News @ M-Media

Blog

  • PayPal မှ အမေရိကန် တစ်ဦး အကောင့်ထဲသို့ ဒေါ်လာ ဘီလီယံ ၉၂ သန်း မှားလွှဲပေးမိ

    ဇူလိုင်-၁၈၊၂၀၁၃
    M-Media

    wrap-PayPal-accidentally-credits-man-92-quadrillion-07182013-ver2
    PayPal မှ အမေရိကန် နိုင်ငံသား၏ အကောင့်ထဲသို့ ဒေါ်လာ ၉၂ quadirllion (စတာလင်ပေါင် 60 quadrillion) မှားယွင်းစွာ လွှဲပြောင်းပေးမိကြောင်း ဝန်ခံခဲ့သည်။

    ပန်စလ်ဗေးနီးယား (Pennsylvania) တွင် နေထိုင်သော အသက် ၅၆ နှစ်အရွယ် ခရစ်ရေနိုးလ် (Chris Reynolds) သည် သူ၏ အကောင့်ကို ဖွင့်ကြည့်ရာတွင် ထို ပမာဏ ကိုတွေ့ရှိခဲ့ရကြောင်း။

    သို့သော်လည်း မှားယွင်းမှုအား PayPal မှ ချက်ချင်းသိရှိခဲ့ပြီး၊ သူ၏ အကောင့် ငွေပမာဏမှာ သုည သို့ ပြန်လည်ရောင်းရှိသွားခဲ့ကြောင်းသိရသည်။

    “ဒါဟာမှားယွင်းမှုတစ်ခုဖြစ်ပြီး၊ မစ်စတာ ရေနိုးလ်သည် ထိုမှားယွင်းမှုနှင့် ပတ်သက်၍ နားလည်ပေး လိမ့်မည် ဟုထင်ပါတယ်” ဟု PayPal မှ BBC သို့ ပြောကြားခဲ့သည်။

    မစ္စတာ ရေနိုးလ်၏ နားလည်ပေးမှုကို ကျေးဇူးတုန့်ပြန်သော အနေဖြင့် သူရွေးချယ်ပေးသော  အွန်လိုင်း အလှူဒါနပြုလုပ်သည့် အသင်းအဖွဲ့သို့  PayPal မှ  လှူဒါန်းမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

    သူအကောင့်ထဲကို ဖွင့်ကြည့်ချိန် တွေ့လိုက်ရတဲ့ဒေါ်လာ(92,233,720,368,547,800) ပမာဏဟာ  အလွန်ကို တုန်လှုပ်ဖွယ် ကောင်းသော ပမာဏ တစ်ခုဖြစ်ကြောင်း Philadelphia Daily News နှင့် တွေ့ဆုံခန်း၌ ရေနိုးလ် က ပြောကြားခဲ့ပါသည်။

    ** (1 quadirllion= ဘီလီယံ ၁ သန်း ၊ ၁ ဘီလီယံ= သန်း ၁၀၀၀)

  • DVB: တောင်ကုတ် လူသတ်မှု သံသယရှိသူများကို ဖမ်းဆီး

    DVB: တောင်ကုတ် လူသတ်မှု သံသယရှိသူများကို ဖမ်းဆီး

    DVB မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။

    မနှစ်က တောင်ကုတ်မြို့ တွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးလိုက်တယ်လို့ သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့က အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောပါတယ်။

    ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ သံတွဲမြို့ကို နေပြည်တော်ရဲတပ်ဖွဲ့က ရောက်လာပြီး ဖမ်းဆီးမှုကို သတင်းမပေါက်ကြားအောင် စီစဉ်ဖမ်းဆီးခဲ့တာဖြစ်ပြီး သံတွဲထောင်မှာ ချုပ်နှောင်ထားတယ်လို့ သူက ပြောပါတယ်။

    “နေပြည်တော်က ဆင်းလာတဲ့ရဲက သံတွဲရဲကို အကူအညီတောင်းပြီးတော့ သံတွဲမှာရှိတဲ့ ရဲတွေရဲ့ဖုန်းတွေကိုပါ သိမ်းလိုက်တယ်။ ပြီးတော့ ကားပေါ်တက်ဆိုပြီးတော့ ပထမတော့ သူက မြောက်ဘက်ကို အယောင်ပြတာပေါ့။ သွားတာက တောင်ကုတ်သွားတာ။ မြောက်ဘက်က ကျောက်ကြီးဆိုတဲ့ရွာကို အယောင်ပြတာ။ ကျောက်ကြီးကိုဖုန်းဆက်တော့လည်း ဖုန်းတွေက ပိတ်ထားတယ်။ နောက် ၁၀ နာရီ ၄၀ မိနစ်မှာ ကျနော့်ဆီကို ဖုန်းဝင်လာတယ်။ ကား ၄ စီးဖြတ်သွားတယ်။ ရဲတွေလည်းပါသွားတယ်ပေါ့။ ဒီတော့ အခြေအနေတခုကို စောင့်ကြည့်ရမယ်ပေါ့။ သွားတာကိုတော့ သိတယ်။ အပြန်မှာ ၆ ယောက်ဖမ်းမိတယ်၊ ပြီးခဲ့နှစ် ဇွန် ၃ ရက်နေ့က သတ်တဲ့အမှုနဲ့ ၇ ဦး ဖမ်းဖို့ရာမှာ ၁ ဦးက လွတ်သွားတယ်တဲ့။ တောင်ကုတ်ကျတော့လည်း ရဲတွေကို လက်ကိုင်ဖုန်းတွေ သိမ်းပြီးတော့ ဘယ်အိမ်၊ ဘယ်သူဆိုတာကို သူတို့က စုံစမ်းပြီးသားဖြစ်နေတာ” လို့ ပြောပါတယ်။

    သံတွဲမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ အထက်က စီစဉ်တာဖြစ်လို့ ပြောလို့ မရဘူးလို့ ဖြေပါတယ်။

    သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးကတော့ ဒီကိစ္စကို သူတို့မသိပါဘူးလို့ ဖြေပါတယ်။ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေကို ဆက်သွယ်ရာမှာ သူ့ရဲ့ကိုယ်ရေးအရာရှိက သတင်းညှိနှိုင်း အစည်းအဝေးလုပ်နေလို့ မအားသေးဘူးလို့ ဖြေပါတယ်။

    တောင်ကုတ်ဒေသခံတွေကို မေးမြန်းတဲ့အခါ ဒီကိစ္စကို ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကျမှ ကြားသိရပြီး နယ်မြေခံတပ်ကလူတွေတောင် မသိဘူးလို့ ပြောပါတယ်။ ဒီမနက်မှာတော့ တောင်ကုတ်မြို့မှာ ရဲလုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။

    မနှစ် ဇွန် ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို အမည်မသိ လူအုပ်စုတစုက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

    သံတွဲမြို့ကနေ ရန်ကုန်ကို သွားတဲ့ကားတစီးကို တောင်ကုတ်မြို့အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည်မသိ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မဖြစ်မီ မနက်ပိုင်းလောက်ကတည်းက ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတဦးရဲ့ပုံတွေ တောင်ကုတ်မြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။

    ဒီအကြမ်းဖက်သတ်ဖြတ်မှုကြောင့် နောက်ပိုင်းမှာ ရခိုင်ပြည်နယ် နေရာအတော်များများမှာ နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

    Link =>http://burmese.dvb.no/archives/41684

  • သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၈)]

    သမိုင်းထဲက သက်သေများ [သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၈)]

    M-Media
    ရှာဖွေတင်ပြသူ- Maung Khin

     

    5

    အာဇာနည်များထားရာ ဂျုဗလီဟောသို့ မြန်မာ မွတ်စလင်မ်များ ချီတက် အလေးပြုခဲ့ကြစဉ်။ (၉-၈-၁၉၄၇ ဖဆပလသတင်းစဉ်)

  • မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးမှ အစ္စလာမ်ဘာသာဝင်တို့ ဥပုသ်ထွက် ဝါဖြေပွဲတည်ခင်းကျင်းပ

    ဇူလိုင်-၁၈၊ ၂၀၁၃
    M-Media

    အမေရိကန်သံအမတ်ကြီး တည်ခင်းသော အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်ထွက်(ဝါဖြေ)ပွဲကို ဘာသာစုံနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များတက်ရောက်
    US Ambassador

    ယခုလ ၁၆ ရက်နေ့၊ အင်္ဂါနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒီရက် မစ်ချယ်မှ  အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဒါန် (ဥပုသ်လ) အထိမ်းအမှတ် ဥပုသ်ထွက် (၀ါဖြေ) ညစာစားပွဲကို ကြီးမှူးကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုအခမ်းအနားသို့ ဘာသာကြီးလေးခု မှ ခေါင်းဆောင်များသာမက အရပ်ဘက်အဖွဲ့အစည်းများမှ အရေးပါသောခေါင်းဆောင်များပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

    “ရမ်ဒါန်ကတော့ ဥာဏ်စဉ်ပိုင်းဆိုင်ရာ လေးနက်တဲ့ တရားသဘောအာရုံပြုခြင်းတွေ၊ ဥပုသ်သီလ ဆောက်တည်မှုတွေ သာမက ဘုရားဝတ်တက်ခြင်းတွေရဲ့ အခါ သမယပဲ ဖြစ်ပါတယ်။ လူသားအားလုံးရဲ့ ယုံကြည်ချက်တွေကို ပေါင်းစည်းပေးမယ့် နည်းနာတွေကို (အခြေခံပြီး ကျင်းပတဲ့ ယခုလိုအခမ်း အနားမျိုးကတော့) အခွင့်အလမ်းကြီး တစ်ခုလည်းဖြစ်ပါတယ်။ (အဲဒီနည်းနာတွေကတော့) ငြိမ်းချမ်းရေးအတွက် ကတိက၀တ်တွေ၊ တရားမျှတမှု၊ ညီမျှမှုသာမက လူသားအချင်းအချင်း ကိုယ်ချင်းစာနာ ရိုင်းပင်းတတ်မှုတွေပဲ ဖြစ်ပါတယ်။ ယုံကြည်ချက် (ဘာသာသာသနာ) တွေအားလုံးရဲ့ နည်းနာနိဿရတွေက ကွဲပြားခြားနားနေတာထက် (ထပ်တူညီမျှဖြစ်နေခြင်းက) အများကြီး အားသာနေပါတယ်။ ရမ်ဒါန်ကတော့ လွတ်လပ်ခြင်း၊ ဂုဏ်အသရေ တင့်တယ်ခြင်းတွေကိုသာမက အခွင့်အလမ်းတွေဟာ အားလုံးအတွက် ဖြစ်တယ်ဆိုတဲ့အချက်တွေအတွက် ကျွန်တော်တို့ကို သတိပေးလျက် ရှိပါတယ်။” ဟု သံအမတ်ကြီး မစ်ချယ်မှ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားပါသည်။

    အိဖ်သာရ်ဟုခေါ်သော မွတ်စလင်ဥပုသ်အထွက် (၀ါဖြေ)ခြင်းမှာ နေ၀င်ချိန်တွင် မွတ်စလင်များက မိမိတို့တစ်နေ့တာ စောင့်ထိန်းခဲ့ကြသော (အစာရှောင်) ဥပုသ်အတွက် အစာစားသုံးခြင်းဖြင့် ဥပုသ်ထွက်ကြခြင်းကို ဆိုလိုကြောင်း အမေရိကန် သံရုံးစာမျက်နှာက ရှင်းလင်းဖော်ပြထားသည် သာမက ရမ်ဒါန်လ ဆိုသည်မှာ လကို အခြေခံတွက်ချက်သော ပြက္ခဒိန်အရ ၉ လမြောက် လကို ဆိုလိုကြောင်းလည်း ဖော်ပြထားသည်။

    ဓာတ်ပုံ – (၀ဲမှယာ) ဦးဟန် (သီတဂူ အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်)၊ သံအမတ်ကြီး မစ်ချယ်၊ ဦးအေးလွင် (မြန်မာ အစ္စလာမ်မစ်စင်တာ)၊ မျိုးဇော်ထွန်း (သီတဂူ အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်)၊ ကိုကိုကြီး (၈၈ မျိုးဆက်) တို့ဖြစ်ကြသည်။

    Photo- U.S. Embassy Rangoon FB

  • ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)

    ဇူလိုင်-၁၈၊ ၂၀၁၃

    M-Media

    အာဇာနည်များ အထ္ထုပ္ပတ္တိ (၆၆-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)

    photo

    ၂၀၁၃-ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တာ (၆၆)နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်  ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ကြတာ (၆၆)နှစ်တိုင်ခဲ့ပါပြီ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။

    ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)

    YeBaw Ko Htweကိုထွေးသည် မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။

    ယင်းကဲ့သို့ တာဝန် ထမ်းဆောင်နေစဉ်  ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်တစ်ဦးဖြစ်သည်။

    “ရဲထွေးကို (၇) လနဲ့မွေးတာပါ။ ဒီတော့ လူက အတော့်ကိုညှက်လွန်းပါတယ်။ အထွေးဆုံးသားလည်းဖြစ်ပြန်၊ ကိုယ်ဟန်က ယောက်ျားလေးဖြစ်ပေမယ့် ပျော့ပျော့ပျောင်းပျောင်း ကနွဲ့ကလျလေးဖြစ်နေလေတော့ တစ်အိမ်လုံးက ဖူးဖူးမှုတ်မတတ် ဖြစ်နေကြတာပေါ့။ ဒါပေမယ့် ယောက်ျားပီသစေလိုတဲ့ဆန္ဒကြောင့် ငယ်ငယ်ကတည်းက သူ့ကို ဆက်ဆံရာမှာ သိပ်ပြီး တယုတယမထားဘဲ ကြမ်းကြမ်းတမ်းတမ်းလေး ဆက်ဆံဖို့ တစ်အိမ်လုံးကို ကျုပ်ကိုယ်တိုင် မှာကြားခဲ့ရတယ်။”

    “သားလေးရဲထွေးဟာ ကျဆုံးချိန်မှာတောင် အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ အသက်အားဖြင့်ကြည့်ရင် တကယ့်ကို ငယ်ရွယ်လွန်းပါတယ်။ ကျုပ်တို့ မိဘတွေအဖို့တော့ နို့နံ့တောင် မပျယ်သေးတဲ့ အရွယ်ပေါ့။ ဒါပေမယ့် အရွယ်နဲ့မလိုက်အောင် မျိုးချစ်စိတ်တကယ့်ကိုထက်သန်တဲ့ သူငယ်လေးပဲ။ အင်္ဂလိပ်များကို မမြင်လိုက်နဲ့ “တို့ကို ကျွန်လုပ်တဲ့ ကောင်တွေ” ဆိုပြီးခဲနဲ့ပေါက်မယ်တကဲကဲ လုပ်နေတာမို့ တစ်အိမ်သားလုံးက အတော့်ကို ပြောဆိုထိန်းသိမ်းထားရပါတယ်။”

    ရဲဘော်ထွေး၏ ဖခင်ကြီး ဦးကိုကိုလေးက သားတော်မောင်၏အကြောင်းကို အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ရပ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။

    ရွှေဘိုသီရိမာလာ စီစဉ်တည်းဖြတ်သော “ဧကရာဇ်စာဆိုနှင့် မိုးစင်ကြယ်” စာစောင် ၁၉၈၇ ခုနှစ်၊ မတ်လ စာမျက်နှာ ၈၆၊ ၈၇