News @ M-Media

Blog

  • လားရှိုးမြို့မှ မွတ်စလင်မ်များကို အကြမ်းဖက်မီးရှို့တိုက်ခိုက်မှု့ ရုပ်သံသတင်းများ စုစည်းမှု

    လားရှိုးမြို့မှ မွတ်စလင်မ်များကို အကြမ်းဖက်မီးရှို့တိုက်ခိုက်မှု့ ရုပ်သံသတင်းများ စုစည်းမှု

    လားရှိုးမြို့မှ မွတ်စလင်မ်များကို အကြမ်းဖက်မီးရှို့တိုက်ခိုက်မှု့ ရုပ်သံသတင်းများ စုစည်းမှု
    ======================

    လားရှိုးမြို့မှ မွတ်စလင်မ်များကို အကြမ်းဖက် မီးရှို့တိုက်ခိုက် ခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ မီဒီယာအသီးသီးမှ ဖော်ပြခဲ့သည့် ရုပ်သံမှတ်တမ်းသတင်းများကို M-Media မှ စုစည်းပေးထားပါ။

    ယနေ့ ဇွန်လ ၃ ရက်နေ့အထိ စုစည်းထားသော ရုပ်သံမှတ်တမ်း ၁၁ ခုရှိပါတယ်။ အောက်ဖော်ပြပါ လင်ခ်ကို နှိပ်ပြီး ကြည့်ရှု့နိုင်ပါတယ်။

    http://www.youtube.com/watch?v=t_2YlAmLEVw&list=PLrN3vEHYCFKKpcksjQYAfhoj5cckOX3gI

  • အစ္စရေး အမျိုးသမီး စစ်သည်များအား ညစ်ညမ်းဓာတ်ပုံများကြောင့် အရေးယူ

    ဇွန်-၃၊၂၀၁၃
    M-Media

    Facebook အွန်လိုင်း မီဒီယာတွင် အမျိုးသမီး စစ်သည်တပ်စုသစ်တစ်စုသည် အတွင်းခံအင်္ကျီများဖြင့် ဓာတ်ပုံရိုက်တင်ထားခြင်းကြောင့် အစ္စရေးစစ်တပ်သည် ၄င်းတို့အား ကြပ်မတ်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

    Israeli Women On The Frontline In Border Patrols

    ဓာတ်ပုံတစ်ခုတွင် အမျိုးသမီးစစ်သည်များသည် အတွင်းခံအ၀တ်များဖြင့် မိမိတို့၏ ခန္ဓာအနောက်ပိုင်းအလှကို ဖော်ပြထားပြီး၊ နောက်ထပ်ဓာတ်ပုံတစ်ခုတွင် အမျိုးသမီး ငါးယောက်သည် ကာကွယ်ရေးဦးထုပ် နှင့် စစ်တိုက်ရာတွင် အသုံးပြုပစ္စည်းအချို့ကိုသာ ဆင်ယင်ထားကာ မျက်နှာများကိုမူ ထင်ထင်ရှားရှား ဖော်ပြထားခြင်း မရှိကြောင်းသိရသည်။

    ယင်းအမျိုးသမီးတို့သည် အစ္စရေးတောင်ပိုင်းစစ်စခန်းတစ်ခုမှ တပ်သားသစ်စစ်သမီးများဖြစ်သည်ဟု  အစ္စရေး သတင်းဌာနတစ်ခုမှ ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်မှပေးအပ်သော မှတ်ချက်တစ်ခုတွင် ယင်းအမျိုးသမီးငယ်များ၏ အပြုအမူသည် အစ္စရေးစစ်သည်တို့၏ ကျင့်ဝတ်သိက္ခာနှင့် မကိုက်ညီကြောင်း၊ စစ်ဖက်ဆိုင်ရာအရာရှိများမှ သက်ဆိုင်သူများကို ထိုက်သင့်သည့် ကြပ်မတ်ထိန်းသိမ်းမှုပြုလုပ်ခဲ့ကြောင်း ၄င်းမှ ဆိုထား၏။

    လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း  အစ္စရေး စစ်သားအမြောက်အများကို အွန်လိုင်း မီဒီယာများတွင် ညစ်ညမ်းပုံများနှင့်မှတ်ချက်များ တင်ခြင်းအတွက် အစ္စရေးစစ်တပ်မှ စည်းကမ်းချက်ထုတ်ပြန်ခဲ့သည်။

    ၂၀၁၀ ခုနှစ်တွင်  အစ္စရေး စစ်သားတစ်ဦးသည် မျက်လုံးကိုအ၀တ်စီးထားသော ပါလက်စတိုင်းအမျိုးသမီးအနီးတွင် လိင်စိတ်ဆွအကဖြင့် လှည့်ပတ်ကနေသော ဗီဒီယိုအား YouTube ပေါ်၌ တွေ့ရှိခဲ့ရသည်။ ၄င်းနှစ်အစောပိုင်းမှာပင် အမျိုးသမီးစစ်သည်တစ်ဦးသည် ပါလက်စတိုင်း အကျဉ်းသားများအရှေ့၌ ကိုယ်ဟန်ပြနေသောပုံများသည်လည်း အင်တာနက်ပေါ်တွင် ပျံနှံ့သွားခဲ့သည်။

    ယခုနှစ်အစောပိုင်းတွင်လည်း Twitter ၌ ပါလက်စတိုင်းဆန့်ကျင်ရေး  Status များရေးတင်ခြင်း နှင့် အွန်လိုင်းမီဒီယာ အသီးသီးသို့ ၀တ်လစ်စလစ်ဖြင့်  သေနတ်ကိုင်ထားသည့်ပုံများတင်ခဲ့ခြင်းကြောင့် စစ်သားတစ်ဦးအား အရေးယူခဲ့ကြောင်း သိရသည်။

    Ref: aljazeera

  • ဇွန်-၃၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်-၃၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်-၃၊၂၀၁၃
    M-Media

    လူမျိုးရေး ခွဲခြားမှုဖြင့် ပြင်သစ် နိုင်ငံရေးပါတီ ခေါင်းဆောင် ရာထူးမှဖယ်ရှား၊ တရားစွဲဆိုခြင်းခံရမည်။

    မရီးန်လီပန် (Marine Le Pen)သည် ပြင်သစ်ရှိ မွတ်စလင်မ်များအား ဆန့်ကျင်ဝေဖန်မှုကြောင့် သူမအား ပါတီခေါင်းဆောင် အဖြစ်မှ ပယ်ဖျက်ရန် ဥရောပ ပါလီမန်မှ အဖွဲ့ဝင်များက မဲဆန္ဒခွဲ ဆုံးဖြတ်ခဲ့ကြသည်။မရီးန်လီပန်သည် ပြင်သစ် National Front ပါတီ၏ ဦးဆောင်သူဖြစ်ပြီး၊ ပြင်သစ်ရှိ မွတ်စလင်မ်အသိုင်းအ၀ိုင်းအား ဦးတည်၍ လူမျိုးခွဲခြား ဝေဖန်မှုကြောင့် အရေးယူခံ ရဖွယ်ရှိကြောင်း သိရသည်။
    Read More=>

    တရုတ်နိုင်ငံ အသားစားကြက်ခြံ မီးလောင်    (Reuters)
    ယနေ့ မနက်အစောပိုင်း တရုတ်နိုင်ငံ Dehuiမြို့  Jilin တိုင်းဒေသကြီးတွင် လောင်ခဲ့သောမိကြောင့် အလုပ်သမားများပိတ်မိပြီး အနည်းဆုံး ၁၁၉ဦးသေဆုံးခဲ့ပြီး ၅၄ဦးခန့် ဒါဏ်ရာရခဲ့သည်။
    Read More=>

    ဥရောပအလယ်ပိုင်း မိုးကြီး၍ ရေလွှမ်းမိုး

    ဥရောပ အလယ်ပိုင်းနိုင်ငံများ ဖြစ်သော ချက်၊ ဩစထြီးယား၊ ပိုလန်၊ဆလိုဗက်ကီးယာ၊ ဟန်ဂေရီ နှင့် ဂျာမဏီ နိုင်ငံများတွင် ရေလွှမ်းမိုးခဲ့သည်။
    Read More=>

    တူရကီနိုင်ငံဆန္ဒပြမှု ဖြစ်ပေါ်

    ငြိမ်သက်သွားပြီဟုယူဆရသော ဆန္ဒပြမှုများ ယနေ့ ပြန်လည်ဖြစ်ပေါ်လာသည်။
    Read More=>

    မင်းသမီးAngelina Jolie ခွဲစိတ်မှုအပြီး ပရိသတ်နှင့် တွေ့ဆုံ

    ရင်သားကင်ဆာ မျိုးရိုးဗီဇကြောင့် ကြိုတင်ကာကွယ်မှုအဖြစ် ရင်သားနှစ်ဘက်ကို ခွဲစိတ်ဖြတ်တောက်ခဲ့ပြီး ပရိသတ်၏ အားပေးစကားများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    Read More=>

    Apple ကွန်ပြူတာ ကုမ္ပဏီ အင်တာနတ် ရေဒီယို လွှင့်ထုတ်မည်

    အင်တာနတ် ရေဒီယို လွှင့်ထုတ်မှုကို နောက်တစ်ပါတ်အကြာတွင် စတင်မည်ဟုကြေငြာလိုက်သည်။
    Read More=>

    ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပိတ်ပင်ခံရ

    ဗီယက်နမ်နိုင်ငံ ဟနွိုင်း (Hanoi) မြို့တော်မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတခု ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တာကို ရဲတွေက အမြန်ဆုံး လူစုခွဲခဲ့ပါတယ်။ သူပိုင် ကိုယ်ပိုင်အငြင်းပွားနေကြတဲ့ ရေပိုင်နက်ထဲမှာ ဗီယက်နမ် ငါးဖမ်းလှေကို တရုတ် ရေတပ်ရေယာဉ်တွေက အတင်းဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်ကို မကျေနပ်ကြတဲ့အတွက် မြို့လယ်မှာ လူ ၁၀၀ ကျော် စုဝေးဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။
    Read More=>

    အကျဉ်းကျ ထိုင်ဝမ်သမ္မတဟောင်း သေကြောင်းကြံဖို့ ကြိုးစား

    ထိုင်ဝမ်မှာ အကျဉ်းချခြင်း ခံနေရတဲ့ သမ္မတဟောင်း ချမ်ရွှေဗြန်း (Chen Shui-bian) ဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
    Read More=>

    ကဒါဖီ ပိုင်ဆိုင်မှု တောင်အာဖရိက မှာရှိ

    ကွယ်လွန်သူ လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ မိသားစုပိုင် ဒေါ်လာ သန်းတထောင် လောက် တန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုလို့ တောင်အာဖရိက အစိုးရက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါတယ်။
    Read More=>

  • ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ အကြိုစာနယ်ဇင်း ရှင်းလင်းပွဲ

    ဇွန် ၃၊ ၂၀၁၃
    M-Media
    သန့်သန့်

    ရန်ကုန် ။             ။        ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တစ်ကျော့ပြန်စစ်၏ နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ၏ အကြိုစာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၃ ရက် (တနင်္လာနေ့) နေ့လည် (၁)နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ COMREG ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    P6030001

    အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်း၊ မမေစပယ်ဖြူ၊ အဖြူရောင်တွဲလက်များမှ ကိုဖိုးသား၊ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့မှ ကိုအောင်မင်းနိုင်တို့မှ ရှင်းလင်းပြောပြခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော မီဒီယာများမှ မေးမြန်းကြသည်များကို ကိုဂျော်ဂွန်း၊ မမေစပယ်ဖြူ၊ ကိုဖိုးသားနှင့် ကိုအောင်မင်းနိုင်တို့မှ ပြန်လည်ဖြေကြားခဲ့ကြပါတယ်။  အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲသို့ မီဒီယာများနှင့် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသူများထဲမှ တချို့နှင့် စုစုပေါင်း (၄၀)၀န်းကျင်ခန့် တက်ရောက်ခဲ့ပါသည်။

    ကချင်ဒေသတွင် တစ်ကျော့ပြန်စစ် ပြန်လည်ဖြစ်ပွားခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်တွင် စစ်အတွင်းထိခိုက်သေဆုံး ခဲ့ရသော မိသားစုများစွာတို့အတွက် ဘာသာပေါင်းစုံ အောက်မေ့ သတိရဆုတောင်းခြင်းနှင့် “စစ်ပွဲ၏နောက် ကွယ်မှ မျှော်လင့်ချက်များ” ဗွီဒီယိုမှတ်တမ်းတိုအား ပြသခြင်းအပါအဝင် ငြိမ်းချမ်းရေးခေါ်ဖိတ်သော ဂီတ၊ ပန်းချီ၊ ကဗျာ၊ ဓါတ်ပုံ၊ အနုပညာပြခန်းများ ခင်းကျင်းပြသခြင်းကို စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေးကိုလိုလားသော အရပ်ဘက်လူမှုအဖွဲ့အစည်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများမှ ကြီးမှူး၍အစီအစဉ်များအတိုင်း (၃) ပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

    သံတမန်များနှင့် အလှူရှင်များကို စစ်ဘေးရှောင်ပြည်သူများ၏ လက်ရှိအနေအထားကို ရှင်းလင်းတင်ပြခြင်း အစီအစဉ်(၁)ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ (၇) ရက်၊ သောကြာနေ့ နံနက် (၁၀း၀၀) နာရီတွင် ရန်ကုန်မြို့ Central Hotel ၌ပြုလုပ်မည်ဖြစ်ပြီး၊ အစီအစဉ်(၂)မှာ နှစ်နှစ်တာကာလ စစ်အတွင်းထိခိုက်သေဆုံးခဲ့ရသော နှစ်ဘက်စစ်သည်များနှင့် အပြစ်မဲ့တိုင်းရင်းသား ပြည်သူ များအားလုံးတို့အတွက် ကြေကွဲလွမ်းဆွတ် အောက်မေ့သတိရ အသိအမှတ်ပြုသောအားဖြင့် အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချများကို ရန်ကုန်အခြေစိုက် အသင်းအဖွဲ့ပါင်းစုံတို့မု ဆူးလေမဟာဗန္ဓုလပန်းခြံတွင်းမှ လွတ်လပ် ရေးကျောက်တိုင်ရှေ့သို့ သယ်ယူလာခြင်းကို ဇွန်လ (၉)ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ အစီအစဉ်(၃)အရ ဇွန်လ (၉)ရက်နေ့တွင် လွမ်းသူ့ပန်းခွေများကို လမ်းလျှောက်အဖွဲ့မှ အလုံပိုးကရင်ခြံသို့ သယ်ဆောင်လာပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပမည့် အစီအစဉ်ဖြစ်သော်လည်း အာဏာပိုင်များမှ လာရောက်ဖိအားပေးမှုကြောင့် အလုံပိုးကရင်ခြံတွင် ပြုလုပ်နိုင်ခွင့်မရတော့ပဲ နေရာပြောင်းရွှေ့ပြုလုပ်ရန် စီစဉ်နေရကြောင်းလည်း သိရပါသည်။

    ယင်းကဲ့သို့ နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနားများကိုကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ –

    ၁။ ကချင်ဒေသတွင် နှစ်နှစ်ပြည့်သည်တိုင်အောင် အဆုံးမသတ်နိုင်သေးသော လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ထိခိုက်ဆုံးရှုံးရမှုများကို အများပြည်သူသိအောင် ဖော်ပြပြီး စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအရဆွေးနွေးပွဲများ အမြန်ဆုံးဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသားပြည်သူတစ် ရပ်လုံး၏ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်ပိုမိုရရှိနိုင်ရန်။
    ၂။ နှစ်နှစ်ပြည့်သည်အထိ ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ခြင်းမရှိသေးသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်း များမှ စစ်ဘေးသင့်ပြည်သူများ၏ အဓိကကျသော အခြေခံလိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးနိုင် ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကွန်ရက်များမှတစ်ဆင့် အားယူရန်။
    ၃။ ကချင်ဒေသငြိမ်းချမ်းရေးသည် တစ်နိုင်ငံလုံး၏အရေးဖြစ်သည်နှင့်အညီ လတ်တလောပြုလုပ်နေသော ငြိမ်း ချမ်းရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေးတွင် ရန်ကုန်မြို.နေ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအသီးသီးတို့မှလည်း စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် ညီညွတ်စွာ တစ်သားတည်းရှိပါ ကြောင်း အားပေးမေတ္တာပြနိုင်ရန်ဖြစ်ကြောင်းကို ကချင်ငြိမ်းချမ်းရေးကွန်ရက်သတင်းထုတ်ပြန်ချက်မှသိရသည်။

    အဆိုပါ အခမ်းအနားအစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်သိလိုလျှင် ကိုဂျော်ဂွန်း – ၀၉ ၇၃၁၄၀၇၂၈၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။

    More Photo

  • ခိုးဝင်သည့် လှေနစ်မြှုပ်၊ မြန်မာ ၁၂ ဦး အလောင်း ထိုင်းပင်လယ်ကမ်းခြေ၌ တွေ့၊ ၃၈ ယောက် ကယ်ဆယ်ထားနိုင်

    ဇွန်-၃၊၂၀၁၃
    M-Media

    ထိုင်းနိုင်ငံ အနောက်ပိုင်းကမ်းခြေဒေသရှိ ရနောင်းမြို့ အနီး ကျွန်းများတွင် မြန်မာပြည်မှ လှေဖြင့် ခိုးဝင်လာရာမှ ရာသီဥတု ဆိုးရွားမှုကြောင့် လှေနစ်ပြီး သေဆုံးသည်ဟု ယူဆရသော အလောင်း ၁၂ လောင်းခန့် တွေ့ရှိခဲ့သည်။

    ranong

    စနေ့နေ့မနက်ပိုင်းက လှေနှစ်မြုပ်ခဲ့ပြီးနောက်၊ တနင်္လာနေ့တွင် ရနောင်းမြို့ အနီးရှိ ကျွန်းများတွင် အလောင်းများ တွေ့ရှိခဲ့ရကြောင်း၊ အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၃ ဦးတို့၏ အလောင်းများ ဖြစ်ကြောင်း၊ ရဲချုပ်ကြီး တာဝီပွန် ချူရင်(Taweeporn Churin) မှပြောကြားခဲ့သည်။

    ယင်းမတိုင်မီ စနေနေ့က ရေတပ်ရဲတပ်ဖွဲ့မှ အမျိုးသမီးအလောင်း ၃ လောင်းအား တွေ့ရှိခဲ့သည် ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။

    တာဝီပွန်၏ ပြောပြချက်အရ အသက်ရှင်ကျန်ရစ်သူ ၃၈ ယောက် အားလည်း ရဲတပ်ဖွဲ့မှ ကယ်ဆယ်လိုက်နိုင်ကြောင်း သိရသည်။

    ရနောင်းသည် ဘန်ကောက် နှင့် မြန်မာပြည် နယ်နိမိတ် ၏ တောင်ပိုင်းတွင်ရှိပြီး ၄၆၀ ကီလိုမီတာ ကွာဝေးကြောင်း၊ ရဲများ၏ ပြောပြချက်အရ မြန်မာပြည်ဘက်မှ ခိုးဝင်လာသော အလုပ်သမားများသည် ၄င်းကဲ့သို့ပဲ လှေများနှင့်လာကြကာ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ကျကြောင်း ပြောကြားခဲ့သည်။

    မဇ္ဈိမတွင် ဖော်ပြထားသော သတင်းတပုဒ်အရ သေဆုံးသူများ၏ ကိုယ်ပေါ်မှ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားများ တွေ့ရှိခဲ့ရကြောင်းနှင့် အသက်မသေကယ်ဆယ်နိုင်သူ ၃၈ ယောက်ကို ရနောင်းအချူပ်မှာ ချူပ်နှောင်ထားကြောင်းသိရပါသည်။

    Ref: aljazeera