News @ M-Media
Blog
  • ငြိမ်းချမ်း လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြဝါဒပေး ဆွေးနွေးပွဲကို မန္တလေးမြို့နှင့် မြစ်ငယ်မြို့တွင် ပြုလုပ်
    183672_507707532611822_714776497_n
    ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြဝါဒပေး ဆွေးနွေးပွဲ ၊ မန္တလေး လက်ပံဗလီ
    Photo Credit မေတ္တာ campaign
    487524_167766860050764_1180034860_n
    မြစ်ငယ်ဗလီ၊မြစ်ငယ်မြို့.၊
    Photo Credit Aung Aung
    ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက်သြ၀ါဒပေး ဆွေးနွေးပွဲကို မေလ ၁၀ ရက်နေ့က မွန်းလွဲ ၂း၃၀ နာရီ က မြစ်ငယ်မြို့ မြို့မဗလီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
    အဲဒီဆွေးနွေးပွဲမှာ မြစ်ငယ်မြို့အတွင်းရှိဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် စတဲ့ ဘာသာပေါင်းစုံ မြို့ခံလူထု (၁၀၀)ကျော်တက်ရောက်ခဲ့ပြီး ပဋိပက္ခမဖြစ်ပွားအောင် ဘာသာရေး၊ လူမျိုးရေးကို ဦးမတည်ဘဲ ညှိနှိုင်းဆွေးနွေး
    ကာကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက်စုပေါင်းလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။
    အလားတူ ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက် ဆွေးနွေးပွဲကို မန္တလေးမြို့ လက်ပံဗလီဝင်း အစ္စလာမ့်ရောင်ခြည်အသင်း ရုံးခန်း၊ ၌ ၂၀၁၃ မေလ ၁၁ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ အခမ်းအနားအပြီးတွင် ကြွရောက်လာတဲ့ သံဃာတော်များ လက်ပံဗလီအား လေ့လာရေးကြွရောက်ခံကြပြိး ဗလီဂေါပက ဥက္ကဌနှင့် တာဝန်ရှိသူများမှ ဗလီသမိုင်းနှင့် ဗလီတွင်း နေရာများအား ရှင်းလင်းပြသ ခဲ့ကြကြောင်း သိရှိရပါသည်။
    ကိုးကား- Harry Mdy FB နှင့် မြန်မာဓိက
    321356_507582842624291_1920122127_n
    မြစ်ငယ်ဗလီ၊မြစ်ငယ်မြို့.
    Photo Credit မေတ္တာ campaign FB
    417786_507707912611784_1658874347_n
    ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြဝါဒပေး ဆွေးနွေးပွဲ ၊ မန္တလေး လက်ပံဗလီ
    Photo Credit မေတ္တာ campaign
    946045_10200392127900243_710520682_n
    အာရှအလင်းရောင်ဆရာတော်၊ အေးမြမြိုင်ဆရာတော်၊ ခလီဖွာ ဦးသိန်းဝင်းအောင်
    လက်ပံဗလီဝင်း။ Photo Credit Harry Mdy
    965137_10200392253783390_1830426841_o
    အေးမြမြိုင်ဆရာတော် ဦးသုဇန မန္တလေးမြို့ လက်ပံဗလီ အတွင်းလေ့လာရေးကြွရောက် ဗလီဂေါပက ဥက္ကဌနှင့် တာဝန်ရှိသူများမှ ဗလီသမိုင်းနှင့် ဗလီတွင်း နေရာများအား ရှင်းလင်းတင်ပြစဉ်။
    Photo Credit Harry Mdy
  • အင်အားပြင်း မုန်တိုင်း ရခိုင်မောင်တောဒေသကို ၀င်ရောက်ဖွယ်ရှိ (RFA)
    936431_10151639051118128_513072688_n
    အိုဝမ်းဘီ(01B)အမည်ရှိ အင်အားပြင်းတဲ့ မုန်တိုင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကို ၀င်ရောက်တိုက်ခတ်ဖွယ်ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံ မိုးလေ၀သဦးစီးဌာနက ဒီကနေ့ညနေပိုင်းမှာ အသိပေးကြေညာထားပါတယ်။
    လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းအခြေအနေနဲ့ ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က RFA ကို အခုလိုပြောပါတယ်။
    “နည်းနည်းပိုပြီးတော့ အားကောင်းလာတဲ့ပုံစံတွေ့ရတယ်၊ လေတိုက်နှုန်းကတော့ တအားကြီးတော့မဟုတ်ဘူး၊ မုန်တိုင်းအတွင်းမှာ တိုက်တဲ့လေကတော့ ၅ဝ၊ ၅၅ မိုင်နဲ့ ၁ နာရီ အဲလောက်ပဲရှိတယ်၊ တစ်ခုပဲပြောင်းသွားတယ်၊ နောက်ဆုံးခန့်မှန်းတာကတော့ မုန်တိုင်းဝင်မယ့်နေရာဟာ ဘင်္ဂလားဒေ့ရှ်ထဲဝင်မယ်၊ အစပ်ကနေ ဘင်္ဂလားဒေ့ရှ်ထဲနည်းနည်းပါတယ်ပေါ့၊ မုန်တိုင်းရဲ့ညာဘက်ခြမ်းကတော့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် တစ်ခုလုံးမှာတော့ လူထိခိုက်နိုင်တယ်ပေါ့၊ အဲဒီအတိုင်းသွားမယ်ဆိုရင် သူဝင်မယ့်အချိန်မှာ လေတိုက်နှုန်းက ၁ဝ၅ မိုင်လောက်ရှိနိုင်မယ် မှန်းထားတာပေါ့နော်၊ အဲဒီလောက်ဆိုရင် အပျက်အစီးတွေရှိနိုင်တယ်ပေါ့၊ ရေဒဏ် မိုးဒဏ် လေဒဏ်တွေ ကြုံတွေ့နိုင်တယ်ပေါ့၊ မောင်တောကတော့ သေချာပေါက်ပါမှာပေါ့၊ မောင်တောရဲ့အောက်ဘက် ကမ်းခြေတစ်လျှောက်ပေါ့၊ မိုင် ၁ဝဝ၊ ၁၅ဝ အတွင်းမှာတော့ မိုင်တိုင်းရဲ့အကျိုးအာနိသင်ရှိနိုင်တယ်လို့တော့ ပြောလို့ရပါတယ်၊ ဒါကဘာနဲ့သွားတူသလဲဆိုတော့ ၁၉၉၄ တုန်းကဖြစ်ခဲ့တဲ့ မောင်တောမုန်တိုင်းနဲ့ သဘောသဘာဝသွားတူနေတယ်၊ ဒီကြားထဲမှာ အပြောင်းအလဲတွေဆိုတာ အမြဲရှိနိုင်တယ်၊ နောက်ပြီးတော့ အပြောင်းအလဲရှိတိုင်းလည်း ကျနော်ကတော့ တင်ပေးနေမှာပဲ၊ အဲဒါကို ဒေသခံတွေကလည်း ဒါလေးကို အမြဲတမ်းနားစွင့်နေဖို့လိုပါတယ်ပေါ့၊ နောက်မြန်မာ့ကမ်းရိုးတန်းမှာ အားလုံးနဲ့ပြောရရင် တနင်္သာရီကမ်းရိုးတန်း အန္တရာယ်မရှိပါ၊ မွန်ကမ်းရိုးတန်း အန္တရာယ်မရှိပါ၊ နောက်မြစ်ဝကျွန်းပေါ် အန္တရာယ်အလွန်နည်းပါတယ်၊ ရခိုင်တောင်ပိုင်းကတော့ အန္တရာယ်အနည်းငယ်ရှိနိုင်တယ်၊ မြောက်ပိုင်းကတော့ လောလောဆယ် အန္တရာယ်အရှိဆုံးဒေသအဖြစ် သတ်မှတ်ပါတယ်၊
    JTWC အဖွဲ့က ခန့်မှန်းထားတာကတော့ အဲဒီဝင်တဲ့အချိန်မှာ လေတိုက်နှုန်းက မိုင် ၁ဝဝ အထက်မှာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်၊ အားကောင်းတယ်ခေါ်ရမှာပေါ့၊ မိုင် ၁ဝဝ အထက်ဆိုတာ နည်းတဲ့ဟာမှမဟုတ်ပဲ၊ တကယ်လို့သာ အဲဒီလောက်တိုက်မယ်ဆိုရင် ပင်လယ်ကလှိုင်းကတော့ မတရားကြမ်းမှာပေါ့၊ အဲ့ဒီအချိန်မှာ ပင်လယ်ထဲမှာတော့ လူမရှိတာ၊ လှေတွေဘာတွေမရှိတာ အကောင်းဆုံးပဲပေါ့၊ အဲဒါခန့်မှန်းထားတဲ့အတိုင်းဖြစ်ခဲ့ရင် ပြောတာပေါ့နော်၊ ကြိုပြောပြတာ၊ ကြားမှာအပြောင်းအလဲတွေရှိရင် ရှိသလိုတော့ ပြောင်းပြောရမှာပေါ့၊ ဒါပေမယ့် လောလောဆယ်ခန့်မှန်းထားတဲ့ အင်အားနဲ့သာဝင်မယ်ဆိုရင် လှိုင်းကြီးမယ်၊ မိုးတွေရွာမယ်၊ ရေတွေတက်မယ်၊ ရေကလည်းအနည်းဆုံး အခုအတိုင်းဆိုရင်တော့ ငါးပေလောက်ပေါ့၊ တကယ်လို့ ၁၂ဝ ကျော်လောက်တိုက်မယ်ဆိုရင်တော့ ၁၂ ပေလောက်အထိ တက်နိုင်တယ်ဗျာ၊ လောလောဆယ် မုန်တိုင်းနာမည်ကိုတော့ 01B လို့ မှည့်ခေါ်ထားပါတယ်၊
    မောင်တောဝင်သွားရင်တော့ ချင်းရောက်သွားမှာပေါ့၊ နောက် စစ်ကိုင်းအထက်တို့ အဲဒီဘက်အတွင်းဘက် ရောက်သွားနိုင်တာပေါ့၊ အလယ်ပိုင်းကဒေသတွေကတော့ လွန်ရောကျွံရောဖြစ်ရင်တော့ သူ့အရှိန်နဲ့မိုးရွာတာ၊ အိမ်တွေပျက်တာလောက်တော့ဖြစ်နိုင်တယ်ထင်ပါတယ်၊
    မုန်တိုင်းဝင်နိုင်မယ့်ဒေသက ပြည်သူတွေအနေနဲ့ ပထမဦးဆုံးပြင်ဆင်ရမှာကတော့မုန်တိုင်းသတင်းကို အမြဲနားထောင်ဖြစ်ဖို့ပဲ၊ နားထောင်ခြင်းအားဖြင့် ကိုယ့်ဘက်မှာ ဘယ်လောက်အရေးကြီးတယ်ဆိုတာသိရမယ်၊ နံပါတ် ၂ က မုန်တိုင်းဝင်မယ့်ဒေသ ခုနကပြောတဲ့ မောင်တောတို့ဘာတို့မှာ မုန်တိုင်းဆိုတာ အန္တရာယ်သုံးမျိုးရှိတယ်၊ လေပြင်းတိုက်မယ်၊ မိုးရွာမယ်၊ ပင်လယ်ရေလှိုင်းတွေတက်မယ်၊ နောက်လေပြင်းက အခု ၈ဝ၊ ၁ဝဝ ထားပါတော့တိုက်ရင် အိမ်တွေ၊ သစ်ပင်တွေ၊ ဓာတ်တိုင်တွေပြိုမယ်၊ မိုးတွေလာမယ်၊ ပင်လယ်မှာလှိုင်းက အနည်းဆုံးပေ ၂၅၊ ၃ဝ လောက်ရှိမယ်၊ အဲဒီ့အန္တရာယ်ကိုသိရင် ရေလုပ်သားတွေက ဒါကိုကြိုပြင်ရမှာပေါ့၊ သဘောင်္တွေဘာတွေဆိုရင် ကမ်းနဲ့ဝေးရာကို မသွားသင့်ဘူးပေါ့၊ ဒါကလှိုင်းနဲ့ လေနဲ့ပတ်သက်လို့ မိုးကတော့ အထူးပြောစရာမလိုဘူး၊ ဒီဒေသက မိုးများနေကျဒေသဆိုတော့ သူတို့အတွေ့အကြုံရှိမှာပါ၊ ပင်လယ်ဒီရေလှိုင်းတက်လာရင်တော့ ခုနကပြောသလိုပဲ အားကောင်းရင်ကောင်းသလို အန္တရာယ်ကြီးတဲ့အတွက်ကြောင့် ကိုယ်နေတဲ့ဒေသဟာ ရေတက်နိုင်တဲ့ဒေသဆိုရင်တော့ဒီအိမ်ထဲမှာနေရုံလောက်နဲ့တော့ မလုံခြုံဘူး၊ အဲတော့ ဘေးကင်းရာအရပ်၊ ကုန်းမြင့်ရှိရာအရပ်ကိုသာ ပြောင်းနေဖို့လိုတယ်ဆိုတာလေးတော့ ကြိုသိထားဖို့လိုပါတယ်ဗျာ”
  • အင်္ဂလန် လီဆက်စတာမြို့က ကျောင်းများ၏ ဟလာလ် ဘာဂါများ၌ ၀က်သားပါနေကြောင်း တွေ့ရှိ
    မေလ-၁၀၊၂၀၁၃
    M-Media
    Pork Found In Leicester Halal Burger
    အင်္ဂလန်နိုင်ငံ၊ လီဆက်စတာရှိ ကျောင်းများ၌ ပြုလုပ်ကျွေးမွေးသည့် ဟလာလ်ဘာဂါများတွင် ၀က်သားများကို တွေ့ရ၍ ကျောင်းတွင်း အစားအသောက် စီမံမှုများအပေါ် မွတ်စ်လင်မ်များမှ အယုံအကြည် မရှိတော့သဖြင့် တရားဝင် အရေးယူရန် အင်္ဂလန်ရှိမွတ်စ်လင်မ်အဖွဲ့များမှ ချက်ခြင်းစီစဉ်နေသည်။
    “ ဒါဟာ လက်မခံနိုင်စရာ စိတ်ပျက်ဖွယ် လုပ်ဆောင်ချက်ပါဘဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက ကျင့်သုံးလာခဲ့တဲ့ အစားအသောက်ဆိုင်ရာကန့်သတ်ချက်များကို ကျွန်တော်တို့ တန်ဖိုးထားမြတ်နိုးကြပါတယ်။ မွတ်စ်လင်မ်တွေအားလုံးအဖို့ ၀က်သားနဲ့အရက်စားသောက်ခြင်းကို တားမြစ်ချက်ရှိပါတယ် ” ဟု Federation of Muslim Organizations (FMO)မှ  Suleman Nagdi က Leicester Mercury သို့ပြောကြားလိုက်သည်။
    လီဆက်စတာမြို့တော်ကောင်စ၏ DNA စစ်ဆေးမှုအောက်တွင် Doncaster အခြေစိုက်ထုတ်ကုန်လုပ်ငန်း Paragon Quality Foods Limited မှတင်သွင်းလာသည့် အအေးခံစားသောက်ကုန်အတွင်း ၀က်သား အပိုင်းအစများတွေ့ရခြင်း ဖြစ်သည်။ (ကျန်းမာရေး၊ သန့်ရှင်းမှု စသည့်ရှုထောင့်များအရ မွတ်စ်လင်မ်တို့အတွက် တရားဝင်စားသောက်ပြုလုပ်ခွင့် ရှိသည့်) ဟလာလ် ဘာဂါများကို လီဆက်စတာ ကျောင်း အစားအသောက်စာရင်းများတွင် ၂၀၁၃ ခုနှစ်ကတည်းကစ၍ မြို့တော်ကောင်စီ၏ စည်းမျဉ်းနှင့်အညီ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။  ဖေဖော်ဝါရီလက နိုင်ငံတ၀ှန်း၌ အမဲသားစားသောက်ကုန်များအတွင်း မြင်းသားများပါဝင်နေသည်ဟု အမည်ဆိုး ထွက်လာပြီးသည့်နောက် မြို့တော်ကောင်စီ၏ ပုံမှန်စစ်ဆေးချက်များမှ ဤအခြင်းအရာကို တွေ့ခဲ့ကြရသည်။ စစ်ဆေးချက်အဖြေကို မြို့တော်ကောင်စီထံ အကြောင်းကြားခဲ့ရာ ဆက်လက် စမ်းသပ်မှုများပြုလုပ်ပြီးသည့်နောက် ကုန်ပစ္စည်းများကို ရုပ်သိမ်းစေခဲ့ကြောင်း ၄င်းမှ ဆိုလိုက်သည်။ ပညာရေးဆိုင်ရာအကြီးအမှူးများကလည်း သက်ဆိုင်ရာ ကျောင်းများနှင့်မိဘများထံ ဤအခြေအနေနှင့် စပ်လျဉ်း၍ အကြောင်းကြားစာ ၆၀၀၀ ကို ဤအပတ်အတွင်း ပို့လိုက်ပြီဖြစ်သည်။
    စာသင်ကျောင်းများအတွက်အကြံပေးအဖွဲ့ဝင် ဒုတိယမြို့တော်ဝန် Vi Dempster က “ မြို့တော်ကောင်စီအနေနဲ့ တွေ့လျှင်တွေ့ချင်း ချက်ခြင်းအရေးယူပါတယ်။ အဲ့ဒီစားသောက်ကုန်ကို ကျောင်း အစားအသောက်စာရင်းထဲက မတုန့်မဆိုင်း ထုတ်ပယ်ခိုင်းလိုက်ပါတယ်။ ဆက်လက်စစ်ဆေးမှုလည်းလုပ်နေပါတယ်။ ဒီကုမ္ပဏီနဲ့ နောက်ထပ် အလုပ်လုပ်တော့မှာမဟုတ်ပါဘူး။ မိမိစားသုံးနေတဲ့အစားအစာထဲမှာ အယုံအကြည်မရှိတော့တဲ့ကိစ္စဟာဖြင့် ကျွန်တော်တို့အဖို့ သိက္ခာကျစရာဖြစ်ပါတယ်။  မိသားစုတွေ၊ ၀န်ထမ်းတွေအပေါ် ဒီဂယက်ကြောင့်ဖြစ်လာတဲ့သောကမှန်သမျှကို ကျွန်တော်တို့ ၀မ်းနည်းမိပါတယ်။ ဒီလိုဆိုးရွားတဲ့ကိစ္စကို ထိထိရောက်ရောက်အရေးယူပါ့မယ်လို့ ကျွန်တော်တို့က ထပ်မံအတည်ပြုချက်ပေးပါတယ် ” ဟု ပြောဆိုသည်။
    ဗြိတိန်နိုင်ငံတွင် အခြေစိုက်နေထိုင်သော မွတ်စ်လင်မ်လူဦးရေမှာ ၂.၇ သန်းခန့်ရှိသည်။ “ ဟလာလ် ” ဟူသည် အရဗီ ဘာသာစကားအရ ခွင့်ပြုချက်ရှိခြင်း/တရားဝင်ခြင်း ကိုဆိုလိုသည်။ သာမန်အားဖြင့် အစားအသောက်ကိစ္စ၌ လူသိများကြသည်။ အလ္လာဟ်( အရဗီဘာသာစကားဖြင့်ခေါ်ဆိုသော ကိုးကွယ်ရာအရှင်သခင်)၏အမည်ကို တသ၍ ချွန်မြသောဓားဖြင့် (သွေးဆိုးသွေးပုပ်ပါမကျန်) လည်ပင်းသွေးကြောမအား လှီးဖြတ်ဖောက်ထုတ်ထားသည့် (သတ်မှတ်) တိရစ္ဆာန်အသားများကိုသာ မွတ်စ်လင်မ်တို့က စားပိုင်ခွင့်ရှိကြသည်။ ၀က်သားမှာ ကျန်းမာရေးနှင့်မညီညွတ်၊ မသန့်ရှင်းသည့်အစာအဖြစ် သတ်မှတ်ချက်ကြောင့် မွတ်စ်လင်မ်တို့ မစားသောက်ကြခြင်းဖြစ်သည်။
    မွတ်စ်လင်မ်ကျောင်းသားများအတွက် တင်သွင်းသော ဟလာလ်ဘာဂါများအတွင်း ၀က်သားတွေ့ရခြင်းမှာ ကျောင်း၏စားသောက်ဆောင်များကို မွတ်စ်လင်မ်တို့မှ အယုံအကြည်ကင်းမဲ့သွားစေသည်။
    “ ဒီလက်ရှိဖြစ်ရပ်ဟာ ဟလာလ် လို့အာမခံပြီး ပေးသွင်းထုတ်လုပ်နေတဲ့နေရာက လုပ်ငန်းစဉ်၊စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး မွတ်စ်လင်မ်အသိုင်းအ၀ိုင်းထဲမှာ ယုံကြည်စိတ်ချမှုပြဿနာ ကြီးထွားလာတော့မှာဖြစ်ပါတယ်။ စားသောက်ကုန်လုပ်ငန်းစဉ်တွေအားလုံးကို လိုအပ်သလို ကျကျနန ပြန်လည်  စစ်ဆေးပြီးမှ ထောက်ခံချက်ပေးသင့်ပါတယ်။ ပြီးတော့ ရှောင်တခင် DNA စစ်ဆေးမှုအဆင့်ဖြတ်သန်းပြီးမှသာ ထွက်ရှိလာဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးနောက်တစ်ကြိမ် ထပ်မဖြစ်ဖို့ မျှော်လင့်ရတာပါဘဲ။ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့တင်မြှောက်ထားကြတဲ့ အကြံပေးအဖွဲ့ဝင်တွေက ဒီအာမခံချက်အတိုင်း လုပ်မလုပ်ကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ် ” ဟု FMO မှ နဂ်ျဒီက ပြောကြားခဲ့သည်။ ၄င်းပြင် “ ဒီလို သည်းခံနိုင်စရာမရှိတဲ့လုပ်ရပ်မျိုးကို တရားစွဲဆိုဖို့၊ ဒီကဏ္ဍလုပ်ငန်းရှင်များ အားလုံးကိုလည်း ပြတ်ပြတ်သားသား အကြောင်းကြားအသိပေးဖို့ လူထုက စိတ်ဝင်စားနေပါတယ် ” ဟူ၍ ထိုကုမ္ပဏီအား သက်ဆိုင်သည့် အရေးယူမှုပြုလုပ်ရန် မြို့တော်ကောင်စီသို့ တိုက်တွန်းပြောဆိုလိုက်သည်။
    ဟလာလ်အသားများအတွင်း ၀က်သားများရောနှောပါဝင်သောအစားအစာများကို မတင်သွင်းရန် မေတ္တာရပ်ခံမှုသည် ဗြိတိန်နိုင်ငံတွင် လိုင်စက်စတာရှိုင်းယားကျောင်းများမှ ပထမဆုံး မဟုတ်ခဲ့ချေ။ ဘာမင်ဟန်ရှိ ကျောင်းတစ်ကျောင်းတွင်လည်း စားဖိုဆောင်စစ်ဆေးမှုပြုလုပ်အပြီး၌ မွတ်စ်လင်မ်ကျောင်းသူကျောင်းသားများအား ဟလာလ်မဟုတ်သောအစားအစာများစီစဉ်ခြင်းမပြုရန် လွန်ခဲ့သည့်ဖေဖော်ဝါရီလက မေတ္တာရပ်ခံထားပြီးဖြစ်သည်။
    စားသောက်ကုန်စည်းကမ်းစိစစ်ရေးအေဂျင်စီမှ ပြောဆိုခွင့်ရအမျိုးသမီးတစ်ဦးသည် အကျဉ်းထောင်များသို့ပို့သော ဟလာလ်အသားများအတွင်း ၀က်သားများရောနှော ပါဝင်နေကြောင်း ပြောဆိုလိုက်ပြီးနောက်ပိုင်း ဤဖြစ်အင်မှာ လူသိရှင်ကြားဖြစ်လာခဲ့သည်။ အလားတူစွာပင်  နိုင်ငံတွင်းရှိ အမဲသားများထဲ မြင်းသားပုပ်များ ညှပ်ပါနေသည်ကို တွေ့ခဲ့ကြရပြီး လွန်ခဲ့သော ရက်သတ္တပတ်က စတင်းဖို့ဒ်ရှိုင်းယားမြို့တော်ကောင်စီသည်လည်း မိမိတို့ကျောင်းများရှိအစားအသောက်စာရင်းမှ အမဲသားကို ရှောင်လိုက်ရန် သတိပေးထားသည်။
    Onislam
  • အမေရိကန်တွင် ၂ နှစ်သားကလေး သေနတ်ဖြင့်ဆော့ရာမှ ကိုယ့်ဦးခေါင်း ကိုယ် ပစ်ခတ်မိ၍ သေဆုံး
    မေ-၁၀၊၂၀၁၃
    M-Media
    pirhayati20130510094141050
    အမေရိကန် တောင်ပိုင်း တက်စစ် (Texas) ပြည်နယ်တွင် အသက် ၂ နှစ်အရွယ်ကလေးငယ် သည် သူ၏ ဖခင်၏ သေနတ်ကို ဆော့ကစားရာမှ ကိုယ့်ဦးခေါင်းကိုယ် သေနတ်ဖြင့် ပစ်မိပြီး သေဆုံးသွားခဲ့သည်။
    မတော်တဆ ပစ်ခတ်မိမှုသည် ဗုဒ္ဓဟူးနေ့ ည ၈:၄၆ အချိန် (GMT အရ ကြာသာပတေးနေ့ ၀၂:၄၆) တွင် ကော်စီကာနာ(Corsicana) မြို့ ၌ ဖြစ်ပွားခဲ့သည်။
    သေဆုံးသူ ကလေးငယ်သည် ကင်စလာ အယ်လန် ဒေးဗစ်(Kinsler Allen Davis) ဟုခေါ်ပြီး၊ သူ၏ ဖခင်ဖြစ်သူ အသက် ၃၄ နှစ် သည် ၄င်း အခန်းအတွင်းရှိ ဗီဒိုထဲတွင် တစ်စုံတစ်ရာ ရှာဖွေနေခိုက် ကလေးငယ်သည် သေနတ်ကိုတွေ့ရှိကာ ကိုယ့်ဦးခေါင်းကိုယ်ပစ် ခတ်မိခြဲ့ခင်းဖြစ်သည် ဟု ရဲများက ပြောကြားခဲ့သည်။
    ကလေးငယ်အား နာဗာရို နယ်ပယ်ဒေသ ဆေးရုံ(Navarro Regional Hospital) သို့ တင်ခဲ့ပြီး၊ ၄င်းဆေးရုံမှ အသက်ကယ်လေယာဉ်ဖြင့် ဒါလာစ်(Dallas) တွင်ရှိသော ကလေးအထူးကုဌာနသို့ ခေါ်ဆောင်သွားစဉ် သေဆုံးသွားသည် ဟုသိရသည်။
    ယခုဖြစ်ပေါ်ခဲ့သော မတော်ဆမှုသည်၊ တန်ပ ဘေး(Tampa Bay) မြို့တွင် သေဆုံးခဲ့သော အမှုအပြီးတွင် ဆက်လက်ဖြစ် ပေါ်လာခဲ့သော အမှု ဖြစ်သည်။ တန်ပ ဘေး(Tampa Bay) မြို့တွင် အသက်သုံးနှစ်အရွယ် ကလေးငယ်သည် သူ၏ ဦးလေး၏ ကျောပိုးအိတ်ထဲမှ သေနတ်ကို ရှာတွေ့ခဲ့ပြီး ဆော့ကစားပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့သည် ဟုသိရသည်။
    မေလ ၄ ရက်နေ့က အုပ်ခ်လန်ဒ် ပါ့ခ်(Oakland Park) တွင် ဆယ်ကျော်သက် အစ်ကို၏ သေနတ်ဖြင့် ဆော့ကစားပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ညီမငယ် သေဆုံးခဲ့ရသည်။
    ဧပြီလ ၃၀ ရက်နေ့၊ ကန်တက်ကီ(Kentucky) မြို့တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်သည် အသက် ၂ နှစ်အရွယ် သူ၏ ညီမဖြစ်သူအား အိမ်မှုဝေယျာဝိစ္စများလုပ်နေစဉ် သေနတ်ဖြင့် သေစေနိုင်လောက်အောင် ဆိုးရွားစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
    ဧပြီလ အစောပိုင်း၊ နယူးဂျာစီ(New Jersey) မြို့ တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်သည် 22- Caliber ရိုင်ဖယ်သေနတ်အား အိမ်တွင်ရှာဖွေတွေ့ရှိခဲ့ပြီး ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် သူ၏ သူငယ်ချင်းမှာသေဆုံးခဲ့ရသည်။
    ၁၄ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်တွင်၊အမေရိကန်နိုင်ငံရှိ ကော်နဒ်ကဒ်(Connecticut) ပြည်နယ် နယူးတောင်း(Newtown) မြို့ စန္ဒီ ဟွတ် (Sandy Hook) မူလတန်းကျောင်းတွင် သေနတ်သမား ၏ ပစ်ခတ်မှု ကြောင့် ကလေးငယ် အယောက် ၂၀ နှင့် လူကြီး ၆ ယောက်တို့သည် အပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း၊ သေနတ်သမားသည် ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်းသိရသည်။ ထိုနေ့ အစောပိုင်းတွင် သေနတ်သမားသည် သူ၏ မိခင်ဖြစ်သူကို အခြားဒေသ တစ်ခုတွင် သတ်ပစ်ခဲ့သည် ဟုလည်းသိရသည်။
    အမေရိကန်နိုင်ငံတွင် နှစ်တိုင်း လူပေါင်း ၃၀,၀၀၀ ကျော်သည် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးခဲ့ သည်ဟုဆိုသည်။ ချီကာဂို တက္ကသိုလ် ရာဇ၀တ်မှု လေ့လာရေးနှင့် ပပျောက်ရေး ထိန်းချုပ်မှု(Uninversity of Chicago Crime Lab and the Centers for Disease Control) ဌာန ၏ လေ့လာတွေ့ရှိချက်အရ အမေရိကန်နိုင်ငံတွင် တစ်နေ့လျှင် အနည်းဆုံး လူ ၈၇ ယောက် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးကြောင်း နှင့် ၁၈၇ ယောက် ဒဏ်ရာရကြောင်း လေ့လာတွေ့ရှိရသည် ဟုဆိုသည်။
    အမေရိကန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်သည် သေနတ်အများဆုံး ရောင်းရသောနှစ်ဖြစ်သည်။ သို့သော်လည်း သေနတ် ထိန်းချုပ်ရေး ဥပဒေများသည်လည်း တဖြည်းဖြည်း ပိုမိုတင်းကျပ်လာပြီး၊ ပြည်သူလူထု၏ စစ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုသည် အန္တရာယ်ဖြစ်စေနိုင်သော လက်နက်များအား သုံးစွဲမှု တားမြစ်ချက်အား ထောက်ခံသည်ဟုသိရှိရသည်။
    MP/NN
  • နဝတ အစိုးရလက်ထက် တရားဝင်ကြေညာခဲ့တဲ့ ဗလီ နှင် ခရစ်ယျာန် ဘုရားကျောင်းအရေအတွက်
    မေ-၁၁၊၂၀၁၃
    M-Media
    ရှာဖွေတင်ပြသူ- ဗေဒါလမ်း
    နဝတ စစ်အစိုးရလက်ထက် ထုတ်ဝေခဲ့တဲ့ သာသနာရောင်ဝါထွန်းစေဖို့ စာအုပ်ပြောတဲ့ မြန်မာနိုင်ငံမှ အစ္စလာမ်သာသနာဝင်များကြောင်း၊ ဗလီများ၊ ခရစ်ယျာန် ဘုရားရှိခိုးကျောင်းများ စာရင်း
    1
    “တလောက ရန်ကုန်တိုင်း သာသနာရေးမှုး ဦးအောင်ကြည်က တရားဝင်ဗလီဆိုပြီးဆောက်ခွင့် ပေးထားတာ မရှိဘူး ” ဆိုပြီး Eleven Media က မှာ ဖော်ပြသွားတာတွေ့လိုက်ရပါတယ်။ (** ဦးအောင်ကြည်က ထိုသို့ ပြောခဲ့တာ မဟုတ်ကြောင်း မီဒီယာများလိုရာ ဆွဲရေးပြိးဖော်ပြခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ဦးအောင်ကြည်ဖြေရှင်းချက် )
    ဒါနဲ့သာသနာရောင်ဝါ ထွန်းစေဖို.ဆိုတဲ့ စာအုပ်ကိုကြည့်လိုက်ပါတယ်။ စာအုပ်ရဲ. အမှာစာကို န-ဝ-တ အတွင်းရေးမှုး (၂)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး စစ်ဆင်ရေး အထူးအဖွဲ.မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ကရေးသားထားပြီး “ဘာသာ အယူဝါဒသည် လူသတ္တဝါများကို ယဉ်ကျေးသီမ်မွေ.အောင် ဆုံးမရာတွင် စွမ်းအားမြင့်မားသော အင်အားကြီး တရပ်ဖြစ်ပေသည်” ဟု အမှာစကားပါးထားပါတယ်။
    ဒီစာအုပ်ထဲက အရေးကြီးတဲ့ အချက် လေးချက်လောက်ကိုတော့ ပြောချင်ပါတယ်။
    နံပါတ် (၁)အစ္စလာမ်ဘာသာ မြန်မာနိုင်ငံကို ရောက်လာတာ နှစ်ပေါင်း ၁၂၀၀ ခန့်ရှိပြီဆိုတဲ့အချက်၊
    (၂) ရခိုင်မှာ ကမန်မွတ်စလင်တွေအပြင် တိုင်းရင်းသားဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ရခိုင်တွေရှိခဲ့တယ်ဆိုတဲ့အချက်၊
    (၃) တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေကို ဟဂ်ျသွားခွင့်ပြုခဲ့တဲ့ဆိုတဲ့ အချက်နဲ.
    (၄) ဗလီတွေ ပြန်လည် မွမ်းမံဆောက်လုပ်ခြင်း ဝင်းထရံကာခြင်း၊ တိုးချဲ. ဆောက်လုပ်ခြင်းတွေကို သက်ဆိုင်ရာအာဏာပိုင်များ၏ စီစစ် ခွင့်ပြုချက်နှင့်သာဆောင်ရွက်ခဲ့ခြင်းဆိုတာကိုတွေ.ရပါတယ်။
    ဒီစာအုပ်က န-ဝ-တ ခေတ် ၁၉၉ရ မတ်လ ထုတ်ပါ။ ထုတ်ဝေတာက ကာကွယ်ရေး ဝန်ကြီးဌာန ပြန်လည်နေရာ ချထားရေး ညွန်ကြားရေးမှုးရုံး ဦးစီးအရာရှိပထမတန်း ဒုတိယဗိုလ်မှုးကြီးဝင်းမောင် ကတာဝန်ခံထုတ်ဝေတာဖြစ်ပါတယ်။ ပြောရရင် န-အ-ဖ အစိုးရကထုတ်တာပါ။အဲဒီစာအုပ်ထဲက အစ္စလာမ်ဘာသာနှင့်မြန်မာနိုင်ငံဆိုတဲ့ အကြောင်းကိုတင်ပြချင်ပါတယ်။ကောက်နုတ်ဖော်ပြချက်သာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ စာအုပ်ကိုရှာဖွေ ဖတ်ရှုစေချင်ပါတယ်။
        “အစ္စလာမ်ဘာသာစတင်ဝင်ရောက်လာပုံ”
    အစ္စလာမ်ဘာသာသည်မြန်မာနိင်ငံသို့လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန်.ကစ၍ အုပ်စုလိုက်၎င်း၊တစ်ဦးချင်း နှစ်ဦးချင်း အားဖြင့်၎င်း ပြန့်နှံ့ဝင်ရောက်ခဲ့သည်။သမိုင်းအထောက်အထားများအရအစ္စလာမ်ဘာသာမြန်မာနိုင်ငံသို.စတင်ရောက်ရှိလာပုံမှာ ပြည်ပအစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို.လာရောက်သာသနာပြုသဖြင့်ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။
    အေဒီ ရ၈၈-၈၁၀ အတွင်းရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ပြီးအစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင်အတည်တကျနေရာချထားပေးခဲ့ကြောင်းတို့အပြင် အခြား အထောက်အထားတွေကိုပါ ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်မှာ ကမန် မွတ်စလင်တို့အပြင် စစ်တွေမြို.အရှေ.ပိုင်းဒေသများ၊ရမ်းဗြဲကျွန်းနှင့်သံတွဲတဝိုက်တွင် “တိုင်းရင်းသားများဖြစ်ကြသော” အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်ဟုဖော်ပြထားပါသည်။
    ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃ (ခရစ်နှစ် ၁၈၀၁ ခု ) ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ရွှေတိုက်ပရပိုက်မှ ဗိုလ်မင်း မင်းလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀ရ၆ အထိ နန်းစံသောအင်းဝစနေမင်းလက်ထက်တွင် ရခိုင်ဘက်မှဝင်ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား အေဒီ(၁၇၀၉) ခုနှစ်တွင်နေရာ ၁၂ နေရာကိုနေရာချပေးခဲ့ကြောင်းရေးသားထားသည်။
    နေရာ ၁၂ နေရာမှာ ၁။တောင်ငူ ၂။ရမည်းသင်း ၃။ညောင်ရမ်း ၄။ယင်းတော် ၅။မိတ္ထီလာ ၆။ပင်းတလဲ ရ။တဘက်ဆွဲ ၈။ဘောမိ ၉။သာစည် ၁၀။စည်ပုတ္တရာ ၁၁။မြေဒူး ၁၂။ဒီပဲယင်း တို့ဖြစ်ကြောင်း ၁၉၉၃ ခု ကောက်ယူသောသန်းခေါင်စာရင်းအရ အစ္စလာမ်ဘာသာဝင် လူဦးရေ ၁၆၂၀၂၃၃ ဦးရှိပြီး လူဦးရေ၏ ၃.၇၉ % ရှိကြောင်းဖော်ပြထားသည်။
    ဆက်လက်ဖော်ပြထားရာတွင် “တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တို.၏ “သာသနာ့တာဝန်တရပ်ဖြစ်သော မက္ကာမြို.သို.ဟဂ်ျဘုရားဖူးသွားရောက်ခြင်းကို ၁၉၆၀ တွင် ၂၈၉ ဦး၊၁၉၆၁ တွင် ၄၉၄ ဦး၊ ၁၉၆၂ တွင်၁၀၂ ဦးတို့အား သွားရောက်ခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံခြားငွေအခက်အခဲကြောင့်ဟဂ်ျဘုရားဖူးသွားခြင်းကိုပိတ်ပင်ခဲ့ပါသည်။
        ယနေ့အခြေအနေ
    အစ္စလာမ်ဘာသာရေးကိစ္စများအတွက် သာသနာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော အစ္စလာမ်ဘာသာရေး အဖွဲ.ကြီး ငါးဖွဲ.ရှိပြီး၎င်းတို.မှာ
    ၁။အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
    ၂။အိုလမာအစ္စလာမ်သာသနာပညာရှင်များအဖွဲ.ချုပ်
    ၃။မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ.ချုပ
် ၄။မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူငယ်များ ဘာသာရေးအဖွဲ.
    ၅။မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ.ချုပ် တို့ဖြစ်သည်။
    အစ္စလာမ်ဘာသာပြန့်ပွားရေးအတွက်နိုင်ငံတော်က နှစ်စဉ်ကျပ် တစ်သိန်းထောက်ပံ့ထားပြီး ဗလီများပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ခြင်းနှင့် ဝင်းထရံကာရံခြင်း၊ အသစ်တိုးချဲ. ဆောက်လုပ်ရေးအတွက် သဘောထားများ စိစစ်ပြန်ကြားဆောင်ရွက်ပေးခြင်း၊ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်းတို.ကိုဆောင်ရွက်ပေးလျှက်ရှိပါသည်။ ဘာသာေ၇းဆိုင်ရာ စာပေများထုတ်ဝေခြင်းကို စီစစ်ခွင့်ပြုခြင်း၊ပြည်ပမှ အခမဲ့ပေးပို.လှုဒါန်းသော ဘာသာရေးစာအုပ်များ၊မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများ၊လူနာတင်ယဉ်များ တင်သွင်းခွင့်ရရိရေးအတွက် စီစစ် တင်သွင်းခွင့်ပြုလျက်ရှိပါသည်။
    ၁၉၉၇ မတ်လ နိုင်ငံတော်ငြီမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအစိုးရအဖွဲ.မှ ထုတ်ဝေသော သာသနာရောင်ဝါထွန်းစေဖို.စာအုပ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
    Eleven မီဒီယာရဲ့ သတင်းတွင် မြန်မာနိုင်ငံမှာ ရှိတဲ့ ဗလီဝတ်ကျောင်းတော်စာရင်းကို အထောက်အထားမဲ့လွဲမှားစွာ ဖော်ပြခဲ့ကြောင်းလဲ တွေ့ပါတယ်။ Eleven မီဒီယာမှ တနိုင်ငံလုံးတွင် ဗလီဝတ်ကျောင်း ၇၀၀ ကျော်ခန့်သာရှိမည်ဟု ဖော်ပြပြီး ၁၉၉၇ မတ်လ နိုင်ငံတော်ငြီမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအစိုးရအဖွဲ.မှ ထုတ်ဝေသော သာသနာရောင်ဝါထွန်းစေဖို. စာအုပ်တွင် တနိုင်ငံလုံး၌ ဗလီဝတ်ကျောင်း ၂၂၆၆ ရှိကြောင်းကို အတိအကျဖော်ပြပါရှိပါသည်။
    913022_483049071766392_1234274156_n
    908380_483049065099726_152156413_n
    907736_483049068433059_1477882709_n
    908461_483049641766335_181580965_n
    911707_483049635099669_976755969_n
    913017_483049638433002_895272733_n