News @ M-Media

Blog

  • ရေးမှ ရန်ကုန်သို့ထွက်လာသည့် ရာဇာမင်းအထူးကား ဓါးမြတိုက်ခံရ

    ရေးမှ ရန်ကုန်သို့ထွက်လာသည့် ရာဇာမင်းအထူးကား ဓါးမြတိုက်ခံရ

    ဇွန် ၉၊ ၂၀၁၃
    M-Media
    ဇာဏီ

    မွန်ပြည်နယ် ။ ။ မွန်ပြည်နယ်၊ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူးယာဉ်လိုင်းအား မနေ့ည ၉-နာရီခန့်က သရက်တောအနီးတွင် ဓါးမြတိုက်ပြီး ယာဉ်မောင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

    ဖြစ်ပွားပုံမှာ မွန်ပြည်နယ် ရေးမြို့မှ ရန်ကုန်မြို့သို့ မနေ့ည ၇-နာရီကထွက်လာသည့် ရာဇာမင်းအထူးကားအား ရင်းညိမ်နှင့် သထုံကြားရှိ သရက်တောအနီးသို့အရောက် ည ၉-နာရီခန့်တွင် ဓါးမြတိုက်ခဲ့ကြောင်းသိရပါတယ်။ ရာဇာမင်းကားပေါ်တွင် ပါလာသော ခရီးသည်များထဲမှ မော်လမြိုင်ဘက် ပါလာသော ၂-ယောက်သည် သရက်တော အနီးသို့အရောက်တွင် ၎င်းတို့အား ကြိုတင်စောင့်နေသည့် သူတို့၏အဖွဲ့များနှင့်အတူ ကားမောင်းသူအား သေနတ်နှင့်ထောက်၍ လမ်းကြောင်းပြောင်းမောင်းစေခဲ့ပါတယ်။ ကားမောင်းသူမှ လမ်းကြောင်းပြောင်း မမောင်းသည့်အတွက် သေနတ်နှင့်ပစ်သတ်လိုက်ရာ ကားမောင်းသူမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ထို့နောက် ယာဉ်နောက်လိုက်မှ ခရီးသည်များအား အန္တရာယ်မပြုရန် တောင်းပန်သည့်အတွက် ပါးစပ်ကို သေနတ်နှင့်ပစ်လိုက်ရာ ပါးနှစ်ဖက်မှ ထုတ်ချင်းပေါက် ကျည်ဆံဖောက်ထွက်သွားသည့်အတွက် အသက်မသေခဲ့ပါ။ အခြား ခရီးသည်များအား အန္တရာယ်ပြုခြင်းမရှိပဲ ပစ္စည်းများကိုသာ လုယက်ယူငင်သွားတယ်လို့ သိရပါတယ်။

    ဓါးမြတိုက်ခံရစဉ်တွင် ကားပေါ်၌ ခရီးသည်အပြည့် တင်ဆောင်လာခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ဓါးမြတိုက်ခံရသည့်အတွက် သထုံအပါအ၀င် ပြည်နယ်ရဲများမှ အဆိုပါဓါးမြတိုက်မှုအား စုံစမ်းနေပြီဖြစ်ကြောင်းနှင့် ရန်ကုန် မော်လမြိုင်လမ်း တလျှောက်တွင်လည်း စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

    “ကျွန်တော်ခန့်မှန်းလို့ရတာက မွန်ပြည်နယ်ဘက်မှာ အစ္စလာမ် ဆန့်ကျင်ရေးအဖွဲ့တွေက ရာဇာမင်းကားကို မစီးဖို့ လှုံ့ဆော်နေတယ်။ အခုလိုဖြစ်သွားခဲ့ရင် နောက်ဆို လူတွေ မစီးရဲအောင် လုပ်တာလည်းဖြစ်နိုင်တယ်။ နောက်ပြီးတော့ သူတို့ထင်တာက ရာဇာမင်းကားက မွတ်စလင်မ်တွေပဲစီးတာ၊ အခုလိုလုပ်ရင် မွတ်စလင်မ်တွေပဲ နစ်နာမယ်လို့ တွက်ဆထားပုံရပါတယ်။ အခုကတော့ ကားပေါ်ပါလာတဲ့ ခရီးသည်က မွတ်စလင်မ်အများစု မဟုတ်ဘဲ ဗုဒ္ဓဘာသာ ပိုများပါတယ်။ ရာဇာမင်းကားစီးရင် ဒီလိုဖြစ်မယ်ဆိုတဲ့ ပုံစံနဲ့ ခြိမ်းခြောက်မှုတစ်ခုလုပ်တယ်လို့ ကျွန်တော် သုံးသပ်ကြည့်မိတယ်”လို့ မော်လမြိုင်မြို့ခံ တစ်ဦးက M-Media ကို ပြောပြခဲ့ပါတယ်။

  • မီဒီယာဥပဒေကြမ်းအား စာနယ်ဇင်းများနှင့် ပြည်သူများအား ပြန်ကြားရေး ၀န်ကြီးဌာနမှ ရှင်းလင်းတင်ပြဆွေးနွေး

    ဇွန် ၈၊ ၂၀၁၃
    M-Media
    သတင်း – သန့်သန့်

    ရန်ကုန် ။ ။ အများပြည်သူပိုင် ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းများနှင့် ပြည်သူများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားတစ်ခုကို ယနေ့နံနက် ၁၀-နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ဗဟိုပုံနှိပ် ခန်းမတွင် ပြုလုပ်ခဲ့သည်။

    U YeHtut
    Photo Credit-DVB

    ယင်းရှင်းလင်းပွဲတွင် အများပြည်သူပိုင် ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာနက စာနယ်ဇင်းများနှင့် ပြည်သူများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ္ဋ်က အများပြည်သူ ၀န်ဆောင်မှု ဥပဒေကြမ်း ရေးဆွဲမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသော အများပြည်သူဝန်ဆောင်မှု မီဒီယာ အသီးသီးမှ ပုဂ္ဂိုလ်များ၊ ပြည်ပမှ ပညာရှင်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ္ဋ်က အများပြည်သူ ၀န်ဆောင်မှုဥပဒေကြမ်း ရေးဆွဲမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်အရ အဆိုပါဥပဒေရေးဆွဲအကောင်အထည်ဖော်ပါက လက်ရှိ ထုတ်ဝေလျက် ရှိသော နိုင်ငံပိုင် သတင်းစာများမှာ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။

  • လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာတွေ မေ့နေတယ်ဟု ဒေါက်တာ အောင်ထွန်းသက် သတိပေး

    လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာတွေ မေ့နေတယ်ဟု ဒေါက်တာ အောင်ထွန်းသက် သတိပေး

    ဇွန် ၈ ၊၂၀၁၃

    Source: ကမာရွတ်မီဒီယာ

    လူ့အခွင့်အရေးကြေညာစာတမ်း မြန်မာတွေမေ့နေတယ်ဟု ဒေါက်တာအောင်ထွန်းသက် သတိပေး

    ရခိုင်ပြည်နယ်မှာ လူမျိုးရေးဘာသာရေး ပဋိပက္ခမှာ လူသားတွေအတွက် အရေးကြီးတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းကို မေ့ထားသလို ဖြစ်နေတယ်လို့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဇွန်လ ၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

  • ပေါင်းတည်မြို့ သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင်နေသူ တစ်ဦး ခဲတံချွန်ဓါးနှင့် အလှီးခံရ

    ဇွန် ၈၊ ၂၀၁၃
    M-Media
    အေးမောင်

    ပေါင်းတည် ။ ။ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်း သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင် နေထိုင်သူ တစ်ဦးအား ဇွန်လ ၇-ရက်နေ့က ခဲတံချွန်ဓါးနှင့် အလှီးခံရကြောင်း သိရသည်။

    ဖြစ်ပွားပုံမှာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဈေး(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်သော သကျမုနိမိုရ်းကောင်းဘုရားကြီး၏ အလှူခံဌာနတွင် နိဗ္ဗာန်ဆော်အဖြစ် တာဝန်ထမ်းဆောင်နေပြီး အလှူခံလေ့ရှိသော အသက် (၆၅)နှစ် အရွယ်ရှိ ဦးသိန်းအောင် (ဘ) ဦးခင်မောင် ၏ လည်ပင်းအား ခံတံချွန်ဓါးနှင့်း လှီးဖြတ်ခံခဲ့ရကြောင်း၊ ထို ဒဏ်ရာကြောင့် ဦးသိန်းအောင်သည် ယင်း ဓါးဖြင့် လှီးဖြတ်သည်ကို ၆-ချက် ချုပ်လိုက်ရကြောင်းနှင့် ပေါင်းတည်ဆေးရုံတွင် တက်ရောက်ဆေးကုသခံယူမှု ပြုလုပ်လိုက်ရကြောင်းသိရသည်။

    အဆိုပါ ဦးသိန်းအောင်အား ဓါးဖြင့် လှီးသူမှာ နတ်တလင်းမြို့နယ်၊ လှပခြင်းရွာ နေ ဗမာ/ဗုဒ္ဓဘာသာ ဖြစ်ပြီး အသက် (၁၄)နှစ်အရွယ်ရှိ ခန့်ကြည်ဝင်း (ခ) ဖြူလုံး (ဘ) ဦးကျင်ထွန်း ဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းဖော်ထုတ်ခဲ့ပြီး ယင်းအမှုအား ပေါင်းတည်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းထွဋ်မှ ပြစ်မှု ပုဒ်မ(၃၂၆)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

    ယခုကဲ့သို့ ဓါးဖြင့် လှီးဖြတ်ခံရသည်မှာ အဆိုပါ ဦးသိန်းအောင်ဆိုသူသည် ဘုရားဝင်းအတွင်းတွင် နေထိုင်သူဖြစ်ပြီး ဘုရားဝင်းအတွင်း ကလေးများ လာရောက်ကစားသည်ကို ငေါက်ငမ်းအော်ဟစ်လွှတ်မှုကို မကျေနပ်၍ သူအိပ်ပျော်နေချိန်တွင် လာရောက် လှီးဖြတ်သွားခြင်းဖြစ်နိုင်ကြောင်းကို အဆိုပါ ဦးသိန်းအောင်နှင့် နီးစပ်သူထံမှ သိရသည်။

    poung tae

    ** ဓါတ်ပုံပါ သတင်းထုတ်ပြန်ချက်မှာ ကောလဟလ သတင်းအမှားများထုတ်ပြပြန်ပြီး ဘာသာရေးအကြမ်းဖက်မှုများ ဖန်တီးမည်ကို စိုးရိမ်သောကြောင့် ပေါင်းတည်ရဲစခန်းမှ သတင်းထုတ်ပြန်ချက်ဖြစ်ပါသည်။

  • ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်း စုကြည်၏ တောင်းဆိုချက်ကို ဦးသိန်းစိန်မှ ပယ်ချ

    ဇွန် ၈ ၊၂၀၁၃
    Source: Australia Network News

    သူမအနေဖြင့် နိုင်ငံ၏ အဆင့်မြင့် တာဝန်များအား ထမ်းဆောင်ရန်အတွက် သမ္မတဦးသိန်းစိန် ၏ အာဏာအား အသုံးပြု၍ လမ်းဖွင့်ပေးရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုချက် အား သမ္မတဦးသိန်းစိန်မှ ပယ်ချလိုက်ပါသည်။

    4742080-16x9-700x394

    ABC သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု၌ ဒေါ်စုကြည်မှ နိုင်ငံတော်၏ အမြင့်ဆုံးရာထူးအား ရည်ရွယ်သည်ကို မိမိမှ မကန့်ကွက်ပါကြောင်း၊ သို့သော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေး ကိစ္စမှာ လွှတ်တော်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယင်းကိစ္စကို မိမိမှ ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း “ ဖွဲ့စည်းပုံ ဥပဒေဟာ ပြည်သူ့ထောက်ခံမှုနဲ့ ရေးဆွဲခဲ့တာပါ။ ဒါကြောင့် လွှတ်တော်က လုပ်ပိုင်ခွင့်ပေးပြီး၊ ပြည်သူတွေက သူမကို သမ္မတအဖြစ် သဘောတူညီမယ်ဆိုလို့ရှိယင် ကျွန်တော့်ဖက်က ပြောစရာမရှိပါဘူး ” ဟု သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

    ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်များနှင့်အစိုးရခေါင်းဆောင်များ၏ စုပေါင်းတွေ့ဆုံမှု တစ်ခုဖြစ်သော အရှေ့အာရှကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်၌ ကျင်းပနေစဉ် အတွင်း ဒေါ်စုကြည်မှ ယင်းသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံ၏ယိုင်နဲ့နေသောစီးပွားရေးအား မြှင့်တင်နိုင်ရန် ဤဖိုရမ်က ကြားခံတစ်ခုဖြစ်သလို အတိုက်အခံခေါင်းဆောင် အတွက်လည်း မိမိ၏အသံမြှင့်ရန် အခွင့်အရေး တစ်ရပ်ဖြစ်ခဲ့သည်။

    “ ကျွန်မအဖို့ သမ္မတရာထူးရရှိဖို့ဆိုယင် ဖွဲ့စည်းပုံဥပဒေကို တရားဝင်ပြောင်းဖို့ လိုအပ်ပါလိမ့်မယ် ” ဟု ပြောခဲ့သည်။

    ဒေါ်စုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၌ လွန်ခဲ့သောနှစ်က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း သူမ၏သမ္မတဖြစ်ရေးကို လက်ရှိဥပဒေက တားဆီးလျက်ရှိသည်။ မည်သူမဆို မိမိ၏ ရင်သွေးများသည် နိုင်ငံခြားသားဖြစ်နေလျှင် သမ္မတဖြစ်ခွင့်မရှိဟု တားမြစ်ထားသောကြောင့်ဖြစ်သည်။

    ဒေါ်စုကြည်၏သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားဖြစ်နေခြင်းအပေါ် မူတည်၍ သူမအား သမ္မတရာထူးသို့ မတက်လှမ်းနိုင်အောင် ယင်းသို့စီမံရေးဆွဲပြဋ္ဌာန်းထား ခဲ့သည်ဟု မြန်မာလူမျိုးအများအပြားမှ ယုံကြည်ထားသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်းလဲပြင်ဆင်ရန်မှာ လွှတ်တော်၏ ၇၅ % ထောက်ခံမှု လိုအပ်၏။ သို့သော် အမတ် နေရာအားလုံး၏ လေးပုံတစ်ပုံမှာ စစ်တပ်မှ ရယူထားသည်။

    ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် ဒေါ်စုကြည်၏ တက်လမ်းအလို့ငှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆော်သြပေးရန် မိမိထံ အခွင့်အာဏာမရှိကြောင်း “ ကျွန်တော်တို့နိုင်ငံမှာ မဏ္ဍိုင်ကြီးသုံးရပ် ရှိနေပါတယ်။ အုပ်ချုပ်စီမံရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးကဏ္ဍများ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကို သြဇာပေးဖို့ အခွင့်အာဏာ ကျွန်တော့်ဆီမှာ မရှိပါဘူး ” ဟု ပြောဆိုခဲ့သည်။

    Ref: http://www.abc.net.au/news/2013-06-08/an-thein-sein-rejects-suu-kyi-demand/4742094