News @ M-Media
Blog
  • လားရှိုးမှ အမျိုးသမီးကို မီးရှို့သူမှာ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန် ရောဂါစွဲကပ်နေသူဖြစ်
    မေ-၂၉၊၂၀၁၃
    M-Media
    သတင်း-KK
    လားရှိုးမှ အမျိုးသမီးကို မီးရှို့သူမှာ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန် ရောဂါစွဲကပ်နေသူဖြစ်ကြောင်း ဆေးမှတ်တမ်းများအရ သိရှိရ
    ယမန်နေ့က လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးအား မီးရှို့ခဲ့သူသည် ကျိုင်းတုံမြို့နေ ကိုနေ၀င်း ဆိုသူဖြစ်ပြီး။ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန်ရောဂါ စွဲကပ်နေသူဖြစ်ပါတယ်။ (အရက်ကြောင်) ခံစားနေရသူဖြစ်ပါတယ်။ ကိုနေ၀င်းအား ဆေးရုံမှ ဆေးစာ ထုတ်ပေးထားခြင်းခံရသူဖြစ်ပါတယ်။ ဆေးရုံမှထုတ်ပေးထားသော ဆေးစာအရ အရက်အလွန် အကျွံသောက်မှုကြောင့်ဖြစ်လာတဲ့ စိတ်ရောဂါဖြစ်ကြောင်း ပါရှိပါတယ်။
    ကိုနေ၀င်းဟာ ယခင်က လေယာဉ်ရုံးမှာ နှစ်အတန်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အရက် အလွန်အကျွံသောက်သုံးသူဖြစ်သဖြင့် ဆရာဝန်မှ အရက်မသောက်ရန် တားမြစ်ထားပါတယ်။  စိတ်ရောဂါကြောင့် အလုပ်ထွက်လိုက်ရတယ်လို့ သိရပါတယ်။ တစ်ခါတလေ သူ့ကို ကြိုးနဲ့တုပ်ထားရတဲ့အထိ စိတ်ရောဂါဖောက်ပြန်ဘူးကြောင်းနှင့် သူက တအားထိန်းရခက်တော့ သူ့ကို ခရီးမသွားဖို့ အလုပ်မလုပ်ဖို့ မကြာခဏ မိသားစုဝင်တွေက ပြောခဲ့ရတယ်ကြောင်း စုံစမ်းသိရှိရပါတယ်။
    “ဆေးစာအရတော့ အရက်ကြောင့်ဖြစ်တဲ့စိတ်ရောဂါ လို့ရောဂါနာမည် တတ်ထားတယ်။ ဆေးမှန်မှန် မသောက်ဘူး ဒါကြောင့် ရောဂါပြန်ပြန်ထတယ်။ စိတ်ရောဂါရဲ့ လက္ခဏာတွေထဲက အခြားသူတွေကသူ့ကို ဒုက္ခပေးလိမ့်မယ်လို့ထင်နေတဲ့အထင်မှားမူ (persecutory delusion) နဲ့ တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) ရှိတယ် လို့ရေးထားတယ်။ အဲဒီတခေါက်က ၅ ကြိမ်မြောက်ဆေးရုံတက်တာ၊ တာချီလိတ်ကို ဆိုင်ကယ်နဲ့ တယောက်ထဲသွားတာမှာ စိတ်ဖောက်လာပြီး နဲ့ Officerနဲ့ စကားများတယ်။ ရဲစခန်းရောက်တယ်။ အဲဒီကမှ တာချီလိတ်ဆေးရုံမှာ ၁၈၊၇၊၂၀၁၂ မှာတက်ပြီး စိတ်ငြိမ်ဆေးထိုးရတယ် လို့ရေးထားတယ်။ အဲဒီကမှ ကျိုင်းတုံဆေးရုံ ရောက်တာ။”လို့ ဆေးစာမှာ ရေးထားပါတယ်လို့ ဆရာဝန် တစ်ဦးမှ မှတ်ချက်ပြုလာပါတယ်။
    medical doc2 medical doc3
    medical doc medical doc4 medical doc5
  • လားရှိုးမြို့ နောက်ဆုံးအခြေအနေ (၃း၀၀ နာရီ)
    မေ-၂၉၊၂၀၁၃
    M-Media
    KK
    မနေ့ညက ဖျက်ဆီးခဲ့သော ဘူတာရပ်ကွက်ရှိ ဘူတာဗလီကိုလည်း ဒီနေ့မနက်ပိုင်းမှာ ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။ ဘူတာရပ်ကွက်ဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ရာရပ်ကွက်ဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သည့် မွတ်စလင်မ်များမှာလည်း လက်လုပ်လက်စားများသာ ဖြစ်ပါတယ်။
    21
    အကြမ်းဖက်သများ မီးရှို့ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော်အား မီးလောင်နေပုံ
    ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ facebook
    ဒီနေ့မနက်ပိုင်းမှာပဲ လားရှိုးမြို့ရှိ မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို အကြမ်းဖက်ဖျက်ဆီး တိုက်ခိုက်လုယက်ရန် ကြိုးစားမှုများ ဆက်လက်ရှိနေပါတယ်။ ၁၂-ရပ်ကွက်ကို မီးရှို့ရန်အတွက် အကြမ်းဖက်သမားများ ဆင်းလာကြသော်လည်း ရပ်ကွက်က ပြန်လည် ခုခံမယ့် အနေအထားရှိတာကြောင့် အကြမ်းဖက်သမားများ ပြန်လည်ထွက်ပြေးသွားကြပါတယ်။
    မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို လိုက်လံဖျက်ဆီးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှ စိုးရိမ်ထိတ်လန့်နေကြသော မွတ်စလင်မ်များဟာလည်း နီးစပ်ရာ အခြားနေရာများသို့ ပြောင်းရွေှ့နေထိုင်မှုများ ရှိနေကြပါတယ်။
    ဘုန်းကြီးကျောင်းအများစုရှိရာ ရပ်ကွက်(၄)တွင်နေထိုင်သော မွတ်စလင်မ်များသည်လည်း ရပ်ကွက်အတွင်း မနေထိုင်ရဲကြဘဲ အခြားနေရာများသို့ ပြောင်းရွှေ့နေကြပါတယ်။ ရပ်ကွက်အတွင်းတွင် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်စေရေးအတွက် ရပ်ကွက်မှ ၀ိုင်းဝန်း စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။
    ရပ်ကွက်(၇)ရှိ အောက်ဗလီကို အကြမ်းဖက်သမားများ လာရောက်ဖျက်ဆီးခဲ့သည့်အတွက် ယခုအခါ အောက်ဗလီလည်း ပျက်ဆီးသွားပြီဖြစ်ပါတယ်။ အောက်ဗလီကို အကြမ်းဖက်သမားများက စတင်မီးရှို့စဉ်တွင် မီးရှို့ပါက အခြားအိမ်များသို့လည်း မီးကူးစက်နိုင် မီးမရှို့ရန် ရပ်ကွက်မှ ပြောသည့်အတွက် ၀ိုင်းဝန်းရိုက်နှက် ဖျက်ဆီးလိုက်ကြပါတယ်။ ယခုအခါ စစ်တပ်ရောက်ရှိလာပြီး လုံခြုံရေးချထားပြီး အပျက်အစီးများကို စောင့်ကြည့်နေကြောင်း သိရပါတယ်။
    လားရှိုးမြို့မှာ လုံခြုံရေးချထားသော်လည်း လုံခြုံရေးမှ ရပ်ကွက်အတွင်း လုံခြုံရေးကို တာဝန်ယူမှုမရှိတာကြောင့် လားရှိုးမြို့ရှိ မွတ်စလင်မ်အားလုံး စိုးရိမ်ထိတ်လန့်နေပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများကို တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်းလည်း သိရှိရပါတယ်။
    ယမန်နေ့ညက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် စိတ်ဝေဒနာသည် တစ်ဦးဟု ယူဆရသူ ကိုနေဝင်းမှ မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် ရဲမှ ဖမ်းဆီးထားခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည့် အချိန်တွင် မီးရှို့မှုဖြစ်ပွားခဲ့ရာမှအစပြုကာ ဘာသာရေး အကြမ်းဖက်မှု အသွင် ကူးပြောင်းလာပြီး ယခုလို အကြမ်းဖက်မှု ကြီးထွားလာရခြင်းမှာ လားရှိုးမြို့ ရဲတပ်ဖွဲ့၏ တာဝန်မကင်းကြောင်းလည်း မြို့ခံတချို့က ပြောကြပါတယ်။
    ၂၀၁၂-ခု ဇွန်လတွင် ရခိုင်ပြည်နယ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လာရာ ၂၀၁၃-ခု မတ်လအတွင်း မိတ္ထီလာမြို့၊ ပဲခူတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းနှင့် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထိပါ ကူးစက် ပျံ့နှံ့လာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော်နေကြပါတယ်။
    ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပေါ်လာနေသည့်အတွက် မြို့နယ်အများစုတွင် ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့များဖွဲ့ပြီး အေးချမ်းသာယာအောင် ပြည်သူများမှ တစ်ဘက်တစ်လမ်းမှ ကြိုးစားဖန်တီးနေသော်လည်း အကြမ်းဖက်မှုဖြစ်ပွားစေရန် တမင်စနစ်တကျအကွက်ချစီစဉ်ပြီး လုပ်ဆောင်နေမှုများကြောင့်သာ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
    ဤအကြမ်းဖက်မှုများ ဖြစ်ပွားရာ ပြည်နယ် တိုင်းများသည် ၉၆၉ တရားပွဲပြုလုပ်ပြီးချိန်တိုင်းတွင် ဖြစ်ပွားလာခြင်း ဖြစ်သည်ကို လေ့လာသိရှိရသည့်အတွက် ၉၆၉ တရားပွဲများကို တားဆီးပြီး အကြမ်းဖက်သူများကို ထိရောက်စွာ အရေးယူသင့်နေပြီဖြစ်ကြောင်း ဗုဒ္ဓသာသနာကို လေးစားမြတ်နိုးစွာ လိုက်နာကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်များမှလည်း ပြောကြားမှုများ ရှိလာနေပါတယ်။
    ယခု နေ့လည်ပိုင်းအထိ လားရှိုးမြို့ အခြေအနေမှာ ငြိမ်သက်မှုမရှိဘဲ မွတ်စလင်မ်များမှာလည်း ကျီးလန့်စာစားနေနေကြရပါတယ်လို့ M-Media မှ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရပါတယ်။
  • ဗြိတိန်တွင် ဗလီရှေ့၌ ဆန့်ကျင်ဆန္ဒပြမည့် EDL ပါတီဝင်များကို ဗလီဝတ်ကျောင်းမှ အစားအသောက်များဖြင့် ဧည့်ခံ
    မေ-၂၇၊၂၀၁၃
    M-Media
    ယော့ရှိုင်းယားမြို့မှ ဗလီဝတ်ကျောင်းတော်တစ်ခုမှ တာဝန်ရှိသူများသည် ၎င်းတို့ဗလီဝတ် ကျောင်းတော်ရှေ့၌ လက်ယာစွန်းရောက် အဖွဲ့မှ ဦးစီးကျင်းပသည့် ဆန္ဒပြပွဲတွင် ပါဝင်ဆန္ဒပြမည့် သူများအားဖိတ်ခေါ်ကာ လက်ဖက်ရည်၊ ဘီစကစ်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
    York mosque - tea protest
    UK မှ လက်ယာအစွန်းရောက် EDL ပါတီဝင်များ အင်တာနက်မှ တဆင့် လှုံဆော်မှုကြောင့် လူနှစ်ဒါဇင် ၀န်းကျင်ခန့်မှာ  ယော့ရှိုင်းယားမြို့ ဗလီဝတ်ကျောင်းတော်ရှေ့၌ ပြုလုပ်မည့် ဆန္ဒပြပွဲသို့ ပါဝင်ရန် ရောက်ရှိလာခဲ့ပြီး ဗလီဝတ်ကျောင်းတော်ရှေ့ရှိ သစ်သားခြံစည်းရိုးတွင် ဂျော့ဂ်ျဘုရင့် အလံကို ချိတ်ဆွဲထားသည်။
    သို့သော်လည်း ထိုအုပ်စုရှိအဖွဲ့ဝင်များအား ဗလီဝတ်ကျောင်းတော်မှဖိတ်ခေါ်ကာ လက်ဖက်ရည်များ၊ ဘီစကစ်များဖြင့်ဧည့်ခံခဲ့ပြီး ဘောလုံးပွဲစဉ်ငယ်တစ်ခု ကစားပြီးနောက်တွင် တင်းမာမှုများမှာ လျင်မြန်စွာလျော့ကျသွားခဲ့သည်။
    အဆိုပါဆန္ဒပြပွဲသို့ပါဝင်ရန် လာရောက်သည့် လီန်း စတာဗင်(Leanne Staven)က သူမသည် ဗလီဝတ်ကျောင်းတော်အား ပြဿနာပြုလုပ်ရန် လာရောက်ခြင်းမဟုတ်ဟုပြောဆိုခဲ့သည်။
    “ကျမထင်တာက စိုးရိမ်ပူပန်မှုရှိနေတဲ့ လူဖြူဗြိတိန်တွေဟာ ကျမတို့အနေနဲ့ လွတ်လပ်စွာပြောဆိုခွင့်မရှိဘူးလို့ ခံစားနေရတယ်။
    ပြောင်းလဲမှုတွေဖြစ်လာနေတာ တော်တော်ကြာပါပြီ။ ၀ူးလ်ဝစ်ခ်ျမှာ စစ်သားတစ်ယောက် အသတ်ခံရတဲ့အတွက်ကြောင့် အစွန်းရောက် အပြုအမူတွေကို သင်ယူနေတဲ့ လူတွေအပေါ်မှာ ကန့်သတ်မှုတွေလုပ်ရမယ်။ ပြီးတော့ သူတို့ကို ရပ်တန့်ရမယ်။” ဟု သူမကဆိုသည်။
    “(ကျနော်တို့ကြားထဲမှာ)တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်ခြေတွေရှိပါတယ်။ ဆန္ဒပြပွဲတွေ ပြုလုပ်နေတဲ့ EDL ပါတီက စပြီးပြောလာတယ်။ ကျနော်တို့ကလည်း မျှဝေခံစားရမယ်၊ ပြီးတော့ ဒီလို အစွန်းရောက် အကြမ်းဖက်ဝါဒဟာ မှားယွင်းတယ်ဆိုတာ လက်ခံဖို့ ပြင်ဆင်ရမယ်ဆိုတာ ကျနော်တို့ သတိပြုမိပါတယ်။ ကျနော်တို့ စတင်လုပ်ဆောင်ရမယ်။ EDL ပါတီက ဆန္ဒပြပွဲတွေမှာ ကျနော်တို့ကို ဖိတ်ခေါ်ကောင်းဖိတ်ခေါ်မယ်။ ပြီးတော့ မွတ်စလင်လူ့အဖွဲ့အစည်းကလည်း ကြည်ကြည်ဖြူဖြူနဲ့ သူတို့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။” ဟု ယောက်တက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်သူ မိုဟာမက် အလ် ဂိုမက်တီ(Mohammed el-Gomati) က ဆိုသည်။
    ယော့ရှိုင်းယားမြို့ ဗလီဝတ်ကျောင်းတော်၏ ဥက္ကဌဖြစ်သူ အစ္စမေးလ် မီအာ(Ismail Miah)က “အစ္စလာမ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မတူညီတဲ့ နိုင်ငံရေး အယူအဆတွေ၊ ဒီမိုကရက်တစ် အယူအဆတွေ၊ လက်ယာယိမ်းတွေ၊ လက်ဝဲယိမ်းတွေ၊ အလယ်အလတ်ဝါဒီတွေ ဒါတွေအားလုံး ရှိကြပါတယ်။ လူတစ်ယောက် ဒါမှဟုတ် နှစ်ယောက်လောက်က လုပ်တဲ့ကိစ္စတစ်ခုအတွက် မွတ်စလင်လူ့အဖွဲ့အစည်းအားလုံးကို ပစ်မှတ်ထားလို့ မရပါဘူး။ လန်ဒန်မှာ သူတို့လုပ်ခဲ့တာတွေက သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းအရင်းတွေကြောင့်ပါ။ အဲဒီကိစ္စရဲ့နောက်ကွယ်မှာ အစ္စလာမ်သာသနာ့ ရှုထောင့်နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရင်း ဘာမှမရှိပါဘူး။” ဟု သူကပြောဆိုခဲ့သည်။
ှSource: Guardian
  • ပုသိမ်မြို့တွင် သြဇာ အရှိန်အ၀ါသုံး ရမ်းကားနေမှုများကို အရေးယူပေးစေလို
    ပုသိမ်မြို့တွင် သြဇာ အရှိန်အ၀ါသုံး ရမ်းကားနေမှုများကို အရေးယူပေးစေလို
    မေ-၂၉၊ ၂၀၁၃
    M-Media
    နေပိုင်
    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်သိဒ္ဓိရပ်ကွက်အတွင်း၊ ၂၄.၅.၂၀၁၃ ရက်နေ့တွင် လူတစ်ယောက်သည် ဓားတစ်ချောင်းဖြင့် ရမ်းကားနေခြင်း၊ မိန်းကလေးတစ်ဦးအားလည်း ဖက်နမ်းမည်ပြု၍ ထိုမိန်းကလေးမှ ထွက်ပြေးခဲ့ရခြင်း၊ အရက်ဆိုင်ထဲတွင်လည်း အတူသောက်စားနေသူအား ရိုက်နှက်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
    ဤဖြစ်စဉ်၌  ရမ်းကားနေသူမှာ အပြူး (ခ) သူရ၀င်း (ဘ)ဦးတင်ဝင်းဖြစ်ပြီး ပုသိမ်မြို့၊ သဲတန်းရပ်ကွက်အတွင်း နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
    အပြူး(ခ) သူရ၀င်းမှာ ရပ်ကွက်အတွင်း – အရက်ဆိုင် – ဖဲဝိုင်း – ကမ်းနားဆိပ် နှင့် နေရာမျိုးစုံတွင် မိုက်ကြေးခွဲ ဆက်ကြေးတောင်းကာ ဆိုးသွမ်းရမ်းကားလေ့ရှိသူသူ တစ်ဦးဖြစ်သည်။ ၄င်းသည် ၁၅.၅.၂၀၁၂ ခုနှစ် ညပိုင်းတွင် ဥမ္မာဒဏ္ဍီရပ်ကွက်အတွင်းရှိ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သောအိမ်သို့ ပြည့်တန်ဆာခေါ်ယူရန် သွားရောက်ရာမှ ပြည့်တန်ဆာခေါင်း အိမ်ရှင်နှင့် စကားများရန်ဖြစ်ကြပြီး၊ ပြည့်တန်ဆာခေါင်း၏ဦးခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ ထိုနေ့ညဥ့် (၁)နာရီခန့် အချိန်၌လည်း ကမ်းနားလမ်း၊လူမှုဖူလုံရေးရုံးရှေ့တွင် ကွမ်းယာဆိုင်ဖွင့်လှစ်ရောင်းချသူ ကိုကတုံး ဆိုသူ လူတစ်ယောက်အား သူရ၀င်းမှ သစ်သားဒုတ်ဖြင့်လိုက်၍ ရိုက်နှက်ကြောင်း၊ ထွက်ပြေးသည်ကို ဆက်လက် လိုက်လံရိုက်နှက်ခြင်း၊ ခဲလုံးဖြင့် ထုနှက်ခြင်းကြောင့် ထိုကတုံး ဆိုသူမှာ ညောင်ပင်အောက်တွင် သေဆုံးခဲ့ရပါသည်။  သေဆုံးသူအား ကိုဘဲဥနှင့် ကိုအပြူးတို့မှ အနီးရှိ ကုန်စုံဆိုင်ရှေ့သို့ အလောင်းကိုရွှေ့ပြောင်း ထားရစ်ခဲ့သည်။ ကိုအပြူး(ခ)သူရ၀င်းမှ မျက်မြင်သက်သေ ဆိုက်ကားသမားတစ်ဦးအား ယင်းအကြောင်းကိုပြောလျှင် သတ်ပြစ်မည်ဟု ခြိမ်းခြောက်ကာ ရန်ကုန်မြို့သို့အချိန်အတန်ကြာ တိမ်းရှောင်သွားခဲ့ပါသည်။
    တိမ်းရှောင်ပြီး တစ်နှစ်အကြာ ယခုပြန်လည်ရောက်ရှိလာရာတွင်လည်း အထက်ဖော်ပြပါအတိုင်း ထပ်မံရမ်းကားမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ထိုအပြူး (ခ) သူရ၀င်း၏ဖခင်ဖြစ်သူ ဦးတင်ဝင်း (ခ) ဗဂျီးယားဆပ်မှာ ငယ်စဉ်က ပြည်ထဲရေးလက်အောက်တွင် လက်ဝှေ့ထိုးသတ်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ယခုအချိန်တွင်လည်း လက်ဝှေ့နည်းပြလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ ၄င်း၏တပည့်တပန်းအများအပြားမှာ ဌာနဆိုင်ရာ အတော်တော်များများတွင် နေရာရနေသော လူကြီးလူကောင်းများဖြစ်ကြသည်။ ၄င်းတို့အပေါ်တွင်လည်းကောင်း၊ ရဲစခန်းအပေါ်တွင်လည်းကောင်း ယခုတိုင်အောင်  ဦးတင်ဝင်း၏ သြဇာ ကြီးစိုးသက်ရောက်နေဆဲဖြစ်ကြောင်း သိရပါသည်။
  • မူဆယ် ၉၆၉ တရားပွဲ အပြီး သွေးထိုး လှုံဆော်မှုရဲ့ နောက်ဆက်တွဲ ရလဒ် လားရှိုး အကြမ်းဖက်မှု
    မေလ ၂၉၊ ၂၀၁၃
    M-Media
    သတင်း – ဆုံမှတ်
    မူဆယ်မြို့၊ ရှမ်းကွင်း၌ ပြီးခဲ့တဲ့ ရက်တစ်ပတ်လုံး မေလ ၂၀-ရက်နေ့မှ ၂၄-ရက်နေ့ အထိ “၉၆၉ တရားပွဲ” ဟု တရားဝင်ကြေညာ၍ ဗီနိုင်း ပိုစတာအကြီးကြီးဖြင့် ဗမာဘုန်းကြီးများ တရားပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    1
    Photo Wirthu FB
    အဆိုပါ တရားပွဲတွင် ဗမာဘုန်းတော်ကြီးများ ဟောကြားခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဦးပညာဝရ၊ ကြာသပတေးနေ့က ဦးဝီရသူ၊ သောကြာနေ့က ဦးဇ၀န ဆရာတော်တို့ ဟောကြားခဲ့ကြောင်း သိရသည်။
    ယင်းတရားပွဲတွင် ဆရာတော် ဦးပညာဝရ၊ ဦးဝီရသူ၊ ဦးဇ၀နတို့မှ လူမျိုး ဘာသာ မုန်းတီးရေး၊ ပုတ်ခတ်ရေး၊ သွေးထိုး လှုံဆော်ရေး တရားများ ဟောကြား ခဲ့သည်။ လူဦးရေ (၃၀၀)ခန့် အဆိုပါ တရားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
    ယင်း ဖြစ်ရပ်နှင့် ပတ်သက်၍ ဒေသခံ တစ်ဦးအား M-Media မှ ဆက်သွယ်မေးမြန်းရာ “ တရားပွဲက ၉၆၉ တရားပွဲ ဆိုပြီး တရားဝင် ကြေညာပြီးတော့ကို လုပ်တာပါ၊ နောက်ဆုံး (၃)ရက်မှာ သွေးထိုးလှုံဆော်ရေး တရားတွေ ဟောခဲ့ပါတယ်၊ ရှမ်းတိုင်းရင်းသားတွေက သူတို့ရဲ့ ၉၆၉ တရားပွဲတွေကို သိပ်စိတ်မ၀င်စားကြဘူး။ အဲဒါကို ၀ီရသူက မကျေနပ်ဘူး၊ ရှမ်းတိုင်းရင်းသားတွေက ကိုယ့်အမျိုးကို မချစ်ဘူး၊ ကိုယ့်အမျိုးကိုယ် ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကိုလည်း နားမလည်ဘူး” လို့ပြောသွားတယ်၊
    လွန်ခဲ့သောတစ်ပတ်အလွန်က တောင်ကြီးမြို့ နှင့် အနီးတဝိုက်ရှိပတ်ဝန်းကျင်မြို့ များတွင် ၉၆၉ တရားပွဲများကို ဘုန်းကြီးကျောင်းအများစုတွင် ကျင်းပခဲ့ကြပြီး ဆင်းရဲသားရပ်ကွက်အချို့ ရှိ လက်ဖက်ရည်ဆိုင်များတွင် မွတ်စလင်မုန်းတီးဆန့် ကျင်ရေးစာအုပ်များနှင့် မွတ်စလင်ဆိုင်များကို သပိတ်မှောက်ကြရန် လှုံဆော်သော စာရွက်များဖြန့် ဝေလျက်ရှိသည်။
    ၉၆၉တရားပွဲများ ရှမ်းပြည်တွင် လာရောက် ကျင်းပနေသော်လည်း ရှမ်းဘုန်းတော်ကြီးများကလည်း ဗုဒ္ဓတရားတော်များ ကိုဟောကြားသည့် တရားပွဲ သက်သက် ကျင်းပဖို့ရှိကြောင်း သိရသည်။