News @ M-Media

Blog

  • အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစုန်းချောင်း ဆရာတော်)နှင့် တွေ့ဆုံမေးမြန်း လျှောက်ထားချက်

    မေလ ၁၄၊ ၂၀၁၃
    M-Media
    တွေ့ဆုံမေးမြန်းသူ – ဆူးထက်

    ဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစုန်းချောင်းဆရာတော်) – စာရေးဆရာ အောင်မှူးဝေ သီတင်းသုံးတော်မူသော ကျောင်းဆောင် တည်ရှိရာ ရန်ကုန်မြို့  ဒဂုံမြောက်ပိုင်းသို့ သွားရောက်၍ M-Media မှ မေးမြန်းလျှောက်ထားခဲ့ပါသည်။

    P8090016

    M-Media –   ဘာသာတရား အားလုံးက ပြောတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ အတွက် ဦးဇင်း အနေနဲ့ ဘယ်လိုများ မိန့်ကြားချင်ပါသလဲ။

    ဆရာတော် – အစ္စလာမ်တွေ ပြောတဲ့ ရုပ်ထုကိုးကွယ်မှုဆိုတာ ဦးဇင်းတို့ရဲ့မြတ်စွာဘုရားရုပ်ထုကို ပြောတာ မဟုတ်ဘူးလို့ နားလည်ပါတယ်၊ သူတို့ပြောတဲ့ ရုပ်ထုဆိုတာ မြင့်မြတ်တဲ့ ၀တ်ကျောင်းတော်မှာ ရှိတဲ့ စိတ်ကူးတည့်ရာ ပြုလုပ်ထားတဲ့ ရုပ်ဝတ္ထုတွေကိုပြောတာ၊ တမန်တော် မုဟမ္မဒ်က ဒါတွေကို သဘောမကျဘူး။ ဆော်ဒီအာရေးဗီးယားမှာ သဘောမကျတဲ့ အတွက် လူတွေရင်ထဲမှာ ငြိမ်းချမ်းစေနိုင်မယ့် ဘာသာတရားကို တောင့်တတယ်။ တောင့်တတဲ့အတွက် ကုရ်အာန်ကျမ်းရဲ့ အဆိုအရ ဆိုရင် အလ္လာဟ်ဟို အရှင်မြတ်ဆီကနေ ကျမ်းတော်မြတ်ကုရ်အာန်ကို ရလိုက်တယ်။ ကျမ်းတော်မြတ် ကုရ်အာန်သည် အစမှ အဆုံးတိုင် ကရုဏာချည်းသာတည်းဟု ပြဌာန်းထားတယ်၊ ကရုဏာချည်းပဲဆိုတဲ့ ဘာသာသည် သူများကို ဒုက္ခပေးဖို့ မရှိဘူး။ ဒီတစ်ပိုဒ်ထဲနဲ့တင် ကုရ်အာန်ကျမ်းက ပြည့်စုံသွားပြီ။ ဒီတော့ အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့လည်း ဒီကုရ်အာန်ကျမ်းရဲ့ အဆုံးအမ အတိုင်း၊ အလ္လာဟ်ဟိုအရှင်မြတ်ရဲ့ အဆုံးအမ အတိုင်း နေကြမယ် မဆန့်ကျင်ဘူးဆိုရင် ငြိမ်းချမ်းမှာပဲ။

    ဗုဒ္ဓဘာသာ ဆိုတာကတော့ ခေတ်အဆက်ဆက်ကတည်းက တကယ် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ ဘာသာ၊ တကယ့် မေတ္တာတရားကို အရင်းခံထားတဲ့ ဘာသာ အဲလိုမျိုး ကျော်ကြားလာတဲ့ ဘာသာဖြစ်တဲ့ အတွက် အထူးပြောစရာ မလိုဘူး။ ဒါကြောင့်လည်း နိုင်ငံတော်က အထူးဝိသေသနဲ့ပြည့်စုံတဲ့ ဘာသာတစ်ခုလို့ သတ်မှတ်ထားတယ်၊ ပြီးတော့ ဦးဇင်းတို့ ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာ အများစု၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ ကအနည်းစု၊ အများစုက အနည်းစုကို ကြောက်တယ်ဆိုတာက သဘာဝမကျဘူး။ တို့တတွေ ကြောက်ကြတယ်ဆိုတာ အင်အားကြီးလို့သော် လည်းကောင်း၊ လက်နက် အင်အားများလို့ သော်လည်းကောင်း၊ လူအင်အားများလို့ သော်လည်းကောင်း ကြောက်ကြတာ။ အဲတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာအနေနဲ့ ကြောက်စရာ မလိုဘူး၊ ကြောက်တာသည် အဘိဓမ္မာနည်းနဲ့ ကြည့်ရင် ဒေါသ၊ ကိလေသာ။ ကြောက်နေရင် ဒေါသရှိနေမယ် မငြိမ်းချမ်းတော့ဘူး။ မြတ်စွာဘုရားက ဒေါသနဲ့ သူရဲ့ အဖေါ်တွေဖြစ်တဲ့ လောဘတို့၊ မောဟတို့ ပယ်ခိုင်းတယ်။

    ဦးဇင်းတို့တတွေက ပယ်ကြသလား၊ ဒါတွေမပယ်နိုင်တော့ ဗုဒ္ဓဘာသာရှူဒေါင့်ကနေ ပြောရင်တော့ မငြိမ်းချမ်းနိုင်ဘူး၊ လောဘ၊ ဒေါသ၊ မောဟကို ပယ်သတ်ဖို့ မြတ်စွာဘုရားက ပဋိပဌာန်လေးပါး ပေးထားတယ်၊ ဒါကို ဦးဇင်းတို့တတွေ ပွားရမယ် အဲလိုပွားနိုင်ရင် တို့တတွေ တို့ဘာသာနှင့် မဆန့်ကျင်၊ ဦးဇင်းတို့ ဘာသာနဲ့ မဆန့်ကျင်တဲ့ အတွက် ဦးဇင်းတို့ ဗုဒ္ဓဘာသာလည်း ငြိမ်းချမ်းကြမှာပဲ။ အဲလိုပဲ ဟိန္ဒူရော၊ ခရစ်ယာန်ရော အားလုံး ငြိမ်းချမ်းရေး တရားတွေကြီးပဲ။

    အဲဒီတော့ စကားစဉ်အားလုံးကို ပြန်ချုံ့ဖို့ ဆိုရင် ဦးဇင်းတို့မှာ မွေးရာပါ အခွင့်အရေးအနေနဲ့ လူတစ်ယောက်ရဲ့ အခွင်အရေး အနေနဲ့ ငြိမ်းချမ်းပိုင်ခွင့် ပါခဲ့ပြီးသား။ လူ လူချင်း ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရ ပြီးသား၊ အဲဒါကို ပိုပြီးတော့ ဦးဇင်းတို့ဘုရားတွေမှာ ထီးတင်သလို၊ အဆောက်အဦးတွေမှာ အမိုး မိုးသလို အထွဋ်တင်တယ် ခေါ်တာပေါ့။ ဘာသာတရားတွေသည် အထွဋ်အမြတ်အနေနဲ့ ငါတို့ ပေါ်မှာရှိတယ်။ ဒီဘာသာတရားတွေဟာ တို့တတွေရဲ့မွေးရာပါ ငြိမ်းချမ်းပိုင်ခွင့် လွတ်လပ်ရေးကို ပိုပြီးအရောင်တောက်ပြောင်လာအောင် ထိန်းမပေးတယ်၊ ဒါတွေကို တို့တတွေ ဆန့်ကျင်လိုက်တာနဲ့ မွေးရာပါ ငြိမ်းချမ်းရေးကို အမှောင်က ဖုံးလွှမ်းလို့ ပူလောင်ကြတာ၊ ဒါကြောင့် တစ်ခွန်းတည်း ပြတ်အောင်ပြောမယ်

    ကိုယ့်ဘာသာရဲ့အဆုံးအမကို တိတိကျကျ လိုက်နာရင် ငြိမ်းချမ်းမယ်၊ မလိုက်နာ နိုင်ဘူးဆိုရင် မငြိမ်းချမ်းဘူး၊ ဦးဇင်းကတော့ အမြဲ ငြိမ်းချမ်းပါစေလို့ ဆုတောင်းတယ်၊ ဦးဇင်းတို့တတွေမှာ အခြားလုပ်စရာတွေ ရှိသေးတယ်၊ လူလူခြင်း ရန်ဖြစ်နေလို့ မပြီးဘူးကွယ့်။

    P8090017

    M-Media – ဗုဒ္ဓရဲ့ အဆုံးအမနဲ့ မကိုက်ညီတဲ့ ဗုဒ္ဓရဲ့ တရားတော်မဟုတ်တဲ့ မငြိမ်းချမ်းတဲ့ လမ်းစဉ်ကို မလိုက်ကြဖို့ ဦးဇင်းအနေနဲ့ ဘယ်လိုများ မိန့်ကြားလိုပါသလဲ။
    ဆရာတော် –  ဒါကတော့ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တယ်။ ဒီဘာသာတရားတွေနဲ့ ဘာသာဝင်တွေနဲ့ ဝေးကွာသွားတဲ့ အကြောင်းက လူ့အဖွဲ့အစည်းတွေထဲက စားဝတ်နေရေး အဆင်မပြေမှုလည်း ပါတယ်၊ ဒီတော့ ဦးဇင်းတို့တတွေက ဘာသာတရားနဲ့ ဝေးကွာစေတဲ့ အဓိက အကြောင်းအရင်းက ဘာလဲလို့ အရင်ရှာရမယ်၊ ဥပမာ – နိုင်ငံတော်ရဲ့ အမြင့်ဆုံးကနေပြီးတော့ စဉ်းစားမယ်၊ အစိုးရကြောင့်လား၊ အစိုးရကြောင့် ငါတို့တတွေသည် ဘာသာရေးနှင့် ဝေးကွာသွားတာလား၊ ကောင်းပြီ အစိုးရကြောင့် မဟုတ်ဘူး ဆိုရင် ထားလိုက်၊ စီးပွားရေးကြောင့်လား၊ တချို့က ဘုရား ကျောင်းတက်တော့ လုပ်ချင်တယ်၊ စီးပွားရေးက အဆင်မပြေဘူး၊ အဲဒါဆိုရင် စီးပွားရေး အဆင်ပြေအောင် ဘယ်လိုလုပ်ကြမလဲ၊ စီးပွားရေးကြောင့် ဘာသာရေးနှင့် ဝေးနေသလားဆိုရင် ဦးဇင်းတို့ ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ပေါ့၊
    ဥပမာ – ဦးဇင်းမှာ တစ်သိန်းရှိတယ် သူ့မှာ တစ်သိန်းရှိတယ် ၁၀-ယောက်ဆိုရင် ၁၀-သိန်းရမယ်။ အဲဒီ ၁၀-သိန်းနဲ့ တကယ်စီးပွားရေး လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ကလေးတွေကို စုစည်းပြီး လုပ်ငန်းထူထောင်ပေးရမယ်။ ဒါ လူမျိုးတိုင်း၊ ဘာသာတိုင်းပေါ့။ အဲလိုလုပ်ပေးလိုက်ရင် စီမံကိန်းသက်တမ်း တို့တစ်တွေ သတ်မှတ်ထားတဲ့ ၅-နှစ်၊ ၁၀-နှစ် အတွင်းမှာ ထိုက်သင့်တဲ့ အကျိုးမြတ်ကလေးရမယ်၊အဲလိုမျိုး လူမျိုးတိုင်း၊ ဘာသာတိုင်းက အသီးသီး စီးပွားရေး အဆင်ပြေအောင် ရှာဖွေကြမယ်ဆိုရင် ကြံဆကြမယ်ဆိုရင် စီးပွားရေး အဆင်ပြေကြမယ်။ ဒါဆိုရင် စီးပွားရေးကြောင့် ဘာသာရေးနှင် ဝေးတယ်ဆိုတဲ့ ပြဿနာ ပြေလည်သွားမယ်၊ လူမူရေးကြောင့်လား တို့တတွေ လူမူရေးကြောင့် ဘာသာရေးကို ဝေးကွာတာလား။ နောက်တစ်ခု စဉ်းစားရမယ်၊ ဒါဆို လူမျိုးယဉ်ကျေးမှု ဖလှယ်ကြမယ်၊  လူတွေရဲ့ အတွင်းစိတ်သဘော၊ လူနေမှု အကျင့် ဓလေ့စရိုက် သူဆေးလိပ်သောက်တာ မကြိုက်ရင် မသောက်ဘူး၊ သူ ကွမ်းစားတာ မကြိုက်ရင် မစားဘူး၊ အဲဒါဆိုရင် လူမူရေး အရ ဘာသာရေး ဝေးတယ်ဆိုတာ မရှိတော့ဘူး၊ကျန်းမားရေးကြောင့်လား စသည့်ဖြင့် နည်းလမ်းတွေ ရှာပြီး ဖြေရှင်းသွားရမယ်။ ဒါဟာ တို့တတွေ ဘာသာတရားတွေနဲ့ နီးစပ်ဖို့ အတွက် လုပ်ရမယ့် နည်းလမ်းတွေကို ပြောပြတာပါ။ ဒါက ဦးဇင်းတစ်ပါးတည်းရဲ့ အကြံပဲ ရှိသေးတယ်၊ လူအားလုံးက ၀ိုင်းပြီး စဉ်းစားကြမယ်ဆိုရင် ပြဿနာတွေက ပြေလည်သွားမယ်။

    P8090029M-Media – အခြား ဘာသာတရားကို ပုတ်ခတ် စော်ကားပြီး ဟောကြားနေတဲ့ တရားဟောကြားနေမူတွေ၊  အရေးအသားတွေနဲ့ ပတ်သက်ပြီး ဦးဇင်းအနေနဲ့ ဘယ်လို မြင်ပါသလဲ။

    ဆရာတော်  –  မြတ်စွာဘုရားရဲ့ တရားဟော တရားတွေက သစ္စာလေးပါးက လွတ်တယ်လို့ မရှိဘူး၊ သစ္စာလေးပါးက လွတ်သွားရင် ဘုရားဟောတရားတွေ မဟုတ်တော့ဘူး။ တရားတစ်ပုဒ်ကြားလိုက်ရင် အဲဒီ့ သစ္စာလေးပါးထဲကို ဒကာတို့ ထည့်ကြည့်။ ထည့်ကြည့်လို့ မ၀င်ရင် အဲဒါ ဘုရားတရား မဟုတ်ဘူး။ နောက် တစ်ခုက မြတ်စွာဘုရားရဲ့ တရားမှန်သမျှ လောဘ၊ ဒေါသ၊ မောဟ ငြိမ်းဖို့တရားတစ်ပုဒ် နာရင် တစ်နာရီနာရင် တစ်နာရီ လောဘ၊ ဒေါသ၊ မောဟ ငြိမ်းရမယ်၊ တစ်နာရီနာလို့ လောဘ၊ ဒေါသ၊ မောဟ နှစ်နာရီစာ ဖြစ်လာ တယ်ဆိုရင် အဲဒါ ဘုရားတရား မဟုတ်ဘူး၊ အဲဒီဘုန်းကြီးကလည်း ဘုရား တရားဟောနေတာ မဟုတ်ဘူး။ နောက် မြတ်စွာဘုရားရဲ့ တရားသည် သူများကို ပုတ်ခတ်ခြင်း၊ မိမိကို ပုတ်ခတ်ခြင်း မရှိဘူး၊ ကိုယ့်ကိုကိုယ်တော့ အတင်းမြှောက်ပြီးတော့ သူများကိုကြတော့ ရှုံ့ချတယ်ဆိုတာလည်း ဘုရားရဲ့ တရားတွေမှာ မရှိဘူး၊ အဲလိုမျိုး ဖြစ်လာရင်လည်း မြတ်စွာဘုရားရဲ့ တရား မဟုတ်ဘူးလို့ မှတ်ရမယ်၊ မြတ်စွာဘုရားရဲ့ တရားမဟုတ်တာကို မြတ်စွာဘုရားကလည်း တာဝန်မယူနိုင်ဘူးလေ။ အခု ဖြစ်နေတာနဲ့ ပတ်သတ်ပြီးလည်း ဘာသာရေး ပဋိပက္ခလို့ ပြောလို့ မရဘူးလေ။ အဲလို ဟောကြားတာ၊ ရေးသားတာတွေကို ဦးဇင်းတို့ အနေနဲ့ကလည်း လက်မခံဘူး။ ဒါကြောင့်လည်း ဦးဇင်းတို့ ဆောင်းပါးတွေရေးတယ်၊ တရားထဲမှာလည်း ထည့်ဟောတယ်၊ အဲလိုဟောတဲ့ ရေးတဲ့ အခါကျတော့ ဘာပြဿနာ တက်လဲဆိုရင် တချို့ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာတွေက မထည့်ဘူး။

    M-Media – နောက်ဆုံး လျှောက်ထားချက်မေးခွန်းအနေနဲ့ ဦးဇင်း အခု အစ္စလာမ်ဘာသာဝင်တွေရဲ့ ကျမ်းတော်မြတ် ကုရ်အာန်ကို လေ့လာဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါ။

    ဆရာတော်  –  လေ့လာဖြစ်တဲ့ အကြောင်းက ဦးဇင်းက ဗုဒ္ဓဘာသာထဲမှာ ဘာသာရေးခေါင်းဆောင်။ ဘာသာရေး ခေါင်းဆောင်ဆိုတာ ဘာသာတရား အားလုံးကို သိထားဖို့လိုတယ်၊ ဒါက တစ်ချက်၊ နောက် သီတဂူဆရာတော်ကြီးက ပြောတယ်၊ အားလုံး လက်တွဲပြီး လျှောက်လို့ရမယ့် နည်းလမ်းကို ရှာကြလို့ ကမ္ဘာကုလသမဂ္ဂ မိန့်ခွန်းမှာ ပြောသွားတယ်။ အဲဒါကြောင့် ဦးဇင်း လက်တွဲလျှောက်လို့ရတဲ့ ပလပ်ဖောင်းကို ရှာတယ်၊ အဲလိုရှာဖို့ အတွက် ကုရ်အာန်ကျမ်းကို ဖတ်တယ်၊ နောက်တစ်ခါ အစ္စလာမ်ထဲမှာ ထင်ရာလုပ်နေတဲ့ လူတစ်ချို့ရှိတယ်၊ အဲဒီ လူတွေကို ဆုံးမလို့ ရှိရင်  အခါကျတော့ ဗုဒ္ဓဘာသာတရားနဲ့ ဆုံးမလို့ မရဘူး၊ ကုရ်အာန်ထဲက အဆုံးအမနဲ့ပဲ ဆုံးမလို့ရမယ်၊ ဒါကြောင့်လည်းပဲ ကုရ်အာန်ကို လေ့လာတယ်၊

    နောက်တစ်ခုက ဘာသာတရား အားလုံးသည် အရှေ့တိုင်းမှာ ပေါ်ခဲ့တယ်။ ဦးဇင်းတို့ မြန်မာနိုင်ငံလည်း အရှေ့တိုင်းထဲမှာ ပါတယ်၊ အဲဒီအတွက် ဦးဇင်းတို့နဲ့ ဆက်နွယ်နေတဲ့ အရှေ့တိုင်းဘာသာရပ်တစ်ခုကို ဦးဇင်း လေ့လာခြင်း ဖြစ်တယ်၊ အဲဒီ အတွက်ကြောင့် ကုရ်အာန်ကျမ်းကို လေ့လာတယ်၊ နောက်တစ်ခုက ဦးဇင်းက စာရေးဆရာ၊ စာရေးဆရာဆိုတာ စာအစုံဖတ်ရတယ်။ အဲဒါကြောင့်လည်း ကုရ်အာန်ကို လေ့လာတယ်။ နောက် ဦးဇင်းတို့ဟာ စာပေတွေထဲမှာလည်း ကိုယ်သဘောမကျပေမယ့်  သဘောကျ စရာကောင်းမယ့် အချက်အလက်လေးတွေ တွေ့တတ်တယ်။ အဲလို ရှာဖွေခြင်းမျိုးနဲ့လည်း ကုရ်အာန်ကို လေ့လာရတဲ့ အကြောင်းအရင်း ဖြစ်တယ်။ နောက်တစ်ခုက နောင်ခေတ်မှာ တို့တတွေဟာ တို့တတွေရဲ့ မျိုးဆက်သစ်တွေကို ဘာသာရေး သံသယတွေ မရှိစေချင်ဘူး။ အဲဒီ အတွက် ဒီဘာသာထဲမှာတော့ ဒီလို ဒီလို ကောင်းတာလေးတွေ ရှိတယ်။ အဲဒါတွေကို မင်းတို့ လေ့လာကြ၊ အဲဒီလို လေ့လာပြီး သူတို့ကို မင်းတို့ နားလည်ပေးကြ ဒါမျိုး ပြောနိုင်ဖို့ အတွက်လည်း ကုရ်အာန်ကို လေ့လာတယ် ”

    M-Media – အခုလို မေးမြန်းလျှောက်ထားချက်များကို ဖြေကြားပေးတဲ့ ဦးဇင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

    *  လျှောက်ထားမေးမြန်းချက်များကို မေတ္တာတရားတော်နဲ့အညီ ဖြေကြားပေးတဲ့ ဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ(ရွှေစုန်းချောင်းဆရာတော်) ကို M-Media အဖွဲ့သားများမှ ကျေးဇူးတင် ဂုဏ်ယူမှတ်တမ်းတင်ပါသည်။
    P8090025

  • ပြည်မြို့တွင် သက်တော်(၈၂)နှစ်၊ ၀ါတော်(၆၂)နှစ်ရှိ ဆရာတော်တစ်ပါး ဓါးထိုးခံရ

    ပြည်မြို့တွင် သက်တော်(၈၂)နှစ်၊ ၀ါတော်(၆၂)နှစ်ရှိ ဆရာတော်တစ်ပါး ဓါးထိုးခံရ

    မေလ ၁၄၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    ပြည် ။         ။           ပဲခူးတိုင်း၊ ပြည်မြို့ ပုညရှင်ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော် ဦးသောဘိတအား ယနေ့ နေ့လည်ပိုင်းက ဓါးဖြင့် ထိုးခံရကြောင်း သိရှိရသည်။

    ယင်းသတင်းအား ဆက်သွယ်စုံစမ်းရာ သက်တော်(၈၂)နှစ်၊ ၀ါတော်(၆၂)နှစ်ရှိ ဆရာတော် ဦးသောဘိတသည် ကျောင်းတွင် သတင်းသုံးနေစဉ် လူတစ်စုမှ ကျောင်းပေါ်သို့တက်ရောက်လာပြီး ဆရာတော်အား ဓါးဖြင့်ထိုးကာ ပစ္စည်းများလုယက်ယူဆောင်သွားကြောင်းသိရသည်။ ဓါးထိုးခံရမှုကြောင့် ဆရာတော်သည် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်းလည်းသိရသည်။

    ဆရာတော်ဦးသောဘိတသည် သူ့အား ဓါးနှင့်ထိုးသူသည် ရဲဝင်းဆိုသူ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်းကို ခွဲစိတ်ခန်းမ၀င်မီတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် ဆရာတော်အား ဓါးဖြင့်ထိုး၍ ပြစ်မှုကျူးလွန်သူ တရားခံအား ရာအိမ်မှူး ဦးနေ၀င်းမှ တရားလိုပြုလုပ်၍ ပြည်မြို့ အမှတ်(၂) ရဲစခန်းတွင် (ပ)၃၆၄၊ ပုဒ်မ(၃၆၂)ဖြင့် တိုင်ချက်ဖွင့်ထား၍ ရဲများမှ တရားခံ ရဲဝင်းအား လိုက်လံရှာဖွေဖမ်းဆီးနေပြီဖြစ်ကြောင်းလည်းသိရသည်။

    ဆရာတော် ဦးသောဘိတအား ဓါးနှင့်ထိုးခံရသည်ဟု သတင်းထွက်ပေါ်လာပြီး အချိန်ပိုင်းအတွင်းမှာပင် ဆိုရှယ်မီဒီယာတွင် သတင်းများပျံနှံ့သွားသည်။ တရားခံမှာ မွတ်စလင်မ်ဖြစ်မည်ဟု စွပ်စွဲပြောဆိုသံများ အွန်လိုင်းစာမျက်နှာများတွင် ပေါ်ထွက်လာခဲ့သော်လည်း ဆရာတော်အား ဓါးနှင့်ထိုးသူမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးသာဖြစ်ပြီး အစ္စလာမ်သာသနာဝင်များနှင့် ပတ်သက် ဆက်နွယ်မှု မရှိကြောင်းကိုလည်း M-Media မှ မေးမြန်းချက်တွင် ပြည်မြို့ခံမှ ရှင်းပြခဲ့ပါသည်။

  • အန်ဂျလီနာဂျိုလီ ရင်သားကင်ဆာ ဖြစ်နိုင်ချေများနေ၍ ကာကွယ်ရန် ခွဲစိတ်မှု လုပ်ခဲ့ရ

    မေ-၁၄၊ ၂၀၁၃
    M-Media
    > on April 11, 2013 in London, England.ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အန်ဂျလီနာဂျိုလီသည် BRCA1 မျိုးရိုးဗီဇ ကြောင့် ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာဖြစ်ပေါ်ရန် ရာခိုင်နှုန်း များစွာရှိကြောင်း၊ ဒါကြောင့် ကာကွယ်ရေးအဖြစ် ရင်သားခွဲစိတ်မှု  ပြုလုပ်ခဲ့ကြောင်း အင်္ဂါနေ့က နယူးယောက်တိုင်းမ်စ်(NewYork Times) သတင်းစာ ဆောင်းပါးတစ်ခုတွင် ပြောကြားခဲ့သည်။“ကျွန်မ ဆရာဝန်၏ ခန့်မှန်းချက်အရ ကျွန်မတွင် ရင်သားကင်ဆာဖြစ်ရန် ၈၇ ရာခိုင်နှုန်းရှိပြီး၊ သားအိမ်ကင်ဆာဖြစ်ရန် ၅၀ ရာခိုင်နှုန်းရှိ သော်လည်း အမျိုးသမီးတစ်ယောက်နှင့် တစ်ယောက်တွင် ဖြစ်ပေါ်မှု အခြေအနေသည် ခြားနားသည်” ဟု ဆောင်းပါးတွင် ဂျိုလီက ရေးသားခဲ့သည်။ “ကျွန်မ အမှန်တရားကို သိလိုက်ပြီးချိန်တွင်၊ ကျွန်မ ရောဂါဖြစ်ပွားမှုအား ကာကွယ်ရန် အမြန်လုပ်ဆောင်ရမည်ဟု ဆုံးဖြတ်ချက်ချခဲ့ပြီး၊ ရင်သားခွဲစိတ်မှုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်”လို့ ပြောကြားခဲပါသည်။

    ဂျိုလီ၏အမေဖြစ်သူ၊ မင်းသမီးနှင့် ထုတ်လုပ်သူဖြစ်သော မစ်ချလိုင်း ဘာထရန့်(Marcheline Bertrand) သည် အသက် ၅၆ နှစ်အရွယ်တွင် သားအိမ်ကင်ဆာဖြင့် ၂၀၀၇ ခုနှစ် တွေင်သေဆုံးခဲ့သည်။

    တိုင်းမ်စ် သတင်းစာ၏ ဆောင်းပါးဖြစ်သော “My Medical Choice” (ကျွန်ုပ်၏ကျန်းမာရေးရွေးချယ်မှု) အမည်ရသော ဆောင်းပါးတွင် ဂျိုလီမှပြောကြားခဲ့သည်မှာ ဧပြီလ ၂၇ ရက်နေ့တွင် သုံးလတိုင် ဆေးကုသမှုမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ထို ကုသမှုတွင် ရင်သား ခွဲစိတ်မှု နှင့် ပြန်လည် တည်ဆောက်မှု ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်မ ဒီဆောင်းပါးကို ရေးရခြင်းမှာ ရင်သားခွဲစိတ်ရန် ဆုံးဖြတ်ချက်ချရခြင်းမှာ ခက်ခဲတဲ့  ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ သို့သော်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု အခြားအမျိုးသမီးများအား သိရှိစေရန် ရည်ရွယ်ကြောင်း” ဂျိုလီက ရေးသားခဲ့သည်။

    “ရင်သားကင်ဆာ ဖြစ်ပေါ်ရန် ရာခိုင်နှုန်း ၈၇ မှ၊ ယခုတွင် ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီဖြစ်ကြောင်း” “ကျွန်မရင်သားကင်ဆာဖြင့် သေဆုံးမည် ကိုကြောက်ရန် မလိုတော့ကြောင်း မိမိသားသမီးများကို ပြောကြားနိုင်ပြီဖြစ်တယ်” ဟု သူကထည့်သွင်းပြောကြားခဲ့သည်။

    ဂျိုလီကို “Laura Croft” ဇာတ်လမ်းတွဲတွင် လူသိများခဲ့သလို၊ သူမသည် “Girl, Interrupted” ဇာတ်ကားတွင် ဇာတ်ပို့မင်းသမီးဆုအား ရရှိခဲ့ပြီး၊ ရွှေကမ္ဘာလုံးဆု(Golden Globe Award)နှင့် SAG Award များကိုလည်းထိုဇာတ်ကားတွင်ပင်ရရှိခဲ့သည်။

    ဂျိုလီသည် United Nations High Commissioner for Refugess(အမေရိကန် ဒုက္ခသည်များ ကာကွယ်မှု အာဏာရှိသူ) အဖြစ်လုပ်အားပေးဆောင်ရွက်ကြောင်း နှင့် နိုင်ငံအရပ်ရပ်တွင်ရှိသော ဒုက္ခသည် စခန်းများအား လှည့်လည်အကူညီပေးခဲ့ကြောင်း သိရသည်။

    ၂၀၀၀ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်၍ ဂျိုလီသည် မင်းသား ဘရက်ပစ်နှင့် ချစ်သူဖြစ်ကြောင်း ကြေငြာခဲ့ပြီးနောက် စေ့စပ်ကြောင်းလမ်းမှု ပြုလုပ်ခဲ့သည်။ သူတို့စုံတွဲတွင် မွေးစား ကလေး ၃ ယောက်အပါအဝင် သားသမီး ၆ ယောက်ရှိသည်။
    CNN

  • ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ နှင့် ပတ်သက်ပြီး အရပ်ဖက်အဖွဲ့ ၄၈ ဖွဲ့ စုပေါင်းပြီး ကြေညာထုတ်ပြန်

    မေလ-၁၄၊ ၂၀၁၃
    M-Media
    သုတ

    ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေး ဆောင်ရွက်နေသော အရပ်ဖက် လူမှုအဖွဲ့အစည်းများစုပေါင်း၍ မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသော သဘောထားကြေညာချက်ထုတ်ပြန်

    ရန်ကုန် ။          ။     မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သဘောထားကြေညာထုတ်တစ်စောင်ကို ယနေ့ မေလ ၁၄-ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    အဆိုပါ သဘောထားကြေညာချက်ကို ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေးဆောင်ရွက်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုပေါင်းသဘောတူညီချက်ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
    ယင်း သဘောထားကြေညာချက်အား နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာသံရုံးများ၊ သတင်းမီဒီယာများနှင့် United Nations Representative Office သို့ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

    မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သဘောထားထုတ်ပြန်ကြေညာချက်

    ၁။  ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ အထွဋ်အမြတ်ဖြစ်သည့် နိုင်ငံတော်အလံကို မည်သည့်အကြောင်းဖြင့်ဖြစ်စေ နှိမ့်ချစော်ကားသော မည်သည့်အပြုအမူမဆို ကျွန်ုပ်တို့ ဘာသာပေါင်းစုံ လူငယ်များမှ လုံးဝဆန့်ကျင် ရှုံ့ချကြောင်း အသိပေးကြေညာအပ်ပါသည်။

    ၂။  အစ္စလာမ့်ကုရ်အာန်ကျမ်းလာ ဂျီဟာဒ်အမည်အား အလွဲသုံးစားပြုကာ ပြည်ပမှ အကြမ်းဖက်မှုများလုပ်ဆောင်ရန် နှိုးဆော်ခြင်းကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်လူငယ်များအပါအ၀င် ဘာသာပေါင်းစုံလူငယ်များအနေဖြင့် လုံးဝ(လုံးဝ)လက်မခံပါ။

    ၃။  ဗုဒ္ဓ၏အဆုံးအမကို ဆန့်ကျင်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အကြမ်းဖက်ရန် နှိုးဆော်ခြင်းကို မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်လူငယ်များအပါအ၀င် ဘာသာပေါင်းစုံ လူငယ်များအနေဖြင့် လုံးဝ(လုံးဝ)လက်မခံပါ။

    ၄။   မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံလူငယ်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများသည် မည်သည့်အကြမ်းဖက်မှုကိုမှ မလိုလားသဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေအောက်တွင် ဘာသာလူမျိုးမခွဲခြားပဲ တန်းတူအခွင့်အရေးရရှိနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုအလေးထားဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား တောင်းဆိုသည်။

    ၅။  ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ပိုမိုဆိုးရွာစေရန် နည်းအမျိုးမျိုးဖြင့် ရည်ရွယ်လုပ်ဆောင်သူများနှင့် အဆိုပါပုဂ္ဂိုလ်များ၏ လှုံ့ဆော်သော လှုပ်ရှားမှုမှန်သမျှကို ဘာသာပေါင်းစုံလူငယ်များမှ လုံးဝဆန့်ကျင်ရှုံ့ချသည်။

    ၆။  မိမိတို့ သက်ဆိုင်ရာ ဘာသာ သာသနာကို ထိန်းသိမ်းသော၊ သက်ဆိုင်ရာ ဘာသာ၏ အဆုံးအမကို လိုက်နာသော ငြိမ်းချမ်းစွာနေလိုသူ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများနှင့် ဘာသာအသီးသီး၏ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ၊ လူငယ်များကို လုံးဝထောက်ခံပြီး တစ်သားတည်း တည်ရှိနေကြောင်း အသိပေးကြေညာအပ်ပါသည်။

    ၇။  အကြမ်းဖက် ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူများအား အမြန်ဆုံး ဖော်ထုတ်အရေးယူပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များအား လေးနက်စွာ တောင်းဆိုအပ်ပါသည်။

    ပူးပေါင်းပါဝင်သော အရပ်ဖက် လူမှုအဖွဲ့အစည်းများ
    1.  American Center Interfaith Club (ACIC)
    2.  Brave New Burma
    3.  Burma Partnership
    4.  Chin Youth Forum
    5.  Community Management Center
    6.  Community Response Group (Com Reg)
    7.  CSOs-IFI-Watch-Myanmar
    8.  Gender and Development Initiative – Myanmar
    9.  Interfaith Youth Coalition on Aids in Myanmar (IYCA – Myanmar)
    10. Kachin Peace Network
    11. Kachin Women Peace Network
    12. Mizzima Youth Network (MYN)
    13. Myanmar Environment & Social Network
    14. Myanmar ICT Development Organization (MIDO)
    15. Myanmar Muslim Students & Youth (MMSY)
    16. Myanmar Youth Contributive Organization (MYCO)
    17. Myanmar Youth Empowerment Programme (Myanmar YEP)
    18. Myanmar Youth Resource Society (MYRS)
    19. National Good-governance Individuals (NGI)
    20. Peace Cultivation Network (PCN)
    21. Peace Machine Group
    22. Pray For Myanmar
    23. Public Welfare Network
    24. Radiance Alliance For Social Care
    25. Rainfall Gender Support Group
    26. Safety Net
    27. Smile Education
    28. Spectrum Sustainable Development knowledge Network (Spectrum SDKN)
    29. Triangle Women Support Group
    30. Vatan Resource Center
    31. Volunteer Action Group (VAG)
    32. Women Organization Network
    33. Yangon Youth Network
    34. Youth Resource Development Programme (YRDP Myanmar)
    35. ကဗျာချစ်သူများအသင်း
    36. ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့
    37. ခေတ်သစ်လူငယ်
    38. ဇမ္ဗူသီရိ
    39. ပန်းပျိုးလက်
    40. မေတ္တာ Campaign
    41. ရွှေခြင်္သေ့
    42. သိက္ခာမြန်မာ
    43. သွေးမေတ္တာပရဟိတအဖွဲ့(ရန်ကုန်)
    44. အစ္စလာမ့်တံခွန်
    45. အလင်းစေတမန်
    46. အဖြူရောင်တွဲလက်များ
    47. အဖြူရောင်ဧရာဝတီလူငယ်များ
    48. အောင် Network

    img099

    img098

    img097

  • ရွှေစွန်းချောင်း ဆရာတော် ရေးသားသည့် မြတ်ဗုဒ္ဓ နှင့် အလ္လာဟ်ရှင်မြတ်ကို ပုန်ကန်ကြသူများ ဆောင်းပါးမှ ကောက်နှုတ်ချက်

    မေလ ၁၄၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစွန်းချောင်း ဆရာတော်) ရေးသားသော ssential Volume (1) No (41) ဂျာနယ်ပါ ဆောင်းပါး ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
    “မြတ်စွာဘုရားရှင်တို့က ထိုသို့ ဟောတော်မူကြသော်လည်း အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ထိုဟောကြားချက်ကို ဂရုမစိုက်။ မကောင်းတာတွေ အကုန်လုပ်ကြ၏။ ကောင်းတာတွေ ဘာတစ်ခုမှမလုပ်။ စိတ်ဓာတ်ကလည်း ညစ်ပတ်စုတ်ပဲ့ အောက်တန်းကျနေလိုက်သေး၏။ မြတ်စွာဘုရား၏ စကားကို နားမထောင်ဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်ခြင်းသည် မြတ်စွာ ဘုရားကို တော်လှန် ပုန်ကန်မူပင်ဖြစ်သည်။ ထိုအမှုသည်မြတ်စွာ ဘုရား၌ တာဝန်မရှိ။ တော်လှန် ပုန်ကန်သူတို့၌သာ တာဝန်ရှိ၏။

    ၁။ ခြေလှမ်း ၇-လှမ်းအတူတူသွားဖူးလျှင် (မိတ္တ) မိတ်ဆွေ။
    ၂။ ၁၂ -ရက်အတူသွား အတူနေဖူးလျှင် (သဟာယ) သူငယ်ချင်း။
    ၃။ ၁-လ၊ ၁-လခွဲ အတူနေဖူးလျှင် (ဥာတိ) ဆွေမျိုး
    ၄။ ထို့ထက်ကြာမူ (အတ္တသမ) ကိုယ်နှင့် ထပ်တူနှစ်ကိုယ့် တစ်စိတ်ပုဂ္ဂိုလ်
    ( ဇာတက ပါဠိ၊ ဧကက နိပါတ်၊ ကာဠကဏ္ဍိဇာတ်)
    ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး၊ ကိုယ်နှင့် ထပ်တူဆိုတာတွေကို စိတ်မ၀င်စား။ ကောလာဟလတွေကိုသာ စိတ်ဝင်စားပြီး တစ်ဖက်နှင့် တစ်ဖက်ဆော်ကြ၏။

    စဉ်းစားမလားသေမလားဟုမေးလျှင် မစဉ်းစားဘူးသေမယ်ဆိုသော လူစားတွေကများသည် ဟုထည့်သွင်းရေးသားထားသည်။

    အစ္စလာမ်တို့အတွက် အမြတ်ထားလိုက်နာကျင့်သုံးကြရသော ကျမ်းတော်မြတ်ကုရ်အာန်၌ အောက်ပါအတိုင်းမိန့်ဆိုထားချက်များရှိ၏။

    ကျမ်းတော်မြတ်ကုရ်အာန်သည် အစ-မှ-အဆုံးတိုင် ကရုဏာ ချည်းသာတည်း။ (ကျမ်းအဖွင့်)

    အကြင်သူသည် လူအများအပေါ်ဝယ် သနားကြင်နာမှုကင်းမဲ့၏။ ထိုသူအား အလ္လာဟ်ရှင်မြတ်လည်း သနားကြင်နာတော်မူမည်မဟုတ်။
    (ပထမတွဲ- စာမျက်နှာ ၂၂)

    အကြင်သူတစ်ယောက်သည် အလ္ဘာဟ်ရှင်မြတ်အား ယုံကြည်၏။ ဆွလာတ်ပြု၏။ သို့ရာတွင် သတ္တ၀ါများအားမကူညီမရိုင်းပင်း မပေးလှူ မကျွေးမွေးပါလျှင် ထိုသူသည် သူတော်စင် အစစ်အမှန် ဖြစ်နိုင်မည်မဟုတ်ချေ။ ကုရ်အာန်ကျမ်းတော်မြတ်၏ မြောက်များစွာသော

    ပါဒများတွင် အလှူဒါန၏ အကျိုးကို ဖော်ပြထားသည်။
    (ပထမတွဲ- စာမျက်နှာ- ၉)

    ထိုကုရ်အာန်ကျမ်းမြတ်၏ သွန်သင်ဆုံးမချက်များသည် မကောင်းပါသလော။ ကောင်းသည်သာ ဖြစ်၏။ အစ္စလာမ်အစစ်သည် ကုရ်အာန်ကျမ်းမြတ်နှင့် အညီ နေထိုင်ကျင့်သုံးရန် တာဝန်ရှိ၏။ ကုရ်အာန်ကျမ်းမြတ်က အစအဆုံး ကရုဏာကင်းသော အလုပ်များကို လုပ်သည်ဟု ဆိုလျှင်

    သဘာဝမကျ။ ထိုသူများသည်လည်း အလ္လာရှင်မြတ်ကို တော်လှန်ပုန်ကန်သူများ ဖြစ်၏။ ထိုသူများကို အလ္လာရှင်မြတ်က သနားမည် မဟုတ် ဟုထည့်သွင်းရေးသားထားသည်။

    အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကို အထူးလိုလားသော ဘာသာဖြစ်သည်။ သို့သော်လည်း အချို့သော အစွန်းရောက်ပြီးသဘောထား တင်းမာသူများက မိမိတို့ဘာသာတရား သိက္ခာကျစေမည့် အလုပ်နေကြလေ၏။ ထပ်ပြောမည်။ ထိုသူများသည် အလ္လာဟ်ရှင်မြတ်နှင့်

    ကျမ်းတော်မြတ် ကုရ်အာန်ကို တော်လှန်ပုန်ကန်သော အစ္စလာမ် အယောင်ဆောင် လူယုတ်မာများ ဖြစ်ကြ၏။

    ဤသို့ဖြင့် မြတ်ဗုဒ္ဓကို တော်လှန်ပုန်ကန်သူများနှင့် အလ္လာရှင်မြတ်ကိုတော်လှန်ပုန်ကန်သူများ ပဋိပက္ခဖြစ်ကြသည်။ လူချင်းဖြစ်သော  ပဋိပက္ခ၌ ဘယ်ဘုရားကမှ ၀င်၍မြှောက်ပေးတော်မူခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘာသာရေး ပဋိပက္ခဟု မခေါ်သင့် မခေါ်ထိုက်။ နိုင်ငံတော်

    သမ္မတဦးသိန်းစိန် ကိုယ်တိုင်ကလည်း ဒါဟာသာမန် ပုဂ္ဂလိက အငြင်းပွားမူ သာမန်မှုခင်း တစ်ခုဟု ဆိုထားပေ၏။ ဘယ့်နှယ့်ကြောင့် အမှုကြီးအောင် ဘာသာတရားကို ဆွဲထည့်ပြီး ဘာသာရေးပဋိပက္ခဆိုချင်ကြပါသနည်း။ ဘာသာတရားတွေကို သိက္ခာမချကြပါနှင့် ဟုပြောချင်သည်။

    ဆက်လက်၍ ပဋိပက္ခများ ဖြစ်ပွားပါလျှင် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးမဲ့ရန် အကြောင်းသာ ရှိ၏။ ခွေးဟောင်တိုင်းထ ကြည့်သူကဲ့သို့ ကောလဟလတွေကို ယုံပြီး လူလူချင်းဆော်ကြပါလျှင် လောက၌ လူဟူ၍ ကြည့်စရာ ကျန်တော့မည် မဟုတ်ချေ။ ကျွန်ုပ်တို့

    သောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီ။ ဤဆောင်းပါးကို မြတ်ဗုဒ္ဓ၏ စကားတစ်ခွန်းနှင့် အဆုံးသတ်လိုက်သည်။

    ကလဟော ၀ိနာသမူလမေ၀ ဟောတိ။
    ခိုက်ရန် ဒေါသဖြစ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏ ၀ိဝါဒကေသော တ္တိဘာဝေါနာမ နတ္တိ။
    အချင်းချင်း အညီညွှတ်သော နေရာ၌ စိတ်ချမ်းသာစရရာမရှိ။
    ( ဆင်းရဲ ကင်းကွာ ချမ်းသာကြပါစေ) ဟု ထည့်သွင်းရေးသားသည်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

    OLYMPUS DIGITAL CAMERA