News @ M-Media

Blog

  • ၈-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း

    ၈-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း

    ဇူလိုင်- ၈ ၊ ၂၀၁၃
    M-Media

    ဘိုးရင်း ၇၇၇လေယာဉ် ပျက်ကျသည့် အကြောင်းအရင်း

    မနေ့ကဆန်ဖရန်ဆစ်စကို လေဆိပ်သို့ ဆင်းသက်စဉ် ဘိုးရင်း ၇၇၇လေယာဉ် ပျက်ကျခဲ့သော အကြာင်းအရင်းမှာ လေယာဉ်မှုးအမှားကြောင့် ဖြစ်သည်ဟု သိရသည်။ လေယာဉ်ကွင်းသို့မရောက်မှီ အရှိန်ကို ရှိသင့်သည်ထက်ပိုလျှော့မိခဲ့ပြီး အချိန်လွန်မှ လေယာဉ်ကို မြှင့်တင်ခဲ့ရာတွင် ရနိုင်ချေထက် ပိုမို ဦးမော့်ခဲ့၍ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်မှုးမှာ ဘိုးရင်း ၇၇၇လေယာဉ် သင်တန်း တက်ရောက်ဆဲ ဖြစ်ကြောင်း သိရသည်။

    တရုတ် မီးရထားဝန်ကြီးဟောင်း သေဒါဏ်ပေးခံရ

    လာဘ်စားမှု နှင့် အာဏာအလွဲသုံးစား ပြုမှုတို့ဖြင့် တရုတ် မီးရထားဝန်ကြီးဟောင်းLiu Zhijun ကို သေဒါဏ်ပေးလိုက်ပြီး နှစ်နှစ် ဆိုင်းငံ့လိုက်သည်ဟု ဆင်ဟွာ သတင်းဌာနက ယနေ့ ကြေငြာသည်။

    အိန္ဒိယတွင် ဟိုတယ်လ်ပြိုကျ

    အိန္ဒိယနိုင်ငံ စီကန်ဒရာဘတ်မြို့တွင် နှစ်ထပ် ဟိုတယ် ပြိုကျရာ လူ ၁၂ဦးသေဆုံးပြီး ၁၈ဦး ဒါဏ်ရာရသည်။

    ချက်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းကို တရားစွဲရန် စီစဉ်

    ယခင်လက ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သော Petr Necas ကို လာဘ်စားမှု နှင့် အာဏာအလွဲသုံးစား ပြုမှုတို့ဖြင့် တရားစွဲရန် တရားရေး ဌာနမှ စီစဉ်နေသည်ဟုဆိုသည်။

    အီဂျစ် ဆန္ဒပြမှု ၄၂ဦးသေဆုံး

    ယခင်အစိုးရကို ထောက်ခံသူများက ဆန္ဒပြရာတွင် အကြမ်းဖက်မှုများ ပါဝင်လာသောကြောင့် ရဲတပ်ဖွဲ့မှ နှိမ်နင်းရာ ၄၂ဦးသေဆုံးခဲ့ရသည်။

  • ချစ်ကြည်ရေးအတွက် ဘာသာပေါင်းစုံရဲ့ အထွတ်အမြတ်ထားရာများကို ဘာသာပေါင်းစုံမှ လူငယ်များ လည်ပတ်

    ဇူလိုင် ၈၊၂၀၁၃
    M-Media
    အိမေ
    ဘာသာပေါင်းစုံ မှလူငယ်များချစ်ကြည်ရေး(Interfaith Youth Tour Myanmar 2013)၏ ခရီးစဉ်အဖြစ် ပန်းဘဲတန်းမြို့နယ်ရှိ သျှီရီကာရီ ဟိန္ဒူဘုရားကျောင်းသို့လည်းကောင်း၊ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး သို့လည်းကောင်း၊ပုဇွန်တောင်မြို့နယ်ရှိ ရုံးလေးဗလီသို့လည်းကောင်း၊ဒဂုံမြို့နယ်ရှိ Methadist English Church သို့လည်းကောင်း ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ (၇) ရက်တွင်  သွားရောက်လည်ပတ်ခဲ့ကြောင်း သတင်းရရှိသည်။

    P7070212

    “ကျွန်တော်တို့ကဒီလို ဘာသာရေးချစ်ကြည်ရေးပွဲတွေလုပ်တာ အရမ်းဝမ်းသာပါတယ်။သမ္မတကြီးကိုယ်တိုင်ကလည်း ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ပါလို့ပြောကြားထားပါတယ်။မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ သူတွေအားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့အတွက် ရင်းနှီးချစ်ကြည်စွာ နေထိုင်သင့်ပါတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး Hate Speech တွေဖြစ် နေမယ်ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်တဲ့အတွက် လူသားဆန်တဲ့ အတွေးတွေ ထားရှိပြီး တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်စွာနဲ့ အချင်းချင်းရိုင်းပင်း ကူညီကြမယ်ဆိုရင် အမုန်းတရားဆိုတာ ရှိမှာမဟုတ်ပါဘူး။ အားလုံးမေတ္တာတရားနဲ့ လက်တွဲကူညီကြပါ။”ဟု ပန်းဘဲတန်းမြို့နယ်ရှိ သျှီရီကာရီ ဟိန္ဒူဘုရားကျောင်းမှ ဂေါပက ဒေါက်တာဦးအောင်နိုင်က ပြောကြားသည်။

    “ကျွန်တော်တို့ ဟိန္ဒူဘုရားကျောင်းမှာ မယ်တော် ကိုးပါး ရှိတယ်။ မယ်တော် ကိုးပါး ကိုဘယ်လို ရှိခိုးရမယ်၊ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်တယ် ဆိုတဲ့ ဘာသာတရားရဲ့နက်နဲမှုတွေကို တခြားဘာသာဝင်တွေ နားလည်လက်ခံအောင် ရှင်းပြပေးတဲ့ ဟိန္ဒူဘုန်းတော်ကြီး မိရှ်ရှားလ်ကို အထူးကျေးဇူးတင်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲတွေကို လက်ကမ်းကြိုဆိုတဲ့ ဂေါပကဒေါက်တာ ဦးအောင်နိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ဒီလိုဘာသာပေါင်းစုံက လူငယ်တွေစုစည်းဖြစ်အောင်လုပ်ပေးတဲ့ Smile Education & Development Foundation က ဒေါက်တာ ကိုအောင်နိုင်ဝင်း ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်။”ဟု ဟိန္ဒူဘာသာဝင် လူငယ်တစ်ဦးက M-Media သို့ပြောသည်။

    ဒဂုံမြို့နယ်ရှိ Methadist English Church မှ Father က“လူတိုင်းဟာ ကိုယ်ယုံကြည်ရာကို ကိုးကွယ်နေကြတာပါ။လူတိုင်းလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ်။ဒါပေမယ့်လူသားတိုင်း သနားကရုဏာစိတ်လေးတွေ နဲ့ဘာသာအချင်းချင်းလေးစားမယ်၊ဘယ်သူ့ဘာသာ ကိုမှထိခိုက်ပျက်စီးစေမယ့် အမုန်းတရားတွေကို ရှောင်ရှားပြီး ရင်းနှီးချစ်ကြည်စွာ နေထိုင်မယ်ဆိုရင် ငြိမ်းချမ်းမှုတွေရဲ့ သာယာမှုတွေကိုခံစားရမှာပါ။ဒီလို  ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲတွေ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တာကို လက်ကမ်းကြိုဆိုပါတယ်။”ဟု ပြောကြားသည်။

    “ညီမက ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပေမယ့် ညီမနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ သူ့ယုံကြည်ချက်နဲ့သူ ကိုးကွယ်နေတဲ့ တခြားဘာသာဝင်တွေ အများကြီးရှိပါတယ်။လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် တစ်မြေတည်းနေ  တစ်ရေတည်းသောက်ကြတဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံး ဘာသာတရားကြောင့် ခွဲခြားမှုမရှိဘဲမေတ္တာ တရားရှေ့ထားပြီး နွေးထွေးစွာ ပေါင်းသင်းဆက်ဆံကြပါလို့  ညီမပြောပါရစေ။ ဒီခရီးစဉ်လေးဟာ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်မသိသေးတဲ့ ဘာသာတရားတွေရဲ့ သဘောတရားတွေကို နက်နဲစွာသိရတယ်။ ဘာသာတစ်ခုနဲ့တစ်ခုကြား ပိုပြီးတော့လည်းနားလည်မှုတွေ ရရှိလာတယ်။ဒီလို ဘာသာပေါင်းစုံက လူငယ်တွေ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ Smile Education & Development Foundation က ဒေါက်တာ ကိုအောင်နိုင်ဝင်းကို အရမ်းကျေးဇူးတင်ပါတယ်။”ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ မ၀င်းဝင်းထွေး က M-Media သို့ပြောသည်။

    အဆိုပါခရီးစဉ်ကို  မနက် ၉ နာရီတွင် Smile Education & Development Foundation ရုံးခန်းတည်ရှိရာ ရှိုင်း တာဝါ၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ စတင်ထွက်ခွာခဲ့ပြီး၊ ညနေ ၅နာရီတွင် ခရီးစဉ် အဆုံးသတ်ခဲ့ကြောင်းသိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ Click Here

  • ဗုဒ္ဓဂါယာ ဗုံးပေါက်မှု အလ်ကိုင်ဒါ (သို့) တမီလ်ကျား လုပ်ရပ်ဖြစ်နိုင်ကြောင်း သီရလင်္ကာမှ အစွန်းရောက် ဆင်ဟလ ရဝယအဖွဲ့ခေါင်းဆောင် ပြောကြား

    ဇူလိုင်လ ၇၊ ၂၀၁၃
    M-Meida

    သီရိလင်္ကာမှ အစွန်းရောက်ဗုဒ္ဓ ဘာသာဝင်များက အရေးယူဆောင်ရွက်မှုများ ပျက်ကွက်မှုအတွက် အိန္ဒိယအစိုးရ၏ လုံခြုံရေးကို ဝေဖန်

    Akmeemana-dayarathana-thero

    ကိုလံဘိုမြို့။ ။ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သီရိလင်္ကာ အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့အစည်း ဆင်ဟလ ရဝယ(Sinhala Ravaya)က အိန္ဒိယ၏ လုံခြုံရေးမှာ သံသယဖြစ်စရာကောင်းကြောင်း ယနေ့ ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့ညနေတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆင်ဟလ ရဝယအဖွဲ့၏ ခေါင်းဆောင် ဘုန်းတော်ကြီး အက်မီးမန ဒယရထ်န ထေရော (Ven. Akmeemana Dayarathna Thero) က တိုက်ခိုက်မှုကို အလ်ကေဒါကဲ့သို့ မွတ်စလင်မ် အစွန်းရောက်များ သို့မဟုတ် တမီလ်ကျား အကြမ်းဖက်အဖွဲ့အစည်း တမီလ်အမိမြေ လွတ်မြောက်ရေးကျားများ(Liberation Tigers of Tamil Eelam (LTTE))၏ သစ္စာခံများမှ ကျူးလွန်ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့ မနက်အစောပိုင်းတွင် ဘီဟာပြည်နယ်၊ မဟာဗောဓိဘုရားကျောင်းတွင် အနည်းဆုံးဗုံးရှစ်လုံး ပေါက်ကွဲပြီး ဘုန်းကြီးနှစ်ပါး ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲနိုင်သည့် ဗုံးနှစ်လုံးကိုလည်း မဟာဗောဓိဘုရားကျောင်း ပရဝဏ်အတွင်း တွေ့ရှိခဲ့ပြီး ကျွမ်းကျင်ပညာရှင်အဖွဲ့မှ နောက်ပိုင်းတွင် မပေါက်ကွဲစေရန် ကာကွယ်နိုင်ခဲ့သည်။

    အကြမ်းဖက်များက ကမ္ဘာ့ ဗုဒ္ဓဘာသာအမွေအနှစ်ကို ဖျက်ဆီးရန် ကြိုးပမ်းနေမှုကို အိန္ဒိယအစိုးရမှ နှုတ်ဆိတ်နေကြောင်း ဘုန်းကြီးက ပြောခဲ့သည်။ အဆိုပါ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးက ဆင်ဟလ ရဝယအဖွဲ့အနေဖြင့် ဤဖြစ်ရပ်အပေါ် အိန္ဒိယနိုင်ငံ၏ တုန့်ပြန်မှုကို လုံးဝ မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    ထိုအဖွဲ့အစည်းက အပြစ်ရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရန် အိန္ဒိယအစိုးရကို တိုက်တွန်းလိုက်သည်။

    Ref: Colombopage
    Photo-http://mirror.lk/

  • ၇၊၇၊ ၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ၇၊၇၊ ၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ဇူလိုင်-၇ ၊၂၀၁၃
    M-Media

    အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ဗုံးကိုးလုံးပေါက်ကွဲ
    ယနေ့မနက်ပေါက်ကွဲခဲ့သော ဗုံးသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်ဟု အိန္ဒိယ အစိုးရက ကြေငြာခဲ့သည်။ နှစ်ဦး ဒါဏ်ရာရသည်။

    ကနေဒါနိုင်ငံ ဆီတင်ရထား ပေါက်ကွဲ
    အနီးရှိရွာ ဘူတာတွင် ဘရိတ်ဖမ်း ရပ်တန့်ထားသော ရေနံစီမ်းတင် ရထားမှာ စနေနေ့မနက်တွင် ဆင်ခြေလျှောတစ်လျှောက် လိမ့်ဆင်းသွားရာမှ Lac-Megantic မြို့ငယ်လေး သို့ အရောက် လမ်းချော် တိမ်းမှောက်ပြီး ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ တစ်ဦးသေဆုံးသည်ဟု တွေ့ရှိထားသော်လည်း လူတစ်ရာခန့် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

    ဆန်ဖရန်ဆစ်စကို လေဆိပ်ဆင်းသက်စဉ် ဘိုးရင်း ၇၇၇လေယာဉ်ပျက်ကျ
    တရုပ်နိုင်ငံမှစတင်၍ ခရီးသည် ၃၀၇ ဦးသယ်ဆောင် ပျံသန်းလာသော ကိုးရီးယား Asiana လေကြောင်းလိုင်းမှာ ဆန်ဖရန်ဆစ်စကို လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ၍ နှစ်ဦး သေဆုံးခဲ့သည်။ မြေပြင်သို့ ရိုက်ခတ်မိစဉ် အမြှီးပိုင်း ကျိုးပြတ်သွားပြီး မီးလောင် သွားခဲ့သော်လည်း လူအများစုမှာ အရေးပေါ်ထွက်ပေါက်မှ လျှောဆင်း လွတ်မြောက်နိုင်ခဲ့သည်။

    စနိုးဒန်းအား ဘိုလီးဗီးယားမှ ခိုလှုံခွင့်ပေး
    ယခင်နေ့က ဗန်နီဇွဲလား နှင့် နီကာရာဂွာ နိုင်ငံများမှ ခိုလှုံခွင့် များ ရရှိပြီဖြစ်သော်လည်း ယနေ့ ဘိုလီးဗီးယားနိုင်ငံမှလည်း ခိုလှုံခွင့်ပေး မည်ဟု ကြေငြာသွားသည်။

    ကစားသမားအား ကွင်းထဲမှမထွက်သဖြင့် ဓါးဖြင့်ထိုးသည့် ဒိုင်လူကြီးအား ပရိတ်သတ်က ခေါင်းဖြတ်သတ်
    ဘရားဇီးနိုင်ငံ ဘောလုံးပွဲစဉ် တခုတွင် အနီကတ်ပြခံရသည့် ဘောလုံးကစားသမား တစ်ဦးကို ကွင်းထဲမှ ထွက်သွားရန် အမိန့်ပေးရာတွင် ငြင်းဆန်သဖြင့် ၎င်းဒိုင်လူကြီးက ဓါးဖြင့်ထိုးရမှ ပရိသတ်က ဒိုင်လူကြီးအား ခေါင်းဖြတ်သတ်လိုက်ကြသည်။

    ဗုဒ္ဓဂယာဗုံးကွဲမှု – လွန်ခဲ့သည့် ၆ လခန့်ကတည်းက ကြိုတင်သတင်းပေးမှုများရှိခဲ့
    ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ပြီးနောက် သံသယတရားခံနှစ်ဦး၏ ရုပ်ပုံကြမ်း ပေါ်ထွက်လာပြီဖြစ်သည်။ ဗုဒ္ဓဂယာရှိ ဟိုတယ်နှစ်ခု အကြားတွင် လည်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးရှာဖွေတွေ့ရှိခဲ့သေးကြောင်း သိရသည်။ ဘီဟာရ်ပြည်နယ်၊ ရဲအရာရှိချုပ်ဖြစ်သူက ဘုရားဝတ်တက်နေသူများ ရှိနေသော်လည်း မဟာဗောဓိဘုန်းကြီးကျောင်းအ၀န်းတွင် လုံခြုံရေးထပ်မံ တိုးမြှင့်ထားကြောင်း၊ လက်ရှိအနေအထားတွင်မူ အများပြည်သူ ဘုရားဖူးလာရောက်ခြင်းမှ တားမြစ်ထားကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

    အာရှ ဖလား ဖူဆယ်ဘောလုံးပွဲ အီရန် အသင်း (၄) ကြိမ်မြောက် ဗိုလ်စွဲ
    တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့တဲ့ Asian Indoor and Martial Arts Games ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင်  အီရန် အမျိုးသား ဘောလုံးအသင်းက ဂျပန်အသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရပါ ရွှေတံဆိပ် ဆွတ်ခူးရရှိသွားပါသည်။

  • အနီကတ်ပြခံရ ကစားသမားအား ကွင်းထဲမှမထွက်သဖြင့် ဓါးဖြင့်ထိုးသည့် ဒိုင်လူကြီးအား ပရိတ်သတ်က ခေါင်းဖြတ်သတ်

    ဇူလိုင်-၇၊၂၀၁၃
    M-Media

    ဘရာဇီးတွင် အနီကတ်ပြခံရ ကစားသမားအား ကွင်းထဲမှမထွက်သဖြင့် ဓါးဖြင့်ထိုးသည့် ဒိုင်လူကြီးအား ပရိတ်သတ်က ခေါင်းဖြတ်သတ်

    494303-football

    ဘရားဇီးနိုင်ငံ ဘောလုံးပွဲစဉ် တခုတွင် အနီကတ်ပြခံရသည့် ဘောလုံးကစားသမား တစ်ဦးကို ကွင်းထဲမှ ထွက်သွားရန် အမိန့်ပေးရာတွင် ငြင်းဆန်သဖြင့် ၎င်းဒိုင်လူကြီးက ဓါးဖြင့်ထိုးရမှ ပရိသတ်က ဒိုင်လူကြီးအား ခေါင်းဖြတ်သတ်လိုက်ကြသည်။

    မြောက်ပိုင်း ဘရာဇီးလ်ရှိ Pio XII မြို့တွင် ထိုကိစ္စတွင် ပါဝင်ခဲ့သောကြောင့် တစ်ဦးကို ဖမ်းဆီးထားသည်။

    အသက် ၂၀ အရွယ် ဘောလုံးဒိုင် Octavio da Silva သည် အသက် ၃၀ အရွယ် ဘောလုံးသမား Josenir dos Santos အား ဓါးဖြင့်ထိုးခဲ့၍ ထို ကစားသမားမှာ ဆေးရုံသို့ အသွားလမ်းတွင် သေဆုံးခဲ့ရသည်။

    ဒေါသဖြစ်နေသော ပရိသတ်သည် ကွင်းထဲဆင်း၍ ဒိုင်ကို ခဲနှင့်ပစ်ပေါက်ကြပြီး ခေါင်ဖြတ်၍ ကွင်းလည်တွင် တိုင်တွင် ချိတ်ပြီးထောင်ထားခဲ့ကြသည်။

    ၂၀၁၀ခုနှစ်တွင် ဘရာဇီးလ်တွင် လူသတ်မှု ငါးသောင်း ရှိခဲ့၍ ၂၀၁၆တွင် ပြုလုပ်မည့် ကမ္ဘာ့ ဖလား ဘောလုံးပွဲနှင် အိုလံပစ်ပွဲ လုံခြုံရေး စိုးရိုမ်လျက် ရှိကြသည်။

    ယခုလအတွင်း နှစ်ပေါင်းနှစ်ဆယ်အတွင်း အကြီးဆုံး ဆန္ဒပြမှုလည်း ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာ ၁၄သန်းကုန်ကျမည့် ကမ္ဘာ့ ဖလား ဘောလုံးပွဲ နှင့် အများပြည်သူအတွက် ဝန်ဆောင်မှုများ အားနည်းမှုကို ဝေဖန် ခဲ့ကြသည်။

    Ref: Aljazeera