News @ M-Media
Blog
  • ကျူလီယာ မွတ်စလင်မ် ရန်ပုံငွေ အဖွဲမှ စံပြဆေးရုံသို့ ၃၇ သိန်းကျော်ဖိုး ဆေးပစ္စည်းများ လှူဒါန်း
    ဇူလိုင် ၂၈၊ ၂၀၁၃
    M-Media
    ဆူးထက်
    သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ကျူလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက်လှူဒါန်း
    DSC_0013
    ရန်ကုန် ။ ။ ကျောက်ကပ်ရောဂါများကို ကုသရာတွင် အသုံးပြုသော ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက် တန်ဖိုးငွေ – ၃၇၃၈၁၀၀ိ/ – ( ကျပ်သုံးဆယ့် ခုနှစ်သိန်း သုံးသောင်း ရှစ်ထောင့် တစ်ရာကျပ်) တန်ဖိုးငွေကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးသို့ ရန်ကုန်မြို့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဇူလိုင်လ ၂၅-ရက်၊ နေ့လယ် (၂)နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားသို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်း၊ လက်ထောက် ဆေးရုံအုပ် ဒေါက်တာ ဒေါ်လှမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဥက္ကဌ ဦးလှရွှေ(JVC)၊ တွဲဖက် အတွင်းရေးမှူး (၁) ဦးမာမက်ဂျလားလ်၊ တွဲဖက် အတွင်းရေးမှူး (၂) ဦးလှဌေး၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်၊ အဖွဲ့ဝင် ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    ၂၀၁၃-ခုနှစ် ဇူလိုင် (၁၆)ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ကလေးဆေးရုံ၊ သွေးရောဂါနှင့် ကင်ဆာရောဂါ ကုသဆောင်သို့ အဆိုပါ အဖွဲ့မှ ကင်ဆာနှင့် ပတ်သက်သော ဆေးပစ္စည်း ၁၀မျိုး တန်ဖိုးငွေ ကျပ်(၁၅၁၁၅၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း ဇူလိုင် ၂၅-ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြပါရှိကြောင်း သိရသည်။
    အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့သည် အမှတ် (၁၆၁)၊ မောင်ထော်လေးလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး သက်ကြီးရွယ်အို များအား ထောက်ပံ့ကူညီခြင်း၊ လူမျိုးဘာသာမရွေး ကျောင်းသား (၂၀၀)ကျော်အား ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ လူမျိုးဘာသာမရွေး စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်းများ ပြုလုပ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါး သူများ၏ ကျန်းမာရေးကြောင့် ဆေးရုံ တက်သည့် အခါတွင် ဆေးရုံစရိတ် မတတ်နိုင်သူများအား ဆေးရုံတက်သည်မှ ပြန်ဆင်းသည့် အချိန်ထိ ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးခြင်း များကို နှစ်စဉ် နှစ်တိုင်း တစ်နှစ်ပတ်လုံး ပုံမှန် လည်ပတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
  • ဦးရာရှစ်၊ သမ္မတ ဦဘဦး၊ ကုလအတွင်းရေးမှူချူပ် :သမိုင်းထဲက ပုံရိပ်(၁)
    ဇူလိုင်-၂၈-၂၀၁၃
    M-Media
    11
    ကုလအတွင်းရေးမှူး ဒက်ဟမ်းမားရှိုး၊ မြန်မာသမ္မတ ဒေါက်တာ ဘဦး ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးရာရှစ်၊ ၁၉၆၀ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့စဉ်က
    This is a photograph of Dag Hammarskjold enjoying evening cocktails with President Dr Ba U and Commerce and Industry Minister U Raschid at Government House in Rangoon in February 1960.
    Photo via Thant Myint-U
  • L’oreal ၏ Revitalift Laser နှင့် Lucent Magique ပစ္စည်းသစ် မိတ်ဆက်ပွဲ ပြုလုပ်
    ဇူလိုင် ၂၇၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    L’oreal ၏ Revitalift Laser နှင့် Lucent Magique ပစ္စည်းသစ် မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Tawin Centre ဒုတိယထပ် ၌ ဇူလိုင်လ ၂၇ရက်နေ့ နေ့လည် ၃နာရီမှ ၅နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P7270004
    ထိုအခမ်းအနားတွင်  Revitalift Laser မှာ IPL/ Laser ထက်ပိုမို သာလွန်သော Anti- aging Skin Care ဖြစ်ပြီး Lucent Magique မှာ Light Infusion Technology ဖြင့် ထုတ်လုပ်ထားသော လင်းလက်လှပ စေသော Make-Up ဖြစ်ကြောင်း Loreal Paris Brand Manager Dr. ဆုနွယ်ဇော်မှ ရှင်းလင်းပြောကြားပေးခဲ့သည်။
    အဆိုပါ ပစ္စည်းသစ် မိတ်ဆက်ပွဲတွင်  Revitalift Laser ကိုကိုယ်တိုင်သုံးစွဲသူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ချစ်စနိုးဦး မှလည်း အတွေ့အကြုံများ မျှဝေပေးခဲ့ပြီး  Lucent Magique Make-Up ဖြင့် နိုင်ငံကျော် မိတ်ကပ်ပညာရှင် လင်းလင်း ( Make-Up Artust) မှ စင်မြင့်ထက်တွင် လိမ်းခြယ်ပြသပေးခဲ့သည်။
    အထူးအစီအစဉ် အနေနဲ ၎င်းအခမ်းအနားသို့  ပထမဆုံး ကြွရောက်လာသော L’oreal ချစ်ပရိသတ် (၃၀)ဦးအား Specian Promotion ဖြင့် မည်သည့် Anti – Aging Skin Care (Moisturizer , Essence , Eye ) ဘူးခွံ ယူလာသူမဆို L’oreal Paris ရဲ့ပစ္စည်းသစ် Revitalift Laser ကို 50%  Discount ဖြင့် ၀ယ်ယူခွင့်၊ မည်သည့် Liquid Foundation , Two Cake ဘူးခွံ ယူလာသူမဆို  L’oreal Paris ရဲ့ ပစ္စည်းသစ် Lucent Magique ကို 50%  Discount ဖြင့် ၀ယ်ယူခွင့်ရရှိကြောင်း သတင်းရရှိသည်။
    L’oreal Paris က ၂၀၁၃ခုနှစ်ရဲ့ ထူးခြားတဲ့ နည်းပညာ အသစ်နဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းသစ်နှစ်မျိုး ( Revitalift Laser နှင့် Lucent Magique Make-Up) မိတ်ဆက်ပွဲကို ကျင်းပခဲ့ရာ ရုပ်ရှင်မင်းသမီး ချစ်စနိုးဦး၊ စိုးနန္ဒာကျော်၊ မြတ်နိုးခင် အပါအ၀င် အနုပညာရှင်များ၊ စာနယ်ဇင်း ဧည့်ပရိတ်သတ်များ၊ Customer များတက်ရောက်ခဲ့သည်။ အဆိုပါ ပစ္စည်းများကို Lasource TradingLtd မှ တရားဝင် ဖြန့်ဖြူးရောင်းချ လျှက်ရှိကြောင်း သိရသည်။
    ဓါတ်ပုံများထပ်မံ ကြည့်ရှုလိုလျှင် Click Here
  • အနောက်ဘက်ကမ်းရှိ ဥရောပသမဂ္ဂ၏ စီမံကိန်းများကို အစ္စရေးမှ ပိတ်ဆို့ဟန့်တား
    ဇူလိုင်-၂၇-၂၀၁၃
    M-Media
    Houses are seen in the West Bank Jewish settlement of Ofra, north of Ramallah
    အနောက်ဘက်ကမ်းမြှောင်ဒေသ ရှိ အစ္စရေးတို့၏ ဂျူးအခြေစိုက် အိမ်ယာ စီမံကိန်းများ
    Photo Credit: Reuters/Baz Ratner
    အနောက်ဖက် ကမ်းမြှောင်ဒေသရှိ ထောင်နှင့်ချီသော ပါလက်စတိုင်းတို့အပေါ် အကူအညီပေးမည့် ဥရောပသမဂ္ဂ၏စီမံကိန်းများကို အစ္စရေးမှ ပိတ်ဆို့ဟန့်တားထားသည်။ သိမ်းပိုက်ခံနယ်နမိတ်အတွင်းရှိ အစ္စရေးအဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်းကို ဥရောပသမဂ္ဂမှ ပိတ်ပင်ခဲ့မှုအတွက် လက်စားချေခြင်းတစ်ရပ် ဟု ဆိုသည်။
    ၁၉၆၇ ခုနှစ်၊ အရှေ့အလယ်ပိုင်းစစ်ပွဲမှ အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့်နယ်နမိတ်အတွင်း ဂျူးလူမျိုးတို့၏ အခြေချမှု ဆက်လက်တိုးပွားကျယ်ပြန့်နေခြင်း အပေါ် နှစ်မြို့လက်ခံဖွယ်ရာ မရှိနိုင်တော့သဖြင့် ဥရောပသမဂ္ဂမှ လွန်ခဲ့သော ရက်သတ္တပတ်တွင် ယင်းသို့ ကန့်သတ်ချက်များပြုလိုက်ခြင်းဖြစ်သည်။ အစ္စရေးတို့၏ ချဲ့ထွင်မှု ရှေ့ဆက်နေပါက လာမည့်နှစ်မှစတင်ပြီး ဥရောပသမဂ္ဂ၏ ထောက်ခံပံ့ပိုးမှု၊ ဆုချီးမြှင့်မှု သို့မဟုတ် ချေးငွေများမှာ ထည့်သွင်းစဉ်းစားပေးဖွယ် မရှိတော့ကြောင်း ညွှန်ကြားမှု အသစ်၌ ပါဝင်နေသည်။
    အစ္စရေးကာကွယ်ရေးဝန်ကြီးက စည်းကမ်းချက်များစွာ ထုတ်ပြန်လိုက်ရာ ပါလက်စတိုင်းလူထုအားကူညီနေသော ဥရောပသမဂ္ဂ၏ဆောင်ရွက်ချက်များကို ထိခိုက်နစ်နာသွားကြောင်း အစ္စရေးမီဒီယာသတင်းများနှင့်ပတ်သက်ပြီး ဥရောပ သမဂ္ဂမှ စိုးရိမ်မကင်းဖြစ်နေသည်ဟု ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအမှူး ကက်သရင်း အက်ရှ်တန်၏ ပြောခွင့်ရ ပုဂ္ဂိုလ် မာဂျာ ကိုစီဂျန်စစ် မှ ဘရပ်ဆဲလ်၌ ပြောကြားသည်။
    “ အစ္စရေးအာဏာပိုင်တွေဆီက တရားဝင်ဆက်သွယ်ချက် တစ်စုံတစ်ရာကိုမျှ ကျွန်တော်တို့ မရရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့ အရေးပေါ်ကိုယ်စားလှယ်တွေအနေနဲ့ အသေးစိတ်အစီရင်ခံနိုင်ဖို့ ကြိုးစားနေကြပါတယ် ” ဟုလည်း ၄င်းမှ ထည့်သွင်းပြောဆိုခဲ့သည်။
  • ဂျော်ဒန်ရှိ ဆီးရီးယား ဒုက္ခသည်များသို့ ဥပုသ်လ ရိက္ခာခြင်းပေါင်း ၄၅၀၀ ပို့ဆောင်ဖြန့်ဖြူး
    ဇူလိုင်-၂၆၊၂၀၁၃
    M-Media
    4,500 Ramadan baskets
    ဂျော်ဒန်ရှိ ဆီးရီးယားဒုက္ခသည်များအား အကူအညီပေးရေးဆိုင်ရာ ဆော်ဒီအဖွဲ့မှ ဒုတိယအကြိမ်မြောက် ရမဿွာန် ကူညီလှုပ်ရှားမှုအဖြစ် ရမ်ဆာ နှင့် မဒါဗာ ရှိ ဆီးရီးယားမိသားစု ၄၅၀၀ ထံသို့ ရမဿွာန်ရိက္ခာခြင်းများ ပေးပို့ခဲ့သည်။
    ဤကူညီထောက်ပံ့ဖြန့်ဝေရေးမှာ မြင့်မြတ်ကျောင်းတော်နှစ်ခုအားထိန်းသိမ်းစောင့်ရှောက်နေသူ ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ပြည်တွင်းရေး ၀န်ကြီး နှင့် ဆော်ဒီကူညီကယ်ဆယ်ရေးလှုပ်ရှားမှု အထွေထွေကြီးကြပ်ရေးမှူး မင်းသား မုဟမ္မဒ် ဗင်န် နာအိဖ်မှ တိုက်ရိုက်ကြီးကြပ် စီမံသည်။
    ဂျော်ဒန်ရှိ စီမံရေးရုံး ဒါရိုက်တာ စအဒ် အလ် ဆိုဝိုင်းဒ် က ဇာတာရီစခန်းပြင်ပရှိ မိသားစုပေါင်း တစ်သိန်းခွဲထံသို့ လာမည့်ရက်သတ္တပတ်အကုန်တွင် တတိယအကြိမ်မြောက် ရမဿွာန် ရိက္ခာခြင်းများ ပို့ဆောင်ဖြန့်ဝေမှု စတင်မည်ဖြစ်ကြောင်း ဆိုသည်။