News @ M-Media
Blog
  • ဇွန် ၂၂-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၂၂-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၂၁၊၂၀၁၃
    M-Media
    လျှပ်စစ်ကား တကြိမ်အားဖြည့်ရုံနဲ မိုင် ၂၀၀ ကျော်မောင်းနှင်နိုင်
    မိုင် ၂၅၀ ကျော်အထိ မောင်းနှင်နိုင်တဲ့ ဘက်ထရီအဟောင်းနဲ့အသစ်လဲသုံးနိုင်တဲ့ စနစ်သစ်တရပ်ကို Tesla ကားကုမ္ပဏီက ကြေညာခဲ့ပါတယ်
    Edward Snowden ကိုဖမ်းဆီးနိုင်ခြင်း မရှိသေး
    အမေရိကန်၏ အင်တာနတ်နှင့် ဖုန်းစကားများ စောင့်ကြည့်နေသည့် အကြောင်း ကို ဖော်ထုတ်ခဲ့သူ Edward Snowdenကို ဟောင်ကောင်မှ ဖမ်းဆီးပေးနိုင်ခြင်း မရှိသေးဟုဆိုသည်။
    ဘရာဇီးလ် ဆန္ဒပြမှုများ ပြေလည်စေမည်
    ဘရာဇီးလ်သမ္မတ Dilma Rousseffက ဆန္ဒပြမှုများ အဆုံးသတ်စေရန် အများပြည်သူအတွက် ပိုမို ကောင်းမွန်သောဝန်ဆောင်မှု နှင့် တွေ့ဆိုဆွေးနွေးမှုများပေးမည်ဟု ဂတိပေးလိုက်သည်။
    ကိုယ်ဝန်ဆောင်များ နေ့စဉ် သံဓါတ်အားဆေးလိုအပ်
    Harvard University သုတေသန တွေ့ရှိချက်တွင် မွေးဖွားမည့်  ကလေးကို သေးငယ် ခြင်း မရှိစေရန်နှင့် သွေးအားမနည်းစေရန်   နေ့စဉ် သံဓါတ်အားဆေးသောက်ရန်လိုအပ်သည်ဟုဆိုသည်။
    ပြင်သစ်-မွတ်စလင် အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ပဲရစ်တွင် လူထောင်ချီ ဆန့်ကျင်ဆန္ဒပြ
    ပြင်သစ်နိုင်ငံ (France) ပဲရစ်မြို့ (Paris) အနီးမှာ လူထောင်ချီတဲ့ ပြင်သစ်နိုင်ငံသားတွေဟာ မကြာသေးမီက နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မွတ်စလင်အမျိုးသမီးတွေအပေါ် အကြမ်းဖက်တိုက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
    ကင်ညာနိုင်ငံတွင် မွတ်စလင်နှင့် ခရစ်ယာန် လက်တွဲကာ မူးယစ်ဆေးဝါး တိုက်ဖျက်မည်
    အာဖရိကတိုက် (Africa) အရှေ့ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ ကင်ညာ (Kenya) နိုင်ငံမှာ မွတ်စလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ လက်တွဲပြီး အရက်၊ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တိုက်ဖျက်ဖို့ စီမံကိန်းချမှတ် ဆောင်ရွက်တော့မှာဖြစ်ကြောင်း Washington Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။
    မကြာခင်တွင် လူများသည် ၄င်းတို့၏ဦးနှောက် မှတ်ဥာဏ်များကို ကွန်ပျူတာထဲ ထည့်သိမ်းလာကြမည်ဟု ဂူဂဲလ်ဦးဆောင် အင်ဂျင်နီယာဆို
    ကာဇ်ဝလ်၏ ပြောကြားချက်အရ လူသားများသည် ကွန်ပျူတာအတွင်းသို့ သူတို့၏ စဉ်းစားဉာဏ် များကို မကြာခင်တွင် ပြောင်းလဲထည့်သွင်းနိုင်မည်ဖြစ်ပြီး၊ အခြားသော တိုးတက်မှုများက တစ်ဖြည်းဖြည်း နောက်ကလိုက် လာမည်ဖြစ်ကြောင်း သိရသည်။
    Facebook မှ အသုံးပြုသူ လူ ၆ သန်း၏ အချက်အလက်များကို ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့်ဖြန့်ဝေမိကြောင်း တောင်းပန်
    Facebook အသုံးပြုသူ လူ၆သန်းအတွင်းမှ အချို့လူများ၏ တယ်လီဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို မှားယွင်းစွာ ဖြန့်ဝေမိကြောင်း။ ထိုသို့ဖြစ်ရခြင်းမှာ ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့် ဖြစ်သည်ဟု Facebook မှ သောကြာနေ့က ပြောကြားခဲ့သည်။ သို့သော်လည်း ငွေကြေးနှင့် ပတ်သက်သော အချက်အလက်များကိုတော့ ဖြန့်ဝေမိခဲ့ခြင်းမရှိဟု ဆိုသည်။
    Snowden ကိုသူလျှိုမှုတွေနဲ့ တရားစွဲ
    အမေရိကန်အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်တွေကို လူသိရှင်ကြားဖွင့်ချခဲ့သူ Edward Snowden ကို သူလျှိုလုပ်မှုတွေနဲ့ ဗဟိုအစိုးရရှေ့နေတွေက တရားစွဲလိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါ တယ်။ ဟောင်ကောင်မှာရှိနေတဲ့ Snowden ကို ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ ယာယီဖမ်းဝရမ်းနဲ့ ဖမ်းဆီးဖို့အတွက်လည်း အမေရိကန် တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။
    ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ကို ဆန့်ကျင်ကြတဲ့ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက သူပုန်တွေအတွက် နောက် ထပ် ထောက်ပံ့မှုတွေ ပေးမယ်လို့ ဆီးရီးယားမိတ်ဆွေနိုင်ငံများ အစည်းအဝေးမှာ ကတိပြုခဲ့ကြတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
    အိန္ဒိယရေကြီးမှု ၆၀၀ နီးပါးသေဆုံး
    အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မုတ်သုန်မိုး သည်းထန်စွာရွာပြီး ရေကြီးမှုကြောင့် လူ ၆၀၀ နီးပါးသေဆုံးပြီး ပျောက်ဆုံးနေသူ သောင်တင်နေသူ ထောင်ပေါင်းများစွာ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လာမယ့်ရက်တွေမှာလည်း မိုးအကြီးအကျယ် ဆက်ရွာဖို့ရှိတယ်လို့ ဒီကနေ့ စနေနေ့မှာ တာဝန်ရှိသူတွေ က ပြောပါတယ်။
  • လူ့ ဦးနှောက် မှတ်ဥာဏ်များကို ကွန်ပျူတာထဲ မကြာခင် သိမ်းနိုင်တော့မည်ဟု ဂူဂဲလ်ဦးဆောင် အင်ဂျင်နီယာပြော
    ဇွန်-၂၂၊၂၀၁၃
    M-Media
    မကြာခင်တွင် လူများသည် ၄င်းတို့၏ဦးနှောက် မှတ်ဥာဏ်များကို ကွန်ပျူတာထဲ ထည့်သိမ်းလာကြမည်ဟု ဂူဂဲလ်ဦးဆောင် အင်ဂျင်နီယာဆို
    Google.com တွင် “ကျွန်တော် ထာဝရ အသက်ရှင်နိုင်မလား?” ဆိုသော မေးခွန်းကို လူ ၃၇၇ သန်းလောက် က မေးထားကြောင်း။  ထိုမေးခွန်းကို Google ၏ အင်ဂျင်နီယာမှုးအား မေးပါက ပိုမိုတိကျတဲ့အဖြေတစ်ခုတော့ ရရှိမည်ဖြစ်သည်။
    Brain_Illustration
    Google ၏ အင်ဂျင်နီယာမှုး ရေးကာဇ်ဝေလ်(Ray Kurzweil) က ထာဝရ အသက် ရှင်သန်ခြင်းဖြစ်လာရန် နှစ် အနည်းငယ်သာလိုတော့သည် ဟုဆိုသည်။ ဆိုလိုသည်မှာ ဒစ်ဂျစ်တယ် နည်းပညာဖြင့် ထာဝရရှင်သန်ခြင်းဖြစ်သည်။
    ကာဇ်ဝေလ် (အသက် ၆၄ နှစ်) သည် ယမန်နှစ်မှစတင်ကာ Google သို့ဝင်ရောက်ခဲ့ပြီး၊ သတင်းခေါင်းစဉ် အမြောက်အမြားကို အသက်သွင်းခဲ့လေသည်။ နယူးယောက်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်ခဲ့သော ညီလာခံတွင်၊ အင်ဂျင်နီယာမှုးမှ ဇီဝနည်းပညာသည် အလျှင်မြန် ဖြစ်ထွန်းလာပြီ ဖြစ်ကြောင်း၊ ဆယ်စုနှစ် အနည်းငယ်အကြာတွင် လူများ၏ဘ၀များသည် အလွန်ကို ပြောင်းလဲသွားမည် ဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။
    ကာဇ်ဝလ်၏ ပြောကြားချက်အရ လူသားများသည် ကွန်ပျူတာအတွင်းသို့ သူတို့၏ စဉ်းစားဉာဏ် များကို မကြာခင်တွင် ပြောင်းလဲထည့်သွင်းနိုင်မည်ဖြစ်ပြီး၊ အခြားသော တိုးတက်မှုများက တစ်ဖြည်းဖြည်း နောက်ကလိုက် လာမည်ဖြစ်ကြောင်း သိရသည်။
    CNBC မှ ကာဒီသောပ်စောန်(Cadie Thompson) တင်ပြခဲ့သော သတင်းအရ လွန်ခဲ့သော ရက်သတ္တပတ်အကုန်က ကာဇ်ဝလ် မှာ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သော ၂၀၄၅ ခုနှစ်တွင် ကမ္ဘာကြီး၏ အနာဂတ် ညီလာခံ (Global Future 2045 World Congress) တွင် “လွန်ခဲ့သော နှစ် ၁၀၀၀ က လူသက်တန်းမှာ အသက် ၂၀ သာခန့်မှန်းထားခဲ့ကြောင်း၊ နှစ် ၂၀၀ ကြာပြီးနောက်တွင် သက်တမ်းကို နှစ်ဆတိုးလိုက်ကြကြောင်း၊ နောက် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်း ပို၍ပင်တိုးမြှင့်လာမည်ဖြစ်ကြောင်း၊ ခန့်မှန်းခြေအရ နောက် ၁၅ နှစ်အတောအတွင်းဖြစ်နိုင်ကြောင်း၊ ကျွန်တော်တို့သည် သိပ္ပံနည်းပညာ တိုးမြှင့်မှုဖြင့် နောက်ပြန်လှည့်မရသော အချိန်တစ်ခုကို ရောက်လာလိမ့်မည်ဖြစ်ကြောင်း၊ ပေးလိုက်ရသော အချိန်တွေကို အစားပြန်ထိုးနိုင်လိမ့်မည်ဖြစ်ကြောင်း”  ပြောကြားခဲ့သည်။
    “နောက် ၁၀ နှစ် နှင့် အနှစ် ၂၀ အတွင်း ကျန်းမာရေး ၊ ဆေးဝါးတို့ နှင့်ပတ်သက်သော အရေးကြီးသည့် ပြောင်းလဲမှုများဖြစ်လာ မည်” ဟု သူက ပြောသည်။
    ၂၀၀၅ ခုနှစ်တွင်သူရေးသားခဲ့သော “ပြိုင်ဘက်ကင်းမှုသည် နီးကပ်လာပြီ” (The Singularity Is Near) ဆိုသော စာအုပ်တွင် ဟောကိန်းထုတ်ခဲ့သည်မှာ ဇီဝနည်းပညာဆိုင်ရာ တိုးတက်လာမှုကြောင့် နှစ်ဆယ့်တစ်ရာစု အလယ်လောက်တွင် “လူများသည် ဇီဝနည်းလမ်းအရ သော်လည်းကောင်း၊ ဇီဝနည်းလမ်းကို အသုံးမပြုပဲသော်လည်းကောင်း ကိုယ်ပွားများကို ဖန်တီးနိုင်မှာဖြစ်ကြောင်း၊ ထို့အရာကြောင့် လူများသည် “တစ်ချိန်တွင် ဇီဝဗေဒ ခန္ဓာကိုယ်ရှိနေမည်ဖြစ်ပြီး၊ နောက်တစ်ချိန်မှာ ရှိတော့မှာ မဟုတ်ဘူး၊ နောက်တစ်ချိန်မှာ ပြန်ရှိလာပြီး၊ အဲသလိုပဲပြောင်းလဲဖြစ်ပေါ် နေလိမ့်မယ်” ဟု ပြောကြားထားသည်။ သူက ထပ်မံ၍ ပြောကြားခဲ့သည်မှာ “ဆော့ဖ်ဝဲလ်များဖြင့် တည်ဆောက်ထားသော လူများပင်ရှိလာလိမ့်မည်” ၊ သူတို့ ဟာ “အင်တာနက်ပေါ်တွင်သာ ရှင်သန်ကြပြီး၊ လိုအပ်သောအချိန်၊ လိုအပ်သောနေရာတွင် သူတို့၏ ခန္ဓာကိုယ် ကို ပြသနိုင်မည် ဖြစ် သည်။ ခန္ဓာကိုယ်အား Hologram ဟုခေါ်သော သုံးဖတ်မြင် ဓာတ်ပုံ ဖြင့်၎င်း၊ အမှုံလေးများဖြင့် ပြန်လည်ပေါင်းစုဖွဲ့စည်းကာ၎င်း၊ nanobot ဟုခေါ်သော သေးငယ်သော စက်ရုပ် လေးများအမြောက်များဖြင့် စုပေါင်း ဖွဲ့စည်း၍၄င်း ပြန်လည်ဖြစ်တည် လာမည်ဖြစ်သည်။” ဟူ၍ပင်။
    Nanobot (မိမိကိုယ်ကိုလည်း ထိန်းသိမ်းနိုင်၊ မျိုးပွားခြင်းလည်းပြုလုပ်နိုင်သည့် ရိုဘော့စက်ရုပ်) များကိုပြုလုပ်နိုင်ရန်မှာ လိုသေးကြောင်း၊ သို့သော်လည်း သူ၏ စာအုပ်ထုတ်ပြီးချိန်တွင် ကာဇ်ဝလ်တွင် လုပ်ပိုင်ခွင့်အမြောက်အများရရှိခဲ့ကြောင်း သိရသည်။ ကာဇ်ဝလ်ဟာ လွန်ခဲ့သော အပတ်က နယူးယောက်တွင် ပြောကြားခဲ့သည်မှာ လူ၏ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်းခြင်း ပို၍ ပို၍ ကွန်ပျူတာနှင့် ဆက်သွယ်လာမည်ဖြစ်ပြီး၊ အတူတူလုပ်ဆောင်လာမည်ဖြစ်သည်။ ထို ဆက်နွယ်မှု သည် လူများ၏ စဉ်းစားဥာဏ်များကို ပြန်လည်သိမ်းစည်းထားရန်နှင့် လူများ၏ ကျန်းမာရေး ကို ထိန်းသိမ်းရန်ဖြစ်သည်။
    “နှလုံးရောဂါ၊ ကင်ဆာ နှင့် အခြားသော ဦးနှောက်အာရုံကြောနှင့် ပတ်သက်သော ရောဂါများအား ကုသဖို့နည်းလမ်း များ တွေ့နေပြီဖြစ်တယ်၊ ဆော့ဖ်ဝဲကိုပြန်လည် ပရိုဂရမ်ရေးသော သီအိုရီကို အခြေခံ၍ ထို ကုသနည်းများဖြစ်ပေါ် လာခဲ့တာ ဖြစ်တယ်” ဟု ကာဇ်ဝလ် က ညီလာခံတွင် ဆိုသည်။ “ဇီဝနည်းပညာကို ဆော့ဖ်ဝဲလ်တစ်ခု အနေဖြင့်အသုံးပြုနေသော သာဓကအများပြားရှိကြောင်း၊ လွန်ခဲ့သော ၁၀ နှစ်ကျော်ကထက် ယခုလက်ရှိတွင်အသုံးပြုနေသော နည်းပညာများသည် အစ ၁၀၀၀ ကျော်သာနေပြီဖြစ်ကြောင်း၊ ဒီ ၁၀ နှစ် ကုန်ပါက ပိုမို အစ ၁၀၀၀ တိုးပွားမည်ဖြစ်ပြီး၊ နောက် နှစ် ၂၀ တွင် အစ တစ်သန်းလောက် ပိုမိုတိုးတက်လာမည်ဖြစ်တယ်” ဟု ရှင်းပြခဲ့သည်။
    ကာဇ်ဝလ်၏စာအုပ်တွင် ကွန်ပျူတာ၏ လုပ်ဆောင်နှုန်းသည် နှစ်နှစ်တစ်ခါ နှစ်စ တိုးမည်ဟု ပြောကြားထားသော Moore’s Law of Computer ကို ရှင်းပြခဲ့ပြီး။ ၄င်း နှုန်းထားဖြင့်သွားပါက “ကျွန်တော်တို့တွင် ဇီဝနည်းကျဖန်တီးထားခြင်းမဟုတ်သော အရာများသည် ပိုမိုတိုးပွားလာပြီး၊ ၄င်းတို့လွှမ်းမိုးလာကြလိမ့်မည်။ သဘာဝအတိုင်းရှိသော အရာများသည် အရေးပါတော့မည် မဟုတ်ပေ” ဟူသော အချက်ကိုလည်း တွေ့ရှိရသည်။
    “လူဦးနှောက်နှင့် ဆင်တူယိုးမှား ကွန်ပျူတာဦးနှောက်ကို ဖန်တီးရန် ခန့်မှန်းတွက်ဆချက်များ ယခင်က ပြုလုပ်ခဲ့သည်။ ထို တွက်ဆချက်များကိုအခြေခံ၍ ကျွန်တော်တို့၏ ဥာဏ်ပညာအား သန်းပေါင်း တစ်ထောင်လောက် မြှင့်တင်နိုင်မည်ဖြစ်သည်”ဟု Daily Motion မှ ကောဇ်ဝလ်၏ ပြောဆိုချက်အား တင်ပြခဲ့သည်။
    ကောဇ်ဝလ်သည် Google သို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ၀င်ရောက်ခဲ့ပြီး၊ National Medal of Technology and Innovation ဆုကို ၁၉၉၉ ခုနှစ်က ရရှိခဲ့သူဖြစ်သည်။ Text-To-Speech Synthesizer ကိုတည်ထွင်ခဲ့သူလည်းဖြစ်သည်။
    Ref: RT
  • Facebook မှ အသုံးပြုသူ လူ ၆ သန်း၏ အချက်အလက်များကို ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့်ဖြန့်ဝေမိကြောင်း တောင်းပန်
    Facebook မှ အသုံးပြုသူ လူ ၆ သန်း၏ အချက်အလက်များကို ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့်ဖြန့်ဝေမိကြောင်း တောင်းပန်
    ဇွန်လ ၂၂၊ ၂၀၁၃
    M-Media
    online-speculation-has
    Facebook အသုံးပြုသူ လူ၆သန်းအတွင်းမှ အချို့လူများ၏ တယ်လီဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို မှားယွင်းစွာ ဖြန့်ဝေမိကြောင်း။ ထိုသို့ဖြစ်ရခြင်းမှာ ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့် ဖြစ်သည်ဟု Facebook မှ သောကြာနေ့က ပြောကြားခဲ့သည်။
    သို့သော်လည်း ငွေကြေးနှင့် ပတ်သက်သော အချက်အလက်များကိုတော့ ဖြန့်ဝေမိခဲ့ခြင်းမရှိဟု ဆိုသည်။ ၄င်းမှားယွင်းချက်သည် အလွန်ကိုအန္တရာယ်ဖြစ်ပေါ်စေသော မှားယွင်းမှုတစ်ခု မဟုတ်ကြောင်း။ သို့သော်လည်း Facebook မှ ၄င်းချွတ်ယွင်းချက်အတွက် ၀မ်းနည်း ရှက်ရွံမိကြောင်း ပြောကြားခဲ့သည်။
    ထိခိုက်သွားသော သုံးစွဲသူများအား အီးမေးလ်မှတစ်ဆင့် အကြောင်းကြားခဲ့ပြီး၊ ၄င်း အီးမေးလ်တွင် အန္တရာယ်ဖြစ်စေသော အကျိုးသက်ရောက်မှုမှာ အလွန်ကိုနည်းပါးကြောင်း၊ ဘယ်ကြောင့်ဆိုသော အချက်အလက်များ ဖြန့်ဝေမှုသည် သူငယ်ချင်းဖြစ်ပြီးသား အသုံးပြုသူအခြင်းခြင်းကြားတွင်သာ ဖြစ်ကြောင်း ရေးသားထားခဲ့သည်။
    “ကျွန်တော်တို့သည် လူများ၏ကိုယ်ပိုင်အချက်အလက်များအား အလွန်ကိုတန်ဖိုးထားပါတယ်။ ဘယ်လိုနည်းမျိုးနဲ့မဆို အကောင်းဆုံးကြိုးစား၍ ၄င်းအချက်အလက်များကို ကာကွယ်မှာ ဖြစ်တယ်” ဟု Facebook မှ ပြောကြားခဲ့သည်။ “အလွန်ကို ထူးချွန်သည့် ပညာရှင်များပါဝင်ထားသော်လည်း ဘယ်ကုမ္ပဏီမှတော့ ၁၀၀ ရာခိုင်နှုန်း အမှားအယွင်းမရှိဘူးလို့ အာမ မခံနိုင်ပါဘူး” ဟု သူက ထည့်သွင်း ပြောကြားခဲ့သည်။
    ယခုအခြေနေမှာတော့ ၄င်း ချွတ်ယွင်းချက်ကြောင့် သုံးစွဲသူ၏ ဆက်သွယ်ရေး အချက်အလက်များဖြစ်သော အီးမေးလ်လိပ်စာ နှင့် တယ်လီဖုန်းနံပါတ်များအား ထိုသုံးစွဲသူ၏ ဆက်သွယ်ရေးမှတ်တမ်း တစ်ချို့ရှိသူသို့ သုံးစွဲသူနှင့် ပတ်သက်သူ တစ်ဦးဦးစီကိုသာ ဤအချက်အလက်များ ရောက်သွားခြင်းဖြစ်ကြောင်း။
    ထိုမလိုလားအပ်သော ဖြန့်ဝေမှုဖြစ်ပေါ်လာခြင်းမှာ Facebook အသုံးပြုသူသည် သူတို့၏ Facebook account မှတ်တမ်းရှိအရာများကို Download Your Information (DYI) ကို အသုံးပြု၍ ဒေါင်းလုပ် လုပ်လိုက်သောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း။
    “သုံးစွဲသူများသည် သူတို့၏ contact ထဲ သို့မဟုတ် သူတို့နှင့် သိသူများ၏ contact ထဲတွင် အီးမေးလ် လိပ်စာ သို့ ဖုန်းနံပါတ်များ ထပ်မံထည့်သွင်းခဲ့ပါလိမ့်မည်” ဟု လုံခြုံရေး အချက်အလက်များတွင် ရေးသားထားသည်။
    ဆက်လက်၍ အချက်လက်ထဲတွင် “ရှာဖွေတွေ့ရှိချက်အရ ခန့်မှန်းခြေဖြင့် ဆိုရသော် သုံးစွဲသူ လူ ၆ သန်းနီးပါး၏ အီးမေးလ် နှင့် ဖုန်းနံပါတ်များ ပျံ့နှံခဲ့သည်”
    “ကျွန်တော်တို့တွင် ၄င်း ချွတ်ယွင်းချက်ကြောင့် ဖြစ်ပေါ်လာခဲ့သော အန္တရာယ်အဖြစ်ပျက်များ မတွေ့ရှိရကြောင်း၊ ထို့အတူ သုံးစွဲသူများထံမှ တိုင်ကြားချက်များသို့ ထိုမှားယွင်းမှုကို မကျေနပ်သော အပြုမူများ မတွေ့ရှိရကြောင်း”
    “ချွတ်ယွင်းချက်သည် သုံးစွဲသူများ၏ အီးမေးလ်နှင့် ဖုန်းနံပါတ်အား သူတို့နှင့် သူတို့၏ ဆက်သွယ်ရေး အချက်အလက်တစ်ချို့ရှိပြီးသား လူများနှင့် သိရှိပြီးသားဖြစ်သော လူများထံသို့သာ ဖြန့်ဝေမိသဖြင့် အန္တရာယ်ဖြစ်ပေါ်စရာမရှိကြောင်း၊ သို့သော်လည်း ၄င်းအဖြစ်အပျက်အတွက် ကျွန်တော်တို့ လွန်စွာမှ ၀မ်းနည်းပြီး၊ ရှက်ရွံ့ရပါကြောင်း” Facebook တရားဝင် ထုတ်ပြန်ပြောကြားခဲ့သည်။
    – CAN
    http://www.channelnewsasia.com/news/technology/facebook-admits-bug/720510.html
    Facebook admits bug shared 6m users’ contact details
    Phone numbers and email addresses belonging to some 6 million Facebook users have been improperly shared due to a software bug, the social network said Friday.
    SAN FRANCISCO: Phone numbers and email addresses belonging to some 6 million Facebook users have been improperly shared due to a software bug, the social network said Friday.
    But no financial or other information was revealed to others, and there was “no evidence that this bug has been exploited maliciously,” Facebook said in a security note, adding it was “upset and embarrassed” by the glitch.
    Affected users were being notified by email, it said, while stressing that the practical impact was likely to be “minimal,” partly because improper data sharing would only have occurred between users who already had some connection.
    “We take people’s privacy seriously, and we strive to protect people’s information to the very best of our ability,” it said, but added: “Even with a strong team, no company can ensure 100 per cent prevention of bugs.”
    In this case, the bug “may have allowed some of a person’s contact information (email or phone number) to be accessed by people who either had some contact information about that person or some connection to them.”
    The unwarranted sharing would have occurred when a Facebook user went to download an archive of their Facebook account through the social network’s Download Your Information (DYI) tool, it said.
    “They may have been provided with additional email addresses or telephone numbers for their contacts or people with whom they have some connection,” according to the security note.
    It continued: “We’ve concluded that approximately 6 million Facebook users had email addresses or telephone numbers shared.”
    “We currently have no evidence that this bug has been exploited maliciously, and we have not received complaints from users or seen anomalous behavior on the tool or site to suggest wrongdoing.”
    “Although the practical impact of this bug is likely to be minimal since any email address or phone number that was shared was shared with people who already had some of that contact information anyway, or who had some connection to one another, it’s still something we’re upset and embarrassed by.”
    – CNA
    http://www.channelnewsasia.com/news/technology/facebook-admits-bug/720510.html
  • အမျိုးသား ညီညွှတ်ရေး ကွန်ဂရက် ပါတီ ဌာနချုပ်၏ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား
    ဇွန်လ ၂၂၊ ၂၀၁၃
    M-Media
    ဆူးထက်
    ရန်ကုန်။               ။    အမျိုးသားညီညွှတ်ရေး ကွန်ဂရက်ပါတီ  ဌာနချုပ်၏ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဇွန်လ ၂၂-ရက်နေ့၊ နေ့လည် (၁း၃၀)က ဌာနချုပ်တည်ရှိရာ အမှတ် (၂၈/အေ)၊ မအူကုန်းလမ်းကျယ်၊ တာမွေမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    1
    အဆိုပါ ဖွင့်ပွဲတွင် အခမ်းအနားမှူးများအဖြစ် ဦးမြင့်သိန်း( အထွေထွေ အတွင်းရေးမှူးချုပ်)၊  ပသီ ဦးလှမြင့် (တွဲဘက် အတွင်းရေးမှူး )တို့မှ ဆောင်ရွက်ပြီးက သဘာပတိ အဖြစ်ဆောင်ရွက်သော ဥက္ကဌ ဦးမြင့်ဝေနှင့် ဒုဥက္ကဌ ဦးလှဝင်းတို့မှ အမျိုးသား ညီညွှတ်ရေး ကွန်ဂရက် ပါတီ ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
    ယင်းနောက် အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသား ရဲဘော်အာဇာနည်များအား အလေးပြုခဲ့ကြသည်။
    ဆက်လက်၍ အခမ်းအနားတွင် သဘာပတိ ဦးမြင့်ဝေမှ အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဟာ မရှိမဖြစ် အရေးတကြီး လိုအပ်နေပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ဖို့ တိုင်ရင်းသား စည်းလုံးညီညွှတ်ဖို့ဆိုရင် ခေါင်းဆောင်တွေ ညီညွှတ်ရုံတင် မလုံလောက်ဘဲ တိုင်းသူပြည်သား တစ်ရပ်လုံး စည်းလုံးညီညွှတ်ဖို့ လိုပါတယ်။ တိုင်းသူပြည်သား တစ်ရပ်လုံး စည်းလုံးညီညွှတ်ဖို့ဆိုရင် ကျွန်တော်တို့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံသား  ဆွေမျိုးသားချင်း စိတ်ဓာတ် ဆိုတာ ပြည်ထောင်စု အိမ်ကြီးထဲမှာ နေတဲ့ မိသားစုဝင်တွေလို့ သဘောထား ရှိရပါမယ်။ အချင်းချင်း ချစ်ခင်ရမယ်၊ သနားညှာတာရမယ်၊ ရိုင်းပင်းရမယ် ကူညီရမယ်။
    ဒီကနေ့ ကျွန်တော်တို့ပါတီက ရဲရဲကြီး ပြောကြားနိုင်တာကတော့ ကျွန်တော်တို့ ပါတီဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးကို ချောက်ထဲကျအောင် မလုပ်ဘူး။ ဆူပူအကြမ်းဖက်တာကို မလိုလားဘဲ ငြိမ်းချမ်းရေးကိုသာ ကျွန်တော်တို့ ပါတီက လိုလားပါတယ်။ ပါတီအနေနဲ့ ဆောင်ရွက်မယ့် အထဲမှာ ကျွန်တော်တို့ နိုင်ငံမှာ သေနတ်သံတွေ ရပ်စဲ ပြီးတော့ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှုရှိသလို တရားဥပဒေ ရှေ့မှောက်မှာ နိုင်ငံသား အားလုံး တန်းတူအခွင့်အရေး ရရှိဖို့လိုပါတယ်။ သူတော်စင်တွေ၊ ပညာရှိတွေက မိန့်ကြားခဲ့ပါတယ်။ တရားစောင့်တဲ့သူကို တရားက ပြန်စောင့်ရှောက်ပါလိမ့်မယ်တဲ့။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ မေတ္တာတရားသာ လွှမ်းခြုံထားမယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာကြီးဟာ စိတ်ချမ်းသာ၊ ပျော်ရွှင်စွာ၊ နေချင်စရာ နေရာကြီးတစ်ခု ဖြစ်လာမှာ အသေအချာပါ။ ပညာရှင်တွေက မိန့်ကြားထားပါတယ်။ လူတစ်ယောက်ရဲ့ စေတနာကို အကဲဖြတ်မယ် ဆိုရင် အဲဒီ့လူရဲ့ အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်အပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ စေတနာ၊ ပြည်သူလူထု အပေါ်မှာ ထားတဲ့ ကျွန်တော်တို့ရဲ့ စေတနာကို အပြောနဲ့ မဟုတ်၊ အလုပ်နဲ့ သက်သေပြဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား ” ဟုထည့်သွင်းပြောကြားခဲ့သည်။
    12
    တက်ရောက်လာသော ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ” အမျိုးသား ညီညွှတ်ရေး ကွန်ဂရက်ပါတီ အနေနဲ့ ပြည်ထောင်စု၏ အကျိုးကို ဆောင်ရွက်မယ့် ပါတီတစ်ခု အဖြစ် ကျွန်တော်လေးလေးနက်နက် ယုံကြည်ပြီးတော့ အခုလို လာရောက် စကားပြောခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုကြီး အတွက် အကျိုးပြုနိုင်မယ့် ပါတီကြီး တစ်ခုဖြစ်ဖို့ ရောက်ရှိအောင်လည်း ဒီထက် ပိုပြိးတော့ ကြိုးစားပေးဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း တတ်နိုင်သလောက် လက်တွဲ ကူညီပါ့မယ်။ ခုနက သဘာပတိကြီးပြောတဲ့ သဘောထား အားလုံးကိုလည်း အလေးအနက်ထားပြီး မှတ်သားထားပါတယ်။ ဒီအချိန်ဟာ နိုင်ငံကို ပြန်တည်ဆောက်နေတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံရေး အကူးအပြောင်း ကာလဖြစ်တဲ့ အတွက် ထိလွယ်၊ ရှလွယ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ကာလမှ အားလုံးညီညွှတ်ဖို့၊ အားလုံး နားလည်မှု ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံး မှီခိုနေတဲ့ နိုင်ငံအတွက၊ ပြည်ထောင်စုကြီး အတွက်၊ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေ အတွက် တတက်တအား နိုင်ငံတည်ဆောက်ရေးမှာ အားလုံး ၀ိုင်းဝန်း တည်ဆောက်ဖို့ တိုက်တွန်းကြောင်း”  နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။
    ယင်းနောက် ပါတီ၏ ဒုဥက္ကဌ ဦးမောင်မောင်စိုးမှ အမျိုးသား ညီညွှတ်ရေး ကွန်ဂရက် ပါတီ၏ မူဝါဒ သဘောတရားများကို ရှင်းလင်းတင်ပြ ခဲ့ကြောင်း သတင်းရရှိသည်။
    အမျိုးသား ညီညွှတ်ရေး ကွန်ဂရက် ပါတီ၏ မအူကုန်း ကြေညာစာတမ်းကို ရှေ့နေကြီး ဦးထွန်းဝင်းမှ ဖတ်ကြားတင်ပြရာတွင် “နယ်ချဲ့ ခေတ်ဦး၌ သူ့ကျွန်မခံပြီဟု တွန်းလှန်ရာတွင် ဗိုလ်ယာကွပ်ကဲ့သို့သော ပသီခေါင်းဆောင်များ ပါခဲ့သည့် နည်းတူ၊ နယ်ချဲ့ အစိုးရအား ဦးစွာ စိန်ခေါ်ခဲ့သည့် ၁၉၂၀ပြည့်နှစ်၊ ပထမ တက္ကသိုလ် ကျောင်းသား သပိတ်၌ ပသီ အမျိုးသား ကျောင်းသား ခေါင်းဆောင် ကိုဘရှင်(သံတွဲ)မှာလည်း အထင်ကရ  ဖြစ်ပါတယ်။ ထို့တူ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်တွင်လည်း ကိုအောင်ဆန်းနှင့် အတူ ခေါင်းဆောင်ခဲ့သူ ဦးရာရှစ်နှင့် တ၊က၊သ ၏ပထမဆုံး ဥက္ကဌ ဦးထွန်းစိန်တို့မှာလည်း ငါတို့ ပသီများသာ ဖြစ်ပါတယ်။ အလားတူပင် နယ်ချဲ့တော်လှန်ရေးနှင့် ဖက်ဆစ်ဆန့်ကျင်ရေးတို့တွင်လည်း ငါတို့ ပသီများမှာ နောက်ကျန်သည် ဟူ၍ မရှိခဲ့ပါ။ ပသီခေါင်းဆောင် ဦးကျော်ဝင်းမောင်(၀မ်းအိုဝမ်း)၊ ဆရာဦးဘိုးချယ် စသည့် ပုဂ္ဂိုလ်တို့မှာလည်း မြေအောက်တော်လှန်ရေးတွင် ပါဝင်သကဲ့သို့၊ အာဇာနည် ခေါင်းဆောင် ဆရာကြီး ဦးရာဇာတ်နှင့် ဦးဖေခင် (ပင်လုံ) တို့အမှူးပြုသည့် ပုဂ္ဂိုလ်များမှာလည်း ဖ.ဆ.ပ.လ အဖွဲ့ချုပ်နှင့် လက်တွဲ၍ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ကိုတည်ထောင်ကာ လွတ်လပ်ရေး အတွက် အသက်စွန့် ကြိုးပမ်းခြင်းနှင့် ပြည်ထောင်စု အရေးအတွက် မဆုတ်မနစ်ရှိခဲ့ကြသည်မှာ မမေ့နိုင်သည့် သမိုင်းသက်သေ ဖြစ်ပါသည်” ဟု ထည့်သွင်း ဖတ်ကြားခဲ့သည်။
    ပြီးနောက် နိဂုံးချုပ် အမှာစကားကို သဘာပတိ ဦးမြင့်ဝေမှ ပြောကြးပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားသို့ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပဲခူး၊ ဗန်းမော် စသည့် တို့မှ စုစုပေါင်း လူဦးရေ (၁၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
    22
  • ပြည်သူကပေးသော နံပါတ် ၁ မီဒီယာသည် ပရိုအဆင့်များဖြင့် ရပ်တည်ထားခြင်းလော
    M-Media
    ၂၀၁၃ ဇွန်လ ၂၂
    images မြန်မာပြည်၏ ပြည်သူကပေးသော နံပါတ် ၁ မီဒီယာအဖြစ် မိမိတို့ကိုယ်ကို ကင်ပွန်းတပ်ထားသည့် ဦးသန်းထွတ်အောင် ဦးစီးသော အလဲဗင်း မီဒီယာသည် ကမ္ဘာကျော်တိုင်းမ်စ်မဂ္ဂဇင်းပါ When Buddhists Go Bad ဟူသည့် ဆောင်းပါးကို When Buddhist Gone Bad ဟု အမည်ပြောင်းပြီး မြန်မာမှု ပြုခဲ့ပါသည်။
    “သူတို့ရဲ့ ဒီဘာသာပြန်ကိုပဲ ကြည့်ကြည့်ဗျာ။ ခေါင်းစဉ်တောင် မှန်အောင် တပ်နိုင်သေးတာမဟုတ်ဘူး၊ ဒါနဲ့များဗျာ၊ သက်တမ်းရင့် တိုင်းမ်စ်လို မဂ္ဂဇင်းကို စာနယ်ဇင်းကျင့်ဝတ်နဲ့ ကိုင်ပေါက်တယ်ဆိုတာက ဒါမျိုးဖြစ်လာတော့ ရယ်စရာကြီးဖြစ်သွားတာပေါ့။” ဟု စင်္ကာပူအခြေဆိုက်မြန်မာ့အရေး လေ့လာသူ တစ်ဦးက မှတ်ချက်ပြုပါသည်။
    ထိုနည်းသူ တိုင်းမ်စ်မဂ္ဂဇင်းပါ ဦးဝီရသူကိစ္စနှင့်ပတ်သတ်၍ မြန်မာကျောင်းသားတစ်ဦးက – “အကြမ်းဖက်တယ်ဆိုတာက၊ လူကိုယ်တိုင်ပါပြီး လိုက်သတ်နေတာကို ပြောတာမဟုတ်ဘူး၊ အကြမ်းဖက်ကြဖို့ လှုံဆော်တာကလည်း ဒါအကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ပဲလို့ ကျနော်ထင်ပါတယ်။ ဒီဝီရသူကိစ္စမှာ ဗွိုက်စ်ဂျာနယ်က ဦးကျော်မင်းဆွေက သက်သေရှိလို့လားလို့ မေးတယ်၊ ဒါက ချောင်ပိတ်အရိုက်ခံရတဲ့အခြေမှာ ဖြေတဲ့အဖြေလိုမျိုးပေါ့။ သက်သေက မလိုဘူးလေ၊ သူဖေ့စ်ဘွတ်သုံးနေတာပဲ။ သူသိပါတယ်။” ဟု m-media ၏ ဆက်သွယ်မေးမြန်းမှုအား ဖြေကြားခဲ့ပါသည်။
    Times မဂ္ဂဇင်းပါ ဆောင်းပါး www.time.com
    အလဲဗင်း၏ မြန်မာပြန်ဆောင်းပါး www.news-eleven.com 
    အလဲဗင်း၏ ဘာသာပြန်ဆောင်းပါးပါ ခေါင်းစဉ် =>
    11
    ဖြည့်စွက်ချက် ။ အလဲဗင်းဂရုက ခေါင်းစဉ်ကို အမှန်ပြင်ဆင်လိုက်သော်လည်း အက်စ်(s) ပြုတ်ကျန်လျက် ရှိနေပါသေးသည်။
    11_2