News @ M-Media

Blog

  • မန္တလေးတိုင်းအတွင်းမှာ ကောလာဟလကြောင့် ပဋိပက္ခတွေ ဖြစ်နေဆဲ

    မန္တလေးတိုင်းအတွင်းမှာ ကောလာဟလကြောင့် ပဋိပက္ခတွေ ဖြစ်နေဆဲ

    (ကုမုဒြာမှ ကူးယူဖော်ပြပါသည်။ )
    အေးမွန်ရာပြည့်

    မန္တလေး၊ ဇွန် ၂၃ - မန္တလေးတိုင်းဒေသကြီး ထဲ က မြို့တချို့မှာ ကောလာဟလတွေက တစ် ဆင့် ဘာသာရေးပဋိပက္ခတွေ ဖြစ်နေ ရ တယ်လို့ အဆိုပါတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရပါတယ်။

    ယခုနှစ် မတ်လ ၂၀ ရက်နေ့က မိတ္ထီ လာမြို့မှာ ဘာသာရေးပဋိပက္ခဖြစ်ခဲ့ပြီး နောက်ပိုင်း ယခုလ ၅ ရက်နေ့က မန္တလေး မြို့ရဲ့နေရာ အနှံ့အပြားမှာ ပဋိပက္ခတွေ ဖြစ် နေပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့ခဲ့ပါ တယ်။ ယခုလ ၂၁ ရက်နေ့ကလည်း ပြင်ဦး လွင်ခရိုင်
    တကောင်းမြို့နယ်အတွင်းမှာ ဘာသာခြားတွေက အထကကျောင်း တစ်ကျောင်းကို အန္တရာယ်ပြုဖို့ ဝိုင်းထား တယ်ဆိုတဲ့ ကောလာဟလ ထွက်ပေါ်ခဲ့ပါ သေးတယ်။ မြို့ခံအမျိုးသားသုံးဦးရဲ့ ကော လာဟလထုတ်လွှင့်မှုကြောင့် ကျောင်းအ နီး လူ အယောက် ၂၀ ကျော်အထိ များခဲ့ပါ တယ်။ လူအုပ်ဟာ ကျောင်းကိုရောက်သွား တဲ့အခါ နေအိမ်နဲ့ ဈေးဆိုင်တွေကို ဖျက် ဆီးသွားခဲ့ပါတယ်။ ကောလာဟလ စတင် ထုတ်ခဲ့တဲ့ အဆို ပါအမျိုးသားသုံးဦးကို တကောင်းနယ်မြေ ရဲစခန်းက (ပ) ၄၅/ ၂၀ဝ၃၊ ပုဒ်မ ၄၅၂၊ ၄၂၇၊၁၄၇၊ ၅၀၅ တွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။)

    ယခုလ ၂၂ ရက်နေ့ ည ၈း၃၀ နာရီအ ချိန်ကလည်း ချောင်းကြီးနယ်ရဲ့ပွဲဈေးတန်း မှာ အချင်းချင်း ရန်ဖြစ်ပြီး ရိုက်ခံရတာကို ဘာသာခြားတွေက ရိုက်တယ်ဆိုပြီး ကော လာဟလထွက်ခဲ့တာကြောင့် ဆိုင်ခန်း ၁၂ ဆိုင်ရှိတဲ့ ပွဲဈေးတန်းက ဈေးဆိုင် ကိုး ဆိုင် ဖျက်ဆီးခံခဲ့ရပါသေးတယ်။ သပိတ် ကျင်းရဲစခန်းက (ပ) ၂၂၂/၂၀၁၃၊ ပြစ်မှု ပုဒ် မ ၃၂၆၊ ၁၁၄ နဲ့ အမှုဖွင့်အရေးယူထားပါ တယ်။ ချောင်းကြီးနယ်ဘက်မှာ အဲသည် လို ပဋိပကªဖြစ်ခဲ့လို့ နယ်ချင်းနီးတဲ့ ကျည် တောက်ပေါက် ကျေးရွာအုပ်စုက ဘာသာ ခြားတွေရဲ့ ဆိုင်ခန်းနှစ်ခန်းကို ခဲနဲ့ပေါက် ခံခဲ့ရတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးရဲ့ မှတ်တမ်းတွေအရ သိရပါ တယ်။

    မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးဦးစိုးညိမ်းက ¯မန္တလေးတိုင်းထဲ က မြို့တစ်မြို့ချင်းစီအလိုက် သက်ဆိုင်ရာ မြို့ နယ်တွေမှာ ပဋိပက္ခကြိုတင်ကာကွယ် ရေး အဖွဲ့တွေ ဖွဲ့ တယ်၊ အဲဒီအဖွဲ့တွေနဲ့ သက် ဆိုင်ရာ ထွေ/အုပ် (အထွေထွေအုပ် ချုပ် ရေးမှူး)တွေရော ရဲ တွေပါ ကောလာ ဟလ တစ်ခုခုကြားရင် ဝိုင်းထိန်းနေကြရ တယ်˘လို့ ပြောပါတယ်။

    ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမှာ ယခုလို လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးတွေအပေါ်မှာ အခြေခံတဲ့ ပဋိ ပက္ခအခက်အခဲ တွေ မဖြစ်မနေကြုံတွေ့ရ မှာမို့ ပဋိပက္ခတွေ ဖြေရှင်းတဲ့အခါမှာ win- win အခြေအနေမျိုးဖြစ်အောင် ဖြေရှင်းဖို့ လိုတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်း ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ ယခုလ ၂၂ ရက်နေ့က နေ ပြည်တော်မှာ ပြုလုပ်တဲ့ ပဋိပက္ခစီမံခန့်ခွဲ ရေးဆိုင်ရာ အတွေ့အကြုံ မျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲမှာ ပြောပါတယ်။

    Link=>http://goo.gl/tMjUY

  • အမုန်းတရား ရေးသားပြောဆိုမှု ရှောင်ရှားရေး ဆွေးနွေးပွဲ ကျင်းပမည်။

    ဇွန်-၂၆၊ ၂၀၁၃
    M-Media
    KK

    အမေရိကန် သံရုံးမှ စီစဉ်သည့် အမုန်းတရား ရေးသားပြောဆိုမှု ရှောင်ရှားရေး ဆွေးနွေးပွဲ ကျင်းပမည်။

    Hate Speech

    သတင်းမီဒီယာနှင့် ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် လူမျိုးရေး၊ ဘာသာရေး ကိုဦးတည်ပြီး အမုန်းတရားတိုးပွားစေသည့် ရေးသာပြောဆိုမှုတွေကို ရှောင်ရှားနိုင်ဖို့ ဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ ဇူလိုင်လ ၂၈ ရက်နေ့တွင် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်းသိရပါတယ်။

    အဆိုပါဆွေးနွေးပွဲတွင် သမ္မတရဲ့ ပြောရေးဆိုခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၊ AP သတင်းဌာန အကြီးအကဲဟောင်း Richard Winfield နဲ့အတူ အရှင် ဓမ္မပီယ၊ ဦးအေးလွင် ၊ ဒေါက်တာ စောလှိုင်ဘွားနဲ့ ဦးအောင်နိုင်တို့က ဆွေးနွေးကြမယ်လို့ သိရပါတယ်။

    ဒီဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ထိုင်ခုံနေရာများ အကန့်အသတ်ဖြစ် ပြုလုပ်မှာဖြစ်တဲ့အတွက် အောက်ဖော်ပြပါ အီးမေးလ်နှင့် ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ကြိုတင် စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

    Email [email protected] or call 01-536-509 ext. 4374, 4380, 4888

  • သမိုင်းဝင် ပုဂ္ဂိုလ် တို့၏ သမိုင်းဝင်မယ့် စကားများ (ဒေါ်အောင်ဆန်းစုကြည်)

    ဇွန်- ၂၆ ၊ ၂၀၁၃

    M-Media

    Daw Su1

    “ဘာသာတရားကို ကာကွယ်တာ အဓိက ယုံကြည်မှုဖြစ်ပြီး ယုံကြည်မှု ခိုင်မာရင် ဘာနဲ့မှ လုပ်လို့မရဘူး”

    ဒေါ်အောင်ဆန်းစုကြည်
    ၂၅၊၆၊ ၂၀၁၃
    နေပြည်တော်

  • တိုကျိုတရားရုံး Apple ကုမ္ပဏီမှ Samsung စွပ်စွဲမှုအားပယ်ချ၊ Samsung ကုမ္ပဏီအနိုင်ရ

    ဇွန် ၂၆ ၂၀၁၃
    M-Media

    appleတိုကျို။        ။ ကမ္ဘာ့မိုဘိုင်းဖုန်း လောကတွင် နာမည် အကြီးဆုံးဖြစ်ပြီး ဈေးကွက်တွင် အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိသော Apple  နှင့် Samsung  တို့၏ အမှု အပေါ် ဂျပန်နိုင်ငံ တိုကျိုတရားရုံးက Apple ကုမ္ပဏီ ၏ စွပ်စွဲချက်များကို ပယ်ချကာ Samsung ကုမ္ပဏီ  က အမှု ကို အနိုင်ရရှိသွားသည်။

    Samsung ကုမ္ပဏီထုတ်smartphones များ နှင့် tablet များအတွက် သီချင်း နှင့် ဗွီဒီယို များ ကို sever များနှင့် ဆက်သွယ်၍ Synchronization လုပ်ရာတွင် ၄င်း၏ နည်းပညာကို ယူသုံးပါသည် ဟု Apple ကုမ္ပဏီ က ဂျပန်ငွေ ယန်း  သန်း(၁၀၀) ကုန်ကျခံကာ တရား စွဲခဲ့ပြီး ၊ တိုကျိုတရားရုံးမှ  (၂၀၁၂) ခုနှစ် သြဂုတ်လမှ စ၍ ဤအမှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

    တရားရုံးတော်က Samsung ၏ Kies update software သည် galay mobile များနှင့် tablet များ အား ကွန်ပျူတာနှင့် ချိတ်ဆက် Synchronize လုပ်ရာတွင် သုံးသော software ဖြစ်သည်။  Kies software တွင် Apple  က စွပ်စွဲသကဲ့သို့ မဟုတ်ဘဲ  Synchronize လုပ်ရာတွင် file များ၏ အမည်များနှင့် အရွယ်အစား တို့ ကို လွယ်ကူရှင်းလင်းစေရန် တီထွင်ထား ခြင်းဖြစ်သည်ဟု တရားရုံးက ဆိုသည်။

    ထိုကုမ္ပဏီ နှစ်ခု၏ နည်းပညာ အားပြိုင်မှုများ သည် ဂျပန်နိုင်ငံအပါအ၀င် ကမ္ဘာ့အနှံ့ တရားရုံးများတွင် ပျံ့နှံ့လျက်ရှိပြီး ၊ လွန်ခဲ့သောနှစ် April လတွင် Apple က ၄င်း၏ အမှု တွဲအား အမေရိကန် တရားရုံးများသို့တင်ကာ Samsung အား တရားစွဲခဲ့သည်။

    တရားဝင်  တရားစွဲချက်များသည်  ဂျာမနီ ၊ ပြင်သစ်နှင့် သြစတေးလျ အပါအ၀င် အနည်းဆုံး နိုင်ငံ (၉) ခု တွင်ဖြစ်ပွားလျက်ရှိသည်။

    သို့သော်  ၄င်းကုမ္ပဏီနှစ်ခုအတွက် သေချာသော အဖြေတစ်ခု မရရှိသေးပေ။

    ပြီးခဲ့သော သောကြာနေ့က တိုကျိုတရားရုံး၏ ထိုအမှု ကြေငြာချက်အပြီးတွင်လည်း Apple က မိုးဘိုင်းဖုန်း များ နှင့်  tablet များတွင် email နှင့် စာရွက်စာတမ်းများ ပျောက်ဆုံးသွားပါက ပြန်လည်ရယူနိုင်သော ၄င်း၏နည်းပညာ (bounce-back) ကို Samsung က တုပယူသုံး ထားသည်ဟု အမှု တစ်ခုထပ်မံတရားစွဲလိုက်ပြန်သည်။            ။

    Ref: The Wall Street Journal