News @ M-Media

Blog

  • အစ္စလာမ် ဘာသာရေး အသင်း အဖွဲ့များက တောင်ငူမြို့ လူမှု့ရေးအဖွဲများသို့ သိန်း ၂၀ လှူ

    THE VOICE နေ့စဉ်သတင်းစာ ၊
    မေလ ၁၇ ၊၂၀၁၃

    အစ္စလာမ် ဘာသာရေး အသင်းအဖွဲ့များက တောင်ငူမြို့ရှိ ဘုန်းတော်ကြီး စာသင်ကျောင်း မိဘမဲ့ ဂေဟာနှင့် လူမှုရေးအဖွဲ့ များသို့ ကျပ်သိန်း ၂၀ လှူဒါန်းခဲ့

     

    the voice

    via Lwin Thandar Soe FB

  • “အနီး(ဝေး)” (M-Media Blog ကဏ္ဍ-ကဗျာ)

    မေ-၁၉၊၂၀၁၃
    M-Media
    ရေးသူ-အိမ်ဝေးသူ(KZ)
    969760_155803247926088_626555751_n

    အမှန်အမှားနဲ့ အယူဝါဒအတွက်

    နှလုံးသွေးဆူပွက်…

    လျှာစောင်းထက်ထက် စကားလုံးသွက်သွက်တွေနဲ့ 

    တစ်ယောက်ကိုတစ်ယောက်…မမုန်းကြပါလျက်

    ငါတို့ တတွေ…

    အပျင်းပြေ….တိုက်ခိုက်ကြတယ်….

    ပြီးတော့…

    (အတိအလင်း ဝမ်းသာကြတယ်)…။။။

    ***************

    အဲဒီ

    အမှန်အမှားနဲ့ အယူအဆအတွက်ပဲ

    နှလုံးသားတွေ တဖြည်းဖြည်း အေးစက်

    ဥပေက္ခာတစ်ခြမ်း နာကျင်မှုတစ်ခြမ်းနဲ့ 

    တကယ့်…ဆန္ဒတွေ မပါကြပါလျက်

    ငါ..တို့ တတွေရဲ့ ..ရင်ဘတ်ချင်း…

    ဝေးသထက်..ဝေးသွားကြတော့တယ်

    ပြီးတော့….

    (တိတ်တိတ်ကလေး..ကြေကွဲကြတယ်)…။။။

    ***************

    ဘာသာစကားချင်းလည်း မတူညီကြဘူး

    ရင်ဘတ်ချင်းလည်း ကြိုးမညှိကြဘူး

    မလိုအပ်ဘဲ..အစတွေ စွဲထုတ်ရင်း…

    တကယ့်ကိုပဲ

    ငါတို့ တွေ…ဝေးခဲ့ကြတော့တယ်….

    ***************

    ကဲ….

    သူရဲဘောကြောင်တဲ့…နားလည်မှုဆိုတာကြီးရေ…

    ကျေးဇူးပြုပြီး

    ရောက်ရာအရပ်က အမြန်ဆုံး ပြန်လာပေးပါ

    (သတ္တိ ရှိရှိနဲ့ပေါ့)…။။။

    ***************

    အိမ်ဝေးသူ (KZ)

  • ဧ၀ရက် တောင်ထွဋ်သို့ ပထမဆုံး ဆော်ဒီ အမျိုးသမီး အနေဖြင့် တက်ရောက်နိုင်ခဲ့

    မေ-၁၉၊၂၀၁၃
    M-Media

    201351812210534734_20

    ဂရပ်ဖစ်ဒီဇိုင်းဘာသာရပ်ဖြင့်ဘွဲ့ရရှိထားသူ အသက် ၂၅ နှစ်အရွယ် Raha Moharrak သည် ဧ၀ရက်တောင်ထွဋ်ရောက် ပထမဦးဆုံး ဆော်ဒီအမျိုးသမီးတစ်ဦး ဖြစ်လာသည်။

    ၂၀၁၃ ခုနှစ်တွင် ဧ၀ရက်တောင်ထိပ်သို့အရောက်တက်မည်ဟု လွန်ခဲ့သော ၂ လက လူ ၄ ဦးပါ အာရပ်အုပ်စုတစ်စုမှ ကြေညာခဲ့သည်။ သူမသည် ထိုအုပ်စု၏တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။

    “ Raha Moharrak ရေ၊ ဂုဏ်ယူတယ်ဟေ့၊ မင်းဟာ ဧ၀ရက်တောင်ထိပ်ကိုရောက်သွားတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပြီ ” ဟု အဖွဲ့ဝင်တစ်ဦးက ဆိုလိုက်သည်။

    ယင်း “ ပင်ယံမြင့်ဖျား အာရဗ်များ ” အဖွဲ့၌ ကာတာ တော်ဝင်မိသားစုဝင်ဖြစ်သော Mohammed Al Thani ၊ ပါလက်စတိုင်းလူမျိုး မြေယာလုပ်ငန်းရှင် Raed Zidan နှင့် ဒူဘိုင်းတွင်နေထိုင်သူ ရေခဲမုန့်လုပ်ငန်းရှင် အီရန်လူမျိုး Masoud Mohammad တို့ ပါဝင်ကြသည်။

    “ ပထမဦးဆုံးဆိုတဲ့အဖြစ်ကို ကျွန်မ အလေးမထားပါဘူး။ နောက်လူအနေနဲ့ ဒုတိယဆိုတဲ့ အသိဝင်သွားမှာစိုးလို့ပါ ” ဟု Moharrak က ခရီးဆက်နေစဉ် ပြောကြားခဲ့သည်။ သူမသည် ဆော်ဒီအာရေဗျ၊ ဂျီဒဟ်မြို့မှ ဖြစ်ပြီး ယူအေအီးနိုင်ငံ၊ ရှရ်ဂျဟ်ရှိ တက္ကသိုလ်တွင် တက်ရောက်ခဲ့သူဖြစ်၏။

    “ ကျွန်တော်တို့တောင်တက်ခရီးစဉ်အတွင်း နီပေါပညာရေး ပရောဂျက်အတွက် ဒေါ်လာတစ်သန်း မ,တည်ပေးနိုင်အောင် ကြိုးစားနေကြပါတယ် ” ဟု အဖွဲ့၏၀က်ဘ်ဆိုဒ်က ဆိုလိုက်သည်။

    လူပေါင်း သုံးထောင်ထက်မနည်း ဧ၀ရက်တောင်သို့ရောက်နိုင်ခဲ့ကြသော်လည်း အကောင်းဆုံးတောင်တက်သမားများသည်ပင်လျှင် ၄င်း၏ မာယာများလွန်းသောရာသီဥတုကြောင့် အသက်အန္တရာယ်ကြုံတွေ့ရလေ့ရှိကြ၏။

    အသက် ၈၀ အရွယ်ရှိ ဂျပန်လူမျိုးတောင်တက်သမားတစ်ဦးသည်လည်း ပြီးခဲ့သည့် ကြာသပတေးနေ့က ဧ၀ရက်တောင်သို့ ရောက်လာသည်။ ကမ္ဘာ့ခေါင်မိုးပေါ်သို့ရောက်ရှိသော အသက်ကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရည်မှန်းထားသည်ဟု သူ၏၀က်ဘ်ဆိုဒ်မှ ဆိုလိုက်သည်။

    Source:Agencies

  • လက်တင်အမေရိက နိုင်ငံများ အမေရိကန် ထောက်လှမ်းရေး၏ ခြိမ်းခြောက်၊ စောင့်ကြည့်ခြင်း ခံနေရဟု ဝီကိလိခ် ဖွင့်ချ

    မေ-၁၇၊၂၀၁၃
    M-Media

    rahimi20130517062900617

    အမေရိကန်တွင်အခြေပြုသည့် သတင်းဆက်သွယ်ရေးနည်းပညာများကို မှီခိုနေရသောကြောင့် လက်တင်အမေရိကနိုင်ငံများ၏ အချုပ်အခြာမှာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ ခြိမ်းခြောက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၀ီကီလီက်ကို တည်ထောင်သူ ဂျူလီယန် အက်စိန်းဂ်ျ(Julian Assange)က ပြောဆိုသည်။

    လက်တင်အမေရိကနိုင်ငံများအနေဖြင့် ၀ါရှင်တန်၏ အင်တာနက်သတင်းအချက်အလက် ကိုင်တွယ်မှုအပေါ် ယုံကြည်စိတ်ချနေခြင်းက အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများဖြစ်ကြသည့် စီအိုင်အေ၊ အန်အက်စ်အေနှင့် အက်ဖီအိုင်တို့မှ စောင့်ကြည့်ခံနေရခြင်း၏ အရင်းအမြစ်ဖြစ်သည်ဟု ဂျူလီယန် အက်စိန်ဂ်ျ က ဥရုဂွေးနိုင်ငံပြည်သူ့တက္ကသိုလ်၌ကျင်းပသည့် ဗီဒီယိုအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်ဟု Russia Today သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

    “လူတစ်ဦးချင်းစီရဲ့ ကြားမှာရှိနေတဲ့ သာမန် စာပေးစာယူစနစ်၊ တယ်လီဖုန်းလိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ပြောဆိုမှုတွေကို အစားထိုးပြီး လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်စုံမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ အင်တာနက် အသုံးအပြုမှုဟာ အမေရိကန်ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့လက်ထဲမှာ ရှိနေပါတယ်။” ဟု သူကဆိုသည်။

    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကွန်ပျူတာစနစ်များမှ ကြီးမားသောဆာဗာများတွင် လက်တင်အမေရိက နိုင်ငံသားများ၏ သတင်းအချက်အလက်များကို သတိလက်လွတ် လွှင့်တင်နေခြင်းများကို ပြောဆိုသွားပြီး ဆိုရှယ်နက်ဝက်များနှင့် ဂူးဂဲလ်ကဲ့သို့ ကုမ္ပဏီများ၏ ထုတ်လုပ်မှုများကို လူကြိုက်များမှု မြင့်တက်လာခြင်းနှင့်ပက်သက်၍လည်း ပြောဆိုသွားခဲ့သည်။ ထိုသတင်းအချက်အလက်များအား ဂူးဂဲလ်၊ ဖေ့စ်ဘွက်၊ ရာဟူးနှင့် အခြားသော အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများက ထိန်းချုပ်ထားသည်။
    “အဲဒီသတင်းအချက်အလက်တွေကို အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတချို့နဲ့ အခြားသော အဖွဲ့အစည်းတွေက တရားဝင်ပုံစံနဲ့ရော၊ အခြားပုံစံနဲ့ပါ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိန်းချုပ်ထားပါတယ်။” ဟု သူကဆိုသည်။

    အဆိုပါ မှတ်ချက်ပေးပြောဆိုမှုမှာ ၎င်းတို့၏ သတင်းထောက်များ၊ အယ်ဒီတာများ၏ နှစ်လတာအတွင်း တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများကို အမေရိကန် တရားရေးဌာနမှ လျှို့ဝှက်စွာ နားထောင်ခွင့်ရနေသည်ဟု အေပီသတင်းဌာနမှ ထုတ်ဖော်ပြောဆိုပြီးနောက်ပိုင်း ရက်အနည်းငယ်အကြာတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။

    ထောက်လှမ်းရေးလုပ်ငန်းအတွက် မိမိနိုင်ငံသားများ၏ တယ်လီဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်ခြင်းနှင့်ပက်သက်သည့် ပြဌာန်းထားသော ကိုယ်ပိုင်ဥပဒေများကို လိုက်နာရာတွင်ပင် အမေရိကန်အစိုးရမှာ စောင့်စည်းမှုမရှိဟု သူက ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံခြားတိုင်းပြည်များမှ ပြည်သူများ၏ သတင်းအချက် အလက်များကို ထောက်လှမ်းစုံစမ်းခြင်းအား တားဆီးရန် အမေရိကန်တွင် ဥပဒေပြဌာန်းထားခြင်းမရှိ ဟူ၍လည်း သူက ဆက်လက်ပြောကြားခဲ့သည်။

    အမေရိကန် တရားရေးဌာနက ဖမ်းယူထားသာ တယ်လီဖုန်းပြောဆိုမှု မှတ်တမ်းများတွင် အေပီသတင်းထောက် တစ်ဦးချင်းဆီ၏ ဖုန်းနံပါတ်များဖြင့် အလုပ်နှင့် ကိုယ်ရေးကိုယ်တာကိစ္စအတွက် ခေါ်ယူပြောဆိုမှုများ၊ နယူးယောက်ရှိ အေပီသတင်းဌာန ရုံးချုပ်၊ ၀ါရှင်တန်၊ ဟတ်ဖို့ဒ်၊ ကွန်နက်တီကတ်ရှိ အေပီသတင်းဌာနရုံးများ၏ ဖုန်းနံပါတ်များဖြင့် ခေါ်ယူပြောဆိုမှုများ၊ အမေရိကန်အောက်လွှတ်တော် မီဒီယာခန်းမှ အေပီသတင်းဌာန၏ ဖုန်းနံပါတ်ဖြင့် ခေါ်ယူပြောဆိုမှုများ ပါဝင်လေသည်။
    MR/HSN

  • အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦး Jorge Rafael Videla ထောင်တွင်း၌ပင် ကွယ်လွန်”

    မေ-၁၇၊၂၀၁၃
    M-Media

    “လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှုများဖြင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ကျခံနေရသော အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦးဖြစ်သူ Jorge Rafael Videla သည် အကျဉ်းထောင်တွင်း၌ပင် ကွယ်လွန်”

    _67675654_videla_two

    အသက် ၈၇ နှစ် အရွယ်ရှိ အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦးဖြစ်သူ Jorge Rafael Videla ဟာ လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှူ များဖြင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ပြစ်ဒါဏ်ကို အကျဉ်းထောင် အတွင်း ကျခံ နေဆဲမှာပင် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် လူကြီး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။

    ဗိုလ်ချုပ် Jorge Rafael Videla ဟာ အာဂျင်တီးနား နိုင်ငံရဲ့ ၁၉၇၆ မှ ၁၉၈၃ အထိ ၇နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလအတွင်း သူတာဝန်ယူခဲ့သည့် ၁၉၈၁ ခုနှစ် ကာလ ထိတိုင်အောင် “ညစ်ညမ်းသည့်စစ်ပွဲ ” “Dirty War”. အမည်ရှိ စစ်ဆင်ရေး ကမ်ပိန်းကာလ အတွင်း လူပေါင်း ၃၀၀၀၀ ထက်မနည်းဖမ်းဆီး နှိပ်စက် ညှင်းပန်း နှိပ်စက်ခံရကာ ဖြစ်ပွါးခဲ့သည့် သေမှူသေခင်း ၃၁ မှူ အတွက် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည်။၁၉၈၅ ခုနှစ်မှာတော့ ဗိုလ်ချုပ်Jorge Rafael Videla ဟာ နှိပ်စက် ညှင်းပန်းမှူ၊ လူသတ်မှူနှင့် အခြား ရာဇဝတ်မှူ များနှင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသော်လည်း ၁၉၉၀ ခုနှစ်တွင် သမ္မတ Carlos Menem လက်ထက်တွင် လူသားချင်း စာနာထောက်ထားမှု အထိမ်းအမှတ် အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေး၍လွတ်မြောက်လာခဲ့ရာမှ ၂၀၁၀ ခုနှစ် အရောက် တွင်တော့ ပြည်ထောင်စု တရားရုံးမှနေ၍ အပြစ်ဒါဏ်များကို ပြန်လည် ကျခံစေခဲ့ခြင်းဖြစ်သည်။

    ဗိုလ်ချုပ် Videla နှင့် အတူ အခြား စစ်အာဏာရှင် ဟောင်းတစ်ဦးဖြစ်သူReynaldo Bignone အားလည်း ရာဇဝတ်မှူများတွင် ပါဝင်ပတ်သတ်မှူများဖြင့် ထောင်ဒါဏ် ၁၅ နှစ်ကျခံ စေခဲ့ကြောင်း သိရပါသည်။

    Ref:BBC