News @ M-Media
Blog
  • ဧရာဝတီတိုင်း ငပုတောမြို့နယ်မှ မတရား အသိမ်းခံ လယ်မြေတချို့ ပြန်လည်ရရှိ
    ဇွန် ၁၄၊ ၂၀၁၃
    M-Media
    နေပိုင်
    ငပုတော  ။        ။        ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တောင်ကလေးကျေးရွာအုပ်စု မယ်သီလကျေးရွာတွင် မတရားအသိမ်း ခံထားရသော လယ်မြေတချို့ ပြန်လည်ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
    U win naing
    တောင်သူလယ်သမား အရေး ဆောင်ရွက်ပေးသူ ဦးဝင်းနိုင်
    ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တောင်ကလေးကျေးရွာအုပ်စု မယ်သီလကျေးရွာရှိ စပါးအကြွေး ငွေအကြွေးတို့ဖြင့် မတရားသိမ်းယူခြင်းခံထားရသော လယ်သမားကြီး မန်းသံဖေပိုင် လယ်ယာမြေအား မူလပိုင်ရှင် ဖြစ်သူ မန်းသံဖေမှ ထွန်တုံးချ ပြန်လည် လုပ်ကိုင်ပြီဖြစ်သည်မှာ ခြောက်ရက်ခန့် ရှိပြီဖြစ်ကြောင်းသိရှိရပါသည်။
    ငပုတောမြို့နယ်အတွင်းတွင် မန်းသံဖေကဲ့သို့ မတရားသိမ်းယူခြင်းခံထားရသော လယ်မြေဧကပေါင်း များစွာကျန် ရှိနေပါသေးသော်လည်း အချို့သောလယ်ယာမြေများမှာ ညှိနှိုင်း၍ အဆင်ပြေခဲ့ပြီး အချို့သောလယ်ယာမြေများမှာ ညှိနှိုင်းဆောင်ရွက်ခွင့်ပင် မရရှိသေးကြောင်း လယ်သမားအရေး အခမဲ့ကူညီပေးနေသော ဦးဝင်းနိုင်မှ ပြောကြားခဲ့ပါသည်။ ဦးဝင်းနိုင်၏ ကူညီပေးမှုကြောင့် ခရင်ချောင်းကျေးရွာ ရေကျော်ကြီး အုပ်စုရှိ လယ်ယာမြေ အချို့သည်လည်း ပြန်လည် ထွန်ယက်နိုင်ကြပြီဖြစ်ကြောင်း သိရပါသည်။
  • ၉၆၉ အဖွဲ့ လှုံဆော်မှုတွေ အရေးယူမည်ဟု သူရဦးရွှေမန်း အမေရိကန် ခရီးစဉ် အတွင်းပြောကြား
    ဇွန်- ၁၄ ၊ ၂၀၁၃
    ဗီအိုအေ
    ၉၆၉ အဖွဲ့အစည်းများ စာတမ်းတွေကပ် သွေးထိုးစကားများ လုပ်ဆောင်မှုများကို အရေးယူမည်ဟု ပြည်သူလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပြောကြား
    U Shwe Man
    ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
    ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ၉၆၉လှုပ်ရှားမှုကိစ္စ၊ ဘူးသီးတောင် မောင်တော ဘင်္ဂလီအိမ်ထောင်စုတွေမှာ တမိသားစု ကလေးနှစ်ယောက် မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International ဝါရှင်တန်ဒီစီ ရုံးခွဲရဲ့ တာဝန်ရှိသူရဲ့ မေးခွန်းကို ဦးရွှေမန်းက အခုလိုဖြေကြားသွားခဲ့ပါတယ်။
    “ရိုဟင်ဂျာခေါ်ခေါ်၊ သို့မဟုတ်ရင် ဘင်္ဂလီခေါ်ခေါ် သို့မဟုတ်ရင် ကိုးကွယ်တဲ့ အယူဘာသာအပေါ်မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မူဆလင် ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ အဲ့ဒီ့လို ဥပဒေကို ဆန့်ကျင် ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ် ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက် ရမှာဖြစ်ပါတယ်။ ခုနက မိတ်ဆွေပြောတဲ့ ၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ်၊ပြီးတဲ့ အခါမှာ သွေးထိုး စကားတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ကိစ္စကိုလည်း ဖော်ထုတ် အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက ဆောင်ရွက်နေပြီဖြစ် ပါတယ်။”
    ဘူးသီးတောင်၊ မောင်တောဘက်မှာ ကလေးနှစ်ယောက် ယူရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့လွှတ်တော်ကို တစုံတရာ တင်ပြဆောင်ရွက်ခြင်း မရှိပါဘူး။ ကျနော်တို့လွှတ်တော်ကလည်း ဒါနဲ့ပတ်သက်လို့ ဥပဒေပြဌာန်း ထားခြင်းမရှိပါဘူး။”
    Read More==> http://burmese.voanews.com/content/article/1681560.html
  • အီးယူက ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ပြင်းထန်စွာ ရှုံ့ချ၊ ဒေါ်စုကြည်အား ထောက်ခံ
    ဇွန်-၁၄၊ ၂၀၁၃
    M-Media
    အီးယူ(ဥရောပ သမဂ္ဂ) မှ ရိုဟင်ဂျာမွတ်စလင်များအပေါ် ကျူးလွန်ခဲ့သည့် အဓမ္မမှုများကို ပြစ်တင်ရှုံ့ချလိုက်သည်။ တဆက်တည်းမှာပင် မြန်မာအာဏာ ပိုင်များအား ရိုဟင်ဂျာများကို အကာအကွယ်ပေးဖို့ တိုက်တွန်းထားသည်။
    4561946-3x2-940x627
    Rohingya refugees are using boats to flee religious violence in Myanmar.
    AFP: Munir uz Zaman: file photo
    အီးယူပါလီမန်က ၄င်းတို့အနေဖြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်နေသည့် စနစ်ကျသော အဓမ္မမှုများကို မြန်မာအစိုးရက အကာအကွယ်ပေးရန် ပျက်ကွက်နေမှုအား ပြင်းထန်စွာ ရှုံ့ချကြောင်း ပြောဆိုခဲ့သည်ဟု သြစတေးလျအခြေဆိုက် abc.net.au က ယနေ့ ရက်စွဲဖြင့် သတင်းဖော်ပြထားသည်။
    အီးယူက ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကန့်ကွက်ရှု့ချပြီး မြန်မာ အာဏာပိုင်များအား မိမိတို့ စွမ်းအားအတွင်းမှ တတ်နိုင်သမျှကို လုပ်ဆောင်၍ အကာအကွယ်ပေးသွားဖို့ နှိုးဆော်ထားသည်။
    ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် မတရားမှုများတွင် အာဏာပိုင်တို့ကိုယ်တိုင် ပါဝင်နေသည်ဟူသော စွပ်စွဲချက်အပေါ်၌လည်း အီးယူက အထူးစိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြထားသည်။
    တဆက်တည်းမှာပင် အီးယူအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကလေး ၂ ယောက်ပေါ်လစီ ကန့်ကွက်မှု့အား ထောက်ခံကြိုဆိုလိုက်သည်။ ထိုကလေး ၂ ယောက် ဥပဒေကို အာဏာရှင် စစ်အစိုးရ လက်ထက်က ပြဌာန်းခဲ့ပြီး ယခု အသွင်ပြောင်း အစိုးရလက်ထက်တွင်မှ အတည်ပြုခြင်းဖြစ်သည်။
    Ref: http://www.abc.net.au/news/2013-06-14/eu-condemns-myanmar-for-rohingya-violence/4753318
  • အမေရိကန်လေဆိပ်တွင် မွတ်စ်လင်မ် တက္ကစီသမားများအတွက် ၀တ်ပြုနေရာစီစဉ်ပေး
    ဇွန် ၁၃၊ ၂၀၁၃
    M-Media
    ကိုင်ရို ။     ။ ရာဂဏန်းထိရှိနေသော မွတ်စ်လင်မ်တက္ကစီသမားများ ၄င်းတို့၏သာသနာ့တာဝန်ဆောင်ရွက်ရန် လွယ်ကူစေရေးအတွက် ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုယ်လက်သန့်စင်ဆေးကြောရာနှင့်ဝတ်ပြုရာ နေရာတစ်ခုကို သတ်မှတ်ပေးလိုက်သည်။
    US Airport Accommodates Muslim Prayers
    မွတ်စ်လင်မ်ဒရိုင်ဗာတစ်ဦးဖြစ်သော ယီမင်နိုင်ငံမှအဟ်မဒ် အလ်ဂဇာလီ(၄၉ နှစ်)က “ ကျွန်တော်တို့ အထူးပျော်ရွှင်မိပါတယ် ” ဟု San Francisco Chronicle သို့ ပြောကြားခဲ့သည်။
    မွတ်စ်လင်မ်တက္ကစီသမားတို့၏ပုံမှန်ဝတ်ပြုမှုဆောင်ရွက်နိုင်ရေးအတွက် ကားရပ်နားစခန်းရှိနေရာတစ်ခုအား စီစဉ်သတ်မှတ်ရန် လေဆိပ်အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြသည်။
    Royal Cab ၏ ကားမောင်းသူ ပါကစ္စတန်မှပြောင်းရွှေ့အခြေချသူ ဟစံန်ခန်း(၅၂ နှစ်)၏ မေတ္တာရပ်ခံပန်ကြားချက်အပေါ် တုန့်ပြန်ဆောင်ပေးမှုဖြစ်ကြောင်းသိရသည်။
    မွတ်စ်လင်မ်တက္ကစီမောင်းသူများသည် နေ့တစ်ဓူဝ၏အချိန်များစွာကို ခရီးသည်များအတွက် ၀န်ဆောင်ပေးနေကြသည်။ ၄င်းတို့၏ ၀ူဿွူ(၀တ်ပြုရန်ကိုယ်လက်သန့်စင်မှု)အတွက် ရေပုံးကြီးများကို သယ်ဆောင်လာလေ့ရှိကြသည်။ သို့မဟုတ်ပါက နားနေဆောင်၏သန့်စင်ခန်းကို အသုံးပြုကြရသည်။ ထိုအချက်မှာ လေယာဉ်စီးခရီးသည်များ မနှစ်မြို့လှချေ။ ထို့ကြောင့် လေဆိပ်အာဏာပိုင်များက ပင်မယာဉ်ရပ်နားစခန်း၏မြေညီထပ်၌ ရေသုံးသန့်စင်ခန်းတစ်ခု ထည့်သွင်းစေလျှင် ၄င်းတို့အား ကူညီရာရောက်စေသည်ဟု ဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းသန့်စင်ခန်းနှင့်ကပ်လျက်တွင် တက္ကစီသမားတို့စုပေါင်းဝတ်ပြုနိုင်မည့်နေရာတစ်ခုကိုလည်း သတ်မှတ်ပေးခဲ့သည်။
    မွတ်စ်လင်မ်တို့သည် တစ်နေ့လျှင် ငါးကြိမ်ဝတ်ပြုကြရ၏။ အကြိမ်တိုင်းတွင် ရကအသ် ဟုခေါ်သော ၀တ်ပြုနည်းစဉ်အကျော့အရေအတွက် ကိုယ်စီရှိကြသည်။ ယင်းငါးကြိမ်ဝတ်ပြုမှုကို တစ်နေ့နှင့်တစ်ညဥ့်အတွင်း အချိန် ငါးချိန်ပိုင်းခြားသတ်မှတ်ထားသည်။ အရုဏ်ချိန်ဝတ်ပြုမှုကို ဖဂျရ်၊ နေ့လည်မွန်းတိမ်းချိန်ဝတ်ပြုမှုကို ဇုဟ်ရ်၊ ညနေခင်းချိန်ဝတ်ပြုမှုကို အဆ်ွရ်၊ နေ၀င်ချိန်ဆည်းဆာချိန်ဝတ်ပြုမှုကို မဂရစ်ဗ်၊  ညဥ့်ဦးမှ သန်းခေါင်မတိုင်မီ ၀တ်ပြုမှုကို အိရှာ ဟုခေါ်ဆိုကြသည်။
    သက်ဆိုင်ရာကုမ္ပဏီအား ၀န်ထုပ်ဝန်ပိုးဖြစ်စေသောထိခိုက်မှုမဟုတ်လျှင် လုပ်သားများသည် မိမိတို့၏ဘာသာရေးကျင့်ရပ် ထုံးတမ်းအားဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်နှင့်ပြည်နယ် ဥပဒေက ပြဋ္ဌာန်းခွင့်ပြုထားသည်။
    လူ့အခွင့်အရေးဥပဒေဆိုင်ရာသုံးသပ်မှု
    “ သယ်ယူပို့ဆောင်ရေးဝန်ဆောင်သူအခြေခံလူတန်းစားတွေနဲ့ ဆက်ဆံရေးကောင်းကို ဒီကိစ္စက ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ၀တ်ပြုခန်းအတွက် ကုန်ကျစားရိတ်က မည်ကာမတ္တ သာ ဖြစ်ပါတယ်။ အခန်းအတွင်းပိုင်းက ရေပိုက်သွယ် ဆင်ယင်ပေးတာလောက်ဘဲ လုပ်ရပါတယ် ” ဟု လေဆိပ်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Doug Yakel မှ ပြောပြသည်။
    ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မွတ်စ်လင်မ်တို့အား ကူညီထောက်ပံ့မည့် ၀တ်ပြုခန်းနှင့်ကိုယ်လက်ဆေးကြောသန့်စင်ခန်းအတွက် အခွန်ငွေများကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ၄င်းနှင့်စပ်လျဉ်းသောဆောင်းပါးတစ်ပုဒ်ကို ဇွန်လ ၁၀ ရက်နေ့ထုတ် ၀ါရှင်တန်တိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည်။
    အမေရိကန်ပြည်ထောင်စု၌ မွတ်စ်လင်မ်ဦးရေ ၇ သန်းမှ ၈ သန်းအထိရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
    ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားကတည်းက မိမိတို့မှာ အစ္စလာမ်ထုံးတမ်းဆင်ယင်မှု သို့မဟုတ် ဟန်မူများကြောင့် ခွဲခြားနှိမ့်ချဆက်ဆံမှု နှင့် တစ်ဖက်သတ်အထင်လွဲမှုခံနေကြရကြောင်း မွတ်စ်လင်မ်များစွာတို့မှ ဆိုကြသည်။
    လွန်ခဲ့သည့်လ၊ (Pew Forum) မှပြုလုပ်ခဲ့သော ဘာသာရေး နှင့် လူထုဘ၀ရေးရာ (Religion and Public Life) ကွင်းဆင်းသုတေသနပြုလေ့လာချက်တွင် တွေ့ရှိရသည်မှာ အမေရိကန်မွတ်စ်လင်မ်များသည် ကမ္ဘာပေါ်တွင် အလယ်အလတ်လမ်းစဉ်၌ အကောင်းဆုံးရှိနေသူများဖြစ်ကြောင်းတွေ့ရသည်ဟု ဆိုလိုက်သည်။
    ယေဘူယျအားဖြင့် အမေရိကန်မွတ်စ်လင်မ်များတွင် မိမိတို့၏ယုံကြည်မှု၌ ခိုင်မာစွာတည်ရှိကြပြီး၊ ခေတ်သစ်လူမှုဘ၀နှင့်ဘာသာရေးကိုင်းရှိုင်းမှုအကြား ပဋိပက္ခဖြစ်အာင် ပြုလုပ်နေထိုင်သူများ မဟုတ်ကြောင်း ဤအချက်က ပြဆိုနေသည်။
    အစောပိုင်းလေ့လာမေးမြန်းမှတ်တမ်းတင်ချက်များအရ အမေရိကန်မွတ်စ်လင်မ်အများစုသည် မိမိတို့ တိုင်းပြည်အပေါ်သစ္စာရှိသူများဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုတွင်းရှိ မိမိတို့၏ အနာဂတ်အား အကောင်းမြင်ထားသူများဖြစ်ကြောင်း တွေ့ခဲ့ကြရသည်ဟု ဆို၏။
    Ref: OnIslam
  • ဇွန် ၁၃-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၁၃-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်- ၁၃၊၂၀၁၃
    M-Media
    အိမ်ရှိ Wi-Fi မှ လှုပ်ရှားမှုများကို ဖမ်းယူသိရှိနိုင်မည့် နည်းပညာ
    WiSee ဟုခေါ်သော ထိုနည်းပညာကို ဝါရှင်တန်တက္ကသိုလ် သုတေသန အဖွဲ့က တီထွင်ခဲ့သည်။ Xbox Kinect ၏နည်းပညာနှင့်ဆင်တူသော ကိုယ်ဟန်အမူယာဖြင့် ကွန်ပြုတာမှ တဆင့် အမိန့်ပေးခိုင်းစေမှုများ ပြုလုပ်နိုင်မည်။
    Read More
    တရုတ် အာကာသယဉ်မှုးများ အာကာသယဉ်ငယ် အပိုင်းထဲသို့ရွှေ့ပြောင်းဝင်ရောက်
    နှစ်ရက်ကြာ အာကာသခရီးစဉ်အတွင်း အာကာသယဉ် ချိတ်ဆက်မှုအတွက် ယာဉ်ကို အောင်မြင်စွာ လှည့်နိုင်ခဲ့သည်။
    Read More
    Facebookမှ #hashtags ကို စတင် အသုံးပြု
    Facebook တွင်လည်း Twitter တွင်အသုံးပြုသော #သင်္ကေတ ဖြင့် လက်ရှိခေတ်စားနေသော  စကားလုံးများကို ရေးသားသည့် နည်းကို အသုံးပြုနိုင်ပြီ ဖြစ်သည်။
    Read More
    အိုဘားမား အစိုးရ PRISM သူလျှိုနည်းပညာကို EU မှ လက်ခံရန် ပြောဆိုနိုင်ခဲ့
    လွန်ခဲ့သောတစ်နှစ်ခန့်က ထိုနည်းပညာကို EUမှ ပိတ်ဆို့တားဆီးမှု မပြုရန် စည်းရုံးနိုင်ခဲ့သည်ဟု ဆိုသည်။
    Read More
    အစ္စရေးသည် ဂါဇာအနောက်ဘက်ဒေသ အိုးအိမ် ၁၁၀၀ တိုးခဲ့တည်ဆောက်မည်
    ၎င်းဆုံးဖြတ်ချက်ကြောင့် အမေရိကန်၏ ငြိမ်းချမ်းရေး ကြိုးပမ်းချက်များ ပျက်ပြားစေနိုင်သည်ဟု ဆိုသည်။
    Read More