News @ M-Media

Blog

  • တိုင်းမ်မဂ္ဂဇင်းအား သမ္မတကြီးမှ ကန့်ကွက်မှုအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

    တိုင်းမ်မဂ္ဂဇင်းအား သမ္မတကြီးမှ ကန့်ကွက်မှုအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

    ဇွန် ၃၀၊ ၂၀၁၃
    M-Media
    ဆုံမှတ်

    01

    ရန်ကုန် ။ ။ ဇူလိုင်လထုတ်မည့် တိုင်းမ်မဂ္ဂဇင်း၏ ဦးဝီရသူမျက်နှာဖုံးပါ သတင်းဆောင်းပါး ပါရှိသောကြောင့် သမ္မတကြီးမှ ကန့်ကွက်မှုအား ထောက်ခံသည့်ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ယနေ့ နေ့လည်(၁း၃၀)နာရီက ရန်ကုန်မြို့ ဗဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

    02

    အဆိုပါ ဆန္ဒဖော်ထုတ်ပွဲမှာ တိုင်းမ်မဂ္ဂဇင်းကို သမ္မတကြီး၏ကန့်ကွက်မှုအား ထောက်ခံပွဲနှင့် ဦးဝီရသူအား ထောက်ခံပွဲကို ပူးတွဲပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

    03

    ယင်းဆန္ဒထုတ်ဖော်ပွဲသို့ လူအင်အား (၆၀၀)ကျော် ပါဝင်ခဲ့ပြီး ၉၆၉ တံဆိပ်ကပ်ထားသော ကားများနှင့် လာရောက်ပြီး စုဝေးခဲ့ကြကြောင်းလည်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲပါဝင်သူတချို့မှ “ဆရာတော် ၀ီရသူသည် အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူ၊ အကြမ်းဖက်သမားမဟုတ်” ဟု အော်ဟစ်ခဲ့ကြပြီး ကားပေါ်တွင် ပါရှိသော အသံချဲ့စက်မှ ၉၆၉ သီချင်းများဖွင့်ကာ ကခုန်ခဲ့ကြပြီး ဆန္ဒပြပွဲကို ရပ်နားလိုက်ကြောင်း သိရသည်။

  • မိတ္ထီလာမြို့မှ အကြမ်းဖက်ခံခဲ့ရသူများအတွက် စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ ဟောပြောပွဲ MRF တွင်ပြုလုပ်

    ဇွန်လ ၃၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    P6300122-1

    ရန်ကုန် ။ ။ မိတ္ထီလာမြို့မှ အကြမ်းဖက်ခံခဲ့ရသူများ စိတ်ဓါတ်မြှင့်တင်ရေး ဟောပြောပွဲတစ်ရပ်ကို ယနေ့ နံနက် (၉) နာရီမှ (၃း၃၀)နာရီထိ ရန်ကုန်မြို့၊ မအူကုန်းရပ်ကွက်၊ တာမွေမြို့နယ်ရှိ Myanmar Resource Foundation (MRF) သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

    ယင်းဟောပြောပွဲတွင် ဖွံ့ဖြိုးရေးဆိုင်ရာ အမြင်အတွေး ခေါင်းစဉ်ဖြင့် MRF Program Manager စစ်တွေရုံးခွဲမှ ဆရာကိုကိုလွင် မှ ဟောပြောခဲ့ ပါသည်။ ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ “မိတ္ထီလာမြို့မှာ နေထိုင်ကြတဲ့ အစ္စလာမ့် ညီနောင်၊ ညီအမများရဲ့ ဘ၀ဖွံ့ဖြိုးတိုးတက်မည့် အသိပညာ ဗဟုသုတများ၊ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မှန်ကန်သော အစ္စလာမ့် လမ်းညွှန်သင်ကြားချက်များကို အခြေခံသိရှိနားလည် ကျင့်သုံးနိုင်စေ ရန်နှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု MRF ၏ Assistant Director ကိုကြည် မှ M-Media သို့ပြောသည်။

    ထိုဟောပြောပွဲတွင် မိမိဘ၀ဖွံ့ဖြိုးဖို့အတွက် မိမိကိုယ်တိုင်ကပဲ ပြုပြင်ပြောင်းလဲရမှာပဲဖြစ်တယ်။ မိမိကသာဖွံ့ဖြိုးဖို့မလုပ်ဆောင်နိုင်ရင် မိမိအသိုင်းအ၀ိုင်း သည် ဘယ်တော့မှမပြောင်းလဲလာနိုင်ပါဘူး။ အဓိက အခရာထားပြီး စရမယ် ဆိုရင် မိမိကိုယ်တိုင်က စရမှာ ဖြစ်ကြောင်း ထည့်သွင်း ဟောပြောတင်ပြခဲ့ သည်။

    တက်ရောက်သူ သင်တန်းသားတစ်ဦးမှ “ကျွန်တော်ကတော့ မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။ လက်ရှိကျွန်တော် က နေပြည်တော်မှာကျင်းပမည့် အားကစားပြိုင်ပွဲမှာ ဆက်သွယ်ဆက်ဆံရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ယခုကျွန်တော် ဒီသင်တန်း ကို လာတက်ရတဲ့ ရည်ရွည်ချက်ကတော့ ကျွန်တော်တို့ရဲ့ ကျဆင်းနေတဲ့စိတ်ဓါတ်တွေကို ပြန်လည်မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် လာရောက်ရခြင်းဖြစ်ပါတယ်။ ယခု လက်ရှိမှာလည်း သင်ကြားပို့ချနေတဲ့ ဘာသာရပ်တွေအားလုံးက ကျွန်တော်တို့ အတွက် စိတ်ဓါတ်ခွန်အားတွေ ကို ပြန်လည်ရရှိစေပါတယ်။ ဒီသင်တန်းကနေပြီး ကျွန်တော်ရရှိတဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ စိတ်ထဲမှာ ဒွိဟဖြစ်နေတဲ့အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်းသိလိုက်ရတယ်။ နောက်ပြီး ကျွန်တော်တို့တွေ မသိသေးတဲ့၊ ရှေ့ဆက်လုပ်ဆောင်ရမယ့် အကြောင်းအရာတွေကို လမ်းစဖော်ပေး လိုက်တဲ့ သင်တန်းလို့လဲ မှတ်ယူထားပါတယ်။ နောက်များတွင်လည်း ယခုလိုသင်တန်းမျိုးကို ဆက်လက် ပို့ချပေးနိုင်မယ်ဆိုရင် အရမ်းကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ဖြစ်လာနိုင်မယ်လို့လဲ ကျွန်တော်ထင်ပါတယ်” ဟု M-Media သို့ပြောပြခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်း လူ (၄၀)ခန့် တက်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။

  • တောင်ကြီးမြို့ တွင်း လက်တွန်းလှည်းထီသည်များ ၉၆၉ သီချင်းဖွင့်ကာလှုံ့ ဆော်လျက်ရှိ

    M-Media
    ၂၀၁၃ ဇွန်လ ၃၀ ရက်
    ကျောက်ခဲ သတင်းပေးပို့သည်။

    imagesတောင်ကြီးမြို့ အတွင်းလူစည်ကားရာ ဈေးကဲ့သို့ သောနေရာများတွင် ၉၆၉ သီချင်းကိုအသံကျယ်ဖြင့်ဖွင့်ကာ ထီရောင်းသည့်လက်တွန်းလှည်းထီ သည်များ လှုံ့ ဆော်နေသည်ဟုသိရသည်။

    ယခုကဲ့သို့ လှုံ့ ဆော်မှုများသည်တောင်ကြီးမြို့ တွင်ပြုလုပ်ခဲ့သော ဦးဝီရသူ၏ ၉၆၉ တရားပွဲပြီးစဉ် အခါကတည်းကဖြစ်သည်ဟုမြို့ ခံတစ်ဦး က M Media သို့ ပြောကြားပါသည်။

    “ကျွန်တော် တောင်ကြီးမှာဟောသွားတဲ့ ၉၆၉ တရားခွေတွေနားထောင်ရပါတယ်။ အဲဒီ ၉၆၉ တရားကတော်တော်ဆိုး ပါတယ်။ ကျွန်တော်တို့ မွတ်စ လင်တွေ ကို ခွေးတွေနဲ့ နှိုင်းပြီးဟော ထားပါတယ်။ လုံးဝမဖြစ်သင့်ပါဘူး။ မြန်မာပြည်မှာနှစ်ပေါင်းများစွာဘိုးစဉ်ဘောင်ဆက်နေထိုင်လာတဲ့ မွတ်စလင်တွေ
    အားလုံးကို ဗုဒ္ဓဘာသာတွေရဲ့ ရန်သူအဖြစ်ယူဆသတ်မှတ်အောင်သွေးထိုးလှုံ့ ဆော်သွားတာပါ။ ဘာသာတိုင်း လူမျိုးတိုင်းက ကိုယ့်တရား၊ ကိုယ့်လူမျိုးကို ချစ်ကြပါတယ်။ ဒါလူ့ သဘာဝပဲလေ။ ဒါကိုအပြစ်မဆို ချင်ပါဘူး။ ကိုယ့်အမျိုး၊ဘာသာ၊သာသနာကိုကာကွယ်မယ်ဆိုပြီး တခြားဘာသာတရားကိုမဟုတ်တာတွေစွပ်စွဲ ပုတ်ခတ်ပြောဆို တာတွေက မသိနားမလည်တဲ့သူတွေအတွက်အရမ်းအန္တရာယ်ကြီးပါတယ်။ သူ့ တို့ ကဒီစွပ်စွဲချက်တွေကိုယုံသွားရင် တစ်သက်လုံး အေးအတူ ပူအမျှငြိမ်းချမ်းစွာနေထိုင်လာခဲ့ကြတဲ့ ဘာသာစုံ၊ လူမျိုးစုံကြားမှာ အမုန်းတရားတွေပွားများလာမယ်။ ဒါပြီးရင် ရှေ့လျောက်မလိုလား အပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်ဗျာ။ နိုင်ငံနဲ့ အ၀ှမ်းမှာလည်း တစ်နေရာပြီးတစ်နေရာ အဓိကရုဏ်းတွေဖြစ်နေတာ ကျွန်တော်တို့ တော်တော်စိတ် ဆင်းရဲရပါတယ်။ ဒီလိုအမုန်းတရားတွေ ဖြန့် နေတဲ့ ၉၆၉ တရားပွဲတွေ လှုပ်ရှားမှုတွေကို အား ကောင်းကောင်းနဲ့ လုပ်နေ တာတွေ၊ နိုင်ငံတော်အခြေခံ ဥပဒေမှာ တရားဝင်ပြဌာန်းပြီး လွတ်လပ်စွာကိုးကွယ်ခွင့်ပေးတဲ့ ဘာသာတရားတစ်ခုကို လွတ်လပ်စွာအပုပ်ချနေတာတွေ ကို အစိုးရက ဘာလို့ အရေးမယူတာ လဲဆိုတာကျွန်တော်တို့ စဉ်းစားလို့ မရဘူးဗျာ။” ဟုတောင်ကြီးမြို့ ခံ အစ္စလာမ်ဘာသာဝင်ရှေ့နေတစ်ဦးက M Media သို့ 
    ပြောကြားခဲ့သည်။

     

    တောင်ကြီးမြို့မှ ၉၆၉ အမုန်းတရားခွေများ ဖွင့်ပြီး ရောင်းချလျက်ရှိသည့် ထီသည်များ

    969875_140231659511286_1018101288_n

     1011893_140231092844676_1963680253_n

     

  • ဦးဝီရသူ၏ အပြောအဆိုများသည် hate speech မမြောက်ဟု ဦးရဲထွဋ်ဆို

    ဦးဝီရသူ၏ အပြောအဆိုများသည် hate speech မမြောက်ဟု ဦးရဲထွဋ်ဆို

    M-Media
    ၂၀၁၃ ဇွန်လ ၃၀

    ယခုလ ၂၈ ရက်နေ့က အမေရိကန်စင်တာမှာ ကျင်းပခဲ့တဲ့ အမုန်းတရားဖြန့် ချိမှု တားဆီးရေး ဆွေးနွေးပွဲမှာ ဦးရဲထွဋ်က ဦးဝီရသူရဲ့ အစ္စလာမ်ပုတ် ခတ်ရေး တရားတွေဟာ အမုန်းတရားဖြန့်ချိမှု (HATE SPEECH) မမြောက် ဘူးလို့ ပြောဆိုလိုက်တယ်လို့ ဗွီအိုအေအင်္ဂလိပ်ပိုင်းသတင်းက ဖော်ပြပါတယ်။

    နိုင်ငံတကာက ဦးဝီရသူရဲ့ အင်တာဗျူးတွေ၊ တရားဟောပြောမှုတွေကို စိစစ်ပြီး ဦးဝီရသူသည် ကြောက်စရာကောင်းသော ပုံရိပ်ဖြစ်တယ် လို့ ဖော်ပြနေတဲ့ အချိန်မှာ ဦးရဲထွဋ်က ဒီလိုပြောဆိုလိုက်ခြင်း လည်း ဖြစ် ပါတယ်။

    အမေရိကန်သံအမတ်ကြီး ဒီရက်မစ်ချဲလ်ကတော့ – “ဒီတိုင်းပြည်က သူတို့အထဲမှာတင် တိုက်ပွဲတွေဖြစ်နေတာပါ။ အပြောအဆို (မဆင်ခြင်မှု) က ဒီထဲမှာ ရန်သူတစ်ယောက်အဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့တယ်။ ဒါကပဲ တိုင်းပြည်မဖွံ့ဖြိုးရခြင်းရဲ့ အဓိကအကြောင်းခံဖြစ်နေတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို အလေးဂရုပြုတဲ့ အနီးကပ်စောင့်ကြည့်အနေနဲ့ (ကျနော်ပြော ချင်တာက) ဒီလိုမျိုး မဆင်မခြင် (အမုန်းစကားတွေ) ပြောဆို မှုတွေဟာ ဆက်လက် တည်ရှိနေသလို ပုံစံသစ်အဖြစ်လည်း ပြောင်းလဲနေရာယူလာ ပါတယ်။” လို့ အဆိုပါဆွေးနွေး ပွဲမှာ ပြောကြားခဲ့ပါတယ်။

    (ရည်ညွှန်း –www.voanews.com/content/religious-leaders-in-burma-tackle-issue-of-hate-speech/1691248.html)

    ဦးဝီရသူရဲ့ အာဝဇ္ဇန်းက လူထုထောင်ချီတက်ရောက်တဲ့ တရားပွဲတွေမှာ မွတ်စလင်တွေရဲ့ အသက်ကို (ထိခိုက်စေမယ့်) လှုံဆော်ချက်တွေ ပါနေတယ်လို့ ဗွီအိုအေက ထောက်ပြလိုက်တာပါ။ ဒါပေမယ့် လည်း မြန်မာ အစိုးရနဲ့ အပေါင်းအပါမီဒီယာများကတော့ ဦးဝီရသူကို ဗုဒ္ဓရဟန်းတစ်ပါး အဖြစ် အကာအ ကွယ်ပေးနေတုန်းဖြစ်သလို ဦးဝီရသူကို ဆန့်ကျင်ပြောဆိုတဲ့ ဗုဒ္ဓဘာသာဝင်များကိုလည်း မီဒီယာတွေကနေ ခြိမ်းခြောက်ပြောဆိုနေ တာတွေလည်း ပြု လုပ်နေကြတယ်လို့ မြန်မာအင်တာနက် အသိုင်းအ၀ိုင်းက သတင်းပေးပို့ပါတယ်။

    မြန်မာအင်တာနက်အသိုင်းအ၀ိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ရည်ရွယ်တိုက်ခိုက်ခြင်းမျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ကြတဲ့ မျိုးစောင့်ဥပဒေနဲ့ ပတ်သတ်ပြီး ထောက်ခံသူတွေက ဖြန့်ချိနေတာကိုတော့ ဦးရဲထွဋ်က လွတ်လပ်စွာရေးသားပြောဆိုပိုင်ခွင့်လို့ ဆိုလိုက်ပြန်ပါတယ်။

    ဒီလိုမျိုး အစ္စလာမ်သာသနာကို ရည်ရွယ်ပြီးတိုက်ခိုက်တဲ့ HATE SPEECH တွေကို ၂၀၀၆ ခုနှစ်အရင်ကတည်းက Inforithm Maze ရဲ့ ပလဲနက်မြန်မာ အင်တာနက်ဝက်ဘ်ဆိုက်ဒ်မှာ တွေမြင်ဖတ်ရှုခဲ့ရတာဖြစ်သလို ရုရှအခြေဆိုက် မြန်မာစစ်ဗိုလ်တွေကလည်း အဲဒီအချိန်ကလည်းက ဒါမျိုးတွေ လုပ်နေခဲ့ကြ တာဖြစ်ပါလို့ အင်တာနက် သုံးစွဲသူတစ်ဦးက ပြောပြ ပါတယ်။

    “ရုရှစစ်ဗိုလ်လို့ သူ့ကိုယ်သူဝေဖန်တဲ့ ရွက်ဝါကလောင်နာမည်နဲ့ အန္တီအစ္စလာမ်၊ hate speech ပြောတဲ့ဘလော့ဂါတစ်ဦးရှိဖူးတယ်။ ဒီလိုပဲ တခြားမြန်မာ ဘာသာနဲ့ ၀က်ဘ်ဆိုက်ဒ်တွေမှာလည်း ရုရှရောက် မြန်မာစစ်ဗိုလ်တွေ အစ္စလာမ်ဆန့်ကျင်ရေး အမုန်း တရားတွေ ရေးသားဖြန့်ချိခဲ့တာပါ။” လို့ သူက ဆိုပါတယ်။

    ဒါကြောင့် လက်ရှိလူဝတ်လဲစစ်အစိုးရရဲ့ အတွင်းမညီညွတ်မှုကြောင့် သူတို့အရင်ကတည်းက အုတ်မြစ်ချထားခဲ့တဲ့ hate speech တွေကို အခုပြန်ပြီး အသက်သွင်းနေတာဖြစ်သလို အဲဒါတွေကို အစိုးရပိုင်းက အချို့လူတွေရဲ့ ဖိအားကြောင့် အစိုးရအရာရှိတွေ ကိုယ်တိုင် ရေငုံနုတ် ပိတ်နေကြတာဖြစ်တယ် လို့လည်း သုံးသပ်ရပါတယ်။

  • အလဲဗင်းမှ အမ်-မီဒီယာအား အစွန်းရောက်ဟု အခြေအမြစ်မဲ့တိုက်ခိုက်မှုအပေါ် အမ်-မီဒီယာ၏ တုန့်ပြန်ချက်

    M-Media
    ၂၀၁၃ ဇွန်လ ၂၉ ရက်

    ၂၇ ရက်ဇွန်လ၊ ၂၀၁၃ ထုတ်အလဲဗင်းမီဒီယာသည် သတင်းစာမျက်နှာဖုံးဆောင်းပါး “Facebook ပေါ်တွင် ဘာသာရေးသွေးထိုး လှုံဆော်မှုများ လုပ်ဆောင်နေသည့် လူထုမောင်ကာဠု၊ We Love True ကဲ့သို့ပင် မွတ်စလင်အစွန်းရောက်များလည်း ရှိနေ” ဟူသော ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည်။

    11_2

    ယင်းဆောင်းပါးတွင် အလဲဗင်းက M-Media အား အစွန်းရောက်မွတ်စလင်မီဒီယာအဖြစ် ဖော်ပြခဲ့သည်မှာ အခြေအမြစ်မရှိသော တိုက်ခိုက် ရေးသား မှု သာဖြစ်ကြောင်း အမ်-မီဒီယာအကြီးတန်း တာဝန်ခံများက ဆိုပြီး အလဲဗင်း၏ ကျင့်ဝတ်သိက္ခာနှင့် အစွန်းရောက် (extremist) စကားလုံး အပေါ် သဘောပေါက် နားလည်မှုအား မေးခွန်းထုတ် ဝေဖန်လိုက်သည်

    “extremist ဆိုတဲ့နေရာမှာ ဒီစာလုံးကို အသုံးပြုဖို့ အင်မတန်မှ စဉ်းစားသင့်တယ်။ ကိုယ့်ကိုကိုယ် ပရိုမီဒီယာကြီးလို့ ကျွေးကြော်ပြီး Asia News Network က သူတို့သတင်းတင်တာလောက်ကို ကမ္ဘာကပဲ သူတို့ရေးတာ လက်ခံသယောင် အောင်ပွဲခံခဲ့တာမျိုး ရှိတဲ့ အလဲဗင်းက ဒီလိုမျိုး စကားလုံး သုံးတာ ထူးခြားတယ်လို့တော့ မထင်ဘူး။ ဥပမာပေါ့ဗျာ၊ အမေရိကန်သံအမတ်ကြီးကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီးတော့ လုပ်တဲ့ အင်တာဖိတ် (Interfaith) ဆွေးနွေးပွဲ သတင်းကို အလေးပြုဖော်ပြပြီးတော့ ပြည်သူကို ပညာပေး၊ အသိပေးလုပ်သင့်တဲ့အချိန်မှာပေါ့၊ သူတို့က Father Land နဲ့ ဒေါ်ဝါ၀ါဝင်းရွှေအမှုနဲ့ အလုပ်များနေတယ်။ ဒါမျိုးက hate incitement ဆိုတဲ့ သွယ်ဝိုက်ပြီးတော့ ကိုဝါဒဖြန့်တဲ့ နည်းမျိုး၊ မွတ်စလင်ပိုင် ကုမ္ပဏီတစ်ခုပါဝင်ပတ်သတ်နေတာနဲ့တင် သူတို့အတွက် တခြားအရေးကြီးသတင်းတွေကို လျစ်လျူရှုလိုက်တဲ့ လုပ်ရပ်မျိုးပဲ။ ဒါကြောင့် ဒီလိုမီဒီယာရဲ့ extremist ဆိုပြီး တိုက်ခိုက်ချက်ကို ကျွန်တော်တို့ဘာမှ အလေးပေး ဂရုစိုက်ဖို့ မလိုဘူးလို့ ထင်ပါတယ်။” ဟု အမ်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    အလဲဗင်းအနေဖြင့် အင်တာဖိတ်ဆွေးနွေးပွဲသတင်းများကို အရေးတယူလုပ်ဖော်ပြခြင်းမျိုးမရှိသော်လည်း အစ္စလာမ်သာသနာဝင်များပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ၀န်ထမ်းများအကြား မသမာမှုများရှိနေသည်ဟူသည့် သတင်းစသည်များကိုသာ အသားပေး ဖော်ပြလေ့ရှိ သည်။ ဒေးလီးအလဲဗင်း သတင်းစာ၏ ဇွန်လ ၂၅ ရက်နေ့ထုတ် အယ်ဒီတာအာဘော်တွင် အမှန်တရားပင်ဖြစ်လင့်ကစား လူအများစု၏ သဘောထားကို လိုက်၍ သတင်းတင်ပြရလေ့ ရှိ သည်ဟူသော သဘောကို သွယ်ဝိုက်စွာ ရေးသားဖော်ပြထားပါသေးသည်။ ယင်းနှင့်ပတ်သတ်၍ အမ်မီဒီယာ အကြီးတန်းသတင်းသုံးသပ်သူတစ်ဦး က အောက်ပါအတိုင်း မှတ်ချက်ပေးပါသည်။

    M-Media ရဲ့ အင်တာဖိတ် tolerance နဲ့ပတ်သတ်ပြီး တင်တဲ့သတင်းကို ဦးရဲထွဋ်လို နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေကိုယ်တိုင် ရှယ်တဲ့အခြေ အနေ မျိုးမှာ ရှိပါတယ်။ ကျွန်တော်တို့ မီဒီယာရဲ့ အဓိကရည်ရွယ်ရင်းကလည်း ဒါပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ မီဒီယာရဲ့ အင်္ဂလိပ်ပိုင်းကို ဘန်ကောက် အေပီ ဗျူရို ချိဖ် (AP Bureau Chief) ဖြစ်တဲ့ Todd Pitman လို လူမျိုးက like လုပ်ထားတာမျိုးလည်း ရှိပါတယ်။ အလဲဗင်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ကတော့ဗျာ၊ ရှင်းပါတယ်၊ ဒါမျိုးကို အရင်က အာဏာရှင်အစိုးရလုပ်ခဲ့တာပဲ၊ ဥပဒေတွေ ချပြပြီး ခြိမ်းခြောက်မယ်။ ဥပမာ – အရင် exile media တွေဖြစ်တဲ့ ဧရာဝတီတို့ စတဲ့ မီဒီယာတွေကို အာဏာရှင်စစ်အစိုးရက ဒီလိုပဲ ခြိမ်းခြောက်ပြီး မိစ္ဆာမီဒီယာတွေလို့ သမုတ်ခဲ့တာပဲ။ အခု အလဲဗင်းကလည်း အာဏာရှင်ပုံစံဖမ်းပြီး ခြိမ်းခြောက်တာမျိုးပါ။ အမှန်ရေး သတင်းထောက်တွေကိုတောင် ရန်မူနေတဲ့တိုင်းပြည်မှာဗျာ၊ လူများစုနဲ့ ဆန့်ကျင်တဲ့အမှန်ကို တင်ပြရင်တော့ ဒါ အစွန်းရောက်လို့ ပြောခံရမှာပဲ။ သူတို့ကိုယ်သူတို့မှ မသုံးသပ် နိုင်ကြတာကိုး။ ”

    UYeHtut

    အလဲဗင်းမီဒီယာအနေဖြင့် အမ်-မီဒီယာအား အစွန်းရောက်အဖြစ် တိုက်ခိုက် ရေးသားထားရာ၌ အဓိကအကိုးအကားအဖြစ် “လမ်း ၂၀ ထိပ်တွင် သင်္ကန်း ၀တ်သံဃာတော်တစ်ပါးမှ ရိုက်နှက်ရန်စမှုဖြစ်ပွား” ဟူသည့် မမှန်သတင်းကို အသုံးချထားပါသည်။ ယင်းနှင့်ပတ်သတ်၍ အမ်-မီဒီယာအကြီးတန်း သတင်းထောက်တစ်ဦးက –

    “ဒါက သူတို့အဆင့်အတန်း ဘယ်လောက်ရှိသလဲဆိုတာ ဖော်ပြလိုက်တာပေါ့။ အမ်-မီဒီယာမှာ အဲလိုခေါင်းစဉ်နဲ့ ဘယ်တုန်းကမှ သတင်းမတင်ခဲ့ ဘူးဆိုတာ အတည်ပြုပြောချင်တယ်။ သူတို့မှာ အမ်မီဒီယာကို အစွန်းရောက်လို့ စွပ်စွဲဖို့ကို သက်သေ ဒီလောက်ထိရှားနေ တယ်ဆိုတာ ပေါ်လွင်နေ တယ်။ မရိုမသားလုပ် တယ်ဆိုတာလည်း ပေါ်လွင်နေတယ်။ အချက်အလက်တွေကို ထင်ရောင်ထင်မှားဖြစ်အောင်လိမ်တယ်ဆိုတာ ထင်ရှားနေတယ်။ ဘာကြောင့်လဲဆိုရင် သူတို့  ပြောသလို လမ်း ၂၀ ထိပ်မှာဖြစ်ခဲ့တာမှ မဟုတ်ဘဲ၊ ကျနော်တို့ သတင်းက လမ်း ၁၂၀ ထိပ်လို့ အတိအကျ မှန်မှန်ကန်ကန် ကို ရေးထားတာကိုး ဗျ။” ဟု ပြောပြခဲ့ပါသည်။ ၄င်းကပင် ဆက်လက်၍ “၂၇ ရက်နေ့ထုတ် သတင်းစာမှာတော့ အမ်မီဒီယာ အစွန်းရောက်ကြောင်း လမ်း ၂၀ သတင်းမှား ကို ထောက်ပြီး စွပ်စွဲတယ်။ အဲ – အင်္ဂလိပ်ပိုင်းမှာကျတော့ဗျာ၊ အမ်မီဒီယာအစွန်းရောက်ကြောင်း စွပ်စွဲပြီး အကြောင်းပြချက်ဖြစ်တဲ့ လမ်း ၂၀ ကိစ္စ ထည့်မရေးဘူး။ ဒါကို ကျနော်တို့ ဘယ်လိုပြောမလဲ၊ ကလေးကလားဆန်တဲ့ လုပ်ရပ်ထက်ကို ဒါကိုက အစွန်းရောက်ခြောက်တွန်းတဲ့ လုပ်ရပ်ဖြစ်နေ ပြီ။ နိုင်ငံတကာကိုကျ တစ်မျိုးလိမ်၊ ပြည်တွင်းကိုကျ တစ်မျိုးလိမ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

     

    M11
    အလဲဗင်း၏ သတင်းစာတွင် အစွန်းရောက်စွပ်စွဲချက်အား ရေးသားထားပုံ

    Link => အလဲဗင်းမီဒီယာ၏ အမ်-မီဒီယာအပေါ်စွပ်စွဲချက် အင်္ဂလိပ်ပိုင်းသတင်း

     

    about true new st 120
    အမ်-မီဒီယာမှာ ဇွန် ၁၉ ရက်နေ့စွဲဖြင့် တင်ပြခဲ့သည့် လမ်း ၁၂၀ ထိပ်ဖြစ်ရပ် သတင်းမှန်

    (Link => http://www.m-mediagroup.com/news/15026)

    ထို့ပြင် အလဲဗင်းမီဒီယာ၏ မီဒီယာမဆန်သောလုပ်ရပ်ကို စင်ကာပူအခြေဆိုက် စီဂျေတစ်ဦးဖြစ်သည့် Chan Myae Khine ကလည်း Facebook ပေါ်တွင် အောက်ပါ အတိုင်း ထောက်ပြထားပါသည်။

    ChanMyaeKhineOn11

    အမ်-မီဒီယာ၏ ပြည်တွင်းသတင်းဆိုင်ရာ အကြီးတန်းအယ်ဒီတာတစ်ဦးကို ၂၇ ရက်နေ့ထုတ် အလဲဗင်းသတင်းနှင့်ပတ်သတ်၍ဆက်သွယ်မေးမြန်းခဲ့ ရာအောက် ပါအတိုင်း ဖြေကြားခဲ့ပါသည်။

    “၂၇-ရက်နေ့ အလဲဗင်းက M-Media က အစွန်းရောက်လို့ သုံးတာကို ဘယ်လိုမြင်သလဲဆိုက ပွင့်ပွင့်လင်းလင်း ပြောရရင် အလဲဗင်းကို ရခိုင် သီတာထွေးကိစ္စစဖြစ်ကတည်းက အယုံအကြည်မရှိတာဆိုတော့ နိုင်ငံရဲ့ နာမည်ကြီးမီဒီယာတစ်ခုက အခုလို တစ်ခြားမီဒီယာငယ်တွေကို အစွန်းရောက်လို့ပြောတာဟာ တခြားမီဒီယာ (M-Media)ကို တိုက်ရိုက်တိုက်ခိုက်မှု တစ်ခုပါ။ ပြီးတော့ M-Media က အခုထက်ထိ အမှန်တရားတွေ ကိုပဲ တင်ပြနေပါတယ်။ အဲဒါကြောင့် အလဲဗင်းရဲ့ လွဲမှားမှုတွေ၊ လိုအပ်ချက်တွေကို ထောက်ပြီးတင်ပြခဲ့တာတွေ ရှိခဲ့လို့ အဲဒီအပေါ် မီဒီယာကျင့်ဝတ်ကို မစောင့်ထိန်းပဲ အညှိုးအတေးနဲ့ အပုတ်ချတယ်လို့ မြင်ပါတယ်။ ကိုယ့်မီဒီယာကနေ အစွန်းရောက်မှုတွေ၊ ဘာသာရေးပဋိပက္ခတွေဖြစ်အောင် လုပ်ဆောင်နေတာကို ပြန်လည်သုံးသပ်ခြင်းမပြုပဲ တဘက်မှာ အမှန်တရားကို တင်ပြနေတဲ့ မီဒီယာတွေကို အစွန်းရောက်လို့သုံးနှုန်းလိုက်တာဟာ အလဲဗင်းရဲ့ခံယူချက်က ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်နေတယ်ဆိုတာ ပိုပြီးမြင်သာသွားပါတယ်။ ချေပချင်တယ်ဆိုတာထက် အဖြစ်သင့်ဆုံးတစ် ခုပြောချင်တာကတော့ အလဲဗင်းအနေနဲ့ ကိုယ့်မီဒီယာက ဘယ်လိုပုံစံ ဘယ်အခြေအနေရောက်ပြီလဲဆိုတာ သုံးသပ်စေချင်ပါတယ်။ ကိုယ့်စီးပွားအကျိုး အမြတ်ကြောင့်ပဲဖြစ်ဖြစ်၊ တခြားကနေ ထောက်ပံ့မှုတွေ ရချင်လို့ပဲဖြစ်ဖြစ်၊ နောက်ကွယ်က ကြိုးကိုင်နေသူရှိလို့ ရှေ့ကနေ ကပြအသုံးတော်ခံနေတာ ပဲဖြစ်ဖြစ် အဲဒါတွေကနေ ရပ်တန့်သင့်ပြီလို့ ပြောချင်တယ်။ ကိုယ့်နိုင်ငံကို တကယ်ချစ်မြတ်နိုးပြီး နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ပီသအောင် ရပ်တည်မယ်ဆို ရင် နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား လောင်ကျွမ်းစေမယ့် လောင်စာတွေထည့်ခြင်း၊ မီးမွှေးခြင်းကို မလုပ်ဖို့ အလဲဗင်းကို ပြောချင်တယ်။

    တဖန် အမ်-မီဒီယာ၏ အုပ်ချုပ်ရေးနှင့် အတိုင်ပင်ခံဖြစ်သူ တစ်ဦးကမူ –

    “ကျနော့တစ်ယောက်တည်းအမြင်အရတော့ အလဲဗင်းမီဒီယာဂရုပ်အနေနဲ့ သူအပါအဝင် ပြည်တွင်းမီဒီယာတွေကို M-media ကနေ ထောက်ပြပြော ဆိုတာလေ့ရှိတာကြောင့် ကိုယ့်အနေအထား ကိုယ့်အမှားတွေကို လူသိမှာစိုးလို့ Localized Press License ကိုသုံးချပြီး လူထုကို စာအဆိပ်သွပ် လိုက်တာလို့ပဲ မြင်ပါတယ်… မီဒီယာအချင်းချင်း စွပ်စွဲမှုအပေါ် ချက်နဲ့လက်နဲ့စွတ်စွဲထောက်ပြတာမျိုးကို လက်ခံနိုင်ပေမဲ့ အချက်အလက်လည်းမမှန် တိကျတဲ့ထောက်ပြဝေဖန်မှုမျိုးမပါပဲ လက်လွတ်စပါယ်စွတ်စွဲပြောဆိုတာကတော့ အလဲဗင်းမီဒီယာဂရုပ်အနေနဲ့ ကိုယ့်မီဒီယာဂရုပ်တစ်ခုလုံးရဲ့ သိက္ခာနဲ့ကျင့်ဝတ် ကို နင်းချပြတာပဲဗျ… မယုံရင် M-media အနေနဲ့လည်း အလဲဗင်းအပါအဝင် ပြည်တွင်းကမီဒီယာတွေရဲ့ သတင်းတင်ဆက် မှု ဆောင်းပါးတင်ဆက်မှု အမှားအယွင်းတွေရှိရင် ထောက်ပြခဲ့တာပဲ… ဒါပေမဲ့ မီဒီယာတစ်ခုခုကိုတော့ အစွန်းရောက်လိုမျိုး အကြမ်းဖက်လှုံ့ဆော်မီဒီယာလိုမျိုး စွတ်စွဲပြီး အပုပ်ချတာ မျိုး လုပ်တာမရှိခဲ့ဘူး… ပြောရရင်တော့ အဲ့ဒီအပိုင်းမျိုးအထိ လိုရာစွဲပြီး တန်ပြန်ထိုးနှက်မယ်ဆိုရင် လုပ်လို့ရတာတွေ အလဲဗင်းမီဒီယာဂရုပ်ရဲ့ လုပ်ရပ်တွေ ထဲမှာ အများကြီးထုတ်ပြနိုင်ပေမဲ့ မီဒီယာဆိုတာ အစွန်း၂ဖက်ကိုရှောင်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို လူထုကိုချပြရတာမျိုးလို့ပဲ ထင်မြင်ယူဆထားတော့ M-media အနေနဲ့ ထောက်ပြဝေဖန်မှုထက်ပိုပြီး စွတ်စွဲတိုက်ခိုက်တာမျိုးရှောင်ကြဉ်တယ်… ”

    အမ်-မီဒီယာ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးကလည်း သူ့အနေဖြင့် “တစ်ကမ္ဘာလုံးနှင့် ၁၁” ဟူသော ခေါင်းစဉ်ဖြင့် တစ်ကမ္ဘာလုံးက မြန်မာပြည်တွင် အစွန်းရောက်မှုရှိနေပြီး ယင်းကို မြန်မာပြည်တွင်း မီဒီယာများ ၄င်းတို့နှင့် ဘာသာတူအစွန်းရောက်လူများစုကြီးကို မျက်ကွယ်ပြု ထောက်ပံ့ပေးနေသည့် အကြောင်း ကမ္ဘာ့မီဒီယာကြီးများ ၏ ထောက်ပြပြောဆိုမှုများ ကို အထောက်အထားများဖြင့် ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ်များ အနေဖြင့် စောင့်မျှော်ဖတ်ရှုစေ လိုကြောင်း မှတ် ချက်ပေး ပြောကြားပါသည်။

    အချုပ်ဆိုရပါမူ အမ်-မီဒီယာအနေဖြင့် အလဲဗင်း၏ အစွန်းရောက်ဟူသော အခြေအမြစ်မဲ့စွပ်စွဲချက်အား ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ဖော်ပြအပ် ပါသည်။