News @ M-Media
Blog
  • အစ္စလာမ်ဓမ္မဗိမာန် စုပေါင်းဝါဖြေပွဲ ပြုလုပ်
    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media
    သတင်း/ဓာတ်ပုံ – ဆူးထက်
    ရန်ကုန် ။ ။ အစ္စလာမ်ဓမ္မဗိမာန်၏ စုပေါင်းဝါဖြေပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ အစ္စလာမ်ဓိမ္မဗိမာန် ခန်းမ၌ ဇူလိုင်လ ၁၄ရက်နေ့ (တနင်္ဂနွေနေ့)က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P7140229
    P7140221
    More Photo => Click Here
  • ‘အာဇာနည်နေ့ တို့မမေ့ ၁၀း၃၇၊ ငြိမ်သက်စွာ ဦးညွတ် ဂါရ၀ပြုကြပါစို့’ လှုပ်ရှားမှုပုံရိပ်
    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media
    သတင်းဓာတ်ပုံ – ဆူးထက်
    ရန်ကုန် ။             ။       ဇူလိုင်လ ၁၉-ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများ လုပ်ကြံခံရမှု ၆၆-နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ငြိမ်သက်စွာ ဦးညွှတ် ဂါဝရ ပြုကြရန် လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ‘အာဇာနည်နေ့ တို့မမေ့ ၁၀း၃၇၊ ငြိမ်သက်စွာ ဦးညွတ် ဂါရ၀ပြုကြပါစို့’ ဟူသည့် စာတမ်းပါ  ၆၆နှစ်မြောက် ၁၉ ဇူလိုင် လှုပ်ရှားမှု ပုံရိပ်များကို ရန်ကုန်မြို့ နေရာတချို့တွင် တွေ့မြင်ရစဉ်။
    P7140208
    P7140209
    P7140210
    P7140211
  • ယူကေမွတ်စလင်မ်များ အိမ်ခြေမဲ့သူများနှင့် ရမဿွာန်လမြတ်ကို မျှဝေခံစား
    ယူကေမွတ်စလင်မ်များ အိမ်ခြေမဲ့သူများနှင့် ရမဿွာန်လမြတ်ကို မျှဝေခံစား
    ဇူလိုင်-၁၅၊ ၂၀၁၃
    M-Media
    လန်ဒန်- လူမှုအကျိုးပြုဆောင်ရွက်မှုများတွင် လန်ဒန်မြို့တော်သူမြို့တော်သားများ ချိတ်ဆက်မိကာ မွတ်စလင်မ်ပရဟိတအဖွဲ့တစ်ဖွဲ့သည် အစ္စလာမ်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများကို ပြုပြင်ရန်နှင့် ကြားအတားအဆီးများကို ချေဖျက်ရန် အိမ်ရာမဲ့များနှင့် အခြားလူမှု အသိုင်းအ၀န်းများအတွက် အထူးဝါဖြေပွဲများကို စီစဉ်ကျင်းပလိုက်သည်။
    “ကျွန်တော်တို့ ဒီရမဿွာန်လှုပ်ရှားမှုကို အစ္စလာမ်နဲ့ပတ်သက်ပြီး လူတွေမှာ ရှိနေတဲ့ အထင်အမြင်လွဲမှားမှုများကို ရပ်တန့်သွားစေဖို့ ရည်ရွယ်ပါတယ်”ဟု လန်ဒန်တက္ကသိုလ်၏ အရှေ့တိုင်းနှင့် အာဖရိကဆိုင်ရာလေ့လာမှု ကျောင်း(SOAS)မှ ကျောင်းသားဟောင်း အိုမရ်စလ်ဟ က ဇူလိုင်လ၊ ၁၁ရက်နေ့က ဘီဘီစီ (BBC) သတင်းဌာနကို ပြောကြားခဲ့ပါသည်။
    “ဒါပေမယ့် ဒါက လူ့အသိုင်းအ၀န်းတွေအားလုံးကို ပိုပြီး လူသားဆန်တဲ့ မျှချေတစ်ခုမှာ ချိတ်ဆက်မိစေတာလည်းပဲ ဖြစ်ပါတယ်။
    ဒါဟာ မွတ်စလင်မ်တွေနဲ့ လန်ဒန်မြို့သားတွေဖြစ်ကြတဲ့ ကျွန်တော်တို့ ရမသွာန်လမြတ်ရဲ့ စိတ်ဝိညာဉ်နဲ့ ပိုပြီးကျယ်ပြန်တဲ့ လန်ဒန်မြို့ လူ့အသိုင်းအ၀န်းတွေကို ကျွေးမွေးပြုစုဖို့ အခွင့်အရေးသာလျှင် ဖြစ်ပါတယ်” ဟု သူက ထပ်ပြောခဲ့သည်။
    လန်ဒန်မြို့အလယ်ပိုင်း Bloomsburyမှ SOAS ကျောင်းရှိ ရမဿွာန်ရွက်ဖျင်တဲတွင် ကျင်းပခဲ့သော အထူးဝါဖြေပွဲများကို ဗြိတိန်နိုင်ငံအ၀န်းရှိ မွတ်စလင်မ်လူမှုရေးလှုပ်ရှားသူများမှ လူမှုရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ စလ်ဟ က ပထမဦးဆုံး အကြံပေးခဲ့ခြင်းဖြစ်ပါသည်။
    ဤ၀ါဖြေပွဲတွင် ပါဝင်ဆင်နွဲသူများသည် အစားအစာများကို လန်ဒန်မြို့လယ် Holbornရှိ ပြည်သူ့ရင်ပြင်ကြီးရှိ လင်ကွန်း Inn ကွင်းပြင်များမှ အိမ်ရာမဲ့များကို ကျွေးမွေးခဲ့ကြသည်။
    ဤအတွေ့အကြုံက စလ်ဟ ကို St Mungo’s အိမ်ရာမဲ့များကို လှူဒါန်းမှုမျိုးကဲ့သို့ စားသောက်ဆိုင်များနှင့် တစ်ဦးချင်းအလှူရှင်များ၏ အကူအညီဖြင့် ယခုနှစ် ရမသွာန်တစ်လလုံး ပိုပြီး စနစ်တကျဖြစ်သော လှုပ်ရှားမှုများကို ဖန်တီးရန် တွန်းအားဖြစ်စေပါသည်။
    သူ့အတွက် ဤ၀ါဖြေပွဲများသည် အစ္စလာမ်ကို အဆိုးမြင်ပုံဖော်မှုများကို ဖယ်ရှားရန်နှင့် မွတ်စလင်မ်များအတွက် လန်ဒန်မြို့တော် ကောင်းခြင်းအတွက် မည်သို့ပါဝင်နိုင်သည်ကို နားလည်သဘောပေါက်ရန် အရေးပါလှပါသည်။
    “St Mungo’sက နေထိုင်တဲ့သူအချို့ သူတို့အိမ်တွေမှာ ကျွန်တော်တို့ ကြော်ငြာတွေကို တွေ့မြင်ခဲ့ကြပြီး လာရောက်ခဲ့ကြပါတယ်” ဟု စလ်ဟ က ပြောပြခဲ့ပါသည်။
    “အစပိုင်းမှာ သူတို့ ဘယ်သူတွေဆိုတာကို ပြောဖို့ တုန့်နှေးနေကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ အိမ်ရာမဲ့တွေကို ကူညီပေးကမ်းရတာကို ပျော်ရွှင်ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။”
    အစ္စလာမ့်ပြက္ခဒိန်၏ အမြင့်မြတ်ဆုံး ရမဿွာန်လမြတ်သည် ဗြိတိန်တွင် ဇူလိုင် ၁၀ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါသည်။
    ရမသွာန်လမြတ်တွင် အရွယ်ရောက်ပြီး မွတ်စလင်မ်များသည် စားခြင်း၊ သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် သံဝါသတို့ကို အရုဏ်ဦးမှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြပါသည်။
    ဥပုတ်သီလစောင့်ထိန်းခြင်းသည် မွတ်စလင်မ်တို့ကို သည်းခံခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် နာမ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းစသည်တို့ကို သင်ကြားပေးသည် မည်ပါသည်။ ၀တ်ပြုခြင်း၊ ကျမ်းတော်မြတ် ကုရ်အာန်ကို ရွတ်ဖတ်သရဇ္ဇယ်ခြင်းနှင့် ကောင်းမှုများကျင့်ဆောင်ခြင်းတို့ဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် နှစ်မြှုပ်ထားသော လမြတ်အချိန်ခါလည်းဖြစ်ပါသည်။
    လမြတ်ကာလအတွင်း မွတ်စလင်မ်အများစုကြီးသည် ဆင်းရဲသားများနှင့် လိုအပ်နေသူများကို ဇကားသ်ဆင်းရဲသားဒါနကြေး ပေးရန် အခြားလများထက် ပိုမိုနှစ်သက်ကြပါသည်။
    ရှင်သန်သက်ဝင်စေသော အတွေ့အကြုံ
    “ဒီအခမ်းအနားက သူတို့နဲ့ မတူကွဲပြားတဲ့ ယုံကြည်သက်ဝင်မှုနဲ့ ယဉ်ကျေးမှုကို လူတွေအနေနဲ့ ထိတွေ့လေ့လာခွင့် ရရှိစေပါတယ်” ဟု ဆွစ်ဇလန်မှ ဒေးဗစ်မူလာက ပြောပြခဲ့ပါသည်။
    “ပိုမိုများပြာတဲ့လူတွေက ဒီဟာကို နှစ်သက်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါကြောင်းလည်း ဒီစုစည်းတွေ့ဆုံးမှုက တန်ဖိုးရှိပါတယ်။”
    အမေရိကားမှ Alyna Rogow က ဤအတွေ့အကြုံသည် ပညာရကြောင်း သိခဲ့ရသည်။
    “စွန်ပလွံသီးစားခြင်းဟာ အရေးကြီးတယ်ဆိုတာကို သိခဲ့ရပါပြီ”ဟု Rogow က ပြောပြခဲ့ပါသည်။
    “ဒါပေမယ့် ရမဿွာန်ရဲ့ အခေါ်အဝေါ်တွေနဲ့ပတ်သက်ပြီး ပိုမို သင်ယူပြီးပါပြီ။ ဒီနေ့ ဒီနေရာလေးက အသိုက်အ၀န်းလေးကို တကယ့်ကို နှစ်သက်မိပါတယ်။ ပြီးတော့ ဘယ်လို လုပ်အားပေးခဲ့တယ်၊ ဘယ်လိုလှူဒါန်းခဲ့တယ်ဆိုတာကို လူတွေကို ပြောပြဖြစ်ခဲ့ပါတယ်။”
    သူတို့ရဲ့ အောင်မြင်မှု အတွေ့အကြုံကို တွေ့မြင်ခဲ့ပြီး လှုပ်ရှားမှုသည် ပိုမိုကြီးထွားလာမည်ဖြစ်ပြီး လန်ဒန်၏ အရေးကြီးသော အမှတ်အသားများတွင် ပါဝင်လာမည်ကို မျှော်လင့်ခဲ့ကြောင်း စလ်ဟ က ပြောပြခဲ့ပါသည်။
    “လူနေမှုဘ၀ပေါင်းစုံမှ လူအများနဲ့ လူမှုအသိုင်းအ၀န်းအားလုံးတို့နဲ့ Trafalgar ရင်ပြင်မှာ ၀ါဖြေကြဖို့ ကျွန်တော်တို့ မျှော်လင့်ချက် ထားထားပါတယ်။”
    “အဲ့ဒါဟာ လန်ဒန်မြို့ရဲ့ အသွင်မတူကွဲပြားမှုတွေပေါ်မှာ ကြီးမားတဲ့ ပြန်လှန်လေးစားမှုကို ဖော်ဆောင်ရာ ဖြစ်လာပါလိမ့်မယ်။”
    ဗြိတိန်နိုင်ငံသည် လူသန်းပေါင်း ၂.၇ သန်းခန်ရှိ များပြားသော မွတ်စလင်မ် လူနည်းစု၏ အမိမြေ ဖြစ်ပါသည်။
  • “၁၂၆ လမ်း” လမ်းပေါ်နှင့် နောက်ဖေးလမ်းကြား အထူးသန့်ရှင်းရေး လမ်းသာယာရေးအဖွဲ့ ဆောင်ရွက်
    ဇွန်လ ၁၄၊ ၂၀၁၃
    M-Media
    သတင်းဓာတ်ပုံ-ဆူးထက်
    126th st
    ရန်ကုန် ။           ။           မြို့ပြအင်္ဂါရပ်များနှင့်ညီညွတ်စေပြီး လူထုကျန်းမာရေးအတွက် ရည်ရွယ်၍ လမ်းပေါ်နှင့် နောက်ဖေးလမ်းကြား သန့်ရှင်းရေး စီမံကိန်းကို စတင် အကောင်ထည်ဖော် လုပ်ဆောင်နေကြကြောင်းသိရသည်။
    ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းရှိ မြို့နယ်များ၏ ရပ်ကွက်များတွင် လမ်းမပေါ်နှင့် နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုကြောင့် မြို့ပြအင်္ဂါရပ် ချို့ယွင်းရသလို ကျန်းမာရေးအတွက်လည်း ထိခိုက်မှုရှိလာနိုင်တာကြောင့် လမ်းမပေါ်နှင့် နောက်ဖေးလမ်းကြားသို့ စည်းကမ်းမဲ့ အမှိုက်မပစ်ရ အထူးသန့်ရှင်းရေး စီမံကိန်းကို ၁၂၆လမ်း၊ လမ်းသာယာရေး အဖွဲ့မှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
  • သံတွဲတွင် အကြမ်းဖက် မီးရှို့ခဲ့သူများ ရုံးထုတ်အမိန့်ချမည့် အပေါ် လူစုလူဝေးဖြင့် စုရုံးနေကြ
    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    သံတွဲမြို့ အံတော်တွင် အကြမ်းဖက် မီးရှို့ခဲ့သူများကို ယနေ့ တရားရုံးထုတ်ပြီး အမိန့်ချမည့်အပေါ် လူစုလူဝေးဖြင့် စုရုံးနေကြ
    TanDwe
    သံတွဲ ။           ။            ရခိုင်ပြည်နယ်၊ သံတွဲမြို့ အံတော်မြို့သစ်တွင် လွန်ခဲ့သောရက်ပိုင်းများက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မီးရှို့မှုတွင် စတင်လုပ်ဆောင်ခဲ့သူများအား တရားစွဲဆိုထားသူများထဲ ၄-ဦးအား ယနေ့ တရားရုံးထုတ်မည်ဖြစ်သဖြင့် တရားရုံးရှေ့တွင် လူအစုအဝေးဖြင့် စုရုံးနေကြသဖြင့် သံတွဲမြို့ခံများ စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။
    အံတော်တွင် အကြမ်းဖက်မီးရှို့မှုများပြုလုပ်ခဲ့သူများအနက် ၄-ဦးအား တရားရုံးထုတ်ပြီး အမိန့်ချမည်ဆိုသည့်အတွက် တောင်ကုတ်နှင့် ဂျိတ်တောမှ ကား ၄-စီးခန့်စီခန့် ရောက်လာပြီး တရားရုံးရှေ့တွင် စုရုံးနေကြပြီး လူဦးရေ ၁၀၀-၀န်းကျင်ခန့်အထိ ရှိနေကြောင်းသိရသည်။ ပုဒ်မ ၁၄၄ ထုတ်ထားပြီး လူ ၅-ဦးထက် ပို၍ မစုရဟု အမိန့်ထုတ်ထားသော်လည်း ဤကဲ့သို့ လူဦးရေ ၁၀၀ ခန့်ရှိနေပြီး တရုန်းရုန်းဖြစ်နေသည့်အချိန်ထိ လူစုခွဲမှု မရှိသေး၍ မြို့နေလူထုမှ စိုးရိမ်နေကြကြောင်းလည်း သိရသည်။
    လက်တလော အခြေအနေများနှင့်ပတ်သက်၍ “အံတော်မှာဖြစ်တဲ့ မီးရှို့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာထဲက ၄-ယောက်ကို အမိန့်ချမယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် တောင်ကုတ်က ကား ၄-စီး၊ ဂျိတ်တောက ကား ၄-စီး ရောက်လာပြီး တရားရုံးရှေ့မှာ စုရုံးစုရုံးနဲ့နဲ့ ဖြစ်နေတာ။ ပုဒ်မ ၁၄၄-ထုတ်ထားပြီး ၅-ယောက်ထက် ပိုမစုရဘူးပြောထားပေမယ့် ဒီလောက် တရုန်းရုန်းဖြစ်နေတာကို အခုထိ ဘာမှ မလုပ်ဘူး။
    အခုက အကြမ်းဖက်တဲ့သူတွေကို အမိန့်ချမှာ။ မုဒိမ်းမှုကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ၂-ယောက်ကလည်း ဆရာဝန်က တရားဝင်ဆေးစာထုတ်ပေးထားတယ် မုဒိမ်းမှု မမြောက်ဘူးဆိုတာကို။ ဒါကြောင့် အဲ့ဒီ ၂-ယောက်ကိုတော့ ရမံပဲ ယူနေရတာ။ အမိန့်မချသေးဘူး။ အဲလိုမျိုး တဘက်ကို ရမံပဲယူနေရတယ်။ တဘက်ကို အမိန့်ချမယ်ဆိုတဲ့အခါ အဲဒီအပေါ် လူစုနေကြတာ။ အဲဒါအတွက် မြို့ခံတွေက စိုးရိမ်နေတယ်။
    အခု အမိန့်ချမှာက ၄-ယောက်ပါ။ နာမည်တွေကိုလည်း ကျွန်တော် သေချာပြန်ပြောပြပါ့မယ်။”လို့ သံတွဲမြို့ခံက M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။