News @ M-Media
Blog
  • ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ပုသိမ်မြို့တွင် အမျိုးသားဒီမိုကရေစီကွန်ရက်မှ ဦးဆောင်ပြုလုပ်မည်
    ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ပုသိမ်မြို့တွင် အမျိုးသားဒီမိုကရေစီကွန်ရက်မှ ဦးဆောင်ပြုလုပ်မည်
    ဇွန် ၁၊ ၂၀၁၃
    M-Media
    နေပိုင်
    ပုသိမ် ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အမျိုးသားဒီမိုကရေစီကွန်ရက်မှဦးဆောင်ပြီး ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ဇွန်လ ၃-ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရခြင်းမှာ ပုသိမ်မြို့တွင်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုတွင် ယာဉ်ကြီးနှင့် ယာဉ်ငယ် တိုက်မှုဖြစ်သော်လည်း ငွေအင်အားတောင့်တင်းသော ယာဉ်ကြီးပိုင်ရှင်ဘက်မှ ဘက်လိုက် စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ အဆိုပါ ဘက်လိုက်စစ်ဆေးခဲ့မှုကြောင့် ယာဉ်ငယ်၏ ယာဉ်မောင်းဖြစ်သူ ကျော်မျိုးနိုင်မှာ တရားခံအဖြစ် ရောက်ရှိနေရပြီး ယင်းကဲ့သို့ မတရားပြုလုပ်မှုအပေါ် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ဆန္ဒထုတ်ဖော်ကြမှာဖြစ်ပါတယ်။ ၎င်းမတရားဘက်လိုက်မှုနှင့်အတူ မတရားသဖြင့် အသိမ်းခံထားရသော လယ်ယာမြေများ ပြန်လည် လုပ်ကိုင်နိုင်ခွင့်ရရှိရေး၊ ခေတ်နောက်ပြန်ဆွဲသူတချို့၏ အတ္တများကြောင့် မလိုလားအပ်သော ပဋိပက္ခများဖြစ်ပွားနေခြင်း၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေနိုင်ထိုင်ရေးတို့အတွက်ပါ ဆန္ဒထုတ်ဖော်ပြမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီကွန်ရက်(NDN)၏ ဥက္ကဌဖြစ်သူ ဦးသန်းဝင်းမှ ပြောပြပါတယ်။
    ယခုကဲ့သို့ဆန္ဒထုတ်ဖော်မှုအား မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ထိ တင်ပြ အကြောင်းကြားခဲ့သော်လည်း ကျောင်းဖွင့်ရက်နှင့် တိုက်ဆိုင်နေခြင်းကြောင့် ခွင့်ပြုချက် မပေးကြောင်း၊ ယခုအခါ ဒုတိယအကြိမ်အဖြစ် ထပ်မံတင်ပြ၍ ခွင့်ပြုမိန့် တင်သွင်းထားကြောင်း၊ခွင့်ပြုချက်မရရှိပါကလည်း မိမိတို့စီစဉ်ထားသော ဆန္ဒထုတ်ဖော်ပွဲအား မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခွင့်ပြုချက်မရရှိသည့်အတွက် ထိုနေ့တွင်တားဆီးမှုများရှိလာပါက ငြိမ်းချမ်းစွာဖြေရှင်းမည် ဖြစ်ကြောင်းကိုလည်း ဦးသန်းဝင်းမှ ဆက်လက်ပြောပြခဲ့ကြောင်း သိရပါတယ်။
  • ကသာမြို့၊ဗလီတစ်လုံး မီးကွင်း ပစ်မှု့ ဖြစ်ပွား
    ဇွန်-၂၊၂၀၁၃
    ဟာဂျူလီ-ကသာ
    ၁၊၆၊၂၀၁၃ ရက်နေ့ည ၁၁နာရီ၁၀မိနစ်အချိန်က ကသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြှိုမဗလီအား မီးကွင်း ပစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
    Katar
    ဖြစ်ပွားပုံမှာ ည၁၁နာရီ၁၀မိနစ်အချိန်တွင် အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးပေါ်မှ ဓါတ်ဆီထည့်ထားသော ပလပ်စတစ်ဗူးတွင် အ၀တ်မီးစာ တပ်၍ လမ်းမပေါ်မှ ဗလီအတွင်းသို့ ပစ်သွင်း သွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်၊ထိုသို့ ပစ်သွင်းမှုကြောင့် မြို့မဗလီ(ဗလီကြီး)၏ မြောက်ဘက် တိုင်တစ်လုံး မီးဟပ်သွားခဲ့ပြီး မြို့ခံ မူဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရပါသည်။
    ဖြစ်ပွားရာဗလီသို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းအောင်ကျော် ၊မြှိုနယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်အောင်မြင့်နှင့် ခရိုင် ဒ/နမှ ရဲအုပ်မျိုးခိုင်နှင့် တပ်ဖွဲ့ဝင်များ၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဌေးဝင်းနှင့် တပ်ဖွဲ့ဝင်များအပြင် လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ထွန်း တို့ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ကိုလည်း တွေ့ရပါသည်။
    ယခုဖြစ်ပွားမှုနှင့် ပါတ်သက်၍ သက်ဆိုင်ရာမှ မီးကွင်းပစ်ခဲ့သည့် ဆူပူ ပြဿနာ ဖန်တီးလိုသူများကို စုံစမ်း ဖေါ်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးမှ ပြောကြားခဲ့ပြီး ဘာသာရေး အကြမ်းဖက်မှုမလိုလားသူ မြို့ခံဗုဒ္ဓဘာသာဝင်များဝင်များမှ အဖွဲ့ပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး လုံခြုံရေးကို ယခုထက် ပိုမို တိုးမြှင့်ပေးကြရန် လိုလားနေကြောင်း သိရပါသည်၊ယခုရက်ပိုင်းအတွင်း ကသာမြို့ခံ ခမရ(၃၀၉)မှလည်း ညစဉ် လှည့်ကင်းများ ဆောင်ရွက်လျှက်ရှိနေပြီး ဘာသာရေး အဓိကရုဏ်းးများ မဖြစ်ပွားစေရန် ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
    Credit (ဟာဂျူလီ-ကသာ)
    http://herjulekatha.com/index.php/getpost/single/205
  • ဇွန်-၁၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၁၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၁၊၂၀၁၃
    M-Media
    အိုကလာဟိုးမား လေဆင်နှာမောင်း တိုက်ခတ်မှု ၅ဦးသေဆုံး
    စနေနေ့ မနက်ပိုင်း မုန်တိုင်းတိုက်အပြီး သတင်းများအရ ၅ဦးသေဆုံးပြီး ၅၀ဦး ဒါဏ်ရာရခဲ့သည်။ မုန်တိုင်းနှင့်အတူ ရေကြီးခဲ့ပြီး အပျက်အစီးစာရင်းကို အသေးစိတ် မသိရသေးပေ။
    http://www.usatoday.com/story/weather/2013/06/01/tornadoes-oklahoma-midwest-plains/2379203/
    **********
    Google Glass တွင် မျက်နှာသိရှိမှတ်သားနိုင်မှု စံနစ် ထည့်သွင်းမည် မဟုတ်
    ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို ထိပါးစေနိုင်မည့် ပူပန်မှုများကြောင့် Google ၏ ထုတ်ကုန်သစ် Glass တွင် မျက်နှာသိရှိမှတ်သားနိုင်မှု စံနစ် ထည့်သွင်းမည် မဟုတ်ကြောင်း သိရသည်။
    http://news.cnet.com/8301-17938_105-57587181-1/google-nixes-facial-recognition-in-glass-for-now/
    **********
    ဖိလစ်ပိုင်နိုင်ငံသည် ဗိုင်းရပ်စ် အသစ်ကိုတားဆီးရန် စီစဉ်
    SARSနှင့် အလားသဏ္ဌာန်တူသော အသက်ရှုလမ်းကြောင်းကို ထိခိုက်စေသည့် ဗိုင်းရပ်စ် အသစ်ကိုတားဆီးရန် WHO နှင့် ပူးတွဲ ဆောင်ရွက်လျက်ရှိသည်။
    http://news.xinhuanet.com/english/health/2013-06/01/c_132424431.htm
    **********
    အာဂျစ်တီးနားမှ အဆုတ်ကင်ဆာ ကာကွယ်ဆေး ဖော်ထုတ်
    အာဂျစ်တီးနား ဆေးသိပ္ပ ပညာရှင်များက အဆုတ်ကင်ဆာ ကာကွယ်ဆေး ကို အောင်မြင်စွာ ဖော်ထုတ် နိုင်ခဲ့သည်ဟုဆိုသည်။
    http://news.xinhuanet.com/english/world/2013-06/01/c_132423260.htm
    **********
    မနီလာတွင် ပေါက်ကွဲမှုဖြစ်
    သောကြာနေ့ ညပိုင်းက အိမ်ယာ အဆောက်အဉီးတစ်ခုတွင် ကြီးမားသော ပေါက်ကွဲမှု ဖြစ်ခဲ့ရာ ခြောက်ဦးသေဆုံးခဲ့သည်။
    http://www.independent.co.uk/news/world/asia/six-killed-in-explosion-in-manila-apartment-complex-8640541.html
  • မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများပြုလုပ်နေ
    ဇွန်လ-၁၊ ၂၀၁၃
    M-Media
    ရှမ်းကိုကို(မူဆယ်)
    မူဆယ် ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ၉၆၉ အဖွဲ့အား တရားဝင်သည်ဟု မြို့နယ် သာသနာရေးမှူးကိုယ်တိုင်ပြောဆိုခဲ့ပြီး မွတ်စလင်မ်များကိုလည်း လိုက်လံ စည်းရုံးပြောဆိုနေကြောင်း သတင်းရရှိသည်။
    1
    Photo Wirthu FB
    မေလ ၂၀-ရက်နေ့မှ ၂၄-ရက်နေ့ အထိ မူဆယ်တွင်ကျင်းပခဲ့သော “၉၆၉ တရားပွဲ”
    မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများ လွန်စွာအားကောင်းနေပြီး စီးပွားရေးခိုင်မာတောင့်တင်းသူများမှ ယင်းလှုပ်ရှားမှုကို ဦးဆောင်မှု့ပေးနေပါတယ်။ ၉၆၉ အဖွဲ့ဝင်ပါက ဆိုင်ကယ်တစ်စီးပေးမည်ဟု မဲဆွယ်သတင်းလွှင့်မှုများ ရှိနေပြီး ၉၆၉ အဖွဲ့ဟုဆိုတာ မူဆယ်မြို့အ၀င် လွယ်တိမ်ခမ်းဘုရားကုန်းပေါ်တွင် ရုံးခန်းဖွင့်လှစ်ပြီး လှုံ့ဆော်နေကြောင်းသိရပါတယ်။ ၉၆၉ အဖွဲ့ ဥက္ကဌမှာ နောင်ရိုးကွမ်းယာပိုင်ဆိုင်ရှင်ဖြစ်ပြီး အဆိုပါကွမ်းယာ ဆိုင်ပိုင်ရှင်သည် ကွမ်းယာဆိုင်ဖွင့်ထားသော်လည်း အခြားသော စီးပွားရေးလုပ်ငန်းများဖြင့် မူဆယ်တွင် လူချမ်းသာ စာရင်းဝင်များဖြစ်ပါသည်။ ယင်း ၉၆၉ အဖွဲ့သည် တရားဝင်ဖြစ်ကြောင်းပြောဆိုပြီး မြို့နယ် သာသနာရေးမှူးမှ မွတ်စလင်မ်များအား လိုက်လံစည်းရုံးပြောဆိုနေကြောင်းလည်း သိရသည်။
    “မေ ၃၀-ရက်နေ့ကစတင်၍ မူဆယ်တွင် ပြဿနာဖြစ်စေရန် ဖန်တီးနေသော်လည်း ဒေသခံရှမ်းတိုင်းရင်းသားမှ ၀င်ရောက်ကာကွယ်ပေးနေမှုကြောင် အကြမ်းဖက်မှု မအောင်မြင်ခြင်းကို ၉၆၉ အဖွဲ့များက မကျေနပ်မှုများရှိနေကြပါတယ်။
    မြန်မာပြည်မမှ ရှမ်းပြည်နယ်သို့ လာရောက်စီးပွားရှာနေသော ဗမာများကို ဆူပူမူဖြစ်အောင်ဆက်လက် ဖန်တီးမည်ဆိုပါက ရှမ်းပြည်ပြင်ပသို့ မောင်းထုတ်သွားမည်ဟု ဒေသခံရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များကပြောပါတယ်။ လက်ရှိမူဆယ်မြို့မှ ဒေသခံမွတ်စလင်တို့မှာ တရုတ်ပြည် ရွှေလီ ကျယ်ခေါင်မြို့များသို့ သွားရောက်တိမ်းရှောင်ခိုလှုံနေကြရပါတယ်”လို့ ဟုလည်း မူဆယ်မြို့ခံတဦးက ဖုန်းဖြင့် M-Media ကို အသိပေးအကြောင်းကြားလာပါတယ်။
  • ရီးရဲလ်မက်ဒရစ် မှ UAE အခြေစိုက် အီမီရိတ်စ် လေကြောင်းလိုင်း တံဆိပ် အင်္ကျီ ဝတ်ရန် စပွန်ဆာ စာချူပ်ချုပ်
    ဇွန်-၁၊၂၀၁၃
    M-Media
    မက်ဒရစ်: အီမီရိတ်စ်လေကြောင်းလိုင်း (Emirates airline) ၏ စပွန်ဆာ အားကစားဝတ်စုံအား ဘောလုံးရာသီ ၅ ရာသီခန့် ၀တ်ဆင်ရန် ရီးရဲလ်မဒရစ်အသင်းမှ သဘောတူညီခဲ့သည်။
    Emirates
    “ ကမ္ဘာကျော် အမှတ်တံဆိပ်နှစ်ခုအဖို့ ကာလ အသစ်တစ်ရပ်ဖြစ်ပြီး၊ ကျွန်တော်တို့ကိုလည်း အောင်မြင်မှုအသစ်တွေကို သယ်ဆောင်ပေးပါလိမ့်မယ် ” ဟု ရီးရဲလ်မဒရစ်ကလပ် အသင်းဥက္ကဌ ဖလိုရန်တီနို ပါရဇ် (Florentino Perez) မှ ကြာသပတေးနေ့၊ ဗာနဗြူး (Bernabeu) အားကစားရုံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ပြိုင်ဖက်မရှိ ရွေးချယ်မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး နောက်အပတ်အတွင်း၌ ဥက္ကဌနေရာကို ဆက်လက်တာဝန်ယူသွားမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ပါရဇ်က “ ကလပ်၏ သမိုင်းကြောင်းတွင် ချုပ်ဆိုခဲ့သောစာချုပ်များအနက် ယခုစာချုပ်သည် အရေးအကြီးဆုံးဖြစ်သည် ” ဟုပြောကြားခဲ့သည်။
    စပွန်ဆာပေးမှု၏ ပမာဏကို အတိကျထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း မီဒီယာသတင်းအရ တစ်နှစ်လျှင် ယူရိုသန်း ၃၀ ($38.90 million) အထိ ရှိမည်ဖြစ်ကြောင်း သိရသည်။
    လွန်ခဲ့သော ၆ နှစ်အထိ ရီးရဲလ်မဒရစ်၏ အားကစား အကျီင်္များအား Bwin အမည်ရှိ အွန်လိုင်းလောင်းကစား ကုမ္ပဏီ မှ စပွန်ဆာပေးခဲ့ပြီး ၊ ယခုအခါ ၄င်းကုမ္ပဏီအား ဒူဘိုင်းအခြေစိုက် သွင်းကုန်ထုတ်ကုန် ကုမ္ပဏီအဖြစ် အစားထိုးလိုက်ကြောင်း ဘီဝင်း၏ အတိုင်ပင်ခံကုမ္ပဏီဖြစ်သော Sport+Markt က ပြောကြားခဲ့သည်။ ၄င်း စပွန်ဆာသဘောတူညီမှုသည် တစ်နှစ်လျှင် ယူရို ၂၃ သန်း ၀န်းကျင်ရှိကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
    Bwin ကုမ္ပဏီသည် ဆိုရှယ်လ်မီဒီယာ၊ ဂိမ်း နှင့် မိုးဘိုင်းဖုန်းဆိုင်ရာအွန်လိုင်းနည်း ပညာဖက်သို့ ပြောင်းလဲလုပ်ဆောင်ပြီးလျှင် ၄င်းသည် ကလပ်၏ နောက်နှစ်ပေါင်းမြောက်များစွာအတွက် ဒီဂျစ်တယ် လက်တွဲဖက် ဖြစ်လာမည်ဟု မဒရစ်ကလပ်မှ အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
    လေကြောင်းလိုင်းနှင့် စာချုပ်ချုပ်ဆိုမှုသည် ရီးရဲလ်မဒရစ်အား သူ၏ ပြိုင်ဘက်များနှင့် ပို၍ပခုံးယှဉ်လာစေခဲ့ပြီး၊ အထူးသဖြင့် လာလီဂါဖလားချန်ပီယံဖြစ်သော ဘာဆီလိုနာအသင်းနှင့် ထိပ်တိုက်တွေ့ဖွယ်ရှိနေသည်။ ဘာဆီလိုနာအသင်းသည်လည်း ကာတာဖောင်ဒေးရှင်းမှ ၂၀၁၆ ခုနှစ် တိုင် ယူရိုသန်း ၃၀ နီးပါး အားကစားအင်္ကျီအား စပွန်ဆာပေးထားသည်။
    ယမန်နှစ် ဘောလုံးရာသီတွင် ရီးရဲလ်သည် ယူရိုသန်း ၅၀၀ ကျော် ၀င်ငွေရရှိသော ပထမဆုံး ကလပ်အသင်းအဖြစ် စာရင်းဝင်ခဲ့သည်ဟု Deloitte’s Football Money League က ဇန်န၀ါရီလ၌ စာရင်းထုတ်ပြန်ခဲ့သည်။
    ယူရိုသန်း ၅၁၃ သန်းရရှိခဲ့သဖြင့် ရီးရဲလ်အသင်းသည် ပထမနေရာတွင်လည်းကောင်း၊ ဘာကာကလပ်သည် ယူရို ၄၈၃ သန်းဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ မန်ချက်စတာယူနိုက်တက်သည် ၃၉၆ သန်းဖြင့် တတိယနေရာတွင်လည်းကောင်း ရောက်ရှိခဲ့သည်။
    လွန်ခဲ့သောနှစ်က ဘောလုံးကလပ်များအတွက် ဈေးအမြင့်ဆုံးစပွန်ဆာကို ယူနိုက်တက်မှ ရရှိခဲ့ကာ၊ ၄င်းတို့၏ General Motors’s Chevrolet အမှတ်တံဆိပ်ပါ အနီရောင် အားကစားအင်္ကျီကို ၂၀၁၄ ခုနှစ်မှစတင်၍ ၇ နှစ်နှစ်တိုင် ၀တ်ဆင်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ၄င်းစာချုပ်၏တန်ကြေးမှာ $ 599 သန်းဖြစ်သောကြောင့် ဘောလုံးလောက၌ ကြေးအကြီးဆုံးဖြစ်ခဲ့သည်။
    ရီးရဲလ်၏ ၂၀၁၂-၁၃ ရာသီပွဲစဉ်သည် စနေနေ့တွင်ပြီးဆုံးမည် ဖြစ်သည်။ ယခုနှစ်အတွက် သူတို့သည် အဓိကဖလားအား မရယူနိုင်ခဲ့သလို၊ လာလီဂါပွဲတွင် ဒုတိယနေရာသာရရှိ၍၊ ချန်ပီယံလိဂ်တွင်လည်း စီမီးဖိုင်နယ်၌ ရှုံးနိမ့်ခဲ့သည်။ ထို့အပြင် လွန်ခဲ့သော နှစ်ပတ်က မြို့ခံပြိုင်ဖက်ဖြစ်သော အတ်လက်တီကိုမဒရစ်အသင်းအား King’s Cup ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
    Ref:REUTERS