News @ M-Media
Blog
  • သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲ၌ PCN ကြေညာချက်ထုတ်ပြန်
    ဇွန်- ၁၄၊ ၂၀၁၃
    M-Media
    ဆူးထက်
    သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ်ကို ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် Peace Cultivation Network (PCN) မှ ယနေ့ နေ့လည် ၃ နာရီမှ စတင်ပြီး ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
    letter head
    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် Peace Cultivation Network (PCN)
    သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲ၌ ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်၏ ထုတ်ပြန် ကြေညာချက်။
    ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမ။
    ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၄ ရက် သောကြာနေ့။
    မြန်မာနိုင်ငံတွင် အမျိုး၊ ဘာသာ၊ သာသနာဟုဆိုရာတွင် လူမျိုးပေါင်းစုံ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ပေါင်းစုံနှင့် သာသနာဟူသည့် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟန္ဒိုဘာသာနှင့် နတ်ကိုးကွယ်မှုတို့ ပါဝင်ပါသည်။ မြန်မာတို့၏ မေတ္တာတရားနှင့် ပျူငှာမှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်တင့်လျှက်ရှိနေပါသည်။ မြန်မာ့သမိုင်းတစ်လျှောက်၌ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပြီး လွတ်လပ်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၌ ပူးပေါင်း ဆောင်ရွက် လာခဲ့ကြပါသည်။ သို့သော် ပင်လုံ စာချုပ်ကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်းနှင့် နိုင်ငံတော် ဘာသာကိစ္စတို့ကြောင့် ပြည်ထောင်စု သားများအတွင်း သံသယပွားကာ နှစ် ၆၀ ကြာ ပြည်တွင်းစစ် ကြုံတွေ့ခဲ့ရသည်။ နှစ် ၅၀ မျှ ဒီမိုကရေစီ အမှောင်ကျပြီး မြန်မာနိုင်ငံမှာ LDC ခေါ် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ရသည်။ ယခုအခါ မြန်မာလူငယ် ၇၀ ရာခိုင်နှုန်းခန့်မှာလည်း အလုပ်လက်မဲ့ဘဝ ဆိုက်ရောက်နေပြီး ပြည်သူတို့မှာလည်း လူ့အဖွဲ့အစည်း အခြေခံလိုအပ်ချက် ဖြစ်သော ရေ၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်မှု၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု အားနည်းခြင်းဒဏ်ကို ခံစားနေကြရပါသည်။
    ထိုမျှသာမက တိုင်းပြည်အပေါ် သစ္စာရှိခဲ့သော မြန်မာ မွတ်စ်လင်မ် လူနည်းစုမှာလည်း အမုန်းတရား ဝါဒဖြန့်ချီမှု (Hate Campaign) နှင့် အကြမ်းဖက်မှုဒဏ်ကို အလူးအလှိမ့် ခံစားခဲ့ကြရပါသည်။ ယင်း၏ အကျိုးဆက်အဖြစ် တိုင်းပြည်နှင့် လူမျိုးဂုဏ်၊ ဗုဒ္ဓသာသနာတော်၏ ပုံရိပ်တို့မှာ ကမ္ဘာ့အလယ်၌ ထိပါးခဲ့ပြီး အကြမ်းဖက်မှု မခံရသေးသော လူနည်းစုများ၌လည်း မလုံခြုံမှုနှင့် သံသယများ ဖြစ်ပေါ်နေ ပါသည်။ ပြည်တွင်း မတည်ငြိမ်မှု များကြောင့် ပြည်ပရင်းနှီးမြုပ်နှံမှု များလည်း နှောင့်နှေးသဖြင့် ပြည်တွင်း အလုပ်လက်မဲ့များ၏ အနာဂတ် ပျောက်ဆုံးနေပါသည်။ ပြည်တွင်း၌ အကြမ်းဖက်မှုများကို မထိန်းသိမ်းနိုင်မှုကြောင့် အာရှဒေသ မတည်ငြိမ်မှုအဖြစ် ကူးစက်ကာ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား တို့၏ဘဝနှင့် အနာဂတ်ကိုပါ ဖျက်ဆီးလျက် ရှိနေပြန်သည်။
    သို့ပါသောကြောင့် သံသယများပြေလျော့၍ ယုံကြည်မှု တည်ဆောက်နိုင်ကြရန်၊ အမှားများ အတွင်းမှ သင်ယူ၍ အဖြေရှာကြရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းမှု လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းမှု တည်ဆောက်ရေး သွန်ရက် (PCN) မှ အောက်ပါအတိုင်း ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါသည်။
    ၁။ မြန်မာနိုင်ငံတွင် “၇၈၆” ဟူသောသင်္ကေတသည် သစ္စာတရားနှင့် တရားမျှတမှုကို စောင့်ထိန်းရန်၊ လူမျိုးမရွေး မေတ္တာကရုနာထားရန်၊ မှန်သောအယူ၊ မှန်သောအကျင့်ရှိသူများကိုသာ အထူးဂါရဝနှင့် ကရုဏာထားရန် ကိုသာ ရည်ညွှန်းပြီး ၂၁ ရာစတွင် မြန်မာနိုင်ငံကို သိမ်းရန်၊ ဘာသာတူ အချင်းချင်းကိုသာ အားပေး၍ ဘာသာခြားတို့ကို ခွဲခြားဆက်ဆံရန် လုံးဝ (လုံးဝ) မဟုတ်ကြောင်း ယခုတက်ရောက်လာသော မီဒီယာများနှင့် ရဟန်းရှင်လူ ပြည်သူလူထုရှေ့၌ မြန်မာမွတ်စ်လင်မ်များ ကိုယ်စား တရားဝင် ကြေညာလိုက်သည်။ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်း လုလင်) ရေးသားပြုစုပြီး ဤ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက်က ဖြန့်ချီသော “အစ္စလာမ်နှင့် မြန်မာမွတ်စ်လင်မ်တို့အပေါ် အထင်အမြင်လွှဲမှားမှု များကို ရှင်းလင်းချက် စာတမ်းအကျဉ်း” ၌ အသေးစိတ် လေ့လာနိုင်ပါသည်။ သိုပါသောကြောင့် “၇၈၆” ဟူသော သင်္ကေတအပေါ် အထင်အမြင်လွဲမှားကာ မွတ်စ်လင်မ် ဆန့်ကျင်ရေး ပြုနေသူများအား မိမိတို့၏ သံသယများဖြေဖျောက်ပြီး ကျွန်ုပ်တို့နှင့် အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပူးပေါင်းဆောင် ရွက်ရန် ဖိတ်ခေါ်လိုက်ပါသည်။
    ၂။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အမှန်တရားဝါဒဖြန့်မှု မှန်သမျှကို ထိရောက်စွာ ဟန့်တားအရေးယူပေးရန်၊ အကြမ်းဖက်မှု ဖြစ်လာပါကလည်း လုံခြုံရေးတာဝန်ရှိသူများက လိုအပ်သလို “ပစ်မိန့်” ပေးပြီး အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများကို ကာကွယ်ပေးရန်၊ အကြမ်းဖက်မှု ဖြစ်ပြီးသွား ပါကလည်း၊ တရားခံများကို ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးရန်၊ အကြမ်းဖက် ခံရသူတို့၏ ခုခံပိုင်ခွင့်ကိုလည်း ဥပဒေအရ အကျိုးခံစားခွင့်ပေးရန် တောင်းဆိုပါသည်။
    ၃။ လွှတ်တော်များအနေဖြင့်လည်း လူမျိုးတစ်မျိုး ဘာသာတစ်ခုတည်းအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့၏ ပိုင်ခွင့်များ၊ လုံခြုံရေးနှင့် အကျိုးစီးပွားကို အာမခံချက်ပေးရန်၊ အထူးသဖြင့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (၂၀၀၈)၏ ပုဒ်မ ၃၆၄ အရ ဘာသာရေးကို နိုင်ငံရေးအတွက် အလွှဲသုံးစားပြုကာ လူမျိုးရေး၊ ဘာသာရေး ဖန်တီးမှုများ ပေါ်ပေါက်စေခြင်းကို အရေးယူနိုင်ရန် ဥပဒေတစ်ရပ်ကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အမြန်ဆုံ ရေးဆွဲပြဋ္ဌာန်းပေးရန် တောင်းဆိုပါသည်။
    ၄။ ပြည်သူကို ပြည်သူက ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ ဖြစ်သော ပဋိပက္ခ တားဆီးရေးနှင့် ငြိမ်းချမ်းရေးကော်မတီများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားများကို နိုင်ငံတော်ပိုင် မီဒီယာများဖြစ်ကြသော စာနယ်ဇင်းနှင့် တွီဗွီအစီအစဉ်များ၌ အခါအားလျှော်စွာ ပြသပေးခြင်းဖြင့် ပြည်သူများအကြား သံသယများ ပြေလျော့လာစေရန် စီမံဆောင်ရွက်ပေးပါရန် တိုက်တွန်းပါသည်။
    ၅။ လူအများစုဖြစ်ကြသော ဗုဒ္ဓဘာသာဝင် မြန်မာညီနောင်များအားလည်း မိမိတို့၏ တိုင်းပြည်၊ လူမျိုး၊ သာသနာ ချစ်စိတ်ကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း ခံရမည့် ကိုယ်ကျိုးရှာ သမားများ၏ ထောင်ချောက်များကို သတိပြု ဆင်ခြင်ကြရန်နှင့် တိုင်ပြည်၊ လူမျိုး၊ သာသနာ့ဂုဏ်ကို ထိပါးစေသည့် အကြမ်းဖက်မှုများ၌ ပါဝင်ခြင်းမရှိဘဲ ယင်းတိုကို တားဆီးဟန့်တားသည့် အစီအစဉ်များ၌ တက်ကြွစွာ ပါဝင်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။
    ၆။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အနေဖြင့်လည်း ဘက်လိုက်မှုမရှိဘဲ ပြည်ထောင်စု အကျိုးငှာ လူမျိုးဘာသာ အားလုံးအတွက် အမှန်တရားဘက်မှ ရဲဝံ့စွာ ရပ်တည်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း လေးနက်စွာ တိုက်တွန်းပါသည်။
    ရ။ နိုင်ငံတော်အစိုးရအနေဖြင့် မွတ်စ်လင်မ်စားသောက်ကုန် ပစ္စည်းများနှင့် သက်ဆိုင်သော ခွင့်ပြုချက် (Halal Certificate) နှင့် စပ်လျှဉ်း ၍ တရားဝင် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ အာဆီယံ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ၇၈၆ နှင့် စပ်လျဉ်းသော အထင်လွှဲမှုများ ပိုမို ရှင်းလင်း သွားစေရေး ဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။
    ၈။ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်အနေဖြင့် ပြည်တွင်း အကြမ်းဖက်မှုများ အလေးရှားနိုင်ငံ၌ အကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချကြောင်း ယင်းအကြမ်းဖက်မှုကြောင့် ဖြစ်ပွားခဲ့သော ဆုံးရှုံးနစနာမှု အားလုံးအတွက် ဝမ်းနည်းကြောင်း ကြေညာအပ်ပါသည်။
    အာရှဒေသအတွင်း မတည်ငြိမ်မှု ဖြစ်ပေါ်ခဲ့ရာ မလေးရှား အပါအဝင် ပြည်ပရောက် မြန်မာရွှေပြောင်း အလုပ်သမားများ၏ လုံခြုံရေးကို ထိပါးလာခဲ့ပြီး ပြည်တွင်း အကြမ်းဖက်မှုများ၏ အကုသိုလ် အကျိုးဆက်သည် ပြည်ပရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ၏ ဘဝနှင့် အနာဂတ်ကို ဖျက်ဆီးနေသော တရားခံများမှာ အမုန်းတရားဝါဒ ဖြန့်ချီနေသူများနှင့် အကြမ်းဖက်မှု၌ ပါဝင်ပက်သက်သူများသာ ဖြစ်ကြပါသည်။
    သို့ပါသောကြောင့် ပြည်တွင်း အမုန်းတရားဝါဒ ဖြန့်ချီမှုများနှင့် အကြမ်းဖက်မှုများသည် တိုင်းပြည်နှင့် လူမျိုးဂုဏ်၊ ဗုဒ္ဓသာသနာတော်၏ ပုံရိပ်တို့ကို ထိခိုက်စေသည့် အပြင် နိုင်ငံ၏ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘက်ပေါင်းစုံကို ဖျက်ဆီးရာ ရောက်သဖြင့် သံသယများ ပြေပျောက်ပြီး အနာဂတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်အနေဖြင့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဤ စာနယ်ဇင်းရှင်းလင်းပွဲကို စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။
    ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်
    (PCN)
  • ပါကစ္စတန်မှ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး
    ဇွန်- ၁၄၊ ၂၀၁၃
    M-Media
    စိမ်းဝါရောင်ခေါင်းပေါင်းနှင့်တွဲလျက် စစ်ဦးထုပ်ကို ဆောင်းထားသော အာအိရှာ ဖာရွတ်ခ် (Ayesha Farooq) သည် သူမအား ပါကစ္စတန် အစ္စလာမ် သမ္မတနိုင်ငံ၏ တစ်ဦးတည်းသော တိုက်လေယာဉ်မှူး အမျိုးသမီး ဖြစ်ရသည်မှာ အထီးကျန်ဖြစ်ရပါသလား ဟု မေးသည့်အခါ မခို့တရို့ပြုံးလိုက်သည်။
    Pakistan woman fighter
    ဖာရွတ်ခ်သည် ပန်ဂျာပ့်ပြည်နယ်၏ သမိုင်းဝင်မြို့တော် ဘဟာဝါလ်ပူးရ် (Bahawalpur) မှဖြစ်ပြီး၊ လွန်ခဲ့သော ၁၀ နှစ်ခန့်က ပါကစ္စတန်လေတပ်တွင် လေယာဉ်မှူးဖြစ်ခဲ့သော အမျိုးသမီး ၁၉ ယောက်အနက် တစ်ဦး ဖြစ်သည်။ သူမ အပြင် အခြားသော အမျိုးသမီးတိုက်လေယာဉ်မှူး ၅ ဦးရှိသေးသော်လည်း ၄င်းတို့သည် တိုက်ပွဲဝင်နိုင်ရေး  နောက်ဆုံးအဆင့် စမ်းသပ်ရန်လိုအပ်နေသေးသည် ဟုသိရသည်။
    “ထူးခြားတဲ့ကွဲပြားမှုကို ကျွန်တော် မမြင်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ လှုပ်ရှားဆောင်ရွက်ရာမှာ – တိကျအောင် ဗုံးကြဲရတဲ့နေရာမှာ အတူတူပါဘဲ ”  ဟု အသက် ၂၆ နှစ်အရွယ် သူမ၏တွဲဖက် အမျိုးသားလေယာဉ်မှူးများက ဆိုသည်။  အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ် (122 F) တွင် ဒုံးကျည်ထိပ်ဖူးများကို စီတန်းထားသိုထားသော ပါကစ္စတန် မြောက်ပိုင်းတွင်ရှိ မူရှဖ် (Mushaf) စစ်စခန်း၌ ယင်းသို့ပြောပြခဲ့သည်။
    အမျိုးသမီးများ အပေါ်ထားရှိသော အမြင်များပြောင်းလဲခဲ့သည်နှင့်အညီ ဤနှစ်များအတွင်း ပါကစ္စတန် ကာကွယ်ရေးတပ်ဖွဲ့များသို့ အမျိုးသမီးများ ၀င်ရောက် စစ်မှုထမ်းလာကြသည်။
    “အကြမ်းဖက်မှုများ နဲ့ ကျွန်မတို့ရဲ့ ပထ၀ီဝင်ဒေသ အနေထားကြောင့် ကျွန်မတို့ဟာ အမြဲတမ်း အသင့် အနေအထားနဲ့ ရှိနေဖို့ အလွန်အရေးကြီးပါတယ် ” ဟု ဖာရွတ်ခ်မှ တာလီဘန် စစ်သွေးကြွများ နှင့် ဘာသာရေး အစွန်းရောက်ခြင်း မြင့်မားလာမှုများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
    ဖာရွတ်ခ်မှ လေတပ်သို့ဝင်ရောက်လိုသည်ဟု ဆိုခဲ့ချိန် လွန်ခဲ့သော ၇ နှစ်ခန့်က သူမ၏ ပညာ မသင်ကြားခဲ့ရသော မုဆိုးမ မိခင်နှင့် အချင်းများခဲ့ရသည်။
    “ကျွန်မတို့ အသိုင်းအ၀ိုင်းမှာ မိန်းကလေးတွေ အနေနဲ့ လေယာဉ်မောင်းခြင်း စတဲ့ကိစ္စမျိုးကို ယောင်လို့တောင် မစဉ်းစားကြပါဘူး” ဟု သူမကပြောပြခဲ့သည်။
    မိသားစုတို့မှ အစဉ်အလာအရ အမျိုးသားတို့ကိုသာ စစ်တပ်သို့ဝင်ရောက်စေတတ်ပြီး၊    အမျိုးသမီးများအား ရှေ့တစ်ဆင့်တက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းကိုမူ အားမပေးတတ်ကြောင်း လေတပ်အရာရှိများမှ ပြောသည်။  ၄င်းတို့သည် လူဦးရေသန်း ၁၈၀ နီးပါးရှိ နျူးကလီးယားပိုင်နိုင်ငံတော် အတွက် စစ်သည်အကူများနှင့် စစ်ပစ္စည်းများကို သယ်ဆောင်ထားသော လေယာဉ်ပျံကိုသာ အနှေးမောင်းနှင်ကြရသည်။
    ယခုတွင် အမျိုးသမီးများသည် ၄င်းတို့၏ လုပ်ပိုင်ခွင့်များကို ပိုမိုသိရှိလာပြီး၊ ၄င်းလုပ်ပိုင်ခွင့်များကို အသုံးချကာ လေတပ် အင်အားဖြည့်တင်းရေးသို့ ၀င်ရောက်ကုန်ကြပြီဖြစ်သည်။
    “အခုဆိုယင် ပါဝင်လာကြတဲ့ အမျိုးသမီးဦးရေ များသထက် များလာပြီ” ဟု နာစင်မ်အဘတ်စ် (Nasim Abbas) မှ ပြောကြားခဲ့သည်။ ၄င်းသူသည် ဖာရွတ်ခ်အပါအ၀င် လေယာဉ်မှူး ၂၅ ယောက်ပါသော အမှတ် ၂၀ ရှေ့တန်းတောင်ပံ တပ်စိတ်အဖွဲ့မှဖြစ်ပြီး တရုပ်နိုင်ငံထုတ် F-7PG တိုက်လေယာဉ်များကို မောင်းနှင်ကြသည်။
    “ဒါဟာ ဘာသာရေးနည်းလမ်းနဲ့မဆန့်ကျင်ဘူးလို့ မြင်ပါတယ်။ လူမှုအဖွဲ့အစည်းနဲ့နိုင်ငံတော်ရဲ့စဉ်းစားတွေးခေါ်ပုံ ပြောင်းလဲနေပါပြီ ” ဟု အဘတ်စ်မှ Reuters သို့ပြောကြားခဲ့သည်။ ပြောကြားခဲ့သောနေရာမှာ  ၁၉၆၅ နှင့် ၁၉၇၁ ခုနှစ် အိန္ဒိယနှင့် စစ်ဖြစ်စဉ် ဂျက်လေယာဉ်များထားသိုရာ အခြေစိုက်စခန်းဖြစ်ခဲ့သော  အစ္စလာမ်မာဘဒ် (Islamabad) မြို့တော်၏ အရှေ့ဖက် ၂၈၀ ကီလိုမီတာ(၁၇၅ မိုင်) ဝေးသည့် ပန်ဂျဗ် စာဂိုဒါခရိုင်ရှိ စစ်စခန်း၌ဖြစ်သည်။
    ယခုအခါ ပါကစ္စတန် စစ်တပ်တွင်း အမျိုးသမီးဦးရေ ၄,၀၀၀ နီးပါးရှိပြီး အများစုမှာ ရုံးပိုင်းဆိုင်ရာ နှင့် ဆေးဝါးဌာန တွင် တာဝန်ထမ်းဆောင်နေကြသည်။
    သို့သော် လွန်ခဲ့သော ၁၀ နှစ်ခန့်မှစကာ အမျိုးသမီးများသည် ပါကစ္စတန် ကုန်သွယ်မှု လမ်းကြောင်းများအား ပုန်ကန်သူတို့၏တိုက်ခိုက်မှုမှ ကာကွယ်ရေးတွင် လေကြောင်းဆိုင်ရာ အရာရှိများအဖြစ် အသီးသီး ၀င်ရောက် တာဝန်ယူနေပြီး၊ အကြမ်းဖက် တားဆီးရေးတပ်ဖွဲ့တွင်လည်း လက်ရွေးစင် အမျိုးသမီးဝန်ထမ်း အနည်းငယ်ရှိကြသည်။ သို့သော်လည်း အခြားသော ကမ္ဘာ့အမျိုးသမီး စစ်သည် အများစုအတိုင်း ပါကစ္စတန် အမျိုးသမီးများအား မြေပြင်တိုက်ပွဲများတွင် ပါဝင်ရန် တားမြစ်ထားဆဲပင်ဖြစ်သည်။
    ပါကစ္စတန်လေတပ်တွင် လွန်ခဲ့သော ၅ နှစ်ခန့်က အမျိုးသမီး အယောက် ၁၀၀ ရှိကာ၊ ယခုတွင်မူ ၃၁၆ ယောက်ထိရှိနေပြီဖြစ်သည် ဟု အဘတ်စ်က ပြောသည်။
    “ပါကစ္စတန်မှာ အကြမ်းဖက်မှုများကြောင့် ရှေ့တန်း ကာကွယ်ရေးက အလွန်ကို အရေးကြီးလှပါတယ်။ ဒီကဏ္ဍမှာ လူတိုင်းပါဝင်ဖို့လည်း အရေးကြီးပါတယ်” ဟု အသက် ၂၄ နှစ် အရွယ်ရှိ လေကြောင်းသိပ္ပံ အင်ဂျင်နီယာ အာနမ်ဟာစန် (Anam Hassan) မှ သူမ၏ဆံနွယ်နက်နက်များကို  ဘေ့စ်ဘော ကက်ဦးထုပ်အတွင်း သိမ်း၍ထည့်ကာ   F-16 တိုက်လေယာဉ်တစ်ဦးအတွက် လုပ်ငန်း မစတင်မှီ ပြောကြားခဲ့သည်။
    “လေတပ်ထဲကလူတွေဟာ ဒီအပြောင်းအလဲကို အချိန်တိုတို အတွင်း လက်ခံကြပါတယ်” ဟုလည်း ဆိုလိုက်ပါသည်။
    Ref: Arab News
  • မလေးရှားမှ ရန်ပွဲများသည် ပြည်တွင်း ပဋိပက္ခများနှင့် ဆက်နွယ်ပတ်သက်ခြင်း မရှိဟု ဒုဝန်ကြီး ဦးဇင်ယော်ပြော
    ဇွန်- ၁၄၊ ၂၀၁၃
    M-Media
    deputy minister Xinyawပူထရာဂျာယာ။    ။ Klang Valley ၌ မကြာသေးမီကဖြစ်ခဲ့သော လူ ၄ ဦးသေဆုံးခဲ့သည့် မြန်မာနိုင်ငံသားများ အကြား ရန်ပွဲတို့သည် မြန်မာနိုင်ငံတွင်းရှိ ဘာသာရေး အကြမ်းဖက်မှုများနှင့် ပတ်သက်မှု မရှိကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးဇင်ယော်မှ ပြောဆိုခဲ့သည်။
    ဦးဇင်ယော်သည် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုဝန်ကြီး Datuk Wan Junaidi Tunku Jaafar နှင့် တစ်နာရီနီးပါးခန့် တွေ့ဆုံပြီး ၄င်းပြဿနာအပေါ် ဆွေးနွေးအဖြေရှာခဲ့ကြသည်။ ဦးဇင်ယော်နှင့် အတူ အလုပ်သမားဝန်ကြီးဌာနဒုဝန်ကြီး၊ အလုပ်သမားရေးရာနှင့် လူမှုဖူလုံရေး ဒု-၀န်ကြီး ဒေါ်ဝင်းမော်တို့သည် ဗုဒ္ဓဟူးနေ့ကရောက်ရှိလာခဲ့သည်။ ပြဿနာဖြစ်ပွား ပျံ့နှံ့ရသည့်အကြောင်းရင်းများကို ဦးစွာလေ့လာခဲ့ကြသည်။
    “ ဒါဟာ (မြန်မာနိုင်ငံသား) မွတ်စ်လင်မ်နဲ့ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားရတဲ့ ရန်ပွဲ မဟုတ်သလို မလေးနိုင်ငံသား တစ်ဦးတစ်လေမျှ ဒီအမှုထဲ မပါဝင်ခဲ့ပါဘူး ” ဟု ဦးဇင်ယော်မှ ဆိုသည်။
    ထို့ပြင် မလေးအာဏာပိုင်များ၏ ကိုင်တွယ်ထိန်းသိမ်းမှု နှင့် နိုင်ငံတွင်းရှိ မြန်မာနိုင်ငံသားများကို မိမိတို့နှင့်အတူ လက်တွဲဖော်ဆောင်ရေး အားပေးမှုအပေါ် ကျေနပ်ဖွယ်ဖြစ်ကြောင်း၊ မိမိတို့သည် ထိုအကြမ်းဖက်မှုနှင့်ပတ်သက်သော စစ်ဆင်ရေးကာလအတွင်း ထိန်းသိမ်းခံထားရသူများနှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့သည်။
    “ ဒုဝန်ကြီးက ထိန်းသိမ်းရေးစခန်းကိုသွားကြည့်ဖို့ ကျွန်တော်တို့ကို စီစဉ်ပေးပါတယ်။ သူတို့တစ်တွေရဲ့ဆန္ဒအရ ဆက်လက်နေထိုင် အလုပ်လုပ်ချင်နေရင်လည်း သူတို့အတွက် စီစဉ်ဆောင်ရွက်ပေးနိုင်အောင် မလေးရှားအစိုးရက ကျွန်တော်တို့ကို ခွင့်ပြုခဲ့ပါသေးတယ်။ တစ်ချို့ကျတော့ ပြန်တော်ပြန်ချင်ကြတယ်။ ဒါကြောင့် သူတို့တစ်တွေ အမြန်ဆုံး ပြန်နိုင်အောင်စီစဉ်ပေးဖို့လိုအပ်ပါတယ်။ ပြီးတော့ ဆက်လက်နေထိုင်လုပ်ကိုင်သွားလိုသူတွေရဲ့လုံခြုံရေးအတွက် ကျွန်တော်တို့ တောင်းဆိုခဲ့ကြပါတယ် ”။
    မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ သုံးသိန်းခန့်ရှိပြီး တရားဝင်ခန့်အပ်ခံရသူများမှာ နှစ်သိန်းဝန်းကျင်ခန့် ရှိနိုင်ကြောင်း ဦးဇင်ယော်မှ ခန့်မှန်းခဲ့သည်။
    မေလ ၃၀ နှင့် ဇွန်လ ၄ ရက်အတွင်း ကွာလာလမ်ပူနှင့် Selangor နေရာအချို့၌ မြန်မာနိုင်ငံသားတို့၏ရန်ပွဲမှာ ၇ ကြိမ်ထိရှိခဲ့ကြောင်း၊ ယင်းပြဿနာထပ်မံ မပြန့်ပွားရေးအတွက် မြန်မာနိုင်ငံသား တစ်ထောင်ခန့်ကို ရဲတပ်ဖွဲ့မှ ရှောင်တခင်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းများက ဖော်ပြသည်။
    Ref: The Star Online
  • ဘာသာရေးကြောင့် သွေးထွက် သံယိုမှုများဖြစ်ပြီးမှ မြန်မာ ဘုန်းကြီးများ ငြိမ်းချမ်းရေး တောင်းဆိုနေကြ (Straitstimes)
    ဇွန်- ၁၄၊ ၂၀၁၃
    Straitstimes
    ဘာသာရေးကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ပြီးမှ ကျင်းပခဲ့သည့် သံဃာညီလာခံတွင် ထေကြီးဝါကြီးများက ငြိမ်းချမ်းရေး အတွက် တောင်းဆိုခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်း တစ်ရပ်က ဆိုသည်။ သို့သော် ယင်းညီလာခံမှ ထုတ်ပြန်ချက်တွင်မူ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများအတွက် မည်သို့သော ရှုံ့ချမှု တစ်စုံတစ်ရာမျှ ပါဝင်ခြင်း မရှိကြောင်း စင်ကာပူနိုင်ငံအခြေဆိုက် straitstimes သတင်းစာမှ ထောက်ပြထားသည်။
    MyanmarMonks1406e
    PHOTO: AP
    ထိုညီလာခံကို ဗုဒ္ဓဘာသာဘုန်းကြီးပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း၊ ၄င်းတို့က မိမိတို့ဘာသာကို မီဒီယာများ အရောင်ဆိုးကြသည်ဟု စွပ်စွဲကြကြောင်း straitstimes ကဆိုသည်။ ဗုဒ္ဓဘာသာဝင်များနှင့် သာသနာ့ခေါင်းဆောင်များက ပြဿနာ မရှိဘဲ ငြိမ်းငြိမ်း ချမ်းချမ်းနေလိုသူများ ဖြစ်သည်ဟု ဓမ္မဒူတ ဦးဆေကိန္ဒက ညီလာခံထုတ်ပြန်ချက်ဖတ်ကြားရာ၌ ထည့်သွင်းဖတ်ကြားခဲ့သည်။
    ထို့ပြင် ၄င်းသံဃာများက ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံးဘာသာတစ်ရပ်ဖြစ်သည်ဟုလည်း ဆိုခဲ့ကြကြောင်း straitstimes က ဖော်ပြထားပါသည်။
    ပြည်တွင်းအခြေဆိုက် သုတေသီများနှင့်၊ ခေတ်ပညာတတ်အသိုင်းအ၀ိုင်းကမူ ၄င်းတို့၏ ဘာသာသာသနာကာကွယ်ရေးအကြောင်းပြ ဥပဒေမူကြမ်းမှာ ဗုဒ္ဓတရားတော်များနှင့်သာမက လူ့အခွင့်အရေးကြေငြာစာတမ်းနှင့်ပါ ဆန့်ကျင်နေကြောင်း၊ ဗုဒ္ဓဘာသာဝင်များကိုသာ ကာကွယ်ရမည်မဟုတ်ဘဲ နိုင်ငံသားတိုင်းကို ကာကွယ်ရမည်မှာ နိုင်ငံတော်အစိုးရတိုင်း၏ တာဝန်ဖြစ်ကြောင်း ဝေဖန်လျက်ရှိသည်။
    Ref: http://www.straitstimes.com/breaking-news/se-asia/story/myanmar-monks-urge-peace-after-religious-bloodshed-20130614
  • ရာဇာမင်း အထူးကား ဓါးမြ တိုက်ခံရသည့် အမှုမှ ဓါးမြ(၃)ဦးအား ဖမ်းဆီးရမိ
    ရာဇာမင်း အထူးကား ဓါးမြ တိုက်ခံရသည့် အမှုမှ ဓါးမြ(၃)ဦးအား ဖမ်းဆီးရမိ
    ဇွန် ၁၄၊ ၂၀၁၃
    M-Media
    ဇာဏီ
    မွန်ပြည်နယ် ။             ။  မွန်ပြည်နယ်၊ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူးယာဉ်အား ဓါးမြတိုက်မှုမှ ဓါးမြ(၅)ဦးအနက် (၃)ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
    ဓါးမြ (၅)ယောက်အနက် တစ်ယောက်မှာ မော်လမြိုင်မှထွက်ပြေးပြီး၊ အခြားတစ်ယောက်မှာ ရေးမှဖြစ်ပြီး သူလည်း ထွက်ပြေးနေသည်ဟု သိရသည်။ ယခုအခါ ဖမ်းဆီးရမိသော တရားခံ(၃)ယောက်အား သထုံမှ ပြည်နယ် မော်လမြိုင်သို့ ခေါ်ဆောင်လာပြီဖြစ်သည်ဟု သိရသည်။ အဆိုပါ (၃)ယောက်တွင် သေနတ်(၂)လက်နှင့် ဗုံး(၁)လုံးလက်ရဖမ်းဆီးရမိသည်ဟုလည်း သိရသည်။
    အဆိုပါ ဓါးမြမှုမှာ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူးယာဉ်အား ဇွန်လ ၉ ရက်နေ့ ည ၉-နာရီခန့်က သရက်တောအနီးတွင် ဓါးမြတိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက် ဒဏ်ရာရကာ ခရီးသွားပြည်သူများ ထံမှာ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများကို လုယက်ဓါးမြ တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။