News @ M-Media

Blog

  • ပုသိမ်မြို့ အစ္စလာမ့်လူမှုကူညီ စောင့်ရှောက်ရေးအသင်းမှ သံဃာ့ဆေးရုံတွင်လှူဒါန်း

    ဇွန် ၁၈၊ ၂၀၁၃
    M-Media
    နေပိုင်

    ပုသိမ်မြို့ ။ ။ ပုသိမ်မြို့ အစ္စလာမ့်လူမှုကူညီ စောင့်ရှောက်ရေးအသင်းမှ သံဃာ့ဆေးရုံတွင်တက်ရောက် ဆေးကုသနေသော သံဃာများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး ဆေးဝါးပဒေသာပင်အား ငွေကျပ် ၁၀၀၀၀၀ ထည့်ဝင် လှူဒါန်းမှုကို ဒီကနေ့မှာ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    1014274_537511489638867_722982911_n
    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အစ္စလာမ့်လူမှုကူညီ စောင့်ရှောက်ရေး အသင်းမှအသင်းသူ အသင်းသားများမှ ပုသိမ်မြို့ သံဃာ့ဆေးရုံ၌ တက်ရောက် ဆေးကုသနေသော သံဃာငါးပါးအား လှုဖွယ်ပစ္စည်းများ ဆပ်ကပ် လှုဒါန်းခဲ့ပြီး၊ ဆေးရုံ၌ ဖွင့်လှစ်ထားရှိသော ဆရာတော်ဦးကောဝိဒ ပဒေသာပင် စိုက် လှုဒါန်းထားသော ဆေးရုံတက် သံဃာများအတွက် ဆေးဝါးပဒေသာပင်အား ငွေကျပ် ၁၀၀၀၀၀ တစ်သိန်းကျပ်တိတိထည့်ဝင် လှုဒါန်းခဲ့ကြပါသည်။ အစ္စလာမ့်လူမှုကူညီရေး အသင်းသည် ပုသိမ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ရွှေညဝါဆရာတော်ကြီး၏ ငြိမ်းချမ်းရေး တရားပွဲ၌လည်း အလှုငွေများ ထည့်ဝင်လှုဒါန်းခဲ့ပြီး ယခုလှုဒါန်းမှုမှာ ဒုတိယ အကြိမ် လှုဒါန်းမှုဖြစ်ကြောင်းသိရှိရပါသည်။

    ဆက်လက်၍ လှုဒါန်းမှုအဖြစ် ကလေးငယ်များ ပညာရေးအတွက် တစ်တပ်တအား ပါဝင် လှုဒါန်းမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

    More Photo

  • မွတ်စလင်များအား အကြမ်းဖက်ရန် ဦးဝီရသူ ရဲ့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်း က စီမံကိန်း

    မွတ်စလင်များအား အကြမ်းဖက်ရန် ဦးဝီရသူ ရဲ့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်း က စီမံကိန်း

    M-Media

    လွန်ခဲ့သည့် ၁၀ နှစ်ခန့် ၊၂၀၀၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့၊ မန္တလေးမြို့ သာသနာ ၂၅၀၀ အထိမ်းအမှတ်၊ ၄၅ တာ ဓမ္မာရုံမှာ ဟောကြားခဲ့သည့် တရားပွဲတွင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရေး တရားဟု ခေါင်းစဉ်တပ်ထားသော်လည်း တောင်မြင့်တွင် တရားမဝင်ကားခိုးမှု တခုဖြစ်ပွားခဲ့မှုကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်များကို အကြမ်းဖက်လုပ်ဆောင်ရန် စီမံကိန်းချထားကြောင်း၊ မြေပုံနှင့်တကွ သေချာစီမံထားကြောင်း၊ မိမိက စပြီး အမိန့်ပေးလိုက်သည်နှင့် ဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် တရားပွဲတက်ရောက်လာသည့် ရဟန်းသံဃာများကို လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။

    Connection မကောင်းသဖြင့် ကြည့်ရှု့ရန် အခက်အခဲရှိသော M-Media ပရိတ်သတ်များ အောက်ပါလင်ခ်တွင် Download ယူနိုင်ပါသည်။
    https://www.dropbox.com/s/whikw3saw7ogj4f/2003%20sep%20by%20wirathu.mp4

  • မန်ဒဲလား ကျန်းမာရေးအတွက် တောင်အာဖရိက မွတ်စလင်မ်များ ဆုတောင်း

    ဇွန်-၁၆၊၂၀၁၃
    M-Media

    ကိုင်ရို။           ။ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ သည် တောင်အာဖရိက အထင်ကရ ခေါင်းဆောင်ဖြစ်ပြီး အဆုတ်ရောဂါဖြင့် ဆေးရုံတင် ထားရသူ လူဖြူ-လူမည်းဆန့်ကျင်ရေးခေါင်းဆောင် မန်ဒဲလားအတွက် ဆုတောင်းလျက်ရှိကြသည်။

    Mandela

    “မန်ဒဲလားဆိုတာ တိုင်းပြည်အတွက် တကယ့်ကို အရည်အချင်းရှိတဲ့ ခေါင်းဆောင်အနေနဲ့ရော ရိုးသားမှုနဲ့ သမာသမတ်ကျမှုများအတွက်ပါ ကျွန်တော်တို့က ချီးကျူးဂုဏ်ပြု လျက်ပါ၊ ကျွန်တော်တို့ တောင်အာဖရိကနိုင်ငံ နဲ့ တောင် အာဖရိကမှာရှိတဲ့ မွတ်စလင်များအားလုံးရော ကမ္ဘာ့လူသားအားလုံးပါ သူ့ရဲ့ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံကြိုးပမ်းမှုတွေအတွက် သူနေကောင်းဖို့ ဆုတောင်းနေပါတယ် ” ဟု မြောက်အမေရိက အစ္စလာမ်လူ့အဖွဲ့အစည်းက OnIslam သို့ပြောကြားခဲ့ပါသည်။

    လွန်ခဲ့သော တစ်ပတ်ခန့်က ဆေးရုံတက်ခဲ့ရသူ မန်ဒဲလာ သည် စိုးရိမ်ဖွယ်ရာအခြေအနေမှ အနည်းငယ်သက်သာလာပြီဖြစ်ကြောင်း တောင်အာဖရိက အာဏာပိုင်များက ကြေငြာခဲ့ပါသည်။

    “သူနေကောင်းတာဟာ တကယ်ကိုဝမ်းမြောက်ဖွယ်ပါပဲ” ဟု ယခုတောင်အာဖရိက လက်ရှိသမ္မတ Jacob Zuma က ပြောခဲ့ပါသည်။

    မျိုးရိုးနာမည် အရ မန်ဒီဘာ ဟု လူသိများသော မန်ဒဲလားသည် လူဖြူ -လူမည်းခွဲခြားဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် Cape town မြို့အနီး Robben ကျွန်းမှာ ထောင်ကျခဲ့စဉ်က လေပြင်းဒဏ်တွေ ခံရမှုကြောင့် ဒီအဆုတ်ရောဂါရခဲ့တာပါ။ ထောင် (၂၇) နှစ်ကျခဲ့သော မန်ဒဲလာသည် (၁၉၉၄) ခုနှစ်တွင် တောင်အာဖရိကရဲ့ ပထမဆုံးလူမည်း သမ္မတ ဖြစ်လာခဲ့ပါသည်။

    ယခု အသက်(၉၄) နှစ်ရှိပြီဖြစ်သော မန်ဒဲလား သည် လူမျိုးရေးခွဲခြားမှု အား နှိမ်နင်းဆောင်ရွက်နိုင်ခဲ့မှု နှင့် တိုင်းပြည်တွင်း လူမည်းများကို အဆင့်အတန်းခွဲခြားသော ခေတ်အား တစ်ခေတ်ပြောင်းစေပြီး ငြိမ်းချမ်းစေမှုတို့ကြောင့် နိုဘယ်လ်ဆုလည်း ရရှိဆွတ်ခူးခဲ့သူလည်းဖြစ်သည်။

    “သူနေမကောင်းတာဟာ ကျွန်တော်တို့အားလုံး နေမကောင်းဖြစ်နေတာပါပဲ၊ သူမသက်မသာ ခံစားနေရတယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ တောင်အာဖရိက နိုင်ငံကြီး တစ်ခုလုံး မသက်မသာဖြစ်နေတာပါ၊ ကျွန်တော်တို့ဟာ သူနေကောင်းဖို့ သက်သာဖို့ အတွက် ဖန်ဆင်းရှင်ဆီမှာ တောင်းဆုပြုလျက်ပါ” ဟု တောင်အာဖရိက မွတ်စလင်တရား ဥပဒေရေးရာကောင်စီမှ Sheikh Ebrahim Gabriels က ပြောကြားခဲ့ပါသည်။

    ထိုကောင်စီ ဥက္ကဌ ဖြစ်သူ Maulana Igsaan Hendricks က “မန်ဒဲလာဟာ တိုင်းပြည်မှာ လူသားအချင်းချင်း မျှတစွာ ဆက်ဆံခံရဖို့နဲ့ တိုင်းပြည်လွတ်မြောက်ရေး အတွက်ကို စွန့်လွှတ်ကြိုးပမ်းခဲ့တယ်ဆိုတာ မွတ်စလင် လူ့အဖွဲ့အစည်းက အမြဲ အမှတ်တရရှိနေပါတယ်။ လူမည်းတွေကို ခွဲခြား ဆက်ဆံနေစဉ်တုန်းကဆို မွတ်စလင်တွေများရဲ့ ဒီဆန့်ကျင်ရေးအတွက်ပါဝင်ကြိုးပမ်းမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း သူဟာ ဒီဗလီအတွင်း လာရောက် ပြောကြားခဲ့သူလည်းဖြစ်ပါတယ် ” လို့ ဆိုပါသည်။

    တောင်အာဖရိနိုင်ငံတွင် နိုင်ငံလူဦးရေ (၅၃) သန်းအနက် မွတ်စလင် လူဦးရေ သည် (၁.၅) ရာခိုင်နှုန်းသာရှိသည်။

     

     

  • ဇွန် ၁၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်-၁၇၊၂၀၁၃
    M-Media

    ရုရှသမ္မတ ပူတင် စိန်လက်စွပ် ခိုးယူဟု စွပ်စွဲခံရ
    New England Patriots  ဘောလုံးအသင်း  ပိုင်ရှင်  Robert Kraft ၏ စိန် ၁၂၄လုံးပါသော လက်စွပ်ကို ၂၀၀၅ ခုနှစ်က ခိုးယူသွားခဲ့ စွပ်စွဲထားသော်လည်း သမ္မတ ပူတင်ကမူ Robert Kraf ကသူ့အား လက်ဆောင် ပေးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

    နိုင်းလ် ရေကာတာကိစ္စ ဆွေးနွေး
    အီသီယိုးပီးယားပိုင်နက်အတွင်းရှိ နိုင်းလ်မြစ်ပေါ်တွင် တည်ဆောင်မည့် ရေကာတာ ကြောင်း တင်းမာမှုများ ပြေလည်စေရေး အီသီယိုးပီးယား နှင့် အီဂျစ် နိုင်ငံများ ဆွေးနွေးမည်။

    တရုတ်နိုင်ငံ ၏ ကမ္ဘာ့အမြန်ဆုံး ဆူပါ ကွန်ပြူတာ
    Tianhe-2 သည် အမေရိကန်၏ Titanကို ကျော်ဖြတ်၍ ကမ္ဘာ့ အမြန်ဆုံး ကွန်ပြူတာ အဖြစ် လာသည်။ Tianhe-2 သည်  တစ်စက္ကန်လျင် 17.59 petaflops တွက်ချက်နိုင်စွမ်း ရှိသည်။

    တရုတ်ကျောင်းသား တစ်ဦးကို ကျောင်းတက်ခွင့်ဆက်မပေးရန် တရုတ်နိုင်ငံမှ   ဖိအားပေးခဲ့
    နေအိမ် အကျယ်ချုပ်ဘဝမှ အမေရိကန်သို့ ထွက်ပြေးခိုလှုံလာသော ကျောင်းသား Chen Guangcheng အား နယူးယောက်တက္ကသိုလ်က ဆက်လက် ကျောင်းတက်ခွင့် မပေးရန် တရုတ်အစိုးရက ဖိအားပေးခဲ့သည်ဟု ဆိုသည်။

    ဆမ်ဆောင်းကုမ္ပဏီသည် solid-state drives အသစ် ထုတ်လုပ်
    လက်ရှိ SATA နည်းပညာထက် နှစ်ဆခွဲ ပိုမို မြန်ဆန်သော PCI-Express နည်းပညာသုံး solid-state drives ကို ပါးလွှာသော လက်ပ်တော့ပ်များ အတွက် မြောက်အများ ထုတ်လုပ်နေသည်ဟုဆိုသည်။

    ရွေးကောက်ပွဲပြီးနောက် အမေရိကန်နှင့်အီရန် တိုက်ရိုက်ဆက်ဆံရေး ထူထောင်မည်
    အစွန်းမရောက်အလယ်အလတ်ဝါဒီပညာရှင် ဟတ်စာန် ရူဟာနီ Hassan Rowhani  အား နိုင်ငံ့သမ္မတသစ်အဖြစ် ကြေငြာပြီးလျှင် အီရန်နိုင်ငံ၏အငြင်းပွားဖွယ် နျူကလိယအစီအမံများနှင့်စပ်လျဉ်း၍ တိုက်ရိုက်ဆွေးနွေးဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း စနေနေ့တွင် အမေရိကန်မှ ပြောကြားသည်

    လူထုရေးရာ နှင့် စီးပွားရေးလုပ်ငန်း၌ အသုံးပြုအချက်အလက်များကို စင်္ကာပူအစိုးရမှ ထုတ်ပြန်မည်
    ပြည်တွင်းလုပ်သားဈေးကွက်နှင့် ပတ်သက်သော အချက်အလက်များဖြင့် အလုပ်ရှင်များအားပံ့ပိုးနိုင်ရန်အတွက် လူ့စွမ်းအားဝန်ကြီးဌာနမှ ၀က်ဘ်ဆိုဒ် အသစ်တစ်ခုကို လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

  • မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး-အဖြေ ရုပ်သံ အစအဆုံး

    မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး-အဖြေ ရုပ်သံ အစအဆုံး

    ဇွန်-၁၇ ၊၂၀၁၃

    M-Media

    ညီညွှတ်ရေးမှ ငြိမ်းချမ်းရေးဆီသို့ ကွန်ရက်ပေါင်းစု (Unity For Peace Networks) မှ စီစဉ် ကျင်းပသော အစ္စလာမ်ဘာသာနှင့် မွတ်စ်လင်မ်များ အပေါ် အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ရုပ်သံ မှတ်တမ်းအစအဆုံး ကြည့်ရှုနိုင်ပါပြီ။

    အပိုင်း-၁

    အပိုင်း-၂

    အပိုင်း-၃

    အပိုင်း-၎

    Connection မကောင်းတဲ့ M-Media စာဖတ်ပရိတ်သတ်များ အောက်ပါ လင်ခ်များမှဒေါင်းလုပ် လုပ်ပြီးကြည့်ရှုနိုင်ပါသည်။

    အပိုင်း(၁) Size 88 MB
    https://www.dropbox.com/s/in7upg2ll2s1m2n/Unity%20for%20Peace%20Networks%27%20Press%20Conference%20on%20Misconceptions%20about%20Islam%20and%20Myanmar%20Muslims%20Part%201.mp4

    အပိုင်း(၂) Size 95 MB
    https://www.dropbox.com/s/8p4kg4c1o2n5uut/Unity%20for%20Peace%20Networks%27%20Press%20Conference%20on%20Misconceptions%20about%20Islam%20and%20Myanmar%20Muslims%20Part%202.mp4

    အပိုင်း(၃) Size 99 MB
    https://www.dropbox.com/s/wlhw4sroqgmqnze/Unity%20for%20Peace%20Networks%27%20Press%20Conference%20on%20Misconceptions%20about%20Islam%20and%20Myanmar%20Muslims%20Part%203.mp4

    အပိုင်း(၄) Size 98 MB
    https://www.dropbox.com/s/4or9g4tjaamrn7w/Unity%20for%20Peace%20Networks%27%20Press%20Conference%20on%20Misconceptions%20about%20Islam%20and%20Myanmar%20Muslims%20Part%204.mp4