News @ M-Media
Blog
  • Woolwich မြို့ လူသတ်မှုမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်မှု မရှိဟု ဗြိတိန် ဝန်ကြီးချူပ် ပြော
    မေ-၂၃၊၂၀၁၃
    M-Media
    Cameron
    လန်ဒန်။ ။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်မှုမရှိဟု ဗြိတိသျှ အာဏာပိုင်များမှ မေလ ၂၃ ရက် ကြာသာပတေးနေ့က ပြောကြားလိုက်သည်။
    “ဒါဟာ ဗြိတိန်နဲ့ ဗြိတိသျှ လူမှုဘ၀တွေကို တိုက်ခိုက်ရုံတင်မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာနဲ့ ကျနော်တို့တိုင်းပြည်အတွက် အများကြီးပေးဆပ်ခဲ့ကြတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းကို သစ္စာဖောက်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ တကယ့်ကို သွေးပျက်ဖွယ်ကောင်းတဲ့ ဒီလိုလုပ်ရပ်ကို အားပေးတာမျိုး အစ္စလာမ်သာသနာမှာ လုံးဝ မရှိပါဘူး။” ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း(David Cameron)က ကတ်ဘိနတ်ဝန်ကြီးများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးနောက် သတင်းထောက်များသို့ ပြောကြားခဲ့သည်။
    လန်ဒန်မြို့တောင်ဘက် ၀ူးလ်ဝစ်ခ်ျ(Woolwich) ဒေသရှိ စစ်တန်းလျားအနီးတွင် ဗိုလ်လောင်းတစ်ဦးအား တောခုတ်ဓား ကိုင်ဆောင်ထားသည့် လူနှစ်ဦးမှ တိုက်ခိုက်သတ်ဖြတ်မှု တစ်ခု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။
    ဗီဒီယိုတစ်ခု လူသတ်သမားနှစ်ဦးက ၎င်းတို့၏သတ်ဖြတ်မှုအတွက် ဗြိတိသျှရဲတပ်ဖွဲ့ကို ပြစ်တင်ပြောဆိုခဲ့ပြီး၊ အစိုးရအားဖြုတ်ချရန် ဗြိတိန်ပြည်သူများကို တိုက်တွန်းခဲ့သည်။
    “ငါတို့ကို သူတို့ တိုက်ခိုက်သလို ငါတို့ကလည်း သူတို့ကို ပြန်တိုက်ခိုက်ရမယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ။ ငါတို့ သေနတ်နဲ့ပစ်တဲ့အခါ ဒေဗစ်ကင်းမရွန်းက ဖမ်းလိမ့်မယ်လို့ ခင်ဗျားတို့ ထင်သလား။ နိုင်ငံရေးသမားတွေ သေတော့မယ်လို့ ခင်ဗျားတို့ထင်သလား” ဟု ထိုဗီဒီယိုတွင် ပြောဆိုထားသည်။
    တိုက်ခိုက်ခဲ့သူနှစ်ဦးအနက် တစ်ဦးမှာ နိုက်ဂျီးရီးယားနွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။ ဒေသတွင်း မီဒီယာကလည်း ၎င်းတို့အနက် တစ်ဦးမှာ အသက် ၂၈ နှစ်အရွယ်ရှိ မိုက်ကယ် အဒီဘိုလာဂျို(Michael Adebolajo)ဆိုသူဖြစ်ပြီး လန်ဒန်အရှေ့ပိုင်း လင်ကွန်းမြို့ရှိ ၎င်း၏ မိသားစုနေထိုင်သည့်အိမ်ကို ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် စီးနင်းခဲ့သည်ဟု ဆိုသည်။
    ထိုသူနှစ်ဦးစလုံးမှာ နိုက်ဂျီးရီးယားနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများဖြစ်ပြီး ခရစ်ယာန်ဘာသာမှ အစ္စလာမ်ဘာသာသို့ ပြောင်းလဲထားကြသူများဖြစ်သည်ဟု မီဒီယာများကဆိုသည်။
    “အကြမ်းဖက်တိုက်ခိုက်မှု ဒါမှမဟုတ် အကြမ်းဖက်ဝါဒရဲ့ ဘယ်လိုပုံစံမျိုးကိုမှ ကျနော်တို့ လက်လျှော့အရှုံးပေးသွားမှာမဟုတ်ပါဘူး။” ဟု သူက ပြောကြားခဲ့ပြီး အကြမ်းဖက်ဝါဒအား တိုက်ခိုက်ရန် အကောင်းဆုံးနည်းလမ်းမှာ ပုံမှန်အတိုင်း နေထိုင်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၀၅ခုနှစ် ဇူလိုင်လက လန်ဒန်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး၊ ထိုစဉ်က ခရီးသည် ပို့ဆောင်ရေးယာဉ်များကို ပစ်မှတ်ထားသည့် လူငယ်လေးဦး၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅၂ ဦးသေဆုံးခဲ့သည်။
    ၂၀၀၉ ခုနှစ်ကလည်း မြောက်အိုင်ယာလန်ရှိ စစ်တန်းလျားအပြင်ဘက်တွင် စစ်သားနှစ်းဦအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အိုင်ယာလန်ခွဲထွက်ရေးလှုပ်ရှုားသူများက ၎င်းတို့၏ လက်ချက်ဟု ကြေညာခဲ့သည်။
    အစ္စလာမ်နှင့် မသက်ဆိုင်
    အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုမှာ အစ္စလာမ်သာသနာနှင့် ပက်သက်ခြင်းမရှိဟု လန်ဒန်မြို့တော်ဝန် ဘောရစ် ဂျွန်ဆင်(Boris Johnson) ကပြောဆိုခဲ့သည်။
    “ထင်ရှားတဲ့အချက်တစ်ချက်ကိုပြောရရင်၊ ဒီသတ်ဖြတ်မှုနဲ့ ပက်သက်ပြီး အစ္စလာမ်သာသနာကို ပြစ်တင်ပြောဆိုတာဟာ လုံးဝမှားယွင်းပါတယ်။ နောက်ပြီး ဗြိတိန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီနဲ့ ဒီသတ်ဖြတ်မှုအကြား ဆွဲယူချိတ်ဆက် ပြောဆိုတာတွေဟာလည်း မှားယွင်းပါတယ်။
    ကျူးလွန်ခဲ့တဲ့သူတွေရဲ့ အတွေးအခေါ် မှားယွင်းမှုကြောင့်သာ ဒါတွေဖြစ်လာတာပါ။ သတ်ဖြတ်ခံရတဲ့သူနဲ့ သူရဲ့ မိသားစုအတွက် တရားခံကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာဖို့ လိုအပ်ပါတယ်။” ဟု ဂျွန်ဆင်က အရေးပေါ် အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။
    ထိုအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုနှင့်ပက်သက်၍ ဗြိတိန်တ၀ှမ်းရှိ မွတ်စလင်များက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြပြီး အစ္စလာမ်၏ သွန်သင်ချက်များနှင့် ဆန့်ကျင်နေသည်ဟု ပြောဆိုခဲ့ကြသည်။
    “ဒါဟာ အစ္စလာမ်ကမသွန်သင်တဲ့ တကယ့်ကို ရိုင်းစိုင်းတဲ့လုပ်ရပ်ပါ။ ဒီလုပ်ရပ်ကို ကျနော်တို့ လုံးလုံးလျားလျား ဆန့်ကျင်ရှုတ်ချပါတယ်။ မွတ်စလင်တွေဟာ နှစ်ပေါင်းများစွာကတည်းက ဒီနိုင်ငံရဲ့စစ်တပ်ထဲမှာ ဂုဏ်ယူစွာနဲ့ အမှုထမ်းခဲ့ကြပါတယ်။ ” ဟု ဗြိတိသျှ မွတ်စလင်ကောင်စီ(MCB)က ဆိုသည်။
    ၎င်းအပြင် အစွန်းရောက်ဝါဒအား နှိမ်နင်းရန် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအပါဝင် ဗြိတိန်နိုင်ငံသားများအားလုံး စည်းလုံးညီညွတ်ကြရန် ဆော်အော်ခဲ့သည်။
    “ဒီလုပ်ရပ်ကြောင့် ယူကေရဲ့လမ်းမတွေပေါ်မှာ တင်းမာမှုတွေ မြင့်တက်လာမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ စည်းစည်းလုံးလုံးနဲ့ အမုန်းတရားတွေ ဆက်လက်ပြန့်နှံ့မသွားအောင်လုပ်ဖို့ လူ့အဖွဲ့အစည်းအားလုံးကို တိုက်တွန်းပါတယ်။” ဟု MCB မှ ပြောကြားခဲ့သည်။
  • မွန်ပြည်နယ်တွင် “၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ” လှုပ်ရှားမှု ၉၆၉ အဖွဲ့ပြုလုပ်လာ
    မေ-၂၄-၂၀၁၃
    M-Media
    အောင်ကျော်
    မွန်ပြည်နယ်တွင် 969 အဖွဲ့မှ ၂၅-၈-၂၀၁၃ နေ့နံနက်ပိုင်းတွင် နိုင်ငံတော်ဘာသာနေ့ အမည်ဖြစ် သာသနာအလံများ လွှင့်ထူရန် နှိုးဆော်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
    mm1
    မွန်ပြည်နယ် တွင် မော်လမြိုင် မြို့မှအစ ပြည်နယ်တစ်ခုလုံးနှင့် မြန်မာနိုင်ငံအချို့မြို့ကြီးများတွင် ဗုဒ္ခဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည် ဟူသော ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့   အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရန်နှင့် ဗုဒ္ခဘာသာဝင် အိမ်တိုင်းတွင် သာသနာအလံတော်များ လွှင့်ထူရန်  နှိုးဆော်လျက်ရှိကြောင်း သိရသည်။
    ထိုသို့နှိုးဆော်မှုတွင် မွန်ပြည်နယ်ပေါင်မြို့နယ်မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်တွင် ၂၄-၅-၂၀၁၃  နေ့နံနက်အချိန်းမှ စပြီး မြစေတီ နန်းဦးစာသင်တိုက်တွင် ( ဘာသာသွေးနွေး ခေါင်စဉ်ဖြစ် ) ခေတ်မှီတီးဝိုင်းကြီးများဖြစ်  အစ္စလာမ်သာသနာနှင့် ဘာသာဝင်များကို ထိခိုက်စော်ကားထားသော သီချင်းများကို  သီဆိုခဲ့ကြပြီး လူငယ်များကို ဘာသာ သွေးနွေးပေသည်ဟု ခေါင်စဉ်ဖြစ်  လှုံဆော်ပေးလျှက် ရှိကြောင်းသိရသည်။ ။ မြစေတီနန်းဦး စာသင်တိုက်သို့ မော်လမြိုင်၊ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဇင်းကျိုက် ၊ အစရှိသည် မြို့များမှ ၉၆၉ အဖွဲ့အင်အား ၅၀၀၀ ခန့် စုရုံးပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ပါသည် ။
    ထိုအခမ်းအနားတွင် အစ္စလာမ်ဆန့်ကျင်ရေး တရာခွေများ စာရွက်များကိုဝေငှပေးပြီ  ဗုဒ္ခဘာသာဝင်များ ၏ နိုင်ငံတော် ဘာသာနေ့ ကိုကြိုဆိုရန် ဗုဒ္ခဘာသာဝင်များ အိမ်တိုင်းတွင် သာသနာ အလံတော်များ တင်ရမည်ဖြစ်ကြောင်းကို  မြစေတီနန်းဦ စာသင်တိုက်ဆရာတော်မှ ညွန်ကြားခဲ့ကြောင်းသိရှိပါသည်။
    mm
  • တောင်ကြီ့းနှင့် အနီးမြို့ များတွင် မွတ်စလင် မုန်းတီး ဆန့်ကျင်ရေး စာများ ဖြန့် ဝေလျက်ရှိ
    မေ-၂၄၊၂၀၁၃
    M-Media
    ကျောက်ခဲ
    ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့ ရှိလူနေထူထပ်သော ဆင်းရဲသားရပ်ကွက်အချို့ ရှိ လက်ဖက်ရည်ဆိုင်များတွင် မွတ်စလင်မုန်းတီးဆန့် ကျင်ရေးစာအုပ်များနှင့် မွတ်စလင်ဆိုင်များကို သပိတ်မှောက်ကြရန် လှုံဆော်သော စာရွက်များဖြန့် ဝေလျက်ရှိသည်။
    2
    လွန်ခဲ့သောတစ်ပတ်အလွန်က တောင်ကြီးမြို့ နှင့် အနီးတ၀ှိက်ရှိပတ်ဝန်းကျင်မြို့ များတွင် ၉၆၉ တရားပွဲများကို ဘုန်းကြီးကျောင်းအများစုတွင် ကျင်းပခဲ့ကြသည်။ ယင်းတရားပွဲများတွင်လည်း မွတ်စလင်ဆန့် ကျင်ရေးတရားများအား ထည့်သွင်းဟောကြားခဲ့ပြီး မွတ်စလင်များကို လက်မထပ်ကြရန်၊ မွတ်စလင် ဆိုင်များကို အား မပေးရန်တို့ ကိုလည်း ထည့်သွင်း ဟောကြားခဲ့သည်။
    ဒေသခံမွတ်စလင်များအပေါ် အမုန်းတရားကြီးထွားရန် မွတ်စလင်များ နှင့် ပတ်သက်သော မမှန် ကန်သော အချက်အလက်များဖြင့် ဖြန့် ဝေစည်းရုံးနေကြသည်။ ယခု ကဲ့သို့ ပြုလုပ်နေ ခြင်းများဖြင့် လူထုအကြားမုန်းတီးမှုများဖြင့် ပြဿာနာ များဖြစ်ပေါ်ကြီးထွားလာမည်ကို ယင်းဒေသခံ မွတ်စလင်တို့ မှ စိုးရိမ်လျက်ရှိကြသည်။ တောင်ကြီးမြို့ ရှိ မြို့ မဈေးထဲမှ ဆိုင်ရှင်တစ်ဦးက” ကျမတို့ ရဲ့အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ။ ဖောက်သည် ဆိုင်မို့ လို့ လည်းပါမှာပေါ့လေ။ ကျမတို့ ရဲ့ဖောက်သည်အများစုက နယ်ဘက်တွေက များပါတယ်။ သူတို့ တွေ အများစုကလည်း ဗုဒ္ဓဘာသာဝင်တွေပါ။ ဟိုအရင် နှစ်ပေါင်း ၂၀ ကျော်ဆိုင်ဖွင့် စလောက်ကတည်းက ရင်းရင်းနှီးနှီး ဆွေမျိုး ပမာ ရောင်းဝယ် ဖောက်ကားခဲ့ကြတာ ယနေ့ အထိပါ။ ကျမတို့ အချင်းချင်းကြားမှာ ဒီနေ့ ထိဘာပြဿနာမှ မရှိခဲ့ဖူးပါဘူး” လို့ ဆိုပါတယ်။
    ယင်းဆိုင်ရှင်မှဆက်ပြီး “ကျမရဲ့ နယ်ကဗုဒ္ဓသာသာ ဖောက်သည်တစ်ဦး ကိုယ်တိုင်ကဆိုရင် သတိထားနေဖို့ ကို ဟိုနေ့ ကစိုးရိမ်ပြီးပြောပါတယ်။ ဘာပြောလဲဆိုရင် “အခုဆိုကျမတို့ တော်တော်အရှက် ရကြပါတယ်။ ကျမဆိုင်မှာလာဝယ်တဲ့ ဈေးဝယ်က ဗုဒ္ဓသာသာဆိုင်မို့ လာဝယ်တာ မတရား မယူနဲ့ ဈေးလျော့ပါ။ ကုလားဆိုင်တွေမှာ မ၀ယ်ချင်လို့ ဒီမှာလာဝယ် ရတာလို့ ”မချေမငံဆက်ဆံမှုတွေကြုံတွေ့ နေရကြောင်းပြောပါတယ်။
    တစ်ချို့ နယ်ဘက်မှာရောင်းတဲ့မွတ်စလင်ဆိုင်တွေကတော့  “အဓိကကတော့ဗျာ မွတ်စလင်တွေကို မုန်းတီးအောင်လုပ်တဲ့ စာတွေဖြန့်  တရားတွေဟော တရားခွေတွေ ဖြန့် ဝေနေတဲ့အပေါ်မှာ ရိုးသားတဲ့ တိုင်းရင်းသားတွေက သူတစ်ပါး သာသာရေးကို သေချာစွာ လေ့လာခြင်းမပြုမိပဲ၊ ဘာမှန်းမသိပဲ သူများဆန့် ကျင်လို့ (သို့ ) မွတ်စလင် မုန်းတီးရေး ဆရာတော်များရဲ့ သြ၀ါဒကို လိုက်နာကျတဲ့အပေါ်မှာ အခုလို နှစ်ပေါင်းများစွာ အတူနေထိုင်ရောင်းဝယ် ဖောက်ကားလာခဲ့တဲ့ ဘာသာစုံ လူထုများ အချင်းချင်းကြားမှာ အမုန်းတရားတွေကြီးထွားစေလိုက်တာပါ။ နှစ်ဘက်စလုံးအတွက်မကောင်းပါဘူး တော်တော်စိတ်ပျက်စရာကောင်းပါတယ်ဗျာ” လို့ နယ်မြို့ မှာ ဈေးပတ်ရောင်းနေတဲ့ မွတ်စလင်တစ်ဦးက M-Media ကိုပြောပြပါတယ်။
    မြန်မာနိုင်ငံနှင့်အ၀ှမ်းတွင် ဒေသဆိုင်ရာ အစိုးရအဖွဲ့ အစည်းတွေက NGO အချို့ ကကျင်းပပြုလုပ်ပေးခဲ့တဲ့ ဘာသာပေါင်းစုံပွဲများကို ခွင့်ပြုပေးခဲ့သော်လည်း ဘာသာခြားများအပေါ် ယခုကဲ့သို့ မုန်းတီးရေး စာပေဖြန့် ဝေခြင်းများ၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေက တရားဝင်လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသော အစ္စလာမ်ဘာသာ အပေါ်ပုတ်ခတ်စွပ်စွဲနေမှုများကို မျက်ကွယ် ပြုလျက်ရှိသည်။
    1
  • သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၁)
    ဗမာ မူဆလင်သည် ဗမာ
    ဒီးဒုတ်ဂျာနယ်
    ၄၊၂၊၁၉၄၆
    547706_125819927561180_1024314615_n
  • ရခိုင်အစီရင်ခံစာ အပြစ်အနာဆာများဟု အာရှလူ့ အခွင့်အရေးကော်မရှင် ဝေဖန် (DVB)
    the Asian Human Rights Commission
    ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ အပြစ်အနာဆာတွေ အများအပြား ရှိနေတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ဝေဖန်လိုက်ပါတယ်။
    ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံပေးပို့တဲ့ ထုတ်ပြန်ချက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာဟာ ပြစ်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ပေး အရေးယူဖို့ အတွက် ဖော်ပြထားတာကို မတွေ့ရသလို ပါဝင်တဲ့သူတွေကို တရားစွဲဆိုပြီး ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် ရှင်းလင်း တင်ပြချက်တွေကိုလည်း မတွေ့ရဘူးလို့ AHRC နဲ့ ဆက်စပ်အဖွဲ့အစည်း အာရှ ဥပဒေ အရင်းအမြစ် ပင်မဌာန (ALRC) က ပြောပါတယ်။
    သမ္မတက လုပ်ပိုင်ခွင့်ပေးပြီး စုံစမ်းခိုင်းပေမယ့် အစီရင်ခံစာမှာ အနာဂတ်မှာ ဖြစ်ပွားလာတဲ့ ကိစ္စတွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတဲ့ နောက်ပိုင်း ကိစ္စတွေကိုပဲ တွေ့ခဲ့ရတဲ့အကြောင်း ALRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
    ဒါ့အပြင် အစီရင်ခံစာပါ အချက်အလက်တွေဟာ အဖြစ်မှန်တွေကို ဖော်ထုတ်ထားတာ မဟုတ်သလို ဖုံးကွယ်ထားတာတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
    “တချို့ မမှန်မကန်ဖော်ပြထားတဲ့ အချက်တွေရှိတယ်။ ဒါတွေဟာ မှန်ကန်တဲ့ အစီရင်ခံချက်မဟုတ်ဘူးဆိုတာကို နိုင်ငံတကာသိအောင်၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဒီနေ့ တင်ပြတဲ့အထဲ ဒီအချက်တွေပါတယ်။ အထူးသဖြင့် အရေးယူခံရတဲ့ ဒေါက်တာထွန်းအောင်ရဲ့ ကိစ္စဆိုရင် အရေးအခင်းဖြစ်စဉ်က အာဏာပိုင်တွေနဲ့အတူတူ လူထုကို ထိန်းသိမ်းခဲ့သူဖြစ်တယ်။ လူထုဟာ မောင်တောဒေသခံလူထုမဟုတ်တော့ ထိန်းသိမ်းမရတဲ့အခါ ရဲစခန်းမှူးတို့၊ အထွေထွေအုပ်ချုပ်ရေးမှူးတို့က သူတို့သက်ဆိုင်ရာဌာနတွေထဲ ၀င်ပြေးသွားတယ်။ ဦးထွန်းအောင်က ပြေးစရာမရှိတဲ့အတွက် ယူအန်အိပ်ခ်ျစီအာရ်ရုံးကို ၀င်ပြေးရတယ်။ ဒါပေမယ့် လက်ညှိုးထိုးဖို့ကျတော့ ဦးထွန်းအောင်တယောက်ကိုပဲ ထောင်ဒဏ် ၁၃-၁၄ နှစ် အပြစ်ပေးတာ တွေ့ရတယ်။ ဒါဟာ လုံးဝ တရားမျှတခြင်းမရှိဘူး။ ဦးထွန်းအောင်ဟာ အာဏာပိုင်တွေနဲ့ အတူတူ အရေးအခင်းမဖြစ်အောင် တားဆီးပါလျက်နဲ့ ဒီလိုမျိုး တရားခံအဖြစ် လွှဲချခံရတာက တော်တော် ဆိုးဆိုးဝါးဝါးဖြစ်တယ်ဆိုတာကို လူ့အခွင့်အရေးကော်မရှင်ကိုလည်း တင်ပြထားတယ်။ ကောင်စီကိုလည်း ဆက်လက်တင်ပြထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။”
    ဒါ့အပြင် အစိုးရအစီရင်ခံစာမှာ ပါတဲ့အတိုင်း လုပ်ဆောင်သင့်တဲ့ ကိစ္စတွေကိုလည်း အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်ဖို့လည်း သူက ပြောပါတယ်။
    နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံခြားသားတွေကို ဖယ်ရှားတာစတဲ့ ပူပန်မှုတွေကို ထုတ်ပြန်ချက်မှာ ရေးသားထားသလို ဓားစာခံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း အပြစ်တင်ထားတယ်လို့ ALRC ထုတ်ပြန်ချက်က ဆိုပါတယ်။
    ဒါအပြင် စုံစမ်းရေးကော်မရှင်အစီရင်ခံစာက အချက်အလက်တွေကိုလည်း မှားယွင်း တင်ပြ ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
    မှားယွင်းဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့နဲ့ ပဋိပက္ခအတွက် လှုံ့ဆော်တဲ့သူတွေကို အရေးယူပေးဖို့လည်း ဦးမင်းလွင်ဦးက တိုက်တွန်းပြောဆိုပါတယ်။
    “ဒုက္ခသည်စခန်းမှာမနေရဘဲနဲ့ လက်ရှိ ကိုယ့်နေရာကိုယ်ပြန်နေရအောင် အမြန်ဆုံး စီမံဆောင်ရွက်ပေးသင့်တယ်လို့တော့ အကြံပေး တိုက်တွန်းချင်ပါတယ်။ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ကတော့ တကယ်တမ်း ရခိုင်အရေးမှာ ပဋိပက္ခတွေဖြစ်ပွားအောင် လှုံ့ဆော်သွားသူတွေ၊ ဒီလူတွေက မောင်တောကလည်း မဟုတ် သံတွဲကလည်း မဟုတ်ဘူး။ အဲကိစ္စတွေကို လှုံ့ဆော်ပြီး လုပ်ဆောင်သွားသူတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူသင့်တယ်။ ဖမ်းဆီးထားတဲ့အထဲ မှားယွင်းဖမ်းဆီးထားတာ အများကြီး ရှိတယ်။ အဲလူတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ကျနော်တို့က အကြံပြုတိုက်တွန်းချင်ပါတယ်။”
    ဟောင်ကောင်အခြေစိုက် အစိုးရမဟုတ်သော လွတ်လပ်တဲ့ ALRC ဟာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီနဲ့ ဆွေးနွေးအကြံပေးနိုင်တဲ့ အခြေအနေတခုကို ပိုင်ဆိုင်ထားပါတယ်။
    အာရှတ၀န်းက လူ့အခွင့်အရေး တရားရေးနဲ့ ပတ်သက်ပြီးတော့ ပိုမိုအားကောင်း လာအောင် ဆောင်ရွက်ဖို့ အတွက် ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။