News @ M-Media

Blog

  • သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၇)]

    သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၇)]

    ဇူလိုင်-၁၆၊၂၀၁၃

    M-Media

    4
    (ရန်ကုန်တရုတ်ကပြားနဲ့ ဟင်္သာတ မူဆလင်များအာဇာနည်နေ့ အခမ်းအနားကိုပါဝင်ချီတက်အလေးပြုပုံ)

    ၁၆-၈-၁၉၄၇ ထုတ် ဖဆပလ သတင်းစဉ်မှ အမြို့မြို့ အနယ်နယ်မှ မြန်မာနိုင်ငံသားများ အာဇာနည်နေ့ အခမ်းအနားကို ပါဝင်ချီတက် အလေးပြုကြပုံ။

    via Maung Khin

  • သန်လျင်မှ အသိမ်းခံရ လယ်မြေများ ပြန်ရရေး ဆန္ဒပြပွဲမှ အသံများ

    ဇူလိုင် ၁၆၊ ၂၀၁၃
    M-Media
    ဆူးထက်

    သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င် သိမ်းထားသည့် လယ်မြေများ ပြန်လည် ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ အသံများ

    P7160013
    သန်လျင် ။         ။         သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င်သိမ်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ အသံများကို စုစည်းတင်ပြလိုက်ပါတယ်။

    “ကျွန်တော်တို့ လယ်ယာမြေတွေက သန်လျင် ရေနံချက် စက်ရုံဘေး သင်ပေါင်းတောနှင့် ပဲခူးမြစ်ဘေးမှာ ရှိတဲ့ လယ်ယာမြေတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေတွေကို သန်လျင်ရေနံချက် စက်ရုံက စွမ်းအင် သင်တန်းကျောင်းဆောက်မည့် အကြောင်းပြပြီး ၁၉၉၂-ခုနှစ်မှာ ရေနံချက် စက်ရုံမှာ လုံခြုံရေး ယူနေတဲ့ ဗိုလ်မှူးတစ်ဦး၏ နှုတ်မိန့်နဲ့ လယ်သမားများကို လူရော၊ တိရစ္ဆာန် မမြင်ချင်ဘူး။ သုံးရက်အတွင်း ပြောင်းပါဆိုလို့ ပြောင်းပေးခဲ့ရပါတယ်။ လယ်သမားတွေဆီက လယ်ဧက (၃၀၀)ကျော်၊ ဓနိခြံ ဧက (၁၀၀)၀န်းကျင်နှင့် ငါးကန်များ သိမ်းဆည်းခဲ့ပါတယ်။ ကွန်တော်ကတော့ လယ်(၁၅)ဧက၊ ဓနိခြံ (၂၆)ဧကနှင့် ငါးကန် (၃)ကန် သိမ်းဆည်းခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ လယ်သမားများဟာ စိတ်ဆင်းရဲမှုကြီးစွာနဲ့ ဒုက္ခမျိုးစုံ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေများကို တရားဥပဒေမဲ့ မတရား သိမ်းဆည်းထားတဲ့ အတွက် လယ်သမားများ ကိုယ်စား လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး အတွက် အခုလို စုပေါင်း ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု လယ်သမား မိသားစုများမှ ဦးမျိုးဦးမှ ဆန္ဒပြပွဲသို့ ရောက်ရှိလာကြသော မီဒီယာများနှင့် ပြည်သူများသို့ သူ၏ ရင်တွင်းခံစားချက်များကို ထည့်သွင်းပြောကြားခဲ့သည်။

    လယ်ယာမြေ သိမ်းဆည်းခံရချိန်မှ ယခုချိန်ထိ ဒုက္ခဆင်းရဲ ခံစား ရပုံများကို ဗိုလ်ချုပ်ရွာမှ လယ်သူမကြီး ဒေါ်လှလှခင်က “ကျွန်မ လယ်လုပ်လာတဲ့ သက်တမ်းက ကြာပါပြီ။ ၁၉၈၉-၉၀ ခုနှစ်လောက်ထဲက စွမ်းအင် သင်တန်းဆောက်မယ် ဆိုပြီး အပြင်ကို ဖယ်ခိုင်းခဲ့ပါတယ်။ ကျွန်မဟာ မိမိပိုင် လယ်ယာမြေကနေ အရွယ်မရောက်သေးတဲ့ နှစ်နှစ်အရွယ် ကလေးကို လက်ဆွဲပြီး မျက်ရည်စက်လက်  ရွာပြင်ရဲ့ လယ်ပြင်ထဲမှာ တဲပုတ်လေးတွေ ထိုးပြီး ကင်းတက်လိုက်၊ မြွေတက်လိုက်နဲ့ ဒုက္ခ ဆင်းရဲကြီး ကင်းစွာနဲ့ နေခဲ့ရပါတယ်။ စိတ်ဆင်းရဲခြင်း များစွာနဲ့ နေခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ သားသမီးတွေလည်း အတိ ဒုက္ခရောက်ခဲ့ရပါတယ်။ ကျွန်မတို့ ဒုက္ခရောက်ခဲ့ရတဲ့ နှစ်၂၀ကျော် ကာလအတွက် ဒီကနေ့ ဒီအချိန်မှာတော့ ကျွန်မတို့ ဆုံးရှုံးခဲ့ရတဲ့ လယ်မြေတွေ၊ ကျွန်မတို့ရောက်ခဲ့ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာတဲ့ အနေနဲ့ လယ်မြေတွေ ပြန်ရဖို့ အတွက် ခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ ဆုံးရှုံးခဲ့ရတဲ့ ကျွန်မကိုယ်တိုင် လယ်လုပ်လာခဲ့တဲ့ ကျွန်မတို့ရဲ့ နာမည်ပေါက် လယ်ယာမြေတွေပါ။ အဲဒီ မြေတွေ ပြန်မရမချင်း၊ ကျွန်မတို့အတွက် စီစဉ်မှု ဘာမှ မလုပ်ပေးမချင်း ခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ကျွန်မနည်းတူ ဒီမှာရောက်ရှိနေတဲ့ သူတွေ အားလုံးဟာလည်း ဘ၀မှာ လက်တွေ့ ခံစားခဲ့ရတဲ့ လယ်သမားတွေပါပဲ။ နိုင်ငံတော် သမ္မတကြီးနဲ့ တကွ လယ်ယာမြေ စုံစမ်း စစ်ဆေးရေး အဖွဲ့ကနေ စုံစမ်း စစ်ဆေးပြီး ကျွန်မတို့ရဲ့ လယ်ယာမြေတွေကို ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။

    သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး ကော်မတီမှ အတွင်းရေးမှူး ဒေါ်မြမြလှိုင်က “လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု ပြည်သူများ မနစ်နာစေရန် စုံစမ်း စစ်ဆေးရေး ကော်မတီ” အပါအ၀င် ဌာနကြီး(၁၄)ခုကို စာတင်ထားခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့ လွှတ်တော်တို့မှ လယ်သမားများ ဆန္ဒပြခွင့်ရအောင် လမ်းဖွင့်ခွင့်ပြု ပေးထားလို့ တောင်းဆို ရခြင်း ဖြစ်ပါတယ်။ သမ္မတကြီးနဲ့ လွှတ်တော်က ခွင့်ပြုပေမယ့် အောက်ခြေမှာ ရှိတဲ့ စစ်တပ်တွေ၊ ဌါနဆိုင်ရာ အကြီးအကဲတွေကတော့ မသိကျိုးကျွန် ပြုနေကြပါတယ်။

    နိုင်ငံတော် အတွက် မရှိမဖြစ် အရေးပါတဲ့ လယ်သမားများကတော့ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အစစအရာရာ ဆုံးရှုံးပြီး ဆင်းရဲ ဒုက္ခမျိုးစုံ ခံစားနေရပါတယ်။ လယ်သိမ်းစဉ် အချိန်ကလည်း ခလရ၊ ၉၀ မှ လာရောက်ပြီး လူ၊ ကျွဲ၊ နွား ဘာမှ မမြင်ချင်ဘူး ဆိုပြီး ဖယ်ရှားခိုင်းခဲ့တာပါ။ တရားဝင် လျော်ကြေးပေးတာမျိုးလည်း မရှိခဲ့ပါဘူး။ တရားဝင် စာနဲ့ပေနဲ့ သိမ်းခဲ့တာ မဟုတ်ပါ။ ပါးစပ်မိန့်နဲ့ စွမ်းအင် သင်တန်းကျောင်းဆောက်မယ် ဆိုပြီး သိမ်းခဲ့တာပါ။ တိုင်းပြည်အကျိုးစီးပွား တိုးတက်ရန် အတွက် စွမ်းအင် သင်တန်းကျောင်း ဆောက်ခဲ့ရင် ကျွန်မတို့ လယ်သမားများ သဘောတူ ကြည်ဖြူကြမှာပါ။

    အခုတော့ သင်တန်းကျောင်း မဆောက်တဲ့အပြင် ရေနံချက် စက်ရုံမှ အလုပ်သမားများကို တစ်ဧက(၁၀)တင်းနှုန်းနဲ့ ယနေ့ထိ သီးစားချစားခဲ့ကြတာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် ကျွန်မတို့ ဆီက သိမ်းဆည်းထားတဲ့ လယ်တွေကိုဘဲ ပြန်လိုချင်ပါတယ်။ သင်ပေါင်းတောရှိ ဓနိခြံ၊ ငါးကန်နဲ့ လယ်မြေတွေမှာ အိမ်ယာတွေ တည်ထားတာ ပုဂ္ဂလိက လုပ်ငန်းရှင်များလက်ထဲ ရောက်ရှိနေပါတယ်။လယ်သမားတွေက တရားဝင်စာနဲ့တင်ပြ၊ လူကိုယ်တိုင် ဆန္ဒဖော်ထုတ်ပေမယ့် အရေးယူ ပေးတာ မရှိတဲ့အပြင် လျစ်လျူရှူခဲ့ကြပါတယ်။

    ယခု သမ္မတနဲ့ လွှတ်တော်က စစ်တပ်သိမ်း လယ်မြေတွေကို ပြန်ပေးဖို့ ပြုလုပ်နေပြီလို့ သိရပါတယ်။ ကျွန်မတို့ လယ်မြေတွေကတော့ တပ်က သိမ်းပေးပြီး ရေနံက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    ဒါကို မကျေနပ်လို့ အခုလို လမ်းမပေါ်ထွက်ပြီး အများပြည်သူ သိရှိအောင် ဒုတိယအကြိမ် ဆန္ဒ ဖော်ထုတ်ကြခြင်း ဖြစ်ပါတယ်” ဟု M-Media သို့ပြောသည်။

    သန်လျင် ဗိုလ်ချုပ်ရွာမှ လယ်သမားကြီး  ဦးတင်ဝင်းက ” ပထမအကြိမ် ဆန္ဒထုတ်ဖော်တုန်းက အကျိုး အကြောင်း ဘာမှအဖြူ အမဲမသိရလို့ အခုဒုတိယအကြိမ် ထပ်ပြီ ဆန္ဒ ထုတ်ဖော်တာပါ။ အစိုးရဘက်က ဘာမှ မလုပ်ပေးသေးဘူးဆိုရင်လည်း ကျွန်တော်တို့ကတော့ ဆက်ပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နေမှာပါ။ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို နိုင်ငံတော်ကပဲ ဖြေရှင်းပေးမှ ရမှာဖြစ်တဲ့ အတွက် နိုင်ငံတော်ကိုပဲ အားကိုးပြီးတောင်းဆို မေတ္တာရပ်ခံနေတာပါ။ နိုင်ငံတော်မှာ ရှိတဲ့ အဖွဲ့အစည်းတွေက လယ်သမားကြီးတွေကို သက်ညှာတဲ့ အနေနဲ့ စဉ်းစားပြီးတော့ ဆောင်ရွက်ပေးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ သိမ်းဆည်းခံထားရတဲ့လယ်သမား မိသားစုတွေဟာ အတော်လေး အတိဒုက္ခ ရောက်ခဲ့ရတာပါ။ သိမ်းဆည်းသွားတဲ့အချိန်ကစပြီး အခုချိန်အထိ  ဘာပံ့ပိုးမှုမှမရှိပါဘူး။

    ကျွန်တော်က လယ်ဧက ၁၀ ဧက အသိမ်းခံခဲ့ရပါတယ်။ လယ်မြေသိမ်းတုန်က သင်တန်းကျောင်းဆောက်မယ် ပြောပြီး အခုချိန်ထိ ဘာသင်တန်းကျောင်းမှ မဆောက်ပါဘူး။ အဲဒီသိမ်းထားတဲ့မြေတွေ ထဲကို ၀င်လို့လည်းမရဘူး။ ဘာမှလည်း လုပ်ကိုင်လို့ မရဘူး။ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက် ဒီလယ်ယာမြေတွေ မှာ စပါး စိုက်ပျိုးပြီးအေးချမ်းစွာ လုပ်ကိုင် စားသောက်လာခဲ့တာပါ။ လယ်မြေတွေ မရှိတော့တဲ့ အတွက် လယ်သမားမိသားစုတွေ အများကြီးဒုက္ခရောက်နေရပါတယ်။ ကျွန်တော်တို့အိမ်မှာ မိသားစုဝင် ၉ ဦးရှိပါတယ်။ ကျွန်တော်က အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် မိသားစု စားဝတ်နေရေး အတွက် လယ်သမားက လယ်ယာမြေပဲ လုပ်ကိုင်တတ်သူတစ်ဦးဖြစ်ပေမယ့် လယ်ယာမြေတွေ မရှိတော့တဲ့နောက် အပြင်မှာ ရရာ ကျပန်း အလုပ်ကို လုပ်ကိုင် ရှာဖွေ ကျွေးမွေး လာခဲ့ရတာ ခုဆို နှစ်ပေါင်း ၂၃နှစ်ကျော်လာပါပြီ။  အဲလို လုပ်ကိုင် စားသောက်လာခဲ့ရတဲ့ အတွက် ကလေးတွေရဲ့ ပညာရေးရော၊ စီးပွားရေးရော အကုန်လုံး ကျပ်တည်း ဒုက္ခရောက် နေပါတယ်” ဟု M-Media သို့ပြောသည်။

    ယခု လက်ရှိ သိမ်းဆည်းထားသော လယ်ယာမြေ နယ်မြေများအား ပုဒ်မ (၁၄၄) ကန့်သတ်တားမြစ် နယ်မြေ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

    ဓါတ်ပုံများကြည့်ရန် => Click Here

  • သန်လျင်ရေနံချက် စက်ရုံမှ တရားမဝင် သိမ်းထားသည့် လယ်မြေများပြန်ရရေး ဆန္ဒပြ

    ဇူလိုင် ၁၆၊ ၂၀၁၃
    M-Media
    သတင်း – အိမေ
    ဓာတ်ပုံ – ဆူးထက်

    သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င်သိမ်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

     

    P7160009

    သန်လျင် ။         ။         သန်လျင်ရေနံချက် စက်ရုံမှ တရားမ၀င် သိမ်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေး အတွက် ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁၆-ရက်၌ ရန်ကုန် တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး အရှေ့တွင် သိမ်းဆည်းခံ လယ်ယာမြေပိုင်ရှင်များမှ နံနက် ၁၀-နာရီမှ ၁၁-နာရီထိ ဒုတိယ အကြိမ်မြောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
    သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး ကော်မတီမှ နာယက၊ ၁၉၆၂-ခုနှစ်မှ စ၍ မြေယာ ကော်မတီ ဥက္ကဌ၊ ၁၉၇၄-ခုနှစ်မှစ၍ ဗိုလ်ချုပ်ရွာ ပြည်သူ့ကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သော အသက် (၉၆)နှစ် အရွယ် လယ်သမားကြီး ဦးထွန်းလွင်က “နှစ်ပေါင်း ၂၀-ကျော်နီးပါး သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့ အတွက် ဆန္ဒပြတယ်လို့ မမြင်ပါနဲ့။  သမ္မတကြီးကို ငြိမ်းချမ်းစွာနဲ့ မေတ္တာရပ်ခံတာပါ။ အဲဒီ လယ်ယာမြေတွေပေါ်မှာ စွမ်းအင်သင်တန်းကျောင်း ဆောက်မယ်ပြောပြီး ၁၉၉၂-ခုနှစ်က အပြီးသက် ဖယ်ခိုင်းခဲ့ပါတယ်။ သမ္မတကြီးက လက်မှုလယ်ယာကနေ စက်မှု လယ်ယာ စနစ်ကို ပြောင်းလဲမယ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ၀မ်းသာစွာနဲ့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ နစ်နာမှုတွေ အတွက် နိုင်ငံတော်ဘက်ကလည်း ပြန်ဖြည့်ဆည်းပေးသင့်ပါတယ်။ အခု သိမ်းထားတဲ့ မြေဈေးတွေက တစ်ဧကကို သိန်းတစ်ရာ နီးပါး ဖြစ်နေပါတယ်။ တစ်ခါမှ မကြားဖူးတဲ့ မြေဈေးတွေပါ။ ဒီလောက်ငွေတွေရရင် အသိမ်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ပြန်မပေးရင်တောင် ထိုက်သင့်တဲ့ နစ်နာကြေးတော့ ပြန်ပေးသင့်ပါတယ်။ ပထမအကြိမ်အနေနဲ့ ဒီနှစ် ဧပြီလ ၂၅-ရက်နေ့ကလည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အရှေ့မှာ လူဦးရေ (၉၀)နီးပါးခန့်  ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒါက ဒုတိယ အကြိမ်မြောက်ပါ ” ဟုထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ဆန္ဒပြပွဲတွင် “တရားမ၀င် သိမ်းထားသည့် လယ်မြေများ ပြန်ပေးပါ” စာတမ်းပါ တီရှပ်များ ၀တ်ဆင်၍ ” တရားဥပဒေ စိုးမိုးရေး ဒို့အရေး”၊ “သန်လျင် ရေနံချက် စက်ရုံမှ တရားမ၀င် သိမ်းဆည်း ထားသော လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့်ပေးပါ” ၊ စာတမ်းများပါသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လူဦးရေ (၈၀)ခန့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    ဓါတ်ပုံများကြည့်ရန် => Click Here

  • ” ဂျပန်နိုင်ငံခြားရေးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြသော အစ္စလာမ်သာသနာ အပေါ်အမြင် ဆောင်းပါး”

    ဇူလိုင်-၁၆၊ ၂၀၁၃
    M-Media
    မြတ်ဇော် ဘာသာပြန်သည်။
    အစ္စလာမ်နှင့် ဆက်ဆံ ရင်းနှီးမှု တိုးတက်စေခြင်း

    f3_i94   လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝဝ ခန့်အရင်ကတည်းက အစ္စလာမ်ဟာ ကမ္ဘာအနှံ့ပျံ့နှံ့နေခဲ့တာပါ။အစ္စလာမ်သာသနာကို ကမ္ဘာ့တိုက်ကြီးအားလုံး(အာရှ၊ဥရောပ၊ အမေရိက၊ အာဖရိက၊ သြစတြေးလျှ စသဖြင့်) တို့မှာ တွေ့ရပြီးနုပျိုတဲ့ စွမ်းအားတွေရှိနေဆဲပါ။ အရှေ့အလယ်ပိုင်း အစ္စလာမ်သာသနာ စတင်ခဲ့တဲ့ နေရာထက်ပြင်ပမှာ အစ္စလာမ်သာသနာဝင် မွတ်စလင်တွေကို သာပြီးတော့ တွေ့ရပါတယ်။ ကမ္ဘာ့အစ္စလာမ် လူဦးရေအများဆုံးနေရာကတော့ အာရှတိုက်ပဲဖြစ်ပါတယ်။ ၂ဝ ရာစုသတင်းအချက်အလက်နဲ့ ပို့ဆောင်ဆက်သွယ်ရေးတွေ တိုးတက်လာတာနဲ့အတူ အစ္စလာမ့် သတင်းစကားဟာလည်း သိသိသာသာတိုးတက်ပျံ့နှံ့ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး အစ္စလာမ်ဟာ ခရိယာန်သာသနာကို ကျော်လွန်ပြီး ကမ္ဘာမှာအထင်ကရ အဖြစ်ဆုံး ဘာသာ တစ်ခုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

    အစ္စလာမ်ဟာ အရှေ့အလယ်ပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ ဂျူးနဲ့ ခရိယာန်ဘာသာများနဲ့ အလွန်အမင်း နီးစပ် ဆက်စပ်လျှက်ရှိပါတယ်။ အခြားဘာသာတွေနဲ့ မိတ်ဆွေအသစ်တစ်ဦးဖြစ်တဲ့ အစ္စလာမ်ဘာသာမှာ ဗုဒ္ဓဘာသာအပါအဝင် အရင်ကိုးကွယ်ယုံကြည်မှုတွေရဲ့ အသိဉာဏ်ပညာတွေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာဟာ ရိုးရှင်းတဲ့ ကျင့်စဉ်တွေသာပါဝင်ပြီး အထူးအဆန်း ပြာဋိဟာတွေ မပါသလောက်ပါပဲ။ ဒီအချက်တွေက လူငယ်မျိုးဆက်သစ်တွေကို ခေတ်မီနည်းပညာတွေမှာ စိတ်ဝင်စားတစားလုပ်ကိုင်လိုမှုတွေ  ဦးမော့လာစေပါတယ်။ ကျွန်မရဲ့ အင်္ဂလန်နဲ့ ဂျပန်အတွေ့အကြုံအရ ပညာတတ် လူငယ် အများအပြားဟာ အစ္စလာမ်သာသနာထဲ ကူးပြောင်းသက်ဝင်လာကြတာကိုတွေ့ရပါတယ်။

    အစ္စလာမ်မှာ ဘာသာရေးနဲ့ နိုင်ငံရေးမှာ ကူးလူးဆက်ဆံမှုတွေရှိပါတယ်။ နောက်တခြားဘာသာတွေလို လူ့သား ကယ်တင် လွတ်မြောက်မှုအတွက် ရှုပ်ထွေးတဲ့ နည်းစနစ်တွေ မထားရှိပါဘူး။ အစ္စလာမ်က လူကိုပဲဗဟိုပြုပါတယ်။ အဲ့ဒီနောက် ဘာသာရေးကို နေ့စဉ်ဘဝမှာ အသုံးချစေပါတယ်။ တစ်ခါတစ်လေမှာ အစ္စလာမ်ကို ဘာသာရေးထက် လူနေမှုပုံစံလို့ပြောရင်ရနိုင်ပါတယ်။ ဥပုသ်သီလဆောက်တည်ခြင်းကို ဂျူးဘာသာ၊ခရိယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာတွေမှာ အရေးကြီးတဲ့အစိတ်အပိုင်းအနေနဲ့ရှိနေပေမယ့်လည်း ၂၁ ရာစုမှာ သာမန်လူတွေတက်ကြွလုံ့လရှိစွာနဲ့တစ်နှစ်မှာတစ်လ ဥပုသ်သတင်းဆောက်တည်ကြတဲ့ တစ်ခုတည်းသော သာသနာဟာ အစ္စလာမ်ပဲဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာအပြုအမူတွေကပဲ ကျွန်မတို့အမြင်အပြုအမူတွေကို ဦးဆောင်နေတာထက် ကျွန်မတို့ဟာ သိမ်မွေ့စွာ စူးစမ်းသိရှိလိုမှုနဲ့ အစ္စလာမ်သာသနာဝင်တွေရဲ့ အဲ့ဒီလိုနေ့စဉ်ဘဝလုပ်ဆောင်မှုတွေကိုကြည့်ရှုကြရပါမယ်။

    ဂျပန်တွေဟာ အာဃာတရှိတယ်၊ အခြားယဉ်ကျေးမှုတွေကို စိတ်မဝင်စားဘူးလို့ပြောလို့ရပေမယ့် အခုအချိန်အထိ အစ္စလာမ်သာသနာရေးရာ ဆောင်ရွက်မှုတွေကို ဟန့်တားတာမျိုး၊ မွတ်စလင်တွေကို ပယ်ထုတ်တာမျိုး လုံးဝမရှိပါဘူး။ ဒါဟာ အနောက်တိုင်းနဲ့မတူတဲ့ ဂျပန်ရဲ့သဘောထားအမြင်ပဲဖြစ်ပါတယ်။ အနောက်နိုင်ငံ အချို့နေရာတွေမှာတော့ အစ္စလာမ့် ခေါင်းဆောင်း ပဝါဟာ နိုင်ငံရေးကိစ္စရပ် သဖွယ်ဖြစ်နေတယ်။ တစ်ချို့နိုင်ငံရေး သုတေသီတွေက ဂျပန်ဟာ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကို ခံစားရတဲ့အထဲမှာ ပါဝင်တယ်လို့ဆိုပေမယ့် အစ္စလာမ်ဆန့်ကျင်ရေး မကျေနပ်မှုလှုပ်ရှားတဲ့ လှိုင်းတွေ ဂျပန်မှာ မရှိခဲ့ပါဘူး။ ဂျပန်က ဘယ်သတင်းစာကမှ အစ္စလာမ်သာသနာကို နောက်ပြောင်စော်ကားတဲ့ ကာတွန်းတွေကိုလည်း ပုံနှိပ်ခဲ့ခြင်း မရှိပါဘူး။

    TokyoMosque
    တိုကျိုမြို့မှ ဗလီ ဝတ်ကျောင်းတော်တခု

    ဂျပန်မွတ်စလင် အရေအတွက်ဟာ သိသိသာသာတိုးတက်နေပေမယ့် အနီးအနားနေထိုင်သူတွေဟာ ဗလီလို သာသနိက အဆောက်အဦးတွေတည်ဆောက်မှုအတွက် ကန့်ကွက်တာမျိုးလည်းမရှိကြပါဘူး။ သာမန်စူးစမ်းလိုစိတ်တော့ရှိကြပါတယ်။ မူရင်းနေထိုင်သူတွေအနားမှာ လူတစ်ချို့တော့ အဆောက်အဦးတစ်ခု ဆောက်နေပြီ သူတို့ဘယ်လိုလူမျိုးတွေပါလိမ့် ဆိုတာမျိုးလောက်ပါပဲ။ ဒါပေမယ့် ဂျပန်တွေရဲ့ အိမ်နီးနားချင်းအသစ်တွေပြောင်းလာတဲ့အခါ ရှည်ကြာစွာချစ်ခင်သွားမယ့် အမှတ်လက္ခဏာအဖြစ် “ဆိုဗာခေါက်ဆွဲရှည်” နဲ့ အိမ်နီးချင်းအသစ်တွေကို တည်ခင်းကျွေးမွေးမှုကတစ်ဆင့်  ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြတာပါပဲ။

    kurban-japan11

    pictures_4173581989_31b97cfc86_zဂျပန်စာသင်ကျောင်းတွေနဲ့ အလုပ်နေရာတွေဟာ မွတ်စလင် အမျိုးသမီးတွေရဲ့ခေါင်းစီး ပဝါနဲ့ပတ်သက်လို့ ပြဿနာလုပ် ငြိုငြင်ကြတာမျိုး မရှိပါဘူး။ ကျွန်မအလုပ်လုပ်ခဲ့တဲ့ ဂျပန်သင်ယူမှုဆိုင်ရာ နိုင်ငံတကာ သုတေသန စင်တာ မှာ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ဒေါက်တာဘွဲ့အပြီးမှာ မွတ်စလင်တစ်ဦး (အစ္စလာမ်ဘာသာဝင်) ဖြစ်လာပါတယ်။ အဲ့ဒီမတိုင်ခင်က သူမဟာ ကောလိပ်တစ်ခုမှာ ဆရာမလုပ်ပါတယ်။ အခုတော့ သူမဟာ ကျွန်မရဲ့ အတွင်းရေးမှုးဖြစ်ပါတယ်။ သူမဟာ သူမသွားချင်တဲ့နေရာကို ခေါင်းစီးပဝါနဲ့ ခန္ဓာကိုယ်အလှကို ဖုံးအုပ်ထားတဲ့အစ္စလာမ့်ခြုံလွှာကို ဝတ်ဆင်ထားပါတယ်။ သူမဟာ ဘယ်လိုခွဲခြားမှုမျိုးမှ မကြူံခဲ့ရသလို လမ်းနဲ့အလုပ်အကိုင်တွေမှာလည်း မနှစ်မြို့တဲ့ အမူအရာတွေပြတာမျိုး မခံစားခဲ့ရပါဘူး။

    ဆမ်မြူရယ် ဖီးလစ် ဟပ်တင်တန်က ယဉ်ကျေးမှုတွေဟာ တိုင်းနိုင်ငံတစ်ခုကိုကျော်ဖြတ်သွားတယ် ဆိုတာထက် တိုင်းနိုင်ငံတစ်ခုအပေါ်အခြေပြုတဲ့ “ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း” လို့အမြင်တစ်ခုနဲ့အခိုင်အမာဆိုခဲ့ဖူးပါတယ်။ အရင် အီရန်ဝန်ကြီးချုပ်ဟောင်း မိုဟမ္မဒ် ခါတမီကတော့ “ယဉ်ကျေးမှုများအပြန်အလှန်ကူးလူးခြင်း” ဆိုတဲ့ဆွေးနွေးတဲ့ စကားရပ်တစ်ခုကို ပိုကောင်းမွန်တဲ့အမြင်နဲ့တင်ပြပြောဆိုခဲ့ပါတယ်။မိုဟမ္မဒ် ခါတာမီရဲ့အမြင်ကို ကုလသမဂ္ဂက နောက်ပိုင်းမှာ ၂ဝဝ၁ ခုနှစ်ရဲ့ “ယဉ်ကျေးမှုတွေအကြောင်း နှစ်တစ်နှစ်ရဲ့ ထူးခြားတဲ့ စကားရပ်အဖြစ်”  သတ်မှတ်ခဲ့ပါတယ်။

    စကားပြောဆိုမှုတွေကတော့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ပြောဆိုမှုတွေကနေ နိုင်ငံနှစ်ခုကြားမှာ ရန်လိုမှုတွေ ပေါက်ပွားလာတတ်ပါတယ်။ ဒီပြောဆိုမှုတွေကနေအားလုံးလက်ခံနိုင်မယ့် ဘုံသဘောတရား တစ်ခုပေါ်ပေါက်လာဖို့ နိုင်ငံတွေ အများအပြား ဝင်ရောက်ဆွေးနွေးကြမယ်ဆိုရင် တကယ်ပဲအကျိုးရှိနိုင်ပါတယ်။

    ကျွန်မကတော့ စကားအချီအချပြောတယ်ဆိုတာထက် ဆွေးနွေးကြတယ်ဆိုတဲ့ စကားလုံးကိုပိုသုံးချင်ပါတယ်။ ဒီဆွေးနွေးမှုတွေဟာ သာမန်လူတွေအမြောက်အများဆီမှာ လ္ဘက်ရည်သောက်ရင်းဆွေးနွေးကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကျွန်မအနေနဲ့တော့ သာမန်လူတွေကြားမှာ လိုက်လျောညီထွေရှိပြီး လွတ်လွတ်လပ်လပ်ဖြစ်တဲ့ သတင်းအချက်အလက်ဖလှယ်မှုတွေတဆင့် ကမ္ဘာအနှံ့ကိုရောက်ရှိစေမယ့် အပြန်အလှန်နားလည်မှုနဲ့ချစ်ကြည်ရင်းနှီးမှု တည်ဆောက်တာမျိုးတွေဖြစ်လာဖို့ဆိုတဲ့အမြင်ပါပဲ။

    စာရေးသူအကြောင်း

    Motoko Katakura
    မူရင်း ဆောင်းပါးရှင် Motoko Katakura

    အကြောင်းအရာရေးသားသူ မစ္စ မိုတိုကို ကာတာကူရာ ဟာ ကျိုတိုမှာရှိတဲ့ ဂျပန်သင်ယူမှုဆိုင်ရာ နိုင်ငံတကာ သုတေသနစင်တာရဲ့ ဒါရိုက်တာဖြစ်ပါတယ်။ဒီတက္ကသိုလ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အမျိုးသားတက္ကသိုလ်လည်းဖြစ်ပြီး တက္ကသိုလ်များဆိုင်ရာ သုတေသနကော်ပိုရေးရှင်းလက်အောက်မှာရှိပါတယ်။ သူမဟာ မျိုးနွယ်စုများဆိုင်ရာ အမျိုးသားပြတိုက်နဲ့ ဘွဲ့ရများအဆင်ြ့မင့်လေ့လာမှုဆိုင်ရာ တက္ကသိုလ်တွေမှာလည်း ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်ပါတယ်။

    သူမဟာ တိုကျိုမှာရှိတဲ့ ဆူဒါကောလိပ်ကဘွဲ့ရခဲ့ပြီး၊ တိုကျိုတက္ကသိုလ်ကနေ သိပ္ပံဆိုင်ရာ ဒေါက်တာဘွဲ့ရခဲ့ပါတယ်။

    ၁၉၈၅ ခုနှစ် တိုးတက်သည့်နိုင်ငံများ၏ ယဉ်ကျေးမှုသုတေသနမှာ သူမဟာ အကောင်းဆုံးဆုကိုရရှိခဲ့ပါတယ်။၁၉၈၆ ခုနှစ်ရဲ့ တိုကျို ကိုက်ဂျို ကာဂါမိ အမှတ်တရ ဖောင်ဒေးရှင်းရဲ့အကောင်းဆုံး စာရေးဆရာဆုကိုလည်းရရှိခဲ့ပါတယ်။

    Ref:http://www.mofa.go.jp/

  • ယူကေရောက် သမ္မတဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ ဆန္ဒပြခံရ

    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media

    ဗြိတိန်နိုင်ငံသို့ ရောက်ရှိ နေသော မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲအား ကန့်ကွက် ဆန္ဒထုတ်ဖော်

    UK Trip

    ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူများ၊ တရားမျှတမှုကို လိုလားသူ ဗြိတိန်နိုင်ငံသားများမှနေ၍ ပါလီမန် အဆောက်အအုံရှေ့ ဇူလိုင် ၁၅ ရက် နေ့ ၌ လက်ရှိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

    ဓါတ်ပုံများ ကြည့်ရန်။ => Click Here