုက်စစ်မှူး လိုအစ် ရမ်မီအား ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု သိရသည်။ နယူးကာဆယ် အသင်းသည် လိုင်ယွန်ကစားသမား ဘက်ဖီတင်ဘီ ဂိုမစ်အား ခေါ်ယူရန် ကြိုးပမ်းမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရသည်။
    _________________________________
    ဂျီနိုအာ ခံစစ်မှူးအား ခေါ်ယူရန် မီလန် စဉ်းစားနေ

    အေစီမီလန်အသင်းသည် ဂျီနိုအာအသင်း၏ နောက်တန်းကစားသမား အန်ဒရီယက်စ် ဂရန်ကွဗ်စ်အားခေါ်ယူရန် စီစဉ်နေသည်ဟု သိရသည်။ အသင်း၏ခံစစ်မှူး ဒန်နီယလ် ဘိုနီရာ၏မှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် ၎င်း၏နေရာတွင် အစားထိုးရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။
    _________________________________
    အနာဂတ်အတွက် မဆုံးဖြတ်မီ မိုယက်စ်နှင့် နာနီဆွေးနွေးလို

    မန်ချက်စတာယူနိုက်တက်အသင်း၏ တောင်ပံကစားသမား နာနီက သူ၏အနာဂတ်အတွက် ဆုံးဖြတ်ချက်မချမီ နည်းပြသစ်ဒေးဗစ်မိုယက်စ်နှင့် ဆွေးနွေးမှုတစ်ခုပြုလုပ်ချင်သည်ဟု သိရသည်။ နာနီအား ပီအက်စ်ဂျီအသင်းနှင့် မိုနာကိုအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေသည်။
    _________________________________
    စီးတီးအိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် ဟီသာ ၀တ်စတန် နိုင်ပွဲရရှိ

    ဗြိတိန်တင်းနစ်မယ် ဟီသာဝတ်စတန်မှာ ၀ါရှင်တန်တွင် ကျင်းပပြုလုပ်နေသည့် စီးတီးအိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ကစားချိန် ၂ နာရီနှင့် ၁၀ မိနစ် ကြာမြင့်ခဲ့ပြီး အမေရိကန်တင်းနစ်မယ် အလက်ဇန်ဒရာ မူလာအား ၆-၇(၅-၇)၊ ၆-၄၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည့် ၀တ်စတန်မှာ တတိယအဆင့်တွင် ဆီဒင် ၄ ရ ပြင်သစ်တင်းနစ်မယ် အလိုက်ဇ် ကော်နတ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
    _________________________________
    ဆီဒင် ၂ ရ ဆိုလိန်းစတီဖင်မှာလည်း ပထမအဆင့်မှပင် ထွက်ခွာခဲ့ရ

    ကမ္ဘာ့အဆင့် ၁၅ အမေရိန်ကန်တင်းနစ်မယ် ဆိုလိန်းစတီဖင်မှာ ရုရှားတင်းနစ်မယ် အိုလ်ဂါ ပန့်ကိုဗာ အား ၇-၅၊ ၆-၃ ဖြင့်ရှုံးနိမ့်ခဲ့ကာ စီးတီးအိုးပင်းပြိုင်ပွဲ၏ ပထမအဆင့်မှပင် ထွက်ခွာခဲ့ရသည်။ ဗိုလ်စွဲနိုင်ခြေအဆင့် ၂ သတ်မှတ်ခံထားရသူ စတီဖင်က သူမ၏ ဆိုးရွားလှသောစွမ်းဆောင်ရည်များနှင့် ပက်သက်၍ သူမကိုယ်တိုင်ပင် မယုံကြည်နိုင်ကြောင်း ၀န်ခံပြောကြားခဲ့သည်။
    _________________________________
    မကြာမီကျင်းပတော့မည့် ယူအက်စ် ချန်ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲကို အူစ်သွိုင်ဇန် လွဲချော်

    တောင်အာဖရိက ဂေါက်သီးသမား လူးဝစ် အူစ်သွိုင်ဇန်သည် မကြာမီကျင်းပတော့မည့် ယူအက်စ်ပီဂျီအေ ချန်ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ဒဏ်ရာပြဿနာများကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ လည်ပင်း၊ တင်ပါးနှင့် နောက်ကျောဒဏ်ရာများကို ကာလကြာရှည်စွာခံစားနေရသော လူးဝစ်က ၎င်းအနေဖြင့် ထိုဒဏ်ရာပြဿနာများကို ရာသီတစ်လျှောက်လုံးတွင် ရင်ဆိုင်နေရကြောင်း၊ ယခုအချိန်တွင် ထိုဒဏ်ရာများ သက်သာပျောက်ကင်းရန်အတွက် သင့်တော်သော အနားယူမှုကို လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

  • မြေအောက်ထဲကမြို့ တစ်မြို့ Derinkuyu

    ဇူလိုင် ၃၁၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    Derinkuyu

    ဒီတစ်ခါ M-Media ပရိသတ်တွေကို မိတ်ဆက်ပေးချင်တာကတော့ တူရကီနိုင်ငံမှာရှိတဲ့ Derinkuyu လို့ခေါ်တဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှေးဟောင်းမြို့တစ်မြို့ပါ။

    Derinkuyu ဟာ အထပ်များစွာပါဝင်တဲ့ မြေအောက်မြို့တစ်မြို့ပါ။ တူရကီနိုင်ငံက Nevşehir ခရိုင်မှာတည်ရှိပြီး Median အင်ပါယာရဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။၆၀ မီတာ (ပေ၂၈၀) အနက်အထိရှိပြီး လူ ၂ သောင်းလောက်ဟာ သူတို့မွေးထားတဲ့ တိရိစ္ဆာန်တွေအပြင် သိုလှောင်ထားတဲ့ အစားသောက်တွေနှင့်အတူ နေထိုင်နိုင်လောက်အောင် ကျယ်ပါတယ်။ အထပ် ၁၃ ထပ်ပါဝင်ပြီး အနက်ဆုံးအထပ်အထိ လေဝင်ထွက်ရှိစေရန် လေဝင်ပေါက်ငယ်ပေါင်း ၁၅၀၀၀ သွယ်တန်းထားတဲ့ Derinkuyu ဟာ တူရကီနိုင်ငံ Cappadocia ဒေသမှာတွေ့ရတဲ့ မြေအောက်မြို့တွေထဲက အကြီးဆုံးမြို့ တစ်မြို့ဖြစ်ပါတယ်။

    Derinkuyu မြေအောက်မြို့ကို အတွင်းဘက်မှ ကြီးမားတဲ့ ကျောက်တုံးတံခါးတွေနဲ့ ပိတ်လို့ရပါတယ်။ တစ်လွှာချင်းကို သက်သက်စီဖြစ်အောင် ပိတ်လို့ရပါတယ်။

    လူ ၂ သောင်းလောက်နေလို့ရတဲ့အပြင် ဝိုင်နှင့်ဆီ ကြိတ်စက်များ၊ မြင်းအိမ်များ၊ မြေအောက်ခန်းများ၊ အစားအသောက်တန်းများ နှင့် ရှိခိုးကိုးကွယ်ရာနေရာများ အစရှိတဲ့ အင်္ဂါရပ်အစုံပါဝင်ပါတယ်။

    တူရကီနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ အဆိုအရ Derinkuyu မြေအောက်မြို့ကို ဘီစီ ၈ရာစု-၇ရာစုတည်းက Cappadocia ဒေသရဲ့ မီးတောင်ကျောက်ပျော့တွေမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အရှေ့ရောမအင်ပါယာ (Byzantine) ခေတ်က ကြီးမားကျယ်ပြန့်လာခဲ့တာပါ။ Derinkuyu ဟာ တခြားသော မြေအောက်မြို့များနှင့် မိုင်ပေါင်းများစွာရှည်တဲ့ မြေအောက်လှိုင်ခေါင်းတွေနဲ့ဆက်ထားပါတယ်။

    Nevşehir ခရိုင်တွင် အခြားမြောက်များစွာသော မြေအောက်မြို့များရှိပါသေးတယ်။ သူတို့ကို ထူးခြားဆန်းပြားတဲ့ ပုံစုံများဖြင့်ထွင်းထားကြတာပါ။ ၂၀၀ ထက်ပိုသော မြေအောက်မြို့တွေဟာ အနည်းဆုံး အထပ် ၂ ထပ်ရှိပါတယ်။ အဲဒီထဲက ၄၀ လောက်ကတော့ ၃ ထပ်နဲ့ အထက်ရှိပါတယ်။ ရှေးဟောင်းမြို့တွေထဲက အထင်ရှာဆုံးဖြစ်တဲ့ Kaymaklı နှင့် Derinkuyu တို့ကို ၈ ကီလိုမီတာ ရှည်တဲ့ မြေအောက်လှိုင်ခေါင်းနဲ့ ဆက်သွယ်ထားပါတယ်။

    ကိုးကား – Wiki