ဇွန်- ၁၄၊ ၂၀၁၃
Straitstimes
ဘာသာရေးကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ပြီးမှ ကျင်းပခဲ့သည့် သံဃာညီလာခံတွင် ထေကြီးဝါကြီးများက ငြိမ်းချမ်းရေး အတွက် တောင်းဆိုခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်း တစ်ရပ်က ဆိုသည်။ သို့သော် ယင်းညီလာခံမှ ထုတ်ပြန်ချက်တွင်မူ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများအတွက် မည်သို့သော ရှုံ့ချမှု တစ်စုံတစ်ရာမျှ ပါဝင်ခြင်း မရှိကြောင်း စင်ကာပူနိုင်ငံအခြေဆိုက် straitstimes သတင်းစာမှ ထောက်ပြထားသည်။

ထိုညီလာခံကို ဗုဒ္ဓဘာသာဘုန်းကြီးပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း၊ ၄င်းတို့က မိမိတို့ဘာသာကို မီဒီယာများ အရောင်ဆိုးကြသည်ဟု စွပ်စွဲကြကြောင်း straitstimes ကဆိုသည်။ ဗုဒ္ဓဘာသာဝင်များနှင့် သာသနာ့ခေါင်းဆောင်များက ပြဿနာ မရှိဘဲ ငြိမ်းငြိမ်း ချမ်းချမ်းနေလိုသူများ ဖြစ်သည်ဟု ဓမ္မဒူတ ဦးဆေကိန္ဒက ညီလာခံထုတ်ပြန်ချက်ဖတ်ကြားရာ၌ ထည့်သွင်းဖတ်ကြားခဲ့သည်။
ထို့ပြင် ၄င်းသံဃာများက ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံးဘာသာတစ်ရပ်ဖြစ်သည်ဟုလည်း ဆိုခဲ့ကြကြောင်း straitstimes က ဖော်ပြထားပါသည်။
ပြည်တွင်းအခြေဆိုက် သုတေသီများနှင့်၊ ခေတ်ပညာတတ်အသိုင်းအ၀ိုင်းကမူ ၄င်းတို့၏ ဘာသာသာသနာကာကွယ်ရေးအကြောင်းပြ ဥပဒေမူကြမ်းမှာ ဗုဒ္ဓတရားတော်များနှင့်သာမက လူ့အခွင့်အရေးကြေငြာစာတမ်းနှင့်ပါ ဆန့်ကျင်နေကြောင်း၊ ဗုဒ္ဓဘာသာဝင်များကိုသာ ကာကွယ်ရမည်မဟုတ်ဘဲ နိုင်ငံသားတိုင်းကို ကာကွယ်ရမည်မှာ နိုင်ငံတော်အစိုးရတိုင်း၏ တာဝန်ဖြစ်ကြောင်း ဝေဖန်လျက်ရှိသည်။
Ref: http://www.straitstimes.com/breaking-news/se-asia/story/myanmar-monks-urge-peace-after-religious-bloodshed-20130614